ယခင်နှစ်များက အက်ဖ်အေ ဖလားပြိုင်ပွဲလောက် ပရိတ်သတ် စိတ်ဝင်စားမှုကို မရရှိခဲ့ သော်လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ကလပ်များမှ လူငယ် ကစားသမားများ အတွက် အတွေ့အကြုံ ရရှိစေရန် အာရုံ စိုက်လာ ခဲ့ခြင်းကြောင့် လိဂ်ဖလား ပြိုင်ပွဲမှာ လူသိများလာခဲ့သည်။ လိဂ်ဖလားပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံမှာ ကာဒစ်ဖ် အသင်းအား ပင်နယ်တီ အဆုံး အဖြတ်ဖြင့် အနိုင်ယူ ခဲ့သည့် လီဗာပူးလ် အသင်း ဖြစ်သည်။
Saturday, June 2, 2012
နာမည်ပြောင်းလဲ ကျင်းပမည့် လိဂ်ဖလား
ယခင်နှစ်များက အက်ဖ်အေ ဖလားပြိုင်ပွဲလောက် ပရိတ်သတ် စိတ်ဝင်စားမှုကို မရရှိခဲ့ သော်လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ကလပ်များမှ လူငယ် ကစားသမားများ အတွက် အတွေ့အကြုံ ရရှိစေရန် အာရုံ စိုက်လာ ခဲ့ခြင်းကြောင့် လိဂ်ဖလား ပြိုင်ပွဲမှာ လူသိများလာခဲ့သည်။ လိဂ်ဖလားပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံမှာ ကာဒစ်ဖ် အသင်းအား ပင်နယ်တီ အဆုံး အဖြတ်ဖြင့် အနိုင်ယူ ခဲ့သည့် လီဗာပူးလ် အသင်း ဖြစ်သည်။
သစ်သားဖြင့်ပြုလုပ် ထားသည့် မီးသီး
အဆိုပါ မီးသီးအား သစ်သားများ၏ ပါးလွှာသောအလွှာများဖြင့် ဖွဲ့စည်း ထား ခြင်းဖြစ်ပြီး အလင်းပေးနိုင်ရန်အတွက် မီး သီး၏အထဲတွင် LED များထည့်သွင်း တပ် ဆင်ထား သည်။ ထို့ပြင် မီးသီး၏အ လင်းရောင် အနိမ့်အမြင့် ပမာဏကိုလိုက် ကာ ပုံစံပြောင်းလဲသွားမည့် Effect များ ကိုလည်းထည့်သွင်း ထားသည်။ ဖူကူဆာ ဒါက ၄ င်း သစ်သား မီးသီး အားဖန်တီးခြင်း မှာ တိုးတက်နေ သည့် ခေတ်သစ် နည်းပညာ များနှင့် ဒီဇိုင်းများကို ဂျပန်ရိုးရာ နည်းပညာ များနှင့် ပေါင်းစပ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ၄င်းသစ်သားမီးသီးမှာ နိုင်ငံတကာမှ လူများ၏စိတ်ဝင်စားခြင်းကို ခံနေရသည့်နည်းတူ ဒီဇိုင်းပြိုင်ပွဲတွင်လည်း ဆုရရှိခဲ့သည့် နည်းပညာ ပစ္စည်းအဖြစ် ရပ် တည်နိုင်ပြီဖြစ်သည်။ ဖူကူဆာဒါသည် ထိပ်တန်း အီလက်ထရွန်နစ် အဖွဲ့အစည်းဖြစ် သည့် Sharpတွင် ဒီဇိုင်နာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နည်းပညာ အသုံးအဆောင် ပစ္စည်းများ၏ ဒီဇိုင်းများကို လည်း ရေးဆွဲနိုင်ခဲ့သူဖြစ်သည်။ အဆိုပါ သစ်သားမီးသီးကို ဈေးကွက်တင်ရန် အစီအစဉ် ရှိသော်လည်း လက်ရှိအချိန်၌ မဖြစ်နိုင်သေးကြောင်း ၄င်းက ဆိုထားပြီး ဂျပန် ရိုးရာ နည်းပညာ ၏ အဆင့်မြင့်မားမှု ကိုသာ ဖော်ထုတ်ပြလိုခြင်းဟု သိရသည်။ |
စံမြန်မာ စနစ်ကို Android ဖုန်းများတွင် အသုံးပြုရန် အတွက် စမ်းသပ်
"အခုလောလော ဆယ် တော့ Android ဖုန်းတွေထဲ စံမြန်မာစနစ်ကို ဗညိမသငိ ဖုန်းများတွင် အသုံးပြုရန်အတွက် စမ်းသပ် မှာဆိုရင် စံမြန်မာမြန်မာစာစနစ်ကို Standard ဖုန်းအမျိုးအစား ထဲမှာလည်း စမ်းသပ်ထည့်သွင်းအသုံးပြုပြီးသွားပါပြီ။ ကျန် Android ဖုန်းအမျိုး အစားထဲမှာလည်း ထပ်မံစမ်းသပ် အသုံးပြုနေ ပါတယ်။ နောက်ပိုင်းမှာ ဒီမြန်မာ စနစ်ကို အွန်လိုင်းက ဒေါင်းလုပ်ဆွဲပြီး အသုံး ပြုနိုင်အောင် လုပ်နေပါတယ်။ Androidဖုန်းကျတော့ ကိုယ်တိုင် ဒေါင်းလုပ်ဆွဲပြီး အသုံး ပြုလို့ ရတယ်။ ရိုးရိုးဖုန်းတွေမှာ ဆိုရင်တော့ Hardware ထဲထည့်သွင်း အသုံးပြုရတာပါ" ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အရင်က စံမြန်မာမြန်မာစာစနစ်ကို ကွန်ပျူတာ၊ Laptop များနှင့် GSM, CDMA ဖုန်းများထဲမှ ရိုးရိုးဟန်းဆက်များတွင် ထည့်သွင်းအသုံးပြုနေကြပြီး ယခု အခါ ဗညိမသငိ ဖုန်းများထဲတွင် ပါအသုံးပြုနိုင်အောင် စမ်းသပ်နေပြီဖြစ်ကြောင်းသိရသည်။
Subscribe to:
Posts (Atom)