Sunday, June 5, 2011
Fwd: [z-i-eu] နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
To: z-i-eu@yahoogroups.com
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
To: z-i-eu@yahoogroups.com
နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ်
မဇ္ဈိမသတင်းဌာန ။ ။ နိုင်ငံတကာက သံသယ ဖြစ်လာမှာစိုးသဖြင့် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း မြန်မာအစိုးရ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို ပြောဆိုခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
မစ္စတာဂျွန်မက်ကိန်းနှင့် အဖွဲ့အား ကြာသပတေး နေ့ခင်းပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် သီဟသူရ ဦးတင်အောင်မြင့်ဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
''ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသနလုပ်ငန်း ဆောင်ရွက်ရန် စီမံခဲ့ပါကြောင်း၊ ခေတ်နောက်ကျ မကျန်ရအောင် နျူကလီးယားနှင့် ပတ်သက်၍ အခြေခံသဘော နားလည်စေရန်နှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများတွင် ဆက်စပ် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ နျူကလီးယား လက်နက် ထုတ်လုပ်ရန် စဉ်းစားနိုင်မှု မရှိခဲ့သည့်အပြင် စီးပွားရေး အခြေအနေအရလည်း စဉ်းစားနိုင်ရန် မရှိပါကြောင်း၊ သို့ရာတွင် နျူကလီးယားကိစ္စ အပေါ် နိုင်ငံတကာ အမြင်တွင် တမျိုးတမည် ဖြစ်လာသည့်အတွက် ယင်းအစီအစဉ်ကိုပင် ရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း'' ဟူသော ဒုသမ္မတ ပြောဆိုချက်ကို သတင်းစာက ရေးသားထားသည်။
ထို့အပြင် ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း၊ သို့သော် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နှင့် ၁၈၇၄ ပါ ပြဋ္ဌာန်းချက်များ ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ပီသစွာ အဆိုပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက် ရှိသည်ဟုလည်း ပါရှိသည်။
ဂျွန်မက်ကိန်းဘက်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီ၏ စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ရှိသည်ဟု ကြားသိရကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကို မြန်မာနိုင်ငံသို့ လာရောက်လေ့လာခွင့် ပြုစေလိုကြောင်း ပြောခဲ့သည်။
ထိုသို့သော ပြောဆိုချက်အပေါ် မြန်မာဒုသမ္မတက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိပါကြောင်း၊ ကြက်ခြေနီ အဖွဲ့အစည်းများကိုလည်း ယခင်က လက်ခံ စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လုပ်ပိုင်ခွင့် အတိုင်းအတာထက် ကျော်လွန်ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထပ်မံ ခွင့်မပြုတော့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် အဆွေတော်အနေဖြင့် အလေးအနက်ထား၍ ဆွေးနွေးခဲ့သဖြင့် အဆင်ပြေသည့် အချိန်တွင် စဉ်းစားဆွေးနွေး ဆောင်ရွက်ပေးမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့နောက် မစ္စတာ မက်ကိန်းက သတင်းဖော်ပြချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်း ရန်ကုန်နယ်နိမိတ် ပြင်ပဒေသများသို့ ခရီးသွားရောက်မည်ဟု သိရှိပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ခွင့်ပြုမည်ဟု ယူဆပါကြောင်း သဘောထား ပေးခဲ့သည်။
ထိုပြောဆိုချက်နှင့် ပတ်သက်၍ တိတိကျကျ ဖြေဆိုခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သာမန်အရပ်သား တဦးအဖြစ် သဘောထားပါကြောင်း၊ ဥပဒေနှင့် အညီ သွားလာလှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ကြောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပြန်လည်ဖြေသည်။

__._,_.___
MARKETPLACE
.
__,_._,___
--
ဖိုးခိုင်
Czech Cepublic
Fwd: [z-i-eu] မြန်မာ့ လူ့အခွင့်အရေး ဂျာမန်ဝန်ကြီးချုပ် ဖိအားပေး
---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] မြန်မာ့ လူ့အခွင့်အရေး ဂျာမန်ဝန်ကြီးချုပ် ဖိအားပေး
To: z-i-eu@yahoogroups.com
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] မြန်မာ့ လူ့အခွင့်အရေး ဂျာမန်ဝန်ကြီးချုပ် ဖိအားပေး
To: z-i-eu@yahoogroups.com
မြန်မာ့ လူ့အခွင့်အရေး ဂျာမန်ဝန်ကြီးချုပ် ဖိအားပေး
ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ်က မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌအဖြစ် မပေးအပ်ခင် မြန်မာ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးရန် ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်ဟု သတင်းများက ဖော်ပြကြသည်။
" မြန်မာနိုင်ငံက အာဆီယံအသင်း ဥက္ကဋ္ဌနေရာယူဖို့ စိတ်ဝင်စားနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရပါတယ်" ဟု စင်္ကာပူနိုင်ငံတွင် အလည်အပတ် ရောက်နေသော ဂျာမန်ဝန်ကြီးချုပ်၏ ပြောစကားကို ကိုးကား၍ AFP က ရေးသားသည်။
"လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ ဒီမိုကရေစီ လမ်းကြောင်းကို သူတို့ အလေးအနက် သွားလိုပါတယ်ဆိုတဲ့ သက်သေ မပြနိုင်သေးဘူး" ဟု သူက ဆိုထားသည်။
အဖွဲ့ဝင် ၁ဝ နိုင်ငံပါဝင်သော အာဆီယံအသင်း ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ သတ်မှတ်ထားပြီး၊ လက်ရှိတွင် အင်ဒိုနီးရှား နိုင်ငံ ဖြစ်သည်။
အာဆီယံ ဥက္ကဋ္ဌအဖြစ် ၂ဝ၁၄ ခုနှစ်တွင် တာဝန်ယူလိုကြောင်း မေလထဲတွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာ၌ ကျင်းပခဲ့သည့် အသင်း အစည်းအဝေး၌ မြန်မာကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။ မြန်မာသည် ၂ဝဝ၆ ခုနှစ်တွင်လည်း အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်လွှတ်ခဲ့ရသေးသည်။
ကိုဝိုင်း | ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်

သခွားသီးတွင် ဘက်တီးရီးယား ပါဝင်မှုနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ အကြား အငြင်းပွား
သခွားသီးတွင် ဘက်တီးရီးယား ပါဝင်မှုနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ အကြား အငြင်းပွား
ဂျာမနီနိုင်ငံတွင် သခွားသီး၌ ပါသော E.coli ဘက်တီးရီးယားကြောင့် သေဆုံးသူ ၁၄ ဦး အပါအ၀င် ဥရောပတစ်ဝန်းရှိ နိုင်ငံများတွင် လူရာပေါင်းများစွာ နေထိုင်မကောင်း ဖြစ်ခဲ့ရာ ယင်းဘက်တီးရီးယား စတင်ပျံ့နှံ့သည့် နေရာနှင့် ပတ်သက်၍ ဥရောပ နိုင်ငံများအကြား အငြင်းပွားမှု ဖြစ်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ရုရှားသည် စပိန်၊ ဂျာမနီမှ ဟင်းသီးဟင်းရွက်များ တင်သွင်းမှုကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း သိရသည်။ သြစတြေးလျတွင် ဈေးဝယ်ကုန်တိုက်များရှိ စပိန်မှ တင်သွင်းလာသော ဟင်းသီးဟင်းရွက်များကို စစ်ဆေးရန် တာဝန်ရှိသူများအား စေလွှတ်ခဲ့ပြီး ဘက်တီးရီးယား ကူးစက်မှု ရှိပါက ဖယ်ရှားရန် ညွှန်ကြားခဲ့သည်။ အီတလီကလည်း စပိန်၊ နယ်သာလန်နှင့် အခြား ဥရောပ နိုင်ငံများမှ သံသယဖြစ်ဖွယ် ဟင်းသီးဟင်းရွက် တင်သွင်းမှုကို မေ ၁၈ ရက် နောက်ပိုင်းမှစ၍ စောင့်ကြည့်ခဲ့သည်။
ဂျာမနီနိုင်ငံ တာဝန်ရှိသူများ၏ ပြောကြားချက် အရ စပိန်နိုင်ငံ၊ အယ်လ်မာရီယာနှင့် မာလာဂါမြို့မှ တင်သွင်းလာသော သခွားသီးများမှ တစ်ဆင့် ယင်းဘက်တီးရီးယား စတင် ပျံ့နှံ့လာနိုင်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ အလုပ်သမားအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပီယာအက်ဟ်ရင်ကီလ်ဒီဟန်ဆင်န်က ပြောကြားခဲ့သည်။ ယခင်ကမူ နယ်သာလန်၊ ဒိန်းမတ်နိုင်ငံတို့မှ စတင် ပျံ့နှံ့လာခြင်း ဖြစ်နိုင်ကြောင်း သံသယ ရှိထားပြီး စုံစမ်း စစ်ဆေးမှု ပြုလုပ်နေသည်။
စပိန်နိုင်ငံမှ သယ်ဆောင်လာသော သခွားသီး တင်ပို့သည့် လမ်းကြောင်းမှာ ရှည်လျားသည့် အတွက် ခရီးလမ်း မည်သည့် နေရာတွင်မဆို ယင်းဘက်တီးရီးယား ကူးစက်နိုင်ကြောင်း ဥရောပသမဂ္ဂမှ အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းဘက်တီးရီးယား ကူးစက်ပျံ့နှံ့မှုမှာ စပိန် ဟင်းသီးဟင်းရွက်များမှ တစ်ဆင့် စတင်သည် ဆိုခြင်းမှာ သက်သေ မရှိကြောင်း၊ စပိန်နိုင်ငံမှလာသည်ဟု ဆိုသော နိုင်ငံများ အနေဖြင့် ခိုင်မာသော သက်သေပြရန် စပိန် အစိုးရက တောင်းဆိုခဲ့သည်။
ယင်းဘက်တီးရီးယား ကူးစက်ပျံ့နှံ့မှုမှာ ကျယ်ပြန့်ပြီး ပြင်းထန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့ပြီး ပြဿနာရင်းမြစ်ကို သိရှိနိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ EHEC ဟု လူသိများသော enterohaemorrhagic E.coli ဘက်တီးရီးယားကြောင့် ဆိုးဆိုးရွားရွား ၀မ်းပျက်ဝမ်းလျော ဖြစ်မှုမှာ ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံတို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း WHO က ထုတ်ပြန်သည်။
ဘက်တီးရီးယား စတင် ပျံ့နှံ့ရာ ဇစ်မြစ်ကို သိရှိနိုင်ရန် အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း၊ သက်သေ အထောက်အထား မရှိဘဲ မစွပ်စွဲသင့်ကြောင်း စပိန် ကျန်းမာရေးဝန်ကြီး က ပြောကြားသည်။
ဂျာမနီတွင် “အီကိုလိုင်” ရောဂါပိုးကပ်ငြိသော သခွားသီး များကြောင့် လူ ၁၀ ဦးသေဆုံး
ဂျာမနီနိုင်ငံတွင် ရောဂါပိုးကပ်ငြိသော သခွားသီးများစားမိရာမှ “အီကိုလိုင်” (E.Coli) ရောဂါပိုးကြောင့် ရောဂါ ဖြစ်ပွား နေပြီး သေဆုံးသူဦးရေ ၁၀ ဦး ရှိသွားပြီ ဖြစ်သည်။
ရောဂါဖြစ်ပွားစေသော သခွားသီးများမှာ စပိန်နိုင်ငံမှ တင်သွင်းသည်ဟု ယုံကြည်ရပြီး ပြင်းထန်သော “အီကိုလိုင်” (E.Coli) ရောဂါလက္ခဏာ ဟီမိုလစ်တစ် ယူရီမစ် စင်ဒရုမ်း (HUS – Hemolytic Uremic Synorome) ကို ဖြစ်ပေါ်စေသည်။ လူများ ရာနှင့်ချီ၍ နာဖျားမကျန်း ဖြစ်ကြသည်ဟု ကြားသိရသည်။
ချက် သမ္မတနိုင်ငံ (Czech Republic) ၏ စိုက်ပျိုးရေးနှင့် အစားအစာစစ်ဆေးရေး အာဏာ ပိုင်အဖွဲ့တစ်ခုဖြစ်သော Czech Agriculture And Food Inspection Authority ၏ ပြောရေးဆိုခွင့်ရှိသူ မီချာလ် စပါစီးလ် (Michal Spacil) က AFP- Agence France- Press သတင်းဌာနအား ပြောကြားရာတွင် ချက် သမ္မတနိုင်ငံ (Czech Republic) အပြင် သြစတြီးယား (Austria)၊ ဟန်ဂေရီ (Hungary) နှင့် လာက်ဇမ်းဘတ်ဂ် (Luyemburg) နိုင်ငံများသို့လည်း သခွားသီး တင်ပို့မှု ရှိသည်။
အီကိုလိုင် (E.Coli) ကြောင့်ဖြစ်သော ယခုကဲ့သို့ရောဂါမျိုးသည် ကျောက်ကပ်နှင့် ဗဟိုအာရုံ ကြောစနစ် (Central Nervous System) အား ထိခိုက်ပျက်စီးစေသည်။
ဂျာမနီ၊ ဟန်းဘတ်မြို့
ဟန်းဘတ် (Hamburg) မြို့အနီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရောဂါဖြစ်သူများပြားသည်။ ဆွီဒင်နိုင်ငံအခြေစိုက် ဥရောပ တိုက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနဖြစ်သည့် European Centre For Prevention မှ ပြောကြားရာတွင် ယခုအကြိမ် HUS ဖြစ်ပွားခြင်း သည် ကမ္ဘာပေါ်တွင် အများဆုံးထဲတွင် ပါဝင်ပြီး ဂျာမနီတွင် ဖြစ်ပွားခဲ့မှုများတွင် အများဆုံး ဖြစ်သည်။
၎င်းဌာန၏ပြောကြားချက်အရ HUS သည် ငါးနှစ်အောက်ကလေးများတွင် အဖြစ်များသော် လည်း ယခုတွင်မူ ၈၇% မှာ လူကြီးများဖြစ်သည်။
ရောဂါဖြစ်ပွားသူများတွင် ၆၈% မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
HUS (Hemolytic Uremic Syndrome) သည် ဖြစ်ပွားမှု အစီရင်ခံချက်များ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန် နှင့် ဗြိတိန်တို့တွင်လည်း ရှိရာ ဂျာမန်နိုင်ငံသားများ ခရီးသွားလာ မှုနှင့် ဆက်စပ်နေသည်။
ရောဂါဖြစ်ပွားမှု ဒုတိယ အဆင့်အနေဖြင့် ရောဂါရှိသူမှ အခြားသူများအား ကူးစက်ခြင်း ဖြစ်နိုင်သေးသည်။ ၎င်း ဒုတိယအဆင့်ရောဂါပြန့်ပွားမှုမှာ ကာကွယ် တားဆီးနိုင်သဖြင့် တစ်ကိုယ်ရေသန့်ရှင်း ရေး (Personal Hygiene) အား ပိုမိုဂရုစိုက် ရမည်ဟု မန်စတာ တက္ကသိုလ် (Munster University) မှ သိပ္ပံပညာရှင် ဟယ်လ်ဂီ ကာ့ခ်ျ (Helge Karch) က ပြောသည်။
အီကိုလိုင် ရောဂါပိုး
သခွားသီးများတွင် ရောဂါပိုး ကပ်ငြိခြင်း သည် စိုက်ပျိုး ထုတ်လုပ်စဉ်ကဖြစ်သည် သို့မဟုတ် သယ်ယူပို့ဆောင်စဉ် ဖြစ်သည် အား ရှင်းလင်းတိကျစွာ မသိရသေးပါ။
မသင်္ကာဖြစ်ဖွယ်ရှိသော သခွားသီး တင်ပို့ သည့် အဖွဲ့အစည်းနှစ်ခုအား စပိန်နိုင်ငံက တားမြစ်ထားသည်ဟု ကြေညာသည်။
အီကိုလိုင် (E.Coli) မှာ အက်ရှရီကီယာ ကိုလိုင် (Escherichia Coli) ၏ အတိုကောက် ဖြစ်သည်။
၎င်းဘက်တီယမ်(Baterium) ရောဂါပိုးအားတွေ့ရှိသူ ဂျာမန်ကလေးရောဂါကု ဆရာဝန် (Pediatrician) သီအိုဒို အက်ရှရီကီယာ (Theodor Eschtirichia) အား အစွဲပြု၍ခေါ်သော အမည်ဖြစ်သည်။ ဧကဝုစ် (Singular) မှာ Bacterium ဖြစ်ပြီး ဗဟုဝုစ် (Plural) မှာ Bacteria ဖြစ်သည်။
Ref : Internet
Germany: Ten die from E.coli-infected cucumbers (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
အခြေခံပညာ ကျောင်းများ၌ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးပေးမည်
ရန်ကုန် ၊ မေ ၃၁
လက်ရှိ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂% ကူးစက်ခံနေရပြီ ဖြစ်သော အသည်းရောင် အသားဝါ ဘီ ဗိုင်းရပ်စ်ကို ကာကွယ်ရန် အခြေခံပညာ ကျောင်းများတွင် မူလတန်းမှ စတင်၍ ကာကွယ်ဆေးမထိုးရသေးသူ ကလေးငယ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေး ထိုးပေးသွားရန် စီစဉ်နေကြောင်း ကြားသိရသည်။
အဆိုပါ အစီအစဉ်ကို ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး စက်ရုံမှ ဖော်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်းများမှ စတင်သွားမည်ဟု ကြားသိရသည်။
ကုန်ကျစားရိတ် အနေဖြင့် လူဦးရေ ၅၀ နှင့် အထက်အတွက် တပြိုင်နက် မှာယူပါက တစ်ဦးလျှင် ၄၅၀၀ ကျပ်သာ ကျသင့်ကြောင်း၊ သုံးကြိမ် ထိုးရုံဖြင့် အသည်းရောင် အသားဝါ ဘီ ရောဂါမှ ကာကွယ်နိုင်ပြီ ဖြစ်ကြောင်း၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး စက်ရုံမှ ပြည်တွင်း လိုအပ်မှု အတွက် တစ်နှစ်လျှင် ကာကွယ်ဆေး အလုံးရေ နှစ်သိန်းခွဲခန့်အထိ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း၊ စက်မှု (၁) ထုတ် ကာကွယ်ဆေးသည် ပြည်ပမှ ၀င်လာသော ကာကွယ်ဆေးများနှင့် တန်းတူ အာနိသင်ကောင်းပြီး ဈေးအဆမတန် သက်သာကြောင်း ကာကွယ်ဆေး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်တွင်း၌ လူအများ တပြိုင်နက် အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး ထိုးခြင်းကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများမှ စတင်ခဲ့ပြီး ယခုအခါ ထိုသူများ အားလုံး ကာကွယ်ဆေး အပြည့်ထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။
ဥရောပတွင် မျိုးဗီဇပြောင်း E. coli ရောဂါပိုးသစ် ပျံ့နှံ့
“ဘက်တီးရီးယား မျိုးဗီဇ ပေါင်းစည်းမှုဟာ အသစ်ဖြစ်ပြီး သေလောက်အောင် ပြင်းထန်စေတဲ့ ပေါင်းစည်းမှုလည်း ဖြစ်နေပါတယ်”
ဥရောပတွင် E. coli ရောဂါပိုး ပျံ့နှံ့မှုဂယက်မှာ ပိုမိုပြင်းထန်လာစေခဲ့သည်။ ဆိုးရွားသော ဝမ်းရောဂါကို ပေါ်ပေါက်စေသည့် ဘက်တီးရီးယား ပိုးမွှားသစ်သည် ယခုအခါ ဂျာမနီကို ကြီးကြီးမားမား ခြိမ်းခြောက်နေပြီဟု ကျန်းမာရေး ၀န်ထမ်းများကဆိုသည်။ အာဖရိကတွင် အဖြစ်များသော E. coli ဘက်တီးရီးယားသည် မျိုးဗီဇ အသစ်တစ်ခုအနေနှင့် ပြောင်းလဲပြီး ဥရောပသို့ ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ E. coli၏ သက်ရောက်မှုသည် သွေးနှင့် ကျောက်ကပ်များကို ထိခိုက်စေနိုင်ကြောင်း သိရသည်။
(E. Coli ဗိုင်းရပ်စ်ပိုး)
ဥရောပတွင် လူပေါင်း(၁၅၀၀)မျှ ကူးစက်ခံရပြီး (၁၈)ဦးထိ သေဆုံးခဲ့သည်။ သေဆုံးသူ (၁၇)ဦးမှာ ဂျာမနီမှဖြစ်ပြီး (၁)ဦးမှာ ဆွီဒင်မှဖြစ်သည်။ ဗြိတိန်တွင်လည်း ရောဂါပိုးရှိသူ (၇)ဦး တွေ့ရပြီး ဗြိတိန်နိုင်ငံသား (၃)ဦးဖြစ်သည်။ ထိုရောဂါပိုး ကူးစက်မှုသည် ဂျာမနီနှင့် ဆက်စပ်နေမည်ဟု ယူဆရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဥရောပတွင် ယခင်က e. coli ပျံ့နှံ့မှု ထိုမျှကျယ်ပြန့်သည်ကို ယခင်က မတွေ့ကြုံခဲ့ဖူးကြောင်း ကြေညာခဲ့သည်။
(E. coli ရောဂါပိုး ပျံ့နှံ့မှုနှင့် သေဆုံးမှုအခြေအနေ)
ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အေဂျင်စီက ယခု E. Coliသည် ရှားပါးသော O104မှ ဗီဇပြောင်းပြီး လူအများကို လျင်မြန်လွယ်ကူစွာ ကူးစက်စေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။ လန်ဒန် အင်ပီရီရယ်လ် ကောလိပ်မှ ပါမောက္ခ ဂတ်ဒ်ဖရန်ကယ်လ်က “ဘက်တီးရီးယား မျိုးဗီဇ ပေါင်းစည်းမှုဟာ အသစ်ဖြစ်ပြီး သေလောက်အောင် ပြင်းထန်စေတဲ့ ပေါင်းစည်းမှုလည်း ဖြစ်နေပါတယ်”ဟု ရှင်းပြခဲ့သည်။ ယခုအခါ ဥရောပ နိုင်ငံအများစုတွင် e. coliခိုအောင်းနေသည်ဟု ယူဆရသည့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချမှုများကို ကန့်သတ်ပိတ်ပင်နေပြီဖြစ်သည်။
(ဥရောပတွင် ပျံ့နှံ့လျက်ရှိသည့် E. coli ရောဂါပိုးမှာ အသီးအနှံများတွင် အဓိက ခိုးအောင်းနေသည်)
ရောဂါပိုး ပျံ့နှံ့မှုသည် ဂျာမနီကို ဗဟိုပြုပြီး လူပေါင်း (၁၀၆၄)ဦးတို့မှာ ဆိုးဆိုးရွားရွား ၀မ်းရောဂါ ခံစားနေရသလို (၄၇၀)တို့သည် ကျောက်ကပ်နှင့် သွေးတို့တွင် ထိခိုက်ယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ အဘာဒင်း တက္ကသိုလ်မှ ပါမောက္ခ ဟုဂ်ျပန်နင်တန်က “ဒီကူးစက်မှုဟာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် ကလေးတွေမှာ ပိုပြီးအဖြစ်များတယ် ဆိုတာမျိုး အထောက်အထားတော့ မတွေ့ရပါဘူး”ဟု ရှင်းပြခဲ့သည်။ ယခင်က (၅)နှစ်အောက် ကလေးများတွင် e. coli နှိပ်စက်မှု ခံရပါက အလွန်ခက်ခဲကြမ်းတမ်းသော အခြေအနေမျိုး ဖြစ်သော်လည်း ယခုအခါ ကလေးများစုသည် ဆိုးရွားသော အခြေအနေတွင် မရှိကြောင်း၊ ယင်းသည် စားသောက်သည့် အစားအစာ၏ သဘာဝနှင့် ဆက်စပ်မှုလည်း ရှိနိုင်ကြောင်း ပါမောက္ခကြီးက မှတ်ချက်ပြု ပြောကြားသွားသည်။
Source: BBC
ဖွင့်/ဖွတ်
2010-2011ချင်းပြည်နယ်မှအောင်စာရင်း
အောင်သူဦးရေနဲ့[ဒီရသူဦးရေ]
Hakha ........ 219 အောင်, 4D 1, 2D 1, 1D 8
Falam ......... 204 အောင်, 4D 1, 3D 1, 2D 2, 1D 15
Thantlang .... 37အောင် , D ngah omlo
Tedim ......... 201 အောင်, 1D 12
Tonzang.........34 အောင်, 1D 2
Mindat .........125 အောင်, 2D 2, 1D 10
Matupi ...........93 အောင်, 1D 2
Kanpetlet ......58 အောင်, 2D 2, 1D 1,
Paletwa ...... 124အောင် , 1D 2

Saturday, June 4, 2011
Fwd: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
To: z-i-eu@yahoogroups.com
![]()
RFA
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ (Photo: RFA)
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
To: z-i-eu@yahoogroups.com
ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
2011-06-04
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။RFA
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ (Photo: RFA)
မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က"
တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။
ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။
အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။

အာရပ်လို တော်လှန်ရေးမျိုး မြန်မာပြည် ကြုံနိုင်ဟု ဂျွန်မက်ကိန်း သတိပေး
Show/Hide
ကိုပေါက် | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မရှိလျှင် အာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းက
မြန်မာအစိုးရကို သောကြာနေ့တွင် သတိပေး လိုက်သည်။
ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဗီယက်နမ်စစ်ပြန်က ထိုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တစစ ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့တဲ့ နိုင်ငံတွေဟာ နောင်မှာ
အာရပ်ကမ္ဘာ တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည့် ဂျွန်မက်ကိန်း (ဓါတ်ပုံ မဇ္ဈိမ)
မရှောင်မလွှဲသာဘဲ တော်လှန်ရေးနဲ့ ကြုံတွေ့ကြရမှာ ဖြစ်တယ်” ဟု သူက ပြောသည်။
မြန်မာအစိုးရသစ် အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန် အမှန်တကယ် သန္နိဋ္ဌာန်ရှိကြောင်း ပြသနိုင်မည်ဆိုလျှင် အမေရိကန်သည် ရိုင်းပင်းသော လက်တွဲဖော် ဖြစ်လာမည်ဟု သူ၏ ကြေညာချက်တွင် ဆိုထားသည်။
ထို့အပြင် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးသည် နွေးထွေးသော စကားလုံးများ အပေါ် မတည်ဆောက်ဘဲ ခိုင်မာသည့် လုပ်ဆောင်ချက်များဖြင့်သာ တည်ဆောက်ရန်နှင့် အရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရန် ဖြစ်သည်ဟု
ဖော်ပြပါရှိသည်။
မကြာခင် စတင်ရန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးများတွင် လုံခြုံရေးနှင့် လူ့အခွင့်အရေး အတွက် စိတ်ချ သေချာစေရန်လည်း တောင်းဆိုထားသည်။
ယခင် ခရီးစဉ်ကဲ့သို့ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်စေရန် အစိုးရသစ်၏ ကာကွယ်ပေးနိုင်စွမ်းသည် ပြောင်းလဲမှု လိုလားကြောင်း ပြသရာရောက်သည့် အရေးကြီးသော စမ်းသပ်မှုတခုဟု ဂျွန်မက်ကိန်းက ပြောဆိုခဲ့သည်။
အမေရိကန် ဆီးနိတ်အမတ်သည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇွန် ၁ ရက်နေ့တွင် ရောက်ရှိလာပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ် ခေါင်းဆောင်အချို့၊ NLD ပါတီ၊ တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲရန်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Subscribe to:
Posts (Atom)