BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 22, 2011

Zomi Movie - Ngaih Anglai

Zomi Movie - Ngaih Anglai 1  <iframe width="960" height="750" src="http://www.youtube.com/embed/4KCRag0ZbpQ" frameborder="0" allowfullscreen></iframe>
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

CHIN MOVIE.Zo Zuunsiam part 1

<iframe width="960" height="750" src="http://www.youtube.com/embed/JS3MlVVHYeM" frameborder="0" allowfullscreen></iframe>
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ၆ လကြာ




မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ၆ လကြာ ရပ်နားရတော့မည်ဟု အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများက ပြောသည်။

တရားမ၀င် နေထိုင်သူများကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပေးရန် မလေးရှားအစိုးရက စီစဉ်နေသဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ထိုသို့ ရပ်နားမည်ဟု သိရကြောင်း မလေးရှားအခြေစိုက် မဟာနန်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

"မြန်မာသံရုံးက ကျနော်တို့ဆီကို တရားဝင် စာပို့ပြီး အကြောင်းကြားထားတာပါ" ဟု မဟာနန်းမှ ကိုမျိုးက ရှင်းပြသည်။

ထိုကာလအတွင်း ကုမ္ပဏီတို့၏ အလုပ်သမားတင်ပို့ရေး လျှောက်လွှာများကို မြန်မာအစိုးရက လက်ခံမည် မဟုတ်ကြောင်း စာတွင် ဖော်ပြထားသည်ဟု သိရသည်။

ဤအပြောင်းအလဲကြောင့် မလေးရှားသို့ လာရောက် အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေသူများ ထိခိုက် နစ်နာမည်ဟု အလုပ်သမား ရေးရာ ကုမ္ပဏီများက ပြောသည်။

"ပွဲစားတွေက သူတို့ပွဲစားခကို ကြိုသုံးထားလိုက်လို့ ပြန်မအမ်းနိုင်တာတွေ ဖြစ်လာနိုင်တယ်။ အလိမ်အခေါက်တွေ ပိုများလာနိုင်တယ်။ ကုမ္ပဏီတွေလည်း ပိတ်ရတဲ့အထိ ဖြစ်လာနိုင်တယ်" ဟု မလေးရှားရှိ ပုဂံနက် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

၆ လတာ ကာလအတွင်း နစ်နာမည့်သူများထဲတွင် လေကြောင်းလိုင်းတချို့ နှင့် ရန်ကုန်မှ အလုပ်သမား ပို့ဆောင်ရေး ကုမ္ပဏီများ ပါဝင်မည်ဟု သိရသည်။

မလေးရှားသို့ တရားဝင် စာရွက်စာတမ်းများ ရယူပြီး သွားရောက်ခြင်းကို အပေါ်လမ်းဟု ခေါ်ပြီး နယ်စပ်မှ လျှို့ဝှက် သွားရောက်ခြင်းကို အောက်လမ်းဟု ခေါ်ကြသည်။

ယခုကဲ့သို့ တရားဝင်လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်မည့် ကာလအတွင်း မလေးရှားသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်သူ များပြားလာမည်ဟု သုံးသပ်သူလည်း ရှိသည်။

"မြန်မာနိုင်ငံမှာက စီးပွားရေး ကျပ်တည်းတော့ အရဲစွန့်ပြီး ထွက်လာကြတာပေါ့။ ပြန်သွားပြီး ပြန်မလာတော့ဘူးလို့ ဆိုတဲ့သူတွေတောင် ပြန်ရောက်လာကြတယ်" ဟု မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသော Burma Campaign Malaysia (BCM)မှ ကိုရန်နိုင်ထွန်းက ပြောသည်။

မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု BCM အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှတဆင့် ၀င်ရောက်သော မြန်မာပြည်သားအရေအတွက်မှာ နှစ်စဉ် ငါးထောင်ဝန်းကျင် ရှိသည်ဟုလည်း BCM က ဆိုသည်။...http://www.irrawaddy.org/bur/index.php/news/6661-2011-06-21-11-22-22...ကူးယူဖော်ပြပါသည်...



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သမီးကိုအငတ်ထားတဲ့ မိခင်ထောင်ဒဏ် ၂၅ နှစ်ကျ




သမီးကိုအငတ်ထားတဲ့ မိခင်ထောင်ဒဏ် ၂၅ နှစ်ကျ
နယူး မက်ဆီကိုမြို့မှာ နေထိုင်တဲ့ ရေဗက္ကာကို လင်းခရစ် စတီးဟာ အသက် ၂၈ နှစ် အရွယ် တစ်ခုလတ် တစ်ယောက် ရှိပြီး အွန်လိုင်းဂိမ်းကို ကစားခြင်းကို တပ်မက်စွဲလန်းနေသူ တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဘာ အလုပ်မှ မလုပ်ဘဲ World of Warcraft ဂိမ်းကို နေ့စဉ်ရက်ဆက် မနာညးတမ်း ထိုင်ကစားနေတာ ကြောင့် သူမရဲ့သုံးနှစ်အရွယ် သမီးလေး ဘရန်ဒီကိုတောင် အစာမကျွေး နိုင်တော့ဘဲ ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဘရန်ဒီလေးဟာ အလေး ချိန် ၂၃ ပေါင်သာရှိပြီး အာဟာရ ချို့တဲ့ပြဿနာတွေ ခံစားနေရပါတယ်။ တစ်နေ့တာမှာတော့ ခရစ်စတီးဟာ ဘရန်စီလေး သတိမေ့မြောနေပြီး အားမရှိ ပျော့ခွေ နေတာကို တွေ့ရှိခဲ့ ပါတယ်။ ဆေးရုံပို့ချိန်မှာ ကလေး ငယ်ဟာ ပြင်းထန်စွာ အာဟာရ ပြတ်လပ်ကာ ပိန်ခြုံးနေပြီး သူမရဲ့ နံရိုး တွေဟာ သူမရဲ့ ခန္ဓာကိုယ်ကနေ ထိုးထွက် နေတာကို ဆရာဝန်များ စမ်းသပ် ခဲ့ကြရပါတယ်။ ဆရာဝန်များ ဟာ ကလေးငယ်ရဲ့ အသက်ကို မကယ်တင် နိုင်တော့ပါဘူး။ ဒီကိစ္စကို လူသတ်မှုလို့ သတ်မှတ် နိုင်တဲ့အတွက် FBI စုံထောက်များက သေချာစုံစမ်း စစ်ဆေး ကြတဲ့အခါ ကလေးငယ်သေ ဆုံးတဲ့နေ့က ခရစ်စတီးဟာ ဂိမ်းကို အဆက်မပြတ် ကစားနေခဲ့ပြီး ဘရန်ဒီ မေ့မြောသွားတာ ကိုတောင် သတိ မထားလိုက်တာကို တွေ့ရှိခဲ့ပါတယ်။ အိမ်မှာ ဘာမှ စားစရာမရှိဘဲ ကလေး ငယ်ဟာ ဆာလောင်လွန်းလို့ ကြောင် စာတွေကို စားသုံးခဲ့ရ တယ်လို့ စုံထောက် များက ခန့်မှန်းထားပါတယ်။ ၃နှစ်ကြာ စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ပြီးနောက် မကြာသေးမီက တရားရုံးက ခရစ်စတီးကို ဒုတိယ ဒီဂရီလူသတ်မှု (Second degree murder) နှင့် ကလေးငယ်ကို စွန့်ပစ် မှုကို ကျူးလွန် တယ်လို့ သတ်မှတ်ပြီး ထောင်ဒဏ် ၂၅နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ခရစ်စတီး၏ ကွာရှင်း ထားတဲ့ ယောကျာ်းကိုလည်း မိမိ၏ ရင်သွေးကို လျစ်လျူရှုသည့် အပြစ်ရှိ သည့်အတွက် ဇွန်လ ၂၅ ရက်နေ့မှ စ၍ ထောင်ဒဏ် ၃နှစ်ကျခံရန် ချမှတ် ခံခဲ့ရပါတယ်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အထွေထွေသတင်း






တိရစ္ဆာန်များလည်း ချစ်သူကို ပန်းပေးကြောင်း ဓာတ်ပုံမှတ်တမ်းက ဖော်ပြ



PDF Print E-mail

w63801
ချစ်သူကို ပန်းပေးခြင်းသည် တိရစ္ဆာန်ကမ္ဘာတွင်လည်း ဆွတ်ပျံ့ဖွယ် ကိစ္စတစ်ရပ် ဖြစ်ကြောင်း ယူကရိန်း ဓာတ်ပုံဆရာ တစ်ဦးက ရိုက်ကူးနိုင်ခဲ့သည့် ပုတ်သင်စုံတွဲ ဓာတ်ပုံက ဖော်ပြသည်။ ပန်းခိုင်ကို ကိုင်ထားသော သဲပုတ်သင် အထီးသည် အမကို မျက်လုံးဖြင့် ဆွဲဆောင်ခဲ့သည်။ ပုတ်သင် အမသည် အပင်ပေါ် သတိကြီးစွာဖြင့် တက်လာပြီး လက်ဆောင်ကို လက်ခံလိုက်သောအခါ လှပသည့် အသည်းပုံအသွင် ဖြစ်ပေါ်လာသည်။
သို့ရာတွင် အချစ်စစ်တို့ မည်သည် ခက်ခဲကြမ်းတမ်းလေ့ရှိသည့် ထုံးစံအတိုင်း ပုတ်သင်အမသည် အပင်ပေါ်မှ ချော်ကျလေရာ ပုတ်သင်အထီးက လှမ်းဆွဲထားပုံကိုပါ ဓာတ်ပုံဆရာ အလက်ဇီတိုင်မိုရှင်ကို က အမိအရ ရိုက်ကူးထားနိုင်ခဲ့သည်။
''ကျွန်တော် ယူကရိန်းက မိဘတွေအိမ် ပြန်တော့ ရိုက်ထားတာပါ။ ကျွန်တော် ကလေးဘ၀တုန်းက ဥယျာဉ်ထဲမှာ ကစားရတာ ပျော်သလို ပုတ်သင်တွေကို စောင့်ကြည့်ရတာလည်း သဘောကျပါတယ်။ နှစ်ကြာလာတော့ သူတို့ရဲ့ ပြုမူပုံကို သိလာတယ်။ သူတို့ကို ရန်မပြုမှန်း သိအောင် မိနစ် ၃၀ လောက်တော့ အချိန်ယူရတယ်။ ဒါကြောင့် လန့်ပြီး ပြေးသွားတာမျိုး မရှိဘဲ သူတို့ပုံကို ရိုက်ယူနိုင်ခဲ့တာ''ဟု အသက် ၁၉ နှစ် အရွယ်ရှိ အလက်ဇီ က ဆိုသည်။
''ဒီလို ပန်းနဲ့ပုံကို မြင်ရတာတော့ ကျွန်တော်လည်း အံ့သြတယ်။ ကျွန်တော်က ကျွမ်းကျင်သူ မဟုတ်တော့ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတာ အတိအကျ မသိပေမဲ့ လက်ထပ်ခွင့် တောင်းတယ်လို့ပဲ ထင်တာပဲ''ဟု အလက်ဇီက ပြောကြားခဲ့သည်။

ဆိုမာလီဓားပြဖမ်း မြန်မာသင်္ဘောသား ၂၃ ဦး လွတ်လမ်းမမြင်သေး



ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုမာလီပင်လယ်ဓားပြများ၏ လက်ထဲ၌ ၆ လကျော်ကြာပြီ ဖြစ်သော်လည်း
မြန်မာသင်္ဘောသား ၂၃ ဦး လွတ်မြောက်ရေးအတွက် ဓားပြများနှင့် လိုက်ဘေးရီးယား သင်္ဘောကုမ္ပဏီအကြား ညှိနှိုင်းမှု အဆင်မပြေသေးဟု ရန်ကုန်အခြေစိုက် ST.JOHNS SHIP MANAGEMENT ကုမ္ပဏီ သတင်းရပ်ကွက်များက
ပြောသည်။

"အားလုံး လွတ်မြောက်ရေးကိုတော့ ဓားပြတွေနဲ့ ငွေးကြေးရေ ညှိနှိုင်းမှုတွေကို ရုံးချုပ်က လုပ်နေပါတယ်။ သူတို့ ဘယ်တော့ ဘယ်ရက် လွတ်လာနိုင်မယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူးခင်ဗျ။ အခုဟာက ညှိနှိုင်းဆဲ၊ အဆင်မပြေသေးတဲ့ ကာလမို့ပါ" ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

မြန်မာသင်္ဘောသားများ ပါရှိသော လိုက်ဘေးရီးယား MV. MVPANAMAPanama ကုန်တင်သင်္ဘောကို ၂ဝ၁ဝ ဒီဇင်ဘာ ၁ဝ ရက်နေ့ကတည်းက ဓားပြများက ဓားစာခံပြုလုပ်ကာ ဖမ်းဆီးထားခဲ့သည်။

လွတ်မြောက်ရက်ကို မခန့်မှန်းနိုင်သေးသလို ဓားပြများ၏ လက်ထဲတွင် လပေါင်းများစွာ နေထိုင်နေရသည့် သင်္ဘောသားများ၏ စားဝတ်နေရေး၊ မိသားစုနှင့် အဆက်အသွယ်၊ ကျန်းမာရေးအခြေအနေများကို မဇ္ဈိမက
မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။ သို့သော် သင်္ဘောသားများ၏ ရသင့်ငွေလစာကိုမူ ကျန်ရှိသည့် မိသားစုထံ လစဉ်ထုတ်ပေးသည်ဟု ဆိုသည်။

MV. Panama ကုန်တင်သင်္ဘောသည် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် တန်ဇန်နီးယားနိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာသို့ အသွားလမ်း၌ ဆိုမာလီ ဓားပြများ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သင်္ဘောသားများ၏ အသက်အန္တရယ် မစိုးရိမ်ရသော်လည်း ဓားပြများလက်ထဲ၌ အချိန်ကာလ ကြာမြင့်စွာ
နေထိုင်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်တတ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း Myanmar Overseas Seafarers Association (MOSA) တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးမင်းဇော်က မဇ္ဈိမကို ပြောသည်။

"အခုဟာက ငွေကြေးညှိနှိုင်းမှု အဆင်မပြေသေးလို့ လွတ်မလာသေးတာပါ။ ဆိုမာလီတွေက ငွေရဖို့အတွက် Game ကစားနေတာပါ။ အသက်ကို ရန်ရှာတာ နည်းပါတယ်။ ဓားပြတွေလက်ထဲမှာ စားဝတ်နေရေး အခက်အခဲတွေ၊
ကြောက်လန့်နေရမှုတွေကြောင့် စိတ်ဓာတ် မကြံ့ခိုင်မှုတွေ ဖြစ်တတ်ကြပါတယ်။ ဒါကတော့ အဖမ်းခံရတဲ့ သင်္ဘောသားတိုင်းလိုပါပဲ" ဟု သူက ဆိုသည်။

ကမ္ဘာ့ အရှေ့နှင့် အနောက် ရေကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရာတွင် စရိတ်အကုန်အကျ သက်သာသလို အမြန်ဆုံး ရောက်ရှိနိုင်သည့် အရှေ့အာဖရိကတိုက် ဆိုမာလီနှင့် ယီမင်အကြားရှိ Aden ပင်လယ်ကွေ့မှတဆင့် အီဂျစ် စူးအက်တူးမြောင်းကို ဖြတ်သန်း၍ သယ်ယူပို့ဆောင်ကြသည်။ ဆိုမာလီ ဓားပြများသည်လည်း ထိုလမ်းကြောင်းတွင် လုယက်စီးနင်းမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

မြန်မာသင်္ဘောသားများအနေဖြင့် ယင်းလမ်းကြောင်းကို ရှောင်ရှားလိုသော်လည်း အလုပ်အကိုင် ရှားပါးမှုနှင့် စီးပွားရေး မပြေလည်မှုများအရ ရွေးချယ်စရလမ်း မရှိဟု ဦးမင်းဇော်က ပြောသည်။
"ကျနော်တို့ မြန်မာသင်္ဘောသားတွေလည်း အဲဒီလမ်းကြောင်းကို မလိုက်လိုကြပါဘူး။ ဒါပေမဲ့ ငြင်းလို့မရဘူး။ အဲဒီလမ်းကြောင်းကို မလိုက်ဘူးဆိုရင် ထမင်းငတ်သွားမှာပေါ့။ မလိုက်ချင်တဲ့လူ မလိုက်နဲ့၊ လိုက်ရင်လည်း
ရွေးချယ်ပိုင်ခွင့် မရှိဘူး" ဟု သူက ပြောသည်။

ယခုအခါ ဆိုမာလီလမ်းကြောင်းတွင် ပြေးဆွဲနေသည့် သင်္ဘောတစီးလျှင် လက်နက်အပြည့်စုံပါသည့် လုံခြုံရေး ၄ ဦးစီ လိုက်ပါတာဝန်ထမ်းဆောင်သဖြင့် လုံခြုံမှုပိုရလာသည်ဟု သူက ဆက်ပြောသည်။

၂ဝ၁၁ ဧပြီ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံသား ၃ ဦးပါ စင်္ကာပူအခြေစိုက် Glory Ship Management ပိုင် MV GEMINI ကိုလည်း ဆိုမာလီများကပင် ဓားစာခံအဖြစ် ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကာ၊ ဓားပြများနှင့် စင်္ကာပူ ကုမ္ပဏီအကြား ညှိနှိုင်းဆဲဖြစ်သည်။ ယင်းသင်္ဘောပေါ်တွင် မြန်မာ ၃ ဦးအပြင် အင်ဒိုနီးရှား ၁၃ ဦး၊ တရုတ် ၅ ဦး၊ တောင်ကိုရီးယား ၄ ဦး ပါဝင်သည်။

မြောက်ကိုရီးယား က ဟက်ကာ ၃၀၀၀ ကျော် မွေးထုတ် နိုင်ခဲ့



by politics on June 21, 2011
N Korea well trained hacker

မြောက်ကိုရီးယား နိုင်ငံ က ကွန်ပျူတော တွေ ကို ဖောက်ထွင်း ၀င်ရောက် မွှေနှောက် ပြီး အချက်
အလက် တွေ ယူကာ ဖျက် ဆီး သွား တတ်တဲ့ ကွန်ပျူတာ ဟက် ကာတွေ ကို မွေးထုတ် နေပြီး
အခုဆို ရင် ကမ္ဘာ့ အဆင့် မှီ ဟက်ကာ ၃၀၀၀ လောက် ရှိတယ် လို့  မြောက်ကိုရီးယား ကနေ တောင်
ကိုရီးယား နိုင်ငံ ကို  ဘက်ပြောင်း ခိုလှုံ လာတဲ့ ကွန်ပျုတာ စောရ သမား နှစ်ဦး က အယ်(လ) ဂျာဇီး
ယား သတင်း ဌာန ကို ပြောပါတယ်။ 


နိုင်ငံ ရဲ့  ပညာ ရေး စနစ် က တော့ ဓားမ နောက် ပိတ် ခွေ ဖြစ်နေပေမယ့် ကွန်ပျူ တာ ထူး ချွန်သူ
တွေ ကို တော့ ငယ်ငယ် ကတည်း ကျောင်း တွေ ကနေ လေ့ လာ စုံစမ်း ပြီး ငယ်စဉ် ကတည်းက
သင်ကြား ပေး ခဲ့တာ လို့  ဆိုပါတယ်။


တောင်ကိုရီးယား သို့ ထွက် ပြေးလာသူများ အနက် ကင်ဟွမ်ကောင်း သည် မြောက်ကိုရီးယား အ
စိုးရ၏ လှို့ ဝှက် ဆိုင် ဘာ တိုက် ခိုက် ရေး အထူး ယူနစ် ဖြစ် သည့် Unit 121 တွင် တာဝန်ထမ်းဆောင်
မည့် သူများ ကို လေ့ကျင့် သင်ကြားပေး ရသည့် တက္ကသိုလ် ပါမောက္ခ တစ်ဦး ဖြစ်ပြီး ကိုယ်တိုင် လည်း
ဆိုင် ဘာ တိုက် ခဲ့ ရေး သမား တစ်ဦး ဖြစ်သည်။


ကင်က မြောက် ကို ရီးယား အစိုး ရ ၏ ဟက် ကာ စုဆောင်း ပုံ ကို ပြောပြရာတွင် နိုင်ငံ တ၀ှမ်း ရှိ
အထက်တန်း ၊ အလယ်တန်း ကျောင်း များ မှ ကွန်ပျူတာ၊သင်္ချာ နှင့် စနစ်စီမံ မှု ဆိုင်ရာ  ထူးချွန်
သည့် ကျောင်းသား များ ကို စုဆောင်း ပြီး Kim Il Sung University, Kim Chaek University of
Technology နှင့်Hamheung College စသည့် မြောက် ကို ရီးယား ရှိ ထင် ရှား သော ကျောင်းများ
တွင် အစိုးရ စရိတ် ဖြင့် ပညာ သင်ကြားပေး ပြီး ထူးချွန်မှု ရှိသည့် ကျောင်းသား များ ကို တရုတ် နှင့်
ရုရှား တို့  တွင် ပညာ သင်ယူစေသည် ဟု ထုတ် ဖော်ပြောကြား ခဲ့သည်။


Unit 121 သည် မြောက် ကို ရီးယား အစိုး ရက အထူး အခွင့် ရေး ပေး ခံထား ရသည့် အဖွဲ့ ဖြစ် ပြီး
လတ် တလော ဆိုင် ဘာ တိုက် ခိုက် မှု များ အတွက် တာဝန် ရှိ သည် ဟု သူက ထုတ် ဖော် ပြော
ကြား ခဲ့သည်။


မြောက်ကိုရီးယား မှ ဆိုင် ဘာ တိုက် ခိုက်မှု ကျွမ်းကျင် သူများ သည့် အခြား နိုင်ငံများ သို့  နှစ်စဉ်
ထွက်ပြေး ခို လှုံကြပြီး  အသက် ၆၂ နှစ် ရှိ ကင် သည် လည်း ထွက် ဘက် ပြောင်း ခိုလှုံ သူများ ထဲ
မှ အဆင့် မြင့် ဆုံး သူ တစ်ဦး ဖြစ်သည်။


သူက မြောက် ကို ရီးယား အစိုးရ ကို စွန့် ခွာ လာရ သည့် အကြောင်း ကို အယ်(လ)ဂျာဇီးယား ရုပ်
သံ ကို ပြောပြ ချက် များ ကို အောက် တွင် ထုတ် နှုတ် ဖော်ပြထားသည်။


"First, cybermilitary strength is cost effective. With the North's deteriorating economic
situation, it cannot compete with South Korea or the US in building conventional military
army, naval or air forces.


"Grooming prodigies, deploying them, setting up internet, buying programmes, and providing
conditions for them to operate in China or another third country is considerably cheaper than
buying new weapons or fighter jets which cost hundreds of millions of dollars," Kim said.


"Second, North Korea is extremely confident of its software development capabilities, as
cracking passwords within a secured system and finding patches within networks are all
based on mathematical capabilities.


"Third, cyberstrength provides higher utility than any other naval, air, or army force. A state
may possess tens of thousands of foot soldiers or hundreds of jets - but rarely would be able to
use them, "especially in this day and age".


"But cybermanpower – once you have that established you can steal any classifed information
from enemy states, incapacitate their servers and cause social panic through psychological
warfare. It's high in utility in terms of creating different types of confusion and chaos – and
that is cyberwarfare's biggest merit," said Kim.


"Fourth, cyber warfare is asymmetrically advantageous for the North. None of its servers are
yet connected to the internet, which makes it immune to cyberattacks. But South Korea and
other enemy countries, or any other country for that matter, will undergo major chaos if their
computer system were to crash. For this very reason North Korea is fascinated with cyberwarfare."


"Finally, North Korea has recognised the internet's inherent weakness from its very inception
in the mid-1990s. It realised that, as long as it maintained an attack network, it could easily
hack into strategic targets with considerable speed. That's why they were driven to aggressively
engage China in military exchanges to quickly build up a cyberforce of 500 hackers.




ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်


၁.            အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်
ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း
တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း
ထိခိုက်နိုင်သည် ။


၂.            အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ကင်ဆာအတော်များများ မဖြစ်ခင်တွင်
အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ
ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။


၃.            အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို
ဖယ်ရှားပေးရသည် ။ ထို့ပြင်
ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ် )ပိုးများကိုလည်း တိုက်ခိုက်ရသည် ။



၎.            တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။
အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ
စားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။



၅.            အသည်းသည်  ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း
၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ
နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည်  အသည်းကို
အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ
စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်
။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊
နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊
အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။



၆.            အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ
စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး
(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့်
ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည
အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်း
သည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော
အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ
အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင်
အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။





၇.            အဆီသည်  အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏
လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။
ဆေးစားခြင်းဖြင့်လည်း  အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။
ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။



၈.            သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော
ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ
သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။



၉.            အစာကို  ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်
ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်
အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်
အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက
ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။





၁၀.            အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်
 အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။
မုန်လာဥဖြူက  တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။



၁၁.            ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်
စဉ်းစားဥာဏ် ကို အားနည်းစေသည် ။





၁၂.           အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁)
နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့်  အသည်းကို
ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။



၁၃.           သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး
စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။



၁၄.           စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။
စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ
အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ
၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊
ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊
ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။



၁၅.          လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်
ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးမျာ

းကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။
လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး
မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့်
ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍
သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။



၁၆.          ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်

ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။
ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော်
နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်
ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍
အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။



၁၇.          ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ

နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်
ကောင်းပါသည် ။



၁၈.            သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ

ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို
အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။



၁၉.           မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော်

မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်
ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။



၂၀.          ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာ

တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ
ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။



၂၁.          အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်

အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။



၂၂.          နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂)

ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။



၂၃.          မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း  (C.T. Scan )

လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ်
ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ
။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်
ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊
ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး
အကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ
အနားယူပါ ။



၂၄.          အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ

အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။



၂၅.          နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်

စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည်
မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့်
ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။



၂၆.          သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်

ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်
ဖြစ်ပေါ်လာခြင်းဖြစ်သည် ။



၂၇.          ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊

(ထန်းလျက် ၊ ဟင်းနုနွယ် )  စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို
သန်မာစေသည် ။



၂၈.          မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။




၂၉.          အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်

နှလုံးအတွက်ကောင်း၏ ။  အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။



၃၀.          သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။




၃၁.          မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ

အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။



၃၂.          နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်

အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ
အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်
လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။



၃၃.          ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်

ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။



၃၄.          မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်

အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။



၃၅.          ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်

ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။



ထိုင်း​နိုင်ငံတွင် E. coli ​ရောဂါပိုး​တွေ့​ရှိ


alt
ထောပတ်သီးနှင့် ထောပတ်သီးမှ တွေ့ရှိရသော ရောဂါပိုး© dailymail
E. coli ​ရောဂါပိုး​မွှား​များ​ကို ထိုင်း​နိုင်ငံတွင် ​တွေ့​ရှိ​နေရ​ကြောင်း​ ထိုင်း​အစား​အ​သောက်နှင့်​ ​ဆေး​ဝါး​ လုံခြုံ​ရေး​ စီမံအဖွဲ့​ (FDA)က ​ပြောကြား​ခဲ့​သည်။
ဥ ​ရောပတိုက်တွင် လူ​ပေါင်း​ ၃၀ မျှ ​သေ​ကြေ​စေခဲ့​သော ​ရောဂါပိုး​ကို ဥ​ရောပ ယူနီယံမှ တင်ပို့​သော ​ထောပတ်သီး​များ​တွင် ​တွေ့​ရှိခဲ့​သည်ဟု တာဝန်ရှိသူများ​က ဇွန်လ ၁၀ ရက်​နေ့​တွင် ​ကြေညာခဲ့​သည်။
ဓာတ်ခွဲခန်း ​ စမ်း​သပ်ချက်များ​အရ E. coli ဘက်တီး​ရီး​ယား​ ပိုး​မွှား​ကို ​တွေ့​မြင်ခဲ့​ရ​ကြောင်း​ ထိုင်း​ဆေး​ဝါး​သိပ္ပံ ဌာနမှ သု​တေသီများ​ကဆိုသည်။ ထိုင်း​ FDA၏ အ​ထွေ​ထွေ ဒါရိုက်တာ ​ဒေါက်တာ ပီပတ်ယင်ဆာရီက ၎င်းတို့​သည် ​နောက်ထပ် ၅ ရက်ကြာ သု​တေသန ပြုလုပ်ပြီး​နောက် ယခု​တွေ့​ရှိသည့်​ E. coliသည် အလွန်အန္တရာယ်​ပေး​နိုင်သည့်​ O104 အဆိပ်အ​တောက်နှင့်​ ဆက်စပ်မှု ရှိမရှိ အတည်ပြု ​ပြောကြား​နိုင်မည်ဟု ​ကြေညာခဲ့​သည်။
E. coli ဘက်တီး​ရီး​ယား​ ကူး​စက်တိုက်ခိုက်မှု မခံရ​စေ​ရေး​အတွက် လူအများ​အ​နေနှင့်​ လတ်ဆတ်​သော ဟင်း​သီး​ဟင်း​ရွက်နှင့်​ သစ်သီး​ဝလံများ​ကိုသာ စင်ကြယ်စွာ ​ဆေး​ကြောစား​သောက်ရန် FDAက အကြံပြုထား​သည်။
ထို့ ​အပြင် ​ရေ​ဆေး​ရာတွင် ၂ မိနစ်မျှ အချိန်ယူ ​ဆေး​ကြောသင့်​ပြီး​ ဗီနီဂါနှင့်​ ဆား​တို့​ကိုပါ အသုံး​ပြု​ဆေး​ကြောရန် ညွှန်ကြား​ခဲ့​သည်။ ဟင်း​သီး​ဟင်း​ရွက်များ​ကို ပြုတ်လိုက်ခြင်း​ကလည်း​ E. coliများ​ကို ​သေ​ကြေ​စေပြီး​ ထိုပိုး​မွှား​များ​သည် အပူချိန် ၇၀ ဒီဂရီ ဆဲစီး​ရပ်တွင် ပျက်စီး​သေဆုံး​သွား​တတ်​ကြောင်း​ သိရသည်။


နွားဦးနှောက်၊ ဆိတ်ဦးနှောက် စားသုံးမှုကို သတိပြုသင့်

နွားဦးနှောက်၊ ဆိတ်ဦးနှောက် အစရှိသော တိရစ္ဆာန်ဦးနှောက်များကို အသေအချာ ကျက်အောင် မချက်ဘဲ စားသုံးခြင်းသည် အန္တရာယ်ရှိကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က မေလ ၂၃ရက်နေ့တွင် ပြောကြား ခဲ့သည်။
၎င်းတို့မှနေ၍ အလွန်ရှားပါးပြီး ပြင်းထန် သည့် Prion Diseases ဟုခေါ်သော ရောဂါတစ်ရပ်ကို ဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။ Prion Diseases ၌ Creutzfeldt Jakob Diseases၊ နာတာရှည် ကြွက်သားချည့်နဲ့သော ရောဂါ၊ Bovine Sponginform encephalopathy (ဦးနှောက်ရောင် ရောဂါ တစ်မျိုး) တို့ပါဝင်ပြီး နွားရူးရောဂါဟု လူသိများသည်။
၎င်းအပြင် ယခုနောက်ဆုံးတွေ့ရှိချက်အရတောတွင်းသမင်၏ အသားကို စားခြင်းသည် လည်း လူကို ကူးစက်စေနိုင်ကြောင်း တွေ့ရှိရသည်။ Prion Diseases သည် လူ၌ဖြစ်ပွားမှု နည်းပါးသော်လည်း ရောဂါဖြစ်ပွားပါက အသက်သေဆုံးနိုင်ခြေ လွန်စွာများပြားသည်ဟု ဆိုသည်။
အဆိုပါ နွားရူးရောဂါသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိပြီး များသောအားဖြင့် ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်၊ အီတလီ၊ နယ်သာလန်၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့တွင် တွေ့ရသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ကော်လိုရာဒို ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဝိုမင်းပြည်နယ် အရှေ့တောင်ပိုင်းနှင့် နီဘရာစကားပြည်နယ် အနောက်တောင်ပိုင်း တို့တွင် သမင်နှင့် ဒရယ်တို့ကို အမဲလိုက်ကာ စားသုံးသည့် အလေ့ အထ ရှိသောကြောင့် နာတာရှည်ကြွက်သားချည့်နဲ့သည့် ရောဂါ အတွေ့ရများသည်ဟု ဆိုသည်။
Prion Diseases ကို ဖြစ်ပွားစေသော ရောဂါပိုးသည် တော်ရုံအပူချိန်ဖြင့် မသေနိုင်သော ကြောင့် တိရစ္ဆာန်ဦးနှောက်များကို မကျက်တကျက် စားသုံးခြင်းသည် လွန်စွာ အန္တရာယ် များသည်ဟု ဆိုသည်။ ရောဂါလက္ခဏာမှာလည်း ချက်ချင်းမပြဘဲ အဆိုပါ ပိုးမွှား၏ ဗီဇကို ဖော်ထုတ်နိုင်ခြင်း မရှိသေး၍ ကာကွယ်ဆေးလည်း မရှိသေးကြောင်း သိရသည်။
Ref : Good Health

ငိုတာက ကျန်းမာရေးကို ကောင်းစေသလား

ပင်းပြင်းထန်ထန် စိတ်ခံစားနေရတဲ့ အချိန်မှာ ငိုတာက ကျန်းမာရေးအတွက် ကောင်းတဲ့ ထွက်ပေါက်ပါ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်ဆိုတဲ့ စကားဟာ ကျန်းမာရေးအတွက်လည်း မှန်ကန်စေ တယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေက ဆိုပါတယ်။
တကယ်လို့ သင်က ဆုံးရှုံးနာကျင်မှု ကြီးကြီးမားမား၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ ဖိစီးမှုတွေ များနေတယ်ဆိုရင် ငိုချင်ရင် ငိုချလိုက်ပါ။
ငိုခြင်းအကြောင်း စာတမ်း ၁၄၀ ကို လေ့လာတဲ့ လေ့လာမှုတစ်ရပ်အရ ငိုတဲ့အကြိမ် ၁၀ ကြိမ်မှာ ကိုးကြိမ်ကျော်က စိတ်ခံစားမှုကို တွန်းလှန်နိုင်တဲ့ အကောင်းဆုံးနည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည် ၃၀ ကျော်က အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာမှုအရလည်း အားရပါးရ ငိုလိုက်ရမှ စိတ်သက်သာရာ ရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ အထူးကု ဆရာဝန် ၇၀ ရာခိုင်နှုန်းလောက်ကလည်း ငိုတာက သူတို့လူနာတွေအတွက် ကောင်းတယ်လို့ ယုံကြည် ထားကြပါတယ်။
ခံစားချက်ပြေစေသော ငိုကြွေးမှု
ငိုတာရဲ့ အဓိက ကောင်းကျိုးက ခံစားချက်တွေကို ပြေစေတာပါပဲ။ ငိုလိုက်တဲ့အခါ တင်းအား နဲ့ ဝမ်းနည်းမှုတွေ လျော့ပါးသွားပါတယ်။ လူအများစုကိုလေ့လာမှုအရ ငိုချင်နေရင် ငိုလိုက်တာက စိတ်သက်သာရရသွားကြောင်း၊ အထူးသဖြင့် အမျိုးသမီးတွေ ၁၀ ယောက်အနက် ကိုးဦးက ငိုပြီးတာနဲ့ စိတ်ခံစားမှု ကောင်းသွားကြောင်း လေ့လာတွေ့ရှိ ရပါတယ်။
ငိုတာရဲ့ နောက်ထပ်ကောင်းတဲ့အချက် လူတွေကို ပိုရင်းနှီးသွားစေတာပါ။ အစ္စရေး လေ့လာသူတွေက မျက်ရည်ကျတဲ့အခါ တခြားတစ်ယောက်ကိုပါ ဝမ်းနည်းမှု မျှဝေသွားပြီး ပြဿနာနဲ့ တင်းမာနေတဲ့ အခြေအနေတွေကို လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။ သင့်ကို ဂရုစိုက်တဲ့သူက သင်ဝမ်းနည်းငိုကြွေးနေချိန်မှာ သင့်ကို ပိုစာနာနှစ်သိမ့်လာပြီး သင်တို့နှစ်ဦးကြားက သံယောဇဉ်က ပိုကြီးထွားလာနိုင်ပါတယ်။
ငိုခြင်းကြောင့် ကျန်းမာရေး ကောင်းမွန်စေရန်
ငိုတာက စိတ်ကျန်းမာရေးကို ကောင်းစေတာကြောင့် အားရပါးရ ငိုနိုင်ဖို့အတွက် လမ်းညွှန် ချက်တချို့ကို ပေးလိုက်ပါတယ်။
ငိုဖို့ ပခုံးရှိသင့်ပါတယ်
ငိုနေစဉ်မှာ ဖေးမနှစ်သိမ့်မှုရဖို့နဲ့ စိတ်ခံစားမှုပြေလျော့ဖို့အတွက် တစ်ယောက်တည်း မငိုပါ နဲ့။ သင်ယုံကြည်ရတဲ့ သူတစ်ဦးရဲ့ ပခုံးပေါ်မှာ ငိုပါ။
ပြဿနာကို ဖြေရှင်းပြီးမှ ငိုသင့်ပါတယ်
သင့်ကို ငိုစေတဲ့အထိ ဝမ်းနည်းနာကျင်ရတဲ့ ပြဿနာကို ဖြေရှင်းပြီးမှ ငိုတာက စိတ်ခံစား မှုအတွက် ပိုကောင်းစေပါတယ်။ ငိုတာနဲ့တော့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။
သင့်တော်တဲ့ နေရာမှာ ငိုဖို့ လိုပါတယ်
သင်ငိုနေတာကို လူတွေဝိုင်းကြည့်မယ့်နေရာမျိုးမှာတော့ မငိုသင့်ပါဘူး။ လူတွေကြားမှာ ငိုလို့ အရှက်ရတာကြောင့် စိတ်သက်သာရာရလာမှာ မဟုတ်တဲ့အပြင် ပိုဆိုးလာပါလိမ့်မယ်။
ငိုတာက စိတ်ဓာတ်ကျရောဂါကိုတော့ မသက်သာစေပါ
စိတ်ဓာတ်ကျရောဂါ ရှိနေရင် ငိုတာကြောင့် စိတ်ခံစားမှုပိုကောင်းလာနိုင်ခြေ နည်းပါတယ်။ ငိုပြီး စိတ်ခံစားမှု ပိုဆိုးလာရင် ဆရာဝန် ဒါမှမဟုတ် နှစ်သိမ့်ဆွေးနွေး အကြံပေးသူတစ်ဦးနဲ့ တွေ့ဆုံသင့်ပါတယ်။
Ref : Good Health


သွေးတစ်စက်ဖောက်ရုံဖြင့် ရောဂါရှာနိုင်ပြီ

ရန်ကုန်၊ ဇွန် ၇- သွေးတစ် စက်ဖောက်ရုံဖြင့် မိမိခန္ဓာကိုယ် တွင်ဖြစ်ပွားနိုင်သော ရောဂါ များ သိရှိနိုင်မည့် စက်ပစ္စည်းများ ကို LPHA GROUP INT. Health & Care Co., Ltd. က မြန်မာနိုင်ငံတွင် ဝန်ဆောင်မှု ပေးတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးပေးခြင်းကို မြန်မာနိုင်ငံပန်းပညာရှင်များ အစည်းအရုံး ဒုဥက္ကဋ္ဌဦးသန့်စင်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် ALPHA GROUP INT. Health &Care Co.,Ltd. မှ အခမဲ့ သွေးဖောက် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
"သွေးတစ်စက်နဲ့ ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိစေပါတယ်။ ဒီစက် ပစ္စည်းတွေက နယူးဇီလန်နိုင်ငံက လာတယ်လို့ ပြောပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေ ကိုယ်တိုင် လာ ရောက်စစ်ဆေးပေးပါတယ်။ သွေးတစ်စက်ကို ဖောက်ယူပြီး ချက်ချင်းစစ် ဆေးပေးပါ တယ်။ စစ်ဆေးချက်ကို တီဗွီပေါ်မှာ တွေ့ရပါတယ်"ဟု မြန်မာနိုင်ငံပန်းပညာ ရှင်များ အစည်းအရုံးအတွင်းရေးမှူး ဦးကြည်ဝင်းက ပြောသည်။
"Medical Check up လုပ်ရင် သိန်းချီကုန်ကျမှာဖြစ်ပါတယ်။ အခုဆရာကြီး ဦးသန့်စင် မွေးနေ့မှာ အခမဲ့စစ်ဆေးပေးပြီး နောက်ပိုင်းလာရောက် စစ်ဆေးသူများအနေဖြင့် ကျပ် ၂၀၀၀ ပဲကျမှာဖြစ်ပါတယ်။ သွေးအပျစ်အကျဲ၊ ဇီဝကမ္မဖြစ်စဉ်တွေ အဖြေ ပေးနိုင်တယ်။ ဘယ်လိုရောဂါတွေဖြစ်လာနိုင်မလဲ သိလာနိုင်ပါတယ်။
အဲဒီလိုသိရင်ကုသမှုခံ ယူဖို့ သူတို့နိုင်ငံထုတ်ဆေးတွေ ရောင်းချပေးပါတယ်။ လက်ရှိ လုပ်ငန်းမထိခိုက်ဘဲ မန်ဘာဝင်များအဖြစ် ဝင်ရောက်နိုင်ပါတယ်" ဟု ALPHA GROUP INT. Health & Care Co.,Ltd. မှ ဒေါ်နှင်းနှင်းဦး(Medical Research) က ပြောသည်။
Ref: The Flower News

နစ်ကိုတင်း​ဓာတ်ဖြင့်​ အဝလွန်မှုတိုက်ဖျက်​ရေး​နည်း​လမ်း​ သိပ္ပံပညာရှင်များ​ ​တွေ့​ရှိ


alt
ဆေးလိပ်တစ်ဖွာ ဉာဏ်တစ်ထွာ ဆိုပေမဲ့ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်သည်© dailymail
သိပ္ပံပညာရှင်များ​က နစ်ကိုတင်း​ဓာတ် ဖြည့်​သွင်း​ပေး​ခြင်း​ဖြင့်​ အဝလွန်မှုကို တိုက်ဖျက်နိုင်သည့်​ နည်း​လမ်း​တစ်ခုအား​ သု​တေသနပြု ​တွေ့​ရှိခဲ့​သည်။
ဆေး ​လိပ်​သောက်သူများ​၏ ဦး​နှောက်အတွင်း​ အစာစား​ချင်စိတ်ကို ဖြစ်​ပေါ်​စေသည့်​ အာရုံ​ကြော လှုံ့​ဆော်မှုအချို့​ လုပ်ငန်း​ပျက်ကွက်​နေခြင်း​ကို ​တွေ့​ရှိခဲ့​ပြီး​နောက် ယင်း​ကို အ​ခြေခံ ​လေ့​လာကာ ယခုသု​တေသန ရလဒ်အတွက် အ​ဖြေထွက်လာခြင်း​ဖြစ်သည်။ ​ယေး​လ်တက္ကသိုလ်မှ ပညာရှင်များ​သည် ကြွက်များ​တွင် အသုံး​ပြု စမ်း​သပ်ခဲ့​ရာ နီကိုတင်း​ဓာတ်သည် အစာစား​ချင်စိတ်ကို ​လျော့​နည်း​စေပြီး​ ကိုယ်အ​လေး​ချိန်ကို ​လျော့​နည်း​စေ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။
ပညာရှင်များ​က နီကိုတင်း​ဓာတ်သည် ဗဟိုအာရုံ​ကြော စနစ်ကို သက်​ရောက်​စေပြီး​ အစာစား​ချင်စိတ်ကို တား​ဆီး​သည့်​ လှုံ့​ဆော်မှုမျိုး​ ဖြစ်​ပေါ်​စေနိုင်​ကြောင်း​ အတည်ပြုခဲ့​သည်။ ယခုသု​တေသန လုပ်ငန်း​ကို ဦး​ဆောင်သူ တစ်ဦး​ဖြစ်သည့်​ မာရီနာ ပစ်ဆီ​ယော့​တိုက ယခုသု​တေသန ရလဒ်သည် ​ဆေး​ပညာဆိုင်ရာ ​တွေ့​ရှိမှုများ​အတွက် အကျိုး​ဖြစ်ထွန်း​ကြောင်း​ ​ပြောကြား​ခဲ့​သည်။
နီကိုတင်း​ဓာတ်၏ ဦး​နှောက်သို့​ သက်​ရောက်မှုကို ​ဖော်ထုတ်နိုင်ခဲ့​သလို အဝလွန်ခြင်း​အတွက် အဟန့်​အတား​ ဖြစ်​စေနိုင်​သော နည်း​လမ်း​တစ်ခုအတွက်လည်း​ အစပျိုး​နိုင်ခဲ့​ကြောင်း​ ၎င်းက ရှင်း​ပြခဲ့​သည်။ ပ​ရော်ဖက်ဆာ မာရီနာက နီကိုတင်း​ကို အ​ခြေခံပြီး​ ​ဆေး​ဝါး​များ​ ထုတ်လုပ်ရန်မှာမူ ဦး​နှောက်သို့​ ​ဘေး​ထွက်အာနိသင်များ​ သက်​ရောက်နိုင်သည့်​အတွက် အကန့်​အသတ် စံညွှန်း​များ​ လိုအပ်​ကြောင်း​ သုံး​သပ်ခဲ့​သည်။
နီကိုတင်း​သည် ထိ​ရောက်​သော ပိန်​ဆေး​တစ်မျိုး​ ဖြစ်နိုင်​သော်လည်း​ အမှန်တကယ် ​ရေရှည်သုံး​စွဲရန်မှာမူ ပိုမိုအ​သေး​စိတ်ကျသည့်​ သု​တေသနပြုမှုများ​ လိုအပ်မည်ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

ထမင်းစားပြီး ရေချိုးလျှင် ရေဖျဉ်းစွဲသလား

"ဟိုကောင်လေး……. လာစမ်း လာစမ်း။ ခုနလေးကမှ ထမင်းစားပြီးတာကို ရေချိုးရင် ရေဖျဉ်းစွဲလိမ့်မယ်" ဒါဟာ ငယ်ငယ်ကတည်းက ကျွန်တော့်အဘွား ခဏခဏ ဆူနေကျ စကားဖြစ်ပါတယ်။ စာရှုသူအားလုံးလည်း ကလေးဘ၀က မကြာခဏ ကြားဖူးနေကျ စကားဖြစ်မည်လို့ ယုံကြည်ပါတယ်။ ဘာမှမသိနားမလည်တဲ့ ကလေးဘ၀ကတည်းက ကြားနေကျ စကားမလို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့ အထိ လူအတော်များများ ယုံနေကြပါပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့ အလှမ်းဝေးခဲ့တဲ့ လူကြီးသူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ်အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ။ ဒီတော့ မေးစရာ စကား ရှိလာပါတယ်။ "ထမင်းစားပြီး ချက်ချင်း ရေချိုးရင် ရေဖျဉ်း တကယ်စွဲတာလား"

မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ အင်္ဂလိပ်လို Ascites လို့ခေါ်တဲ့ ရေဖျဉ်းစွဲခြင်း ကိုယ်တိုင်က ရောဂါတစ်ခု မဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေမှာ တွေ့ရတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါတွေ နောက်ခံ ရှိနေတဲ့ အတွက် ၀မ်းဗိုက်ထဲ ရေတွေ စုလာကာ ရေဖျဉ်းစွဲရတာ ဖြစ်ပြီး ထမင်းစားပြီး ချိုးလိုက်တဲ့ ရေတွေ သွားစုတာ လုံးဝ မဟုတ်ကြောင်းပါ။
ဒါဆို ဘိုးဘွားဘီဘင်တွေက လွဲချော်နေတဲ့ အချက်ကြီးကို ယုံကြည် လက်ဆင့်ကမ်း ခဲ့ကြတာလား။ အမှားကြီး ပြောခဲ့ကြတာလား။

အဲလိုတော့လဲ မဟုတ်ပါဘူး။ ထမင်းစားပြီးပြီးချင်း ရေချိုးရင် ခန္ဓာကိုယ်ရဲ့ အစာချက်မှု၊ စုပ်ယူမှုတွေမှာ ကြီးစွာသော အနှောင့်အယှက်တွေ ဖြစ်ကုန်တာ သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိ ထားရပါတယ်။ အစာချေတဲ့ အချိန်မှာ သွေးလှည့်ပတ်မှုရဲ့ အများဆုံး ဝေစုကို အစာအိမ်နဲ့ အူလမ်းကြောင်းက စွမ်းအင်ရဖို့ ယူရပါတယ်။ အဲအချိန်မှာ ရေချိုးလိုက်ရင် ကျဆင်းသွားတဲ့ အရေပြား အပူချိန်ကို ထိန်းဖို့ ခြေလက်တွေနဲ့ အရေပြားဆီ သွေးတွေ ပုံမှန်ထက်ပိုပြီး ပို့လွှတ်ပေးလိုက်ရလို့ အူလမ်းကြောင်းကရတဲ့ ဝေစု လျော့နည်းသွားကာ အစာချေမှု အနှောင့်အယှက် ဖြစ်ပါတယ်။ အစာမကြေ လေပွခြင်း၊ မအီမသာ ဖြစ်ခြင်းတို့ ခံစားရတတ်တာကို ရှေးလူကြီးတွေက သိလို့ အကျိုးယုတ်မှာစိုးလို့ တားခဲ့တာ ဖြစ်ပါတယ်။

ခက်တာက ရိုးရိုး ရှင်းအောင် ပြောပြီး မတားဘဲ အကြောက်တရားကြီးနဲ့ တွဲပြီး တားခဲ့တာက နောက်မျိုးဆက်တွေ အယူအဆလွဲမှု ဖြစ်စေတော့တာပေါ့။ ဒါကို ကျွန်တော်တို့က သိမြင်ပြီး အနာဂတ် မျိုးဆက်တွေ အတွက် အသိအမြင်မှန်တွေပဲ ချန်ခဲ့နိုင်ဖို့ ကြိုးစားရပါမယ်။ ထမင်းစားပြီးရင် မလုပ်သင့်တဲ့ အခြားအရာတွေကတော့ လမ်းမြန်မြန် ဝေးဝေး လျှောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လက်ဖက်ရည် သောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

(ရှေးလူကြီးတွေဟာ ပုံတိုပတ်စလေးတွေ ဖန်တီးပြီး ကလေးကို ဆုံးမရာမှာ ဖြတ်ထိုးဥာဏ် အင်မတန် ရင့်သန်ခဲ့ကြပါတယ်။ ညအိပ်ရာဝင်ရင် ခံစားရတဲ့ အမြင့်က သိမ့်ကနဲ ကျသွားတဲ့ ခံစားမှုဟာ အိပ်ပျော်မှု ပုံမှန်မဖြစ်သေးလို့ ခံစားရတဲ့ အိပ်မက်ဆိုးတိုလေး တစ်ခု ဖြစ်ပါတယ်။ ထမင်းကို ရိုသေတာရယ်၊ အိပ်ရာထဲ မသန့်တဲ့ ခြေထောက်တွေနဲ့ ၀င်လာမှာ စိုးလို့ရယ် ကလေးတွေကို "ထမင်းလုံးတစေ"္ဆ ဆိုတဲ့ ဝေါဟာရ တီထွင်ပြီး ခြောက်ခဲ့တာ အခုဆိုရင် အဲဒီဝေါဟာရဟာ တကယ်စွဲနေပြီး ယုံကြည်လက်ခံထားမှုတွေ လူအများစုမှာ ရှိဆဲပါ။ ရှေးလူကြီးတွေကို အပြစ်ဆိုစရာ မစဉ်းစားဘဲ ကျွန်တော်တို့ မျိုးဆက်သစ်တွေကျရင် ဘယ်လို အသိသညာတွေ လက်ဆင့်ကမ်းခဲ့မလဲ ဆိုတာ တွေးထားရမှာ ဖြစ်ပါတယ်)

ရေဖျဉ်းစွဲခြင်း ဆိုတာ ဘာလဲ
ဝမ်းဗိုက်ခေါင်းထဲမှာ အ၀ါဖျော့ရောင် (သို့) အကြည်ရောင် အရည်တွေ စုလာခြင်းကို ခေါ်ပါတယ်။ ၀မ်းဗိုက်နဲ့ အဆုတ်၊ နှလုံးတို့ ရှိရာ ရင်ခေါင်းကို Diaphragm ခေါ် ကိုယ်တွင်းခေါင်း ကန့်လန့်ကာ ကြွက်သားနဲ့ ပိုင်းခြားထားလို့ အဆုတ်ထဲ ရေ၀င်တာနဲ့ မတူဘူးလို့ သိထားရပါမယ်။

ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ
ရေဖျဉ်းစွဲခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းက အသည်းခြောက်ခြင်း (Cirrhosis of Liver) လိုမျိုး ဆိုးရွားပျက်စီးနေတဲ့ အသည်းရောဂါ တွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ရေဖျဉ်းစွဲတဲ့သူ ၅ ယောက်မှာ ၄ ယောက်ဟာ အသည်းရောဂါကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဟာ အရက်ကို နှစ်ရှည်လများ (သို့) အလွန်အကျွံသောက်သူ အမျိုးသားတွေမှာ ဖြစ်တာများပေမယ့် ငရုတ်သီးမှိုတွေစားပြီး အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး တစ်ခုခု ရှိနေသူ အမျိုးသမီးများလည်း အသည်းခြောက်နိုင်တာ တွေ့ရပါတယ်။ အသည်းခြောက်တယ် ဆိုတဲ့ ဝေါဟာရဟာ မြန်မာလို အဆင်ပြေသလို ပြန်ထားတာ ဖြစ်ပြီး တကယ်တမ်း ခြောက်သွေ့သွားတာတော့ မဟုတ်ပါဘူး။ အရက်၊ ဘီပိုး၊ စီပိုး၊ အသည်းအဆီဖုံးခြင်း စတဲ့ အဖြစ်အများဆုံး အကြောင်းတရားတွေကြောင့် အသည်းက ဒဏ်ရာတွေရကာ အဲဒီနေရာမှာ အမာရွတ်တစ်သျှူးတွေပဲ ပြန်ဖြစ်လို့ ပုံမှန်အလုပ်လုပ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါသဘောက ပျက်ပြီးသား အသည်းနေရာက ပြန်ကောင်းဖို့ အရမ်းခဲယဉ်းပြီး အသည်းတစ်ခုလုံးသာ ဆက်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ အသည်းပျက်လို့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တော့တဲ့ အတွက် သွေးကြောတွေထဲက ရေဓာတ်ကို မထိန်းထားနိုင်တော့ဘဲ ရေတွေက ၀မ်းဗိုက်ထဲ လာစုတာ ဖြစ်ပါတယ်။


အသည်းရောဂါ တစ်မျိုး ဖြစ်တဲ့ ရှောင်တခင် အသည်းလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Acute Liver Failure) မှာလည်း ရေဖျဉ်းစွဲခြင်း ပေါ်လာတတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်တစ်ခုကို ဥပမာပေးရရင် ပါရာစီတမော လွန်ကဲစွာ သောက်မိလို့ အဆိပ်သင့်ခြင်းပေါ့။ အသည်းရဲ့ သွေးပြန်ကြောတွေ ပိတ်ဆို့သွားတဲ့ ဘတ်ချီရီ ရောဂါစု (Budd-Chiari Syndrome) မှာလည်း ရေဖျဉ်းစွဲခြင်း၊ အသည်းနဲ့ ဘေလုံး ကြီးလာခြင်းနဲ့ ဗိုက်အသည်းအသန်အောင့်ခြင်းတို့ တွဲဖြစ်ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ ကင်ဆာအတော်များများက အသည်းနဲ့ ၀မ်းဗိုက်တွင်း ကလီစာတွေကို ပျံ့နှံ့ ရောက်ရှိတတ်ပြီး ရေဖျဉ်းစွဲစေတတ်ပါတယ်။

နှလုံးစွမ်းဆောင်ရည် ကျဆင်းရပ်ဆိုင်းလာခြင်း (Heart Failure) ရောဂါမှာလည်း သွေးကြောတွေထဲမှာ သွေးကောင်းကောင်း ပျံ့နှံ့သွားအောင် နှလုံးက ညှစ်မပို့နိုင်တော့လို့ နောက်ဆက်တွဲ အနေနဲ့ ရေဖျဉ်းစွဲပါတယ်။ Nephrotic Syndrome လို့ ခေါ်တဲ့ ကျောက်ကပ်ရောဂါမှာလည်း ပရိုတိန်းခေါ် အသားဓာတ်တွေ သွေးထဲကနေ ဆီးစွန့်တဲ့အထဲ ပါသွားပြီး ဆုံးရှုံးကုန်လို့ သွေးက အရည်တွေ မထိန်းထားနိုင်တော့ဘဲ ဗိုက်ထဲမှာ စုကာ ရေဖျဉ်းစွဲစေပါတယ်။

ရှောင်တခင် ပန်ကရိယ ရောင်ခြင်း ( Acute Pancreatitis)နဲ့ နာတာရှည် ပန်ကရိယ ရောင်ခြင်း (Chronic Pancreatitis) နှစ်မျိုးစလုံးမှာ ရေဖျဉ်းဟာ လက္ခဏာတစ်ရပ် အနေနဲ့ ပေါ်လာနိုင်ပါတယ်။ အသည်းရောဂါကြောင့် ဖြစ်ရတဲ့ ရေဖျဉ်းလောက်တော့ မကြီးဘူး ပေါ့လေ။ အစာအိမ် အူလမ်းကြောင်းမှာ ရောဂါပိုး ၀င်ရောက်မှု ပြင်းပြင်းထန်ထန် ဖြစ်096;ာ ၀မ်းဗိုက်ရောင်ရင်လည်း ဖြစ်နိုင်ပါတယ်။ တွေ့နေကျ မဟုတ်တဲ့ ရေဖျဉ်းစွဲရခြင်း အကြောင်းတစ်ခုကို ပြောရမယ် ဆိုရင် လည်ပင်းက သိုင်းရွိုက်အကျိတ် လုပ်ဆောင်မှု နည်းလို့ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism) မှာလည်း မကုဘဲ ပစ်ထားတာ ကြာရင် ရေဖျဉ်းစွဲပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပမာဏ ပြန်မှန်သွားတာနဲ့ ရေဖျဉ်းက အလိုလို ပျောက်ပါတယ်။

ရေဖျဉ်းစွဲနေကြောင်း ဘယ်လို အတည်ပြုနိုင်သလဲ
ရေသန့်ပုလင်း တစ်ဝက်စာ (500 ml) လောက် ရှိနေပြီ ဆိုရင်ပဲ ဆရာဝန်က လက်နဲ့ စမ်းသပ် သိရှိနိုင်ပါပြီ။ အရမ်းနည်းနေပြီး မသိသာပေမယ့် ရောဂါအနေအထားကို သုံးသပ်ပြီး ဆရာဝန်က Ultrasound ခေါ် တယ်လီဗေးရှင်းဓာတ်မှန် ရိုက်ခိုင်းရင် သိနိုင်ပါတယ်။

ဘယ်လို ကုသကာကွယ်နိုင်မလဲ
ရေဖျဉ်းစွဲခြင်း သက်သက်ကို ကုသစရာ မလိုဘဲ နောက်ခံ ရောဂါအကြောင်းရင်းကို ရှာကုရမှာ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ရောဂါတွေထဲက တစ်ခုခုပေါ့။ ဥပမာ ကင်ဆာဆိုရင် ကင်ဆာခီမိုဆေး၊ ဓာတ်ရောင်ခြည်စတဲ့ သက်ဆိုင်ရာ ကုထုံးနဲ့ ကုရမှာ ဖြစ်ပြီး အသည်းရောဂါမှာ အသည်းဆေးတွေနဲ့ ကုမလား၊ ခွဲစိတ်မလား၊ အသည်းအစားထိုးမလား စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
ရေဖျဉ်းရှိတဲ့ ဝေဒနာရှင်တွေ အားလုံးကို ရေနဲ့ အငန်ဓာတ် လျှော့စားခိုင်းပါတယ်။ ဆားဆိုရင် တစ်နေ့ကို 2 g ထက်ပိုစားလို့ မရပါဘူး။ လိုအပ်သလို ဆီးဆေးတွေ ပေးပါတယ်။ အရည်တွေ အရမ်းများရင် ဖောက်ထုတ်မယ်။

အသည်း / နှလုံး / ကျောက်ကပ် စတဲ့ ရောဂါဖြစ်နေတဲ့ အင်္ဂါကို ခွဲစိတ်ကုသဖို့ အရမ်းဆိုးရင် အစားထိုးဖို့ လုပ်ဆောင်ပါမယ်။ ဒါတွေက ဗဟုသုတ အဖြစ်ဖော်ပြတာ ဖြစ်ပြီး ရောဂါတကယ် ဖြစ်လာရင် ဆေးရုံတက် ကုသမှု ခံယူရမှာသာ ဖြစ်ပါတယ်။ ကာကွယ်နည်းတွေကတော့ အထက်ပါ ရောဂါတွေ မဖြစ်အောင် နေထိုင်နည်းတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရေဖျဉ်းဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြည်သူများ အယူလွဲနေမှာ စိုးလို့ အကြောင်းရင်းများသာ ဖော်ပြပေးလိုက်ရပါတယ်။

ရေဖျဉ်းစွဲနေခြင်းရဲ့ အရေးကြီးသော အချက်
ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ဖောင်းလာပြီး အရည်တွေ ရှိနေတယ် ထင်ရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက် စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ရေဖျဉ်းစွဲတယ် ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု ပျက်ယွင်းနေပြီး သွေးထဲက အရည်တွေကို မထိန်းသိမ်းနိုင်တဲ့ အခြေအနေထိ ရောက်နေပြီဆိုတာ ပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်းပါ။


Probe by : ဒေါက်တာသီဟသစ်
http://www.mmdailynews.com/

ကင်ဆာရောဂါ မဖြစ်ရအောင် နေထိုင်ရမည့် နည်းလမ်းများ















သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေရှိနေရင် ကင်ဆာရောဂါဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အချက်တွေထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ဘ၀နေထိုင်မှုနဲ့ ဆက်စပ်နေပြီး ရှောင်ရှားလို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ရှောင်တာတွေဟာ ရောဂါကို ခုခံနိုင်တဲ့ ပထမခြေလှမ်းတွေပါ။ ဒါ့အပြင် မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအသစ်တွေအရ သင့်ရဲ့ဘ၀နေ့စဉ်အစိတ်အပိုင်းမှ အံ့သြဖွယ်ရာနည်းလမ်းတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ကင်ဆာရောဂါမဖြစ်အောင် အောင်ပါနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။
(၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါ
ဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogen နဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုနည်းသွားနိုင်ပါတယ်။ ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှ ရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့် အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင် ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး ဒါမှမဟုတ် ဖန်ဘူးတွေအသုံးပြုပါ။
(၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါ
ဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ် သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင် ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ သင့်အရေပြား ဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။
(၃) အသားတွေကို မကင်ခင်နှပ်ထားပါ
အသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီး မဆလာနဲ့နှပ်ထားပါ။ မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို ၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့  Karsas တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
(၄) နေ့တိုင်းကော်ဖီသောက်ပါ
နေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာ ကော်ဖီအနည်းဆုံးသောက်သူတွေ ထက်ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။ နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ဟာ ကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။
(၅) ရေများများသောက်ပါ
ရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်တွေ ဆီးအတွင်းမှာ  Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက် သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။
(၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါ
ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာ မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့် အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။ ချက်ပြီးသား ဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။ နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 21, 2011

မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်





 
မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်
နရီလင်းလက် Tuesday, 21 June 2011 17:52
E-mailPrint
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ့ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီရန်ရှိသည်ဟု သိရသည်။

naypyitaw_studium
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၁၃ ဆီးဂိမ်းအတွက် နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်း တည်ဆောက်နေသည် ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - popularmyanmar.com)
"နဂိုကတည်းက တရုတ်ကနေ ဆီးဂိမ်းအတွက် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူနဲ့ အသေးစိတ်ဆွေးနွေးပြီးတဲ့ နောက်မှာ မြန်မာဘက်ကနေ လက်ခံ လိုက်တာပါ"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။

လက်ခံသဘောတူလိုက်သည့် အခြေအနေသာ ရှိသေးသောကြောင့် တရုတ်နိုင်ငံမှ မည်သည့်အဖွဲ့လာရောက် လုပ်ဆောင် ပေး မည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာတို့ တွေ့ဆုံခဲ့ပြီး မြန် မာ နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်း အောင်မြင်စွာ ကျင်းပရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၌ ကျင်းပမည့် ဆီးဂိမ်းအတွက် နည်းပညာဆိုင်ရာ အကူအညီ နှင့် လေ့ကျင့်ရေး အားကစား သမားများ ၊ နည်းပြများကို ပံ့ပိုးကူညီပေးမည်ဟု ကမ်းလှမ်းလာမှုအား မြန်မာဘက်မှ လက်ခံသဘော တူညီလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"နည်းပြတွေ လာသင်ကြားပေးမယ်ဆိုတဲ့ နေရာမှာ တခုရှိတာက ဆီးဂိမ်း ပြိုင်ပွဲဆိုတော့ အားကစားမျိုးစုံ ဆိုပါဝင်တာလေ ။ ဥပမာ- ဘောလုံး အားကစားမှာဆိုရင် ကျနော်တို့ဆီမှာ နဂိုကတည်းက အတန်းအလိုက်မှာ ဂျာမနီ၊ ဘရာဇီး စသဖြင့် နိုင်ငံခြား နည်းပြတွေ ရှိတယ်"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။

ထို့ကြောင့် နိုင်ငံခြား နည်းပြမရှိသည့် အားကစားအမျိုးအစားကို အဓိကထား၍ နည်းပြများ ဖြည့်တင်းသွားဖွယ်ရှိကြောင်း ၊ ယင်းအတွက် အသေးစိတ်ဆွေးနွေးကာ လိုအပ်သည်များကို ပြန်လည်စီစဉ်ရဦးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော ဘေဂျင်း အိုလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီပေးမည်ဟု သိရ သည်။

ယင်းကဲ့သို့ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ဟိုတယ် တည်ဆောက်မှုများကို အရှိန် အဟုန် မြှင့်သည့်အနေဖြင့် တခြားသော တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်နားထားသည်ဟု နေပြည်တော် ဆောက် လုပ်ရေး ကုမ္ပဏီများက ပြောဆိုသည်။

တည်းခိုမည့် ဧည့်သည်များ လုံလောက်မှုရှိစေရန် အတွက် ဟိုတယ်များကို တိုးချဲ့တည်ဆောက်နေသည့်အပြင် ယခင်က နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု ခွင့်မပြုခဲ့သော နေပြည်တော် ဟိုတယ်ဇုန်များတွင် တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုလိုက်သည်ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

"နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်ဇုန်တွေမှာ အကုန်လုံးတိုင်းရင်းသား လုပ်ငန်းရှင်တွေ ချည်းပဲ။ တာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက်မှ ဟိုတယ်ခရီး ၀န်ကြီးက ရင်းနှီးမြှပ်နှံခွင့်ပြုဖို့ လက်ခံလိုက်တယ်"ဟု သူက ဆိုသည်။

နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အင်ဂျင်နီယာ တဦးက"ဟိုတယ်ဇုန် ၄ ဇုန် မှာ မဆောက်ဘဲ ကျန်တဲ့ မြေနေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ ရင်းနှီးမြှပ်နှံပြီး ဆောက်မယ်ဆိုရင်ဆောက်လို့ရတယ်။ တရုတ်ကလည်း ဆီးဂိမ်းအတွက် စီးပွားရေးလုပ်လို့ရမယ်။ ကျောက်မျက်ပွဲကလည်း နေပြည်တော်မှာ လုပ်နေတော့ ဒီအတွက်လည်း ဈေးကွက်ရှိတယ်ဆိုတာ သိတယ် လေ"ဟု ပြောပြသည်။

ယခု လဆန်းက အာဏာပိုင်များနှင့် နီးစပ်သည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် မြန်မာ့အားကစား အောင်နိုင်ငံရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပပြီး ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ ကျပ် သိန်း ၉၆၃၀ ရရှိခဲ့သည်ဟု ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများတွင် ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ၊ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ နှင့် Asia World ကုမ္ပဏီ ၊ အော်ရယ် ဂျင်နယ် ဂရု ၊ အေ၀မ်းဆောက်လုပ်ရေး ကုမ္ပဏီ ၊ ယုဇန ဦးဌေးမြင့် ၊ ACE ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက် ၊ မက်စ် မြန်မာ ကုမ္ပဏီ ၊ ရွှေသံလွင် ကုမ္ပဏီ ၊ ဂရိတ် ဝေါလ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ စသည့် တို့ပါဝင်သည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး




 

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

By ဒေါ်ခင်မျိုးသက်
 
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။
"မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။" လို့ ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
"ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ၀င်မ၀င် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။" လို့ ပြောသွားပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။
"ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။
"အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။"
အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။
"ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ၀နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။" လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။
__._,_.___
Recent Activity:
.


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed