BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, July 3, 2011

Softwares များ


    (၁)   Matrix Screen Locker Portable


        ဒီကောင်လေးကိုတော့ မိမိစက်အားအသုံးပြုနေစဉ် အကြောင်းတစ်စုံတစ်ရာပေါ်၍ စက်နားမှခွါပြီးအပြင်ခဏသွားလို
သောအခါတွင် မိမိစက်အားလည်းမပိတ်ခဲ့ချင် အခြားသူများလည်းကိုင်မည်စိုးသောအခါများတွင် အသုံးပြုနိုင်ပါသည်။ကျွန်
တော်ကတော့ လုပ်လက်စအလုပ်များအားတန်းလန်းရှိချိန် အလွန်ဆော့သောကျွန်တော်၏ သံယောဇဉ်များလည်းမကလိနိုင်
ရန်အတွက် စက်နားမှခေတ္တထ၍ အခြားကိစ္စများလုပ်သောအခါတွင်အလွန်အသုံးတည့်လှပါသည်။အသုံးပြုပုံပြုနည်းများအား
ပုံများ စာများနှင့်တကွထည့်ပေးထားပါသည်။ဒီနေရာလေးမှာ ယူပါ။

(၂)   Picasa 38 ဖြင့် Gmail တွင်ဓာတ်ပုံများစွာအားပို့ ခြင်း

       ဒါကတော့နည်းပညာပိုင်းနွယ်သွားပါပြီ။သိပြီးသူများလည်းရှိကြမှာပါ။မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။မိမိတို့ 
ပုံမှန် Gmail အားအသုံးပြုပြီး ဓာတ်ပုံများပို့ ဘူးကြမှာပါ။တစ်ပုံပြီးတစ်ပုံအား Attach ဖိုင်ဖြင့်ဆွဲယူရသောကြောင့်အချိန်ကြာ
ပါသည်။ထိုဒုက္ခများကင်းဝေးပြီး ဓာတ်ပုံများစွာအားစက်အတွင်းတွင် Picasa38 ဆော့ဖ်ဝဲလ်လေးထည့်ထားပြီး စက္ကန့် ပိုင်း
အတွင်းမှာပင် ပုံမြောက်များစွာကိုပို့ နိုင်ပါသည်။အသုံးပြုပုံပြုနည်းအား စာဓာတ်ပုံများနှင့်တစ်ကွ တစ်ပါတည်းထည့်ပေးထား
ပါသည်။ ဒီနေရာလေးမှာ ယူပါ။

(၃)   Aiseesoft Total Media Converter 5.2.32 Portable

       ဒီကောင်လေးကတော့ ကျွန်တော်လည်းလက်ရှိအသုံးပြုနေတာပါ။Portable လေးဖြစ်တာကတစ်ကြောင်း အသုံးပြုရ
တာလွယ်ကူရိုးရှင်းပြီး Output ဖိုင်အမျိုးအစားများစွာထုတ်ပေးနိုင်ပါတယ်။ဖုန်းအမျိုးအစားများအတွက်လည်းထုတ်ပေးနိုင်
ထုတ်ပေးနိုင်ပါတယ်။ယူကျူ့ မှဒေါင်းရသော FLV ဖိုင်များအားအလိုရှိရာ ဖိုင်စနစ်အမျိုးပေါင်း(၂၀၀)ခန့် အထိပြောင်းလည်း
ပေးနိုင်ပါတယ်။ဆောင်ထားသင့်ပါတယ်။ထုံးစံအတိုင်း အသုံးပြုပုံပြုနည်းများအား စာဓာတ်ပုံနှင့်တစ်ကွထည့်ထားပေးပါတယ်။
အသုံးပြုလိုလျှင်ဖြင့် ဒီနေရာလေးမှာ ယူပါ။

(၄)   Smart Defrag

       ဒီကောင်လေးကတော့ မိမိစက်ဟတ်ဒစ်အတွင်းဖိုင်များပြန်စီခြင်းသန့် ရှင်းရေးလုပ်ခြင်းများတွင်သုံးပါတယ်။ဝင်းဒိုးအတွင်း
ထိုစနစ်ပါပေသည့် အချိန်ကြာမြင်စွာလုပ်ဆောင်ရပါတယ်။ဒီဆော့ဖ်ဝဲလ်လေးအသုံးပြုခြင်းအားဖြင့်အချိန်တိုအတွင်း၎င်းလုပ်ငန်း
များအားလုပ်ဆောင်နိုင်ပြီး စက်ကိုလည်းပေါ့ပါးစေပါတယ်။အသုံးပြုရတာလွယ်ကူလှပြီး ကျွန်တော်တို့ လို မြင်မြင်သမျှဒေါင်း
လိုက် ထုတ်လိုက်လုပ်နေသူများအတွက် လိုအပ်လှပါတယ်။နောက်ဆုံးထုတ်အပ်ဒိတ်ကလေးကို ဒီနေရာလေးမှာ ယူပါ။
       အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ။အားလုံးကို  Ziddu မှ တင်ထားပေးပါတယ်။
     

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာအသင်း နည်းပြချုပ် အထုတ်ခံရ





 
ဧရာဝတီ Friday, 01 July 2011 16:50      


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ဇီဗာဒီနိုဗစ်အား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ကိုဇာနည်က ပြောသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့တွင် မြန်မာအသင်းက မွန်ဂိုလီးယားကို တဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ယာယီနည်းပြချုပ်အဖြစ် ဦးဆန်းဝင်းအား ခန့်အပ်မည်ဖြစ်ပြီး အတွေ့အကြုံရှိသော ဘောလုံးသမားများ ဖြစ်သည့် ရန်ပိုင်၊ ခင်မောင်လွင်၊ စိုးမင်းဦး၊ကျော်ဇေယျာဝင်းနှင့် သိန်းသန်းဝင်းတို့ကို အသင်းအတွက် အားဖြည့် ခေါ်ယူထားသည်ဟု သိရသည်။
__._,_
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, July 2, 2011

ပြည်နယ် ၀န်ကြီးချုပ်က မရာ ဒေသခံများအတွက် Health and Hope ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ်ခွင့်ပြု


ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက အိန္ဒိယ – မြန်မာနယ်စပ် မရာနယ်တွင် Health and Hope ကိုယ်ထူကိုယ် ထ ဆေး ခန်းဖွင့်လှစ်ခွင့် ပြုထားကြောင်း ၄င်းအပေါ် ဒေသခံများ အထူး ၀မ်မြောက်ကြကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို အာမေးနီးယားနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ချင်းလူငယ် ဒေါက်တာ ဆာဆာက ဦးဆောင်သွားမှာဖြစ် ကြောင်း ဒေါက်တာဆာဆာသည် ယခုလက်ရှိ အိန္ဒိယ- မြန်မာ နယ်စပ်တနေရာတွင် ချင်းလူငယ် ၃၀၀ နီးပါး အား အခြေခံ ကျန်းမာရေးသင်တန်း၊ ကွန်ပြူတာ အခြေခံပညာများကို ပို့ချနေကြောင်းသိရသည်။
" ၀န်ကြီးချုပ်နှင့် ၀န်ကြီးတွေက ဒေသခံ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမေတ္တာပါ၊ ဘုရားသခင်က လူထု ဆု တောင်းသံကို နားညောင်းတယ်လို့လည်း ပြောချင်တယ်" ဟု ဒေါက်တာဆာဆာက ပြောသည်။
မရာ ဒေသခံလူကြီးတချို့ နှင့် ဒေါက်တာ ဆာဆာ ရဲ့ အဖေ ဦး အေဘီ (တရားဟောဆရာ) တို့က ဇွန်လ နောက်ဆုံး ပတ်အတွင်း ချင်း ပြည်နယ် ဟားခါးမြို့သို့သွားရောက်ကာ ပြည်နယ် ၀န်ကြီးချုပ် နှင့် သက်ဆိုင်ရာ ၀န်ကြီးများ ထံ တောင်း ဆိုခဲ့ရာမှ ယခုကဲ့ သို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" မတူပီမြို့နယ် မရာဒေသ လိုင်လင်းပီရွာမှာ Health and Hope ကိုယ်ထူကိုယ်ထ ဆေးခန်းကို ဖွင့်ဖို့  ၀န်ကြီး တွေက ခွင့်ပြုလိုက် တယ်၊ဒေါကတာဆာဆာကိုလည်း အမြန်ဆုံးခေါ်ယူကြဖို့လည်း ၀န်ကြီးချုပ်က ပြောတယ်၊ အင်မတန်ဝမ်း သာစရာပဲ" ဟု မရာ ဒေသခံ လူကြီးတဦးက ပြောသည်။
Health and Hope ဆေးခန်းကို ယခု ဖွင့်လှစ်မည့် လိုင်းလင်းပီရွာ နှင့် ယခုလက်ရှိနယ်စပ်တွင်ဖွင့်လှစ်နေသည့် ဆေးခန်း ဆိုပြီး ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်သည်ဟု ပြောကြသည်။

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပြည်ပသတင်းဌာန နှင့် ဆက်သွယ်သည့် လွတ်တော်ကိုယ်စား လှယ် တွေကို ဖြုတ်ချမယ်

ပြည်ပ သတင်းဌာန နှင့် ဖုန်း၊ အင်တာနက်အားဖြင့် သတင်းပေးဆက်သွယ်သည့် ချင်းပြည်နယ် ပြည်နယ် ကိုယ်စားလှယ်တွေကို တရားစွဲပြီး ငွေဒါဏ် ကျပ်ငွေ တသိန်း နှင့် အတူ ထောင်ဒါဏ် တနှစ် သို့မဟုတ် ကိုယ် စားလှယ် အဖြစ်မှ ဖြုတ်ချမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က  ပြောသည်ဟု သတင်းရရှိသည်။
" လူထုက ရွေးချယ်တဲ့ကိုယ်စားလှယ်တွေကို ၀န်ကြီးချုပ်က ဖြုတ်ချတယ်ဆိုတာက ဒါ အာဏာရှင်လုပ်ရပ်ပဲ" ဟု ချင်းပြည်နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးက ပြောသည်။
နှစ်ရက်တာ ဇွန်လ ၂၉ – ၃၀ အကြား နှစ်ရက်တာ ကျင်းပသည် ပြည်နယ်အထူး လွတ်တော် အစည်းအဝေးတွင် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက ပြည်နယ်ကိုယ်စားလှယ်များအား ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
" ဒီကိစ္စက အစည်းအဝေးအဆိုလည်းမဟုတ်ဘူး၊ တခြားပြည်နယ်မှာလည်း မကျင့်သုံးဘူး၊ ချင်းပြည်နယ် အ တွက်သာ အကျုံးဝင်တယ်လို့ ၀န်ကြီးချုပ်က ပြောတယ်လို့ သိရတယ် " ဟု ၀န်ကြီးရုံး ၀န်ထမ်း တဦးက ပြော သည်။
ထို့အပြင် အစည်းအဝေးတွင် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်တွေက ၀န်ကြီး ၈ နေရာမှ ၉ နေရာ ထားရှိပေးရန်တောင်းဆိုသော်လည်း နိုင်ငံတော်သမ္မတက ၀န်ကြီး ၈ ဦးသာခန့်ထားခွင့် ပေး ထားတဲ့အတွက် မဖြစ်နိုင်ကြောင်း သို့သော်  မှတ်တမ်း တင်ပေးမည်ဟု သာ လက်ရှိအာဏာရပါတီဖက်မှ တုံ့ ပြန်ကြောင်း သိရသည်။
" ကိုယ်စားလှယ် ခရီးစရိတ်၊ နေ့တွက်စရိတ်တွေတောင် သူတို့တင်သလောက်ထုတ်မပေးဘူးလို့ကြားရတာပဲ"  ဟု ဟားခါးမြို့နယ် ယူအက်စ်ဒီပီ ပါတီခေါင်း ဆောင် တဦးက ပြောသည်။
ခရီးစရိတ်အပါအ၀င် တခြားကိစ္စတွေအတွက် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီ ကိုယ်စားလှယ် တွေ က ဗဟိုအစိုးရ ထံ သို့ တင်ပြရန် စီစဉ်နေကြောင်းလည်း ပြောကြသည်။
နှစ်ရက်တာ ပြည်နယ်လွတ်တော်အထူး အစည်းအဝေးရလဒ်နှင့် ပါတ်သက်ပြီး လက်ရှိအာဏာရယူအက်စ်ဒီပီ ပါတီနှင့် ချင်း ပါတီများအကြား ဆက်ဆံရေး ပိုမိုဆိုးဝါးလာဘွယ်ရှိကြောင်းလည်းပြောဆိုနေကြသည်။
ဗိုလ်မှူးချူပ် ဟုန်းငိုင်သည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မဲဆန္ဒနယ် အမှတ် (၂) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ အရွေးခံခြင်းဖြစ်ပြီး ချင်းပြည်နယ် ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှ ပြည်နယ်ဝန်ကြီးအဖြစ် အရွေးခံသူဖြစ်သည်။


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 30, 2011

ပို့ပြီးသား အီးမေးလ်ကို ပြန်ပြင်မယ်။

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပျော်ကြရအောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed