BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, July 13, 2011

ရေမချိုးကြသူများ




ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။ သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများ မဟုတ်ကြပါဘူး။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
     ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင် မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။


The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ

သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။



The Ovahimba People Of Namibia

ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်း)


Image Hosted by PicturePush - Photo Sharing


ဒီပုံကတော့ အိမ်ထောင်သည်အမျိုးသမီးရဲ့ မခို့တရို့အလှပါ။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Ovahimba woman Namibia stock photo


Image of pc010370.jpg

Image Hosted by PicturePush - Photo Sharing



အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့  အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။


( ရေချိုးပျင်းသူများ၊ အဝတ်လျှော်ရမှာ ပျင်းသူများအတွက်တော့ Ovahimba လူမျိုးနွယ်စုတွေ နေထိုင်တဲ့ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ သွားနေကြည့်ဖို့ အကြံပေးချင်ပါတယ်



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သတိထားသင့်တဲ့ ဟန်းဖုန်းသေနတ်



ဒီပိုစ့်လေးမှာ ဖော်ပြမဲ့အကြောင်းအရာက ဟန်းဖုန်းနဲ့တစ်ထပ်တည်း တူအောင်ပြုလုပ်ထားတဲ့ သေနတ်အကြောင်း ပြောပြချင်တာပါ။ သိပြီးသူများလည်း ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ မသိသေးသူများအတွက် ရည်ရွယ်ပြီး ဗဟုသုတအနေနဲ့ရော၊ သတိထားနိုင်ဖို့ပါ တင်ပေးချင်တာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းကားတွေမှာတော့ နည်းပညာ အသစ်အဆန်းတွေနဲ့ တီထွင်ပြုလုပ်ထားတဲ့ ခေတ်မီ လူသတ် လက်နက်မျိုးစုံကို ကိုင်ဆောင်တာ မြင်ဖူးကြပေမဲ့ အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ ဟန်းဖုန်းနဲ့ တစ်ထပ်တည်းတူအောင် ပြုလုပ်ထားတဲ့ သေနတ်တွေ ရှိနေပြီ ဆိုတဲ့အကြောင်းလေး သတိပြုမိစေချင်ပါတယ်။  ဘယ်အရာမဆို သတိဆိုတာ ပိုတယ်မရှိလို့ ဆိုထားတယ် မဟုတ်လားရှင်။ ဟန်းဖုန်းသေနတ်အကြောင်းကို  အောက်က ပုံတွေမှာ ဖော်ပြထားပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဟန်းဖုန်းတစ်လုံးနဲ့ ဘာမှ မခြားပါဘူး။ အရွယ်တူ၊ ပုံစံတူ၊ အပြင်ဘန်းသဏ္ဍာန်အားလုံး တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်ထားတဲ့ ပစ္စတိုလ်သေနတ် ဖြစ်ပါတယ်။ အထဲမှာ ပွိုင့်တူးတူး( .22)  ကျည်ဆန် လေးတောင့်ပါဝင်ပြီး ဟန်းဖုန်းတစ်လုံးမှာ မပါမဖြစ် ပါဝင်တဲ့ ( Key Pad) ကီးပက်ပေါ်က ဂဏန်းတွေထဲကမှ နံပါတ် ၅, ၆, ၇, ၈ တို့ကို နှိပ်လိုက်မယ်ဆိုရင် ကျည်ဆန်တွေ အမြန်နှုန်းထားနဲ့ ပြေးထွက်လာမှာ ဖြစ်ပါတယ်။ ကျည်တစ်တောင့်ချင်းစီကို ၄င်းခလုပ်တစ်ခုစီနဲ့ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ( Antenna) အဲန်တင်နာလို တိုင်ကလေးဟာ ပြောင်းဝအဖြစ် ပြုလုပ်ထားပြီး ကီးပက်က ခလုပ်တစ်ခုကို နှိပ်လိုက်တာနဲ့ ကျည်ဆန်ဟာ အဲဒီ ပြောင်းဝကနေ ထွက်လာမှာပါ။ ထွက်လာတဲ့ ကျည်ဆန်ဟာ ၁၀မီတာကနေ ၁၂မီတာ(  ၃၉ပေ) အထိ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ကျည်ဆန်များကို ထုတ်ပြစဉ်


Image Hosted by PicturePush - Photo Sharing

ဖုန်းအတွင်းမှ ကျည်ဆန်များ

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဒါကတော့ ဟန်းဖုန်းသေနတ်ရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ရှင်းပြထားတဲ့ သရုပ်ပြပုံ ဖြစ်ပါတယ်။

ဖုန်းတွေမှာပါဝင်တဲ့ ဒီဂျစ်တယ် စခရင်လည်း ပါဝင်ပါတယ်။ ရုတ်တရက်ကြည့်ရင် ဖုန်းတစ်လုံးလို့သာ သိနိုင်မှာဖြစ်ပြီး သေနတ်မှန်း ဘယ်လိုမှ လွယ်ကူစွာခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ဟန်းဖုန်းတွေနဲ့ တစ်ထေရာတည်း တူညီတဲ့ သေနတ်တွေ ပေါ်လာတာကြောင့် ဥရောပနိုင်ငံများမှာတော့ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ဟန်းဖုန်းတွေအားလုံး X- ray ရောင်ခြည်အောက်မှာ ဖြတ်သန်းစစ်ဆေးနိုင်ဖို့ ကိရိယာများကို တတ်ဆင်ထားကြပါပြီ။ ဟန်းဖုန်းသေနတ်ကို လောလောဆယ် ကိုင်ဆောင်နေကြသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ မာဖီးယားဂိုဏ်ဟာ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် အတောအတွင်းကမှ အီတလီရဲတွေဟာ မာဖီးယားတွေဆီက ၄င်းသေနတ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အခြားသော ဥရောပနိုင်ငံ အချို့တွေမှာ ၄င်းဟန်းဖုန်းသေနတ်များကို မကြာခဏ ဖမ်းဆီးရမိနေတာကြောင့် ဒီလို သေနတ်မျိုးတွေဟာ လူတွေလက်ထဲမှာ ဘယ်လောက်များများ ရှိနေပြီလဲဆိုတာ စိုးရိမ်စရာဖြစ်နေပါပြီ။

 

ဟန်းဖုန်းသေနတ်ဟာ ပုံမှန်ဟန်းဖုန်းအစစ်ထက်တော့ အလေးချိန် ပိုများတယ်ဆိုတာတော့ ကိုင်ကြည့်ရင် ကွဲပြားသိသာစေတဲ့အချက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တကယ်လို့များ သင့်လက်ထဲမှာ ဟန်းဖုန်းတစ်လုံး မတော်တဆများ ရောက်လာခဲ့ရင် ပုံမှန်ဟန်းဖုန်းတစ်လုံးထက် လေးနေခဲ့ပြီဆိုရင် သက်ဆိုင်ရာဌာန တစ်ခုခုကို သွားရောက် အကြောင်းကြားပြီး သေနတ်လား၊ ဟန်းဖုန်းလားဆိုတာ စစ်ဆေးခိုင်းသင့်ပါပြီ။


အင်တာနက်က ဖတ်မိတာလေးကို ဗဟုသုတအဖြစ်ရယ်၊ သတိထားနိင်စေဖို့ရယ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 10, 2011

Recovery အကောင်းဆုံးလေး

 


တကယ်ကိုကောင်းမွန်လှတဲ့ Software လေးပါ..ဒီ software လေးက ကျွန်တော်ရဲ့ 2နှစ်လောက်ရှိပြီး.ဘယ်လိုမှ recovery လုပ်လို့မရတဲ့ file တွေကို recovery လိုက်ပေးပါတယ်.
၁) Format လုပ်ပြီးသား file တွေကိုလုပ်ပေးတယ်.
၂) Raw ဖြစ်သွားတဲ့ file တွေကိုလဲလုပ်ပေးတယ်..ဒီဟာက ဘယ်မှာသုံးလဲဆိုတော့.. format လုပ်ပြီးသား ကို recovery လုပ်တဲ့အခါမှာ.သူကမေးပါတယ်.နောက်ဆုံးသုံးခဲ့တဲ့ file system ကဘာလဲဆိုပြီးမေးတဲ့အခု..ကိုယ်က NTFS ကိုပေးရင်လဲမဟုတ်ဘူး၊FAT လဲ.မဟုတ်ဘူး၊FAT32 မဟုတ်ဘူး.ဆိုပြီး...ဖြစ်တက်ပါတယ်.ဒါက Raw file system ဆိုပြီး..ဘာမှကိုလုပ်လို့မရတော့တဲ့ usb,hardisk တွေကိုလဲ recovery လုပ်ပေးတဲ့အပြင်
၃) Delete လုပ်လိုက်မိတဲ့ file တွေကိုလဲ recovery လုပ်ပေးပါတယ်.
၎) Advanced Recovery ဆိုပြီးတော့လဲပါသေးတယ်.
၅) Recovery သက်သက်မဟုတ်ဘဲ.. File Repair ဆိုပြီး
Excel,Access,Zip,Powerpoint,Word စတဲ့ File format တွေအတွက်လဲပါဝင်တယ်.
၆) Disk Diagnostics  စတဲ့ Drive Tests,Size Manage,Data Advisor,Partition စတဲ့များပြားအသုံးဝင်လှတဲ့ Software တွေကိုစုစည်းထားတဲ့ Easy Recovery Professional ဖြစ်ပါတယ်..ဒီအပြင် Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေဟေမယ်.လို့မျှော်လင့်ပါတယ်..

DOWNLOAD FROM MEDIAFIRE (15.97MB)
DOWNLOAD FROM ifile.it 


ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို Internet မှ တိုက်ရိုက်ရယူနိုင်ပါပြီ။



Kaspersky Antivirus နဲ့ရင်းနှီးသူတိုင်း Kaspersky Antivirus 2007 အထိသာ အင်တာနက်မှတစ်ဆင့်
Download ချယူနိုင်တယ်ဆိုတာသိပါတယ်။ Kaspersky Antivirus 2010,2011နှင့်2012 Update များကိုတော့
အင်တာနက်မှတစ်ဆင့် ဒါရိုက်ရယူလို့မရနိုင်ပါဘူး။အဲဒီအတွက် Kaspersky Software မှတစ်ဆင့်ဖြစ်စေ၊
အင်တာနက်ရှိသော ဆိုင်များမှဖြစ်စေ ၀ယ်ယူသုံးစွဲနေကြရပါတယ်။အဲဒီနှစ်ခုလုံးက အချိန်နှင့်ငွေးကြေးပါ
နှစ်ခုလုံးကုန်ကျနိုင်ပါတယ်။ဒါပေမယ့် နည်းပညာရဲ့တီထွင်မှုက အဲဒီအခက်အခဲတွေကိုဖြေရှင်းပေးလိုက်ပါ
ပြီ..အဲဒါကတော့ Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို တိုက်ရိုက်ရယူနိုင်မယ့် Websiteတစ်ခုပေါ်ထွက်လာလို့ပါ။ Website ပေါ်ထွက်လာတာလဲ နည်းနည်းကြာပြီဖြစ်သလို.ကျွန်တော် ဒီပိုစ့်လေးကိုရေးသားထားတဲ့အချိန်ကလည်းကြာနေပါပြီ..အဲဒီအတွက်…မသိသောသူများရှိသလို..သိသောသ
ူများကလည်း နားလည်ခွင့်လွှတ်ပေးကြပါ။ဘာလို့လဲဆိုတော့ အခုလိုပိုစ့်တွေကို တစ်လောကမှ မျှဝေခွင့်ရခဲ့လို့ပါ။ကဲ…. Update ဖိုင်အရွယ်အစားကတော့ 200MB လောက်တော့ရှိတယ်.ပုံမှန်ပါဘဲ.ဒေါင်းရင်.နာရီဝက်ကျော်
လောက်တော့ကြာပါမယ်.။ ကဲ့..အောက်ကပေးထားတဲ့ Website မှာ သက်ဆိုင်ရာ Updateများကို ဒေါင်းယူ
နိုင်ပါပြီခင်ဗျာ။

To Download Click Here!



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 8, 2011

SlideShow များ ပြုလုပ်ခြင်း


slideshow ပြုလုပ်ပုံလေးများ မသိသေးသူများ အတွက် တင်ပြပေးလိုက်ပါတယ်...
slideshow ပြုလုပ်ပုံတွေဟာ တစ်ဦး နှင့် တစ်ဦး တူချင်မှ တူမည်၊ ပြုလုပ်သော ဆိုဒ်များ နှင့် DVD ဆော့ဝဲလ် များလည်း တူချင်မှ တူမည်။ သို့သော ထိုထို ထဲမှ မျိုးက
လက်ရှိ အသုံးပြု အများဆုံးဖြစ်တဲ့ slideshow ပြုလုပ်ပုံ တင်ပြပေးပါ့မယ်...

(၁)။ http://www.slide.com/
ကို ကလစ် ပြီး အကောင့်ဖောက်ပါ..
အကောင့်ဖောက်ပြီးလျှင် ဒီလိုပုံလေးတွေ့ ရပါလိမ့်မယ်...



Click to make your first slideshow! ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်ပါ...
အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ်....




Preset Designs: နေရာမှ ဒီဇိုင်းလေးများကို မိမိစိတ်ကြိုက် ရွေးချယ်ပေးလိုက်ပါ...ပြီးလျှင် အောက်သို့ ဆက်သွားပါ...
Browse ကိုကလစ်ပေးပြီး မိမိ ကွန်ပျုတာထဲမှ စိတ်ကြိုက်ပုံများကို ရွေးချယ်ပေးလိုက်ပါ။ရွေးချယ်ပြီးလျင် ဘောက်စ်လေး ကျလာပါလိမ့်မယ်...
 မိမိကြိုက်နှစ်သက်သော နာမည်လေးပေးပြီး Done ကို ကလစ်ပေးလိုက်ပါ...
ထိုနည်းတူစွာပင် facebook,photobucket နှင့်အခြားနေရာမှလည်း ပုံများကို
ယူနိုင်ပါသည်။



Customize your Design: နေရာလေးမှ မိမိလိုချင်သော Slideshow ဒီဇိုင်းလေးများကိုေ၇ွးချယ်ပေးပြီး စိတ်ကြိုက်ဖြစ်လျှင် Save(get code) ကို ကလစ်ပေးလိုက်ပါ...

မိမိကြိုက်နှစ်သက်သော စလိုက်ရှိုး လိပ်စာလေးတွေ ရေးပေးလိုက်ပါ...


ပြီးလျှင် သိမ်းလိုက်သော အခါ လှပတဲ့ စလိုက်ရှိုးလေးတွေ ရရှိပြီပေါ့နော်....
Bebo ကိုကလစ်ခြင်းပဲဖြစ်ဖြစ် အခြား တစ်ခုခုကိုကလစ်ကာ HTML ကုတ်ကို ရယူလိုက်ပါ...

Share ချင်သူတွေအတွက်ကတော့ My Slide ကလစ်ကာ Share လင့်ကို ရယူလိုက်ပါ...


          ***နောက်ထပ် ၂ မျိုး လုပ်နည်းကိုလည်း ဆက်လက်တင်ပြပေးသွားပါအုံးမည်...***
 






--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 7, 2011

ဝင်းဒိုး (၇) မှာ လှလှလေး လုပ်မလား..





အခုလည်းပဲ.. မြန်မာအိုင်တီတိုးတက်ဖွံ့ဖြိုးရေးကနေ ပဲ ဖော်ပြပေးတာပါ။
http://forum.mmitd.com/ အဲဒါက အဲဒိဆိုက်ရဲ့ လိပ်စာပါ။
သည့်ထက် ပိုမိုစုံလင်စွာ သိလိုလျှင် အဲဒိဆိုက်သို့ တိုက်ရိုက် သွားရောက်လေ့လာနိုင်ပါသည်။

 ဒါက Themes လေးတွေပါ..။ Window 7 ရဲ့ Theme ပုံစံသုံးနေရတာရိုးသွားတဲ့လူတွေအတွက် Theme အသစ်အဆန်းလေးတွေ ပါ..။ အောက်မှာ ပုံနဲ့ Download လုပ်ဖို့ link နဲ့ ပေးထားပါတယ်..။

Dark Windows 7 Desktop Theme

1. Dark Windows 7 Desktop Theme Download >>

Dark Agility Windows 7 Theme
2. "Dark Agility"Theme Download >>

Extraordinary Windows 7 Design
3. Extraordinary Theme Download >>

Blue Windows 7 Desktop Theme
ဒါလေးကတော့ကျနော်လက်ရှိသုံးနေတဲ့ Theme လေးပေါ့ဟဲဟဲ..။
4. Blue Theme "Midnight"Download >>

Desaturated grey desktop Windows 7 desktop theme
5. Desaturated Grey "Dark Pearl"Download >>

Pastel Colours Desktop Theme
ဒါကတော့မိန်းကလေးတွေအကြိုက်ဖြစ်မယ်ထင်တယ်...။
6. Pastel Colors Desktop Theme "Pastelia" Download >>

Awesome Desktop Theme Iohanna
7. Amazing "Iohanna" Elegance Download >>

Red Windows 7 Theme
8. Beautiful Red Windows 7 Theme Download >>

Green Spirit Visual Style for Windows 7
9. Amazing "Green Spirit"Download >>

Purple Visual Windows 7 Style
10. "Purple Dream" Visual Style Download >>
အားလုံးပဲကျေနပ်ကြမယ်လို့ ထင်ပါတယ်..။ Theme ပုံစံပြောင်းနည်းကတော့ C:\Windows\Resources\Themes ဆိုတဲ့ထဲကို ကိုယ်ပြောင်းချင်တဲ့ Theme (Folder & .theme file) ကို Copy ကူးထည့်ပါပြီးရင် .theme file ကို double click နှိပ်လိုက်ပါ ပြီးရင်ခနစောင့်ပေးလိုက်ပါ..။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့ Theme ပုံစံရသွားပါပြီ..။ အဆင်ပြေကြပါစေ..။

Download Universal Theme Patcher>>
First Download Universal Theme Patcher and Run (.exe) file . Read instruction and continue to make Patch...! Window 7 (x86) will patch 3 files. If u Patched all u must restart your pc and then change theme which u wanna to change...!
Windows 7 Universal Theme Patcher 1.5 full



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကွန်ပျူတာထဲမှာ ရောင်စုံငါးလေးတွေမြင်ရအောင်လုပ်ပေးမယ် Screen Saver Software လေးပါ။





--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed