BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, July 29, 2011

WinMend Registry Cleaner 1.5.8



WinMend Registry Cleaner 1.5.8 | 6.86 MB

ဒီစော့ဝဲကတော့ Registry Cleaner, Registry Optimizer, Registry Backup, Scheduler အစရှိသည်တို့ကို ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်.....စိတ်ကြိုက်အသုံးပြုလိုသူများအတွက် စိတ်ကြိုက် အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Registry Clean Expert 4.84 |


Registry Clean Expert 4.84


Registry Clean Expert 4.84 | 7.13 MB

ဒီစော့ဝဲကတော့ Registry မှာ ဖြစ်တတ်တဲ့ Error တွေနဲ့ Registry မှာ မလိုအပ်တော့တဲ့ File တွေကို ဖယ်ရှင်းပေးနိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်...ဒီစော့ဝဲရဲ့ လုပ်ဆောင်နိုင်မှု အသေးစိတ်ကို မူရင်း Website မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

explorer.exe မတက်သည့်ပြသနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။ explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
task manager ပေါ်လာရင် file => New Task (run) ကိုခေါ်လိုက်ပြီး c:\windows လို့ရိုက်လိုက်ရင် windows file ပေါ်လာပါမယ်။ window file ထဲက explorer.exe ကိုရှာပြီး copy လုပ်လိုက်ပါ။ ပြီးရင်အဲဒီ window file ထဲမှာပဲပြန် paste လုပ်ပြီး rename နဲ့ နာမည်တခုပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အားလုံးပြီးရင် window file ကိုပိတ်လိုက်ပြီး file => New Task (run) ကနေ regedit လို့ရိုက်ပြီး Registry Editor ကိုခေါ်ပါ။ registry ထဲမှာဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHINE / SOFTWARE / Microsoft / Windows NT / Current Version / Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ subkey တွေထဲမှာ Shell ကိုရှာလိုက်ပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ explorer.exe ကိုဖျက်ပြီး အပေါ်က copy/paste လုပ်ပြီး rename ပေးထားတဲ့ အတိုင်းထည့်လိုက်ပါ။ (ဥပမာ) newexplorer.exe ။ အားလုံးပြီးရင် registry editor ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပြန်တက်လာရင် အိုကေ ပါပြီ။

လုပ်ကြည့်လိုက်ပါ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 28, 2011

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့




Frame Photo Creator 5.3.1 | 25.15 MB

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့ သူတွေအတွက် အလွန်အသုံးဝင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်....စိတ်ကြိုက် အသုံးပြုလိုသူတွေအတွက် အဆင်ပြေအောင် Serial Key ပါ တပါတည်း ထည့်သွင်းပေးထားပါတယ်.....ဓါတ်ပုံအလှဆင်တာကို ၀ါသနာပါသူတွေအတွက် အသုံးဝင်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

window မတင် တတ်သူများအတွက်




window မတင်တတ်သူများအတွက် (မြန်မာလို)

ကျွန်တော် window မတင် တတ်သူများအတွက် ရည်ရွယ်ပြီး စာအုပ်လေး တစ်အုပ် တင်ပေးလိုက်ပါတယ် . ကျွန်တော် လုပ်ထားတာတော့ မဟုတ်ပါဘူး . ညီလေး တစ်ယောက် မေးလ်နဲ့ ပို့ပေးလိုက်လို့ပါ .

Download ifile.itDownload mediafireDownload multiupload




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော



တရုတ်ကိုယ်စားလှယ်တဦးက တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော ချင်းလူငယ်တွေစုဆောင်းနေ

July 27th, 2011 | Add a Comment | 276 views
တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ သုံးထပ်သား နှင့် ဖိနပ်ထုတ်လုပ်သည့် ကုပဏီတခုမှ ကိုယ်စားလှယ်တဦးက ယခုလ ၁၆ ရက်နေ့က စပြီး တလ ကျပ်ငွေ နှစ်သိန်းနှုန်းဖြင့် အလုပ်လုပ်နိုင်မည့် ချင်းလူငယ်တွေကို ခေါ်ယူ စု ဆောင်းနေကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်သည် ချင်းအမျိုးသားဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေး၊ ခမ်းပတ် မြို့နယ်နှင့် တမူး မြို့နယ်အတွင်း အဓိက ချင်းလူငယ်များကို ခေါ်ယူစုဆောင်းနေခြင်းဖြစ်သည်။
" ကိုယ်စားလှယ်က ကိုယ့်ချင်းအမျိုးသားဆိုတော့ ယုံကြည်ရတယ်၊ ချင်းလူငယ် ၁၇ ဦး လိုက်သွားတယ်၊ စားစ ရိတ်ငြိမ်းလို့ ပြောတာပဲ" ဟု ခမ်းပတ်မြို့နယ် ကာနန်ရွာသား တဦး က ဆိုသည်။
အဆိုပါကုပဏီတွင် အလုပ်မလုပ်ခင် အနည်းဆုံး သုံးလ စာချုပ်နှင့် အလုပ်ဝင်ရမှာဖြစ်ကြောင်း၊ တချို့မိဘများ သည် ၄င်းအပေါ် သံသယ ၀င်မှူတွေ ရှိနေကြောင်းလည်း ပြောကြသည်။
" တရုတ်နိုင်ငံကို အလုပ်သွားလုပ်တာ အယင်က မရှိခဲ့ဘူးဆိုတော့ စိတ်ထဲက မလုံမလဲဖြစ်တာတော့ အမှန်ပဲ၊ အစိုးရ ပါမစ်လည်း မဟုတ်ဘူးလေ"  ဟု ဒေသခံတဦးက ပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကလေးမြို့၊ ခမ်းပတ်၊ တာဟန်းဒေသခံများသည် ဒေသတွင်း အလုပ်အကိုင် ရှား ပါးခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းတို့ကြောင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လည်း သွားရောက် အလုပ်နေ ကြ ကြောင်းလည်း သိရသည်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 27, 2011

လူ့ မစင်မှ အသားတုထုတ်လုပ်နိုင်ပါပြီ




shit-meat.jpg

စားကြဦးမလား ဂျပန်ပဲပုတ်ခြောက်ကျော် ..အဲလေ...မစင်အသားတု တဲ့ ခင်ဗျာ...



ကမ္ဘာ့ စားနပ်ရိက္ခာရှားပါးမှုဟာ အရေးတစ်ကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာနေပါတယ်...
သို့ သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရဲ့ နောက်ဆုံးပေါ် ကြံဆတီထွင်မှုဖြစ်သည့် လူ့ မစင်မှနေ
ပရိုတိန်းဓါတ်ပါသည့် အသားတုတစ်မျိုးတီထွင်ထုတ်လုပ်နိုင်မှုဟာ ထိုအခက်အခဲပြဿနာကြီးကို အရေးပါ
သည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆနေခဲ့ ပါတယ်...
အိုကာယာမ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿ
နာများ မနိုင်မနင်းဖြစ်နေခဲ့ သဖြင့် တိုကျို မိလ္လာဌာနအနေဖြင့် ထိုအခက်အခဲကိုအကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်...
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမှုဟာ လူသိများတာကြောင့် ယခုလို ရွံရှာဖွယ်
မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည် ဟူသောစိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တော့ အထူးအ
ဆန်းမဟုတ်လှပါဘူး...
၎င်းရဲ့ သုတေသနပြုမှုကာလအတွင်းမှာ ပညာရှင်အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတိန်း
ဓါတ်များ အမြောက်အများပါဝင်နေသည်ကိုတွေ့ ရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပြီး အသားတု
တစ်မျိုးအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့ တာဖြစ်ပါတယ်...

လူ့ မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့် ရှိနေတာကြောင့် 
ပရိုတိန်းဓါတ်များ ရာနှုံးမြင့် ပါဝင်နေတာဖြစ်ပါတယ်...
ပြုပြင်ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်
မရှိတော့ မှာလည်းဖြစ်ပါတယ်...
အစဦးစမ်းသပ်လေ့ လာချက်များအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်သည့် ပဲပိစပ်ပရိုတိန်းကြောင့် အ
မဲသား နှင့် အတူတူပင် အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကို
ပင် ထပ်မံထည့် သွင်းလိုက်ပါသေးတယ်...

ထိုလူ့ မစင် တစ်ဖြစ်လည်း အသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်းဓါတ် ၆၃ ရာခိုင်နှုံး၊
ကာဘိုဟိုက်ဒရိတ် ၂၅ ရာခိုင်နှုံး၊ လီပဒ် ၃ ရာခိုင်နှုံး နှင့် သဘာဝဓါတ် ၉ ရာခိုင်နှုံးတို့ ပါဝင်တာကြောင့် ထို
အသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပါတယ်...
သို့ သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့် စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့ မစင်မှ ပရိုတိန်း
ဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့် စားသုံမည့် သူအနည်းငယ်သာရှိလိမ့် မည်ဟု ပါမောက္ခ အီကီဒါ က
ဝန်ခံပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် အစားအစားရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ လျှင်တော့ လူတွေဟာ ထိုအသားတုကို
ပင် အလုအယက်တောင်းဆိုကြမှာ ဖြစ်ပါတယ်...

ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ ၎င်းရဲ့ တီထွင်မှုကို လူအများတတ်နိုင်သည့် ဈေးနှုံးဖြင့် အမြောက်
အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် နေပါတယ်...
လက်ရှိအနေအထားမှာတော့ " မစင်အသား " ဟာ သာမန်အသားထက် ၁၀ ဆ မျှပိုမိုဈေးကြီးနေပေမယ့် 
သုတေသနပြုမှုအတွက် ကုန်ကျစားရိတ်ကို ထုတ်လုပ်မှုကုန်ကျစားရိတ်ထဲမှ ဖယ်နိုင်သည်နှင့် တစ်ပြိုင်နက်
ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့် ယှဉ်ပြိုင် ( လျော့ နည်း ) နိုင်လိမ့် မည်ဟု ဂျပန်သိပ္ပံပ
ညာရှင်က မျှော်လင့် နေပါတယ်...

ငတ်လာယင်တော့ လည်း စားကြရမှာပါပဲ...
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed