BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, July 29, 2011

အိန္ဒိယက ချင်းပြည်နယ် အတွက် ဒေါ်လာ ၆ သန်း ကူညီမည်


 

အိန္ဒိယက ချင်းပြည်နယ် အတွက် ဒေါ်လာ ၆ သန်း ကူညီမည်

July 28th, 2011 | Add a Comment | 106 views
မြန်မာ့အိမ်နီးချင်းနိုင်ငံ အိန္ဒိယအစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟု သိရသည်။
မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် (Consul General ) Dr. Madan Mohan Sethi သည် ယမန်နေ့က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိလာပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟုပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငွေကြေးပမာဏကို ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အကူအညီပေးခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
အိန္ဒိယကောင်စစ်ဝန်သည် ချင်းပြည်နယ်ဝန်ကြီးအဖွဲ့များ ၊ မြို့မိမြို့ဖ တချို့တို့နှင့် ဟားခါးမြို့ ပြည်နယ်ဝန်ကြီးချူပ်ရုံးတွင် တွေ့ဆုံပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၆ သန်းအကူအညီပေးမည်ဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ အကူအညီ ပေးမည့် ကာလ သတ်မှတ်ချက် မည်မျှ ရှိသည်ကိုမူ မသိရှိရသေးပေ။
ကောင်စစ်ဝန် Dr. Madan Mohan Sethi သည် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး အိန္ဒိယ အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည့်အစီစဉ်သည်လည်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိုးကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုးဇမ် က အိန္ဒိယအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည်ဟုကြားသိရသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း ခိုနူမ်းထုန်ကိုပြောသည်။
"ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒီလိုမျိုးအခြေအနေကြုံနေတဲ့အချိန်မှာ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အိန္ဒိယအစိုးရက အကူအညီပေးမယ်ဆိုတာ ကျနော်တို့ အများကြီးဝမ်းသာကြိုဆိုပါတယ်''ဟု သူကပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အဖွဲ့၏ ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်သော စစ်တမ်းကောက်ယူချက်တွင် မြန်မာနိုင်ငံပြည်နယ် နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ဖော်ပြထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

WinMend Registry Cleaner 1.5.8



WinMend Registry Cleaner 1.5.8 | 6.86 MB

ဒီစော့ဝဲကတော့ Registry Cleaner, Registry Optimizer, Registry Backup, Scheduler အစရှိသည်တို့ကို ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်.....စိတ်ကြိုက်အသုံးပြုလိုသူများအတွက် စိတ်ကြိုက် အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Registry Clean Expert 4.84 |


Registry Clean Expert 4.84


Registry Clean Expert 4.84 | 7.13 MB

ဒီစော့ဝဲကတော့ Registry မှာ ဖြစ်တတ်တဲ့ Error တွေနဲ့ Registry မှာ မလိုအပ်တော့တဲ့ File တွေကို ဖယ်ရှင်းပေးနိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်...ဒီစော့ဝဲရဲ့ လုပ်ဆောင်နိုင်မှု အသေးစိတ်ကို မူရင်း Website မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

explorer.exe မတက်သည့်ပြသနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။ explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
task manager ပေါ်လာရင် file => New Task (run) ကိုခေါ်လိုက်ပြီး c:\windows လို့ရိုက်လိုက်ရင် windows file ပေါ်လာပါမယ်။ window file ထဲက explorer.exe ကိုရှာပြီး copy လုပ်လိုက်ပါ။ ပြီးရင်အဲဒီ window file ထဲမှာပဲပြန် paste လုပ်ပြီး rename နဲ့ နာမည်တခုပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အားလုံးပြီးရင် window file ကိုပိတ်လိုက်ပြီး file => New Task (run) ကနေ regedit လို့ရိုက်ပြီး Registry Editor ကိုခေါ်ပါ။ registry ထဲမှာဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHINE / SOFTWARE / Microsoft / Windows NT / Current Version / Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ subkey တွေထဲမှာ Shell ကိုရှာလိုက်ပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ explorer.exe ကိုဖျက်ပြီး အပေါ်က copy/paste လုပ်ပြီး rename ပေးထားတဲ့ အတိုင်းထည့်လိုက်ပါ။ (ဥပမာ) newexplorer.exe ။ အားလုံးပြီးရင် registry editor ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပြန်တက်လာရင် အိုကေ ပါပြီ။

လုပ်ကြည့်လိုက်ပါ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 28, 2011

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့




Frame Photo Creator 5.3.1 | 25.15 MB

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့ သူတွေအတွက် အလွန်အသုံးဝင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်....စိတ်ကြိုက် အသုံးပြုလိုသူတွေအတွက် အဆင်ပြေအောင် Serial Key ပါ တပါတည်း ထည့်သွင်းပေးထားပါတယ်.....ဓါတ်ပုံအလှဆင်တာကို ၀ါသနာပါသူတွေအတွက် အသုံးဝင်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

window မတင် တတ်သူများအတွက်




window မတင်တတ်သူများအတွက် (မြန်မာလို)

ကျွန်တော် window မတင် တတ်သူများအတွက် ရည်ရွယ်ပြီး စာအုပ်လေး တစ်အုပ် တင်ပေးလိုက်ပါတယ် . ကျွန်တော် လုပ်ထားတာတော့ မဟုတ်ပါဘူး . ညီလေး တစ်ယောက် မေးလ်နဲ့ ပို့ပေးလိုက်လို့ပါ .

Download ifile.itDownload mediafireDownload multiupload




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော



တရုတ်ကိုယ်စားလှယ်တဦးက တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော ချင်းလူငယ်တွေစုဆောင်းနေ

July 27th, 2011 | Add a Comment | 276 views
တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ သုံးထပ်သား နှင့် ဖိနပ်ထုတ်လုပ်သည့် ကုပဏီတခုမှ ကိုယ်စားလှယ်တဦးက ယခုလ ၁၆ ရက်နေ့က စပြီး တလ ကျပ်ငွေ နှစ်သိန်းနှုန်းဖြင့် အလုပ်လုပ်နိုင်မည့် ချင်းလူငယ်တွေကို ခေါ်ယူ စု ဆောင်းနေကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်သည် ချင်းအမျိုးသားဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေး၊ ခမ်းပတ် မြို့နယ်နှင့် တမူး မြို့နယ်အတွင်း အဓိက ချင်းလူငယ်များကို ခေါ်ယူစုဆောင်းနေခြင်းဖြစ်သည်။
" ကိုယ်စားလှယ်က ကိုယ့်ချင်းအမျိုးသားဆိုတော့ ယုံကြည်ရတယ်၊ ချင်းလူငယ် ၁၇ ဦး လိုက်သွားတယ်၊ စားစ ရိတ်ငြိမ်းလို့ ပြောတာပဲ" ဟု ခမ်းပတ်မြို့နယ် ကာနန်ရွာသား တဦး က ဆိုသည်။
အဆိုပါကုပဏီတွင် အလုပ်မလုပ်ခင် အနည်းဆုံး သုံးလ စာချုပ်နှင့် အလုပ်ဝင်ရမှာဖြစ်ကြောင်း၊ တချို့မိဘများ သည် ၄င်းအပေါ် သံသယ ၀င်မှူတွေ ရှိနေကြောင်းလည်း ပြောကြသည်။
" တရုတ်နိုင်ငံကို အလုပ်သွားလုပ်တာ အယင်က မရှိခဲ့ဘူးဆိုတော့ စိတ်ထဲက မလုံမလဲဖြစ်တာတော့ အမှန်ပဲ၊ အစိုးရ ပါမစ်လည်း မဟုတ်ဘူးလေ"  ဟု ဒေသခံတဦးက ပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကလေးမြို့၊ ခမ်းပတ်၊ တာဟန်းဒေသခံများသည် ဒေသတွင်း အလုပ်အကိုင် ရှား ပါးခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းတို့ကြောင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လည်း သွားရောက် အလုပ်နေ ကြ ကြောင်းလည်း သိရသည်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed