BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, August 8, 2011

မြေအောက်ရထား စီမံကိန်း တည်ဆောက်ခွင့် ရုရှနိုင်ငံ ရရှိ


ရှရုနိုင်ငံသည် မြန်မာ့ မြို့တော်သစ် နေပြည်တော်တွင် မြေအောက်ရထား စီမံကိန်း တည်ဆောက်ခွင့် တင်ဒါ ရရှိခဲ့ကြောင်း အဆိုပါ စီမံကိန်း၏ ဗိသုကာအကြီးအကဲက ပြောကြားကြောင်း The Voice of Russia သတင်း ဝဘ်ဆိုက်တွင် ဇူလိုင်လ ၁၃ရက်နေ့က ဖော်ပြထားသည်။
ရုရှတို့သည် ဘူမိဆိုင်ရာ လေ့လာတိုင်းတာမှုများ နှင့် ဒီဇိုင်း ပုံစံထုတ်မှုများတွင် ကျွမ်းကျင်မှု ရှိကြပြီး ပြီးခဲ့သော နှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ လူနေထူထပ်မှု အများဆုံးဖြစ်သော မဒရပ်မြို့တွင်လည်း ဒေါ်လာသန်း ၄၃၀ ခန့်ကုန်ကျမည့် မြေအောက်ရထားစနစ် တည်ဆောက်ရန် ရုရှကျွမ်းကျင်ပညာရှင်များနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာ့ မြို့တော် နေပြည်တော်တွင် တည်ဆောက်မည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ကီလိုမီတာ ၅၀ အထိရှည်လျားမည်ဖြစ်ပြီး လက်ရှိ ရုရှမြို့တော် မော်စကိုတွင် ပြေးဆွဲနေသည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ၁၅ ကီလိုမီတာသာ ရှိသည်။

__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, August 7, 2011

နေပြည်တော်တွင် မြေအောက်ရထားလမ်း ဖောက်မည်ဟုဆို

 

နေပြည်တော်တွင် မြေအောက်ရထားလမ်း ဖောက်မည်ဟုဆို

     Friday, 05 August 2011  
 
နေပြည်တော်တွင် ကီလိုမီတာ ၅၀ အရှည်ရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရန် ရုရှား ကုမ္ပဏီတခုက တာဝန်ယူမည်ဖြစ်ကြောင်း အမည်မဖော်ပြသည့် ရုရှ စီမံကိန်း ဗိသုကာ တာဝန်ရှိသူတဦးကို ကိုးကား၍ Voice of Russia ရေဒီယိုက ကြေညာသွားသည်။ လတ်တလောတွင် ကွင်းဆင်းလေ့လာမှုနှင့် ဒီဇိုင်းချမှုအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။ ယင်းမြေအောက်ရထားလမ်းအရှည်သည် မော်စကိုမြို့ပတ်လမ်းထက် ၃ ဆမျှပိုရှည်သည်ဟု မော်စကိုနယူးစ်တွင် ဖော်ပြထားပြီး မြန်မာ လေ့လာအကဲခတ်သူများကမှု ထိုမျှ ရှည်လျားသည့် ယင်းမြေအောက်ရထားလမ်းအတွက် ကုန်ကျစရိတ်ကို မြန်မာအစိုးရ တတ်နိုင်ခြင်း ရှိမရှိနှင့် အသုံးဝင်မှုအပေါ် သံသယရှိနေကြသည်။

__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဗိုလ်ချုပ်​မှုးကြီး ဟောင်း သန်းရွှေ သတိလစ် မေ့မျော

 

             ဗိုလ်ချုပ်​မှုးကြီး ဟောင်း သန်းရွှေ သတိလစ် မေ့မျော
။ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ 
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေ 
က  မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို  မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့  
အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်
 နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး က
FNG ကို အတည် ပြုပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်
ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ 
ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က " တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ 
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး" ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို့ ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယား
ဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ  ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်း
သည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။
၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်း
ဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တ
ကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ
သည်။
__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, August 3, 2011

မလေးရှား အိုဗာစတေးသမားများအတွက် အထူးသတင်း (ပတ်စပို့ဈေးနှုန်းများ အနီးစပ်ဆုံးထွက်ရှိ)




ကျွန်တော် ဆက်တိုက် သတင်းပေးလားခဲ့တဲ့ မလေးရှား အိုဗာစတေး သမားများအတွက် သတင်းများကို Update ဖြစ်တိုင်း ကျွန်တော်တင်ထားပေးခဲ့ပါတယ် ။



ယခု မလေးရှား အိုဗာစတေးသမားများအတွက် ၀မ်းသာစရာ သတင်းသတင်းတစ်ခုကို ယခုညမှ တင်ဆက်ပေးလိုက်ပါတယ် ။



ပြီးခဲ့ တဲ့ 1 . 8. 2011 မှာ ကျွန်တော်အသိပေးခဲ့တဲ့အတိုင်း အိုဗာစတေးသမားများအတွက် 6P စီမံချက် စတင်ခဲ့ပါတယ် ။ထိုနေ့မှာ ပဲ ယာယီနေထိုင်ခွင့် ပါမစ်များကို စတင်ရရှိကြပါတယ် ။ ထပ်မံပြီး ဆက်လက်ဆောင်ရွက်ပြင်ဆင်ထားရမယ့် အစီအစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ် ခင်ဗျား။



ပထမဆုံး လက်ဗွေ နှိပ် ပြီးယာယီပါမစ်ထုတ်ယူတဲ့အဆင့်မှာ 2 ပတ် ကအသေချာဆုံးဖြစ်ပြီး မလေးရှားအစိုးရမှ ထပ်မံ သက်တမ်းတိုးလာပါက နောက်ထပ် တစ်ပတ် သို့မဟုတ် 2 ပတ်ဆက်လက်သက်တမ်းရှည်နိုင်ပါတယ်။

ထိုအဆင့်ကို ပထမအဆင့် မှတ်ပုံတင်ခြင်း (သို့) Bio-metrix စနစ်ဖြင့် မှတ်တမ်းရယူခြင်းဟုခေါ်ပါတယ်။ထိုရက်များအပြီးမှာ မလေးရှားတွင် ဆက်လက်အလုပ်လုပ်ကိုင်လိုသူများအတွက် (Approval) ခေါ် ထောက်ခံချက်များထွက်ရှိမည်ဖြစ်ပါတယ် ။

ထိုအဆင့်ကို Legalization အဆင့်ဟုခေါ်ပါတယ် ထို့သာမက ပြန်မည့်သူများအတွက်လည်း (Amnesty Approval) ခေါ် ပြန်ရန်ခွင့်ပြုချက်ကို တရားဝင်ထုတ်ပေးသွားမှာဖြစ်ပါတယ် ။ ထို့ကြောင့် ပြန်သူဖြစ်စေ ပါမစ်လျှောက်သူများဖြစ်စေမဖြစ်မနေမှတ်ပုံတင်သွားရမည်ဖြစ်ပါတယ်။



ထို (Approval) များရရှိပါက ဆက်လက်ဆောင်ရွက်ရမည့်အဆင့်မှာ ပါမစ်အတွက် မလေးရှားမှ Approval ရရှိသူများ အတွက် သံရုံးတွင်စာအုပ်များကို လျှောက်ထားပေးရန် ဖြစ်ပါတယ် ။ တော်တော်များများ သံရုံးကို စာအုပ်လျှောက်ရန်သွားရောက်စုံစမ်းမှုများစွာရှိတာကိုသိရပါတယ် ဒီအချိန်မှာ စာအုပ်လျှောက်ထားရမယ့်အဆင့်လုံးဝမရောက်သေးပါဘူး ကျွန်တော်ဧဒင်မှာတောက်လျှောက်တင်လာခဲ့ပေမယ့် မသိသူတော်တော်များများ သံရုံးမှာ စာအုပ်အရင်လျှောက်ထားရမည်ထင်နေတာတွေ ရှိပါတယ် ။ အမှန်က မလေးရှား အစိုးရက ထွက်လာတဲ့ အလုပ်ပေးမည်ဖြစ်ကြောင်း (Approval) ရရှိမှသာ စာအုပ်လျှောက်ရမည်ဖြစ်ပြီးထိုသူများကိုစာအုပ်ထုတ်ပေးသွားမည်ဖြစ်ပါတယ်။



Approval မရှိသောသူများ မှာပြန်ရမည်ဖြစ်ပါတယ် ။



ဆက်လက်ပြီးယနေ့ မြန်မာသံရုံးမှ တာဝန်ရှိသူများ မှ စာအုပ်အတွက် ကုန်ကျမည့်ငွေကြေးပမာဏကို အသိပေးအကြောင်းကြားသွားခဲ့ပါတယ်။ မြန်မာသံရုံးမှ ယနေ့ Update သတင်းတစ်ခုမှ ပတ်စပို့စာအုပ်အတွက် ကုန်ကျမည့် ပမာဏမှာ စာအုပ်ဖိုးအတွက် 320 ရင်းဂစ်နှင့် Compound ( ရက်ကျော်ပစ်ဒဏ် ) လေးငါးဆယ်ခန့် ကိုသာကောက်ခံမည့်အကြောင်း အသိပေးသွားပါတယ် ။



မလေးရှားရောက် အိုဗာစတေးသမားများအတွက် မြန်မာ သံရုံးမှ စာအုပ်အသစ် အတွက် ကောက်ခံမည့်ပမာဏမှာ ထိုမျှသာဖြစ်ပြီးထောင်ကျော်မကုန်ကျတော့ကြောင်း အိုဗာစတေး သမားများအတွက် ၀မ်းမြောက်စရာ သတင်းအဖြစ်ချက်ချင်းတင်ပေးလိုက်ရပါတယ် ခင်ဗျာ ။



ပြန်မည့်သူများအတွက် မလေးရှားမှ ပြန်ခွင့်ပြုသည့် စာထွက်သည်နှင့် သံရုံးမှ CI ထုတ်ပေးမည်ဖြစ်ပြီး ထို CI ရရှိပြီးသည်နှင့် မြန်မာပြည်သို့ လေကြောင်းဖြင့် ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ပါတယ် ။



ထပ်မံပြီး Passport လုံးလုံးမရှိသည့် အိုဗာစတေးသမားများ ၊ အောက်လမ်းသမားများအတွက် စာအုပ်ထုတ်ပေးမည်ဖြစ်ကြောင်း ထပ်မံဝမ်းမြောက်ဖွယ်သိရှိရပါတယ် ။ ထိုသူများအတွက် အရေးကြီးဆုံးသော လိုအပ်ချက်မှာ အထောက်အထား မှန်ကန်မှု့ဖြစ်ပါတယ် ။



မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ ရပ်ကွက်/ရဲစခန်းထောက်ခံစာများအားလုံး မှန်ကန်နေပါက မြန်မာပြည်သို့ တင်ပို့ ပြီးမှန်ကန်ကြောင်း စစ်ဆေးမည်ဖြစ်ပါတယ် ။ မှန်ကန်သောအခါ ပတ်စပို့စာအုပ်ထုတ်ပေးသွားမည်ဖြစ်ပါတယ် ။



ထို့ကြောင့် ပတ်စပို့စာအုပ်များ လျှောက်ထားရန် ယာယီနေထိုင်ခွင့် ပါမစ် မိတ္တူ ၊ နောက်ခံအဖြူရောင် ဓါတ်ပုံ 4 ပုံ ၊ တို့နှင့်အတူ



1. ပတ်စပို့ရှိသူများ Passport မိတ္တူ ၊

2. ပတ်စပို့မရှိသူများ မှတ်ပုံတင် ၊ သန်းခေါင်စာရင် ၊ ရပ်ကွက်နှင့်ရဲစခန်းထောက်ခံစားများ



ဖြင့် မြန်မာသံရုံးတွင် ပတ်စပို့လျှောက်ထားရမည်ဖြစ်ပါတယ်ခင်ဗျား ။



ထို့ကြောင့် မလေးရှားရောက် အိုဗာစတေးသမားများ စာအုပ်ဖိုး ထောင်ကျော်ကျမည်ခန့်မှန်ထားသော်လည်း ပတ်စပို့စာအုပ်ဖိုး 300 မှ 400 ၀န်းကျင်သာ ကျမည်ဖြစ်သောကြောင့် အိုဗာစတေးသမားများ ၀မ်းမြောက်စေရန် ယနေ့အထူး တင်ဆက်လိုက်ရပါတယ်ခင်ဗျား ။
အိုဗာစတေးအားလုံးသိရှိပြီး ဝမ်းမြောက်စေရန် ဧဒင်ဥယျာဉ်မှကူးယူဖော်ပြပေးလိုက်ပါသည်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Youtube ကMP3 ယူပုံ

Youtube MP3 ယူပုံယူနည်းကိုပေါ့ ။ ဒါပေမယ့် ခုက MP3 တစ်မျိုးတည်းပါ ။ လွယ်လွယ်ကူကူနဲ့လုပ်လို့ ရတဲ့ ဝက်ဆိုဒ်တွေမို့လို့ပါ ။ ကြိုက်တဲ့ ဝက်ဆိုဒ်ကနေ လုပ်ယူနိုင်ကြောင်းပါ ။

.Getvideomp3
အာလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, August 2, 2011

Windows 7 ထည့်နည်းလေး​ပါ

အောက်မှာvideoလေးနဲ့ပြထားပါတယ်.....အဆင်ပြေကြပါစေ....part  1 အောက်က part 2
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, August 1, 2011

မန်စီးတီး ဆုဖလားရနိုင်ကြောင်း ရှေးဂစ်ဗင်ပြောကြား

စီးတီးအနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်ကြောင်း အိုင်ယာလက် လက်ရွေးစင် ဂစ်ဗင်းကဆို

အက်စ်တန်ဗီလာအသင်း၏ ဂိုးသမားသစ် ဖြစ်လာသော ရှေးဂစ်ဗင်းက ၎င်း၏ အသင်းဟောင်း မန်ချက်စတာ စီးတီးသည် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်မည်ဖြစ်ကြောင်း ကောက်ချက်ပြု ပြောဆိုလိုက်သည်။ စီးတီးအနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်ကြောင်း အိုင်ယာလက် လက်ရွေးစင် ဂစ်ဗင်းကဆိုသည်။ ဂစ်ဗင်းသည် ယခုနွေရာသီတွင် စီးတီးမှ ဗီလာသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် (၂၀၀၈)ခုနှစ်က စီးတီး မန်နေဂျာ မာ့ခ်ဟုဂ်ျ ၀ယ်ယူခဲ့သဖြင့် နယူးကာဆယ်လ် ယူနိုက်တက်မှ စီးတီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း စီးတီး မန်နေဂျာသစ် ရောဘတ်တို မန်စီနီ လက်အောက်တွင်မူ နေရာမရသောကြောင့် ဗီလာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အသက်(၃၅)နှစ်ရှိ ဂစ်ဗင်းက စီးတီး၏ ငွေကြေးအင်အား တောင့်တင်းမှုကြောင့် ပရီးမီးယားလိဂ်အပြင် ဥရောပ ချန်ပီယံလိဂ် ဆုဖလားကိုပင် ရယူနိုင်စွမ်း ရှိနေကြောင်း သုံးသပ်ခဲ့သည်။ "သူတို့ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ စီးတီးဟာ အောင်မြင်မှုတွေကို ရေကုန်ရေခမ်း လိုက်ရှာနေတဲ့ အသင်းပါ။ စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကိုရော၊ ဥရောပ ချန်ပီယံ လိဂ်ကိုပါ အောင်မြင်နိုင်တဲ့ အရည်အသွေးမျိုး ရှိလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟုလည်း ဂစ်ဗင်းက ပြောကြားသွားသည်။ ၎င်းက လက်ရှိတွင် ဗီလာအတွက် အပြည့်အ၀ အာရုံစိုက် ကြိုးစားသွားမည်ဟုလည်း ဂစ်ဗင်းက ဆိုသည်။ "ကျွန်တော် ဒီအသင်းအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်ပါတယ်။ ဗီလာဟာ ရည်ရွယ်ချက် ကြီးမားတဲ့ အသင်းတစ်ခုပါ။ ဒီကို ပြောင်းလာခွင့်ရတာ ကျွန်တော် ကျေနပ်မိပါတယ်"ဟု ၎င်းက ပြောဆိုသွားခဲ့သည်။

Source: Goal

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed