BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, August 11, 2011

Acer ဖုန်း


Acer အမှတ်တံဆိပ် Smart Phone Model အသစ်များ (Acer liquid mini, liquid metal; be touch El 40) ဈေးကွက် တွင်းသို့ ဝင်ရောက်လာသည်။ ၄င်း ဖုန်းအားလုံး၏ Android OS vesion မှာ Android 2.2 (froyo) ဖြစ်ပြီး GSM ကွန်ရက်နှင့် 3G ကွန်ရက် နှစ်ခုစလုံး တွင် ချိတ်ဆက် အသုံးပြုနိုင်သည်။ Acer betouch El 40 ၏ screen displayမှာ TFT resistive touch screen ဖြစ်ပြီး Acer Liquid mini နှင့် Acer liquid metal ၏ screen display မှာ TFT capacitive touchscreen အမျိုးအစား ဖြစ်သည်။ ဖုန်းနံပါတ်နှင့် ဖုန်းမှတ်တမ်း များကို အကန့်အသတ် မရှိ မှတ်သားထား နိုင်သည်။ Acer betouch El 40 တွင် ဖုန်းတွင်း မှတ်ဥာဏ် 256MB RAM ပါဝင်ပြီး micro 3D 32GB ထပ်မံ ထည့်သွင်း အသုံးပြုနိုင် ပါသည်။

Acer Liquid mini တွင် 512MB RAM နှင့် 2G Card ပါဝင်ပြီး 32GB ထိ Support လုပ်နိုင်ပြီး liquid metal တွင် 512MB RAM ပါဝင်ပြီး 32GB ထပ်မံတိုးချဲ့ အသုံးပြုနိုင်ပါသည်။ အင်တာနက် စနစ်အသုံးပြုရန် GPRS, EDGE စနစ်များ ပါဝင်ပြီး wireless အသုံးပြုလိုပါက wifi စနစ် လည်း ပါဝင်ပါသည်။ liquid mini နှင့် liquid metal တို့တွင် ကင်မရာ 5 megapixels ပါဝင်ပြီး geo tagging စနစ် လည်း ပါဝင်ပါသည်။ betouch El 40 တွင် 3.15 megapixels ပါဝင်ပါသည်။ music ပိုင်းနှင့် multimedia စနစ်ပိုင်း ပြည့်ပြည့် စုံစုံပါဝင်ပြီး toucscreen ကြိုက်နှစ်သက်သူများ သဘောကျ စေမှာဖြစ်ပါ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, August 10, 2011

မြန်မာနိုင်ငံ တိုက်ကွမ်ဒို

ကမ္ဘာ့တိုက်ကွမ်ဒိုပြိုင်ပွဲသို့ မြန်မာ ဝင်ရောက်ယှဉ်ပြိုင်မည်


မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် လက်ရွေးစင် ကစားသမားများဖြစ်သည့် ယမင်းကေခိုင်၊ ဆန်းရှိန်သက်၊ ဝင်းထွန်းလင်း၊ နိုင်ဒွေးရှိန်နှင့် ဖရန်စစ်ဦး တို့သည် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ(၁၀) ရက်နေ့မှ (၁၃)ရက်နေ့ အထိ ကိုရီးယားနိုင်ငံ၊ ဂရောင်ဂီဒို( Gyeonug Gi-Do) မြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ တိုက်ကွမ်ဒို အဖွဲ့ချုပ်၏ ဟန်မီဒန် (Han Madang) ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာတိုက်ကွမ်ဒို အသင်းတွင် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်ဝင်း ခေါင်းဆောင်၍ နည်းပြအဖြစ် Mr. Yu Ung Cho တို့ လိုက်ပါသွား မည်ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အကွီလာနီ၏ အနာဂတ်

အကွီလာနီ၏ အနာဂတ် လီဗာပူး၌ ဆက်လက် ရှိနိုင်သေး...


ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းကို အငှား သွားရောက် ကစားခဲ့စဉ် အတွင်း ခြေစွမ်းပြ ကစားနိုင် ခဲ့တဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ အကွီလာနီရဲ့ အနာဂတ် ဟာ လီဗာပူး အသင်းမှာပဲ ဆက်ရှိနိုင် သေးတယ်လို့ လီဗာပူး အသင်း နည်းပြ ဒဲလ်ကလစ်ရှ်က အရိပ်အမြွက် ဖွင့်ဟ သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ယခု နွေရာသီ အတွင်း ဟန်ဒါဆန်၊ ချာ လီအဒမ်နဲ့ ဒေါင်းနင်းတို့ကို ခေါ်ယူအား ဖြည့်ထားတာကြောင့် အသက် ၂၇ နှစ်အရွယ် အကွီလာနီဟာ စီးရီးအေကို တစ်ကျော့ ပြန်သွားတယ်လို့ သုံးသပ် နေကြပြီး သတင်းတွေရဲ့ အဆိုအရ ဖီ အိုရင်တီးနားနဲ့ အေစီမီလန် အသင်း တွေက အကွီလာနီကို ဆက်သွယ် နေကြ ပြီဖြစ်ပါတယ်။ ဒါပေမယ့်ဒဲလ်ကလစ်ရှ် ကအကွီလာနီရဲ့ အနာဂတ်ဟာ အန်ဖီးလ် မှာပဲ ဆက်ရှိနိုင် သေးတယ်လို့ အရိပ် အြွမက် ဆိုခဲ့ပါတယ်။ ရာသီကြို ခြေ စမ်းပွဲတွေမှာ သူအသင်းနဲ့ အတူရှိနေလို့ ကျွန်တော်တို့ အရမ်း ဝမ်းသာမိပါတယ်။ နောက်ပြီး သူဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ အရမ်း ကျေနပ်မိပါ တယ် လို့ ဒဲလ်ကလစ်ရှ်က သတင်း ထောက်တွေကို ပြောကြား သွားခဲ့ပါတယ်။ အကွီလာနီဟာ ရိုးမားအသင်းကနေ ၂၀ဝ၉ခုနှစ်မှာ ယူရိုသန်း ၂၀ နဲ့ ပြောင်း ရွှေ့လာခြင်း ဖြစ်ပြီး အန်ဖီးလ်မှာ ရုန်း ကန်နေရသလို ပထမဆုံးရာသီမှာ လည်း နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါ တယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ရာသီမှာ အငှားချ ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အကွီလာနီဟာ လာမယ့် ရာသီမှာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နိုင် သေးတယ် လို့ ပြောဆို
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘရာဇီး ဂန္တဝင် ကစားသမားကြီး ပီလီ


Wednesday, 10 August 2011 00:00


ဘရာဇီး ကလပ် ဆန်းတို့စ် အသင်း ဟာ အသင်း ကစား သမား ဟောင်း ဘရာဇီး ဂန္ထဝင် ကစား သမားကြီး ပီလီကို ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲမှာ အသင်း အတွက် တစ်ကျော့ ပြန်ပါဝင် ကစားပေးစေဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၇၀ အရွယ် ပီလီ အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ဆန်းတို့စ် အသင်းနဲ့ အတူ တစ်ကျော့ ပြန်လက်တွဲဖို့ မဖြစ်နိုင်ဘူးလို့ ဘရာဇီး ပြင်ပ မီဒီယာတွေက သုံး သပ်နေကြပေမယ့် ဆန်းတို့စ် အသင်းရဲ့ ဈေးကွက် အမှုဆောင် အရာရှိ အာမီအို နက်တိုက ပီလီ ကစားမယ့် ကိစ္စကို ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။ အဲဒါကြောင့် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ တိုက်စစ်မှူး ဟောင်းပီလီ ကို ထည့်သွင်း ကစားလိုတဲ့ ဆန်းတို့စ် အသင်းရဲ့ဆန္ဒ ပြည့်မြောက်ဖွယ် ရှိတယ်လို့ Folha de Sao Paulo သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ကျွန်တော် ဒီကိစ္စကို သံသယ မဖြစ်မိပါဘူး။ နည်းပြ အပေါ်မှာပဲ မူတည်ပါတယ်။ ပီလီသာ ဝင်ရောက်ကစား မယ်ဆိုရင် ဘာလို့ မဖြစ်နိုင်ရမှာလဲလို့ နက်တိုက ပြောဆိုသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ပီလီနဲ့ မက်ဆီကို ပြိုင်ဘက်တွေ အဖြစ် တွေ့မြင်ခွင့် ရခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု တစ်ခဲနက် ရရှိနိုင်ပြီး စီးပွားရေး အရလည်း အကြီး အကျယ် အောင်မြင်နိုင် လိမ့်မယ်လို့ နက်တိုက ယုံကြည်နေပါတယ်။ သတင်းတွေ ရဲ့အဆိုအရ ပီလီဟာ ဒီဇင်ဘာလ ကျင်းပမယ့်ပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာ စေဖို့ လေ့ကျင့်ခန်း စဆင်းနေပြီလို့ သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားမယ် ရှာရာပိုဗာ နဲ့

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားမယ် ရှာရာပိုဗာ


ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ၂၀ဝ၈ ခုနှစ်ကတည်းက ဂရင်းစလင်းပြိုင်ပွဲ များတွင် အောင်မြင်မှုများ မရရှိခဲ့သော်လည်း ပရော်ဖက်ရှင်နယ် အားကစား လောက၏ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားမယ် အဖြစ် ပြိုင်ဘက်မရှိ ထိပ်ဆုံးမှ ဆက်လက်ရပ် တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Forbes မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်အရ ရှာရာပိုဗာ သည် ၂၀၁၁ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ချက်တင်းနစ်မယ် ဗီတိုဗာအား အရေးနိမ့်ကာ ချန်ပီယံဖြစ်ခွင့် လွဲချော်ခဲ့ရ သော်လည်း ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားမယ် စာရင်းတွင်မူ (၇)နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ သည်။ ၂၀၁၁ ခုနှစ်အတွင်း ရှာရာပိုဗာ၏ ဝင်ငွေမှာ အများအားဖြင့် ကွင်းပြင်ပ စပွန်ဆာဝင်ငွေများမှ ရရှိခြင်းဖြစ်ပြီး ခန့်မှန်းချေ ဒေါ်လာ ၂၅သန်း (ပေါင် ၁၅ .၃သန်း) ရှိခဲ့ပြီး ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သော လက်ရှိ ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ် ဝေါ့ဇ်နီယာစကီး၏ ဝင်ငွေထက် နှစ်ဆတိတိ ပိုမိုများပြားခဲ့သည်။
ရှာရာပိုဗာသည် လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဝေါ့ဇ်နီယာစကီး၊ က လိုက်စတား၊ ဇဗိုနာရီဗာနှင့်အဇာရန်ကာ တို့၏နောက် အဆင့်(၅) နေရာ၌သာ ရပ်တည် နိုင်ခဲ့သော်လည်း ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစား သမား စာရင်းတွင်မူ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကားမောင်း အမျိုးသမီးကစားသမား ဒါနီကာပက်ထရစ်က ဝင်ငွေဒေါ်လာ (၁၂)သန်း ဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ၄င်း၏နောက်၌ တင်းနစ်မယ် များဖြစ်သော ဗီးနပ်စ်ဝီလျံ၊ ကလိုက်စတားနှင့်ဆရီနာဝီလျံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အားကစား မယ်စာရင်းတွင် တင်းနစ်လောကမှ (၇)ဦးပါ ဝင်လျက်ရှိပြီး အထူးသဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဒေါ်လာ(၈)သန်း ဝင်ငွေရရှိခဲ့သော တရုတ်တင်းနစ်မယ် လီနာမှာ ပြင်သစ်အိုးပင်း ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ဝင်ငွေအကောင်းဆုံး စာရင်း၌ ထိပ်ပိုင်း သို့ရောက်ရှိလာ နိုင်ကြောင်း သိရှိရသည်။
ရှာရာပိုဗာသည် ဂရင်းစလင်း ပြိုင်ပွဲတွင် (၃)ကြိမ် ဗိုလ်စွဲထားသလို အခြား WTA ပြိုင်ပွဲ အမျိုးအစားတွင် (၁၆)ကြိမ် ဗိုလ်စွဲထားပြီး Pepsl, Colgate, Palmolive, Nike နှင့် Motorola အစ ရှိသည့် စီးပွားရေး ကုမ္ပဏီများနှင့် စပွန်ဆာ စာချုပ်များ ချုပ်ဆိုထားခြင်းကြောင့် ကွင်းအတွင်း အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့သော်လည်း ယခုကဲ့သို့ ဝင်ငွေအကောင်းဆုံး အားကစား မယ်အဖြစ် (၇)နှစ်ဆက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး(၃)နှစ်ဆက် ရှာရာပိုဗာ၏ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့သော ဆရီနာဝီလျံ မှာမူ ယခုနှစ်အတွင်း ဒဏ်ရာပြဿနာများ နှင့်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် အချိန် အတော်ကြာ အနားယူခဲ့ရ၍ ၂၀၁၁ ကမ္ဘာ့ဝင် ငွေအကောင်းဆုံး အားကစားမယ် စာရင်းတွင် အဆင့်(၆)သို့ လျော့ကျ သွားခဲ့ရသည်။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားမယ်များ
(၁) ရှာရာပိုဗာ (ရုရှား၊ တင်းနစ်) - (၂၅)သန်း            
(၂) ဝေါ့ဇ်နီယာစကီး (ဒိန်းမတ်၊ တင်းနစ်) - (၁၂ .၅)သန်း
(၃) ပက်ထရစ် (အမေရိကန်၊ ကား) - (၁၂)သန်း
(၄) ဗီးနပ်စ်ဝီလျံ (အမေရိကန်၊ တင်းနစ်) - (၁၁ .၅)သန်း
(၅) ကလိုက်စတား (ဘယ်လ်ဂျီယံ၊ တင်းနစ်) - (၁၁)သန်း
(၆) ဆရီနာဝီလျံ (အမေရိကန်၊ တင်းနစ်) - (၁၀ .၅)သန်း
(၇) ကင်မ်ယူနာ (တ/ကိုရီးယား၊ စကိတ်) - (၁၀)သန်း
(၈) လီနာ (တရုတ်၊ တင်းနစ်) - (၈)သန်း
(၉) အီဗန်နိုဗစ် (ဆားဘီးယား၊ တင်းနစ်) - (၆)သန်း
(၁၀) ခရင်မာ (အမေရိကန်၊ ဂေါက်) - (၅ .၅)သန်း
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချဲလ်ဆီး မှ ဇာကော့ဗ်ကို


ရုရှားကလပ် အန်ဇီအသင်းသည် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အသင်းမှ ရုရှား လက်ရွေးစင် ကစားသမား ဇာကော့ဗ်ကို (၄)နှစ်စာချုပ် ဖြင့် ခေါ်ယူနိုင်ခဲ့ ပြီဟု ရုရှား အားကစားသတင်းစာ တစ်စောင် က ရေးသား ဖော်ပြခဲ့သည်။ အန်ဇီအသင်းသည် စာချုပ်ကိစ္စနှင့်ပတ်သက်၍ အတည်ပြုခဲ့ခြင်း မရှိသော် လည်း ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ ဇာကော့ဗ်အတွက် ချဲလ်ဆီးအသင်း ထံသို့ ပြောင်းရွှေ့ကြေး ပေါင်(၁၃.၂) သန်း ပေးခဲ့ရသည်ဟု သိရသည်။ ချဲလ်ဆီး အသင်းသည် လွန်ခဲ့သည့် ၂၀ဝ၉ ခုနှစ်က ဇာကော့ဗ်အား စီအက်စ်ကေအေ မော်စကို အသင်းမှ ပေါင်(၁၈) သန်းဖြင့် ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပရီးမီးယားလိဂ် ပြိုင်ပွဲဆိုသည်မှာ



ပရီးမီးယားလိဂ် ဆိုသည်မှာ အင်္ဂလန်နိုင်ငံရှိ အဆင့်မြင့်ဆုံး ဘောလုံး လိဂ်ပြိုင်ပွဲ ဖြစ်ပြီး ကလပ် အသင်း ပေါင်း(၂၀)ပါဝင် ယှဉ်ပြိုင်လျက် ရှိကြသည်။ တန်းတက်၊ တန်းဆင်းစနစ်ဖြင့်ကျင်းပနေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ(၂၀)မှ စတင်၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ဩဂုတ်လမှ မေလအထိ တစ်ရာသီကြာ ကျင်းပလေ့ရှိသည်။ အသင်း တစ်သင်း လျှင် တစ်ရာသီ အတွင်း ပွဲစဉ်(၃၈)ပွဲ ကစားရသောကြောင့်် စုစုပေါင်းပွဲ (၃၈၀) အထိ ကစားရသော လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ပွဲစဉ်အများစုကို ရက်သတ္တပတ် ၏ စနေနှင့် တနင်္ဂနွေနေ့ များ၌ ကျင်းပလေ့ရှိသည်။ ၁၉၉၃ခုနှစ်မှ ၂၀ဝ၇ခုနှစ် အထိ ပရီးမီးယားရှစ်ပြိုင်ပွဲဟု လူသိများခဲ့သော ပရီးမီးယား လိဂ်ပြိုင်ပွဲကို လက်ရှိ စပွန်ဆာပေး နေသော ဘာကလေဘဏ်ကို အစွဲပြု၍ ဘာကလေ ပရီးမီးယားလိဂ်ပြိုင်ပွဲဟု အမည် တွင်လျက်ရှိသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အပြင်းအထန်ဆုံးပြိုင်ဆိုင်မှုများကို ကောင်းမွန် ပြည့်စုံ သည့် ရိုက်ချက်များဖြင့် ထုတ်လွှင့်ပြသမှု များကြောင့် ကမ္ဘာတစ်ဝှမ်း ပရိသတ်အားပေးမှု အများဆုံး လိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်လျက် ရှိသည်။. ထို့ကြောင့်ပင် ပြိုင်ပွဲဝင် ကလပ်အသင်းများ အနေဖြင့်များပြားသည့် ဝင်ငွေများ ရရှိခဲ့ကြသလို ယူအီးအက်ဖ်အေ၏ ကလပ် အသင်းအဆင့် လိဂ်ပြိုင်ပွဲ သတ်မှတ်ချက်တွင် လည်း စပိန်လာလီဂါ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ တို့ကို ကျော်ဖြတ်၍ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။
၁၉၉၂ခုနှစ်မှ စတင်ခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲကို လက်ရှိ အချိန်အထိ ကလပ် အသင်းပေါင်း (၄၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လက်ရှိ ချန်ပီယံ မန်ယူက (၁၂)ကြိမ်၊ အာဆင် နယ်နှင့် ချဲလ်ဆီးက (၃)ကြိမ်စီနှင့် ဘလက်ဘန်းက (၁)ကြိမ် စုစုပေါင်းအသင်း(၄)သင်း ကသာ ချန်ပီယံဆုကို ရရှိခဲ့ဖူးသည်။ ၁၉၈၀ခုနှစ်နှောင်းပိုင်း အထိ အင်္ဂလန် ဘောလုံးလောကမှာ ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ ဆိုးသွမ်း ပရိသတ်များပြားခြင်း စသည်တို့ကြောင့် အဆင့်အတန်း နိမ့်ကျလျက်ရှိခဲ့ကာ အီတလီ စီးရီးအေနှင့် စပိန်လာလီဂါ ပွဲစဉ်များ၏ နောက်တွင်သာ ရပ်တည်နေခဲ့သည်။ သို့သော် ၁၉၉၀ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ် ရောက်ရှိသည် အထိ အောင်မြင်မှုရရှိခဲ့ခြင်း၊ မန်ယူအသင်းက ၁၉၉၁ ယူအီး အက်ဖ်အေ ချန်ပီယံများ ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း တို့နောက်ပိုင်း တွင်မှု အင်္ဂလန်ဘောလုံး လောကလည်း အကောင်း ဘက်သို့ ဦးတည်လာခဲ့သည်။ ၁၉၉၁ ခုနှစ်မှစတင်၍ ရုပ်သံလွှင့်ခများ၊ ဝင်ငွေများ တိုးတက် ရရှိလာခြင်းနှင့်အတူ အင်္ဂလန်နိုင်ငံ၌ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲ တည်ထောင်ရန် ဆွေးနွေးခဲ့ကြပြီး ၁၉၉၂ ခုနှစ် မေလတွင်မူ နှစ်ပေါင်း (၁၀၄)နှစ်ကြာ ကျင့်သုံး လာခဲ့သော ပုံစံဟောင်းကို ဖျက်၍ ယခင်အင်္ဂလန် ပထမတန်း ပြိုင်ပွဲကို ပရီးမီးယားလိဂ် ပြိုင်ပွဲ ဟု ပြောင်းလဲကျင်းပခဲ့သည်။ ၁၉၉၂-၉၃ ဘောလုံးရာသီ၌ ပထမဆုံး အကြိမ် ကျင်းပသည့် ပရီးမီးယား လိဂ်ပြိုင်ပွဲကို အသင်းပေါင်း (၂၂) သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ သည်။
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed