BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, August 15, 2011

"အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ ?

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။                     
၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတောhidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။ နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ ၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။ ၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
မြန်မာချစ်သူမိသားစုမှ ပြန်forwardလိုက်တာပါ....

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: ဆီးဂိမ်းအတွက် နေပြည်တော်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန် လည်ပတ်လျက်ရှိ



ဟန်ဦးခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားကွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
နေပြည်တော်တွင် မက်စ်မြန်မာကုမ္ပဏီများအုပ်စုက တာဝန်ယူ တည်ဆောက် လျက်ရှိသော ဇမ္ဗူသီရိနှင့် ဇေယျာသီရိ ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ် သည်။
နေပြည်တော်ရှိ တည်ဆောက်ရေး လုပ်ငန်းအချို့ကို ဇူလိုင်လမှစ၍ ရပ်နား ထားခဲ့သော်လည်း အဆိုပါ ဘောလုံး ကွင်းတည်ဆောက်ရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ဘောလုံးကွင်း တည်ဆောက်ရေး တာဝန်ခံတစ်ဦးက ပြောသည်။
"နေပြည်တော်မှာရှိတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတချို့ရပ်ထားပေမယ့် ဇမ္ဗူ သီရိနဲ့ ဇေယျာသီရိဘောလုံးကွင်း နှစ်ကွင်း တည်ဆောက်ရေး လုပ်ငန်းကတော့ ပုံမှန်အတိုင်း သွားနေပါတယ်။ နှစ်ကွင်းစလုံးမှာ အမိုး တပ်တဲ့ အဆင့်ကို ရောက်နေပြီဆိုတော့ တည်ဆောက်မှု လုပ်ငန်းက ၇၀ ရာခိုင်နှုန်းပြီးနေပြီလို့ ပြောလို့ရပါတယ်။ ဒီနှစ်ကွင်းစလုံးကို ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်ခင် အပြီး တည်ဆောက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါဘောလုံးကွင်းနှစ်ကွင်းကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အထူးတန်းနှင့် ရိုးရိုးတန်းအပါအ၀င် ပရိသတ် ၃၀,၀၀၀ ခန့်ဆံ့သည့် ပွဲကြည့်စင်များ ပါဝင်သည်။
မက်စ်မြန်မာကုမ္ပဏီများအုပ်စုမှ တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘောလုံးကွင်း နှစ်ကွင်းအပြင် မိုးလုံ လေလုံ အားကစား ရုံနှစ်ရုံ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ပြီး အဆိုပါ အားကစားရုံ နှစ်ရုံကိုလည်း စတင်တည်ဆောက်နေ ပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
"အားကစားရုံနှစ်ရုံကလည်း ဇမ္ဗူသီရိ နဲ့ ဇေယျာသီရိပဲ။ ဘောလုံးကွင်းတွေနဲ့ နာမည်အတူတူပဲ။ အားကစားရုံနှစ်ရုံ စလုံးအတွက် Foundation ချတဲ့ အဆင့်တော့ ပြီးပြီ။ ဒီအားကစားရုံတွေလည်း ၂၀၁၃ ခုနှစ်မတိုင်ခင် အပြီးဆောက်ရ မှာပဲ"ဟု ၎င်းကပြောသည်။
ဇမ္ဗူသီရိနှင့် ဇေယျာသီရိအားကစား ရုံနှစ်ရုံစလုံးသည် ၅၂၅,၇၈၇ စတုရန်း ပေစီ ကျယ်ဝန်းပြီး ပရိသတ် ၁၁,၀၀၀ ခန့်စီ ၀င်ဆံ့မည် ဖြစ်သည်။ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စုမှ တည်ဆောက်ပေးလျက်ရှိသော ဘောလုံးကွင်းများနှင့် အားကစားရုံများသည် နိုင်ငံတော် အစိုးရ၏ ငွေကြေးပံ့ပိုးမှုဖြင့် ယမန်နှစ်ကပင် စတင်တည်ဆောက်နေခြင်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, August 12, 2011

လူဦးနှောက် နှင့် ပုံတူ ကွန်ပျူတာကို ထုတ်လုပ်နိုင်တော့မည်

New Business Journal

news
လူဦးနှောက်၏ ဇီဝကမ္ပ ဖြစ်စဉ်များကို ပုံတူကူးချကာ တစ်ပိုင်း လျှပ်ကူး အခြေပြောင်း ပစ္စည်းများ သုံးစွဲ ဖန်တီးထားသော ကွန်ပျူတာ များကို မကြာမီ ထုတ်လုပ် နိုင်တော့မည် ဖြစ်ကြောင်း အက်စ်တာ တက္ကသိုလ်မှ သုတေသီများက ထုတ်ဖော် ပြောကြားလိုက်သည်။ အခြေပြောင်းပစ္စည်း PCM များ၏ ပေါင်း၊ နုတ်၊ မြှောက်၊ စား၊ ဂျီဩမေတြီ တွက်ချက်မှုနှင့် အချက်အလက် သိုမှီးနိုင်မှု စွမ်းရည်များက ဦးနှောက် ကလပ်စည်း နာ့ဗ်ကြောအတုများ ဖန်တီးနိုင်ရန် နီးစပ် လာစေခဲ့ပြီဖြစ်ရာ လူဦးနှောက်နှင့် ပုံစံတူ ကွန်ပျူတာများကို မကြာမီ ထုတ်လုပ်နိုင်မည်ဟု ၄င်း သုတေသီများက ယုံကြည်ကြသည်။ ထို့အပြင် PCM များကို သတ်မှတ် အပူချိန်တွင် အရည်ပျော်စေပြီး ပြန်လည် အေးခဲစေသည့် အခါတွင် အမြောက်အမြားကို ထုတ်လွှင့်နိုင်ခြင်းကြောင့် အခြေခံပြောင်း နာ့ဗ်ကြောမျှင် တစ်ခုချင်းစီကို အလွယ်တကူ ပုံသွင်း ဖန်တီးနိုင်မည်ဟု သိရသည်။ သို့သော် ၄င်း ကွန်ပျူတာများ၏ စွမ်းဆောင်ရည်သည် အခြေပြောင်း နာ့ဗ်ဆဲလ်များ၏ အခြေခံ လုပ်ဆောင်ချက်များကို မှတ်သား နာယူနိုင်စွမ်းနှင့် အရာဝတ္ထု၊ ပုံပန်း သဏ္ဍာန်များကို ခွဲခြားစိတ်ဖြာ နိုင်မှုတို့တွင် များစွာ မူတည်လျက်ရှိရာ အမြင်အာရုံသုံး Memtelector ပစ္စည်းများကို ဖြည့်စွက် သုံးစွဲသင့်ကြောင်း အီလီနွိုက်စ် တက္ကသိုလ် မှ လျှပ်စစ်နှင့် ကွန်ပျူတာဌာနမှ ဒု-ပါမောက္ခ အဲရစ်ပေါ့ပ်မှ အကြံပြု ပြောကြားခဲ့သည်။ "PMC နဲ့ ဖန်တီးထားတဲ့ နာ့ဗ်ကြောမျှင် အတုတွေရဲ့ လူဦးနှောက်လို သင်ကြားနိုင်စွမ်း၊ ခွဲခြား စိတ်ဖြာနိုင်စွမ်းနဲ့ အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲ ပုံဖော်နိုင်စွမ်းတွေက နှစ်ပေါင်းများစွာ အိပ်မက်ခဲ့ရတဲ့ အနာဂတ် ကွန်ပျူတာတွေရဲ့ အစပါပဲ" ဟု အက်စ် တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ်ရိုက်မှ ထုတ်ဖော် ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wi-Fi ဆိုတာ ဘယ် လိုစနစ်မျိုးဖြစ်ပါသလဲ?

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်  ဦးဇော်ဝင်းထွန်းနှင့် တွေ့ဆုံခြင်း
ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အထူးသဖြင့် စားသောက် ဆိုင်များ ဟိုတယ်များ၌ Wi-Fi ဝန်ဆောင်မှုရနိုင်ပြီ ဟု ရေးသား ဖော်ပြမှုများ ရှိလာသည်။ စီးပွားရေး လုပ်ငန်းတစ်ခု၌ Wi-Fi ရှိခြင်း ၊မရှိခြင်း(သို့) အိုင်တီ နည်းပညာ ဝန်ဆောင်မှုရှိခြင်း မရှိခြင်းသည် အဆိုပါ လုပ်ငန်း အပေါ်၌ မည်သို့သော သက်ရောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကို ကြိုးမဲံ ကွန်ရက်ဆိုင်ရာ ကျွမ်းကျင် သူတစ်ဦး ဖြစ်သော ဦးဇော်ဝင်းထွန်းနှင့် တွေ့ဆုံ မေးမြန်းဖြစ် ခဲ့သည်။ Wi-Fi နည်းပညာနှင့် ပတ်သက်၍ လူသိများ သော်လည်း အသိမှား နေသည့် အချက်များကိုပါ သိရှိခွင့်ရ ခဲ့သည်။
ဟိန်း -Wi-Fi, Wi-Fi နဲ့ အတွေ့ရများ လာတယ်နော်။ Wi-Fi ဆိုတာ ဘယ် လိုစနစ်မျိုးဖြစ်ပါသလဲ။
ဇော် - Wi-Fi စနစ်ဆိုတာ လတ်တ လောအရမ်းကို ပေါ်ပြူလာဖြစ်လာတဲ့ ကြိုးမဲ့ကွန်ရက် စနစ်ဖြစ် ပါတယ်။ ကမ္ဘာ့အိုင်စီတီ လောကမှာလည်း အရေးပါအရာ ရောက်တဲ့ နည်းစနစ် ဖြစ်ပါတယ်။ အဓိက ကတော့လုပ်ငန်း အချက်အလက်နဲ့ သတင်းအချက်အ လက်တွေ ဖြန့်ဝေတဲ့နည်းပညာပါ။ ကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးဝင်၊ အသုံး တည့်လို့ လူသုံးများလာတယ်လို့ထင် ပါတယ်။
ဟိန်း -Wi-Fi ခိုး သုံး တယ်လိုပြောပြော နေကြပါတယ်။တကယ်ဟုတ်ပါ သလား။
ဇော် -Wi-Fi ကို ခိုးသုံးနေကြတာမျိုး တွေရှိပါတယ်။ ဘေးအိမ်မှာ Wi-Fi လွှင့်ပေးတဲ့တိုင်ရှိရင် ကိုယ့်အိမ်မှာပါ လိုင်းမိတဲ့သဘောမျိုးပါ။ WEP နည်း စနစ်ကို အသုံးချပြီး ထိုးဖောက်ဝင် ရောက် တာမျိုးဖြစ် ပါတယ်။ Wi-Fi ကွန်ရက် ကို Hack လုပ်တဲ့ဆော့ဖ်ဝဲဆိုတာ တွေဟာ Linux ကိုအခြေခံထားတာ ပါ။ “ငါဒီ Wi-Fi ကွန်ရက်ကို ငါးမိနစ် အတွင်း Hack ပြမယ်” လို့ပြော နေကြ တာမျိုးတွေဟာ တကယ်တမ်းတော့ မမှန်ပါဘူး။ Router ကို Hack နိုင် တယ်ဆိုတာ မမှန်ပါဘူး။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လနဲ့ချီပြီး ကြာနိုင်တဲ့ကိစ္စမျိုးပါ။ တကယ်လို့ Wi-Fi ကွန်ရက်ကို Hack လုပ်နိုင် တယ်ဆိုရင်တောင် ကွန်ရက်ပိုင်ရှင်က လုံခြုံရေးအသိပညာ နည်းပါးလို့ဖြစ်ပါ လိမ့်မယ်။
ဟိန်း - Wi-Fi ကို ဘယ်လိုနေရာတွေ မှာ တပ်ဆင်သုံးစွဲလို့ရပါသလဲ။
ဇော် - လူတွေက Wi-Fi လို့ကြား လိုက်ရင် Laptop တွေချပြီး အင်တာ နက်သုံးကြတာကိုပဲ ပြေးမြင်ကြ ပါတယ်။ တကယ်တော့ အခုလက်ရှိ ကြိုးတွေနဲ့ သတင်းအချက်အလက် သယ်ပို့နိုင်တဲ့နေရာတိုင်းမှာ Wi-Fiကို အစားထိုးသုံးစွဲနိုင်ပါတယ်။ အခုဆိုရင် Wi-Fi ကွန်ရက်နဲ့ ဆက်သွယ်ချိတ်ဆက် တဲ့ပရင်တာ တွေလည်းရှိနေပါပြီ။ အဆောက်အအုံထဲမှာ တပ်ဆင်ထား တဲ့ CCTV ဆိုရင် ကြိုးနဲ့သွားလည်း ဖြစ်ပေမယ့် ပြင်ပမှာထုတ်ထားတဲ့ ကင်မရာတွေဆိုရင်တော့ Wi-Fi နဲ့ ချိတ်ဆက်ရင်ပို အဆင်ပြေပါတယ်။ ကိုယ့်စက်ရုံမှာ Wi-Fi ကင်မရာ တပ်ထားပြီး အိမ်ကနေတစ်ဆင့် စောင့်ကြည့်လို့တောင်ရပါတယ်။
ဟိန်း - ဒါဆို Wi-Fi သုံးစွဲဖို့လိုအပ် တယ်ဆိုတဲ့သဘောပေါ့။ လက်ရှိကွန် ရက်တွေကို လုံးဝအစားထိုးဖို့ဖြစ်နိုင် မလား။
ဇော် - Wi-Fi သုံးရင်လုပ်ငန်းပိုအ ဆင်ပြေသွားနိုင်တယ်။ လက်ရှိမိုဘိုင်း ဖုန်းတွေ၊ စမတ်ဖုန်းတွေအားလုံးနီးပါး Wi-Fi သုံးလို့ရနေတော့ အချက်အ လက်လွှဲပြောင်းရာမှာ ပိုလွယ်သွားနိုင် တယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံး ရင်လဲရပေမယ့် Wi-Fi ကအခမဲ့လေ။ ဒါပေမဲ့ Wi-Fi တပ်ဆင်တော့မယ်ဆို ရင် မေးခွန်းနှစ်ခုမေးရပါလိမ့်မယ်။ Wi-Fi ဘာလို့လိုတာ လဲဆို တာရယ် ဘယ်လိုပစ္စည်းသုံးမှာ လဲဆိုတာရယ်ပါ။
အင်တာနက်လိုင်းကို ကိုယ့်ရုံးထဲမှာ ပြန်လွှင့်ဖို့ဆိုရင်တော့ Wi-Fi တပ်ဆင်သင့်ပါတယ်။ တချို့ဆိုရင် ရုံးခွဲနှစ်ခုရှိလို့ Wi-Fi နဲ့ချိတ်ဆက် မယ်ဆိုတာမျိုး လုပ်ကြပါတယ်။ ဒါပေမဲ့ ရုံးခွဲ တစ်ခုချင်းစီမှာ အင် တာနက်လိုင်း ရှိတယ်ဆိုရင်တော့ Wi- Fi သုံးစွဲဖို့အကြံမပေးလိုပါဘူး။ Wi- Fi အစား Virtual Private Network ဆိုတာမျိုးထောင်ပြီး ဖိုင်တွေလွှဲလို့ ရပါတယ်။ ဒါပေမဲ့ အချက်အလက် တွေကို အင်တာနက်ပေါ်ကနေမသွား ချင်ဘူး၊ Offline ပဲထားချင်တယ်ဆို ရင်တော့ Wi-Fi သုံးသင့်ပါတယ်။ ဒါ့အပြင် အချက်အလက်တွေကို မိနစ် မလပ်ပေး ပို့ချင်တယ် ဆိုရင် Wi-Fi ကအကောင်းဆုံးပါပဲ။ အင်တာနက် ပေါ်ကနေသွားရင် လိုင်းကျတာမျိုး တွေရှိတတ်တာကိုး။
ဟိန်း - Wi-Fi တပ်ဆင်ဖို့ ဘယ်လို အဆင့်တွေကို ဖြတ်ကျော်ရမလဲ။
ဇော် - ကြိုးမဲ့နည်းပညာမှာ အရေး အကြီးဆုံးက တပ်ဆင်ခါနီး Survey သေချာဆင်းဖို့ပါပဲ။ ဘယ်လောက်အ ထိကုန်ကျနိုင်မယ်၊ ဘယ်အမြန်နှုန်း အထိအသုံးပြုနိုင်မယ်၊ ဘယ်အကွာ အဝေးအထိလွှမ်းခြုံနိုင်မယ်ဆိုတာကို Survey ဆင်းပြီးမှအဖြေထုတ်နိုင် ပါတယ်။ ဒုတိယအရေးအကြီးဆုံးက တပ်ဆင်အသုံးပြုတဲ့ပစ္စည်းတွေရဲ့ အရည်အသွေးပါပဲ။ ဟိန်- ခြောက်ကီလိုမီတာ အထိ Wi-Fi လွှင့်လို့ရတယ်လို့ပြောနေကြတာတွေ ဟာ မှန်ပါသလား။
ဇော် - ငါးမိုင်းရတယ်၊ လေးမိုင်းရတယ် ဆိုတာတွေက Survey ဆင်းပြီးမှပြော နိုင်တာဗျ။ မြန်နှုန်းလဲမြင့်၊ အချက်အ လက်လဲများများပို့နိုင်တဲ့ Highbroad အမျိုးအစားတွေကသာ Wi-Fi ကွန်ရက်ကိုအဝေးကြီးလွှင့်ပေးနိုင် မှာပါ။ အဲဒီလိုလွှင့်ပေးလို့ရအောင် ထုတ်လွှင့်တိုင်နဲ့ လက်ခံတိုင်အကြား မှာ ဘာအတားအဆီးမှရှိလို့မရပါဘူး နည်းပညာအခေါ်အဝေါ်အရ Line of Sight ဖြစ်တယ်လို့ခေါ်ပါတယ်။ တိုင်နှစ်တိုင်အကြားမှာ မြင့်မားတဲ့အ ဆောက်အအုံတွေ၊ သစ်ပင်တွေရှိရင် တော့ မလွယ်ပါဘူး။
ဟိန်း- ကိုယ်တိုင် Wi-Fi လိုက်တပ် ဆင်ပေးနေတဲ့သူဆိုတော့ ဈေးကွက် အနေအထားကို ပိုသိမှာပေါ့။ ဘယ် လိုမျိုးတွေတွေ့ကြုံရပါသလဲ။
ဇော်- ကြိုးမဲ့နည်းပညာနဲ့ပတ်သက် ပြီး လုပ်ငန်းရှင်တွေဘက်က အသိ ပညာနည်းပါးနေသေးတာကိုတွေ့ရပါ တယ်။ ဒါ့အပြင် ပစ္စည်းတပ်ဆင်တဲ့ နေရာမှာလည်း အရည်အသွေးမြင့်မား ရေးထက် ကုန်ကျစရိတ် သက်သာရေး ကို ပိုဦးစားပေး နေကြတာကိုတွေ့နေ ရပါတယ်။ Wi-Fi ရတယ်ဆိုတဲ့ ဟိုတယ်အများစုမှာ အခန်းထဲကနေ သုံးလို့မရပါဘူး။ Lobby ကိုဆင်းပြီး သုံးကြရတယ်။
တချို့ဧည့်သည်တွေ ကအဲဒါမျိုးကိုမကြိုက်ကြဘူး။ Privacy မရှိဘူးလို့ထင်ကြတယ်။ တပ် ဆင်တဲ့ Technician ကလုပ်ငန်းရှင် ကိုသေချာပြောပြဖို့လိုတယ်။ ခက်တာ က Wi-Fi ဝန်ဆောင်မှုကိုအလကား ပေးရတဲ့ဝန်ဆောင်မှုဆိုပြီး လုပ်ငန်း ရှင်ကထင်တဲ့အတွက် ပိုက်ဆံများများ အကုန်မခံကြဘူး။ တကယ်တော့ ဟို တယ်အိပ်ခန်းတွေထဲအရောက် Wi-Fi Hotspot တွေတပ်ဆင်ပေးလို့ရ ပါတယ်။ ကုန်ကျစရိတ်တော့ နည်း နည်းမြောက်သွားတာပေါ့။ ဒါပေမဲ့ Laptop ကြီးကို ဟိုသယ်ဒီသယ်လုပ် စရာမလိုတော့လို့ ဧည့်သည်ကတော့ သဘောကျမှာသေချာတယ်။ အိပ်ခန်း ထဲမှာ အင်တာနက်သုံးလို့ရတော့ ကိုယ်ကြိုက်တာကြည့်လို့ရတယ်လေ။
ဟိန်း- Wi-Fi သုံးစွဲမှုကိုခွင့်ပြုပေး လိုက်တဲ့ လုပ်ငန်းရှင်ဘက်က သူ့ရဲ့ ကုန်ကျစရိတ်ကို ဘယ်လိုပြန်ကာမလဲ။
ဇော်- နိုင်ငံခြားမှာဆိုရင် အိပ်ခန်း ထဲမှာအထိ Wi-Fi မိလို့စိတ်အေးချမ်း သာစွာ အင်တာနက်သုံးလို့ရပါတယ်။ အဲဒီအတွက် ဟိုတယ်အခန်းခထဲမှာ ထည့်ပေါင်းပြီးသားပါ။ ကိုယ်တည်း နေတုန်းခဏလေးပဲ Wi-Fi ကွန်ရက် ထဲ Log in ဝင်ဖို့ User name တစ် ခုနဲ့ Password တစ်ခုပေးပါတယ်။ အဲဒီဧည့်သည်ပိုက်ဆံရှင်းပြီးပြန်သွား ရင် အဲဒီ User name ကသုံးလို့မရ တော့ပါဘူး။ ဟိုတယ်ဆိုတာ စီးပွား ရေးလုပ်ငန်းဆိုပေမယ့်ဝန်ဆောင်မှုပေး တဲ့သဘောအများကြီးပါပါတယ်။ ဝန် ဆောင်မှုပေးတဲ့အထဲမှ Wi-Fi Available လို့ပြောပြီးမှ ဟိုနားမှာသုံး မှရမယ်တို့၊ ဒီနားမှာ ထိုင်သုံးပါလို့ပြော ရင် စိတ်ကွက်ကြမှာ သေချာတယ်။ တကယ်တော့ အိုင်တီနည်း ပညာသုံး ပြီး ဝန်ဆောင် မှုပေးဖို့ လုပ်ငန်းရှင် တွေဘက်က လက်မတွန့်သင့်ပါဘူး။
ဟိန်း- Hotspot အကြောင်းလေး ဆက်ပြောပါဦး။ Hotspot တစ်ခုကို User ဘယ်နှစ်ယောက်အထိအသုံး ပြုလို့ရပါသလဲ။
ဇော်- Software Hotspot နဲ့ Hardware Hotspot ဆိုပြီးနှစ်မျိုးရှိ ပါတယ်။ ဘယ်နှစ်ယောက်အထိ ပေးသုံးမှာလဲဆိုတာတော့ လူအများ အမှတ်မှုားနေတဲ့ ကိစ္စတစ်ခုပါပဲ။ Hotspot တစ်ခုရဲ့ Maximum User Amount ဆိုတာ သူ့ဆီမှာ စာရင်း သွင်းထားနိုင်တဲ့ Username အရေ အတွက်ကိုပြောတာပါ။ တစ်ချိန်တည်း မှာ တစ်ပြိုင်တည်းအများဆုံးသုံးနိုင်တဲ့ အသုံးပြုသူ အရေအတွက်ကတော့ Concurrrent User Amount ဖြစ် ပါတယ်။ ဆိုလိုတာကတော့ဗျာ၊ Maximum User Amount က ငါးရာဆိုပေမယ့် လူငါးရာလုံးတစ်ပြိုင် တည်းသုံး လို့ရမယ်လို့မဆိုလိုဘူး။
ဟိန်း - Wi-Fi ဟာ ဝန်ဆောင်မှုပုံစံ တစ်ရပ်ဖြစ်လာပြီပေါ့။ ဆရာ့ရဲ့ အမြင်ကိုသိပါရစေ။
ဇော်-လက်ရှိမှာဆိုင်တွေဖွင့်ကြ တယ်။ဆိုင်အကြီးကြီးလုပ်နေပြီး Wi-Fi ကျတော့မပါဘူးလားဆိုပြီး တချို့ ဖောက်သည်တွေက စိတ်ပျက်ကြလိမ့် မယ်။ Wi-Fi တပ်ဆင်လိုက်လို့ကုန် ကျသွားတဲ့စရိတ်ကို စားသောက် စရိတ်ထဲ ထည့်ပေါင်းလို့ရတာပဲ။ တစ်လိုင်းလောက်ယူပြီး Wi-Fi နဲ့ပြန်လွှင့်ပေးလိုက်ရင် ကိုယ်လည်း ရုံးသုံးလို့ရတယ်။ ပြီးတော့ ရန်ကုန် တစ်မြို့လုံးကို Wi-fi ကွန်ရက်နဲ့ လွှမ်းခြုံထားတယ်ပဲထားဦး၊ အခန်း ထဲ အရောက်ဆွဲယူသုံးဖို့ကတော့ Window-mounted Antenna ဆို တာမျိုး ဝယ်ယူတပ်ဆင်ရဦးမှာပါ။
ဒါ ကြောင့် Wi-Fi ရနိုင်တဲ့ကော်ဖီဆိုင် တွေ၊ စားသောက်ဆိုင်တွေဟာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်စွမ်း ပိုရှိမှာသေချာပါတယ်။ လုပ်ငန်းအ တွက် Service Profit ရနိုင်လို့ ဝန် ဆောင်မှုတစ်ရပ်အဖြစ် Wi-Fi ကို လက်ခံသုံးစွဲသင့်ပါတယ်။
ဦးဇော်ဝင်းထွန်း
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖုန်းအားပြန်သွင်းပေးမယ့် တီရှပ်အင်္ကျီ

လက်ကိုင်ဖုန်း အသုံးပြုသူများ အနေဖြင့် ဓါတ်ခဲ အားကုန်သွား သည့် အခက်အခဲကို ရုတ်တရက် ကြုံကြရပြီး မိမိနှင့်အတူ တွဲလျက် အားသွင်းစက် ပါလာမှသာလျှင် အဆင်ပြေနိုင်မည် ဖြစ်သည်။၎င်း အခက်အခဲကို လက်ကိုင်ဖုန်း ကိုင်ဆောင်သူများ အနေဖြင့် တီရှပ် အင်္ကျီတစ်ထည် ဝတ်ဆင်ထားခြင်းဖြင့် လက်ကိုင်ဖုန်း ဓါတ်ခဲများကို အားပြန်သွင်းနိုင်မည့် အလွယ်တကူ ဖြေရှင်းနိုင်သည့် နည်းလမ်းသစ် တစ်ခုကို ဗြိတိန်နိုင်ငံအခြေ စိုက်တွင် ဖွင့်လှစ်ထားသော အောရင်းခ်ျ တယ်လီဖုန်း ကုမ္ပဏီမှ တီထွင် ထုတ်လုပ် စတင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုတီရှပ်အင်္ကျီ၏ အရှေ့ပိုင်းရှိ လည်ပင်းပေါက် အောက်တည့်တည့်တွင် လက်ကိုင်ဖုန်းထည့်စ ရာ အိတ်ထောင် တစ်ခု ပါရှိပြီး ၄င်း အိတ်ထောင်ထဲတွင် မိမိ အားသွင်းလိုသော ဖုန်းကို ဓါတ်ခဲထည့်လျက်နှင့်ပင် အားသွင်းနိုင်ကြောင်း နှင့် ဂီတအသံများ ထဲမှ ဘေ့စ်အသံများကို တုံ့ပြန်ကာ လျှပ်စစ် ဓါတ်အား ထုတ်ပေးခြင်းဖြစ်ပြီး ဂီတ ဖျော်ဖြေပွဲများတွင် ဝတ်ဆင် သင့်ကြောင်း သိရသည်။
phone


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sony မှ အသစ်ထွက်ရှိမည့် ကင်မရာသစ်များ

Sony
Sony ကုမ္ပဏီမှ Cyber-shot Series သစ် ကင်မရာသစ် နှစ်မျိုးကို ထုတ်လုပ် လိုက်ပြီဖြစ်သည်။ ကင်မရာသစ် နှစ်မျိုးတွင် 16.2 Megapixel ပါဝင်ပြီး အရည် အသွေးမြင့် Sensor များ တပ်ဆင် ထားသည်။ Lens များမှာ အထူး ကောင်း မွန်ပြီး 3D ဓာတ်ပုံများ၊ HD Videoများ ရိုက်ကူးနိုင်သည်။ ကင်မရာသစ် နှစ်မျိုးတွင် BIONZ Processor များ တပ်ဆင်ပေးထား သဖြင့် လုပ်ဆောင်မှု ပိုမိုမြန်ဆန် လာသည်ကို တွေ့ရသည်။ Zoom ဆွဲအား ကောင်းမွန်သည့်အပြင် ဆွဲချဲ့သော ဓာတ်ပုံများ၏ အရည် အသွေး ကျဆင်းမှု မရှိသည်ကို တွေ့ရှိရသည်။
Zoom ဆွဲအား ၅ဆရှိ သော်လည်း ပုံရိပ်များကို ကောင်းစွာ ပုံဖော်နိုင်သည်။ Internal Memory အနေဖြင့် 19Mb ပါဝင်ပြီး ISO 3200 အထိ ရိုက်ကူးနိုင်သည်။ Feature များ အနေဖြင့် Sweep Panorama, 3D Still Images, Picture Effect Mode, Optical Steady Shot နှင့် Picture Effect မျိုးစုံ ပါဝင်သည်။ TX-55 Model မှာ ကိုယ်ထည် အထူ ၁၂.၂ မီလီမီတာသာ ရှိသဖြင့် ကမ္ဘာ့ အပါးလွှာဆုံး ကင်မရာဟု ခေါ်ဆိုနိုင် သည်။ အရောင်အနေဖြင့် အနက်၊ ငွေ၊ ခရမ်းနှင့်အနီရောင်များကို ရရှိနိုင်သည်။ အခြား မော်ဒယ်တစ်မျိုးဖြစ်သည့် WX30 မှာ Zoom ဆွဲအားကို အထူးအားပြုပြီး ပုံရိပ်များကို ရိုက်ကူးနိုင်သည့် ကင်မရာဖြစ်သည်။ အရောင်အားဖြင့် အနက်၊ငွေနှင့် ခရမ်းရောင်များ ရရှိနိုင်သည်။ အဆိုပါ ကင်မရာသစ်များကို၂၀၁၁ စက်တင်ဘာလတွင် စတင်ရောင်း ချမည်ဟုသိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သူနာပြုအကူစက်ရုပ် စမ်းသပ်တီထွင်

Robot
တက်ဒီ ဝက်ဝံရုပ်ကြီး သဏ္ဌာန် စက်ရုပ်က ကြမ်းခင်းပေါ် လဲလျောင်း နေသူများ ကို ပွေ့ပြီး အချီအချပြု လုပ်ပေးနိုင်ကြောင်း သိရှိရသည်။ အဆိုပါ စက်ရုပ်ကို မကြာမီ အနာဂတ်၌ ဖန်တီးနိုင်မည်ဟု မျှော် လင့်ထား ခဲ့သော်လည်း ဂျပန် သိပ္ပံပညာ ရှင် များက ရိုင်ဘာ ၂ (Riba II) ကိုတီထွင်ပြီး လက်တွေ့ စမ်းသပ်ပြ သနိုင်ခဲ့သည်။ အချီအချ လုပ်ရန် ခဲယဉ်းသည့် သက်ကြီး ရွယ်အို လူနာများ တိုးပွား လာနေခြင်း ကြောင့် ပြုစု စောင့်ရှောက် သူများ အတွက် ပံ့ပိုး ကူညီ ပေးနိုင်ရန် တီထွင်ထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။ ရိုင်ခန် သုတေသန ဗဟိုနှင့် တိုခိုင်ရာဘာ ကုမ္ပဏီ တို့မှ သုတေသီများက ယခင် ခန့်မှန်း ထားသည့် ၁၃၄ ပေါင် ထက် ပိုမို လေးလံသည့် ၁၇၆ ပေါင်ရှိ လူနာများကို ရိုင်ဘာ ၂ က အချီအချ ပြုလုပ်ပေးမည် ဖြစ်သည်။
ရိုင်ဘာ ၂ သည် ၄င်း၏ ကိုယ်ခန္ဓာကို ကိုင်းညွတ် ၍ ကြမ်းပြင်ပေါ်ရှိ လူနာများ ကို ပွေ့ချီ၊ပွေ့ချ ပြုလုပ် ပေးနိုင် မည်ဟု ဆိုသည်။ ကြမ်းခင်းပေါ်၌ မွေ့ရာ(သို့မဟုတ်) တာတာဗီ မြက်ဖျာပေါ်၌ အိပ်စက် လေ့ရှိသည့် ဂျပန်လူမျိုးများ အတွက် အထူး အဆင်ပြေမည့် ဆောင်ရွက် မှုကို ပြုလုပ် ပေးနိုင်သည်။ ၂၀၁၅ ခုနှစ်၌ ကြမ်းခင်း ပေါ်မှ လူနာများကို ဘီးတပ် ကုလားထိုင် ပေါ်သို့ အချီ အချ နေ့စဉ် အကြိမ် ၄၀ မျှ ပြုလုပ်ပေးရမည့် သက်ကြီး ရွယ်အိုပေါင်း ၅ .၆၉ သန်းရှိလာ မည်ဖြစ်သည်။ ရင်ဘတ်နှင့် လက်တို့ရှိ အကြားများပေါ်၌ အီလက်ထရုတ် အသုံးပြု အာရုံခံကိရိယာ များတပ်ဆင်ထားပြီး ၄င်း၏ ကျောဘက်ရှိ touch screen မှ တစ်ဆင့် ပေးပို့သည့် ပရိုဂရမ်များဖြင့် ပေါင် ၅၀ဝ ရှိ စက်ရုပ်က လူနာများကို ပြုစုစောင့်ရှောက် ပေး မည် ဖြစ်ကြောင်း နှင့် အဆိုပါ စက်ရုပ်ကို ဒေါ်လာ ၇၇၅,ဝ၀ဝ ဖြင့် ရောင်းချ မည် ဖြစ်ကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed