BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 6, 2011

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး အသက် ၁၁၅ နှစ်ပြည့် မွေးနေ့ကျင်းပ

news
လူတိုင်းဟာ ကိုယ့်အသက်ကို တန်ဖိုးထား ကြတဲ့အတွက် ခဏတာ ရရှိလာတဲ့ ဘဝမှာ အသက်ရှည်၊ အနာမဲ့ပြီး နေထိုင် လိုကြတာပဲ မဟုတ် ပါလား။ ဒါပေမယ့် တချို့က အသက် ရှည်တယ်၊ တချိုက အသက်တိုတယ် ဆိုတာ အတိတ်ဘဝ ကုသိုလ် ကံသက်ဆိုင်မှု ရှိသလို ဘဝနေထိုင် စားသောက်ပုံ တွေနဲ့လည်း ဆက် နွယ်မှု ရှိပါတယ်။ ဒီနှစ်ချက်မှာ အတိတ်ဘဝ ကုသိုလ်ကံ ကို ဘယ်သူမှ မမြင်နိုင် တာကြောင့် အသက်ရှည် ကျန်းမာလို  သူတိုင်း အနေနဲ့ နေထိုင်စားသောက်ပုံ ဆင်ခြင် ကြမယ် ဆိုရင် သူမလိုပဲ အသက်ရှည်ကြ လိမ့်မယ်လို့ အသက် ရှည်နည်း လျှို့ဝှက်ချက် ကို ဖွင့်ဟလိုက် သူကတော့ လက်ရှိ အမျိုးသမီး ဘက်ဆီကို ပါပဲဖြစ်ပါတယ်။
ဂင်းနစ် အဖွဲ့ရဲ့ ကမ္ဘာ့ အသက် အကြီးဆုံး အမျိုးသမီး အဖြစ် တရားဝင်အသိအမှတ်ပြုခံထား ရတဲ့ မစ္စကိုပါဟာ သူမရဲ့အသက် ၁၁၅ နှစ်မြောက်မွေးနေ့ပွဲကို ဂျော်ဂျီယာ ပြည်နယ် မွန်ရိုးမြို့ သက်ကြီးရွယ်အို ပုဂ္ဂလိကဆေးရုံငယ်တစ်ခုမှာ ကျင်းပပြုလုပ်နိုင်ခဲ့ ပါပြီ။ အသက် ၇၆ နှစ်အရွယ် သားဖြစ်သူ ရဲ့အဆိုအရ သူမဟာ အခုချိန်ထိ ဘာအနာရောဂါမှ မဖြစ်သလိုသတိကလည်း ကောင်းမှ ကောင်း၊ အိပ်ချိန်ကလည်း တစ်နေ့တာအချိန်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။
မစ္စကိုပါ ကလည်း သူမအခုလို အသက်ရှည် ကျန်းမာရတဲ့ အဓိက အကြောင်းကတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မုန့်ပဲ သွားရေစာတွေ၊ ဆိုးဆေးပါတဲ့ အစားအသောက်၊ အချိုရည်တွေ လုံးဝမစားဘဲ အသီးအရွက်တွေပဲ အဓိကထားစားတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။ သားသမီး ၄ ဦးရှိတဲ့ သူမမှာ အခုဆိုရင်မြေး ၁၂ ဦး၊မြစ်နဲ့ တီစုစုပေါင်း ၁၂ ဦးတောင်ရှိနေပြီဖြစ်တာကြောင့် အတိတ် ကုသိုလ်ကံ လည်းကောင်း၊ နေထိုင် စားသောက်ပုံကလည်း ရိုးရှင်းတဲ့သူမလို ကျင့်ကြံနိုင်မယ်ဆိုရင် အသက်ရှည်၊ အနာမဲ့ခြင်း ဆုလဒ်ကို ပိုင်ဆိုင်ခွင့်ရကြမှာပါ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပေါင် ၂၃၇၀ ရှိ ဧရာမ မိကျောင်း တစ်ကောင်ကို ဖိလစ်ပိုင်တွင် ဖမ်းဆီး ရရှိ

news
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က ဧရာမ မိကျောင်း တစ်ကောင်ကို ရွာသား များနှင့် ကျွန်းကျင် အမဲလိုက် မုဆိုးများက ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် အဆိုပါ ဧရာမ မိကျောင်း ကို ဖိလစ်ပိုင် တောင်ဘက်ပိုင်းရှိ ခရီးသွားဧည့်သည်များ ကြည့်ရှုနိင်ရန်အတွက် ကျယ်ဝန်းသော သဘာဝ ပတ်ဝန်း ကျင် ပန်းခြံတွင် ထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့တော်ဝန် Edwin က ပြောကြားခဲ့သည်မှာ ရွာသားများနှင့် ကျွမ်းကျင်သူများက Agusan del Sur ပြည်နယ်၊ ဘူနဝန်မြို့ရှိ ချောင်းစွယ်တစ်ခုတွင် ၆.၄ မီတာရှည်သော အဆိုပါ မိကျောင်းကို လွန်ခဲ့သော သုံးပါတ်လောက် ကတည်းက ဖမ်းမိထားကြောင်း ပြောကြားသွားပါသည်။ ပြီးခဲ့သည် နှစ်များမှ ဖမ်းဆီးရခဲ့သော မိကျောင်းများထက် အဆပေါင်းများစွာ ကြီးမားပြီး၊ အရွယ်အစား အကြီးဆုံး မိကျောင်း အနေဖြင့် စံချိန်တင်ထားပါသည်။ အဆိုပါ ဧရာမ မိကျောင်းသည် ပြီးခဲ့သည့် အပတ်က ကျွှဲရိုင်းတစ်ကောင်ကို ရေထဲတွင် သတ်နိုင်ခဲ့ပြီး၊ ဇူလိုင်လလောက်က ပင်လယ်ထဲတွင် ပျောက်ဆုံးနေသော ငါးဖမ်းသမားတစ်ဦးကိုလည်း အဆိုပါ မိကျောင်းက သတ်ဖြတ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အဆိုပါ မိကျောင်းကို ဖမ်းမိနိင်ရန်အတွက် အမဲလိုက်မုဆိုးများမှာ ပထမဦးစွာ ထောင်ချောက် (၄) ခုကို ပြင်ဆင်ထားသော်လည်း၊ ၄င်းထောင်ချောက်မှာ မိကျောင်း၏ တုန့်ပြန်မှုကြောင့် ပျက်စီးသွားခဲ့သည်။ ဒုတိယအကြိမ် စတီးသံကြိုးများကို အသုံးပြုပြီး ထောင်ချောက်များကို ပြန်လည်ပြင်ဆင်မှသာ ပြီးခဲ့သည် စနေနေ့က ဖမ်းဆီးနိုင်ခဲ့ပါသည်။
အလေးချိန် ပေါင် ၂၃၇၀ ရှိသော မိကျောင်းကို လူတစ်ရာကျော်က ကရိန်းဖြင့်မပြီး၊ ကုန်ကားဖြင့် သယ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။
မိကျောင်းကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ရွာသား များသည် နောက်ထပ် မိကျောင်းများ အန္တရယ်ကို စိုးရိမ်နေလျှက် ရှိကြောင်း သတင်းရရှိပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂေးမဟုတ် ပေမယ့် ဂေးတွေ ဘက်က ရပ်တည် နေတဲ့ ဖိလစ်လမ်း

ဖိလစ်လမ်း
သူနဲ့ ဂျာမနီ အသင်း သားတွေကို မိန်းမလျာ(ဂေး) တွေလို့ မကြာခဏ စွပ်စွဲမှု တွေကြောင့် စိတ်ညစ် နေတဲ့ ဖိလစ်လမ်းက သူဟာ  လုံးဝဂေး တစ်ဦး မဟုတ်ကြောင်း သူ့ရဲ့ ကိုယ်ရေး အတ္ထု ပ္ပတ္တိုထဲမှာ ရှင်းလင်း သွားခဲ့သလို မီဒီယာ တွေကို လည်း ပေါ် ပေါ်တင်တင်ပဲ ဖွင့်ဟ သွားခဲ့ပါတယ်။
ဖိလစ်လမ်းက “ပထမ ဆုံးရှင်း ချင်တာက ကျွန်တော်ဂေး တစ်ယောက် မဟုတ်ပါ ဘူး၊ အဲဒီလိုပဲ ဂျာမနီ အသင်းသား တွေထဲမှာ လည်းဂေးတစ်ယောက် မှမပါပါဘူး၊ ဒီအကြောင်းကို ကျွန်တော်ရှင်း ရတဲ့ အကြိမ် အရေ အတွက် တော်တော် များနေပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်လမ်းက သူဟာ အတူနေ ချစ်သူ ကလူဒီယာကို လက်မထပ်ရတဲ့ အကြောင်း အရင်းက ပွဲဆက်တွေ အရမ်းများ နေတာ ကြောင့်ဖြစ်ပြီး အချိန် တန်ရင် သူတို့နှစ်ဦးသေချာ ပေါက် လက်ထပ်မှာလို့ လည်း ဆိုခဲ့ပါတယ်။ ပြီးတော့ လမ်းက သူဟာ ဂေးတစ်ဦးမဟုတ်ပေမယ့်ဂေးတွေရဲ့ဘဝဟာသာမန် လူတွေနဲ့ အတူတူပဲလို့ ခံယူထား ပါတယ်လို့ ပြော ခဲ့ပြန်ပါ တယ်။
ဖိလစ်လမ်းရဲ့ အဆိုအရ ဘောလုံး လောကထဲမှာ ဂေးတွေရှိ နေခဲ့ ရင်လည်း ရဲရဲဝံ့ဝံ့နဲ့ဝန်ခံပြီး ဆက်လက်ရပ်တည် သွားဖို့ အခွင့်အရေး တွေပေးသင့်တယ် လို့တောင်းဆို သွားပါ တယ်။ ဂေးတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး လမ်းက “ဘောလုံး လောက အတွင်းမှာ ဂေးတွေ ရှိနေခဲ့ရင်လည်း ဒါဟာပြဿနာ မဟုတ်ပါဘူး၊ ဂေးဖြစ်ရတာ ဂုဏ်ငယ်စရာ မဟုတ်လို့ ဂေး တစ်ယောက် အဖြစ် မားမား မတ်မတ် ရပ်တည်ပြီး ဘောလုံး ကစားခဲ့တဲ့ ဖာရှာနုလို လူမျိုးကို အတုယူ သင့်ပါတယ်၊ သူဟာ ဘောလုံး လောက အတွင်းက ဂေးတွေအတွက်တော့ စံပြပုဂ္ဂိုလ် ပါပဲ” လို့ သုံးသပ် သွားခဲ့ပါတယ်။
ဖိလစ်လမ်းညွှန်းဆိုခဲ့တဲ့ ဖာရှာနုဟာဆိုရင် နောရစ်ခ်ျ၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်တို့မှာ ကစားခဲ့ဖူးတဲ့ ကစားသမား ကောင်း တစ်ဦးဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ဘောလုံး လောကမှ အနားယူပြီးချိန်တွင် ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့သူတစ်ဦးလည်း ဖြစ် ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အကွီလာနီ အေစီသို့ အငှားရောက်

လီဗာပူး ကွင်းလယ်ကစားသမား အကွီလာနီသည် အေစီမီလန် အသင်းသို့ တစ်ရာသီအငှားစာချုပ် ဖြင့် ရောက်ရှိ သွားကြောင်း သိရသည်။
အဆိုပါ စာချုပ်ပါ အကြောင်းအရာများအရ အကွီလာနီသည် လာမည့် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ တွင် အေစီအတွက်(၂၅) ပွဲထက်မနည်း ကစားပေးခဲ့မည်ဆိုပါက နှစ်ဖက် သဘောတူညီမှုအရ ညှိနှိုင်း ထားသော ပြောင်းရွှေ့ ကြေးဖြင့် အေစီသို့ အပြီးသတ် ပြောင်းရွှေ့ခွင့်ရမည် ဖြစ်သည်။
၎င်း၏ပြောင်းရွှေ့ကြေး ပမာဏကို နှစ်ဖက်စလုံးမှ ထုတ်ပြန် ကြေညာခြင်းမရှိသော်လည်း အီတလီ မီဒီယာများ၏ အဆိုအရအငှား စာ ချုပ်အတွက် ယူရိုခြောက်သန်းနှင့် အပြီးသတ် ပြောင်းရွှေ့ရန် စာချုပ် ချုပ်ဆိုမည်ဆိုပါက ယူရိုခြောက် သန်း နောက်ထပ်ပေးချေသွားမည် ဖြစ်ကြောင်းသိရသည်။ အေစီမီလန် အသင်းသည် ၄င်းတို့၏ကွင်းလယ် လူဟောင်း ကာကာ ကိုလည်း ပေါင် (၁၅)သန်းဖြင့် ကမ်းလှမ်းထားပြီး ဘာစီကွင်းလယ်လူ ကီတာနှင့် ရီးရဲလ် ကွင်းလယ်လူ ဒီယာရာကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူကာမိုဒရစ်အား ချဲလ်ဆီးက ပေါင်သန်း(၄၀)ဖြင့် ထပ်မံ ကြိုးပမ်း

news
ချဲလ်ဆီးအသင်း တာဝန် ရှိသူများသည် စပါး ကွင်းလယ်လူ မိုဒရစ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဖြင့် စတုတ္ထအကြိမ် ထပ်မံ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။
ယင်း ကမ်းလှမ်းမှု မတိုင်မီတွင် ပေါင်(၂၂) သန်း၊ ပေါင်(၂၇)သန်း၊ ပေါင်သန်း (၃၀)စသဖြင့် သုံးကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း စပါးအသင်း က အကြိမ်ကြိမ်ပယ်ချခဲ့သဖြင့် ယခုကဲ့သို့ ထပ်မံ ကမ်း လှမ်းခဲ့ခြင်း ဖြစ်သည်။
မိုဒရစ်ကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ချဲလ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျကလည်း အပြောင်း အရွှေ့ရာသီမပိတ်မီ မိုဒရစ်အား ခေါ်ယူ နိုင်ရန် လိုလားကြောင်း သိရသည်။
မိုဒရစ်သည် ၄င်း၏ အပြောင်းအရွှေ့ အားကန့်ကွက် တားဆီးနေသူ စပါးအသင်း ဥက္ကဋ္ဌလီဗိုင်းအား ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ပြီး မန်စီးတီးနှင့် ပွဲစဉ်တွင်လည်း ဝင်ရောက် ကစားရန် ဆန္ဒမရှိကြောင်း နည်းပြရက်နက်ပ် အားတောင်းဆိုခဲ့သည်။
သို့သော် အဆိုပါပွဲစဉ်တွင် နည်းပြရက်နက်ပ်က ဒဏ်ရာရကွင်းလယ်ကစားသမား များပြားနေသည်ကို အကြောင်း ပြ၍ မိုဒရစ်အား ဝင်ရောက်ကစား စေခဲ့ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖော်လန် အင်တာသို့ ရောက်ရှိ

news
အသလက်တီကိုမက်ဒရစ် အသင်း၏ တိုက်စစ်မှူး ဒီယေဂိုဖော်လန်သည် တိုက်စစ်မှူး အီတူး ထွက်ခွာ သွားသော အင်တာမီလန် အသင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၎င်းသည် အပြောင်းအရွှေ့ ကာလစတင်သည့် အချိန်မှစ၍ အက်သလက်တီကိုမှ ထွက်ခွာရန် စီစဉ်နေ ခဲ့ သူဖြစ်ပြီး အင်တာမီလန် အသင်းက အီတူးအား ရုရှားကလပ် အန်ဇီသို့ ရောင်းချပြီးချိန်မှသာ အင် တာ အသင်းထံ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန် အသင်းသည် ဖော်လန် အား နှစ်နှစ် စာချုပ်ဖြင့်ခေါ်ယူ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရိုသုံးသန်းရရှိ မည်ဖြစ်သည်။
၎င်း၏ ပြောင်းရွှေ့ကြေးအား နှစ်ဖက်အသင်းက အတိအကျထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသော်လည်း စပိန်မီဒီယာများက မူယူရို ခြောက်သန်းဝန်းကျင်ဖြင့်သာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ကြောင်း ဖော်ပြ ကြသည်။
ဒီယေဂိုဖော်လန်သည် အသက်(၃၂)နှစ်ရှိပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး ဘောလုံးသမားဆုရရှိသည်အထိ ခြေစွမ်းပြသနိုင်ခဲ့ခြင်းကြောင့် အင်တာ က ခေါ်ယူခဲ့ ခြင်းဖြစ်ကြောင်း၊ အီတူးဝတ်ဆင်ခဲ့သော ကျောနံပတ်ကိုးအား ဆက်လက် ဝတ်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရီးရဲလ်အား စွန့်ခွာမည် မဟုတ်ဟု ကာကာ ပြောကြား

news
ရီးရဲလ်မက်ဒရက် အသင်းမှ ကွင်းလယ်လူ ကာကာသည် အသင်း မှ ထွက်ခွာရန် မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့သည်ဟု သိရသည်။ လက်တလောတွင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် များဖြစ်သည့် စပါးနှင့် အာဆင်နယ်တို့က ကာကာအား ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်း များ ထွက်ပေါ်နေသည်။
ကာကာသည် ရီးရဲလ် နည်းပြ မော်ရင်ညို၏ ကစားကွက် တွင်ပုံမှန် ပွဲထွက်ခွင့်ဆုံးရှုံးနေရသော် လည်း ၄င်းကိုယ်တိုင်ကမူ ရီးရဲလ် အားစွန့်ခွာရန် ဆန္ဒမရှိကြောင်း အခိုင် အမာ ပြောကြားသွားခဲ့သည်။ ၄င်းက ယခင်က ပြောခဲ့သည့်အတိုင်းပင် အသင်း၌ဆက်ရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အား ပြောင်းလဲ ပစ်မည်မဟုတ်ဘဲ အနာဂတ်တွင် ရီးရဲလ်၌ပင် ဆက်ကစားသွားမည်ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမား ဆုရရှိခဲ့ ဖူးသည့် ကာကာသည် အေစီမီလန် အသင်းမှရီးရဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာပြဿ နာများကြောင့် ပုံမှန်ပွဲထွက် ခွင့်ရရန် ရုန်းကန်နေခဲ့ ရသော်လည်း ဘရာဇီး လက်ရွေးစင်အသင်းတွင်မူ ရွေးချယ် ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed