BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, September 11, 2011

ဟန်ဆန်အား လက်ရွေးစင် နည်းပြ ရာထူးအတွက် ကမ်းလှမ်းခဲ့ဟု သတင်းများ ထွက်ပေါ်



-- Share |

ဆီးဂိမ်းပြိုင်ပွဲ ၀င်မည့် မြန်မာ့ လက်ရွေးစင် နည်းပြရာထူး အတွက် ဇေယျာရွှေမြေ အသင်း၏ နည်းပြဖြစ်သူ စတီဖင် ဟန်ဆန်အား ဘောလုံး အဖွဲ့ချုပ်မှ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ကိုရီးယားနိုင်ငံ သံရုံး၏ ကမ်းလှမ်းမှုဖြင့် ကိုရီးယား နည်းပြတစ်ဦးအား ခန့်အပ်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ သော်လည်း အပြီးသတ် ခန့်အပ်ရန်မူ အကြောင်း အမျိုးမျိုးကြောင့် ပျက်ပြားခဲ့ရသည်။ ထို့ကြောင့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ အနေဖြင့် ပြည်တွင်း နည်းပြများထဲမှ သင့်တော်သူ တစ်ဦးအား ခန့်အပ် တာဝန်ပေးရန် ပြောင်းလဲ စဉ်းစားခဲ့ခြင်း ဖြစ်သည်။


ယခုအခါ အတည်မပြု နိုင်သေးသည့် သတင်းတစ်ရပ် အဆိုအရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများက ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူများမှ တဆင့် ဟန်ဆန်အား လက်ရွေးစင် အသင်း နည်းပြအဖြစ် ယာယီ ခန့်အပ်ခွင့် ရရှိရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ဟန်ဆန်ကမူ "ကျွန်တော့်ကို လက်ရှိ အချိန်ထိ တရားဝင် ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ ဒါကြောင့် ဘာမှ မပြောနိုင် သေးပါဘူး။ ကမ်းလှမ်း လာခဲ့ရင်တော့ လက်ခံ သွားမှာပါ" ဟု Soccer Myanmar သို့ ပြောကြားခဲ့သည်။ ဟန်ဆန်သည် ဇေယျာရွှေမြေ အသင်းနှင့် ၂၀၁၄ ဖေဖော်ဝါရီ အထိ စာချုပ်ချုပ် ဆိုထားသည့် နည်းပြတစ်ဦး ဖြစ်ပြီး ယခင်ကလည်း လက်ရွေးစင် အသင်း နည်းပြရာထူးအား စိတ်ဝင်စားကြောင့် ထုတ်ဖော် ပြောကြားခဲ့ဖူးသူ ဖြစ်သည်။

သို့သော် အခြား သတင်းတစ်ရပ် အရမူ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဥဿာ ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဆီဗာဂျီအား ခန့်အပ် တာဝန်ပေးရန် ပိုမို လိုလားလျက် ရှိကြောင်းလည်း သိရသည်။

ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာ မြို့ခံ နှစ်သင်းနှင့် အပြိုင် ချန်ပီယံဆု အတွက် ချယ်လ်ဆီး ကြိုးပမ်းမည်ဟု စတားရစ်ဂ်ျဆို


Share |

မန်ချက်စတာ မြို့ခံ နှစ်သင်းကို ပရီးမီးယား လိဂ်တွင် စိတ်တိုင်းကျ ခြယ်လှယ်ခွင့် ပေးနေမည် မဟုတ်ကြောင်း ချယ်လ်ဆီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျက ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့သည် ပရီးမီးယား လိဂ်တွင် (၃)ပွဲစီ ကစားပြီးနောက် ရာနှုန်းပြည့် အနိုင် ရလဒ်များဖြင့် အမှတ်ပေး ဇယားကို ဦးဆောင် နေကြသည်။ အင်္ဂလန်  အသက် (၂၁)နှစ်အောက် လက်ရွေးစင် တိုက်စစ်မှူးလေးက ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို  မန်ချက်စတာ နှစ်သင်းနှင့် အပြိုင်ရယူ နိုင်စွမ်း ရှိနေကြောင်း သုံးသပ်ခဲ့သည်။  ချယ်လ်ဆီးသည် (၂၀၁၀)ပြည့်နှစ်က ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို ဆွတ်ခူးရယူ နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီကမူ မန်ချက်စတာ ယူနိုက်တက်က (၅)နှစ်အတွင်း (၄)ကြိမ်မြောက်  ချန်ပီယံဆု ဖလား ကိုင်မြှောက် နေမှုကို စောင့်ကြည့်နေ ခဲ့ရသည်။

ချယ်လ်ဆီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျ
ယခု ရာသီတွင်လည်း မန်ချက်စတာ နှစ်သင်းလုံး ခြေစွမ်း အကောင်းဆုံး ရှိနေသော်လည်း စတားရစ်ဂ်ျက အန်ဒရီဗီး လက်စ် ဘိုဝါးစ် လက်အောက်တွင် ချယ်လ်ဆီးသည် ချန်ပီယံဆု အတွက်  ယုံကြည်ချက် အပြည့် ရှိနေကြောင်း ပြောဆိုလိုက်သည်။ "မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ ရာသီအစ ကတည်းက ရလဒ်တွေ အရမ်း ကောင်းနေပါပြီ။ ဒါပေမဲ့
ကျွန်တော့် အနေနဲ့ ချယ်လ်ဆီးရဲ့  စွမ်းရည်ကို ဘယ်တုန်းကမှ သံသယ မရှိပါဘူး။ ချယ်လ်ဆီးဟာ သူတို့ အသင်းတွေကို ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်း ရှိနေပါတယ်" ဟု ပြီးခဲ့သည့် ဘောလုံး ရာသီက ဘော်လ်တန်တွင် အငှား သွားကစားခဲ့သည့် စတားရစ်ဂ်ျက Daily Mirror သို့ ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ဒီနှစ် ဘောလုံး ရာသီက ကျွန်တော့်အတွက် သိပ်ကို ကြီးကျယ်ပါတယ်။ ကျွန်တော် ဘာလုပ်နိုင်တယ် ဆိုတာ ဘော်လ်တန်မှာ သက်သေပြခဲ့ ပြီးပါပြီ။ ဒါကို ကျွန်တော် ချယ်လ်ဆီး မှာလည်း ဆက်လုပ် နိုင်တယ်ဆိုတာ လက်တွေ့ ပြချင် ပါသေးတယ်" ဟု ဖွင့်ဟ ခဲ့သည်။ ၎င်းသည် ဘော်လ်တန်အတွက် (၁၂)ပွဲသာ ကစား ခဲ့သော်လည်း (၈)ဂိုးထိ သွင်းယ နိုင်ခဲ့သည်။
Tags:

--
ပုံမမြင်ရရင် ဘလော့မှာကြည့်ပါhttp://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒရော့ဂ်ဘာ၏ ဒဏ်ရာ အလျင်အမြန် သက်သာလာရန် ချယ်လ်ဆီး မျှော်လင့်နေ

Share |
ချယ်လ်ဆီး အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာ၏ ဒဏ်ရာ အခြေအနေ အလျင်အမြန် ပြန်လည် ကောင်းမွန်လာရန် မျှော်လင့်နေကြောင်း သိရသည်။

စက်တင်ဘာ (၁၈)ရက်နေ့ ပွဲကြီးပွဲကောင်း အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် ဒရော့ဂ်ဘာ ၀င်ကစား နိုင်ရန် ချယ်လ်ဆီးက မျှော်လင့်လျက် ရှိသည်။ ဦးခေါင်းဒဏ်ရာ ရရှိထားသော အိုင်ဗရီကို့စ် လက်ရွေးစင်သည် စနေနေ့ည ဆန်းဒါးလန်းနှင့် ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်မည် ဖြစ်သလို အင်္ဂါနေ့ည ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဘေယာ လေဗာ ကူဆင်နှင့် ယှဉ်ပြိုင်ရာတွင်လည်း ပါဝင်နိုင်ဖွယ် မရှိချေ။ ဒရော့ဂ်ဘာသည် နောဝစ်ခ်ျ စီးတီး ဂိုးသမား ဂျွန်ရူဒီနှင့် လေထဲ ဘောလုံး ယှဉ်လုရာမှ မတော်တဆ ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာ  ရရှိခဲ့ခြင်း ဖြစ်သည်။
ဦးခေါင်းဒဏ်ရာ ရရှိသွားသော ဒရော့ဂ်ဘာ

ချယ်လ်ဆီး အနေနှင့် ဦးခေါင်းတွင် ထိခိုက် နာကျင်မှု ခံစားရဆဲ ဖြစ်သော ဒရော့ဂ်ဘာကို ဆက်လက် အနား ပေးထားသော်လည်း မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုဝါးစ်က မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် အားထားရသော တိုက်စစ်မှူး ၀င်ကစား ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဘိုဝါးစ်က “သိပ်မကြာခင် သူဟာ အပြည့်အ၀ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်မယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒရော့ဂ်ဘာက အပေါ့စား လေ့ကျင့်ခန်း လေးတွေတော့ ပြန်လုပ်နိုင် နေပါပြီ။ သူ့ကို ကျွန်တော်တို့ရဲ့ အသင်း ဆရာဝန်တွေက တောက်လျှောက် စောင့်ကြည့် ပေးနေပါတယ်။ လောလောဆယ်တော့ သူ့ရဲ့ လေ့ကျင့်မှုဟာ အကန့်အသတ်နဲ့ပဲ ရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ကျိန်းသေပေါက် ပြန်ပါလာမယ် ထင်ပါတယ်” ဟု သုံးသပ်ခဲ့သည်။

အသက်(၃၃)နှစ်ရှိ ပေါ်တူဂီသား မန်နေဂျာက “ဆေးအဖွဲ့ရဲ့ အကောင်းဆုံး ထောက်ပံ့မှုကို ကျွန်တော်တို့ ရခဲ့ပါတယ်။ သူ့ကို အချိန်ပြည့် စောင့်ကြည့် ပေးနေပြီး ဒရော့ဂ်ဘာရဲ့ သက်သာ လာမှုကလည်း အားရစရာပါ။ သူ့ကို အပြည့်အ၀ လေ့ကျင့်ခန်း ပြန်မလုပ်ခိုင်းခင် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ စစ်ဆေးမှုတွေကိုတော့ ကျွန်တော်တို့ အသေအချာ လုပ်ဦးမှာပါ” ဟုလည်း ပြောဆိုသွားသည်။

Tags:
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အဖွင့်ပွဲတွင် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည့် အိမ်ရှင် မြန်မာ

Share |
သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အုပ်စု (ခ) ဒုတိယနေ့ ပွဲစဉ်တွင် အိမ်ရှင် မြန်မာ အသင်းသည် ဗီယက်နမ် အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေပွဲ ဖြစ်ခဲ့သည်။

ပွဲအစတွင် နှစ်သင်းစလုံး တိုက်စစ် ဖွင့်ကစားရန် ကြိုးပမ်းခဲ့ပြီး သူတစ်ပြန် ကိုယ်တစ်ပြန် ကစားခဲ့သဖြင့် ပွဲသွက်ခဲ့သည်။ ပွဲချိန် ၅မိနစ်တွင် မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး ရှေ့တက်လွန်ကာ လူပေးမှား ရာမှ ဂိုးပေးရလု ဖြစ်ခဲ့ပြီး ဗီယက်နမ် ကစားသမား အပိုင် အသုံးချနိုင်ခြင်း မရှိ၍ သက်သာခဲ့သည်။ ပွဲချိန် ၈မိနစ်တွင် အသင်းခေါင်းဆောင် သီဟဇော် ဗီယက်နမ် နောက်ခံလူ ၃ဦးအား လိမ်ခေါက် ကျော်ဖြတ်ရန် ကြိုးပမ်းရာမှ ဧရိယာ အပြင်အစပ်တွင် ဖရီးကစ် ကန်ခွင့် ရခဲ့သည်။ ယင်း ဖရီးကစ်အား ရဲကိုဦးက လှလှပပ ကန်သွင်းခဲ့ သော်လည်း ဂိုးဘားနှင့် ထိကာ ပြန်ကျလာခဲ့၍ မြန်မာတို့ ဦးဆောင်ဂိုးနှင့် ကပ်လွဲခဲ့ရသည်။ ၁၅မိနစ်တွင် သီဟဇော် ပေးသည့် ဘောလုံးအား စိုးပိုင်သွေး ဧရိယာ အတွင်းမှ ဘယ်ခြေဖြင့် ကန်သွင်းရန် ကြိုးပမ်းမှု ဘေးထွက်ခဲ့သည်။ ၂၅မိနစ်တွင် ဗီယက်နမ် အသင်း ထိုးဖောက် တိုက်စစ်ဆင်ရာမှ ဂိုးရှေ့တွင် ရှုပ်ယှက်ခပ် အနေအထား ဖြစ်ခဲ့သော်လည်း မြန်မာ ကစားသမားများ အချိန်မီ ရှင်းထုတ် နိုင်ခဲ့သည်။

၂၉မိနစ်တွင် မြန်မာတို့ ဦးဆောင်ဂိုး ရလု ဖြစ်ခဲ့ပြန်ပြီး ညာခြမ်းမှ ဖြတ်တင်ပေးပို့မှုအား ဧရိယာ အတွင်းမှ သီဟဇော် လှလှပပ ခေါင်းတိုက်ခဲ့ရာ ဗီယက်နမ် ဂိုးသမား မည်သို့မျှ ကာကွယ်နိုင်ခြင်း မရှိခဲ့ သော်လည်း ဂိုးတိုင် ထိထွက် လာခဲ့ပြန်သည်။ ၃၂မိနစ်တွင် ဗိုဟေတွန် ဘယ်မှတင်ပေးသည့် ဘောလုံးအား ငုရင်ဇောင်နမ်က ပိတ်သွင်းခဲ့ သော်လည်း ဘေးထွက်ခဲ့သည်။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် ဂိုးဝင်အောင် သွင်းနိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေဖြင့် ပထမပိုင်း ပြီးဆုံးမည် ထင်မှတ် ခဲ့ရသော်လည်း ပထမပိုင်း နာကျင် အချိန်ပို နောက်ဆုံး မိနစ်တွင် မြန်မာ ကစားသမား ညီညီအောင် ကိုယ့်ဂိုးကိုယ်သွင်း မိခဲ့၍ ဗီယက်နမ် အသင်းက မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရရှိခဲ့သည်။
ချေပဂိုး ရရှိအပြီး အောင်ပွဲခံစဉ်

ဒုတိယပိုင်းတွင် မြန်မာတို့ ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ပြီး တိုက်စစ်အား ပိုမို ဖွင့်ကစားခဲ့သည်။ သို့သော် ဂိုးသွင်းခွင့်ကိုမူ ဗီယက်နမ် အသင်းက စတင်ရရှိခဲ့ပြီး မိနစ် ၅၀တွင် ငုရင်ဇောင်နမ် ဘယ်ခြမ်းမှ အမှတ်မထင် ကန်ချက် ဂိုးသမား ကျော်ဇင်ဖြိုး ပုတ်ထုတ် ခဲ့ရသည်။ ၅၃မိနစ်တွင် ဘယ်ခြမ်းမှ နိုင်ကိုလင်း ဖြတ်တင်ဘောအား ဂိုးသမား အစွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဆက်လက် ဖိကစားခဲ့ကာ ဗီယက်နမ် အသင်းကမူ တန်ပြန် ထိုးစစ်ဖြင့် ဂိုးထပ်မံ ရရှိရေး ကြိုးပမ်းခဲ့သည်။ သို့သော် ဗီယက်နမ် အသင်း ကစားသမား များက ဒဏ်ရာ ရဟန်ဆောင်ကာ မကြာခဏ လဲကျမှုများ ပြုလုပ်နေခဲ့၍ မြန်မာတို့ တိုက်စစ် အရှိန် တန့်သွားခဲ့သည်။

၇၆မိနစ်တွင် မြန်မာအသင်း အပိုင် ဂိုးသွင်းခွင့် ရရှိခဲ့ပြီး လူစားဝင် ကစားသမား ကျော်ဇေယျ တစ်ဦးတည်း လွတ်ထွက်ရာမှ အပိုင် အဆုံးသတ်ခဲ့ရာ ဗီယက်နမ် ဂိုးသမား အထူးလက်စွမ်းပြ ပုတ်ထုတ် နိုင်ခဲ့ပြန်သည်။ ၈၁မိနစ်တွင် မြန်မာ ကွင်းလယ် ကစားသမား ဖြိုးမောင်မောင်ကျော် ကွင်းလယ် တစ်ဝက် အကျော်မှ အပြင်း ကန်သွင်းရန် ကြိုးပမ်းချက် ဘေးထွက်ခဲ့သည်။ ၈၃မိနစ်တွင် ညာခြမ်းမှ ဖြတ်တင် ပေးပို့ရာမှ ကျော်ဇေယျ အပိုင်ကန်ခွင့် ရခဲ့ပြီး ဂိုးသမား ပြန်အံထွက် လာသည့် ဘောလုံးအား စိုးပိုင်သွေး ပိတ်သွင်းရန် ကြိုးပမ်းရာ နောက်ခံလူ ဖျက်ထုတ်ခဲ့သည်။ ၈၈မိနစ်တွင် ကွင်းလယ်မှ လှလှပပ ချပေးလိုက်သည့် ဘောလုံးမှတဆင့် လူစားဝင် ကစားသမား ရန်နိုင်ထွေး လွတ်ထွက် သွားခဲ့ပြီး အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ရာ တစ်ဂိုးစီ သရေ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဗီယက်နမ် အသင်းက ဂိုးရရှိရေး အခွင့်အရေး အချို့ ရခဲ့သော်လည်း ဂိုးမရခဲ့ဘဲ သရေပွဲ အဖြစ်သာ ပြီးဆုံး သွားခဲ့သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပွဲပမ်း နေသော်လည်း အာဆင်နယ် အတွက် အကောင်းဆုံး ကစား နိုင်မည်ဟု ပါ့ခ်မျှော်လင့်

 |
နိုင်ငံတကာ ပွဲကစား ထားရသဖြင့် ပင်ပန်း နေသော်လည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲထွက် ကစားပေးရန် အသင့် ရှိနေပြီဟု ယုံကြည်ကြောင်း တိုက်စစ်မှူးသစ် ပါ့ခ်ချူယောင်းက ပြောကြားလိုက်သည်။

တောင်ကိုရီးယား လက်ရွေးစင် ပါ့ခ်က ဆွမ်ဆီးနှင့် စနေနေ့ ပွဲစဉ်တွင် မိမိ ပါဝင်နိုင်ရန် အသင့် ဖြစ်နေပြီဟု ဖွင့်ဟခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကူဝိတ်နှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် တောင်ကိုရီးယား လက်ရွေးစင်အတွက် ကိုယ်စားပြု ပါဝင်ပေးခဲ့သည်။ အင်္ဂါနေ့က ကစားထားသော ပွဲကြောင့် နွမ်းနယ်မှု ရှိနေသော်လည်း အာဆင်နယ် အတွက် အင်ပြည့်အားပြည့် ကစား ပေးနိုင်ရန် မျှော်လင့်ကြောင်းလည်း ပါ့ခ်က ဆိုသည်။ ၎င်းသည် နိုင်ငံတကာ ကိုယ်စားပြု နောက်ဆုံး(၁၇)ပွဲတွင် န၀မမြောက် ဂိုးကို ကူဝိတ်နှင့် ပွဲတွင် ရယူ နိုင်ခဲ့သည်။
နိုင်ငံတကာ ပွဲစဉ်တွင် တွေ့မြင်ရသော ပါ့ခ်ချူယောင်း

“ကျွန်တော် တကယ် ပင်ပန်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီပွဲမှာ တောင်ကိုရီးယား အသင်းရဲ့ ကစားသမားတွေက ပွဲကို ထိန်းချုပ်နိုင်ခဲ့တာ ကျေးဇူး တင်ရပါမယ်” ဟု ပါ့ခ်က Ilgan Sports သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အသင်းသားတွေ ပိုပြီး တိုးတက် လာစေဖို့ ဒီပွဲက အကောင်းဆုံး အခွင့်အရေးတွေ ဖန်တီး ပေးခဲ့ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ ၎င်းက အာဆင်နယ်တွင် အသင်းဖော် သစ်များနှင့် အသားကျ ကစား နိုင်ရန်နှင့် ဆွမ်ဆီးကို အနိုင်ယူရန် အသင်းအတွက် အကူအညီ ပေးနိုင်ရေး မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

“ကျွန်တော် အာဆင်နယ် ကစားဟန်နဲ့ အဆင်ပြေအောင် အကောင်းဆုံး ကြိုးစားပါမယ်။ အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ပြီးတော့ အာဆင်နယ် အတွက် ပွဲတွေ အများကြီး ကစားပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု ပါ့ခ်က ပြောကြားသွားသည်။

Tags:
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 10, 2011

စိတ်ကျရောဂါသည် ပိုများလာတဲ့ ဥရောပ

နာမည်ကြီး ဆေးပညာဂျာနယ် European Neuropsychopharmacology ရဲ့ ယခုအပတ်ထွက် စာစောင် ဖော်ပြချက်အရ၊ ၂၀၁၀ ခုနှစ်အတွင်း ဥရောပနိုင်ငံ အားလုံးမှ လူ ၁၆၅ သန်း (၃၈ ရာခိုင်နှုန်း) မှာ စိတ်ဝေဒနာ (mental disorder) ရရှိနေကြောင်း ဖော်ပြထားသည်။
ဂျာမဏီ တက္ကသိုလ် Technische Universität Dresden မှ ပါမောက္ခ Hans-Ullrich Wittchen ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့က ဥရောပနိုင်ငံ ၂၇ နိုင်ငံတို့အပြင် အိုက်စလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန် တို့ကိုပါ စစ်တမ်းကောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။
စိတ်ပုံမှန် မဟုတ်တဲ့ ဥရောပသားတွေအနက် အဖြစ်များဆုံးက စိတ်ကျရောဂါ (depression) ဟု ဆိုသည်။ လူ သန်း ၃၀ ကျော် စိတ်ကျရောဂါ ဖြစ်နေပြီး၊ ဥရောပလူဦးရေရဲ့ ၆.၉ ရာခိုင်နှုန်း ရှိသည်။ ဒုတိယ အဖြစ်များဆုံး စိတ်ရောဂါက ကြောက်စိတ်လွန်ကဲမှု (phobias) ဖြစ်သည်။ ဥပမာ ပင့်ကူ ကြောက်တာမျိုး။
အရက်စွဲပြီး စိတ်ဂယောက်ဂယက်ဖြစ်နေသူက ၁၄.၆ သန်း ရှိသည်။ မူးယစ်ဆေးစွဲမှုကြောင့် ပုံမှန်စိတ် မဟုတ်သူက ၂.၄ သန်း ရှိသည်။ အရက်ရော ဆေးပါ လိုင်းစုံပူး သွက်သွက်ခါနေသူတွေလည်း အရေအတွက် ပိုများလာနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

LED, LCD ရောင်းအား မကျ

ပြည်တွင်း တီဗီ ဈေးကွက် အတွင်းသို့ သရီးဒီ နည်းပညာ အသုံးပြု တီဗီများ ဝင်ရောက် လာသော် လည်း LED, LCD တီဗီ ရောင်းအားမှာ ကျဆင်း သွားခြင်း မရှိကြောင်း သိရသည်။
“၂၀၁၀ ခုနှစ်အတွင်းမှာ 3D TV တွေ တစ်ဟုန်ထိုး ဈေးကွက်တွင်း ဝင်ရောက်ခဲ့ပေမယ့် ယနေ့ အချိန်ထိ ကျယ်မှုပိုင်းမှာ အားနည်းနေသေး တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကလည်း 3D တီဗီတွေရဲ့ တန်ဖိုးက သာမန် လူတန်းစားတွေ လက်လှမ်းမမီနိုင် တာကြောင့် ဖြစ်သလို နည်းပညာ လိုအပ်မှုတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ ကြောင့် LED, LCD တီဗီဈေးကွက် ရောင်းအားက ထိုးဆင်းသွားတာမျိုး မရှိနိုင်ပါဘူး” ဟု TMW Enterprise Limited မှ ကိုဇွဲရန်ဗိုလ်က ပြောသည်။
၂၀ဝ၅-ဝ၆ ခုနှစ်ခန့်က ပြည်တွင်း ဈေးကွက်ထဲသို့ LCD တီဗီများ ဝင်ရောက်ခဲ့စဉ်ကယင်းနည်းပညာ အသုံးပြုသူမှာ Tube တီဗီအသုံးပြုသူ ၏ (၅၀)ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိခဲ့ သည်။ ယခု ၂၀၁၁ ခုနှစ်အတွင်း၌ LCD တီဗီအသုံးပြုသူဦးရေ (၂၀)ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာဆိုရင် LCD တီဗီတွေရဲ့ Market တွင်ကျယ်မှု တော်တော်လေးရနေပါပြီ။ ဈေးနှုန်း ကလည်း လက်ရှိမှာ (၃၂)လက်မကို ကျပ်နှစ်သိန်းကျော်နဲ့ ဝယ်ယူနိုင်သလို လက်မပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှုက လူတန်းစား အားလုံး သုံးစွဲနိုင်တဲ့ အခြေအနေဖြစ်နေ ပါပြီ”ဟု ၄င်းက ပြော သည်။
LED နည်းပညာ အသုံးပြု တီဗီ များကိုလည်း ၂၀ဝ၈ ခုနှစ်ကုန်ပိုင်းတွင် တင်သွင်းမှုရှိခဲ့ရာ ထိုအချိန်က လက်မ(၄၀)လျှင် ကျပ်ကိုးသိန်းခန့် ပေးဝယ်ခဲ့ရသည်။ “LED တီဗီတွေ ကတော့ LCD ထက် မီးစားသက်သာ မှုရှိသလို Color Quality ကလည်း သဘာဝအတိုင်း ကြည့်ရှုနိုင်ပါတယ်။ အရင်က ဒီနည်းပညာကို လက်လှမ်း မမီနိုင်ခဲ့ပေမယ့် အခုဆိုရင် ဈေးနှုန်း တော်တော် လေး ကျဆင်းလာတဲ့အတွက် သုံးစွဲသူပိုမိုများလာပါတယ်”ဟု Royal Tun မှ ကိုထွဋ်ထွဋ်ကဆို

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed