BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, September 16, 2011

ခရိုအေးရှား လူငယ်ကြယ်ပွင့် ကိုဗာဆစ်ကို အာဆင်နယ်နှင့် မန်ချက်စတာာ ယူနိုက်တက်တို့ အပြိုင် စိတ်ဝင်စားနေ

Share |
အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့သည် ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်အား အပြိုင်အဆိုင် စိတ်ဝင်စား နေကြောင်း သိရှိရသည်။

အာဆင်နယ် အသင်း မန်နေဂျာ အာစင် ၀င်းဂါးသည် အသင်း၏ ကွင်းလယ်ကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ခြေစွမ်း ထက်မြက်သည့် အသက်(၁၇)နှစ်အရွယ် လူငယ်လေးအား အထူး မျက်စိကျလျက် ရှိသည်။ ဒိုင်နမို ဇာဂရက်ဘ်တွင် ကစားနေသော ကိုဗာဆစ်ကို အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် ကလည်း စောင့်ကြည့်လျက် ရှိသည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ကိုဗာဆစ် အပြင် ဒိုင်နမို အသင်းမှ အခြားကစား သမားလေး တစ်ဦးဖြစ်သော မာရီယို ဆိုင်တမ်ကိုလည်း စိတ်ဝင်စားလျက် ရှိသည်။
ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်

လက်ရှိတွင် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်နှင့် ယှဉ်ပြိုင်ရာတွင် ဇာဂရက်ဘ် အသင်းအတွက် ပါဝင် ကစားခဲ့သည့် ကိုဗာဆစ်ကို အီတလီ ကလပ် ဂျူဗင်းတပ်စ် ကလည်း မျက်စိကျ နေသည်။ မန်ချက်စတာ ယူနိုက်တက်သည် ပေါလ်စခိုးလ် အနားယူ သွားပြီး မိုက်ကယ်ကာရစ် အသက်အရွယ် အရ အကျပိုင်း ရောက်လာချိန်တွင် ငယ်ရွယ် နုပျိုသော ကွင်းလယ် ကစားသမား တစ်ဦးကို ရှာဖွေလျက် ရှိသည်။ ၀င်းဂါးမှာလည်း ဆမ်မီနာဆရီနှင့် ဆက်စ်ဖာ ဘရီဂက်စ် တို့အား ရောင်းထုတ်ခဲ့ ပြီးနောက် ဖန်တီးမှု စွမ်းရည် မြင့်မားသော လူငယ်သွေးသစ် ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေရာ နှစ်သင်းလုံး ကိုဗာဆစ်ကို အပြိုင်အဆိုင် စိတ်ဝင်စား နေခြင်းဖြစ်သည်။

ဝင်းဂါး အနေနှင့် ပြိုင်ဘက်ကြီး ဖာဂူဆန်ထက် လက်ဦးမှု ယူကာ ကိုဗာဆစ်ကို ကမ်းလှမ်းရန် စဉ်းစားဖွယ် ရှိနေကြောင်းလည်း talkSportက ဖော်ပြခဲ့သည်။ ကိုဗာဆစ်သည် အသက် အရွယ်အရ နုနယ် လွန်းသော်လည်း အသင်းတွင် အဆင်ပြေစွာ ကစားနိုင်မည်ဟု ၀င်းဂါးက ယုံကြည် နေကြောင်းလည်း သိရှိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပရီးမီးယားလိဂ် ပွဲစဉ်များ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာ ယူနိုက်တက်ကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အိုင်ဗန် နိုဗစ်ပြောကြား

Share |

မန်ချက်စတာ ယူနိုက်တက် အသင်းကို မိမိတို့ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ချယ်လ်ဆီး နောက်ခံလူ ဘရာနီ ဆလက်ဗ် အိုင်ဗန် နိုဗစ်က ပြောကြားလိုက်သည်။

တနင်္ဂနွေ နေ့တွင် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် ထိပ်သီးနှစ်သင်း ကစားမည့် ပွဲစဉ် မတိုင်မီ ဆာဘီးယား ခံစစ်မှူးက ပြိုင်ဘက် အသင်းအပေါ် စကားစစ် ထိုးမှု ပြုလုပ်လိုက်သည်။ ၎င်းက ပြီးခဲ့သည့် ရာသီက ချန်ပီယံ လိဂ်နှင့် ပရီးမီးယား လိဂ်တို့တွင် မန်ချက်စတာ ယူနိုက်တက်၏ နှစ်ထပ်ကွမ်း အနိုင် ယူခဲ့ခြင်းကို မမေ့သေး ကြောင်းလည်း ဆိုသည်။ အိုးလ်ထရက် ဖို့ဒ်တွင် ကစားမည့် ပွဲစဉ် အတွက် မိမိတို့သည် ကြောက်ရွံ့မှု မရှိဘဲ ရင်ဆိုင်သွားမည် ဟုလည်း အတွေ့အကြုံရင့် ခံစစ် သမားက ပြောကြားသွားသည်။ "တနင်္ဂနွေနေ့ ပွဲကတော့ ကျွန်တော်တို့ မန်နေဂျာ အတွက် ပထမဆုံး ကြုံရမယ့် ကြီးကြီးမားမား စမ်းသပ်မှု ကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့ အသင်း ဘယ်လောက်ထိ တိုးတက် လာသလဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ဖြစ်သလို ရလဒ်ကလည်း နှစ်သင်းလုံး အတွက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ အများကြီး ဖြစ်လာစေနိုင် ပါတယ်" ဟု အိုင်ဗန်နိုဗစ် ကဆိုသည်။

မန်ချက်စတာ ယူနိုက်တက်အား ကြောက်စရာ မလိုဟု ပြောကြားခဲ့သည့် နိုဗစ်

"ပြိုင်ဘက်ရဲ့ အင်အားကို ကျွန်တော်တို့ အလေးထား စဉ်းစား ရပါမယ်။ ချယ်လ်ဆီး ကစားသမား တွေဟာ ဖျက်ထုတ်မှုတိုင်း၊ ဘောလုံး ဖြန့်ဝေမှု တိုင်းကို (၁၀၀)ရာခိုင်နှုန်း အပြည့်အ၀ အာရုံစိုက်ပြီး ကစား သွားမှာပါ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီအစ တာထွက်ပုံက တကယ့်ကို ထူးထူးကဲကဲ ကောင်းမွန်နေတာ အမှန်ပါ။ ၀ိန်းရွန်နီက ပုံစံကောင်း ရနေသလို ဂိုးတွေလည်း သွင်းနေပါတယ်။ ကျွန်တော်တို့က သူ့ကို တားဆီးဖို့ အကောင်းဆုံး ကြိုးစား သွားပါ့မယ်။ သူတို့ အသင်းဟာ ဒီရာသီမှာ အများကြီး တိုးတက်လာတယ် ဆိုတာ လက်တွေ့ပါပဲ။ဒါပေမဲ့ ချယ်လ်ဆီးမှာလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်။ ဒါကို အိုးလ်ထရက် ဖို့ဒ်မှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သက်သေ ပြပါမယ်" ဟု အိုင်ဗန် နိုဗစ်က ပြောကြားခဲ့သည်။ ၎င်းက ချယ်လ်ဆီး အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မန်ချက်စတာ ယူနိုက်တက်အား (၁၅)မှတ် အကွာမှ အမီ လိုက်လာကာ ချန်ပီယံဆု အတွက် ခြိမ်းခြောက် နိုင်ခဲ့သည် ကိုလည်း အမှတ်တရ ရှိနေဆဲဟု ဆိုသည်။ ထိုစဉ်က မန်ချက်စတာ ယူနိုက်တက်သည် အိုးလ်ထရက် ဖို့ဒ်တွင် ဂျာဗီးယား ဟာနန်ဒက်ဇ်၊ နီမန်ဂျာ ဗီဒစ်တို့၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီး၏ ချန်ပီယံ မျှော်လင့်ချက်အား ရိုက်ချိုး ပစ်ခဲ့သည်။

"ပြီးခဲ့တဲ့ ရာသီကတော့ သိပ်ကို ခက်ခဲခဲ့ပါတယ်။ မနှစ်က အိုးလ်ထရက် ဖို့ဒ်ကို သွားကစား ရတာ မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ ဖိစီးမှုတွေ ရှိနေခဲ့တာပါ။ ခုချိန်မှာတော့ ချယ်လ်ဆီးဟာ အကောင်းဆုံး ဘောလုံး ကစားပုံနဲ့ ရလဒ်ကောင်း တစ်ခု ရယူဖို့ ရည်ရွယ် ထားပါတယ်။ ပွဲတိုင်းကို နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စားပါမယ်။ဒါပေမဲ့ သရေဆိုတာ ဆိုးရွားတဲ့ ရလဒ် တစ်ခုတော့ မဟုတ်ပါဘူး။ ချယ်လ်ဆီးဟာ အမှတ်ပေး ဇယား ထိပ်နားမှာ ရှိနေဖို့ အရေးကြီး ပါတယ်။ ထိပ်ဆုံး အသင်းတွေနဲ့ ကွာဟချက် အရမ်းကြီး မသွားအောင် ထိန်းထားရမှာပါ။ ပြီးခဲ့တဲ့ ရာသီက ရှုံးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ အတွက် ကျွန်တော်တို့မှာ တက်ကြွ ထက်သန်မှု တွေတော့ ရှိနေပါပြီ" ဟုလည်း ၎င်းက ဆက်လက်ပြောဆို သွားသည်။

၎င်းက ချန်ပီယံ လိဂ်တွင် ခြေစွမ်း ပြနိုင်သည့် ဖာနန်ဒို တောရက်စ် သည်လည်း အသင်းအတွက် မျှော်လင့်စရာ ဖြစ်လာပြီဟု သုံးသပ်ခဲ့သည်။ "အကောင်းဆုံး ဖန်တီးမှုတွေ သူလုပ်ပြခဲ့ ပါတယ်။ ဖာနန်ဒိုက ကစားပုံ ကောင်းသလို အရေးပါတဲ့ နိုင်ပွဲတစ်ခုမှာ အဓိကကျတဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင် တာကြောင့် သူ့ရဲ့ ယုံကြည်ချက် ပိုပြီးမြင့်မား လာမှာပါ။ ဒါဟာ ချယ်လ်ဆီး အတွက် ကောင်းမွန်တဲ့ လက္ခဏာပါ။ မာတာ ဂိုးသွင်းဖို့ သူက ဖန်တီး ပေးလိုက် ကတည်းက ဖာနန်ဒိုဟာ အသင်း အတွက်ပဲ အလေးထား စဉ်းစားတယ် ဆိုတာ ကျွန်တော်တို့ အားလုံး တွေးနေမိ ပါတယ်"ဟု အိုင်ဗန် နိုဗစ်က ပြောကြားသွားသည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, September 15, 2011

ဘက်ခမ်း ရောက်မ လာဘူးလို့ မပြောနိုင် ပါဘူး


ပရီးမီးယားလိဂ်ကို တန်းတက် လာတဲ့ ကျူပီအာ နည်းပြ ဝါးနော့ခ်ဟာ အယ်လ်လေ ဂလက်ဆီမှ ဘက်ခမ်း ကို အသင်းကို ခေါ်ဖို့  ပိုင်ရှင် သစ်ဖာနန်ဒက်စ်ကို တိုက် တွန်းခဲ့ရမှာ ဖာနန်ဒက်စ် ကိုယ်တိုင် ကလည်း စိတ်ဝင်စား ခဲ့ပြီး အခုဆိုရင် ဘက်ခမ်းကို ခေါ်ယူနိုင်မယ့် နည်းလမ်း တွေတောင် စဉ်းစား စီစဉ်နေပြီလို့ ဆိုပါတယ်။ မန်ယူ လိုအသင်းကြီး တစ်သင်းမှာ ကစားလာတဲ့ ဘက်ခမ်းလို ကစားသမား မျိုးဟာ သူတို့လို အသင်း မျိုးမှာ လာကစား ဖို့ခက်ကောင်း ခက်နိုင်ပေမယ့် ဖြစ်နိုင်သမျှ ရအောင် ခေါ် သွားမယ်လို့ ဖာနန်ဒက်စ်က ကတိပေး ထားခဲ့ပါ တယ်။
ဘက်ခမ်းကို ခေါ်ယူမယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျူပီအာ နည်းပြဝါးနော့ခ်က "ပြီးခဲ့တဲ့ ၃ ပတ်လောက်က ဆိုရင် ဘက်ခမ်းကို ခေါ်မယ့်ကိစ္စဟာ ကျွန်တော့်ရဲ့ အိမ်မက်ထဲ မှာတောင် မရှိခဲ့ပါ ဘူး၊ ဒါပေမယ့် အခုတော့ ဥက္ကဋ္ဌကို ပြောကြည့်တဲ့ အခါ အဆင်ပြေခဲ့ပြီး သူကလည်းဘက်ခမ်း ကို နှစ်ခြိုက်သူ တစ်ဦးဖြစ်လို့ ဘက်ခမ်းကို ခေါ်နိုင်ခဲ့ရင် အသင်းအတွက် အကောင်းဆုံး ဖြစ်လိမ့် မယ်လို့ သူကိုယ် တိုင် ယုံကြည်နေပါတယ်၊
ဒီနေရာမှာ သူနဲ့ကျွန်တော် အတွေးချင်းလည်း တူခဲ့ပါတယ်၊ ဘာတန်ကိုခေါ်ဖို့ ကိစ္စကိုလည်း ကျွန်တော် မဖြစ်နိုင်ဘူး ထင်လို့ စိတ် ကူးထဲမှာ တောင်မရှိခဲ့ ပေမယ့် ဥက္ကဋ္ဌက ရအောင် ခေါ်ပြခဲ့လို့ အခု ဘက်ခမ်းလည်း ကျွန်တော်တို့ အသင်းကို ရောက် မလာ ဘူးလို့ ပြောလို့မရပါ ဘူး၊ ကျွန်တော်တို့ အသင်း ဥက္ကဋ္ဌဟာ အသင်း အောင်မြင်မှုရ ရေး အတွက် စိတ်အား ထက်သန် နေတာကို တွေ့လိုက်ရလို့ ကျွန်တော်လည်း ကျေနပ်မိပါတယ်၊ အခု ဘက်ခမ်းကိစ္စဆိုရင် သူကိုယ်တိုင် က တက်တက် ကြွကြွ လုပ်ဆောင် နေလို့ အားရစရာ ကောင်းပါတယ်" လို့ ဆိုလိုက် ပါတယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Gtalk ကိုဒီအတိုင်း သုံးနေမဲ့အစား ဒီလိုမြန်မြန်ဆန်ဆန်ဖြစ်အောင် သုံးမယ်ဆိုရင်ကော



၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

blog ကကူးပြီး forward ပို့လိုက်တဲ့မေးလ်ထဲကနေ ထပ်ဆင့်မျှဝေလိုက်ပါတယ်။



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, September 13, 2011

ဆွာရက်ဇ်သည် လီဗာပူးလ်၏ ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာမည်ဟု ဂျရတ် ဟောကိန်းထုတ်

ဒဏ်ရာကြောင့် အနား ယူနေရပြီးမှ ယခုအခါ အသင်းနှင့်အတူ အင်ပြည့်အားပြည့် လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေသည့် အသင်း ခေါင်းဆောင်က လီဗာပူးလ် တိုက်စစ်တွင် အထူး ခြေစွမ်း ပြနေသည့် ဆွာရက်ဇ်၏ အနေ အထားကို အားရ ကျေနပ်လျက် ရှိသည်။ လီဗာပူးလ်သည် စနေနေ့က စတုတ်ခ် စီးတီးကို (၁-၀)ဖြင့် အရေး နိမ့်ခဲ့ သော်လည်း ဆွာရက်ဇ်သည် တစ်ဖက်အသင်း ခံစစ်ကြောင်းကို တောက်လျှောက် ဖိအားပေး ခြိမ်းခြောက် သွားနိုင်ခဲ့သည်။ ဂျရတ်က အသက် (၂၄)နှစ်ရှိ တိုက်စစ်မှူး အနေနှင့် အဆိုပါ ခြေစွမ်းကို ထိန်းထား နိုင်ပါက မာဆေး ဆိုက်ဒ်တွင် ၎င်း၏ အမည်ကို ဂန္တ၀င် တွင်အောင် ရေးထိုး နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။


ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် ဆွာရက်ဇ်

"ဆွာရက်ဇ်ဟာ လီဗာပူးလ် ဂန္တ၀င် တစ်ယောက် ဖြစ်မလာဘူး ဆိုတဲ့ အကြောင်းရင်းမျိုး ကျွန်တော် ရှာမတွေ့ဘူး။ သူဟာ ငယ်ရွယ် သေးတာကြောင့် ခုထက်ကို ခြေစွမ်း တက်လာဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေ အတွက် တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ဖြစ်နေမှာပါ။ သူဟာ ပွဲစဉ်တွေ ကစားနေရင်း ပိုပြီး သင်ယူ ရင့်ကျက် လာသလို ခြေစွမ်းလည်း ကောင်းမွန် လာပါလိမ့်မယ်။ သူ့အနေနဲ့ အသင်းမှာ အချိန် အကြာကြီး ဆက်ကစား နေမယ်ဆို လီဗာပူးလ်ရဲ့ အနာဂတ်မှာ ကြီးကျယ် ခမ်းနားတဲ့ နေရာ တစ်ခုက ပါဝင်ခွင့် ရပြီး သမိုင်းတစ်ခု ရေးထိုး နိုင်မှာပါ" ဟု ဂျရတ်က အသင်းဖော် အပေါ် သုံးသပ် ချီးကျူးခဲ့သည်။

ဂျရတ်က "ဆွာရက်ဇ်ဟာ သိပ်ကို ထက်သန် တက်ကြွပြီး ဘောလုံးဦးနှောက် ကောင်းမွန်တဲ့ ကစားသမားမျိုးပါ။ သူဟာ ပွဲတွေ ကစားဖို့နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ အတွက် ဘယ်တုန်းကမှ နှောင့်နှေး နေတာမျိုး မဟုတ်ပါဘူး" ဟုလည်း ဆွာရက်ဇ်နှင့် ပတ်သက်ပြီး လီဗာပူးလ် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ မှတ်ချက်ပြု ပြောဆိုသွားသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခြေစွမ်း ပြန်ကောင်း လာခြင်းမှာ ရော်နယ်လ်ဒိုနှင့် အိုဇေးလ်တို့၏ ထောက်ပံမှုကြောင့်ဟု ဘန်ဇီးမားဆို

Share |

မိမိ၏ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိ လာမှုတွင် သူငယ်ချင်းများ ဖြစ်သော ခရစ္စ တီယာနို ရော်နယ်လ်ဒိုနှင့် မီဆွတ် အိုဇေးလ် တို့ထံမှ အထောက်အပံ့ ကောင်းများ ရရှိခဲ့ကြောင်း ကီရင်မ်ဘန် ဇီးမားက ပြောကြားလိုက်သည်။

ရီးယဲလ် မက်ဒရစ် အသင်း၏ ပြင်သစ် တိုက်စစ်မှူးသည် ဘာနေဗျူး ကွင်းကြီးတွင် နှစ်ရာသီကြာ ရုန်းကန်ရသော ကာလများကို ဖြတ်သန်းပြီးနောက် ယခုအခါ နည်းပြ ဟိုဆေး မော်ရင်ဟို၏  ယုံကြည်မှုကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ ရီးယဲလ် အသင်းသည် ပြီးခဲ့သည့် သီတင်းပတ် ကုန်က စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲတွင် ဂီတာဖေးကို (၄-၂)ဖြင့် အနိုင် ယူခဲ့ရာ ဘန်ဇီးမားသည် ဂွန်ဇာလို ဟီဂူ အင်းအစား ပွဲထွက် တိုက်စစ်မှူး နေရာကို ရယူ နိုင်ခဲ့သလို (၂)ဂိုး သွင်းပေးခဲ့သည်။

ပုံမှန် ခြေစွမ်း ပြန်လည် ရလာသည့် ဘန်ဇီးမား

ဘန်ဇီးမားသည် နွေရာသီ လေ့ကျင့်မှု အစီအစဉ် များအတွင်း ကိုယ် အလေးချိန်ကို လျှော့ချ လိုက်နိုင်သလို ပိုမို ကျစ်လစ်ပြီး မြန်နှုန်း မြင့်မားသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ အိုလံပစ် လိုင်ယွန်မှ ရီးယဲလ်သို့ ယူရိုသန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘန်ဇီးမားက အသင်းဖော် တိုက်စစ်သမား နှစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် မိမိ၏ တစ်ကျော့ပြန် ခြေစွမ်းကို  ထွန်းတောက် လာစေကြောင်း AS သို့ ပြောဆိုသွားသည်။ "ကျွန်တော်တို့ သုံးယောက်က ကွင်းပြင်မှာလည်း သူငယ်ချင်း တွေပါ။ ကွင်းထဲမှာလည်း အပြန်အလှန် ကူညီကြ ပါတယ်။ ခရစ္စ တီယာနိုရော၊ မီဆွတ်ပါ  ကစားသမား ကောင်းတွေ ဖြစ်ကြပြီး ကျွန်တော့်အတွက် ဖန်တီးမှု ကောင်းတွေ လုပ်ဆောင် ပေးပါတယ်။ သူတို့နဲ့ တွဲကစားရင်း လျင်လျင်မြန်မြန် တိုက်စစ် ဆင်နိုင်တာကို ကျွန်တော် သဘောကျ ပါတယ်" ဟု ဘန်ဇီးမားက ပြောကြားခဲ့သည်။

ရီးယဲလ်တွင် အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်းနှင့် ယှဉ်ပြိုင်ရမည် ကိုလည်း မစိုးရိမ်ဟု ဘန်ဇီးမားက ဆိုသည်။ ဟီဂူအင်းသည် လူစားဝင်ပြီး မိနစ်ပိုင်းတွင် (၁)ဂိုးသွင်းခဲ့ သော်လည်း ဘန်ဇီးမားက နေရာတစ်ခု အတွက် ယှဉ်ပြိုင် နေရခြင်းကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ "ဒီအတွက် ဘာမှ စိုးရိမ် နေစရာ မလိုပါဘူး။ ရီးယဲလ်လို အသင်းမျိုးမှာ နေရာအတွက် ယှဉ်ပြိုင် နေရတာ သမားရိုးကျ  အခြေအနေ တစ်ခုပါ။ ဟီဂူအင်း ဂိုးသွင်းတာကို တွေ့ရတော့ ကျွန်တော် ပျော်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ ရီးယဲလ်ကို ကူညီပေးဖို့ အသင်းမှာ ရှိနေတာပါ" ဟု ဘန်ဇီးမားက ပြောဆိုသွားသည်။
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed