BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, October 8, 2011

အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု

E-mail Print

လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည် ပြုပြင်ပြောင်းလဲရေး သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။

NewGov-is-reformist-and-open-minded-Bur
စက်တင်ဘာလ ၃ ရက်နေ့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် (ဓာတ်ပုံ - AP)
“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။

“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။

သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန် ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘောမတူသောကြောင့် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို အားပေးကြောင်း ဆက်လက်ပြောသည်။

နယူးယောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။

ရပ်ဆိုင်းလိုက်သော မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့ “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည် တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နယ်စပ်မူးယစ်ဆေးဝါးကိစ္စ အိန္ဒိယ-မြန်မာ ပူးပေါင်း တိုက်ဖျက်မည်

E-mail Print


အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နယ်စပ်ဒေသ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဖော်ထုတ်ရေးအတွက် နှစ်နိုင်ငံအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မဏိပူရ်ပြည်နယ် အင်ဖားလ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး လင်းထွဋ်တို့ တမူးမြို့၌ အောက်ဆိုဘာလ ၅ ရက်နေ့က တွေ့ဆုံရာတွင် ဒေသတွင်း မူးယစ်ဆေးဝါး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့်လအတွင်းက ကလေးမြို့လေဆိပ်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသော အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ရာ အဆိုပါဆေးပြားများမှာ တဖက်နိုင်ငံနယ်စပ် မိုးရေးမြို့မှ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ မိုးရေးတွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်နေကြောင်း မြန်မာအာဏာပိုင်တို့၏ ပြောဆိုချက်ကို အိန္ဒိယဘက်မှ ငြင်းဆိုပြီး အဆိုပါ ဆေးပြားများမှာ မြန်မာနိုင်ငံတွင်း၌သာ ထုတ်လုပ်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ မြန်မာ အာဏာပိုင်များဘက်မှလည်း ပြန်လည်ငြင်းဆိုခဲ့သည်။

သို့သော် အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ် တွန်းဇံ၊ ကျီခါးဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာပြီး တမူးမြို့နယ် အနောက်ပိုင်းအထိ ပြန့်နှံ့နေကြောင်း၊ ဘိန်းစိမ်း၊ ဘိန်းမဲနှင့် ဘိန်းဖြူများကို အဆိုပါဒေသများတွင်ပင် ထုတ်လုပ်နေကြကြောင်း၊ ထိုသို့ ထုတ်လုပ်နေသူများမှာ အိန္ဒိယနိုင်ငံမှ မဏိပူရ် ခွဲထွက်ရေး ကသည်းသူပုန်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒါကို ရဲကိုရော၊ မယကကိုရော၊ ဒေသခံတပ်ရင်းကိုရော သွားသွားပြောတယ်။ သူတို့က လာကြည့်ရင်လည်း သဘောလောက်ပဲ။ အရေးယူတာကျတော့လည်း မရှိဘူး။ ကသည်းသူပုန်တွေက စစ်တပ်ကို အခွန်လိုမျိုး ပေးတော့လေ။ ၂၀၀၀ ခုနှစ်လောက်ကတည်းက စိုက်နေကြတာ။ ၂၀၀၈ နောက်ပိုင်းမှာ ပိုများလာတာ၊ အခုဆို ဧက ၅၀၀ လောက်တောင် ရှိမယ်” ဟု တွန်းဇံဒေသခံတယောက်က ပြောသည်။

ထိုဘိန်းခင်းများမှထွက်သော ဘိန်းစိမ်းများကို တရုတ်ပြည်သို့ အများဆုံးတင်ပို့၍ ကျန်ဘိန်းစိမ်းများကို အိန္ဒိယသို့ တင်ပို့ကြောင်း၊ တချို့ကိုမူ ဒေသတွင်းတွင်ပင် ဘိန်းဖြူချက်လုပ်ကြောင်း ဒေသခံများက ပြောသည်။

ဘိန်းခင်းများ စိုက်ပျိုးရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘိန်းစိမ်းခြစ်ယူခြင်းများကို ဒေသခံ ချင်းတိုင်းရင်းသားများအား အခကြေးငွေပေး၍ စေခိုင်းလျက်ရှိရာ ဒေသခံ ချင်းလူငယ်များ ဘိန်းစွဲမှုမှာလည်း တနေ့တခြား များပြားလာကြောင်း၊ ဘိန်းခြစ်သည့် အမျိုးသမီးများသည်ပင် ဘိန်းစွဲနေကြကြောင်း၊ ငွေဖြစ်လွယ်မှုကြောင့် ယခုအခါ ချင်းတိုင်းရင်းသားများ ကိုယ်တိုင်ပင် ဘိန်းစိုက်ပျိုးနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဘိန်းခင်းထဲမှာ အလုပ်လုပ်ရင်းက အလိုလိုနဲ့ ဘိန်းစွဲကုန်ကြတာ။ လူငယ်အားလုံးလိုလိုက ဘိန်းရှူနေကြတာ တွေ့ရတယ်။ တချို့ တတ်နိုင်တဲ့မိဘက ဒီလို မဖြစ်စေချင်လို့ မလေးရှားပို့၊ ရန်ကုန်ကို ပို့ပေါ့။ ဒေသခံလူကြီးတွေကလည်း ကြာရင် ပိုဆိုးလာမှာ စိုးရိမ်နေကြတယ်” ဟု တွန်းဇံ ဒေသခံက ပြောသည်။

ဘိန်းစိုက်ခင်းများမှ ဘိန်းစိမ်း တပိဿာလျှင် ကျပ်ငွေ ၆ သိန်း ကောက်ဈေးဖြင့် ကသည်းလူမျိုးများက ၀ယ်ယူကြောင်း၊ ထိုမှ ဘိန်းမည်း တပိဿာလျှင် ကျပ်ငွေ ၁၆ သိန်းဖြင့် တရုတ်၊ အိန္ဒိယဘိန်းကုန်သည်များထံ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

အဆိုပါ အိန္ဒိယဘက်မှ ကသည်းလူမျိုးများသည် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များကို ကျပ် ၂ သိန်းမှ ၁၀ သိန်းအထိ လာဘ်ထိုး၍ စစ်ကိုင်းတိုင်း တမူး၊ ကလေးအပါအ၀င် တွန်းဇံ၊ ကျီခါးနှင့် ကဘော်ချို့ဝှမ်းတ၀ိုက်တွင် နေထိုင်ခွင့် ရယူထားသည့်အပြင် တချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်များပင် ရရှိထားကြောင်း၊ တချို့မှာ မန္တလေးကဲ့သို့သော မြို့ကြီးများအထိ သွားရောက်နေထိုင်ကြပြီး နေအိမ်ခြံဝင်းများ ၀ယ်ယူထားကြသည်ဟု ဒေသခံများက ဆိုသည်။

မြန်မာအာဏာပိုင်များက နိုင်ငံတွင်းတွင် အိန္ဒိယခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိကြောင်း၊ အိန္ဒိယဘက်ခြမ်း မဏိပူရ်နယ်စပ်ရှိ မူလ်ချမ်ဒေသတွင်သာ အိန္ဒိယနိုင်ငံသားများက ဘိန်းစိုက်ပျိုး ထုတ်လုပ်နေပြီး အိန္ဒိယအာဏာပိုင်များလည်း ပါဝင်ပတ်သက်နေကြောင်း ပြောဆိုမှုများ ရှိသည်။

အိန္ဒိယအာဏာပိုင်များကမူ မူလ်ချမ်ဒေသတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည်ဆိုပါက နေရာအတိအကျ ညွှန်ပြရန်နှင့် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်၍ အကြောင်းကြားရန် မြန်မာအာဏာပိုင်တို့အား ပြောဆိုခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်၊ မဏိပူရ်နယ်စပ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် အိန္ဒိယနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှုများ မကြာခဏ ဖြစ်လေ့ရှိသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, October 7, 2011

Wi-Fiအသစ်ဖြစ်လာမယ့် Li-Fi

တစ်နေရာနဲ့ တစ်နေရာ ချိတ် ဆက်ဆောင်ရွက်ဖို့ နည်း လမ်းတွေကို ကြိုးစားရှာဖွေခဲ့ကြတယ်။ ကြိုးစား တီထွင်နိုင်သ လောက် အောင်မြင်မှုတွေ ရခဲ့ကြပါတယ်။ ကြိုးမဲ့စနစ်ကွန်ရက်တွေ ချိတ်ဆက်ဖို့ Wi-Fi စနစ်ကို အသုံးပြု ခဲ့ကြတာ အလွန်အဆင်ပြေကြပါတယ်။ ဒါပေမဲ့လည်း အထစ်အငေါ့မရှိ မြန်ဆန် သွက်လက်မှု ပိုပြီးခံစားခွင့်ရစေဖို့ ဆက်ကြိုးစားခဲ့ကြတယ်။
အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ကို ကြည့်ရတဲ့အခါ စိတ်အနှောင့် အယှက် ဖြစ်စေတယ်။ ဒါပေမဲ့လည်း ဒီမှိတ်တုတ်မှိတ်တုတ် အလင်း ရောင်ကို အကျိုးရှိရှိအသုံးပြုနိုင်မှာကို တွေ့ရှိခဲ့ကြရတယ်။ သတင်း အချက်အလက်တွေကို ကြိုးမဲ့ပုံစံနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ အသုံးချနိုင်မယ့် Visible Light Communication (VLC) ဆိုတာကို အောင် မြင်စွာတီထွင်ခဲ့ကြပါပြီ။ တစ်ချိန်က မှန်တို့မီးတို့ကို အသုံးချပြီး အချက် ပြလုပ်ကိုင်ခဲ့တဲ့ အခြေခံသဘောတရားကို အရယူပြီး ဖန်တီးနိုင်ခဲ့ကြ တာ ဖြစ်တယ်။
ဗြိတိန်နိုင်ငံ အီဒင်ဘတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ် တဲ့ Harald Itass က နည်းပညာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မကြာ သေးခင်က သရုပ်ပြမိတ်ဆက်ဖူးတယ်။ ဒီနည်းပညာရဲ့ နှလုံး သည်းပွတ်က့ high-brightness Light-emitting diodes ရဲ့ မျိုး ဆက်တစ်ခုဖြစ်ကြောင်းလည်း ညွှန်းဆိုသွားခဲ့တယ်။ လက်ခံ သုံးစွဲတဲ့ နည်းစနစ်ကလည်း ရိုးရှင်းလှပါတယ်။ LED မီးလေး ပွင့်တဲ့အခါ "1" လို့ သတ်မှတ်ပြီး ပိတ်တဲ့အခါ "O"လို့ သတ် မှတ်ခဲ့တယ်။ အဖွင့်အပိတ်ကို အဆက်မပြတ်လုပ်ရင်း Data တွေကို ထုတ်လွှတ်နိုင်သလို လက်ခံဆောင်ရွက်နိုင်တာ မျိုး ဖြစ်လာစေခဲ့တယ်။ "1s" တွေ "Os" တွေ အတွဲလိုက် ခွဲခြားလုပ်ပေးဖို့ LEDsမီးသီးတွေနဲ့ မှိတ်တုတ်မှိတ်တုတ်နှုန်းထားကို ပြောင်းလဲမြင်စေရင်း Dataတွေကို encode လုပ်ယူစေပါတယ်။ ဒီလို Data ပို့လွှတ်မှုတွေလုပ်နေတဲ့LEDရဲ့ intensity ကို လူသားတွေရဲ့မျက်စိမှာ မသိသာနိုင်တဲ့ မြန်ဆန်မှုနှုန်းထားရှိဖို့ လိုပါတယ်။
အင်မတန် ဆန်း သစ်တဲ့နည်းပရိယာယ်တွေကULC Data rates ကို အံ့ဩလောက် စရာ ကောင်းလောက်အောင် တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့ကြတယ်။ ပိုပြီး အဆင် ပြေချောမွေ့ သွားတာက အီဒင်ဘတ် တက္ကသိုလ်အဖွဲ့နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်အဖွဲ တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြ လို့ပဲဖြစ်တယ်။ LEDsမီးရောင်ပေါ်မှာ မတူညီတဲ့ Data တွေ အပြိုင် စီးဆင်းနိုင်ဖို့ စမ်းသပ်လုပ်ကိုင်ခဲ့ကြသလို အနီ၊ အစိမ်း၊ အပြာရောင် LEDsတွေရော နှောသမပြီးData Channel တွေ ခွဲထုတ်ယူပြီး စမ်းသပ်ခဲ့တာ မျိုးလည်း လုပ်ကိုင်ခဲ့ကြတယ်။LEDမီးရောင်နဲ့ သတင်းပို့လွှတ် လက်ခံယူ တာ ဖြစ်တဲ့အတွက် ဒီချိတ်ဆက်မှုစနစ်ကို Li-Fi လို့ခေါ်ဆိုလိုက်ကြတယ်။ လုပ်ငန်းတွင်ကျယ်မှုအနေနဲ့ ကြည့်မယ်ဆိုရငWi-Fiထက် Li-Fiက သာတာကိုလည်း စမ်းသပ်တွေ့ရှိခဲ့ကြတယ်။ ဂျာမဏီနိုင်ငံ ဘာလင်မြို့ကHeinrich Hentz Institute က သုတေသနပညာရှင်တွေကလည်းStandard White-Light LED ကိုအသုံးချပြီး တစ်စက္ကန့်မှာ 500 megabytes နှုန်းနဲ့ Dataတွေ ကို ပို့လွှတ်နိုင်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။ အတည်ပြုချက်တွေ ရှိခဲ့ပြီးဖြစ်တဲ့အတွက် Haas က ၂၀၁၂ ခုနှစ်အတွင်းမှာ VLC Transmitter တွေ စတင်ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမဲ့လည်း ၂၀ဝ၉ ခုနှစ်က Looming Spectrum Crisis နဲ့ပတ်သက် ပြီး သတိပေးချက်ရှိထားတဲ့အတွက် ပြဿနာဖြေရှင်းနိုင်ဖို့ နည်း လမ်းရှာနေကြရတယ်။Data ပို့လွှတ်မှု မြန်ဆန်သွက်လက် ချော မွေ့ဖို့ လိုလားတောင့်တနေသူများအတွက်တော့ Li-Fi စနစ်က အကောင်းဆုံးဖြစ်နေစေတယ်။
ဒါ့အပြင် အသုံးပြုခနှုန်းထားနဲ့ ကုန် ကျစရိတ်များကWi-Fi စနစ်ထက် များစွာသက်သာနေတာကိုလည်း လေ့လာတွေ့ရှိကြရတယ်။ သုတေသနပညာရှင်များရဲ့အဆိုအရ Wi-Fi စနစ်ထက်Li-Fiက ၁၀ ဆ သက်သာမယ်လို့ သိရတယ်။ နောက်အားသာချက်တွေက လေယာဉ်ပေါ်မှာWi-Fi လို တားမြစ်ပိတ် ပင်စရာ မလိုတော့ပေ။ ဆေးရုံသုံးပစ္စည်းကိရိယာတွေမှာWi-Fiစနစ် ကို အသုံးမပြုဖို့တားမြစ်ထားတဲ့အချက်ကို Li-Fi က ကျော်လွှားသွားနိုင်မယ်။ ရေအောက်ကိစ္စတွေမှာလည်း အသုံးချသွားနိုင်စေမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖျက်သိမ်းခံ ဘတ်(စ်)ကား ပိုင်ရှင်များ ယာဉ်သစ် အတွက် အရစ်ကျ ဝယ်ယူရန် လိုလား

နိုင်ငံတော် အစိုးရ၏ အစီ အစဉ်အရ ဖျက်သိမ်း ခံရသော စစ်ကျန် ဘတ်(စ်)ကား ပိုင်ရှင်များ သည် ယာဉ်သစ်များ ပြန်လည်ဝယ် ယူ ထူထောင်ရန် အတွက် မ.ထ.သ (မြို့တွင်း)မှဖြစ်စေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှဖြစ်စေ ထောက်ပံ့ကူညီမှုဖြင့် ယာဉ်သစ်များ အရစ်ကျ ဝယ်ယူနိုင်ရန် လို လားလျက်ရှိကြောင်း မ.ထ.သ(မြို့တွင်း) ရုံးတွင် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပသည့် ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံ ပွဲတွင် တက် ရောက်လာသော ဘတ်စ်ကားပိုင် ရှင်များက ပြောသည်။
“ဒီအစည်းအဝေးကို မျှော်လင့်ချက်နဲ့ လာတာ။ မထသ အနေနဲ့ ကျွန်တော်တို့ကို ဘာလုပ်ပေးနိုင် မလဲပေါ့။ သူတို့မှအကူအညီမပေး နိုင်ရင်တော့ ဘတ်စ်ကား (ဗိုက်ပူ) ပိုင်ရှင်တော်တော်များများက ကား သစ်မဝယ်နိုင်ဘဲ လမ်းဘေးရောက် တော့မှာ”ဟု ၃၁ ဘတ်စ်ကားလိုင်း တွင် ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
မ.ထ.သ (မြို့တွင်း) အနေဖြင့် ဖျက်သိမ်းခံ စစ်ကျန်ဘတ်စ်ကား ပိုင်ရှင်များအား ယာဉ်သစ်ပြန်လည် ဝယ်ယူနိုင်ရန်အတွက် အရစ်ကျ ငွေ ကြေးပေးချေမှုစနစ်ပေးနိုင်ရန် မိမိ တို့ဘက်မှ ငွေကြေး အခက်အခဲရှိ ကြောင်း၊ ၄င်းကိစ္စများကို တိုင်း ဒေသကြီးအစိုးရကသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း မ.ထ.သ (မြို့တွင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီကိစ္စကို တိုင်းဒေသကြီး အစိုးရက မေးလာရင်တော့ တင်ပြ ပေးပါမယ်။ ကျွန်တော်တို့ဘက်က စပြီးတင်ပြဖို့တော့ အစီအစဉ်မရှိ ပါဘူး”ဟု အဆိုပါပုဂ္ဂိုလ်က ပြော သည်။ စစ်ကျန်ဘတ်စ်ကား ပိုင်ရှင် များအနက် အချို့မှာပင်စင်စားများ ဖြစ်ပြီး မိမိတို့စုဆောင်းထားသည့် ငွေကြေးအနည်းငယ်ဖြင့် ထူထောင် ခြင်းဖြစ်ကြောင်း၊ ယခုအခါ မ.ထ.သ (မြို့တွင်း) ၏ အဆိုအရ ပြန်လည် တင်သွင်းရမည့် ကား၏ တန်ဖိုးသည် သိန်း ၁၈၀ ရှိနေသဖြင့် ငွေကြေးအရ မည်သို့မျှမတက်နိုင်ဖြစ်နေရကြောင်း၊ သက်ဆိုင်ရာမှ အရစ်ကျ ငွေချေစနစ်ဖြင့် ခွင့်ပြုမှသာ ပြန်လည်ထူထောင်နိုင်မည် ဖြစ် ကြောင်း ယာဉ်လိုင်းပြေးဆွဲနေ သော စစ်ကျန် ဘတ်စ် ကားပိုင်ရှင် ဦးအုန်းကျော်က ပြောသည်။
လက်ရှိတွင် မ.ထ.သ (မြို့ တွင်း) ၏ ကွပ်ကဲမှုအောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်းများ တွင် စ၊ ဆ၊ ဇ အက္ခရာရှိ အနှစ် ၄၀ ကျော်သက်တမ်းရှိ စစ်ကျန် ဘတ်စ် ၃၄၄ စီး၊ BM ၂၈ စီး ရိန်းဂျား ၃ စီးနှင့် ဒိုင်နာ ၇ စီး စုစုပေါင်း ၃၈၂ စီးရှိပြီး ကညန သို့ဖျက်သိမ်းရန် စာရင်းသွင်းပြီး ယာဉ်အစီး ၁၀ဝ ရှိပြီးဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း ထားပါက ဥပဒေ ကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေ များသို့ ဦးတည် သွားမည်

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း လိုက်ပြီ ဆိုသော သတင်းနှင့် ပတ်သက်ပြီး တရုတ် အစိုးရ သတင်းဌာန ဆင်ဟွာ က တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ထားသည် ဆိုခြင်းမှာ တည်ဆောက် မှုများ ရပ်ဆိုင်း သည်ဟု ဆိုလိုပါက ဥပဒေ ကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွား မည်ဖြစ်ကြောင်း ဖြေကြား သွားခဲ့သည်။
ရပ်ဆိုင်းမည် ဆိုသော သတင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်သွယ် အကြောင်းကြား ခဲ့ခြင်း မရှိကြောင်း၊ အထူးပင် အံ့အား သင့်မိကြောင်း လူကျိရှိုက ပြောကြား သွားခဲ့သည်။
အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်းရပ်လိုက်ပါက မည်သို့ဖြစ်လာ နိုင်သည် ဆိုခြင်းကို မေးမြန်းရာတွင် လူကျိရှို က မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေ သဘောတူညီ ချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့် အနေဖြင့် မြန်မာအစိုးရဘက်က မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသော ရှယ်ယာ များဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ် ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံ စီမံကိန်းရပ် လိုက်ပါက ချေးငွေ သဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက် နိုင်ကြောင်း သတိပေး ခဲ့သည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး ဆည်ဧရိယာတွင် နေရာ ရွှေ့ပြောင်းမှုများ မှာ ပြီးစီးပြီဖြစ်သည်ဟု လျူက ဆိုသည်။ပြင်ဆင်မှုများဖြစ်သော လမ်း တည်ဆောက်မှု၊ သောက်သုံးရေ ထောက်ပံ့မှု၊ လျှပ်စစ်ထောက်ပံ့မှု၊ ဆက်သွယ်ရေးနှင့် မြေနေရာညှိခြင်းများ အပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊ ဆီသိုလှောင်ရုံတို့မှာ ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန် နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟု သတင်းများ ထွက် ပေါ်နေသည့် အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ် ၁၀၀ကျော်ခံမည်ဖြစ်သောကြောင့် မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး ၀လွှဲပေးသော အခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ အကျိုးအမြတ်ရှိမည်မှာလည်း ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်အ ကြောင်းကို ပြောသွားခဲ့သည်။
တည်ဆောက်ရေး အမြင့်ဆုံး ရောက်သည့် အချိန်တွင် လုပ်သား လေးသောင်းမျလိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင် အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထား နိုင်ပြီဖြစ် ကြောင်းလည်း ပြောကြားသွားခဲ့သည်။
ဆည်တည်ဆောက်မှုကြောင့် ရေကြီးမှုနှင့် ငလျင်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မှုအပေါ်အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့ရာတွင် အနှစ် ၁၀၀ ကျော် ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ကာလအတွင်း ဆည်တည်ဆောက်မှုကြောင့် ရေလွှမ်းခြင်း၊ငလျင်လှုပ်ခြင်း မရှိခဲ့ဟု လူကျိရှိုက ဆိုသည်။ သို့ရာတွင် ဆည်ကျိုးသောကြောင့် ရေလွှမ်းနိုင်ခြင်းနှင့် ငလျင်လှုပ်ချိန် ဆည်ကျိုးပါက ဖြစ်လာနိုင်ချေကိုမူ ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီ ရဲ့

 
 
ကွင်းတွင်း ကွင်းပြင် ကိစ္စအချို့မှာ လူဆိုး လူရမ်းကား တစ်ဦးအဖြစ် ရှုမြင်ခြင်း ခံထားရ ပေမယ့် မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီ ဟာ ချစ်သူနဲ့ ပတ်သက်ရင်တော့ သိမ်မွေ့နူးညံ့ သူတစ်ဦးဖြစ် သလို ရက်ရော သဘောကောင်း သူတစ်ဦးဖြစ် တယ်ဆိုတာ ပြသ သွားခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒီအသက် ၂၁ နှစ်အရွယ် ချစ်သူဖြစ် တဲ့ ရာဖယ်လာဖီကိုတို့ဟာ မန်ချက်စတာ မြို့ထဲကို ဈေးဝယ်ထွက် လည်ပတ်ခဲ့ကြရာမှာ ရာဖယ် လာကြောင့် ဘာလော့တယ်လီ တစ်ယောက် အကုန်အကျ များခဲ့ရပါ တယ်။ မော်ဒယ် တစ်ဦးဖြစ်တဲ့ ရာဖယ်လာ အနှစ် သက်ဆုံး အမှတ်တံဆိပ် အသုံး အဆောင် ပစ္စည်း တွေဟာ တန်ဖိုး ကြီး Christian Dior တံဆိပ်တွေဖြစ်ကြတာမို့ မနည်း မနော ကုန်ကျ သွားခဲ့ပေမယ့် ဘာလော့တယ် လီကတော့ တစ်ချက် ကလေးမှ အပြုံး မပျက်ခဲ့ဘဲ ချစ်သူ အလိုကို ဖြည့်ဆည်း ပေးခဲ့ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

စီရော်နာဒိုရဲ့ အသည်း ကျော်တစ်ဦး

တစ်ချိန်က စီရော်နာဒိုရဲ့ အသည်း ကျော်တစ်ဦး ဖြစ်ခွင့်ရ ခဲ့တဲ့ အဆက် ဟောင်း နာရီဒါဂယ်လာဒိုက ဒီ ပေါ်တူဂီ တိုက်စစ်မှူးနဲ့  ပတ်သက်ပြီး ရုပ်/သံ အင်တာဗျူး တစ်ရပ်မှာ ပယ် ပယ်နယ်နယ် ဝေဖန်သွား ခဲ့ပါတယ်။ သူမအဆိုအရ စီရော်နာဒိုဟာ ဥာဏ်ရည် ထက်မြက်သူ တစ်ဦးမဟုတ် သလို မောက်မာ လွန်းတဲ့ သဘော ထားကြောင့် ဘောလုံး ကစားသမား သာဖြစ်မလာခဲ့ ဘူးဆိုရင် အခြားသော အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိနိုင်စရာ အကြောင်းရှိသူ မဟုတ်ဘူး လို့ ဝေဖန် ထား ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed