BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, October 29, 2011

ဖေဖော်ဝါရီ မတိုင်မီ အခမဲ့ရုပ်သံလိုင်း တစ်ခု ထုတ်လွှင့်မည်

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ၏ ၇ဝ ရာခိုင်နှုန်းကို လွှမ်းခြုံ ၍ ရုပ်/သံ ထုတ်လွှင့် နေသည့် Forever Group ကုမ္ပဏီသည် လာမည့် ဖေဖော်ဝါရီလ မတိုင်မီ Channel - 7 အခမဲ့ ရုပ်သံလိုင်း တစ်ခု ထပ်မံ ထုတ်လွှင့်သွားရန် ရှိကြောင်း အဆိုပါ Forever Group ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးဝင်းမော်က The Voice Weekly သို့ ပြောကြားသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း CCTV နှင့် မြန်မာနိုင်ငံမှ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးတွဲ လုပ်ကိုင်နေသော Forever Group ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း CCTV ရုပ်သံလိုင်း တိုက်ရိုက် စတင် ထုတ်လွှင့်သည့် အခမ်းအနားအပြီး The Voice Weekly က မေးမြန်းစဉ် ၄င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
" Channel 7 က အခမဲ့ ရုပ်သံလိုင်းပါ။ အသက် ၄၅ နှစ်အောက်တွေ ကြည့်ဖို့ အဓိက ရည်ရွယ်ထားပါတယ် " ဟု ဦးဝင်းမော်က ရှင်းပြသည်။
Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လူကြည့်များသော အခမဲ့ ရုပ်သံလိုင်း MRTV-4 ကို ထုတ်လွှင့်လျှက် ရှိပြီး ၂၀ဝ၅ ခုနှစ်၌ ဒစ်ဂျစ်တယ် နည်းပညာဖြင့် စတင် ထုတ်လွှင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းပေါင်း ၅ဝ ကျော်ကို ယခုအခါ ထုတ်လွင့်လျှက် ရှိသည်။
" ရိုးရိုး ရုပ်သံလိုင်းပါ။ သတင်းသီးသန့် လိုင်းတော့ မဟုတ်ပါဘူး " ဟု ဦးဝင်းမော်က ဆိုသည်။
အောက်တိုဘာ ၂ရ ရက်နေ့မှ စတင်၍ Forever Group ကုမ္ပဏီထံမှ ဝယ်ယူထားသူများသည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း၏ ချယ်နယ် ၃ ခုကို အခမဲ့ ဖမ်းယူရရှိလျှက် ရှိသည်။
Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀ဝ၄ ခုနှစ်မှ စတင်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခပေး ရုပ်သံလိုင်းများ စတင် ထုတ်လွှင့်ခဲ့ပြီး ယခုအခါ သက်တမ်း
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရော်နယ်လ်ဒိုအား ပေါင် သန်း၁၅၀ဖြင့် မန်စီးတီးသို့ ရောင်းချမည့် ရီးယဲလ် မက်ဒရစ်

စပိန်ကလပ် ရီးယဲလ် မက်ဒရစ် အသင်းသည် ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုအား မန်ချက်စတာ စီးတီး အသင်းထံသို့ ပေါင် သန်း၁၅၀ဖြင့် ရောင်းချရန် လိုလားလျှက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မန်ချက်စတာ စီးတီး အသင်း တာဝန်ရှိသူများက ရော်နယ်လ်ဒိုအား ခေါ်ယူရန်မှာ မဖြစ်နိုင်ကြောင်း ငြင်းဆန်မှုများ ရှိခဲ့သော်လည်း စပိန် သတင်းဌာန များက မန်စီးတီး အသင်းသည် ယခင် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်သူအား ခေါ်ယူနိုင်ရေး ရီးယဲလ် အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့ကြသည်။
ရီးယဲလ် အသင်းက တောင်းဆိုသည့် ပြောင်းရွှေ့ကြေးသည် မန်စီးတီး အသင်းပိုင်ရှင် ဘီလျှံနာများ အတွက် ရှုံ့မဲ့သွားစေနိုင်သည့် ပမာဏ ဖြစ်ပြီး အကယ်၍သာ အပြောင်းအရွှေ့ အထမြောက် ခဲ့ပါက အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ယခင် အိုးထရက်ဖို့ဒ် ကလပ်တွင် ကစားခဲ့ဖူးသူ ဖြစ်ကာ ကားလို့စ် တီဗက်ဇ်၏ လုပ်ရပ်ကြောင့် စိတ်ပျက်နေသည့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်များ အတွက် နောက်ထပ် စိတ်ပျက်စရာ သတင်းတစ်ပုဒ် ဖြစ်လာမည် ဖြစ်သည်။ပြောင်းရွှေ့ကြေး ပေါင်း သန်း၁၅၀မှာ လက်ရှိ ရော်နယ်လ်ဒို တင်ထားသည့် အပြောင်းအရွှေ့ စံချိန်ထက် နှစ်ဆနီးပါး မြင့်မားလျှက် ရှိနေသကဲ့သို့ပင် ၎င်းအနေဖြင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့မည် ဆိုပါက တစ်ပတ် ပေါင် ၃သိန်းအထိ တောင်းဆိုဖွယ် ရှိကြောင်း သိရသည်။ ထို့ကြောင့် ၎င်းအား ၅နှစ်စာချုပ်ဖြင့် ခေါ်ယူမည် ဆိုပါက မန်စီးတီး အသင်းအတွက် စုစုပေါင်း ပေါင် ၂၂၈သန်းအထိ အသုံးပြုရဖွယ် ရှိနေသည်။ရော်နယ်လ်ဒိုသည် လက်ရှိ လာလီဂါ ပြိုင်ပွဲများတွင် ဂိုးသွင်းစွမ်းရည် ပြသနေသည့် ကစားသမား ဖြစ်ကာ ဥရောပ ဂိုးသွင်း အများဆုံး ကစားသမား ဆုအား ရရှိရန် အလားအလာ ကောင်းနေသူလည်း ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဆီမီးပွဲစဉ်တွင် အသင်းနည်းပြ မော်ရင်ဟို၏ ကစားကွက် နည်းစနစ်များအား ဝေဖန်ခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုနှင့် အဆင်မပြေ ဖြစ်နေသည့် သူလည်း ဖြစ်သည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, October 28, 2011

အန်တွန်ဖာဒီနန်ရဲ့စကားတစ်ခွန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီအတွက် ဘာတွေ ဖြစ်လာဦးမလဲ


Translated by : ယုန်လေး    2011-10-28 11:46:29  

 အန်တွန်ဖာဒီနန်ရဲ့စကားတစ်ခွန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီအတွက် ဘာတွေ ဖြစ်လာဦးမလဲ

အန်တွန်ဖာဒီနန်ရဲ့စကားတစ်ခွန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီအတွက် ဘာတွေ ဖြစ်လာဦးမလဲ

အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေး ခွဲခြား ပြောဆိုမှု ရှိသည်ဆိုသည့် စွပ်စွဲချက်အား ကျူပီအာ နောက်ခံ ကစားသမား ဖြစ်သူ အန်တွန်ဖာဒီနန်မှ ယနေ့တွင် အက်ဖ်အေသို့ အထောက်အထားနှင့် တကွ တင်ပြရမည် ဖြစ်ပြီး သူ၏ ထွက်ဆိုချက်ကြောင့် ပြစ်မှု ထင်ရှားပါက အင်္ဂလန်နှင့် ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ရဖွယ် ရှိနေခဲ့သည်ဟု ဆန်းသတင်းစာက ရေးသားခဲ့သည်။

ဆန်းစပေါ့နှင့် ရုတ်တရတ် အင်တာဗျူးတစ်ခုတွင် ကျူပီအာ နောက်ခံ ကစားသမား ဖြစ်သူ ဖာဒီနန်၏ ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော စော်ကားမှုတွင် အင်္ဂလန်နှင့် ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပါဝင်ပတ်သတ်နေမှုနှင့် ပတ်သတ်ပြီး စကားတစ်ချို့ ပြောပြသွားခဲ့သည်။





ဖာဒီနန်မှ ""ဒီပွဲဟာ(ချဲလ်ဆီးနှင့်ပွဲ) အမှန်တကယ်ကိုပဲ အားသွန်ခွန်စိုက် ကစားခဲ့ရပါတယ်။ ဘောလုံး ကစားပွဲ ဖြစ်တာနဲ့ အညီ ကျွန်တော် စိုးရိမ်ပူပန်မှုနဲ့ အတူ ပြဿနာတွေ ဖြစ်ခဲ့ပေမယ့် ဒါဟာ အခု ဆိုရင် ပုံမှန်နေသားတကျ ဖြစ်သွားခဲ့ပါပြီ""

""ကျွန်တော်ဟာ သီတင်းပတ်တိုင်းမှာ ရှေ့ဆက် ကစားရမယ့် ပွဲစဉ်တိုင်းကိုသာ အာရုံစူးစိုက် ကစားပါတယ်။ အခုလည်း တနင်္ဂနွေနေ့ ကစားရမယ့် စပါး အသင်းနှင့် ပွဲစဉ်ကိုသာ အာရုံစိုက်ထားပါတယ်""ဟုသာ ပြောသွားခဲ့သည်။

သို့သော်လည်း အတွင်းလူ တစ်ဦးမှ အဆိုပါ သတင်းစာကို ဆက်လက် ပြောကြားရာမှာ ""ဂျွန်တယ်ရီဟာ သူပြုခဲ့တဲ့ အပြုအမူအတွက် ပေးဆပ်ရပါလိမ့်မယ်။ ဘာပြောခဲ့တယ် ဆိုတာထက် ဘာဖြစ်ခဲ့တယ် ဆိုတာကို အန်တွန် ကောင်းကောင်း မှတ်မိနေပါတယ်""ဟု ပြောသွားခဲ့သည်။

အသက် ၃၀နှစ်သား ချဲလ်ဆီးနှင့် အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် မြို့ခံ ဒါဘီယှဉ်ပြိုင်မှု ဖြစ်သော ကျူပီအာ အသင်းသို့ သွားရောက်ကစားရာတွင် ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ရပြီး အဆိုပါ ပွဲစဉ်အတွင်း ကျူပီအာ နောက်ခံလူ ဖာဒီနန်နှင့် စကားများခဲ့ပြီး လူမျိုးရေးခွဲခြားသည့် စကားဆိုခဲ့သည်ဟု စွပ်စွဲ ခံခဲ့ရခြင်းလည်း ဖြစ်သည်။

တီဗွီကင်မရာများမှ အနှေးပြကွက်ဖြင့် အဆိုပါ ကစားသမား နှစ်ဦး စိတ်ဆိုးမာန်ဆိုး စကားပြောနေခဲ့သည့် ပုံစံအား ကောက်ချက် ယူကာ တယ်ရီမှ လူမျိုးရေး ခွဲခြား ဆတ်ဆံသည့် စကားကို ဆိုခဲ့သည်ဟု စွပ်စွဲခံရကာ အက်ဖ်အေမှ ဖြေရှင်းချက် ပေးရန် တယ်ရီအား ဖြေရှင်းချက် ပေးရန်တောင်းထားပြီး ဖာဒီနန်အားလည်း သက်သေနှင့်တကွ ထွက်ဆိုရန် တောင်းဆိုမှု ပြုလုပ်ထားသည်။ တယ်ရီမှ ဖာဒီနန်အား မင်းဟာ ******black****** (***အနက်ကောင်***တစ်ကောင်)ဟု ပြောဆိုခဲ့ကြောင်း စွပ်စွဲခံရခြင်း ဖြစ်သည်။ တယ်ရီသည် ပြစ်မှု ထင်ရှားပါက ခြင်္သေ့သုံးကောင် (အင်္ဂလန်အသင်း) ကစားသမား ဘဝ ထိခိုက်သည် အထိ ပြစ်ဒဏ် ကျသွားဖွယ် ရှိသည်။ တယ်ရီမှ ရှင်းပြမှု ပြုလုပ်ရာတွင် ဒါဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဖြေရှင်းချက် ပေးထားသည်။

အဆိုပါ ပွဲစဉ်တွင် ဖာဒီနန်နှင့် တယ်ရီတို့သည် တစ်ယောက်နှင့် တစ်ယောက် အပြင်းအထန် စကားများကြစဉ် အတွင်း ဖာဒီနန်မှ ""မင်းငါ့ကို ***black*** တစ်ကောင်လို့ ခေါ်လိုက်တာလား??""လို့ အမေးကို ဂျွန်တယ်ရီမှ ""နိုး။ ငါမင်းကို ***black*** ကောင်တစ်ကောင်လို့ မခေါ်ခဲ့ဘူး""လို့ ပြန်အော်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။

ဆန်းသတင်းစာ၏ သုံးသပ်ချက်တွင် ဖာဒီနန်သည်လည်း ဂျွန်တယ်ရီအား အပြင်းအထန် ပြန်လည် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ "" အန်တွန်အတွက် ဒါဟာ အက်ဖ်အေနဲ့ ပထမဆုံး ရင်ဆိုင် ဖြေရှင်းရတဲ့ ပြဿနာ တစ်ရပ် ဖြစ်ခဲ့ပြီး အဲဒီ အဖြစ်အပျက် အတွင်း နှစ်ယောက်စလုံးဟာ စဉ်းစားချိန်တောင် ရနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အက်ဖ်အေရဲ့ မေးမြန်းစုံစမ်းမှု အပေါ်မှာ ဘယ်ကစားသမား တွေဟာ တကယ့် မျက်ဝါးထင်ထင် အဖြစ်အပျက်ကို မြင်ခဲ့ကြသလဲ ဒါမှမဟုတ် ဒီအဖြစ်အပျက်ကို အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း တွေ့မြင်တဲ့သူ ဘယ်သူ ရှိသလဲ ဆိုတဲ့ အချက်တွေ လိုအပ်ပါတယ်""ဟု သုံးသပ် ထားကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်ပြီး ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 25, 2011

UFC လက်ဝှေ့ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ ပြည်ပရောက် ရွှေမြန်မာ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျနော်တို့ သရေရလာဒ်လောက်တော့ ထိုက်တန်ခဲ့ပါတယ်။ (ပီတာဆက်ခ်ျ)

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

Written by : အောင်ဇော်လတ်(မိုးနဲ)    2011-10-25 09:30:31  

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

၂၀၁၁ ခုနှစ် Ballon d'Or ဆုအတွက် အကောင်းဆုံး ကစားသမား အယောက်(၅၀)အား ဇယာတင် ရွေးချယ်ရာတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးအထိ ပါဝင်နေကြောင်း သိရသည်။

အယောက်(၅၀)စာရင်း အတိအကျ မသိရသေးသော်လည်း ဘာစီလိုနာမှ (၉)ဦးနှင့် ရီးရဲလ်မက်ဒရစ် (၅)ဦး ပါဝင်နေကြောင်းသိရသည်။ El Mundo Deportivo ၏ဖော်ပြချက်အရ ဘာစီလိုနာမှ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပီကေး၊ ဖာဘရီဂတ်စ်၊ ပူလ်ယိုး၊ အဲလ်ဗက်၊ အဘီတယ်နှင့် ဒေးဗစ်ဗီလာတို့ ပါဝင်နေကြောင်း သိရသည်။ ဘာစီလိုနာ ကစားသမားများသည် ချန်ပီယံလိဂ် ဆုဖလားအား ဆွတ်ခူးထားနိုင်သလို၊ လာလီဂါနှင့် စပိန်စူပါဖလားကိုလည်း ဆွတ်ခူးထားကြသည်။

AS ၏ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းမှ အလွန်ဆို၊ ကားဆီးလက်စ်၊ ခီဒီရာ၊ အိုဇေးနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ပါဝင်နေကြောင်း သိရသည်။



--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်



Written by : အောင်ဇော်လတ်(မိုးနဲ)    2011-10-25 09:57:44  

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်

FIFA နှင့် France Football တို့ပူးပေါင်းပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇယာတင် (၁၀)ဦး စာရင်းနှင့် အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုကို တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့သည်။

အဆိုပါ ဇယာတင် (၁၀)ဦးမှ နောက်ဆုံးဇယာတင် ရွေးချယ်သွားရန်အတွက် အမျိုးသမီးအသင်း လက်ရွေးစင်နည်းပြများနှင့် အသင်းခေါင်းဆောင်များကို ရွေးချယ်မဲပေးသွားစေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသား အကောင်းဆုံး ဘောလုံးသမားဆု ဇကာတင်စာရင်းကိုမူ နိုဝင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ဆုများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီ(၉)ရက်နေ့၌ ဇူးရစ်မြို့တွင် ချီးမြှင့်သွားမည်ဖြစ်သလို၊ ဇကာတင် (၃)ဦး စာရင်းများအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၊ ပဲရစ်မြို့တွင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်သည်။ အမျိုးသမီးအသင်း နည်းပြ ဇယာကာတင် (၁၀)ဦး စာရင်းကိုမူ ကမ္ဘာ့အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ်ဆိုင်ရာ တိုးတက်ပြောင်းလဲရေး ကော်မတီနှင့် ကမ္ဘာ့အမျိုးသမီးဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲများက ကြီးမှူးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇကာတင် (၁၀)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။   ဆိုနီရာ ဘွမ်ပတ်စ်တာ (ပြင်သစ်)
၂။   ဂရီဖရီကတ်စ် (ဂျာမနီ)
၃။   မာတာ (ဘရာဇီး)
၎။   အယာမီယာမာ (ဂျပန်)
၅။   အက်လက်စ်မော်ဂန် (ယူအက်စ်)
၆။   နီစစ်ဘ် (ပြင်သစ်)
၇။   ဟိုမာရီဆာဝါ (ဂျပန်)
၈။   စချီလင်း (ဆွီဒင်)
၉။   ဟုပ်ဆိုလို (ယူအက်စ်)
၁၀။  ၀မ်ဘတ်ခ်ျ (ယူအက်စ်)
တို့အသီးအသီးဖြစ်ကြသည်။

အမျိုးသမီးအသင်း အကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။   ဘရူနိုဘီနီ (ပြင်သစ်/ ပြင်သစ်လက်ရွေးစင်)
၂။   လီယိုနာဒို ဆဲလ်လာ (မက္ကဆီကို/မက္ကဆီကိုလက်ရွေးစင်)
၃။   သောမတ်ဒန်နာဘီ (ဆွီဒင်/ဆွီဒင်လက်ရွေးစင်)
၎။   ပတ်ထရစ်လိုင်ရာ (ပြင်သစ်/လိုင်ယွန်)
၅။   မာရင်မိုင်းနက်ဒ် (ဂျာမနီ/ဂျာမနီ ယူ ၂၀)
၆။  ဟုပ်ပေါ်ဝဲလ် (အင်္ဂလန်/ အင်္ဂလန် လက်ရွေးစင်)
၇။  နိုရီယို ဆာဆာကီ (ဂျပန်/ ဂျပန်လက်ရွေးစင်)
၈။   တွမ်ဆာမန်နီ (သြစတေးလျ/ သြစတေးလျလက်ရွေးစင်)
၉။   ပိုင်ယာဆန်းဟိတ် (ဆွီဒင်/ယူအက်စ် လက်ရွေးစင်)
၁၀။  ဂျော်ဂျီဗီလ်ဒါ (စပိန်/ စပိန်ယူ ၁၇) 
တို့အသီးသီးဖြစ်ကြသည်။



--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed