BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, November 14, 2011

ဘက်ဟမ်းနေရာ အစားထိုးရန် လမ်းပတ်အား စိတ်ဝင်စား နေသည့် ဂလက်ဆီ

Share|
အသင်းမှ ထွက်ခွာသွားသည့် ဒေးဗစ် ဘက်ဟမ်း၏ နေရာတွင် အစားထိုးရန် အတွက် ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့်ခ် လမ်းပတ်အား လော့စ်အန်ဂျလိစ် ဂလက်ဆီက အလို ရှိနေကြောင်း သိရှိရသည်။

ဘက်ဟမ်းသည် နိုဝင်ဘာ လကုန်ပိုင်းတွင် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲဝင် ကလပ် အသင်းကို စွန့်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း ဂလက်ဆီက အသင်း၏ ပုံရိပ်ကို မြှင့်တင်နိုင်မည့် နောက်ထပ် ကစားသမားကောင်း တစ်ဦးကို အလိုရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၃၃)နှစ်ရှိ လမ်းပတ်သည် လူငယ် ကစားသမားများကို ပိုမို နေရာပေးလိုသည့် ပေါ်တူဂီသား မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် လက်ထက်တွင် အနာဂတ် မရေမရာ ဖြစ်နေသူလည်းဖြစ်သည်။ ထိုအနေအထားသည် ဂလက်ဆီ အတွက် စိတ်ဝင်စားစရာ ဖြစ်နေကြောင်းလည်း သိရှိရသည်။
ဂလက်ဆီမှ အလိုရှိနေသည့် လမ်းပတ်
အသက်(၃၆)နှစ်ရှိ ဘက်ဟမ်းသည် ပဲရစ် စိန့်ဂျာမိန်းနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများ၏ အပြိုင်အဆိုင် ချိတ်ဆက် ကြိုးပမ်းမှုကို ခံနေရသူ ဖြစ်သည်။ မေဂျာလိဂ် ကော်မရှင် အဖွဲ့ဝင် ဒွန်ဂါဘာက “ဘက်ဟမ်း ဒီမှာ လာကစားခဲ့တဲ့ အတောအတွင်း ကွင်းတွင်းကွင်းပြင် နှစ်နေရာလုံးမှာ ကျွန်တော်တို့ မျှော်လင့် ထားတာတွေကို ဖြည့်ဆည်း နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကျော်ကြားမှုကြောင့် မေဂျာလိဂ်ကို ကမ္ဘာက အာရုံစိုက်လာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ ယခုအခါ ဂလက်ဆီသည် ဘက်ဟမ်းနေရာ ဆက်ခံမည့် နေရာအတွက် အင်္ဂလန် ၀ါရင့် လမ်းပတ်ကို အလို ရှိနေပြီ ဖြစ်ကြောင်း Daily Mailက ဖော်ပြ သွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, November 13, 2011

ဘောလုံးကန်ချင်တာ အမေက ပေးမလုပ်ဘူး "စမိုင်း"

ဘောလုံးကန်ချင်တာ အမေက ပေးမလုပ်ဘူး "စမိုင်း"လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘဝက ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘဝကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။
Q. ဆယ်ကျော်သက်ဘဝ တုန်းက မက်ခဲ့တဲ့အိပ်မက်ကဘာလဲ
A. ဆယ်ကျော်သက်အရွယ်တုန်း က အမေက ကိုယ့်ကိုလေယာဉ် မယ်ဖြစ်စေချင်တာ၊ ဒါပေမဲ့ ကိုယ် ကရုပ်ရှင်မင်းသမီးပဲဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ အဘိုး၊ အဘွား တွေနဲ့ကြီးပြင်းလာပြီး သူတို့ဆီကို တစ်ချိန်လုံးရုပ်ရှင်အသိုင်းအဝိုင်းတေ ကလာတော့ ငယ်ငယ်ကတည်းက ရုပ်ရှင်မင်းသမီးဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ အဘိုးတို့ကပြောတာ ရုပ် ဆိုးလို့ဖြစ်မှာမဟုတ်ဘူးတဲ့၊ အသက် မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် တော့ ကလေးထိန်းကျောင်းဖွင့် ချင်တယ်။ ဒါပေမဲ့ ဆယ် ကျော်သက်တုန်းက အိပ်မက်ခဲ့တာ ကတော့ မင်းသမီးဖြစ်ချင်ခဲ့တာပဲ။
Q. ကလေးထိန်းကျောင်းဖွင့်ချင် တာကရောဘာလို့မလုပ်ဖြစ်တာလဲ
A.ကိုယ်က (၁၃) နှစ်သမီးက တည်းက Model စလုပ်ခဲ့တာ ဆိုတော့ အချိန်မပေးနိုင်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ဖို့အတွက် ပိုက်ဆံစုနေတယ်။
Q. ငယ်ငယ်က ကိုယ်လုပ်ချင် တဲ့အလုပ်တွေကိုစွန့်လွှတ်ခဲ့ရတာရှိ လား
A.ဒီအလုပ်ကို လုပ်ချင်လို့ပဲ ရွေးချယ်ခဲ့တာဆိုတော့ ကြီးကြီးမား မားစွန့်လွှတ်လိုက်ရတာတော့မရှိပါ ဘူး။ ငယ်ငယ်တုန်းက ယောကျာ်း လျာဆိုတော့ ဘောလုံးကန်ချင်တာ တို့ဘာတို့ကိုတော့ အမေက ပေးမ လုပ်ဘူး။
Q.မိဘတွေထိန်းချုပ်တာခံခဲ့ ရဖူးလား။
A.မိဘတွေက တောက် လျှောက်ထိန်းချုပ်ခဲ့တာပေါ့။ ဟိုမသွားရ ဒီမသွားရဆိုပြီးထိန်းချုပ် တော့စိတ်ပျက်မိတယ်။ အခုနောက် ပိုင်းကိုယ်မိဘဖြစ်မှ သူတို့ထိန်းချုပ် တာမှန်ပါလားဆိုပြီး သိလာရတယ်။
 Q. ဒီအနုပညာအလုပ်ကို ဖြစ် သင့်လို့လုပ်ခဲ့တာလား။
A.ဒီအနုပညာအလုပ်ကို ဖြစ်သင့်လို့ဆိုတာထက် ဝါသနာပါ ပြီးစိတ်ပါလို့ကို လုပ်ခဲ့တာပါ။
Q.ထိန်းချုပ်ခံရသူတွေကိုရော ဘယ်လိုအကြံပေးချင်လဲ
A.ငယ်ငယ်က အမေဘာ ပြောပြောကိုယ်ပဲအမှန်လို့ထင်ခဲ့ တာ၊ လူကြီးတွေကကြိုမြင်တယ်၊ ပိုသိတယ်။ အမေတားခဲ့တဲ့အရာ တွေက အခုထိတစ်ခုမှမမှားသေး ဘူး။ အမေ့ကြောင့်ကိုယ့်ဘဝက ဒီလောက်ထိ ဖြစ်လာတာဆိုတော့ မိဘစကားကို မလွန်ဆန်ဘဲ စိတ် ချမ်းသာအောင်ထားတာအကောင်း ဆုံးပဲ။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာ တွေကိုတော့ ညှိနှိုင်းစေချင်တယ်။ ကိုယ်တိုင်လည်းဆယ်ကျော်သက် အရွယ်မှာ အမေနဲ့ အရမ်းရန်ဖြစ်ခဲ့ ရတယ်။ နောက်ပိုင်းအမေနဲ့ သဘောတူညီမှုတွေနဲ့ညှိနှိုင်းပြီးလုပ် တော့ အဆင်ပြေသွားတယ်။
Q.ထိန်းချုပ်တဲ့မိဘတွေကို ရော ဘယ်လိုအကြံပေးချင်လဲ။
A.ထိန်းချုပ်တယ်ဆိုတဲ့ စကားလုံးကို လုံးဝမကြိုက်ဘူး။ Guide လုပ်တယ်ဆိုတာပဲဖြစ်စေ ချင်တယ်။ ဒါကိုလုပ်သင့်တယ်ဆို တာပဲပြောပြစေချင်တယ်။ ဖိအား သုံးရင်ကိုယ်လည်းစိတ်ညစ်တယ်။ ကလေးတွေလည်း pressure တွေ ပိတယ်။ ဒါကြောင့် သားသမီးနဲ့ မိဘ ညှိနှိုင်းပြီးလုပ်စေချင်တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကာဆာနို၏ နှလုံး ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြီးစီး

Sports
ကာဆာနို၏ နှလုံး ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြီးစီးအေစီမီလန် အသင်း၏ အီတလီတိုက်စစ်မှူး ကာဆာနိုမှာ နှလုံးခွဲစိတ် ကုသမှုကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပြီ ဟု အီတလီ သတင်းစာများက ဖော်ပြသွားခဲ့ သည်။
အီတလီ ပြည်တွင်းဆရာဝန်များ ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ ခွဲစိတ်ကုသမှုမှာ အချိန် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ကာဆာနိုမှာ ပုံမှန်အခြေအနေကို ပြန်လည်ရရှိရန်အတွက် အနည်း ဆုံး ၆ လခန့် အနားယူရ မည်ဟု ဆရာဝန်များက အကြံပြုသွားခဲ့သည်။
ကာဆာနို၏ ခွဲစိတ်ကုသမှုများနှင့်ပတ် သက်၍ မီလန်အသင်းဥက္ကဋ္ဌ ဂယ်လီယာနီက “ဆရာဝန်တွေက သူ့ကို ဆေးကုသဖို့နဲ့ နှလုံးလေ့ကျင့်ခန်း ဆက်လက်ပြုလုပ်ဖို့အတွက် လပေါင်းများစွာ အနားယူဖို့ လိုအပ်တယ် လို့ ပြောပါတယ်၊ ဒီကြားထဲမှာ ဘယ်ပွဲကိုမှ ဝင်မပါဖို့အတွက်ကိုလည်း အကြံပြု ထားပါတယ်၊ သူပြန်လာနိုင်ဖို့အတွက် ဖြစ် နိုင်ချေကတော့ ၄ လကနေ ၆ လလောက်ဆို လုံလောက်တယ်လို့ ထင်ပါတယ်၊ သူပြန်လာ နိုင်ခဲ့ရင်လည်း အသင်းရဲ့ကစားသမား တစ်ယောက်အဖြစ်နဲ့ ပြန်လည်အသုံးပြုသွား မှာပါ၊ သူဟာ အသင်းမှာသာမက အီတလီ လက်ရွေးစင်အတွက်လည်း ခြေစွမ်းပြနေသူပါ၊ သူ့ရဲ့ ခွဲစိတ်ကုသခံရမှုအတွက်လည်း အားလုံးစိတ်မကောင်းဖြစ်နေပါတယ်”ဟု ပြောသွားခဲ့သည်။ ကာဆာနိုမှာ မွေးရာပါ နှလုံးရောဂါသည်တစ်ဦးဖြစ်ပြီး သူ၏နှလုံးအပေါ်ခန်း နှစ်ခန်းမှာ တစ်ခန်းနှင့်တစ်ခန်း ထိစပ်နေသည့် အတွက်ကြောင့် နှလုံး အဆို့ရှင် ကျဉ်းမြောင်းသည့်ဝေဒနာကို ခံစားနေရသူ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Website or Blog speed စစ်မယ်၊မြန်အောင်လုပ်မယ်။



Website or Blog speed စစ်မယ်၊မြန်အောင်လုပ်မယ်။


ကိုယ့်ရဲ့ Website or Blog ရဲ့ speed ကို စစ်ဆေးကြည့်ရအောင်.. ဘာဖြစ်လို့အရေးကြီးလဲဆိုတော့
ကိုယ့်ရဲ့ website or blog က Fancy အလှအပတွေ တအားများနေရင်..တော်တော်နဲ့ပွင့်မလာဘဲ 
အကြာကြီးနေမှာ ပွင့်လာတက်ပါတယ်။ ဒါမျိုးတွေကို သူများ website တွေနဲ့ယှဉ်ပြီး ကိုယ့် website or blog
က အခြေအနေ ဘယ်လိုရှိလဲဆိုတာကို နှိုင်းယှဉ်လေ့လာဖို့ အတွက်ကောင်းပါတယ်. 
ဒီအခါမှာ ကိုယ့်ရဲ့ website or blog ကတအားလေးပြီး ကြာနေတယ်ဆိုရင် အရင်ဆုံး မလိုအပ်တဲ့ 
main စာမျက်နှာမှာရှိတဲ့ flash တွေကို လျှော့လိုက်ပါပြီးတော့ အောက်ပါ 
website တွေမှာ ကိုယ့်ရဲ့ လိပ်စာ ဥပမာ http://www.sbsangpi.com/ ကိုထည့်ရှာပြီးတော့
error ပြတဲ့ လင့်တွေကို Edit html ကနေပြီးတော့ ဖြတ်ပစ်လိုက်ပါ။
sbsangpi ဆီကကူးယူဖေါ်ပြတာပါ.....
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, November 11, 2011

သမီးလေး အတွက် နာမည်ပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ် ဆိုတဲ့ ပြေတီဦး


သမီးလေးအတွက် နာမည်ပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ် ဆိုတဲ့ ပြေတီဦး
"နှလုံးသားမှာ အထာ ရှိတယ်"အထူးပြသ ပွဲကို တက်ရောက် လာတဲ့ ပူပူနွေးနွေး သမီးလေးရဲ့ ဖေဖေ ပြေတီဦး နဲ့ မေးဖြစ်ခဲ့ သမျှ-

"ကျွန်တော်အခု ဒါရိုက်တာကိုဇော်(အရုဏ်ဦး)၊ နဝရတ်၊ ချောရတနာတို့နဲ့ ဇာတ်ကားရိုက်နေပါပြီ။ အနုပညာ ပိုးကြီး လွန်းလို့ တောကနေမြို့တက်ပြီး အနုပညာအလုပ် တွေလုပ်တဲ့အကြောင်းလေးပါ"။ အိမ်ထောင်ကျပြီးမှ အူဝဲနဲ့ ကား တွေ ပိုထွက်တာလား "သူနဲ့တင်မဟုတ်ပါဘူး။ တခြား မင်းသမီးတွေနဲ့လည်း ထွက်ပါတယ်။ ဝတ်မှုံရွှေရည်၊ မိုးဟေကို၊ ဖွေးဖွေးတို့နဲ့လည်း ထွက်လာပါလိမ့်မယ်"။
သမီးမွေး လာတော့ ဖခင်ဇာတ်ကောင်တွေမှာ ပိုပြီးပီပြင်လာမလားလို့ မေးကြည့်တော့-
"ကျွန်တော့်အထင်တော့ မိခင်ဖခင်ဖြစ်တိုင်းလည်း သရုပ်ဆောင်မှာ ပိုကောင်းလာတယ်လို့တော့ မထင်ပါဘူး။ ဘယ်လို ပြောမလဲ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူတာလေ။ အရင်တုန်းကလည်း မိခင်ဖခင်ဇာတ် ရုပ်တွေမှာ အဲဒီစိတ် ထည့်ထားပြီးတော့ သရုပ်ဆောင်ဖြစ်ခဲ့ တယ်။ လူတစ်ယောက်မှာ အရည်အချင်းရှိသလောက်ပဲ သရုပ်ဆောင်မှုက ထွက်မှာပဲလေ။ မိဘနေရာရောက်လို့ မိဘဇာတ်ရုပ်တွေမှာ အိုက်တင်တွေပိုကောင်းလာတယ်လို့ တော့မထင်ဘူး" လို့ပြောလာတဲ့ကိုပြေတီဦးက "လောလော ဆယ်မှာတော့ သမီးလေးလိုအပ်တာတွေ ဖြည့်ဆည်းပြီးတော့ သူ ကျန်းကျန်း မာမာကြီးပြင်းဖို့ပဲ မျှော်လင့်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကတော့ မစဉ်းစားသေးဘူး။ အချိန်တန်ရင်တော့ အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးရမှာပဲလေ။ သူသွား ချင်တဲ့လမ်းကြောင်း၊ သူဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးဖို့ပါပဲ။ သမီးဦး၊ မြေးဦးလေးဆိုတော့ အဘိုးအဘွား တွေရဲ့အသည်းကျော်ပါပဲ။ အစ်ကို့ရဲ့အမေကလည်း နေ့တိုင်း နီးပါးလာတယ်။ အဲလို မြေးလေးဆီနေ့တိုင်းလာနေတော့ အဆင်ပြေတယ်။ ဟိုဘက်အဘွား၊ ဒီဘက်အဘွား မလုရ တော့ဘူးပေါ့။ သမီးလေးအတွက် နာမည်ရွေးပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ်"လို့ သမီးလေးနဲ့ပတ်သက်ပြီး ပြောပြ သွားတဲ့ပြေတီဦးကို ဇာတ်ရုပ်မကြိုက်ဘဲ ကိုယ်နဲ့လိုက်ရင် ရော ရွေးရိုက်လားလို့မေးကြည့်တော့ "မကြိုက်ဘဲနဲ့ ရိုက်တဲ့ ဇာတ်ကတော့ အခုနောက်ပိုင်း အရမ်းကိုနည်းသွားပါပြီ။ ကြိုက်လို့ရိုက်တဲ့ကားတွေကြီးပါပဲ။ ကျွန်တော်မကြိုက်လို့ မရိုက်ဖြစ်တဲ့ကားတွေ အများကြီးပါပဲ"လို့ပြောလာတဲ့ ပြေတီဦးကို အထူးပွဲတွေကြည့်နေတဲ့အခါမှာလည်း လိုအပ်ချက် တွေရှိနေသေးလားလို့မေးတော့- "ရှိတယ်တွေ့နေတုန်းပဲ အခုလည်း တွေ့သလို နောင်ထပ်(၁၀)နှစ်ကြာလည်းတွေ့ဦးမှာပဲ။ အနှစ်နှစ်ဆယ် ကြာလည်း တွေ့ဦးမှာပဲ၊ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး"လို့ပြောလာတဲ့ပြေကြီးကို ပြင်ဆင်မှု အားနည်းတာကြောင့်လားဆိုတော့ "အဲလိုတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြည့်တယ်ဆိုတာ မရှိပါဘူး။ ဘယ်သူမဆို လိုအပ်နေမှာပါပဲ"လို့ ပြောလာ တဲ့ ပြေတီဦးကို ကိုသားကြီးရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဆင် တယ်လို့ပြောလာတဲ့အပေါ် ပရိသတ်ကို ဘာပြောချင်သေး လဲလို့မေးတော့ "ဘာမှမပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပေါ်မူတည်ပြီး ကြိုက်သလို ဆုံးဖြတ်လို့ရ ပါတယ်။ ပရိသတ်လက်ခံနေဖို့ပါပဲ။ ပရိသတ်က အားပေး တယ်၊ လက်ခံတယ်ဆို ကျေနပ်ပါတယ်၊ ပရိသတ်အတွက် အမြဲကြိုးစားနေပါတယ်"လို့ ပြောသွားခဲ့ပါ တယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လေဖြတ် သွားသလို ဖြစ်သွား၍ ကောဆာနို

 
newsအေစီမီလန် အသင်း တိုက်စစ်မှူး ကာဆာနိုဟာ ရိုးမား အသင်း ကို(၂-၃)ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ လေဖြတ် သွားသလိုဖြစ်ပြီး အမြင် အာရုံ ဝေ၀ါး လာခြင်း၊ စကားပီသစွာ မပြောနိုင်ခြင်းစတဲ့ လက္ခဏာ တွေပြလာ တာကြောင့် မီလန်မြို့ Policlinico ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကနဦး စမ်းသပ်စစ်ဆေးမှုတွေအရ လေဖြတ်နိုင်ချေ မရှိကြောင်း တွေ့ခဲ့ရပေမယ့် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ် ခဲ့တဲ့အခါ ဦးနှောက် သွေးလွှတ်မှု ပုံမှန်ထက်ကျဆင်းနေခြင်း အပြင် နှလုံးရောဂါဆိုင်ရာလက္ခဏာများ တွေ့ရှိခဲ့ရ တယ်လို့ အေစီမီလန် အသင်းကကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ပါတယ်။ အခုဆိုရင် အဆင့်မြင့် ကုသမှု တွေနဲ့ အချိန်မှီကုသနိုင်ခဲ့တာကြောင့် ရောဂါအခြေအနေ လျင်လျင်မြန်မြန်သက်သာလာပြီလို့သိရပါတယ်။ ဒါ ပေမယ့် လာမယ့် ရက်အနည်းငယ်အတွင်း နှလုံးဆိုင်ရာ အသေးစိတ် ခွဲစိတ်မှုတစ်ရပ် ပြုလုပ်ရ မည်ဖြစ် ပြီး ခွဲစိတ်မှုပြီးစီး သည့်အခါ ပိုမိုကောင်းမွန်စွာ ကစား နိုင်လာလိမ့်မယ်လို့ မီလန်အသင်းက ဖွင့်ဟသွားခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ခံယူရာမှဖြစ်တာကြောင့်ကာဆာနိုအနေ နဲ့ လအနည်းငယ် အနားယူရ ဖွယ်ရှိနေ ပါတယ်။ အေစီမီလန် ဒု-ဥက္ကဋ္ဌ အက် ဒရီယန်နိုဂယ်လီယာနီက "ကာဆာနို ဟာ ဆေးရုံသွားတဲ့လမ်းမှာ အသင်း သားကို နောက်ပြောင်ခဲ့ပါသေးတယ်။ အကြာကြီး အနားယူရတော့မှာမို့လို့ သူ့ အနေနဲ့ အရမ်းစိတ်ပျက်နေမိမှာပါ။ ဒါပေမဲ့ ပြန်ကစားနိုင်တဲ့အချိန်မှာ ပုံမှန် တစ်နေရာအတွက်စိတ်မပူဖို့သူ့ကို ကျွန် တော်ပြောထားပါတယ်" လို့ဖွင့်ဟသွား ခဲ့ပါတယ်။
ကာဆာနိုဟာ အဲဒီပွဲမှာ ပွဲ မပြီးခင် နောက်ဆုံး(၁၆)မိနစ်ပါဝင်က စားခဲ့ပေမယ့်ပွဲအပြီးမီလန်မြို့အပြန်လမ်း မှာ အခုလိုဝေဒနာတွေခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ ကာဆာနိုဟာ ၂၀၁၄ခုနှစ် ရောက်ရင် ဘောလုံးလောကမှ အနား ယူတော့မယ်လို့ ကြေညာထားသူဖြစ် ပြီးအခုအခါအီတလီလက်ရွေးစင်အသင်း အတွက်အကောင်းဆုံးခြေစွမ်းပြကစား နေသူလည်းဖြစ်ပါတယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၂၀၁၁ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရွေးချယ်

 
၂၀၁၁  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရွေးချယ်ခံရဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရွေးချယ် ထုတ်ပြန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ် ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် ကစားသမား ၂၃ ဦးစာရင်း မှာ ရွေးချယ်ခြင်း ခံလိုက်ရတာကြောင့် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၃ ကြိမ်ဆက် တိုက်ရရှိဖို့ တစ်ပြေး နေတယ်လို့သိရပါတယ်။ ဖီဖာကပေး အပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆု (Ballon D'Or) ဆန်ခါ တင်စာရင်းမှာ အာဂျင်တီးနား တိုက်စစ် မှူးမက်ဆီနဲ့အတူ ဘာစီလိုနာအသင်း ဖော်၇ဦးတိတိ ရွေးချယ်ခံရပြီးပြိုင်ဘက် ရီးရဲလ်အသင်းကတော့ ကစားသမား ၅ ဦးပဲ ရွေးချယ်ခံခဲ့ရပါတယ်။
အဆိုပါ ဆန်ခါတင်စာရင်းမှာ စပိန်လက်ရွေး စင်ကစားသမား ၇ ဦးအပြင် အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူး ရူနီကလည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ အီတလီ ကစားသမား တွေကတော့ အဆိုပါ စာရင်းမှာ(၂)နှစ် ဆက်တိုက် ရွေးချယ်ခြင်းမခံရတာတွေ့ရပါတယ်။ ရူနီဟာ မန်ယူအသင်းကိုပြီးခဲ့တဲ့ရာသီ ကလိဂ်ဖလား ၁၉ကြိမ် ဆွတ် ခူးစေခဲ့ရာမှာ အဓိက ကူညီပေးခဲ့သလိုချန်ပီယံ လိဂ်ဗိုလ်လုပွဲ အထိ ရောက်ရှိအောင်လည်း စွမ်းဆောင် ပေးနိုင်ခဲ့ တာကြောင့် ဒီစာရင်းမှာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ အဲရစ်အဘီဒဲလ် (ဘာစီလိုနာ)၊ ဘန်ဇီးမား(ရီးရဲလ်)နဲ့ ဘရာဇီးကစားသမား တွေဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်(ဘာစီလိုနာ)၊ နေမာ (ဆန်းတို့စ်)တို့ကလည်း အဲဒီစာရင်းမှာပါဝင်ခဲ့ပါတယ်။ ၄င်းပြင် ဘာစီလိုနာနည်းပြ ဂွာဒီယိုလာဟာ ပြီး ခဲ့တဲ့ရာသီက လာလီဂါဖလား ချန်ပီယံ လိဂ်ဖလားတွေအပြင် ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ဥရောပစူပါဖလားနဲ့ စပိန် စူပါဖလားတို့ ဆွတ်ခူးနိုင်ခဲ့တာကြောင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနည်း ပြဆုရရှိဖို့ ရေပန်းစားနေပါတယ်။
ဆန်ခါတင် (၂၃)ဦး
အဲရစ်အဘီဒဲလ် (ပြင်သစ်)၊
အဂွေးရိုး(အာဂျင်တီးနား)၊
ဘန်ဇီးမား (ပြင်သစ်)၊
ကာဆီးလက်စ်(စပိန်)၊
စီ-ရိုနယ်လ်ဒို(ပေါ်တူဂီ)၊
ဒန်နီအဲလ်ဗက်စ် (ဘရာဇီးလ်)၊
အီတူး(ကင်မရွန်း)၊
ဖာဘရီဂက်စ်(စပိန်)၊
ဖော်လန် (ဥရု ဂွေး)၊
အင်နီယက်စတာ(စပိန်)၊
မက်ဆီ (အာဂျင်တီးနား)၊
သောမတ်စ်မူလာ (ဂျာမနီ)၊
နာနီ(ပေါ်တူဂီ)၊
နေမာ(ဘရာ ဇီးလ်)၊
အိုဇေးလ် (ဂျာမနီ)၊
ပီကေး (စပိန်)၊
ဝိန်းရူနီ(အင်္ဂလန်)၊
ရှဝိန်းစတိုင် ဂါ(ဂျာမနီ)၊
ရှနိုက်ဒါ(နယ်သာလန်)၊
ဆွာရက်ဇ် (ဥရုဂွေး)၊
ဒေးဗစ်ဗီလာ (စပိန်)၊
အလွန်ဆို(စပိန်)၊
ဇာဗီ(စပိန်)။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed