BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, December 29, 2011

ပေါင်(၅)သန်းတန် နှစ်သစ်ကူး ပါတီ ကျင်းပမည့် ချယ်လ်ဆီး အသင်းပိုင်ရှင်

ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် နှစ်သစ်ကူး ပါတီပွဲကို ကြီးကြီးကျယ်ကျယ် ဆင်နွှဲရန် ပြင်ဆင်နေကြောင်း သိရသည်။

သာယာ လှပနေသော ကာရေဘီယန် ဒေသ ပင်လယ်ပြင်အတွင်းရှိ ဇိမ်ခံကျွန်း တစ်ခုတွင် ရုရှား ဘီလျံနာကြီးက အထူး ပျော်ရွှင် ကြည်နူးဖွယ် ပါတီပွဲ အတွက် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ အေဗရာမိုဗစ်ခ်ျသည် ပေါင်စတာလင် (၅)သန်းတန် ပါတီပွဲ အတွက် ဧည့်ပရိသတ် (၃၀၀)ကို သီးခြား ဖိတ်ကြားထားသည်။ အသက်(၄၅)နှစ်ရှိ သူဌေးကြီးသည် အသက်(၃၀)အရွယ် ချစ်သူ ဒါရှာဇူကိုဗာနှင့် အတူ စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ ဇိမ်ခံ ရွက်လှေကြီးနှင့် အတူ အေဗရာမိုဗစ်ခ်ျသည် နှစ်သစ်ကူး ကာလကို အေးအေးလူလူ ဖြတ်သန်းမည် ဖြစ်သည်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ

အေဗရာမိုဗစ်ခ်ျသည် Red Hot Chili Peppers အဖွဲ့ကိုလည်း ဖျော်ဖြေပွဲ အတွက် ကြိုတင် ငှားရမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဧည့်ခံပွဲ ကျင်းပနေစဉ် လုံခြုံရေးကို တိုးမြှင့်ထားမည် ဖြစ်ပြီး ဖိတ်ကြား ခံထားရသူများမှ လွဲ၍ မည်သူ့ကိုမျှ အ၀င်ခံမည် မဟုတ်ဟု သိရသည်။  နှစ်သစ်ကူး အကြိုနေ့ည (၁၀)နာရီတွင် စတင်မည့် ပွဲသည် နောက်နေ့မနက် (၄)နာရီထိ ကြာမြင့်ဖွယ်ရှိသည်။ အေဗရာမိုဗစ်ခ်ျသည် အော်လန်ဒိုဘလွန်း၊ ကင်ယီဝက်စ်တို့ကဲ့သို့ ဧည့်သည်တော်များကို ဖိတ်ကြားကာ Prince၊ ဂွင်းစတက်ဖ်နီနှင့် ဘီယွန်းစ်နိုးလ်တို့၏ ဖျော်ဖြေမှုများကို ထည့်သွင်းပြီး ပေါင်စတာလင် (၃)သန်းတန် ဧည့်ခံပွဲ ကျင်းပခဲ့သည်။ ယမန်နှစ်ကလည်း အေဗရာမိုဗစ်ခ်ျ၏ ပါတီပွဲသည် ပေါင်စတာလင် (၅)သန်းမျှ ကုန်ကျသည် အထိ ကြီးကျယ်ခမ်းနားခဲ့ပြန်သည်။


ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၏ ဇိမ်ခံသင်္ဘော

အေဗရာမိုဗစ်ခ်ျနှင့် ဇူကိုဗာတို့သည် ခရစ္စမတ် ကာလကတည်းက စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီး ခရစ္စမတ်ပွဲတော်ကို အရှည် (၅၄၃)ပေရှိ ဇိမ်ခံရွက်လှေ Eclipseပေါ်တွင် ဆင်နွှဲခဲ့သည်။ အဆိုပါ ရွက်လှေသည် ပေါင်စတာလင် သန်း(၃၀၀) တန်ဖိုးရှိပြီး အေဗရာမိုဗစ်ခ်ျနှင့်အတူ သီးခြား ဧည့်သည်တော် (၁၂)ဦး၊ သက်တော်စောင့် (၅)ယောက်တို့ လိုက်ပါလာသည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး စာရင်းဝင် ရွက်လှေတစ်စင်းဖြစ်သော Eclipseပေါ်တွင် ရုပ်ရှင်ရုံ တစ်ခု၊ စာကြည့်တိုက်နှင့် စားသောက်ခန်းမတို့ ပါရှိကာ ပါပါရာဇီများ၏ ချဉ်းကပ်မှုကို ကာကွယ်သည့် ဒိုင်းများ၊ အနီအောက်ရောင်ခြည် စနစ်များ တပ်ဆင်ထားကြောင်း သိရှိရသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, December 25, 2011

ရန်ကုန် ယူနိုက်တက် အသင်း မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်နေ

Share |
ဘရာဇီး နောက်ခံလူ တစ်ဦးကို ရာသီသစ် အတွက် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ နောက်ခံလူမှာ ဒဏ်ရာရရှိ သွားသောကြောင့် ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်လျှက် ရှိကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက်သည် ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမား သစ်များကို ခေါ်ယူခဲ့ရာ ကွင်းလယ်နှင့် တိုက်စစ်မှူး နေရာများ အတွက် ဆားဘီးယား ကစားသမား နှစ်ဦး ဖြစ်သည့် မလာဒန်နှင့် မီလန်တို့ အပြင် ခံစစ်အတွက် ဘရာဇီး နောက်ခံလူ တစ်ဦးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ဘရာဇီး နောက်ခံလူ ဖာနန်ဒိုမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်း၏ စာချုပ်ကို ပြန်လည် စဉ်းစားလာခြင်း ဖြစ်သည်။

ရန်ကုန်အသင်းမှ ခေါ်ယူစမ်းသပ်နေသည့် မက်ဆီဒိုးနီးယား နောက်ခံလူ

ရန်ကုန် နည်းပြချုပ် အဲရစ်ဝီလျံ ကိုယ်တိုင်မှာလည်း ခြေစွမ်း စမ်းသပ်ခြင်း မရှိဘဲ ခေါ်ယူခဲ့သည့် နောက်ခံလူ ဖာနန်ဒို၏ ခြေစွမ်းအပေါ် အပြည့်အ၀ ကျေနပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူ စမ်းသပ်နေခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်၏ ရာသီသစ် အတွက် ကစားသမား ၀ယ်ယူမှုမှာလည်း အဆိုပါ နောက်ခံလူ ပြဿနာကို ဖြေရှင်းပြီး ပါက အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်သည် လာမည့် ရာသီအတွက် နိုင်ငံခြားသား ကစားသမား (၃)ဦး နှင့် ပြည်တွင်း ကစားသမား ခေါ်ယူမှု အဖြစ် ဧရာဝတီ အသင်းခေါင်းဆောင် နောက်ခံလူ မျိုးဝင်းထွဋ်ကို ခေါ်ယူတားသည်။ ဥဿာ တိုက်စစ်မှူး အောင်မိုးအတွက် ရန်ကုန်၏ ကမ်းလှမ်းမှု မှာမူ ပယ်ချ ခံခဲ့ရကြောင်း သိရသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရက္ခပူရ အသင်း ဘရာဇီး ကစားသမား (၂)ဦး ခေါ်ယူ


Share |

ရာသီအတွက် အစွမ်းကုန် ပြင်ဆင်လျှက် ရှိသည့် ရက္ခပူရ အသင်းသည် နည်းပြ လီယိုနာဒို၏ အဆက် အသွယ်ဖြင့် ဘရာဇီး ကစားသမား (၂)ဦးကို ခေါ်ယူလိုက်ကြောင်း သိရသည်။


အဲလက်စ်နှင့် အန်ဒရေ အမည်ရှိသည့် ဘရာဇီး ကစားသမား နှစ်ဦးကို ခြေစွမ်း စမ်းသပ်မည် မဟုတ်ကြောင်းလည်း သိရသည်။ "အဲလက်စ်နဲ့ အန်ဒရေ တို့ဟာ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင် ပါလိမ့်မယ်။ သူတို့ကြောင့် ကွင်းလယ်ပိုင်း တောင့်တင်း လာမယ်လို့ ယုံကြည်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်မှာကိုလည်း မစိုးရိမ် မိပါဘူး" ဟု ရက္ခပူရ နည်းပြချုပ် လီယိုနာဒိုက ဆိုခဲ့သည်။ ခေါ်ယူ လိုက်သည့် ဘရာဇီး နှစ်ဦး စလုံးမှာ ကွင်းလယ် ကစားသမား များဖြစ်သည်။ အဲလက်စ်မှာ ကွင်းလယ်အဖျက် ကစားသမား ဖြစ်ပြီး အန်ဒရေမှာ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံ နှစ်ဘက် စလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်ကြောင်း သိရသည်။

အသစ်ခေါ်ယူလိုက်သည့် အဲလက်စ်နှင့် အန်ဒရေ

ဘရာဇီး ကစားသမား (၂)ဦးကြောင့် ရက္ခပူရ၏ နိုင်ငံခြား ကစားသမား ဦးရေမှာ (၃)ဦး ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကစားသမား (၃)ဦးထဲတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ အသင်း၏ တိုက်စစ်ပိုင်းတွင် ကျော်ကျော်ချစ်၊ နေသူလှိုင်၊ မင်းသူနှင့် ဖြိုးမင်းသူတို့ ရှိနေသောကြောင့် လုံလောက်မှု ရှိကြောင်း လီယိုနာဒိုက ဆိုခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed