BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊
စာမျက်နာ
Sunday, January 8, 2012
အဆင့်ရှိသည့် အားပေးမှုမျိုး တွေ့မြင်ရ၍ အသင်း ပရိသတ်များအား ချင်း ယူနိုက်တက် ပိုင်ရှင် ချီးကျူး
Share |
ချင်း ယူနိုက်တက် အသင်း၏ အသင်းပိုင်ရှင် ဖြစ်သူ ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ယနေ့ ညနေပိုင်း ကမ္ဘောဇ အသင်းနှင့် ပွဲစဉ်တွင် တခဲနက် လာရောက် အားပေးခဲ့သည့် အားပေးသူ ပရိသတ်များ၏ အဆင့်အတန်း မြင့်မားသည့် အားပေးပုံမျိုး တွေ့မြင်ခဲ့ရသည် အပေါ် ကျေနပ်နေကြောင်း သိရသည်။
ချင်း ယူနိုက်တက် အသင်းသည် အဖွင့်ပွဲစဉ်တွင် ကမ္ဘောဇအား ၂-၀ဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း ပရိသတ်များမှာ စိတ်ပျက်ခြင်း မရှိဘဲ အသင်းကို တခဲနက် အားပေးခဲ့ကြသည်။ ထို့အပြင် ပွဲချိန် တစ်လျှောက်လုံး ဆဲဆိုခြင်း မရှိဘဲ မိမိတို့ အသင်း အမည်ကိုသာ အော်ဟစ် အားပေးခဲ့သည့် အတွက် အသင်း ပိုင်ရှင် ဒေါက်တာ ဂျိမ်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ဒီနေ့ ကျွန်တော်တို့ အသင်း ပရိသတ် တွေရဲ့ အားပေးပုံကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ အဆင့်အတန်း ကိုလည်း ပြနိုင်ခဲ့တယ်" ဟု ဆိုခဲ့သည်။
ယခုပွဲတွင် ချင်းယူနိုက်တက် ပရိသတ်များသည် ပဒုမ္မာကွင်း၏ အထူးတန်း ပွဲကြည့်စင် တစ်ခြမ်းနှင့် ရိုးရိုးတန်း ပွဲကြည့်စင် တစ်ခု ပြည့်လုနီးပါး အထိ လာရောက် အားပေးခဲ့ကြပြီး ခန့်မှန်း လူဦးရေ (၆၀၀)နှင့် အထက်တွင် ရှိကြောင်း သိရသည်။
ချင်း ယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာ ဂျိမ်းလျန်ဆိုင်း
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများကို မန်ယူငြင်းဆို
 |
ဝိန်းရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်က ငြင်းဆိုလိုက်သည်။
အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ရွန်နီ အသင်းမှ ထွက်တော့မည် ဆိုသော သတင်းများသည် အခြေအမြစ် မရှိသော ကောလာဟလ များသာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ခဲ့သည်။ ထို့အတူ ရွန်နီ၏ အေးဂျင့် ပေါလ်စထရက်ဖို့ဒ် ကလည်း မိမိ၏ ကစားသမားသည် မန်ယူကို ကျောခိုင်းစရာ အကြောင်း မရှိဟု ပြောကြားသွားသည်။ အသက်(၂၆)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် Boxing Day က ညဘက် အပြင် ထွက်လည်မှုကြောင့် မန်ယူ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ဒေါသထွက်မှုကို ခံနေရကြောင်း သတင်းများက ဖော်ပြ ခဲ့ပြီးနောက် ရွန်နီ မန်ယူကို စွန့်ခွာတော့မည် ဟူသော ခန့်မှန်းချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မန်ယူအသင်း တာဝန်ရှိသူ တစ်ဦးက "Boxing Day က ကိစ္စကို ကျွန်တော်တို့ အေးအေးဆေးဆေး ဖြေရှင်း ပြီးပါပြီ။ ဒါနဲ့ ပတ်သက်ပြီး အားလုံး အဆင်ပြေ ပါတယ်။ ရွန်နီဟာ မန်ယူကြား ဘာသဘောထား ကွဲလွဲမှုမှ မရှိပါဘူး။ သူအသင်းက ထွက်တော့မယ် ဆိုတဲ့ သတင်း အားလုံးဟာ အခြေအမြစ် မရှိတဲ့ ကိစ္စတွေပါပဲ" ဟု ပြောကြားသွားသည်။ ရွန်နီသည် နယူးကာဆယ်လ် ယူနိုက်တက်အား အဝေးကွင်းတွင် ရှုံးနိမ့်သော ပွဲစဉ်အတွင်း မန်ယူအတွက် ပါဝင် ကစားပေး ခဲ့သေးသည်။ ၎င်းသည် ယမန်နှစ် ဘောလုံးရာသီ ကလည်း ဖာဂူဆန်နှင့် ပြဿနာ တက်ပြီး မန်ယူကို စွန့်ခွာ တော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
Sunday, January 1, 2012
FireFox ကို Hack ခြင်းဖြင့် အင်တာနက် Speed ၁၀ ဆ မြှင့်တင်နိုင်
ခြင်းဖြင် speed10 ဆမြှင်တင်နိုင်
fire fox ကိုဖွင်လိုက်ပါ add ဘားမှာabout:configကိုရိုက်ထည့်ပါပြီရင်scresh ဘားမှာpip လိုရိုက်ထည်ပါ
network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်ပေးပါ
network.http.pipelining.maxrequests မှာ4ကို နှစ်ချက်နှိပ်ပြီ3း0ပြောင်းပေးပါ
network.http.proxy.pipeliningကိုလဲ trueပြောင်းပေးပါ
ဒါတွေကိုပြုလုပ်ခြင်းဖြင့် သူငယ်ချင်းတိုရဲ fire fox ဟာပိုမိုမြန်ဆန်လာစေမှာပါ
WINDOW 7 User-
network IPv6-capable DNS serversတွင် IPv6 address
မှတောင်းဆိုချက်ရ IPv4 address ဆီသို့ပြန်လည်ကူးပြောင်း
သွားပါလိ့မ်မည်။ထိုသို့မှားယွင်းစွာပြုလုပ်ခြင်းအတွက်Filter
Search Box တွင် network.dns.disableIPv6 ရိုက်ထည့်ပြီး
ရှာဖွေပါ။တွေ့ကနှစ်ချက်နှိပ်၍ True ဖြစ်အောင်လုပ်ပါ။
Caution ;Window XP User is Not Need
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.interrupt.parsing
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက True ရွေးပေးပါ။
များစွာသော Access has been Denied အတွက်ပြင်
ဆင်လိုက်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.max.tokenizing.time
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက2250000 ကိုရိုက်ထည့်ပေးပါ။
ထိုသို့အသစ်ပြင်ဆင်ပြောင်းလိုက်ခြင်းဖြင့် Download
တွင်ပိုမိုမြန်ဆန်လာစေသည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.interval
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
content.notify.ontimer
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက Ture ကိုရိုက်ထည့်ပေးပါ။
ထိုသို့ပြုလုပ်ခြင်းဟာ သတင်းအချက်လက်ကိုမြန်ဆန်အောင်
Timer ချခြင်းတစ်မျိုးပါဘဲ..
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.backoffcount
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 5 ကိုရိုက်ထည့်ပေးပါ။
Back နှင့် Forward အတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.switch.threshold
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
web pageမှရှိသော Switch အားလုံးအတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
nglayout.initialpaint.delay
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 0 ကိုရိုက်ထည့်ပေးပါ။
web pagea နှေင်နှေးမှုအတွက်ပြင်ဆင်ခြင်းဖြစ်ပါတယ်
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
Saturday, December 31, 2011
၂၀၁၁မှာ အချမ်းသာဆုံးဆဃ်ကျော်သက် ( ၈ )ဃောက်
၁။ Miley Cyrus
ပာာ pop သီဆိုမှုကိုလည်း ချဲ့ ထွင်လုပ်ဆောင်လာကာ ရုပ်ရှင်တွေမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လာပါတဃ် ။
အသက် ၁၈ နှစ် အရွဃ်ပဲရှိသေးတဲ့  Cyrus  ရဲ့ ပိုင်ဆိုင်မှုကတော့ ၁၂၀ မီလီဃမ်ဒေါ်လာ ပါ။  သူရဲ့ ဖျော်ဖြေပွဲ လက်မှတ်
တွေ ၊  DVD နဲ့ ကုန်ပစ္စည်းတွေကလည်းပဲ ဘီလီဃမ်ဒေါ်လာ ထပ်တောင်ကျော်ပါသေးတဃ် ။
၂။ Angus T. Jones
TVမှာအရမ်းနာမည်ကြီးခဲ့ တဲ့ Two and a Half Men စီးရီးထဲက အဓိကသရုပ်ဆောင် ၃ဃောက်မှာတစ်ဃောက်
အနေအထားကိုရောက်သွားစေတာပဲ ။ သူပာာ ဒီစာရင်းမှာရှိတဲ့ တခြားကလေးတွေလို ဈေးကွက်မရှိပေမဲ့လဲ
၁၅ မီလီဃမ်ဒေါ်လာလောက်တော့ ချမ်းသာတဃ်လို့ ပြောရပါလိမ့်မဃ်။
၃။ Abigail Breslin
ဒီနာမည်ကြီးတဲ့ ကောင်မလေးကတော့ အသက်ဆဃ်နှစ်အရွဃ်မှာပဲ Little Miss Sunshine ရုပ်ရှင်ကသူ ပါဝင်ရတဲ့
ဇာတ်ကောင်နေရာအတွက် အော်စကာဆုပေးဖို့ အဆိုတင်သွင်းခံရပါတဃ် ။ နောက်ပိုင်းမှာတော့ သူပာာ ဝေဖန်ရေး
သမားတွေကို မျက်လုံးပြူးသွားအောင် ဖမ်းစားခဲ့ ပြီး သူပာာ လက်မှတ်တွေအများဆုံးအ၀ဃ်ခံရတဲ့ သရုပ်ဆောင်ဆိုတာ
သက်သေပြလိုက်ပါတဃ် ။ အခုဆိုရင် အသက်၁၅နှစ်ရှိပြီး ရုပ်ရှင်လက်မှတ်တွေအများကြီးရောင်းရကာ Rango ၊ 
My Sister's Keeper and Zombieland တို့ ပါအပါအ၀င် ကြိုတင်ရုပ်ရှင်လက်မှတ်တွေမပါသေးဘဲတင်
၂၀ မီလီဃမ်ဒေါ်လာလောက် အမြတ်ရနေပါပြီ ။
၎။ Justin Bieber
အေးဂျင့်တွေပာာ Bieberရဲ့  အိမ်ကနေရိုက်ကူးတဲ့ သူ့ သီချင်းတွေ Youtube မှာနာမည်ကြီးလာတဲ့ နောက်ပိုင်းမှာ
Bieberကိုတွေ့ ရှိလာကြပါတဃ် ။ အသက်၁၇ နှစ်အရွဃ်သာရှိသေးပြီး ကမ္ဘာ့ အသည်းစွဲအဆိုတော် ၊ အဃ်လ်ဘမ်
၂ ခုထုတ်ပြီး ၊တစ်ကမ္ဘာလုံးကို ဖျော်ဖြေရေးခရီးစဉ်တွေထွက်ပြီး ၊ ပြည်တွင်း ဖျော်ဖြေပွဲတွေ အများကြီး ပြုလုပ်ခဲ့ပြီး
သူ့ ဆဃ်ကျော်သက်ဘ၀မှာပဲ အဃ်လ်ဘမ်တွေအများကြီး ထုတ်ဖို့  ကြိုးစားစီစဉ်နေပါတဃ် ။ သူပာာ ၈၅မီလီဃမ်
ဒေါ်လာ ကြွဃ်ဝချမ်းသာပေမဲ့လဲ တစ်နေ့ မှာ ဒေါ်လာ၅၀ပဲ သုံးဖို့ မုန့် ဖိုးရပါသတဲ့ ။
၅။ Jaden and Willow Smith
ဒီ ပါရမီရှိတဲ့ အနုပညာရှင်မောင်နှမနှစ်ဃောက်ကတော့  သူ တို့ မွေးကတည်းက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရပြီး ၊
မိဘနှစ်ပါး Will နဲ့  Jada Smithတို့ ကိုကျေးဇူးတင်ရပါလိမ့်မဃ် ။ ဒါပေမဲ့ သူတို့ ကြိုးစားမှုနဲ့ သူတို့ လည်း အောင်မြင်
အောင်လုပ်ဆောင်နိုင်ခဲ့ပါတဃ် ။ JaddenကThe Karate Kid မှာအဓိကမင်းသား နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပြီး
Willowကတော့ သူရဲ့ "Whip My Hair." အဃ်လ်ဘမ်နဲ့ နာမည်ကြီးခဲ့ပြီး  မိသားစုရဲ့ ကြွဃ်ဝချမ်းသာမှု မပါသေးဘဲတင်
သူတို့ နှစ်ဃောက်ပာာ သူတို့ အတွက်ငွေတွေအများကြီး ရှာပြီးသွားပါပြီ ။ Willow ( 12 ) က ၄မီလီဃမ်ဒေါ်လာ ၊
Jaden ( 14 )က ၈မီလီဃမ်ဒေါ်လာပါ ။
၆။ Taylor Lautner
အသက် ၁၉နှစ်အရွဃ်ရှိပြီဖြစ်တဲ့ Taylorကို ဒါရိုက်တာက နာမည်ကြီးရုပ်ရှင် Twilight ( ၂ )မှာ Jacobအနေနဲ့ 
သရုပ်ဆောင်စေခဲ့ ပြီး ခုတော့  သူ့ နေရာကို အစားထိုးချင်နေပါပြီ .။  Jacobနေရာကနေပြီးတော့  မီလီဃမ်နဲ့ ချီတဲ့
ဒေါ်လာတွေကို ရှာဖွေ နိုင်ခဲ့ ၊  ကမ္ဘာတစ်လွှား ဂုဏ်သတင်းပျံ့ နှံ့ပြီး ၊ ဆဃ်ကျော်သက်ဈေးအကြီးဆုံးမင်းသား
စတာတွေကို လုပ်ဆောင်နိုင်ခဲ့ပါတဃ်။ အခုတော့ သူပာာ ရုပ်ရှင်ဇာတ်ကား တော်တော်များမှာနာမည်ကြီးလာပြီး ၊
ဥပမာအားဖြင့်Abductionရုပ်ရှင်လိုမျိုးမှာပါ ။ Lautner ပာာ ၄၀ မီလီဃမ်ဒေါ်လာလောက် ချမ်းသာပါတဃ် ။
၇။ Selena Gomez
အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့  ဒီကြဃ်ပွင့်လေးကတော့ Disney sitcom က နေစပြီး နာမည်ကြီးလာတဲ့နောက်ပိုင်းမှာ ၊
pop music တွေစတင်သီဆိုခဲ့ ပြီး ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ပါတဃ် ။ အခုလောလောဆဃ်တော့ သူက
Justin Beiber ကို ရည်းစားအနေနဲ့ ကမ်းလှမ်းခြင်း ( စတင်ကမ်းလှမ်းတော့ လက်ကစေ့စပ်လက်စွပ်ကို ချွတ်လိုက်ခြင်း )
အတွက်နာမည်ကြီးနေပါတဃ်။ နောက်ပြီး ဖက်ရှင်projects တွေ ၊ ထုတ်လုပ်ရေး ကုမ္မဏီ  ၊ တက်သစ်ရုပ်ရှင်သရုပ်
ဆောင်သချို့ ကို သရုပ်ဆောင်နိုင်စေရန်ကောင်းကြောင်း ထောက်ခံပေးတာတွေ လည်းလုပ်ပေးပါတဃ် ။
Gomezပာာ UNICEFFမှာလည်း ပါဝင်ပါသေးတဃ်။  သူမရဲ့ စုစုပေါင်းကြွဃ်ဝချမ်းသာမှုကတော့ ၄မီလီဃမ်ဒေါ်လာ
ဖြစ်ပါတဃ်။
၈။ Lanthe Fullagar
အသက်၁၉နှစ်အရွဃ်ရှိပြီး ဖြစ်တဲ့ အင်္ဂလန်နိုင်ငံသူ Lanthe Fullagarပာာ အသက်၁၈နှစ်အရွဃ်မှာဘဲ ညတွင်းချင်း
မီလီဃံနာတစ်ဃောက်ဖြစ်လာပါတဃ် ။ EuroMillionsထီရဲ့  အငဃ်ဆုံးပေါက်သူအနေနဲ့ Fullagarပာာ ၁၁မီလီဃံ
ဒေါ်လာရရှိခဲ့ ပြီး သူမထီပေါက်ကတည်းက လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတော့တာပါပဲ။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ဘောလုံးသမား တစ်ယောက်အနေနှင့် ခန္ဓာကိုယ်အလေးချိန် မည်မျှရှိသင့်သနည်း?
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
၂၀၁၁)ခုနှစ် အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမား ဆုကို ယာယာတိုရေးက ရရှိသွားကြောင်း သိရှိရသည်။
(၂၀၁၁)ခုနှစ် အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမား ဆုကို ယာယာတိုရေးက ရရှိသွားကြောင်း သိရှိရသည်။
မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ် ကစားသမားသည် ပြီးခဲ့သည့် ဘောလုံး ရာသီအတွင်း မန်စီးတီးတို့ ချန်ပီယံလိဂ် ၀င်ခွင့်နှင့် FA ဖလား ချန်ပီယံ ဘွဲ့တို့ ရရှိစေရန် အထူး အရေးပါသော နေရာမှ အကူအညီ ပေးခဲ့သည်။ အိုင်ဗရီကို့စ် လက်ရွေးစင် တိုရေးသည် (၂၀၁၀)ပြည့်နှစ်က စပိန်ထိပ်သီး ဘာစီလိုနာကို စွန့်ခွာ လာပြီးကတည်းက မန်စီးတီးတွင် အခရာ အကျဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေသည်။ ၎င်းသည် FA ဖလား အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့တွင် မန်စီးတီး အတွက် အနိုင်ဂိုးများ သွင်းပေးကာ (၃၅)နှစ်အတွင်း ကလပ်အသင်း အတွက် ပထမဆုံး ဆုဖလားကို ရယူ ပေးခဲ့သည်။
အသက်(၂၈)နှစ်ရှိ တိုရေးကို အာဖရိကတိုက် အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ကြောင့် အာဖရိက ဘောလုံး အဖွဲ့ချုပ် ၀က်ဘ်ဆိုက်တွင် အတည်ပြု ဖော်ပြခဲ့သည်။ တိုရေးသည် (၁၉၉၂)ခုနှစ်နောက်ပိုင်း အဆိုပါဆုကို ဒုတိယမြောက် ရရှိသည့် အိုင်ဗရီကို့စ် လက်ရွေးစင်လည်း ဖြစ်လာသည်။ ယခင်က အဆိုပါဆုကို အိုင်ဗရီကို့စ်သား တစ်ဦးအနေနှင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာက ဆွတ်ခူးခဲ့ဖူးသည်။ ယင်းဆုကို အာဖရိကတိုက်ရှိ အမျိုးသား လက်ရွေးစင် အသင်း နည်းပြများ စုပေါင်းမဲ ပေးကာ ရွေးချယ်ခြင်း ဖြစ်သည်။ ယခုနှစ် အတွက် တိုရေးက အကောင်းဆုံးဆု ရရှိပြီး ဒုတိယ နေရာတွင် ဂါနာမှ အင်ဒရီအေယူးနှင့် တတိယနေရာတွင် မာလီမှ ဆီဒေါ်ကီတာတို့က ရပ်တည် နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
TV ထုတ်လွှင့်မှုကို အဓိက ထားသည့် ပွဲစဉ် ရေးဆွဲမှုများက ချန်ပီယံ ပြေးလမ်းကို ခြိမ်းခြောက်နေကြောင်း မန်စီနီ ညည်းညူ
Share |
TV ထုတ်လွှင့်မှု အတွက် ဦးစား ပေးလွန်းသည့် ပွဲချိန်ဇယား ရေးဆွဲမှုများက မိမိတို့ အသင်းကို ချန်ပီယံ လမ်းကြောင်းမှ သွေဖယ် သွားစေရန် ဖိအားပေး နေကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ညည်းညူခဲ့သည်။
မန်စီးတီးသည် ၀က်စ်ဘရွန်းဝစ်ခ်ျကို သရေ ကျသွားပြီးနောက် မန်ယူ၏ ရမှတ်တူဖြင့် ဖိအား ပေးလာမှုကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းက နှစ်သစ်ကူး ကာလတွင် မန်စီးတီး ကစားရမည့် ပွဲစဉ်များ အတွက် ပွဲစဉ်များ ရေးဆွဲမှု အပေါ် စိတ်ပျက်လက်ပျက် ဝေဖန်ခဲ့သည်။ မန်စီးတီးသည် ဇန်န၀ါရီ လဆန်းပိုင်းတွင် ပရီးမီးယားလိဂ် ပွဲကျပ်(၂)ပွဲကို (၄၈)နာရီ အတွင်း ကစားရမည့် အခြေအနေအား မန်စီနီက ထောက်ပြခဲ့သည်။ "ကျွန်တော်တို့ ဇန်န၀ါရီ (၁)ရက်နေ့မှာ ဆန်းဒါးလန်းကို အဝေးကွင်း ပွဲစဉ် သွားကစားရမယ်။ နောက်တော့ (၃)ရက်နေ့မှာ လီဗာပူးလ်နဲ့ အိမ်ကွင်း ကစားရမယ်။ ကျွန်တော်တို့မှာ ပြင်ဆင်ချိန် (၄၈)နာရီပဲ ရပါတယ်။ TV ထုတ်လွှင့်ပုံ အတွက် အဓိက ရည်ရွယ်ပြီး ပွဲစဉ်တွေ ရေးဆွဲ ထားတာဟာ တစ်ခါတစ်လေ အသင်းတွေ အတွက် ခက်ခဲ လွန်းပါတယ်" ဟု မန်စီနီက ဆိုသည်။
TV ထုတ်လွှင့်မှု အစီအစဉ်အား မကျေနပ်သည့် မန်စီနီ
၎င်းက ဆက်လက်၍ "လီဗာပူးလ်က သောကြာနေ့ကတည်းက ပွဲကစားပြီး နားရက် ရထားပြီ။ မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဇင်ဘာ (၃၁)ရက်နေ့မှာ ဘလက်ဘန်းကို အိမ်ကွင်းမှာ ကစားရပါမယ်။ ကျွန်တော့်အထင် သူတို့ အဲဒီပွဲကို နိုင်လောက်ပါတယ်။ ဇန်န၀ါရီ (၄)ရက်နေ့မှာ မန်ယူက နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ကစား ရပေမယ့် လုံလောက်တဲ့ ပြင်ဆင်ချိန် ရထားပါတယ်။ ကျွန်တော်တို့ကတော့ လီဗာပူးလ်လို အသင်းမျိုးကို ပြင်ဆင်ချိန် လုံလုံလောက်လောက် မရဘဲ ရင်ဆိုင် ရမှာပါ။ ချန်ပီယံ ဆုအတွက် မျှော်လင့် ကြိုးစားနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ ဒီလို ပွဲဆက်တွေများနေတဲ့ အခြေအနေ အတွက် မပျော်ရွှင်နိုင်ပါဘူး" ဟုလည်း ဖွင့်ဟ ပြောဆိုသွားသည်။
မန်စီးတီးနှင့် မန်ယူတို့သည် ဇန်န၀ါရီလ (၈)ရက်နေ့တွင် FA ရှုံးထွက်ဖလား ပွဲစဉ်အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။ "ကျွန်တော်တို့အတွက် စိတ်ဓာတ်ရေးရာ အရပါ အရေးကြီးတဲ့ ပွဲစဉ်ပါ။ ကျွန်တော်တို့ ချန်ပီယံဘွဲ့ကို မျှော်လင့်ရင် မန်ယူနဲ့ ပွဲမှာ အနိုင် ကစားရပါမယ်။ မန်ယူဟာ အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း သူတို့ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ အင်အားမျိုး ရှိနေတယ်လို့ ယုံကြည်ပါတယ်" ဟုလည်း မန်စီနီက ပြောဆိုသွားသည်။ မန်စီးတီးကို အိမ်ကွင်းတွင် ဂိုးမရှိ သရေခံ ကစားခဲ့သည့် ၀က်စ်ဘရွန်းဝစ်ခ်ျ မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ယခုအခါ ပရီးမီးယားလိဂ် သရဖူ လုပွဲသည် ပိုမိုကြည့်ကောင်း လာပြီဟု မှတ်ချက် ပြုခဲ့သည်။
"မန်ယူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရတဲ့ အသင်းပါ။ ဒါပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့ အပတ်က ဖူလ်ဟမ်နဲ့ အရေးကြီးတဲ့ ပွဲကို အဝေးကွင်းမှာ (၅-၀)နဲ့ အနိုင်ယူခဲ့တယ်။ နောက်တော့ ၀ီဂန်ကို နောက်ထပ်(၅)ဂိုးသွင်းပြီး နိုင်ပြန်တယ်။ သူတို့အတွက် အကောင်းဆုံး ဖြတ်သန်းမှုပါပဲ။ ဒီအံ့ဩစရာ နိုင်ပွဲ နှစ်ခုကြောင့် ချန်ပီယံ လုပွဲက ပိုပြီး အသက်ဝင်လာပြီ။ တော့တင်ဟမ်ဟော့စပါး၊ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ အာဆင်နယတို့ကလည်း သူတို့ရဲ့ ရပ်တည်မှုကို ပိုပြီး မြှင့်တင်နိုင်ရင် ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်က ပိုပြီးတော့ မြိုင်ဆိုင် လာမှာပါ" ဟု ဟော့ဂ်ဆန်က ပြောကြားသွားသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed