BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, January 20, 2012

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ လွန်ခဲ့သော၅နှစ်ကျော်ခန့်ကတည်းက အသင်းရဲ့ ဂျာစီများကို စပွန်ဆာပေးနေသော Adidas အားကစားကုပ္ပဏီနှင့် လမ်းခွဲလိုက်ပြီးနောက်အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ၆နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ Worrior Sports ဟာ လာမည့် ၂၀၁၂-၂၀၁၃ ဘောလုံရာသီမှ စတင်ကာ လီဗာပူးလ်အသင်းရဲ့ အားကစားဝတ်စုံများကို တာဝန်ယူထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ၆နှစ်သက်တမ်းရှိ စာချုပ်သစ်အရ လီဗာပူးလ်အသင်းဟာ တနှစ်လျှင် ပေါင် ၂၅သန်းရရှိမည်ဖြစ်ပြီး ၆နှစ်စာအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ ရရှိသွားမှာဖြစ်သည်။


စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းနှင့်ပါတ်သတ်၍ Worrior Sports ရဲ့ အထွေထွေမန်နေဂျာ ရစ်ချက်ရိုက်က " အခုလို လီဗာပူးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုတာဟာ ကျွန်တော်တို့ ကုပ္ပဏီရဲ့ ကမ္ဘာ့ဘောလုံးလောကအတွင်းကို စတင်ဝင်ရောက်မှု့ ခြေလှမ်းသစ်ပါပဲ။ လီဗာပူးလ်အသင်းနဲ့ အခုလိုပူးပေါင်းလိုက်ခြင်းဟာ ကျွန်တော်တို့ကုပ္ပဏီရဲ့ အမှတ်တံဆိပ်ဟာ ကမ္ဘာတလွှားကို ပျံ့နှံ့စေဖို့ အပြည့်စုံဆုံး ကိစ္စတခုပါပဲ " ဟုပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းဟာ Worrior Sports နှင့် ယခုလို တနှစ်လျင် ပေါင်၂၅သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခြင်းကြောင့် Nike ကုပ္ပဏီနှင့် မန်ယူအသင်းတို့ရဲ့ တနှစ်ပေါင်၂၃.၅သန်းတန် စာချုပ်တန်ဖိုးကို ကျော်လွန်ကာ အင်္ဂလန်တွင် အားကစားဂျာစီစပွန်ဆာအမြင့်ဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မှီ ဒရော့ဘာကို အရခေါ်ယူဖို့ ကြိုးစားနေတဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ

ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မှီ ဒရော့ဘာကို အရခေါ်ယူဖို့ ကြိုးစားနေတဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ
ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မှီ ဒရော့ဘာကို အရခေါ်ယူဖို့ ကြိုးစားနေတဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ
တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာကလပ်ဟာ ချယ်ဆီးအသင်းတိုက်စစ်မှူး ဒီဒီယာဒရော့ဘာကို ခေါ်ယူရန် ပြောဆိုမှု့များပြုလုပ်နေကြောင်း ဖွင့်ဟခဲ့သည်။ ရှန်ဟိုင်းရှန်ဟွာကလပ်ဟာ ပြီးခဲ့သောအစောပိုင်းကလည်းပဲ ချယ်ဆီးတိုက်စစ်မှူး အနယ်လ်ကာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီးဖြစ်သည်။ အသက်၃၃နှစ်အရွယ်တိုက်စစ်မှူး ဒရောဘာ့ဟာ ချယ်ဆီးအသင်းရဲ့ တနှစ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု့ကို ပယ်ချထားပြီး ၂နှစ်သက်တမ်းတိုးရန် တောင်းဆိုထားသူဖြစ်သည်။ ရှန်ဟိုင်းရှန်ဟွာကလပ်အနေဖြင့် ဒရော့ဘာနှင့် ချယ်ဆီးအသင်းတို့၏ လိပ်ခဲတည်းလဲဖြစ်နေသောအနေအထားကို အမိအရယူကာ ယခုလမကုန်မီ ခေါ်ယူသွားနိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မျက်လုံးမကောင်းပဲ မန်ယူဂိုးပေါက်ကို စောင့်ရှောက်နေသူ ဒီဂီအာ

မျက်လုံးမကောင်းပဲ မန်ယူဂိုးပေါက်ကို စောင့်ရှောက်နေသူ ဒီဂီအာ
မျက်လုံးမကောင်းပဲ မန်ယူဂိုးပေါက်ကို စောင့်ရှောက်နေသူ ဒီဂီအာ
မန်ချက်စတာ ယူနိုက်တက် အသင်း၏ လူငယ်ဂိုးသမား ဒီဂီအာသည် မျက်လုံးမကောင်းပဲ အသင်း၏ ဂိုးပေါက်ကို စောင့်ရှောက်ပေး နေခဲ့သူဖြစ်ကြောင်း Daily Mailကဖော်ပြသွားခဲ့သည်။

ထို့ကြောင့် ဂီအာသည် မျက်လုံးခွဲစိတ်ကုသမှုများ ခံယူရတော့မည် ဖြစ်ကြောင်းသိရသည်။ ဂီအာ၏ မျက်လုံးတစ်ဘက်မှာ အဝေးမှုန် အနေအထားဖြစ်နေကြောင်း ဆန်းသပ်တွေ့ရှိခဲ့ပြီး၊ မကြာမီလေဆာပစ်ပြီး ကုသ သွားတော့မည် ဖြစ်သည်။ ဂီအာသည် ငယ်စဉ်ကလေးဘ၀ ကတည်းကပင် မျက်မှန်တပ်ဆင်နေခဲ့ ရသူဖြစ်ပြီး၊ ပွဲကစားချိန်တွင် မျက်ကပ်မှန် တပ်ဆင် ကစားခဲ့ခြင်း သိရသည်။

သို့သော်လည်း မန်ယူအသင်းကမူ ဂီအာအနေဖြင့် ပုံမှန်လက်စွမ်းမရ ဖြစ်နေသည်မှာ အဆိုပါ ကိစ္စရပ်ကြောင့် ဖြစ်နေမည်ဟု မထင်ကြောင်း၊ ထို့ကြောင့် လာမည့်မတ်လမှ ကုသမှု ပြုလုပ်သွားရန် အကြံပြုထားကြောင်း သိရသည်။ အက်သလီတီဂိုမှ အိုးထရက်ဖို့ဒ်သို့ ပေါင် (၁၇.၈)သန်းဖြင့် ပြောင်းရွေ့လာသည် အသက်(၂၁)နှစ်အရွယ် ဂီအာကမူ လာမည့် အိုလံပစ်ပွဲမတိုင်မီ ကုသမှု ပြုလုပ်သွားချင်နေကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်


   
တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်
တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်
မန်ယူအသင်းရဲ့ နောက်ထပ် လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ မောရစ်ဆင်က မန်ယူအသင်းမှာ ဆက်နေစေချင်တယ်ဆိုရင် တစ်ပါတ်လုပ်ခ လစာ ပေါင်သုံးသောင်းပေးချေရမယ်လို့ တောင်းဆိုလိုက်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေအပေါ် သွေးတိုး စမ်းလိုက်ပါတယ်... မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်က မောရစ်ဆင်ကို လက်လွှတ်လိုတဲ့ ဆန္ဒ မရှိတာကြောင့် စာချုပ်သစ် ဆက်လက်ချုပ်ဆိုဖို့ အသင်းတာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူတွေက မောရစ်ဆင်အား တစ်ပါတ်လုပ်ခ လစာ ပေါင် တစ်သောင်းနှစ်ထောင်နဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် မောရစ်ဆင်က ငြင်းဆန် ပယ်ချလိုက်ကာ ပေါင် သုံးသောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်....

ယင်းကိစ္စနဲ့ ပါတ်သက်လို့ ဖာဂူဆန်ကတော့ "ဒီဟာနဲ့ ပါတ်သက်ပြီး ကျွန်တော် ဘာမှ ပြောစရာ မရှိဘူး.. အာဆင်နယ်နဲ့ ပွဲကို အာရုံစိုက်ဖို့ကလွဲပြီး ကျွန်တော် လုပ်စရာ ဘာမှ မရှိဘူး" ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။ မောရစ်ဆင်သည် မန်ယူ လူငယ်အသင်းနှင့်အတူ အက်ဖ်အေလူငယ်ဖလားအား ပြီးခဲ့သည့် ရာသီက ဆွတ်ခူးထားနိုင်ခဲ့ပြီး ပေါလ်စခိုးလ် လက်သစ်ဟု အမည်တွင်နေသည့် အရည်အချင်းရှိ လူငယ်ကစားသမား တစ်ဦးဖြစ်သည်။ မောရစ်ဆင်အနေဖြင့် အရည်အချင်းရှိ ကစားသမား တစ်ဦးဖြစ်သော်လည်း အသင်းတွင် ပြဿနာများ ဖြစ်လေ့ရှိသော ကစားသမား တစ်ဦးဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာတွင် ကောင်းမွန်မှု မရှိပေ။ အရန်သင်းပွဲစဉ် တစ်ပွဲတွင် အရန်ခုံတန်းလျားအထိ သူ၏ မိုဘိုင်းလ်ဖုန်းကို ယူဆောင်ခဲ့သော သာဓက ရှိခဲ့သလို ပြီးခဲ့သော ရက်ပိုင်းကလဲ အသင်း၏ နည်းပြအဖွဲ့ကို သူ၏ တွစ်တာစာမျက်နှာမှ တစ်ဆင့် အရိုအသေတန်သော စကားများဖြင့် ရေးသားခဲ့သေးသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed