BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, March 1, 2012

ဘယ်ကစားသမားမှ ယူရိုသန်း(၄၀)ဆိုတဲ့ ပမာဏနဲ့ မထိုက်တန်ပါဘူး (ဂျာဗီ မာတီနက်ဇ်)



 ဘယ်ကစားသမားမှ ယူရိုသန်း(၄၀)ဆိုတဲ့ ပမာဏနဲ့ မထိုက်တန်ပါဘူး (ဂျာဗီ မာတီနက်ဇ်)
ဘယ်ကစားသမားမှ ယူရိုသန်း(၄၀)ဆိုတဲ့ ပမာဏနဲ့ မထိုက်တန်ပါဘူး (ဂျာဗီ မာတီနက်ဇ်)
မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ဘာစီလိုနာတို့က ပစ်မှတ်ထားနေသော အက်သလီတစ် ဘီလ်ဘာအို အသင်း၏ စပိန်လူငယ် ကစားသမားက မည်သို့သော ကစားသမားမျိုးဖြစ်စေ၊ ယူရိုသန်း(၄၀)ဆိုသော ငွေကြေးပမာဏဖြင့် ထိုက်တန်ခြင်း မရှိကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါ စပိန်ကွင်းလယ်ကစားသမား လူငယ်လေးကို မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ဘာစီလိုနာတို့ အပြိုင်ချိတ်ဆက်နေကြသည်။ အကယ်၍ ၎င်းအား ဘီလ်ဘာအို အသင်းက ယူရိုသန်း(၄၀) သတ်မှတ်လိုက်လျှင် မည်သို့ ခံစားရမည်နည်း? ဟု မီဒီယာများ မေးမြန်းခဲ့သည်ကို မာတီနက်ဇ်က -

"ဘယ်လိုကစားသမားမျိုးမဆို ဒီလောက်များပြားလွန်းတဲ့ ငွေကြေးပမာဏကြီးနဲ့ မထိုက်တန်ပါဘူး၊ ဒီငွေပမာဏကြီးကို ပါးစပ်က ထုတ်ပြောရင်တော့ အရမ်းလွယ်ပါတယ်၊ ဒါကကျွန်တော့်အမြင်ကို ပြောပြတာပါ၊ ကျွန်တော်အနေနဲ့ကတော့ ဘီလ်ဘာအိုမှာပျော်တယ်၊ အရမ်းလည်း ပေါ့ပေါ့ပါးပါး ရှိတယ်၊ ကျွန်တော့်ခေါင်းထဲမှာ ဘာအပြောင်းအရွေ့ ကိစ္စမှ မရှိပါဘူး" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်



ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်
ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်
မန်ယူနည်းပြကြီး ဖာဂူဆန်က လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးစ်အသင်း
တိုက်စစ်မှူး လူးဝစ်ဆာဟာသည် မန်ယူအသင်းအား ဒုက္ခပေးမည့်ကစားသမားဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။

၂၀၀၄ ခုနှစ်က၊ ပေါင် (၁၂.၈)သန်းဖြင့် မန်ယူအသင်းအတွက် ဖာဂူဆန်ခေါ်ယူခဲ့ဖူးသည့် လူးဝစ်ဆာဟာသည် မန်ယူအသင်းတွင် ကစားခဲ့သည့်လေးနှစ်တာကာလအတွင်း ဒဏ်ရာများနှင့် နပန်းလုံးခဲ့ရသော်လည်း အသင်းအတွက် ပွဲထွက်ခဲ့သည့် (၁၂၄) ပွဲ တွင် (၄၂) ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

" သူဟာ  အံ့ဖွယ်တိုက်စစ်မှူးပါ၊ ပြီးတော့ သူဟာ ဂရိတ် ခြေထောက်နှစ်ချောင်းကိုလည်းပိုင်ဆိုင်ထားပါတယ်၊ လျှင်မြန်မှုရှိပြီး၊ ခေါင်းတိုက်ဂိုးသွင်းနိုင်မှုလည်း ပြုလုပ်နိုင်သူပါ၊ " ဟု ဖာဂူဆန်က ဆာဟာ အားချီးကျူးခဲ့သည်။

ဖာဂူဆန်သည် ဆာဟာအား အဲဗာတန်အသင်းသို့ရောင်းချခဲ့သော်လည်း၊ ဆာဟာသည် ယခုနှစ် ဇန်န၀ါရီတွင် စပါးစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။

" သူ့ကို ထွက်ခွာခွင့်ပေးလိုက်တဲ့အတွက် အဲဗာတန်အသင်းပျော်ရွှင်ခဲ့မှာပါ၊ ဆာဟာ ဟာ စပါးစ်အသင်းကို ပြောင်းရွှေ့ပြီး၊
မကြာမီမှာပဲ ဂိုး နှစ် ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဆာဟာ ဟာ စံနမူနာယူထိုက်တဲ့ ကစားသမားမျိုးပါ "

ဆာဟာသည် ပြီးခဲ့သည့် အာဆင်နယ်အသင်းအား (၅-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း စပါးစ်အသင်းအတွက် ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့သေးသည်။

ဆက်လက်ပြီး၊ ဖာဂူဆန်က စပါးစ်အသင်းသည် ကြောက်စရာကောင်းသည့်အသင်းတစ်သင်းဖြစ်ကြောင်း၊ တိုက်စစ်အားသန်သည့် ကစားသမားများနှင့် စုဖွဲ့ထားပြီး၊ ညီညွတ်သည့်အသင်းတစ်သင်းဖြစ်ကြောင်း၊ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ ကျိန်းသေကြောင်း ပြောကြားသွားခဲ့သည်

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အင်ဒို-မြန်မာ ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြီး မြန်မာအသင်းအား ချီးကျုးလိုက်သည့် အင်ဒိုနီးရှား လက်ထောက်နည်းပြ



အင်ဒို-မြန်မာ ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြီး မြန်မာအသင်းအား ချီးကျုးလိုက်သည့် အင်ဒိုနီးရှား လက်ထောက်နည်းပြ
အင်ဒို-မြန်မာ ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိ သွားခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြီး မြန်မာအသင်းအား ချီးကျုးလိုက်သည့် အင်ဒိုနီးရှား လက်ထောက်နည်းပြ
အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ ကစားသွားခဲ့ကြသော ပွဲစဉ်တွင် ပိုကောင်းသည့် အသင်းက အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား ယူ-၂၁ အသင်း၏ လက်ထောက်နည်းပြက ဖွင့်ဟပြောကြား သွားခဲ့သည်။

အင်ဒိုနီးရှား ယူ-၂၁ အသင်းသည် ပထမပိုင်းတွင် မြန်မာအသင်းအား (၁-၀)ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း၊ ပွဲအပြီးတွင် မြန်မာလူငယ်အသင်းအား (၃-၁)ဂိုးဖြင့် လက်မြှောက်အရှုံးပေးခဲ့ရသည်။ အင်ဒိုနီးရှား လက်ထောက် နည်းပြက -
"သူတို့(မြန်မာ) ကစားသွားတာ အရမ်းကောင်းပါတယ်၊ ကျွန်တော်ဝန်ခံပါတယ်၊ သူတို့အသင်းက ပိုကောင်းလို့ နိုင်သွားတယ်ဆိုတာ၊ ဒီပွဲမကစားခင်မှာ မြန်မာက နားချိန်(၃)ရက်တိတိ ရခဲ့တယ်၊  ကျွန်တော်တို့မှာ နားချိန် (၁)ရက်ပဲ ရခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ ကျွန်တော် ဆင်ခြေဆင်လက်တွေ ပေးနေတာမဟုတ်ပါဘူး"

"ပထမပိုင်းမှာတော့ ကျွန်တော်တို့အသင်းက ယုံကြည်မှု အပြည့်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်၊ ပရိတ်သတ်တွေရဲ့ အားပေးမှုကလည်း အသင်းကို အတော်လေး အထောက်အပံ့ ဖြစ်စေခဲ့တယ်၊ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အသင်းက အာရုံစူးစိုက်မှုတွေ လျော့နည်းလာတယ်"

"ဒီပွဲမှာ အဓိက မြန်မာအသင်းကို တွန်းအားဖြစ်စေခဲ့ တာကတော့ ဒုတိယပိုင်း ချေပဂိုးပါပဲ၊ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အရမ်းကိုသေသပ်ကောင်းမွန်လှတဲ့ ကစားပုံနဲ့ ကစားနိုင်ခဲ့တယ်၊ သူတို့ရဲ့ one-two အပေးအယူတွေက အရမ်းကောင်းတယ်၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကွင်းလယ်ကို မာမာထန်ထန် ထိန်းချုပ် ကစားနိုင်ခဲ့တယ်၊ အနှစ်ချုပ်ကတော့ ဒီပွဲဟာ အရမ်းကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ"
 ဟု ချီးကျူးသွားခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပိုင်း ကျော်ကိုကို၏ အနိုင်ဂိုး(၂)ဂိုးကြောင့် အုပ်စုပထမ နေရာကို ဆုပ်ကိုင် နိုင်ခဲ့သလို၊ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ရန် အကောင်းဆုံး အနေထားတွင် ရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်အသင်းကို (၈-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သလို၊ အင်ဒိုနီးရှား အသင်းကိုလည်း (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့်၊ ယခုပြိုင်ပွဲတွင် (၂)ပွဲကန်ပြီး ရလာဒ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

အင်ဒိုနီးရှားအသင်းသည် လာအိုကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း၊ စင်ကာပူအသင်းကို (၁-၁)ဂိုးဖြင့် သရေကျ ခဲ့သောကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရန် လာမည့်ပွဲစဉ်တွင် ရင်ဆိုင်ရမည့် ဖိလစ်ပိုင်းအသင်းကို မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေသည်။ အင်ဒိုနီးရှား လက်ထောက်နည်းပြက -
"ပြီးခဲ့တဲ့ ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သင်ခန်းစာ အများကြီး ရခဲ့ပါတယ်၊ ကျွန်တော် အရင်က ပြောခဲ့သလိုပေါ့၊ ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေဟာ နိုင်ငံတကာပွဲ အတွေ့အကြုံ လုံးဝမရှိသေးပါဘူး၊ အသင်းခေါင်းဆောင် အန်ဒစ်ခ် တစ်ယောက်ကလွဲလို့ပေါ့၊ ကျွန်တော်တို့ ဖိလစ်ပိုင်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ပြီး ကောင်းမွန်တဲ့ ရလာဒ်ရအောင် စွမ်းဆောင်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်၊ ဒါမှလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မှာပါ" ဟုပြောကြားသွားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, February 24, 2012

ဖာနန်ဒို တောရက်စ် စပိန် လက်ရွေးစင် လူစာရင်းမှ ချန်လှပ်ထားခြင်း ခံခဲ့ရ



ဖာနန်ဒို တောရက်စ် စပိန် လက်ရွေးစင် လူစာရင်းမှ ချန်လှပ်ထားခြင်း ခံခဲ့ရ
စပိန် နည်းပြ ဒယ်ဘော့စ်ကွေးသည် ဗင်နီဇွဲလား အသင်းနှင့် ခြေစမ်းမည့် စပိန် အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ရာ ချဲလ်ဆီးအသင်း၏ ပေါင်သန်း၅၀တန် တိုက်စစ်မှူး တောရက်စ် ပါဝင်လာခဲ့ခြင်း မရှိခဲ့ပဲ ချန်လှပ်ထားခြင်း ခံခဲ့ရသည်။ ၂၇နှစ်အရွယ် စပိန် တိုက်စစ်မှူးသည် လွန်ခဲ့သော ရာသီက လီဗာပူးလ်အသင်းမှ ချဲလ်ဆီးအသင်းတို့ ဒေါ်လာ ၅၈.၆သန်းဖြင့် ပြောင်းရွှေ့ ခဲ့ပြီး နောက်ပိုင်းတွင် သူ့၏ အကောင်းဆုံး ပုံစံ စွမ်းရည်များ ပျောက်ဆုံး နေခဲ့သူလည်း ဖြစ်သည်။

တောရက်စ်သည် ယူရို ၂၀၁၂ ခြေစစ်ပွဲစဉ်များတွင် စပိန်အသင်းအတွက် နှစ်ဂိုး သွင်းယူထားခဲ့သော်လည်း နည်းပြ ဖြစ်သူ ဒယ်ဘော့စ်ကွေးက ယခင် အက်တလက်တီကို တိုက်စစ်မှူးဟောင်းသည် ဒီထက် ပိုမို တိုးတက်ရန် လိုအပ်နေသေးသည်ဟု ယူဆထားလျှက် ရှိနေသည်။

'' ဒါဟာ သူ့အတွက် ထိခိုက်မှု့ ဖြစ်စေမှာ သေချာပါတယ်။ ဒါပေ့မယ့် ဒါဟာ သူ့အတွက် ပိုမိုတိုးတက်လာဖို့ တိုက်တိုး နှိုးဆော်မှု့ လုပ်ဆောင်ချက် ဖြစ်စေမှာပါ။ ''ဟုစပိန် နည်းပြဖြစ်သူက မီဒီယာများကို ပြောဆိုသွားခဲ့သည်။

 '' ကစားသမားတွေ အနေနဲ့ စိုးရိမ်မှု့ မရသင့်သလို ဒီလူစာရင်းဟာလည်း ယူရိုလ် ၂၀၁၂ ပြိုင်ပွဲအတွက် နောက်ဆုံး လူစာရင်းလည်း မဟုတ်ပါဘူး '' 
သူကဟုထပ်မံ ရှင်းလင်းခဲ့သည်။

စပိန် အသင်း၏ လူစာရင်းတွင် ရီးရဲလ်အသင်း၏ နောက်ခံလူ ရာအူးလ်အယ်ဘီယ်၊ ဘာစီလိုနာ တိုက်စစ်မှူး ပက်ထရိုတို့လည်း ပါဝင်ခြင်း မရှိခဲ့ပေ။ စပိန် လက်ရွေးစင် လူစာရင်းတွင် ဘာစီလိုနာအသင်းမှ ရှစ်ယောက်ထိ အများဆုံး ရွေးချယ် ခံထားရပြီး ရီးရဲလ် အသင်းနှင့် ဘီဘာအိုလ် အသင်းမှ လေးယောက်စီနှင့် ဒုတိယ အများဆုံး ရွေးချယ်ခံ ခဲ့ရသည်။ ရွေးချယ် ခံထားရသည့် ကစားသမားစာရင်းမှာ -

( ဂိုး )
 ကာဆီးလက်စ်(ရီးရဲလ်) ၊ ဗားဒက်စ် (ဘာစီ)၊ ရိန်နာ (လီဗာပူးလ်)

(နောက်) အဘီလိုအာ၊ ရာမို့စ် (ရီးရဲလ်)၊ ပူယိုးလ်၊ပီကေးလ် (ဘာစီ)၊ အီရာယိုလာ၊ မာတီနက်ဇ် (ဘီဘာအိုလ်)၊ အယ်ဘာ ( ဗလင်စီယာ)

( လယ် ) ဇာဗီ၊ဖာဘရီဂက်စ်၊ ဘာကွက်စ်၊ တီယာဂို (ဘာစီ)၊ ဆေးဗားလ် ( မန်စီးတီး)၊ ကာဇိုလာ (မာလဂါ)၊ နာဗက်စ် (ဆီးဗီးလား)၊ မာတာ (ချဲလ်ဆီး)

( ရှေ့ )
  မူနီယာ၊ လိုရန်တေး(ဘီဘာအိုလ်)၊ ဆိုဒါဆို (ဗလင်စီယာ)၊ နီဂရီဒို (ဆီးဗီးလား) 

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အာစင်ဝင်းဂါးကို ပေါင်သန်း(၁၀၀)အထိ ထုတ်ပေးမဲ့ အာဆင်နယ်


အသင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အာစင်ဝင်းဂါးကို ပေါင်သန်း(၁၀၀)အထိ ထုတ်ပေးမဲ့ အာဆင်နယ်

အသင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အာစင်ဝင်းဂါးကို ပေါင်သန်း(၁၀၀)အထိ ထုတ်ပေးမဲ့ အာဆင်နယ်

အာဆင်နယ်အသင်းမှ ဘုတ်အဖွဲ့က အသင်းအား ပြန်လည်တည်ဆောက်ရန် အတွက် နည်းပြအာစင်ဝင်းဂါးကို ပေါင်သန်း(၁၀၀)အထိ ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

လူငယ်ပေါ်လစီကိုသာ ကျင့်သုံးနေသော အာစင်ဝင်းဂါးသည် ဖိအားများကြောင့် ၎င်း၏ပေါ်လစီကို သွေဖီကာ ငွေကြေးသုံးစွဲတော့မည် ဖြစ်ကြောင်း သိရသည်။ Telegraph၏အဆိုအရ ခရွန်ကီသည် အာစင်ဝင်းဂါးအား မူလက ပေါင်သန်း(၅၀)ထုတ်ပေးမည်ဟု ပြောကြားထားသော်လည်း၊ ပေါင်သန်း(၁၀၀) အထိတိုးမြှင့်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တစ်ဖန်အသင်း ၀က်ဆိုက်ဒ်ကလည်း အာစင်ဝင်းဂါးအတွက် အပြောင်းအရွေ့တွင် သုံးစွဲရန် ပေါင်သန်း(၅၀)နှင့် သန်း(၁၀၀)အကြား ထုတ်ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ဖော်ပြသွားခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 19, 2012

ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်

ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်p
ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်
အာဆင်နယ်ကြယ်ပွင့်ဟောင်း အဲလက်စ် လှပ်ဘ်သည် ယခုနှစ်ဘောလုံးရာသီကုန်အထိ ရုရှားကလပ် ခရိုင်လ်ရာ ဆိုဗီတော့ဗ်တွင် ကစားရန် သဘောတူညီမှုရရှိခဲ့သည်။

လှပ်ဘ်သည် ဘွန်ဒက်လီဂါကလပ် ၀ုဗ်ဘတ်ဂ်အသင်းနှင့် အငှားစာချုပ်အားဖျက်သိမ်းပြီးနောက် ပြီးခဲ့သည့်ဇန်န၀ါရီတွင်
ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ရခဲ့သည်။

လွန်ခဲ့သည့်လေးနှစ် အာဆင်နယ်အသင်းမှ ပေါင် ၁၅သန်းဖြင့် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့ကတည်းက အဆိုပါ အသက် ၃၀ အရွယ်ရှိ ကွင်းလယ်လူသည် ဒဏ်ရာများနှင့် နပန်းလုံးခဲ့ရသည်။

ဘာစီလိုနာအသင်းတွင်ခြေစွမ်းမပြနိုင်ခဲ့သော လှပ်ဘ်သည် သြဂတ်တွင် ပုဗ်ဘတ်ဂ်အသင်းနှင့် မချိတ်ဆက်ခင်က၊ ဘာမင်ဂမ်၊ စတုဂတ်အသင်းများတွင်လည်း အငှားသွားရောက်ကစားခဲ့ရသည်။

ရုရှားပရီးမီးယားလိဂ်အား မတ်လ ၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး



ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး
ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး
ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားသူဋ္ဌေး အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ၀ါရင့် ကစားသမားအချို့ကို ရှင်းထုတ်ရန် ဆန္ဒရှိနေသော ဘိုအာာ့စ်၏ အစီစဉ်ကိုထောက်ခံပြီး၊ မီးစိမ်းပြလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Telegraph ၏အဆိုအရ ရိုမန်သည် ၀ါရင့်ကစားသမားများကို လာမည့်နွေရာသီတွင် ရှင်းထုတ်သွားရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို ထောက်ခံ ခွင့်ပြုလိုက်ပြီး၊ သွေးသစ်လောင်းကာ လာမည့်ရာသီတွင် အသွင်သစ်ဖြင့် အသင်းကို ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရုရှားသူဋ္ဌေး၏ အတွင်းလူတစ်ဦးက -
"ရိုမန်ဟာ ရှုံးပွဲများတဲ့ နည်းပြနဲ့အတူ လက်တွဲလုပ်ရ တာမျိုးကို သဘောမကျဘူး၊ ကစားသမား အချို့ကတော့ ဘိုအာ့စ်ကို ထောက်ခံတယ်၊ ဒါပေမဲ့ တစ်ချို့ စီနီယာ ကစားသမားတွေကျတော့ သဘောမကျပဲ ဖြစ်နေတယ်၊ အဲ့ဒီ အခြေအနေကိုလည်း ရိုမန်က သဘောမကျဘူး" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

လက်ရှိအနေအထားတွင် ဘိုအားစ်သည် လမ်းပတ်၊ ဒရော့ဘာနှင့် မာလူဒါတို့ကို ရှင်းထုတ်သွားပြီး၊ သွေးသစ်လောင်းကာ အောင်မြင်မှု ဆာလှောင်သော အသင်းတစ်သင်းကို တည်ဆောက်သွားမည် ဖြစ်ပြီး၊ အသင်း၏ ပျမ်းမျှအသက်ကိုလည်း လျော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ရလာဒ်ကို သဘောမတွေ့သော်လည်း၊ ဘိုအာ့စ်ကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed