BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, May 9, 2012

မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့

မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့လာ၊ မန်စီနီနှင့် အဆင်ပြေနေကြောင်း တေးဗက်စ်ဖွင့်ဟ
မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့လာ၊ မန်စီနီနှင့် အဆင်ပြေနေကြောင်း တေးဗက်စ်ဖွင့်ဟ
mmမန်ချက်စတာစီးတီးမှာဘဲ နေချင်ပါတယ်ဟု ကားလိုစ့်တေးဗက်သည် ထုတ်ဖော်ပြောကြားလိုက်ပြီး ၄င်း၏ ဇနီးဖြစ်သူ ဗန်နီဆာနှင့် ကလေးနှစ်ဦးတို့သည် အာဂျင်တီးနားမှနေ မန်ချက်စတာသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကြောင်း ဒေးလီအိတ်စပရက်စ်သတင်းစာက ဖော်ပြသွားခဲ့သည်။ ယင်းသို့ ပြောင်းရွှေ့လာခဲ့သည့်အတွက် မိသားစုမှာ အထိုင်ကျဖို့ ၄င်းအနေဖြင့် ကူညီနေရကြောင်း ပြောကြားသွားခဲ့သည်။

"ကျွန်တော် ပြန်လာတဲ့အချိန်ကစရင် အခုချိန်ဟာ တကယ့်ကောင်းတဲ့ ခံစားချက်ပါဘဲ။ အလွန်ကိုလည်း သက်တောင့်သက်သာ ရှိနေပြီး မန်စီးတီးအတွက် တကျော့ပြန်ကစားရတဲ့အတွက်လည်း ကျေနပ်ပျော်ရွှင်နေပါတယ်။ မန်နေဂျာနဲ့ ကျွန်တော့် မိသားစုတွေနဲ့လည်း ပုံမှန်အတိုင်း အဆင်ပြေနေပါတယ်။ ကျွန်တော့်နဲတော့ သူဟာ တကယ်ကောင်းတဲ့ သူပါဘဲ။ လုံးဝကို ပြဿနာမရှိပါဘူး။ သူဟာ ပွဲတွေကို အနိုင်ရချင်တယ် အောင်လဲ အောင်မြင်တယ် တကယ်လို့သာ ကျွန်တော်ဟာ သူ့ရဲ့ အသင်းမှာ တစိတ်တဒေသအဖြစ် ပါဝင်ကူညီခွင့်ရနေရင် တကယ်ဘဲ အပတ်တကုတ်နဲ့ ကြိုးစားကစားပေးသွားမှာပါ"
ဟု တေးဗက်စ်က ပြောကြားသွားခဲ့သည်။

လွန်ခဲ့သော လအနည်းကဆိုလျှင် တေးဗက်စ်သည် အိမ်လွမ်းသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် အာဂျင်တီးနားသို့ ပြန်သွားခဲ့ပြီး လအတန်ကြာ မန်စီးတီးသို့ ပြန်မလာဘဲ နေခဲ့ပြီး အသင်းမှ ထုတ်ခံရမည်လော အသင်းပြောင်းတော့မည်လော ဆိုသည့်သတင်းပေါင်းစုံ ထွက်ခဲ့သေးသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, May 7, 2012

့ ဖရန့်လမ်းပတ် မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည်

မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည့် ဖရန့်လမ်းပတ်
မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည့် ဖရန့်လမ်းပတ်
ဝင်ဘလေကွင်းတွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ ကိုးခုမြောက် ဆုဖလားအား ကိုင်မြှောက်ခဲ့သည့် ဖရန့်လမ်းပတ်က သူ့အနေဖြင့် မြူးနစ်ဖိုင်နယ်တွင် သူ၏ ဆယ်ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

လမ်းပတ် (၃၃)နှစ်သည် စတမ်းဖို့ဗရစ်ခ်ျက သူ၏ (၁၁)နှစ်တာ ကစားသမားဘ၀အတွင်း ပြည်တွင်းရှိ ဆုဖလားအားလုံးအား ရယူနိုင်ခဲ့သည်။

သို့ပါသော်လည်း ဥရောပအောင်မြင်နှင့်မူ၊ ဝေးကွာနေခဲ့သောကြောင့်၊ ဖရန့်လမ်းပတ်က လာမည့်မေ (၁၉)တွင် ကျင်းပမည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် အောင်မြင်မှုရယူသွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

"ကျွန်တော် အက်ဖ်အေဖလား (၄)ကြိမ်၊ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်ရယူပြီးပါပြီ၊ ဒီလို ဆုဖလား ကိုးခုရယူနိုင်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဆယ်ခု ရယူနိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်"

"၀က်စ်ဟမ်းကနေ ပြောင်းလာတုန်းက၊ အခုလိုမျိုး အောင်မြင်မှုတွေ ရလိမ့်မယ်လို့ မမျှောင့်လင်ခဲ့ပါဘူး၊ ဒါပေမယ့် ချယ်လ်ဆီးဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး၊ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ သိခဲ့ပါတယ်"

"အခုလို အောင်မြင်မှုတွေအတွက် အသင်းပိုင်ရှင်ကို ကျေးဇူးတင်ရပါမယ်၊ သူမရောက်ခင်နှစ်က အသင်းက ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့ပါဘူး၊ သူရဲ့အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေက ခြားနားသွားစေခဲ့တာပါ"

"ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရခဲ့ရင်တော့၊ ဒါဟာ အရမ်းဂုဏ်ယူဖို့ကောင်းပါလိမ့်မယ်၊ ဘေယန်မြူးနစ်ဟာ အသင်းကောင်းတစ်သင်းပါ၊ သူတို့ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲကို ကြည့်ခဲ့ပါတယ်"

"သတင်းတွေကတော့ ချန်ပီယံလိဂ်ဖလားကို ဘယ်သူရမယ်ဆိုတာနဲ့ပတ်သက်ပြီး၊ တော်တော် ပြောနေကြပါတယ်၊ ဒါပေမယ့် ဒီအဆင့်မှာ ဘယ်အသင်းမှ ပိုပြီးရေပန်းမစားပါဘူး"ဟု လမ်းပတ်က ပြောကြားခဲ့သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်လ်ဆီးအသင်းကလည်း ဒရော့ဘာ အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။

ဒရော့ဘာအား စာချုပ်သစ်ချုပ်ဆိုသင့်ကြောင်း ချယ်လ်ဆီးအသင်းအား တိုက်တွန်းပြောကြားလိုက်သည့် ဂျွန်တယ်ရီ
ဒရော့ဘာအား စာချုပ်သစ်ချုပ်ဆိုသင့်ကြောင်း ချယ်လ်ဆီးအသင်းအား တိုက်တွန်းပြောကြားလိုက်သည့် ဂျွန်တယ်ရီ
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက အသင်းအနေဖြင့် တိုက်စစ်မှူးဒရော့ဘာအား စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း ပြောကြားလိုက်သည်။

ဒရော့ဘာ (၃၄)နှစ်သည် ဒီရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ဂျွန်တယ်ရီက ဒရော့ဘာ၏ အက်ဖ်အေဖလားဖိုင်နယ် ဂိုးသွင်းမှတ်တမ်းအရ၊ စာချုပ်သစ်ချီးမြှင့်သင့်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"ဒရော့ဘာ အသင်းက ထွက်ခွာမယ်ဆိုရင်တော့ ဒါဟာ အရမ်းရှက်ဖို့ကောင်းပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အသင်းအတွက် အံ့အားသင့်ဖွယ်စွမ်းဆောင်ပေးခဲ့တာပါ"

"ဒရော့ဘာဟာ ချယ်လ်ဆီးကို ချစ်မြတ်နိုးပြီး၊ နောက်ရာသီ သူအသင်းမှာ ဆက်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ခဲ့ပါတယ်၊ ဒရော့ဘာအနေနဲ့ အသင်းမှ ဆက်ရှိသင့်တယ်လို့ ထင်ပါတယ်"ဟု တယ်ရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လီဗာပူးအား (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူပြီးနောက်၊ ဒရော့ဘာသည် အက်ဖ်အေဖလားဖိုင်နယ် လေးကြိမ်တွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ဒရော့ဘာအား တရုတ်ဘက်မှ နှစ်နှစ်စာအတွက် ပေါင်သန်း (၂၀)ဖြင့် ခေါ်ယူရန်ကတိပြုထားစဉ်တွင်၊ ချယ်လ်ဆီးအသင်းကလည်း သူ့အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။

လက်ရှိတွင် ဒရော့ဘာသည် ၀င်ဘလေတွင်ကစားခဲ့သည့် ရှစ်ပွဲတွင် ရှစ်ဂိုးသွင်းယူထားသည်။

"တီဗီအစီအစဉ်တင်ဆက်သူ မပြောခင်အချိန်အထိ၊ ကျွန်တော် ပြီးခဲ့တဲ့ စနေမှာ မှတ်တမ်းတစ်ခု ရေးထိုးလိုက်တယ်ဆိုတာ မသိခဲ့ပါဘူး၊"

"၀င်ဘလေကို ပြန်လာပြီး၊ ဂိုးထပ်သွင်းချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်စွမ်းဆောင်ခဲ့တာကို ကျေနပ်ခဲ့ပြီးပါပြီ၊ ပွဲအပြီးမှာ ကျွန်တော် ကွင်းပြင်ကို နမ်းခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအောင်ပွဲခံတာ အရမ်ကောင်းပြီး၊ မှတ်မိနိုင်တာမို့ပါ"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျွန်တော် နံပါတ်တစ် ဖြစ်နေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ - ပီယာလို


ကျွန်တော် နံပါတ်တစ် ဖြစ်နေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ - ပီယာလို
ကျွန်တော် နံပါတ်တစ် ဖြစ်နေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ - ပီယာလို
ဂျူဗင်တပ်စ်အသင်း ဒီရာသီ စကူဒက်တိုချန်ပီယံဖြစ်ရန် အဓိက ကူညီခဲ့ပြီးနောက်၊ ကွင်းလယ်လူ ပီယာလိုက သူသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်ဆိုသည်ကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါကွင်းလယ်လူသည် မနှစ်က အေစီမီလန်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း၊ နည်းပြ အယ်လီဂရီလက်အောက်တွင် ရုန်းကန်ခဲ့ရပြီး၊ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိချေ။

သို့ပါသော်လည်း၊ မနှစ်က နွေတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာမှုနှင့်အတူ၊ နည်းပြ အန်တိုနီယို ကွန်တီ၏ ပီယာလိုအပေါ်မူတည်ပြီး၊ အသင်းအားတည်ဆောက်ထားသည့် နည်းဗျူဟာကြောင့် ပီယာလိုမှာ ဒီရာသီ ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားနိုင်ခဲ့သည်။

"ဒီဖလားဟာ ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်၊ ဒါဟာ ရာသီအစကတည်းက ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာပါ၊ ဒါကို ကျွန်တော်တို့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ရရှိခဲ့တာလို့ ထင်ပါတယ်"

"ကျွန်တော်တို့ ဖလား လိုချင်ခဲ့ပြီး၊ ရယူနိုင်ခဲ့ပါတယ်၊ ကျွန်တော် မီလန်ကို စွန့်ခွာခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ စိတ်လှုပ်ရှားမှုအသစ်တွေ လိုချင်လို့ပါ၊ ဒါကြောင့် ကျွန်တော် ဂျူဗီကို ရွေးချယ်ခဲ့ပြီး၊ သူတို့ရဲ့စီမံကိန်းမှာ ပါဝင်ခဲ့တာပါ"

"ကျွန်တော် ဒီရာသီ ခြေစွမ်းပြန်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော်ဟာ နံပါတ်တစ်လို့ ယုံကြည်ပါတယ်"ဟု ပီယာလိုက ပြောကြားသွားခဲ့သည်။

တစ်နေ့နေ့တွင် သူ၏ ကွင်းလယ်ဖန်တီးမှုတာဝန်အား မည်သူလွှဲပြောင်းယူမည်နည်းဟု မေးမြန်းခဲ့ရာတွင် -

"ကျွန်တော် နှစ်ပေါင်းများစွာ ဆက်ကစားချင်ပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ဆက်ကစားချင်နေပြီး၊ ဆုဖလားတွေ ရယူသွားချင်သေးလို့ပါ"ဟုပီယာလိုက ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, May 3, 2012

ရော်နယ်ဒိုက ရွှေဖိနပ်ဆုအား ထပ်မံရယူလိုကြောင်း...


--
ရီးရဲလ်က ဘာကာထက် ပိုကောင်းပါတယ် - ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ဒီရာသီ ရီးရဲလ်အသင်းသည် ဘာစီလိုနာအသင်းထက် ပိုကောင်းခဲ့ကြောင်းနှင့် ရွှေဖိနပ်ဆုအား ထပ်မံရယူလိုကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော် မယုံနိုင်လောက်အောင် ပျော်ရွှင်ပါတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ စပိန်က ပထမဆုံးလိဂ်ဖလားပါ၊ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကို ရောက်ရှိခဲ့ပြီး၊ ကျွန်တော်တို့အကုန်လုံး လာလီဂါဖလားအတွက် စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ်၊ ဘာစီလိုနာလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ပြီး ရယူခဲ့ရတဲ့ဒီအောင်မြင်မှုဟာ မလွယ်ကူခဲ့ပါဘူး၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရခဲ့လို့ရှိရင်၊ ဒါဟာ ခင်ဗျားက သူတို့ထက် ပိုကောင်းခဲ့လို့ပါ၊ (၁၀)လောက် ယှဉ်ပြိုင်ပြီးနောက်မှာတော့၊ အသင်းရဲ့ ရည်မှန်းချက်ကို ရောက်ရှိနိုင်ခဲ့ပါတယ်"

"လိဂ်ဖလားဟာ ကျွန်တော် အလိုချင်ဆုံးပါ၊ ကျွန်တော့်ရဲ့အိမ်မှာ ရွှေဖိနပ်ဆု နှစ်ခုရှိပါတယ်၊ နောက်ထပ် ထပ်ရမယ်ဆိုရင်တော့ ပျော်စရာပါ၊ ဒါပေမယ့် မရလည်း ကျွန်တော် ဘာမှ မဖြစ်ပါဘူး"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်း ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့



လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်း    ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့ 
လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်း   ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့ 
လွန်ခဲ့သောနှစ် ငွေကြေးဘက်ဂျက် ရှင်းတမ်းအရ လီဗာပူးလ်အသင်းသည် ကစားကွင်းသစ် တည်ဆောက်ရန် လက်လွှတ်ခဲ့ရမှု၊ နည်းပြဟောင်း ရွိုင်းဟော့ဆန် အတွက် ပေးခဲ့ရသော လျှော်ကြေးငွေ၊ ကစားသမားများ နှင့် ၀န်ထမ်းများ စရိတ်အတွက် စုစုပေါင်း ပေါင်သန်း ငါးဆယ်အထိ အရှုံးပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 နည်းပြသစ် ရွိုင်းဟော့ဆန်သည် ရက်ပေါင်း ၁၉၁ ရက်သာ တာဝန်ယူပြီးနောက် ရလဒ်ဆိုးရွားမှုကြောင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်း အတွက် လျှော်ကြေးငွေ ၈.၄ သန်းပေးခဲ့ရသည်။

 လက်ရှိ လီဗာပူးလ်အသင်း၏ ဦးဆောင်ညွန်ကြားရေးမှူး Ian Ayre က ယခု အရှုံးအပေါ် သာမန်ထက်ပိုကဲသော ကိစ္စတစ်ခုအဖြစ် မရှုမြင်ကြောင်း ပြောဆိုခဲ့သည်။

 သူက "အလုပ်အကိုင် မရှိဘဲ ပေါင် ၄၉.၄ သန်း ရှုံးနေတယ် ဆိုရင်တော့ လူတွေ အာရုံစိုက်ကြပါလိမ့်မယ်။ အခုက လုပ်ငန်းကြီးက ကောင်းမွန်စွာ လည်ပတ်နေပါတယ်။ ဘာမှစိတ်ပူစရာ မရှိပါဘူး။ ကွင်းသစ်ဆောက်ဖို့ စီမံကိန်း ပျက်ခဲ့တဲ့အတွက် HKS  စီမံကိန်းကနေ ပေါင်သန်း ၅၀ လောက် နစ်နာခဲ့ရတယ်။" ဟုပြောကြားခဲ့သည်။

 အသင်းပိုင်၇ှင် Fenway Sports Group  ကုမ္မဏီသည် ၂၀၁၀ အောက်တိုဘာလက ပေါင်သန်း ၂၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နည်းပြက မိမိ၏ ကစားသမားကို လက်သီးဖြင့်ထိုးနှက်

လူစားလဲခံရသည့် မကျေနပ်သည့် ကစားသမားကို နည်းပြက လက်သီးဖြင့်ဆင်းထိုးနှက်..
လူစားလဲခံရသည့် မကျေနပ်သည့် ကစားသမားကို နည်းပြက  လက်သီးဖြင့်ဆင်းထိုးနှက်..
လူစားလဲခံရသည့် မကျေနပ်သည့် ကစားသမားကို နည်းပြက လက်သီးဖြင့်ဆင်းထိုးနှက်..
နည်းပြက မိမိ၏ ကစားသမားကို လက်သီးဖြင့်ထိုးနှက်သည့် အဖြစ်အပျက် တစ်ခု အီတလီဘောလုံးလောက စီးရီးအေ တွင် ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။

ဖီအိုရင်တီးနား နှင့် နိုဗာရာ အသင်းတို့ ကစားသည့် ပွဲစဉ်အတွင်း ဖီအိုရင်တီးနား နည်းပြ ဒီလီယို ရော့ဆီက ကွင်းလယ် ကစားသမား Adem Ljajic ကို လူစားလဲခဲ့ရာ လူးစားလဲခံရသော အဆိုပါ ကစားသမားက ကွင်းပြင်ထွက်စဉ် နည်းပြကို လက်မထောင်ပြ ပျက်ရယ် ပြုခဲ့ရာ နည်းပြက ထိုင်သွားသော ကစားသမား၏ ခုံတန်းအထိ ဆင်းပြီး မျက်နှာကို ထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရန်ပွဲကို လက်ထောက်နည်းပြ နှင့် ကစားသမားများက ဖြန်ဖြေပေးခဲ့သည်။

ဖီအိုရင်တီးနား ဥက္ကဌ က "စက္ကန့်နည်းနည်းလေး ကိစ္စအတွက် ဖိအားတွေ ယူကြတယ်။ နည်းပြအနေနဲ့လည်း ဒီလို လုပ်ခွင့်မရှိပါဘူး။ ကျွန်တော် စိတ်မကောင်းဘူး။" ဟုပြောကြားခဲ့သည်။


Translated by : ချယ်ရီနှင်း  

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed