"ဒီလို အသင်းကြီးမှာ နောက်ထပ် လေးနှစ်ပါဝင် ကစားခွင့်ရဦးမှာဖြစ် တဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီကလပ်နေခဲ့တဲ့ (၈)နှစ် တာ ကာလထက် လာမယ့် (၄) နှစ်တာ ကာလက ပိုပြီး အောင်မြင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်"ဟု ဆက်ခ်ျမှ အသင်း၏ ၀က်ဘ်ဆိုက် တွင်ပြောဆို ခဲ့ သည်။
Wednesday, May 30, 2012
စာချုပ်သက်တမ်းတိုး ခဲ့သည့် ဆက်ခ်ျ
"ဒီလို အသင်းကြီးမှာ နောက်ထပ် လေးနှစ်ပါဝင် ကစားခွင့်ရဦးမှာဖြစ် တဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီကလပ်နေခဲ့တဲ့ (၈)နှစ် တာ ကာလထက် လာမယ့် (၄) နှစ်တာ ကာလက ပိုပြီး အောင်မြင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်"ဟု ဆက်ခ်ျမှ အသင်း၏ ၀က်ဘ်ဆိုက် တွင်ပြောဆို ခဲ့ သည်။
Tuesday, May 29, 2012
အရက်နာ ကျခြင်း အတွက် နံနက်စာ
ရေဓာတ် ပြန်လည်ဖြည့်တင်းရာမှာ အလွန် ကောင်းမွန်စေတဲ့အပြင် ဗီတာမင်စီ ပါဝင်တဲ့အတွက် မူးဝေနေတဲ့ခံစားမှုကို သက်သာစေပါတယ်။ ကြက်ဥ သို့ မဟုတ် ဘဲဥနှင့် အနည်းငယ် မီးကင် ထားသောပေါင်မုန့်ကို စားပေးပါက လည်း သက်သာစေနိုင်ပါတယ်။
ဥ မှာပါတဲ့ပရိုတင်းဓာတ်က အသည်း ထဲမှ အယ်လ်ကိုဟောရဲ့ အဆိပ်အ တောက်တွေကို ချေဖျက်ရာမှာ အကူ အညီပေးပါတယ်။ ပေါင်မုန့်မီးကင် ကတော့ အယ်လ် ကိုဟောကြောင့် အန်ခြင်း၊ လေပွခြင်းကို သက်သာစေ နိုင်ပါတယ်။
ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
နာပိုလီတိုက်စစ်မှူး ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
ဂျူဗင်တပ်အသင်းသည် နာပိုလီမှ တိုက်စစ်မှူး အေဒင်ဆွန်ကာဗာနီအတွက် ပေါင်သန်း ၅၀ဖြင့် ခေါ်ယူဖို့ စတင်ကာ အဆိုပြု ကမ်းလှမ်းလိုက်ပြီဟု သိရသည်။
ဂျူဗင်တပ်သည် ပေါင်သန်း ၃၀ အပြင် ပေါင် ၁၈သန်းတန် ဥရုဂွေး တိုက်စစ်မှူး အဲလက်စ်ဆန်ဒရိုမက်ရီကိုပါ ပေါင်းထည့်ပြီး ပေးသွားမည်ဟု သိရသည်။
နာပိုလီ၏ ဥက္ကဌဖြစ်သူကမူ ဂျူဗီ၏ ကမ်းလှမ်းမှုတွင် ပါဝင်သော မက်ရီကိုမူ စိတ်မ၀င်စားဟု ပြောကြားလိုက်သည်။
အဆိုပါ ကာဗာနီအား မန်ချက်စတာစီးတီးနှင့် ချယ်ဆီးတို့ကလည်း စိတ်ဝင်စားကာ အဓိကပစ်မှတ်အဖြစ် ထားရှိနေသည်။

အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
ဒီရာသီ အာဆယ်နယ်ရဲ့ အကောင်းဆုံးကစားသမားနှစ်ဆုရှင်၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် စတဲ့ ဆုတံဆိပ်များရှင် ရော်ဘင်ဗန်ပါစီဟာ အမေ့အချစ်တော်သားတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။
ဗန်ပါစီက သူ့ရဲ့ဘ၀မှာ သူ့အမေ ဂျိုဆေး၊ ဇနီးသည် ဘိုခ်ျရာ၊ သမီးငယ် ဒီနာ၊ ညီမတွေဖြစ်ကြတဲ့ ကီကီနဲ့ လိုင်လီတို့ရဲ့ အကြံပေးမှုတွေက အရေးပါခဲ့တယ်လို့ ဆိုပြန်ပါတယ်။
အသက် (၂၈)နှစ်ရှိ ဒတ်ခ်ျစူပါစတားက -
"ကျွန်တော် ဒီနေ့ ဒီလိုရပ်တည်နိုင်တာဟာ ကျွန်တော့်အမေကြောင့်ပါ၊ သူဟာ အမြဲတမ်းကျွန်တော့်ကို စိတ်ဓာတ်မကျအောင် အားပေးပါတယ်၊ ပွဲတစ်ပွဲကစားပြီးတိုင်း အမေ့ရဲ့အကြံဥာဏ်တွေရဖို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ အမေ့ရဲ့အချစ်တော်သားတစ်ယောက်ဖြစ်ရတဲ့အတွက် အရမ်း ကျေနပ်မိပါတယ်"
"ဒီအမျိုးသမီးတွေဟာ ကျွန်တော့်ရဲ့ဘ၀အပေါ် အရမ်းလွှမ်းမိုးမှု ရှိပါတယ်၊ ပြောမယ်ဆိုရင်၊ ဘောလုံးပွဲတွေအထိပါပဲ"
"ကျွန်တော့်အမေ၊ ဇနီးသည်နဲ့ ညီမတွေဟာ ရိုးသားကြပါတယ်၊ တစ်ခါတစ်လေ သူတို့ရဲ့ ဝေဖန်မှုတွေက အရမ်းခံရခက်ပါတယ်၊ သူတို့ရဲ့ အကြံဥာဏ်တွေကို ကျွန်တော် လေးစားပါတယ်"
"ဒီနာကတော့ ကျွန်တော့်ရဲ့ မင်းသမီးလေးပါ၊ အခုကျွန်တော် စံပြဖခင်ကောင်းတစ်ယောက်ပါ၊ သမီးလေးဟာ ပြုံးပြပြီး၊ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့်ကို မျက်လှည့်ပြနိုင်ပါတယ်"
"ကိုယ့်ရဲ့နာမည်ကြီးမှုအပေါ် သာယာတာဟာ အမြဲတမ်း အန္တရာယ်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အမေ၊ ဇနီး၊ ညီမတွေရဲ့ အကြံဥာဏ်တွေကို အမြဲတမ်း ရယူပါတယ်၊ အဲဒါကို အမြဲတမ်း လုပ်ဆောင်သွားမှာပါ"ဆိုပြီး ပြောကြားသွားပါတယ်။
ဆရာမ ဂျိုဆေးဟာ ဗန်ပါစီရဲ့ ကိုယ်ပိုင်စပါယ်ရှယ်ဝမ်းတစ်ယောက်ပါ။
ဂျိုဆေးဟာ သားဖြစ်သူနဲ့ ဘောလုံးအကြောင်း ဆွေးနွေးနိုင်အောင် ဘောလုံးပွဲကောင်းတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို တစ်ထပ်ကြီးဝယ်ပြီး၊ လေ့လာခဲ့သူပါ။
"ရော်ဘင်ဟာ အနုပညာဆန်တဲ့ ဘောလုံးသမားတစ်ယောက်ပါ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘောလုံးပွဲတွေဟာ စစ်ပွဲနဲ့အလားသဏ္ဍာန်တူသလို၊ စိတ်ခံစားချက်တွေကလည်း ကြမ်းတမ်းကြပါတယ်၊ အဲလိုအချိန်မျိုးမှာ သူနာကျင်ခံစားရရင်၊ ကျွန်မလည်း နာကျင်ရတာပါပဲ"လို့ ဗန်ပါစီရဲ့ မွေးသမိခင်က ပြောကြားခဲ့လေရဲ့။

ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း
စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း သိရှိရသည်။
အသက် (၃၄)နှစ်ရှိ ဒရော့ဘာအား စပိန်အသင်းက အလိုရှိနေပြီး၊ နှစ်နှစ်စာချုပ်ချုပ်ဆိုရန် နှစ်ဖက် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။ သို့ပါသော်လည်း လက်ရှိတွင် မော်ရင်ညိုသည် ဘာနေဗျူအသင်း၏ အပြောင်းအရွှေ့ပေါ်လစီအား အလုံးစုံထိန်းချုပ်ထားပြီး၊ ဒရော့ဘာမှာလည်း အေးဂျင့်လွတ်လပ်သူတစ်ဦးဖြစ်နေခြင်းကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး၏အပြောင်းအရွှေ့ကိစ္စမှာ တစ်ဖန်ပြန်ဖြစ်လာဖွယ် ရှိနေသည်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် တရုတ်ရှန်ဟိုင်းကလပ်၏ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့်၊ စပိန်၊ အီတလီ၊ ဂျာမနီနှင့် ရုရှားကလပ်များ၏ စိတ်ဝင်စားမှုများအား ပယ်ချထားသည်။ သို့ပါသော်လည်း၊ ယာယီကစားသမားနည်းပြ အနယ်လ်ကာ၏နေရာအား အာဂျင်တီးနားနည်းပြ ဆာဂျီယို ဘာတစ္စတာဖြင့် အစားထိုးထားမှုအခြေအနေအပါအ၀င်၊ လက်ရှိ ရှန်ဟိုင်းကလပ်တွင် ရှုပ်ထွေးမှုများရှိနေခြင်းက ဒရော့ဘာအတွက် တရုတ်ကလပ်သို့ပြောင်းရွှေ့ရန် စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေသည်။ မော်ရင်ညို၏ ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ရယူပေးချင်နေမှု၊ ဒရော့ဘာလို နာမည်ကြီးကစားသမားတစ်ယောက်အတွက် နောက်ထပ် ဥရောပဖလားတစ်လုံး ရယူနိုင်မည့် အခွင့်အရေး စသည့်အချက်များက အိုင်ဗရီကို့စ်တိုက်စစ်မှူး၏ အပြောင်းအရွှေ့ဖြစ်လာနိုင်သည့် အခြေအနေများဖြစ်သည်။ တဆက်တည်းမှာပင်၊ ချယ်လ်ဆီးအသင်း၏ နောက်ထပ်ချန်ပီယံလိဂ်သူရဲကောင်းတစ်ဦးဖြစ်သူ ပီတာဆက်ခ်ျသည် စတမ်းဖို့ဒ်ဗရစ်ခ်ျအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အဆိုပါချက်ဂိုးသမားသည် ချယ်လ်ဆီးအသင်းတွင် အခြားနိုင်ငံခြားသားကစားသမားများထက် ပွဲအရေအတွက်ပိုကစားထားသည့် ကစားသမားဖြစ်ပြီး၊ စုစုပေါင်း (၃၆၉)ပွဲကစားထားကြောင်း သိရှိရသည်။ |
Saturday, May 26, 2012
ဧရာမခြေထောက် ပိုင်ရှင် ၁၀ နှစ်သား ကလေးငယ်လေး
-
အသားစား ရောဂါပိုး တစ်ခု ကူးစက်ခံ ရပြီးနောက် ယူဂန်ဒါနိုင်ငံမှ ဗင်းဆင့်အော်ကက် (၁၀ နှစ်) သည် ခြေထောက်များ ကြောက်ခမန်းလိလိ ကြီးထွားလာရာသူ့အား ဆင်ကောင်လေး ဟုအများက ခေါ်ဝေါ်ကြသည်။ သူသည် လမ်းမလျှောက်နိုင်တော့ သည့် အပြင်ဘောင်း ဘီ ဝတ် ၍လည်း မရတော့သောကြောင့် မိန်းကလေးအဝတ်အစားများနှင့် စကတ်တို့ ၀တ်ဆင် ပေးထားရသည။်
ယခုအခါ သူနေထိုင်ရာ ပီတာအမည်ရှိရွာမှ ဆရာဝန်များက ကလေးငယ် သည် ဆေးမကုဘဲ ထားပါက မကြာခင်သေ ဆုံးရတော့မည် ဖြစ်သောကြောင့် အကူ အညီများ ပေးကြရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဗင်းဆင့်၏ မိသားစုသည် သူ ၁၈ လသား အရွယ်ကတည်းက သူ့၌ ရောဂါဖြစ်နေကြောင်း သတိပြုမိသော်လည်း ဆင်းရဲလွန်းသောကြောင့် ဆေးခန်းမပြနိုင်ရှာပေ။ သူကြီးပြင်းလာသည် နှင့်အမျှ သူ၏ခြေထောက်များမှာလည်း ကြီး၍လာခဲ့သည်။ ဆရာဝန်များသည် ကလေးငယ်၌မူလက ဆင်ခြေထောက်ရောဂါ ကဲ့သို့ ပြန်ရည်ကြော စနစ်ဆိုင်ရာ ရောဂါတစ်ရပ်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်သူ၏ ခြေထောက်များကြီးထွားလာမှုက အရိုးများအပေါ်ပါ သက်ရောက်မှုရှိပြီး တင်ပဆုံရိုးမှာ အဆစ်လွဲသွားပြီး ခြေကျင်း ဝတ်ရိုး မှာ လည်း ကျိုးသွားခဲ့သည်ဟု ဆိုသည်။ အသားစ နမူနာယူ၍ စမ်းသပ်စစ်ဆေးကြည့်ရာ၌ ကလေးငယ်သည် အသားစားရောဂါပိုး တစ်မျိုး ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးမကုဘဲထားပါက မကြာခင်သေဆုံးရမည်ဟု ဆိုသည်။

လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
ဝီဂန်အသင်းဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က သူ၏မိတ်ဆွေ ဆာအဲလက်စ်ဖာဂူဆန်သည် ကျန်းမာရေးအခြေအနေအရ လာမည့် (၂၀၁၂-၁၃)ရာသီအကုန်တွင် မန်ယူအသင်းနည်းပြရာထူးမှ အနားယူသွားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့သည်။
ဖာဂူဆန် အသက် (၇၀)နှစ်သည် (၁၉၈၆)ခုနှစ်မှစ၍ မန်ယူအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး၊ ပရီမီးယားလိဂ်ဖလား (၁၂)ကြိမ်အပါအ၀င်၊ မန်ယူအသင်းအား မယုံနိုင်စရာ အောင်မြင်မှုများစွာ ရယူပေးခဲ့သည်။ ဖာဂူဆန်သည် (၂၀၀၁-၀၂)ရာသီက အနားယူရန် ကြေညာခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် အသင်းအား ဆက်လက်နည်းပြခဲ့သည်။ ဖာဂူဆန်သည် (၂၀၁၁)၊ ဒီဇင်ဘာလက သူ့အနေဖြင့် မန်ယူနည်းပြအဖြစ် နောက်သုံးနှစ်အထိ ဆက်ရှိနေချင်သည်ဟု ပြောကြားခဲ့သော်လည်း၊ ၀ှီလန်က သူ၏ မိတ်ဆွေကြီးသည် လာမည့်ဘောလုံးရာသီအကုန်တွင် အနားယူသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "နောက်ရာသီအကုန်မှာ ဆာအဲလက်စ် အနားယူနိုင်ပါတယ်၊ ထိပ်ဆုံးအဆင့်မှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ လူတစ်ယောက်အတွက် ဖိအားတွေက အရမ်းများပါတယ်" "အသက်ကြီးလာလေ၊ အဲဒီဖိအားတွေကို ကျော်လွှားဖို့ ခက်ခဲလာလေပါ၊ ဖာဂီရဲ့ ဇွဲသတ္တိကိုတော့ လေးစားပါတယ်၊ သူဟာ နောက်ဆုံးအချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်" "သူ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး နည်းပြသွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူ့ဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီအခြေအနေက သူ့အနေနဲ့ နောက်ထပ် ငါးနှစ်လောက် ဆက်ပြီး နည်းပြဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတာ ညွှန်ပြနေပါတယ်၊ ဒါဟာ အရမ်းကိုစွန့်စားရာ ကျပါလိမ့်မယ်" "သူဟာ အကောင်းဆုံးနည်းပြလို့ ကျွန်တော်ပြောချင်ပါတယ်၊ သူရဲ့ အနားယူမှုဟာ ဘောလုံးလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာပါ၊ ဒါဟာ လုံးဝကျိန်းသေပါတယ်" "သူ့ရဲ့ နှိုင်းယှဉ်လို့မရတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပုံတွေ၊ ထူးချွန်တဲ့ကစားသမားတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ နားလည်တတ်ကျွမ်းမှုတွေက သူ့ကို ကျွန်တော့်တို့ရဲ့ဘ၀တစ်လျှောက် ထာဝရအကောင်းဆုံးနည်းပြအဖြစ် ရောက်ရှိစေခဲ့တာပါ"ဟု ၀ှီလန်က ပြောကြားသွားခဲ့သည်။ |
Subscribe to:
Posts (Atom)