BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, June 11, 2012

ဖာဂူဆန် နေရာ ဆက်ခံမည့် သူများ စာရင်းတွင် ဘလန့်လည်း ရေပန်းစားလာ

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ရေရှည် ဆက်ခံနိုင် သူများ စာရင်းတွင် လက်ရှိ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ လောရင့် ဘလန့်လည်း ပါဝင် လာခဲ့သည်။

အသက်(၇၀) အရွယ် ရှိပြီဖြစ်သော ဖာဂူဆန်သည် အိုးလ်ထရက်ဖို့ဒ်ကို (၂၆)နှစ်မျှ ဦးဆောင် လာခဲ့ပြီးနောက် ၎င်း၏ မန်နေဂျာ ဘ၀ နေ့ရက်များသည် အချိန် ကြာမြင့်စွာ ဆက်လက် တည်ရှိ နေနိုင်ခြေ နည်းပါး လာခဲ့သည်။ ဖာဂူဆန် အနား ယူသွားပါက အင်္ဂလန်၏ အောင်မြင်မှု အကြီးမားဆုံး ကလပ် အသင်းကြီးအား မည်သူ ဆက်လက် ဦးဆောင်မည် ဆိုသော မေးခွန်းသည် ယခု အချိန်ထိ ပဟေဠိ တစ်ခုသဖွယ် တည်ရှိနေပြီး နာမည်ကျော် နည်းပြ အများအပြားအား ခန့်မှန်းသတင်း အဖြစ် ထင်ကြေးများ ထွက်ပေါ်ခဲ့သည်။

ပြင်သစ် လက်ရွေးစင်အသင်း နည်းပြ ဘလန့်

ယခုအခါ မန်ယူ အသင်း၏ ခံစစ်မှူးဟောင်း ဘလန့်သည်လည်း ဖာဂူဆန်၏ ဆက်ခံသူ ရာထူးအတွက် လူပြော များလာကြောင်း သိရသည်။ ဘလန့်သည် ပြင်သစ်ကို (၂၁)ပွဲဆက် အရှုံးမရှိအောင် ဦးဆောင်ပြခဲ့သည်။ ဘလန့်သည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ဆိုးရွားစွာ ကျဆုံးခဲ့သော ပြင်သစ်ကို လက်လွှဲယူခဲ့ပြီးနောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် တည့်မတ်ပေးခဲ့သည်။ မန်ယူအသင်း၏ မန်နေဂျာသစ် ရာထူးအတွက် ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုနှင့် အသင်း၏ သက်တော်ရှည် ကစားသမားကြီး ရိုင်ယန်ဂစ်တို့သည်လည်း ဖြစ်နိုင်ခြေ စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, June 8, 2012

Window 8 ကိုကြိုက်နှစ်သက်စေမည့်အချက်



Metro Interface on Touch Screen – Windows 8 အတွင်း ဖန်တီးထားတဲ့ interface အသစ်ဟာ သွက်လက်မြန်ဆန်ပြီး အသုံးပြုရလွယ်ကူပါတယ်။ ထို့ပြင် ၄င်းဟာ အမြင်သစ်ဖြစ်နေတဲ့ အတွက် ယခင် ရင်းနှီးခဲ့ပြီးသား iOS ၏ ရိုးစင်းသော icon များနှင့် ပေါများလွန်းလှတဲ့ Android tablet များရဲ့ အမြင်ထက်တော့ အသစ် ဖြစ်နေပါလိမ့်မယ်။

Internet Explorer 10 - အခုအချိန်မှာတော့ Microsoft ဟာ ၄င်းတို့ရဲ့ web browser ကို standard ဖြစ်အောင် ပြုလုပ်လာပြီ လို့ ဆိုနိုင်ပါတယ်။ Windows 8 အတွင်း ပါဝင်တဲ့ IE 10 ဟာ ယခင် version များထက် သာလွန်တဲ့အပြင် HTM 5 ကို support ပေးကာ speed အနေနဲ့လည်း ပိုမို မြန်ဆန်လာတာကို တွေ့မြင်ရမှာပါ။

Syncing - အခြား PC တစ်ခုမှ သင်၏ account ကို sign-in လုပ်ကာ Windows 8 အတွင်းပါဝင်တဲ့ setting များ၊ metro apps များ၊ desktop preferences များ အစရှိတာတွေကို network မှ တစ်ဆင့် ပြုလုပ်သွားနိုင်ပါတယ်။

Refresh/Reset - သင့်ရဲ့ကွန်ပျူတာကို အသစ်အတိုင်းပြန်လည် ပြုလုပ်နိုင်သည့်အပြင် မည်သည့် installing ကိုမှ ပြန်လည် ပြုလုပ်စရာမလိုဘဲ OS ကို နဂိုအခြေအနေအတိုင်း ပြန်လည်ရရှိအောင် ပြု လုပ်နိုင်တာကလည်း Windows 8 ရဲ့ အဓိက အားသာချက်ပါပဲ။

Faster Startup – Windows 8 အတွင်း Starup မြန်စေရန် အသုံးပြုထားတဲ့ Hybrid Technology ကလည်း မယုံနိုင်လောက်ဖွယ် မြန်ဆန်ပါတယ်။

Networking – Windows 8 အတွင်း Network ချိတ်မယ်ဆိုရင် ယခင်ကထက် ပိုမိုမြန်ဆန်မှာဖြစ်ပြီး mobile network နှင့် Wi-Fi တို့ကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားတဲ့အပြင် mobile network အသုံးပြုမှုများကိုလည်း track ပြုလုပ်သွားနိုင်သည့် feature ပါဝင်ပါသေးတယ်။ ထို့ပြင် အံ့သြစရာကောင်း သည့် အချက်ကတော့ Windows 8 ၏ Network အတွင်း Airplane mode ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင်လည်းသုံးနေတာပါ...

မှ ကူးယူဖော်ပြထားပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 7, 2012

နှလုံး ဖောက်ပြန်မှုကြောင့် မိတ်မဆက်မီ နှုတ်ဆက် သွားရှာသည့် ဗီလာရီးယဲလ် နည်းပြသစ်

စပို့တင်း ဂီဂျွန် အသင်း၏ နည်းပြဟောင်း မန်နျူရယ်လ် ပရီဆိုင်ဒိုအား ဗီလာရီးယဲလ်က နည်းပြသစ်အဖြစ် ပွဲထုတ် မိတ်ဆက်ရန် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ တန်းဆင်းသွားသော ဗီလာရီးယဲလ်အား ကိုင်တွယ်ရန် သဘော တူညီ ခဲ့ပြီးနောက် (၂၄)နာရီ အကြာတွင် ပရီဆိုင်ဒိုသည် ရုတ်တရက် ကွယ်လွန် သွားရှာခဲ့သည်။ အသက်(၅၄)နှစ်ရှိ နည်းပြကြီးသည် (၂၀၁၂-၁၃) ဘောလုံးရာသီ အတွက် ဗီလာရီးယဲလ် နည်းပြ ဖြစ်လာမည်ဟု အသင်းက ကြေညာပြီး နာရီပိုင်း အတွင်း သေဆုံးသွားခြင်း ဖြစ်သည်။

ပရီဆိုင်ဒိုသည် ဇန်န၀ါရီလက ဂီဂျွန်အသင်း၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။ ၎င်းသည် စပိန်၏ အဆင့် အမြင့်ဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သော လာလီဂါသို့ ဂီဂျွန် အသင်းအား ဆွဲတင် ပေးခဲ့သူ ဖြစ်သည်။ ဗီလာရီးယဲလ် ပရိသတ်များ အနေဖြင့် ၎င်းတို့၏ နည်းပြသစ်ကို ကြိုဆိုရန် အားခဲ ထားသော်လည်း တစ်ပွဲမျှ မကိုင်တွယ်မီ ပရီဆိုင်ဒိုမှာ လူ့လောကကို ကျောခိုင်းသွားခြင်း ဖြစ်သည်။ ၎င်းသည် လက်ရှိ ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေးမော်ရင်ဟို၏ ကိုင်တွယ်သမျှ အသင်းအားလုံး အိမ်ကွင်းတွင် (၉)နှစ်ကြာ အရှုံးမရှိသော စံချိန်ကို (၂၀၁၁)ခုနှစ်က ဂီဂျွန်နှင့် အတူ ချိုးဖျက်နိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အာရှ အသက် (၁၃)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ထွက်ခွာ

ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် (၁၃)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ၀င်ရောက်မည့် မြန်မာအသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။ အသင်း၏ အဖွဲ့ခေါင်းဆောင် အဖြစ် အား/ကာ ဦးစီဌာနမှ ဒေါက်တာ မော်လီချစ်က တာဝန်ယူမည် ဖြစ်ကာ အုပ်ချုပ်သူ အဖြစ် ပညာရေး ၀န်ကြီးဌာနမှ ဒေါ်အိအိခိုင်၊ နည်းပြချုပ် အဖြစ် လယ်/ဆည် ၀န်ကြီးဌာနမှ ဒေါ်စန်းစန်းသိန်းတို့က တာဝန်ယူမည် ဖြစ်သည်။

အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့...မြန်မာအသင်းသည် အုပ်စု (C)တွင် အိမ်ရှင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဂူအမ်၊ ဖိလစ်ပိုင်၊ ထိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ ဇွန်လ ၉ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် အုပ်စုအဖွင့်ပွဲတွင် ထိုင်းအသင်းနှင့် စတင် ရင်ဆိုင်ရမည် ဖြစ်ကာ ဇွန်လ ၁၀ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့နောက်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂူအမ်တို့နှင့် ဆက်လက် ကစားရမည် ဖြစ်သည်။

မြန်မာ အမျိုးသမီး ယူ-၁၃ လက်ရွေးစင် အသင်း

အဖွဲ့ခေါင်းဆောင်    - ဒေါက်တာ မော်လီချစ် (အား/ကာ ဦးစီးဌာန)
အုပ်ချုပ်သူ        - ဒေါ်အိအိခိုင် (ပညာရေး ၀န်ကြီးဌာန)
နည်းပြချုပ်    - ဒေါ်စန်းစန်းသိန်း (လယ်/ဆည် ၀န်ကြီးဌာန)
လ/ထနည်းပြ    - ဒေါ်ဝင်းဝင်းလှိုင် (ပညာရေး ၀န်ကြီးဌာန)
သူနာပြု        - ဒေါ်အေးသီတာထွန်း (ပြင်ပဆေးခန်း)

ကစားသမားများ

ဂိုး    - မျိုးမြမြငြိမ်း (အမှတ်-၃ အခြေခံပညာ)၊ လှသက်နိုင် (အား/ကာသိပ္ပံ (မန္တလေး))
နောက်    - လှမိုင်၊ ၀င်းနန္ဒာအောင်၊ အိုပီး၊ ဇင်ဇင်မျိုး (အမှတ်-၃အခြေခံပညာ)၊ သဉ္ဇာချို၊ ခင်ပြည့်လင်း (အား/ကာသိပ္ပံ (မန္တလေး)၊ အေးဇင်ဝင်း (ရန်ကုန်တိုင်း)
လယ်    - နွေနိုင်း၊ အိမ့်ခြူးငယ်၊ နန်းသီရိ (အမှတ်-၃ အခြေခံပညာ)၊ ခိုင်ဝေထူး၊ နေနွယ်ဇင်မြင့် (အမှတ်-၂ အခြေခံပညာ)၊ ဇူလိုင်မေ (ရန်ကုန်တိုင်း)
ရှေ့    - စုမြတ်နိုး၊ ခိုင်သဇင်ဖူး၊ မျိုးမျိုးအေး (အမှတ်-၃ အခြေခံပညာ)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 5, 2012

လူသားသွေးနဲ့ ထွန်းညှိတဲ့ အံ့ဖွယ် မီးအိမ်ဖန်တီး

ဒီထူးခြားတဲ့ အပြာရောင် မီးရောင်ဟာ ညကလပ် တွေမှာ ထွန်းလေ့ ထွန်းထရှိတဲ့ မီးရောင်တစ်ခုပါပဲ။ ဒါပေမယ့် အရောင် ထွက်ပေါ် လာပုံက သာမန် လျှပ်စစ် မီးသီး၊ မီးအိမ် တွေနဲ့ လုံးဝ မတူပါဘူး။ ဒီမီးအိမ်က ထွက်လာတဲ့ အလင်းရောင် ဟာ လူသားသွေး ကြောင့်ဖြစ်ပါသတဲ့။ ဒီလိုဆိုလိုက်လို့ အံ့ဩဘနန်း ဖြစ်သွား ပါလိမ့်မယ်။ ထိပ်ဝမှာ ကွဲအက် ပုံစံ ဖြစ်နေတဲ့ ဒီမီး အိမ်ကို အမေရိကန် ဒီဇိုင်းပညာရှင် မိုက်သွမ်မဆင်က တီထွင်ဖန်တီးပေး ခဲ့တာပါ။
ဒီလို ဒီဇိုင်းဖော်ထားတာ ကတော့ ဖန်စနဲ့ လက်ကိုပြတ်ရှစေပြီး သွေးစီး ထွက်လာစေဖို့ အတွက်ပါပဲ။ စီးထွက်ကျဆင်းသွားတဲ့သွေးဟာ မီး အိမ်ထဲရှိနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး အခုလို အပြာရောင်ထွက် ရှိလာတာဖြစ်ပါတယ်။ ဒီမီးအိမ်ကို သွမ်မဆင်ကအကြောင်းမဲ့တီထွင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိ ကန်ပြည် ထောင်စုရဲ့ တစ်နှစ်ပျှမ်းမျှစွမ်းအင်သုံး စွဲနှုန်းဟာ 3383 kwh ရှိပြီး အဆိုပါ ပမာဏဟာအခန်း(၄)ခန်းထဲမီး(၁၂)လ ထွန်းညှိထားတာနဲ့ ညီမျှပါသတဲ့။
အဲဒါကြောင့် သွမ်မဆင်က "စွမ်း အင်ဟာ ဖြုန်းတီးဖို့သပ်သပ် ဖြစ်လာ သလို အောက်မေ့ နေကြတယ်။ ခန္ဓာ ကိုယ်က သွေးတွေ အများကြီးဆုံးရှုံး လိုက်ရင် အသက် အန္တရာယ် ရှိလာ တတ်သလိုပဲ စွမ်းအင်အလွန်အကျွံသုံး စွဲကြမယ်ဆိုရင် အန္တရာယ်ရှိလာတတ် သလိုပဲ စွမ်းအင်အလွန်အကျွံ သုံးစွဲကြ မယ်ဆိုရင် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိတယ်"လို့ သူ့ရဲ့ဝက်ဘ်ဆိုဒ် မှာ သတိပေး ခဲ့ကြပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရီးယဲလ်တွင် ကစားသမား ဘ၀ ကုန်ဆုံးလိုကြောင်း ရော်နယ်လ်ဒို ဖွင့်ဟ

အသက်(၂၇)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမားသည် မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲလ်သို့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် (၂၀၀၉)ခုနှစ်က ရောက်ရှိခဲ့သည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ကစားသမား ဘ၀တစ်လျှောက် အတောက်ပဆုံး ခြေစွမ်းကို ပိုင်ဆိုင် လာနိုင်ခဲ့ပြီး ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို အားအထားရဆုံး လက်ရုံးတစ်ဆူ ဖြစ်လာခဲ့သည်။ ၎င်းသည် မိမိ၏ အနာဂတ်ကို တိတိကျကျ မပြောနိုင်ဟု ဖွင့်ဟ ခဲ့ဖူးသော်လည်း ယခုအခါ ရီးယဲလ်တွင်သာ ကစားသမား ဘ၀ အဆုံး သတ်လိုကြောင်း ပြောကြားသွားသည်။


ရော်နယ်လ်ဒိုက ဘာနေဗျူး ကွင်းကြီးတွင် မိမိ၏ ကစားသမားဘ၀ ဆုံးခန်း တိုင်သည်အထိ ရှိသွားလိုကြောင်း Marca သတင်းစာသို့ ပြောကြားခဲ့သည်။ "ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါမယ်။ ရီးယဲလ်မှာပဲ ကျွန်တော့် ကစားသမား ဘ၀ကို အဆုံး သတ်ချင်ပါတယ် ဆိုတဲ့အကြောင်း ဘယ်သူ့ မျက်လုံးထဲကိုမဆို စိုက်ကြည့်ပြီး ကျွန်တော် ပြောရဲပါတယ်" ဟု ရော်နယ်လ်ဒိုက ပြောဆိုခဲ့သည်။ ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ဘောလုံး ရာသီက လာလီဂါ ပွဲစဉ် (၃၈)ပွဲတွင် (၄၆)ဂိုး သွင်းယူ နိုင်ခဲ့သည်။
ကျွန်တော်ဟာ တိုးတက်ဖို့ အမြဲ ကြိုးစား နေမှာပါ။ နောက်ထပ် ဘောလုံး ရာသီတွေမှာလည်း ဒီရာသီ သွင်းဂိုးထက် ပိုရဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ် သွားမှာ ဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မီနဲလ်ရိုးနှင့် စာချုပ်လိုက်သည့် ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ် လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒင်ဟိုသည် ယခုအခါ ဘရာဇီးလ် ပြည်တွင်းကလပ် အက်သလက်တီကို မီလ်နဲရိုးနှင့် စာချုပ် လိုက်ပြီဟု သိရှိရသည်။

ဖလာမင်ဂို အသင်းထံမှ လုပ်ခလစာ အပြည့်အ၀ မရရှိမှုကြောင့် လမ်းခွဲလာသည့် ကွင်းလယ်တိုက်စစ် ကစားသမားသည် ပြည်တွင်း ကလပ် တစ်ခုသို့ လျင်လျင်မြန်မြန်ပင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဖလာမင်ဂိုသည် ရော်နယ်လ်ဒင်ဟိုအား လုပ်ခလစာ လက်ကျန် ဒေါ်လာ သန်း(၂၀)မျှထိ ပေးချေရန် ကျန်ရှိ နေသေးကြောင်း သတင်းများက ဆိုသည်။ အသက်(၃၂)နှစ်ရှိပြီ ဖြစ်သော ဘရာဇီးလ်နှင့် အေစီမီလန် ကြယ်ပွင့်ဟောင်းသည် ဗုဒ္ဓဟူးနေ့တွင် ဘာဟီရာနှင့် ကစားမည့် ပွဲစဉ်၌ အသင်းသစ် အတွက် ပွဲထွက်လာဖွယ် ရှိနေသည်။"ကျွန်တော်တို့ ခေါ်လိုက်တာ ရိုးရိုး ကစားသမား တစ်ယောက် ဆိုတာထက် ပိုပါတယ်။ သူဟာ ရော်နယ်လ်ဒင်ဟိုပါ"ဟု မီနဲလ်ရိုး အသင်း ဥက္ကဋ္ဌ အလက်ဇန္ဒား ကာလီက ဆိုသည်။ ရော်နယ်လ်ဒင်ဟိုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို (၂၀၀၄)ခုနှစ်နှင့် (၂၀၀၅)ခုနှစ်တို့တွင် ဆွတ်ခူး ရယူနိုင်ခဲ့သည်။ မီနဲလ်ရိုးသည် ဘီလိုဟိုရီဇွန်တီ အရပ်တွင် အခြေစိုက်သော အသင်းကြီး နှစ်ခုအနက် တစ်ခုဖြစ်ပြီး ယမန်နှစ် ဘောလုံး ရာသီက အဆင့်(၁၅)သာ ချိတ်ခဲ့သည်။ ရော်နယ်လ်ဒင်ဟိုသည် ဖလာမင်ဂို ထံသို့ (၂၀၁၁)ခုနှစ်၊ ဇန်န၀ါရီ လကမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကြွေးကျန် ကိစ္စများကြောင့် အသင်းနှင့် လမ်းခွဲသွားခြင်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed