Sunday, July 15, 2012
ပရီးမီးယားလိဂ် ပြိုင်ပွဲနှင့် စပွန်ဆာ သဘောတူညီမှု အသစ်ရရှိခဲ့သည့် ဘာကလေ

လန်ဒန်အိုလံပစ် လုံခြုံရေး အတွက် ခြောက်နေရာတွင် ဒုံးကျည်များ ချထားမည်
ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်က လာမည့်လန်ဒန်အိုလံ ပစ်တွင် လုံခြုံရေးအတွက် မြေပြင် မှဝေဟင် ပစ်ဒုံးကျည် များကို နေရာခြောက်ခုတွင် ချထား မည်ဖြစ် ကြောင်း အတည်ပြုပြောကြား သည်။
ကာကွယ်ရေးဝန်ကြီးက ဒုံးကျည် ချထားရာ နေရာများမှာ မြို့တော်လန်ဒန်တစ်လျှောက်တွင် ဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း နှစ်နေ ရာတွင်မူ တိုက်ခေါင်မိုးများပေါ်၌ ချထားမည်ဟုပါလီမန်အမတ်များ အားပြောကြားသည်။ သို့သော် ဒုံးကျည်များချ ထားမည့် ယင်းလက်ဇင်တန်အ ဆောက်အအုံနှင့် ဖရတ်ဝစ်တာဝါ တို့အနီး နေထိုင်သူများကမူ ဒုံး ကျည်များရှိနေခြင်းကိုပူပန်ကြောင်း ပြောကြားထားသည်။
ယင်းနေရာ နှစ်ခုစလုံးမှာ လန်ဒန်အရှေ့ပိုင်း တွင်ရှိသည်။ ကာကွယ်ရေးအာ ဏာပိုင်များကမူ ယင်းနေရာများ သည် အိုလံပစ်ပွဲကျင်းပရာတွင် ပါဝင်သည့် အိုလံပစ်ပန်းခြံတစ် လျှောက်အချက်အချာအကျဆုံး နေရာတွင် ရှိကြောင်းပြောကြား ထားသည်။

လန်ဒန် အိုလံပစ် တွင် အိမ်ရှင် ဗြိတိန်အသင်း ကစားသမား ၅၄၂ ဦး ပါဝင် ယှဉ်ပြိုင်မည်
လာမည့် လန်ဒန် အိုလံပစ်တွင် အိမ်ရှင် ဂရိတ်ဗြိတိန် အသင်းသည် ကစားသမား ၅၄၂ ဦးနှင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန်အတွက် နှစ်ပေါင်း ၁၀၄ နှစ်အတွင်း အင်အားအကြီးဆုံး အားကစား အဖွဲ့ဖြစ်လာဖွယ်ရှိကြောင်း သိရ သည။် ဂရိတ်ဗြိတိန် အားကစားအ ဖွဲ့သည် အားကစားနည်း ၂၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဆုတံဆိပ်စုစုပေါင်း ၄၈ ခုရရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀ဝ၈ ဘေဂျင်း အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန်အ သင်းသည် အားကစားသမား ၃၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ၁၉ ခအု ပါအဝင် ဆုတံဆိပ် ပေါင်း ၄၇ ခုရခဲ့သည်။ ဂရိတ်ဗြိ တိန် အားကစားအဖွဲ့၏ အကြီး အကဲ အင်ဒီဟန့်ကလည်း မိမိတို့ အသင်းသည် အိမ်ရှင်အဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဟုပြောသည်။ ဂရိတ် ဗြိတိန်အဖွဲ့တွင် လူ အင်အားအများဆုံး အားကစား အဖွဲ့မှာ ပြေးခုန်ပစ်အဖွဲ့ ၇၈ ဦး၊ လှေလှော်အဖွဲ့ ၄၇ ဦးနှင့် ရေကူး အဖွဲ့ ၄၄ ဦးတို့ဖြစ်ပြီး အနည်း ဆုံးအဖွဲ့ မှာ အလေးမအဖွဲ့ ဖြစ်ပြီး ကစားသမားတစ်ဦးသာ ပါဝင် သည်။
Friday, July 13, 2012
အတ္တလန္တိတ် သမုဒ္ဒရာမှာ ပေါ်လာတဲ့ ကျွန်းကို အမေရိကန်ပိုင် သိမ်းပိုက်

အဲဒီကျွန်းဟာ စပေါ်လာတုန်းကတော့ ဧကပေါင်း ၁၁၀ဝလောက်သာ ကျယ်ဝန်းပြီး၊ အခု အချိန်မှာတော့ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးပြီး၊ ကျယ်သထက်ကျယ်လာပါပြီ။ ဒီပုံစံအတိုင်းသာဆိုရင် တော့ ၂၀၂၇ ခုနှစ်အရောက်မှာ ဒီကျွန်းဟာ ဧက ၅၀ဝ မက ပိုမိုကြီးမားကျယ်ပြန့်လာမှာပါ။
ကျော်မိုး ဟိန်း
ကစားသမား ဘ၀မှ အနားယူရန် စဉ်းစား နေသည့် အိုဝင်

Thursday, July 12, 2012
နိုင်ငံတော် သမ္မတက ရိုဟင်ဂျာ ကိစ္စကို တရားဝင် ထုတ်ဖော်ပြောကြား

မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများစသည်ဖြင့် ရှုပ်ထွေးလျှက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်လာကြောင်း ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဝယ်ကြအုံးမလား? ....ဖုန်စုပ်စက်
သာမန်ဖုန် စုပ်စက် တစ်လုံး ဆိုရင် သတင်းတစ် ပုဒ်ရေးစရာ မလိုပေမယ့် အခုဒီဖုန်စုပ် စက်အကြောင်းကိုတော့ သတင်း မလုပ် လို့ မရတော့ ပါဘူး။ ဘာကြောင့်လဲဆို ရင် ရွှေသားစင်စစ် (၂၄) ကာရက်နဲ့ ဖန်တီးထုတ်လုပ်ထားလို့ပါပဲ။ တန်ဖိုး အားဖြင့် ဒေါ်လာ (၁) သန်းတန်ကြေး ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ရွှေရောင်တဝင်းဝင်းနဲ့ တဖိတ်ဖိတ် အရောင်တောက်ပနေပေမယ့် လူချမ်း သာ မီလျံနာသူဌေးတွေမှပဲ ဝယ်ယူ အသုံးပြုနိုင်ပါ။ တကယ်တမ်းပြောရ ရင် တန်ဖိုးရှိလွန်းလို့ အသုံးပြုဖို့တောင် မကောင်းပါဘူး။
ဧည့်ခန်းရှေ့မှသာ ထည်ထည်ဝါဝါ ထားသင့်ပါတယ်။ ဒါပေမဲ့ Go Vacuum GV92711 ကို ကိုယ်ပိုင်သီးသန့်ဂျက်လေယာဉ်တစ် စီး၊ နောက်ဆုံးပေါ် ရှားပါးဇိမ်ခံကား တစ်စီးအပြင် ဇိမ်ခုံရွက်လှေတစ်စီး ပိုင်ဆိုင်တဲ့ မဟာသူဌေးတွေကိုမှ ရောင်းချသွားမယ်လို့ ထုတ်လုပ်သူ တွေက ပြောကြားထားပါတယ်။
Go Vacuum ကုမ္ပဏီဒု-ဥက္ကဌနဲ့ဈေးကွက် ဒါရိုက်တာ ဂျက်စတင်ဟာဗာက "ဒါဟာ ရယ်စရာကောင်းတဲ့ ပစ္စည်း အတုတစ်ခုမဟုတ်သလို ကုမ္ပဏီ နာမည်ကြီးချင်လို့ စတန့်ထွင်တာမျိုး လည်း မဟုတ်ပါဘူး။ တကယ့်ရွှေ အစစ်နဲ့ ပြုလုပ်ခဲ့တာပါ"လို့ ဖြေကြား ခဲ့ပါတယ်။ ဒီဖုန်စုပ်စက်ကို (၆)လ တိတိ ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။

Subscribe to:
Posts (Atom)