BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, July 24, 2012

လစာငွေ အများဆုံး ရရှိသည့် ကစား သမားစာရင်းတွင် ပါဝင်လာ မည့် ဒေးဗစ်ဆေးလ်ဗား

လာမည့် အပတ်ထဲတွင် စာချုပ်သစ် ချုပ်ဆိုမည့် ဒေးဗစ်ဆေးလ်ဗား သည် မန်စီးတီး အသင်း၏ လစာငွေ အများဆုံး ရရှိသည့် ကစားသမား စာရင်းတွင် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် (၁၃၀၀၀၀) ရရှိနေသည့် ဆေးလ်ဗားသည် ယမန်နှစ် ရာသီက ပြသခဲ့သည့် ခြေစွမ်းကြောင့် လစာငွေ တိုးမြှင့်ရရှိမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀)ကျော် ရရှိခဲ့မည် ဖြစ်ပြီး ယာယာတိုရေး၊ တီးဗက်ဇ် နှင့် အဂူရိုတို့ ရရှိသည့် လစာငွေနှင့် တူညီသွားမည် ဖြစ်သည်။ ဆေးလ်ဗား၏ အေးဂျင့် ဖြစ်သူနှင့် စီးတီးအသင်း၏ ကိုယ်စာလှယ်တို့သည် ဘာစီလိုနာမြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဆေးလ်ဗားသည် သူ၏ အားလပ်ရက် အပြီးတွင် (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ် အသင်းမှ ချဉ်းကပ်ခြင်း ခံခဲ့ရသော်လည်း ဆေးလ်ဗားသည် သူ၏ အနာဂတ်အား မန်စီးတီး အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 22, 2012

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား

တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ် မှာ ကိုယ်ဝန် ဆောင် အမျိုး သမီးနဲ့ သူ့အမျိုး သားဟာ ကလေး မွေးဖွား ဖို့ ဆေးရုံ အသွား လမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြု လာတာနဲ့တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာမရှိ တော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့် သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာဆေး ပညာကို မသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကား ကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့ အမျိုးသားဟာ သူဝတ် ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ကာ သားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင် မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 18, 2012

ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်ရှိတဲ့ အကြီးဆုံးကုန်းလိပ်ကြီး သေဆုံးရှာပြီ

အီကွေဒေါနိုင်ငံ၊ Galapagos ကျွန်းရဲ့ ရှားပါး တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းမှာ ဖြည်းညင်းတဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့သွားလာတတ်တဲ့ ”ဂျော့” (George) လို့နာမည်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကုန်းလိပ်ကြီး တစ်ကောင်ရှိပါတယ်။
အသက်(၁၀၀) နှစ်ခန့်ရှိပြီး အလေးချိန်ပေါင်(၂၀၀) လေးတဲ့ လိပ်ကြီး“ဂျော့” ရဲ့ခြေလှမ်းတွေဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့မှာတော့ အဆုံးတိုင် ရပ်တန့်သွားခဲ့ရပါပြီ။ အီကွေဒေါနိုင်ငံရဲ့ အချစ်တော် “ဂျော့” ဟာ သူ့မျိုးစိတ်လိပ်တွေထဲမှာ တစ်ကောင်တည်းကျန်ခဲ့တဲ့ လိပ်ကြီး ဖြစ်တာကြောင့် သူသေဆုံးမှု အပေါ်မှာ အားလုံးက ဝမ်းနည်းနေကြပါတယ်။ လိပ်ကြီး “ ဂျော့” ကို တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်တဲ့ သတ္တဗေဒ ပညာရှင်များကို (၁၉၇၂) ခုနှစ်မှာ တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ သူနဲ့မျိုးစိတ်ချင်းနီးစပ်မှု ရှိတဲ့ လိပ်မတွေနဲ့ မျိုးဆက်ပွားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒွေးဝင်စားတာမှန်ရင် လူမြင်ရုံနဲ့ သိပါတယ် ဒါရိုက်တာ မောင်မျိုးမင်း

ဒါရိုက်တာ မောင်မျိုးမင်းကို အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်း အရာများ  စပ်စု မိတဲ့အခါ....
ဦးမျိုးမင်း ရိုက်ကူးတဲ့ 'အမည်ခံချစ်သူ' ဇာတ်ကားလေးက ယနေ့ခေတ်လူငယ်တွေ ဖြစ်လေ့ဖြစ်ထ ရှိတာလေးကို မှီငြမ်းပြီးတော့ ရိုက်ထား တာနော်။
ဆရာမ ပုညခင် ဝတ္ထုဇာတ်လမ်းကို အခြေခံပြီး ရိုက်ထားတာပါ။ တစ်ချို့ ရိုက်ပြီးသားတွေရော ရိုက်နေကျ ပုံစံမျိုးတွေ ရှိတယ်။ တခြားဇာတ်တွေနဲ့ မတူအောင်တော့ ရိုက်ပေးလိုက်တယ်။ တကယ်စိတ်လှုပ်ရှားအောင် တကယ်ချစ်တာ ခွဲခြားသိအောင် ရိုက်ပြထားတာပေါ့နော်။ ယနေ့ခေတ်လူငယ်တွေ အချစ်ကိုသိအောင် ရိုက်ပြထားတာပေါ့နော်။
ဒွေးဝင်စားတဲ့ကလေးနဲ့ ပတ်သက်ပြီး အပြင်မှာ ကြားနေရတယ်။ အဲဒါ ဟုတ်ပါသလား။
ကျွန်တော်တို့လည်း မတွေ့ရသေးတော့ သေချာမသိရသေးဘူး။ အဲဒီကလေးနဲ့ တွေ့ရင်တော့ မေးစရာတောင် မလိုပါဘူး။ လူမြင်တာနဲ့ သိပါတယ်။
ဒါဆို အဲဒီကလေးနဲ့ သွားတွေ့ဖို့ အစီအစဉ် ရှိလား။
တကူးတကကြီး သွားတွေ့ဖို့တော့ အဆင်မပြေဘူး။ ဒီကိုလာရင်တော့ သွားတွေ့ဖို့ အစီအစဉ် ရှိပါတယ်။ တကူးတက သွားတွေ့ဖို့ဆိုတာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီကလေးပြောတဲ့ စကားတွေ သူများကတဆင့် ပြောတာကို ကြားရတယ်။ ကလေးက အမှန်တကယ်ပြောရင်တော့ ကျွန်တော်တို့က စဉ်းစားရဦးမှာပေါ့ဗျာ။
အမှန်တကယ် ဒွေးဝင်စားတယ်ဆိုရင်တော့ မှန်ရင်တော့ ဘယ်လိုလုပ်ပေးဖို့ အစီအစဉ်ရှိလဲ။
ဒွေးဝင်စားလို့ရှိရင်တော့ ကျွန်တော့်ဘက်က တက်နိုင်သလောက် ပံ့ပိုးပေးရုံပါပဲ။
ဦးမျိုးမင်း ရိုက်ကူးတဲ့ 'ကြာညို တစ်ပွင့်ရဲ့ သမိုင်း' ဇာတ်ကားက အရင်တုန်းက 'အဖြူရောင်သစ္စာ' ဇာတ်ကားလောက် အရသာ မရှိဘူးနော်။
ဒီကား ဆင်ဆာတင်တုန်းကတော့ ကျွန်တော် နိုင်ငံခြားမှာ ပညာသွားသင်နေတဲ့ အချိန်ဖြစ်နေတယ်။ တစ်ချို့အခန်းတွေဆိုရင် အချောမသတ်ရသေးဘူ။ ကျွန်တော့စိတ်တိုင်းကျ မဖြစ်ဘူး။ အရင်တုန်းက 'အဖြူရောင်သစ္စာ' က အရသာ တော်တော်လေးရှိတယ်။ အဲဒီတုန်းက အချိန်နဲ့တော့ အရမ်းကွာခြားတယ်။ အဲဒီဇာတ်ရုပ်က ဒွေး သရုပ်ဆောင် ကောင်းတာလည်း ပါတယ်။ အရင်တုန်းက ကားကတော့ ကျွန်တော့်စိတ်တိုင်းကျ ဖြစ်တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 15, 2012

ပရီးမီးယားလိဂ် ပြိုင်ပွဲနှင့် စပွန်ဆာ သဘောတူညီမှု အသစ်ရရှိခဲ့သည့် ဘာကလေ

ပရီးမီးယားလိဂ် ပြိုင်ပွဲအား စပွန်ဆာ ပေးထားသည့် ဘာကလေဘဏ် နှင့် စာချုပ်သက်တမ်းတိုးရန် အတွက် သဘောတူညီချက် အသစ် ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ် အရ ဘာကလေဘဏ်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ စပွန်ဆာ အဖြစ် (၂၀၁၅-၁၆) ဘောလုံးရာသီ အထိ ဆက်လက် ရှိနေမည် ဖြစ်သည်။ သဘောတူညီချက် အသစ်၏ တန်ကြေးမှာ ပေါင်သန်း (၁၂၀)၀န်းကျင် ဖြစ်ကာ ဘာကလေ အမှတ်တံဆိပ်သည် ပရီးမီးယားလိဂ် နာမည်နှင့်အတူ ကမ္ဘာ့အနှံ့ ဖြန့်ချီခွင့် ရရှိမည်ဖြစ်သည့် အပြင် ဈေးကွက်ချဲ့ထွင်ခွင့်များ၊ ကြေငြာ အသုံးပြုခွင့်များ၊ လက်မှတ်ရောင်းချခွင့်များနှင့် ပွဲအတွင်း ၀န်ဆောင်မှုပေးခြင်းများကိုပါ ပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။ ဘာကလေနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတို့ကြား ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် (၂၇.၅)သန်းတန် စာချုပ်မှာ (၂၀၁၂-၁၃) ဘောလုံးရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ယခုလို စာချုပ်သက်တမ်းတိုး ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာကလေ အမှတ်တံဆိပ်သည် (၂၀၀၄)ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို စပွန်ဆာ ပေးခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လန်ဒန်အိုလံပစ် လုံခြုံရေး အတွက် ခြောက်နေရာတွင် ဒုံးကျည်များ ချထားမည်

ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်က လာမည့်လန်ဒန်အိုလံ ပစ်တွင် လုံခြုံရေးအတွက် မြေပြင် မှဝေဟင် ပစ်ဒုံးကျည် များကို နေရာခြောက်ခုတွင် ချထား မည်ဖြစ် ကြောင်း အတည်ပြုပြောကြား သည်။
ကာကွယ်ရေးဝန်ကြီးက ဒုံးကျည် ချထားရာ နေရာများမှာ မြို့တော်လန်ဒန်တစ်လျှောက်တွင် ဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း နှစ်နေ ရာတွင်မူ တိုက်ခေါင်မိုးများပေါ်၌ ချထားမည်ဟုပါလီမန်အမတ်များ အားပြောကြားသည်။ သို့သော် ဒုံးကျည်များချ ထားမည့် ယင်းလက်ဇင်တန်အ ဆောက်အအုံနှင့် ဖရတ်ဝစ်တာဝါ တို့အနီး နေထိုင်သူများကမူ ဒုံး ကျည်များရှိနေခြင်းကိုပူပန်ကြောင်း ပြောကြားထားသည်။
ယင်းနေရာ နှစ်ခုစလုံးမှာ လန်ဒန်အရှေ့ပိုင်း တွင်ရှိသည်။ ကာကွယ်ရေးအာ ဏာပိုင်များကမူ ယင်းနေရာများ သည် အိုလံပစ်ပွဲကျင်းပရာတွင် ပါဝင်သည့် အိုလံပစ်ပန်းခြံတစ် လျှောက်အချက်အချာအကျဆုံး နေရာတွင် ရှိကြောင်းပြောကြား ထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လန်ဒန် အိုလံပစ် တွင် အိမ်ရှင် ဗြိတိန်အသင်း ကစားသမား ၅၄၂ ဦး ပါဝင် ယှဉ်ပြိုင်မည်

လာမည့် လန်ဒန် အိုလံပစ်တွင် အိမ်ရှင် ဂရိတ်ဗြိတိန် အသင်းသည် ကစားသမား   ၅၄၂ ဦးနှင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန်အတွက် နှစ်ပေါင်း ၁၀၄ နှစ်အတွင်း အင်အားအကြီးဆုံး အားကစား အဖွဲ့ဖြစ်လာဖွယ်ရှိကြောင်း သိရ သည။် ဂရိတ်ဗြိတိန် အားကစားအ ဖွဲ့သည် အားကစားနည်း ၂၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဆုတံဆိပ်စုစုပေါင်း ၄၈ ခုရရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀ဝ၈ ဘေဂျင်း အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန်အ သင်းသည် အားကစားသမား ၃၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ၁၉ ခအု ပါအဝင် ဆုတံဆိပ် ပေါင်း ၄၇ ခုရခဲ့သည်။ ဂရိတ်ဗြိ တိန် အားကစားအဖွဲ့၏ အကြီး အကဲ အင်ဒီဟန့်ကလည်း မိမိတို့ အသင်းသည် အိမ်ရှင်အဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဟုပြောသည်။ ဂရိတ် ဗြိတိန်အဖွဲ့တွင် လူ အင်အားအများဆုံး အားကစား အဖွဲ့မှာ ပြေးခုန်ပစ်အဖွဲ့ ၇၈ ဦး၊ လှေလှော်အဖွဲ့ ၄၇ ဦးနှင့် ရေကူး အဖွဲ့ ၄၄ ဦးတို့ဖြစ်ပြီး အနည်း ဆုံးအဖွဲ့ မှာ အလေးမအဖွဲ့ ဖြစ်ပြီး ကစားသမားတစ်ဦးသာ ပါဝင် သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed