BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, July 24, 2012

မျက်မမြင်တို့အတွက် ဘိုင်အိုးနစ် မျက်လုံးများ ပေါ်ပေါက်လာတော့မည်

ဒဏ်ရာကြောင့် သို့မဟုတ် ရောဂါကြောင့် မျက်စိကွယ်သွားသူ များအနေဖြင့် မြင်လွှာနေရာ၌ အစားထိုးနိုင်သော ဘိုင်အိုးနစ် မျက်လုံးများ မကြာမီပေါ်ပေါက် လာတော့မည်ဖြစ်ကြောင်း DMသတင်းဌာနက ဇွန်လ၁၅ရက်နေ့တွင် ဖော်ပြသည်။ ယင်းကို ပစ်တာစဘတ်မြို့ရှိ ကာနစ်ဂီမီယွန်တက္ကသိုလ်မှ ရှုန်းကီလီဆိုသူက တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းကိုမျက်မှန်တွင် တပ်ထားသော အလွန်သေးငယ်သည့် ကင်မရာနှစ်လုံးဖြင့် ပြုလုပ်ထားပြီး ယင်းကင်မရာများက ရိုက်ကူးရရှိသော ရုပ်ပုံများကို လူနာ၏ မျက်လုံး၌တပ်ဆင်ထားသော ကွန်ပျူတာချိစ်ပ်ပြားထံ ပို့ပေးသည်။ ၎င်းချိစ်ပ်ပြားက လျှပ်စစ်စီးကြောင်းများကို ဝိုင်ယာကြိုးငယ်တစ်ခုမှ တစ်ဆင့်မြင်လွှာနောက်တွင် တပ်ဆင်ထားသော ဖလင်ပြားတစ်ခုဆီသို့ ပို့ပေးသည်။ ယင်းကမြင်လွှာ နာ့ဗ်ကြောများအား လှုံ့ဆော်ပေးပြီး အချက်အလက်များကို ဦးနှောက်ဆီသို့ ပို့ပေးကာ ရုပ်ပုံများကို မြင်ရစေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသက်ကြီးသော ဖခင်မှရသည့် ကလေးများ အသက်ပိုရှည်နိုင်

အသက်ကြီးတဲ့ဖခင်မှ ရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်းအစီအစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်းအလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ အမျိုးသားသိပ္ပံအကယ်ဒမီမှ လေ့လာမှုပြုလုပ်သူတွေဟာ အမျိုးသား၁၇၇၉ ယောက်ရဲ့ DNAတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်ရှည်တာဟာ DNAခေါ်တဲ့ ခရိုမိုဆုမ်းအစွန်းမှ ဖုံးအုပ်ထားတဲ့တယ် အိုမီးယားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက သိထားကြပါတယ်။ တယ်အိုမီးယားတွေဟာ ခရိုမိုဆုမ်းတွေ မပျက်စီးအောင် ကာကွယ်မှုပေးထားပြီး များသောအားဖြင့် အသက်အရွယ်ကြီးတာကြောင့် တယ်အိုမီးယားတွေ တိုသွားတတ်ပါတယ်။ ဒါပေမဲ့သုက်ပိုးတွေရဲ့ တယ်အိုမီးယားဟာ အသက်ကြီးလာတာနဲ့အမျှ ပိုရှည်လာတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တယ်အိုမီးယားတွေ တိုနေတာဟာ အသက်တိုတယ်လို့ အဓိပ္ပာယ်ရပြီး တယ်အိုမီးယား ရှည်ရင် အသက်ပိုရှည်နိုင်ပါတယ်။ ကလေးအဖေဖြစ်မယ့်အချိန်မှာ သူရဲ့ဖခင်ဟာ အသက်ပိုကြီးလေလေ တယ်အိုမီးယား ပိုရှည်လေလေလို့ သိရပါတယ်။ အသက်ကြီးမှ ကလေးအဖေဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများပေမယ့် ရေရှည်အနေနဲ့ မွေးလာတဲ့ကလေးတွေမှာ အသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ တယ်အိုမီးယားတွေ ရှည်တာကြောင့် တစ်သျှူးတွေနဲ့ ဆဲလ်ကြီးထွားမှုမြန်ဆန်တာနဲ့ ဆက်စပ်နေတဲ့ ခုခံအားစနစ်၊ အရေပြားနဲ့ အူတွေရဲ့လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်မှု ပိုမိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်တွင် မိဘနှစ်ဦး အလုပ်သွားနေခိုက် ရှစ်လအရွယ် သမီးငယ်ကို အဘွားဖြစ်သူနှင့် ထားခဲ့ရာ အဘွားဖြစ်သူက လက်နှစ်ဖက်စလုံး ကို ခုတ်ဖြတ်ပစ်ခဲ့သည်ဟု DMသတင်း ဌာနကဇွန်လ ၂၆ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါ အဘွားဖြစ်သူမှာလည်း ကလေးငယ်၏ လက်များကို ခုတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သေကြောင်းကြံခဲ့ရာ ယခုတိုင် သတိမေ့မြောနေဆဲ ဖြစ်သောကြောင့် ကလေး၏လက်များကို ခုတ်ပစ်ရ သည့်အကြောင်းရင်းကို သိရှိရခြင်း မရှိ သေးဟုဆိုသည်။ ကလေးငယ်၏ မိခင်သည် အိမ်သို့ပြန်ရောက်လာသည့်အခါ ကလေးငယ်အားချီလျက် ဆေးရုံသို့၁၀မိနစ်အတွင်း အရောက်ပြေးခဲ့သည်။ ဆေးရုံသို့ ရောက်ရှိသည့်အခါ ခင်ပွန်းထံ အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့ ဖုန်းဆက်လျက်  ကလေးငယ်၏ လက်နှစ်ဖက်ကို အိမ်သို့ပြန်ယူခိုင်းခဲ့သည်။ ဆရာဝန်များက ၁၂နာရီကြာသည့် ခွဲစိတ်ကုသမှု ပြုလုပ်ကာ ကလေးငယ်၏ လက်နှစ်ဖက်ကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သည်။ ကလေးငယ်အား နောက်ထပ်ကုသမှုများပေးရန် လိုအပ်သေးသော်လည်း ကလေးငယ်၏ လက်များသည် အပြည့်အ၀ အလုပ်ပြန်လုပ်နိုင်လိမ့်မည် ဟုဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လစာငွေ အများဆုံး ရရှိသည့် ကစား သမားစာရင်းတွင် ပါဝင်လာ မည့် ဒေးဗစ်ဆေးလ်ဗား

လာမည့် အပတ်ထဲတွင် စာချုပ်သစ် ချုပ်ဆိုမည့် ဒေးဗစ်ဆေးလ်ဗား သည် မန်စီးတီး အသင်း၏ လစာငွေ အများဆုံး ရရှိသည့် ကစားသမား စာရင်းတွင် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် (၁၃၀၀၀၀) ရရှိနေသည့် ဆေးလ်ဗားသည် ယမန်နှစ် ရာသီက ပြသခဲ့သည့် ခြေစွမ်းကြောင့် လစာငွေ တိုးမြှင့်ရရှိမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀)ကျော် ရရှိခဲ့မည် ဖြစ်ပြီး ယာယာတိုရေး၊ တီးဗက်ဇ် နှင့် အဂူရိုတို့ ရရှိသည့် လစာငွေနှင့် တူညီသွားမည် ဖြစ်သည်။ ဆေးလ်ဗား၏ အေးဂျင့် ဖြစ်သူနှင့် စီးတီးအသင်း၏ ကိုယ်စာလှယ်တို့သည် ဘာစီလိုနာမြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဆေးလ်ဗားသည် သူ၏ အားလပ်ရက် အပြီးတွင် (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ် အသင်းမှ ချဉ်းကပ်ခြင်း ခံခဲ့ရသော်လည်း ဆေးလ်ဗားသည် သူ၏ အနာဂတ်အား မန်စီးတီး အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 22, 2012

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား

တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ် မှာ ကိုယ်ဝန် ဆောင် အမျိုး သမီးနဲ့ သူ့အမျိုး သားဟာ ကလေး မွေးဖွား ဖို့ ဆေးရုံ အသွား လမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြု လာတာနဲ့တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာမရှိ တော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့် သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာဆေး ပညာကို မသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကား ကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့ အမျိုးသားဟာ သူဝတ် ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ကာ သားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင် မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 18, 2012

ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ကျန်ရှိတဲ့ အကြီးဆုံးကုန်းလိပ်ကြီး သေဆုံးရှာပြီ

အီကွေဒေါနိုင်ငံ၊ Galapagos ကျွန်းရဲ့ ရှားပါး တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းမှာ ဖြည်းညင်းတဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့သွားလာတတ်တဲ့ ”ဂျော့” (George) လို့နာမည်ရတဲ့ ကမ္ဘာ့အကြီးဆုံး ကုန်းလိပ်ကြီး တစ်ကောင်ရှိပါတယ်။
အသက်(၁၀၀) နှစ်ခန့်ရှိပြီး အလေးချိန်ပေါင်(၂၀၀) လေးတဲ့ လိပ်ကြီး“ဂျော့” ရဲ့ခြေလှမ်းတွေဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့မှာတော့ အဆုံးတိုင် ရပ်တန့်သွားခဲ့ရပါပြီ။ အီကွေဒေါနိုင်ငံရဲ့ အချစ်တော် “ဂျော့” ဟာ သူ့မျိုးစိတ်လိပ်တွေထဲမှာ တစ်ကောင်တည်းကျန်ခဲ့တဲ့ လိပ်ကြီး ဖြစ်တာကြောင့် သူသေဆုံးမှု အပေါ်မှာ အားလုံးက ဝမ်းနည်းနေကြပါတယ်။ လိပ်ကြီး “ ဂျော့” ကို တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်တဲ့ သတ္တဗေဒ ပညာရှင်များကို (၁၉၇၂) ခုနှစ်မှာ တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ သူနဲ့မျိုးစိတ်ချင်းနီးစပ်မှု ရှိတဲ့ လိပ်မတွေနဲ့ မျိုးဆက်ပွားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒွေးဝင်စားတာမှန်ရင် လူမြင်ရုံနဲ့ သိပါတယ် ဒါရိုက်တာ မောင်မျိုးမင်း

ဒါရိုက်တာ မောင်မျိုးမင်းကို အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်း အရာများ  စပ်စု မိတဲ့အခါ....
ဦးမျိုးမင်း ရိုက်ကူးတဲ့ 'အမည်ခံချစ်သူ' ဇာတ်ကားလေးက ယနေ့ခေတ်လူငယ်တွေ ဖြစ်လေ့ဖြစ်ထ ရှိတာလေးကို မှီငြမ်းပြီးတော့ ရိုက်ထား တာနော်။
ဆရာမ ပုညခင် ဝတ္ထုဇာတ်လမ်းကို အခြေခံပြီး ရိုက်ထားတာပါ။ တစ်ချို့ ရိုက်ပြီးသားတွေရော ရိုက်နေကျ ပုံစံမျိုးတွေ ရှိတယ်။ တခြားဇာတ်တွေနဲ့ မတူအောင်တော့ ရိုက်ပေးလိုက်တယ်။ တကယ်စိတ်လှုပ်ရှားအောင် တကယ်ချစ်တာ ခွဲခြားသိအောင် ရိုက်ပြထားတာပေါ့နော်။ ယနေ့ခေတ်လူငယ်တွေ အချစ်ကိုသိအောင် ရိုက်ပြထားတာပေါ့နော်။
ဒွေးဝင်စားတဲ့ကလေးနဲ့ ပတ်သက်ပြီး အပြင်မှာ ကြားနေရတယ်။ အဲဒါ ဟုတ်ပါသလား။
ကျွန်တော်တို့လည်း မတွေ့ရသေးတော့ သေချာမသိရသေးဘူး။ အဲဒီကလေးနဲ့ တွေ့ရင်တော့ မေးစရာတောင် မလိုပါဘူး။ လူမြင်တာနဲ့ သိပါတယ်။
ဒါဆို အဲဒီကလေးနဲ့ သွားတွေ့ဖို့ အစီအစဉ် ရှိလား။
တကူးတကကြီး သွားတွေ့ဖို့တော့ အဆင်မပြေဘူး။ ဒီကိုလာရင်တော့ သွားတွေ့ဖို့ အစီအစဉ် ရှိပါတယ်။ တကူးတက သွားတွေ့ဖို့ဆိုတာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီကလေးပြောတဲ့ စကားတွေ သူများကတဆင့် ပြောတာကို ကြားရတယ်။ ကလေးက အမှန်တကယ်ပြောရင်တော့ ကျွန်တော်တို့က စဉ်းစားရဦးမှာပေါ့ဗျာ။
အမှန်တကယ် ဒွေးဝင်စားတယ်ဆိုရင်တော့ မှန်ရင်တော့ ဘယ်လိုလုပ်ပေးဖို့ အစီအစဉ်ရှိလဲ။
ဒွေးဝင်စားလို့ရှိရင်တော့ ကျွန်တော့်ဘက်က တက်နိုင်သလောက် ပံ့ပိုးပေးရုံပါပဲ။
ဦးမျိုးမင်း ရိုက်ကူးတဲ့ 'ကြာညို တစ်ပွင့်ရဲ့ သမိုင်း' ဇာတ်ကားက အရင်တုန်းက 'အဖြူရောင်သစ္စာ' ဇာတ်ကားလောက် အရသာ မရှိဘူးနော်။
ဒီကား ဆင်ဆာတင်တုန်းကတော့ ကျွန်တော် နိုင်ငံခြားမှာ ပညာသွားသင်နေတဲ့ အချိန်ဖြစ်နေတယ်။ တစ်ချို့အခန်းတွေဆိုရင် အချောမသတ်ရသေးဘူ။ ကျွန်တော့စိတ်တိုင်းကျ မဖြစ်ဘူး။ အရင်တုန်းက 'အဖြူရောင်သစ္စာ' က အရသာ တော်တော်လေးရှိတယ်။ အဲဒီတုန်းက အချိန်နဲ့တော့ အရမ်းကွာခြားတယ်။ အဲဒီဇာတ်ရုပ်က ဒွေး သရုပ်ဆောင် ကောင်းတာလည်း ပါတယ်။ အရင်တုန်းက ကားကတော့ ကျွန်တော့်စိတ်တိုင်းကျ ဖြစ်တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed