BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, March 17, 2013

အန္တရာယ်ရင်ဆိုင်ရလျှင် အလိုအလျောက် ဘရိတ်အုပ်သွားမည့်ကား

နောက်ဆုံးပေါ် Volvo ကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများတွင် လမ်းသွားလမ်းလာများနှင့် လမ်းပေါ်ရှိ လူများကိုသာမက အရာဝတ္ထုများကို မတိုက်ခင် ကြိုတင်အာရုံခံပြီး အလိုအလျောက် ဘရိတ်အုပ် သွားမည်ဖြစ်သည်။ ယင်းသို့ အာရုံခံနိုင်ရန် ကားမှန်များတွင် ကင်မရာများကို တပ်ဆင်ထားသည် ဟု သိရသည်။ အဆိုပါ ကားများတွင် ရေဒါအချက်ပြ နည်းပညာကို သုံးစွဲထားပြီး ကင်မရာနှင့် အာရုံခံ ကိရိယာများကို ကွန်ပျူတာများနှင့် ချိတ်ဆက်ထား သည်။ထို့ကြောင့် ယာဉ်မောင်းသူအဖြင့် ယာဉ်တိုက် မှုဖြစ်မည့် အချိန်တွင် ဘရိတ်အုတ်ရန် သတိမေ့နေ လျှင် ကွန်ပျူတာ စနစ်များနှင့် ချိတ်ဆက်ထားသော အာရုံခံ ကိရိယာများက အလိုအလျောက် ဘရိတ်အုပ် ပေးသွားမည် ဖြစ်သောကြောင့် ယာဉ်တိုက်မှု အန္တရယ် ကို လျှော့ချနိုင်တော့ မည်ဖြစ်သည်။ သို့သော် ယင်းသို့ ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် ဘရိတ်မအုပ်မီ ယာဉ်မောင်းသူကို အသံဖြင့် သတိပေးမည် ဖြစ်သကဲ့ သို့ မီးနီများဖြင့်ကြိုတင် အချက်ပြမည်ဖြစ်သည်။ထို့ပြင် လေကာမှန်များနှင့် ကားစက်ဖုန်းများ ပေါ်တွင်လည်း အချက်ပြသကေ တများ ပေါ်လာမည်ဖြစ်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘဟားမားက ရေအောက်လည်ပတ်ရေး ခရီးစဉ်

ဟဟားမား ကျွန်းနိုင်ငံမှာ ရေအောက် လေ့လာချင်သူများအတွက် ဖန်တီး ပေးထားတဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောများ အသုံးပြုနေမှုကို ယခုလို မြင်တွေ့ရပါတယ်။
အပေါ်ကနေ Life line (သက်ကယ်)ကြိုးဆွဲထားပြီး တစ်ယောက်စီး ရေငုပ် သဘောင်္ တစ်ခုတိုင်းစီနဲ့ တွဲလို့ထားပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အလုံအလောက်ပါရှိတဲ့ လေအိုးနဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောက ခေါင်းပဲ လုံပြီး ကျန်တာအားလုံး ရေနဲ့ တိုက်ရိုက်ထိပါတယ်။ သန္တာကျောက်တန်းနဲ့ ပင်လယ် သဘာဝလေ့လာလိုသူများအတွက် စီစဉ်ဖန်တီးပေးထားခြင်း ဖြစ် ပါတယ်။

ယင်းကဲ့သို့ တစ်ယောက်စီး ရေငုပ်သင်္ဘော Submersible နဲ့ လည်ပတ် ခွင့် ပေးတဲ့အတွက် ဘဟားမားက သန္တာကျောက်တန်းနဲ့ ရေသဘာဝ အလှအပများသို့ လာရောက် လေ့လာသူများပြားကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူ့အသက် ၂ သန်းကျော် ကယ်တင်သူ သွေးအလှူရှင်ကြီး

အသက် ၁၃ နှစ်အရွယ်တုန်းက ရောဂါတစ်မျိုးကြောင့် သွေး ပုလင်းပေါင်း ၁၃ ပုလင်းတိတိ သွင်းခဲ့ရပါတယ်။ ယင်းကဲ့သို့ သွေးရဲ့  တန်ဖိုးကို သိရှိနား လည် သွားတော့ အသက် ၁၈ နှစ်ကစလို့ သွေးလှူတဲ့ အလုပ်ကို စလုပ် ပါတယ်။
ဆေးစစ်ချက်တွေ့ရှိမှုအရ သူ့သွေးမှာ ကလေးမမွေးနိုင်တဲ့ မိခင်တွေမှာ ရှိ တဲ့ ရောဂါတစ်မျိုးကိုပျောက်ကင်းစေပြီး ကလေးတွေကို အသက်ရှင်စေ တယ်လို့ သိရပါတယ်။ ယင်း အချိန်ကစလို့ ယနေ့အထိ သွေးလှူလိုက်တာ အသက်ချောင်းပေါင်း ၂ သန်း အတွက် သွေးပုလင်းပေါင်း ၁ ထောင် လှူဒါန်းနိုင်ခဲ့ပြီး ယနေ့တိုင်လည်း လှူဒါန်းနေဆဲပါပဲ။
အသက် ၇၆ နှစ်ကျော်ပြီ ဖြစ်ပေမယ့် သြစတေးလျနိုင်ငံသား James Harrison ရဲ့  အသက်ကို အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ အစိုးရက အာမခံ ထားရှိပေး ထားကြောင်း သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, March 8, 2013

ပရိသတ်ကြီးအတွက် အကောင်းဆုံး ဖျော်ဖြေမယ့် စိုးသူ

နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင် စိုးသူရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ(၃၀)ရက်နေ့မှာ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်သက် တဲ့ စာနယ်ဇင်း အသိပေးပွဲကို မတ် လ(၃)ရက် ညနေ(၄)နာရီက Junction Square Ootdoot Area မှာ ကျင်းပခဲ့ရာ စိုးသူမှ စာနယ်ဇင်း များကို Past & Present ပွဲနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါ တယ်။ အဆိုပါ ပွဲဟာ စိုးသူကိုချစ်တဲ့ ပရိသတ်များ လွတ်လပ်ပျော်ရွှင်စွာကြည့်ရှုခွင့်ရဖို့ Forever Blooso m မှကြီးမှူးကျင်း ပတာဖြစ်ပြီး MRTV-4 မှလည်း တိုက်ရိုက်ထုတ်လွှင့် မယ်လို့သိရပါတယ။် Zone A, Zone B သတ်မှတ်ထား ပြီး စိုးသူရဲ့မိတ်ဆွေများနဲ့ အနုပ ညာညီအစ်ကိုမောင်နှမများက Zone A မှကြည့် ရှု ရမှာဖြစ်ပြီး ပရိ သတ်များက Zone B ကြည့်ရှု ရမှာဖြစ်တယ်လို့ သိရပါတယ်။ စိုးသူက အဆိုပါပွဲမှာ သူ့ရဲ့အောင်မြင်ခဲ့ တဲ့ တေးသီချင်း များအပြင် သီချင်း သစ် အနည်းငယ်နဲ့ လည်းဖျော်ဖြေ မယ်လို့ သိရပါ တယ်။ စိုးသူက သူ့ရဲ့ပရိသတ် များအတွက် အ ကောင်းဆုံး ကြိုးစားတင်ဆက် သွားမယ်လို့ ဆိုပါ တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့စွမ်းအင် အချွေတာဆုံးကား


ဆီတစ်ဂါလန် ထည့်ထားရုံဖြင့် ၃၁၃ မိုင်အထိ ခရီးနှင် နိုင်သည့် ကမ္ဘာ့စွမ်းအင် အချွေတာဆုံး XL 1 ကားကို ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီက စတင်မိတ်ဆက် လိုက်ပါပြီ။
ထိုကားဖြင့်သာ မောင်းနှင်သွား မည်ဆို လျှင် ၆၂ မိုင်စာ ခရီးစဉ်အထွက် ၁ ဒသမ ၄ စတာလင် ပေါင်မျှသာ ကျသင့်မည်ဖြစ်သည်။အဆိုပါ ကားတွင် ၈၀၀ စီစီဒီဇယ် အင်ဂျင်နှင့် အီလက်ထရွန် နစ်မော်တာ တို့ကို တပ်ဆင်ထားသည်။
ထိုကားသည် အီလက်ထ ရွန်နစ် မော်တာတို့ကို တပ် ဆင်ထားသည်။ ထိုကား သည် အီလက်ထရွန်နစ် မော်တာဖြင့် ၃၁ မိုင်အထိ ခရီးနှင် နေချိန်မှာ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ် မှု မရှိဟု သိရသည်။
အီလက်ထရွန်း နစ်စွမ်းအင်နှင့် ဒီဇယ်စွမ်းအင် နှစ်မျိုး စလုံးကို အချိုးကျ သုံးနိုင်သော အဆိုပါဟိုက် ဘရစ် ကားသည် ၁၂ စက္ကန့် အတွင်းမှာ ၆၂ မိုင်အထိ အရှိန်တင်နိုင်ပြီး အရှိန်အမြင့် ဆုံးရောက် လာ လာလျှင် တစ်နာရီ ၉၉ မိုင်အထိ ခရီးနှင်နိုင်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိုဘာမား၏အစ်ကို နိုင်ငံရေးလောကထဲ ဝင်ရန်ကြိုးပမ်းနေ

အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ရိုင်းအဘွန်အိုမာလစ် အိုဘားမားသည် မိန်းမ ၁၂ ယောက်ယူထား သူတစ်ဦး ဖြစ်ပြီး ကျောင်းသူ လေးဦးကိုလည်း နောက်တိုးမယား အဖြစ် ဖျားယောင်းနေသည်ဟု စွပ်စွဲခံထားရသည်။ ထို့ပြင် ၎င်းသည် သူ၏ မိန်းမများကိုလည်း ရိုက်နှက် လေ့ရှိသည်ဟု စွပ်စွဲခံထားရသည်။၎င်းသည် ယခုအခါ သမ္မတ အိုဘားမား၏ အရှိန်အဝါကို သုံးကာ နိုင်ငံရေး လောကထဲ ခြေချရန် ကြိုးပမ်းနေကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ မာလစ်အိုဘားမားသည် ဘားရက် အိုဘားမား၏ အဖေတူအမေကွဲ အကိုတစ်ဦး ဖြစ်ပြီး အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံတွင် နေထိုင် သည်ဟု သိရသည်။ မာလစ်အိုဘားမားသည် ယခုအခါ တစ်နှစ်လျှင် အင်္ဂလန်ငွေပေါင် တစ်သိန်းကျော်နှင့် အခွင့်အရေး များစွာရရှိ မည့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို ဘားရက် အိုဘားမား၏ အရှိန်အဝါဖြင့်ရ ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ကင်ညာနိုင်ငံ စီယားယား ပြည်နယ်၏ အုပ်ချုပ်သူ ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် မာလစ်အို ဘားမားသည် ပြင်ဆင်နေပြီ ဖြစ်သည်။၎င်းသည် မိန်းမများကို ရိုက်နှက်တတ်သည် ဟူသော စွပ်စွဲချက်များကိုမှု နားလည်မှု လွဲသည့် ကိစ္စတစ်ရပ်အဖြစ် ငြင်းဆိုထားသည်။ ၎င်းသည် သမ္မတ အိုဘားမား ဖခင်၏ လေးယောက်မြောက် ဇနီးမှ၏ သားဖြစ်သည် ဟုသိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, March 4, 2013

စိန်လက်စွပ် ကောက်ရသူ တစ်ပတ်အတွင်း သူဌေးဖြစ်


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့ တစ်ဦးသည် ကောက်ရသော စိန်လက် စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟု သရိသည။်
Billy-Ray-Harris 
၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသော အားဖြင့် ပိုင်ရှင်က ၄င်းအတွက် ရန်ပုံငွေ ရှာဖွေကာ ကျေးဇူး တုန့်ပြန် သောအားဖြင့် အမေရိကန်ဒေါ်လာ ၈၆၀၀၀ ကိုပေး အပ်ခဲ့သည်ဟု သိရသည်။
မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်း ရမ်း သူဘီလီ ရေးဟားရစ်သည် ၄င်း၏ ခွက် ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံ ခဲ့သည်ဟု သိရသည်။
၎င်း၏ ရိုးသားမှု ဂုဏ်သတင်းအား လက်စွပ်ပိုင်ရှင် ဆာရာ ဒါလင်က အများသိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေ ကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သည် ဟု သိရသည်။ ၄င်း၏အကြောင်းကို သတင်းစာများတွင် ထည့်သွင်းဖော်ပြ ခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည် နှူးကြသည် ဟုသိရသည်။ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ် ထောင်အ ထိ လှူဒါန်းသူများ ပင်ရှိသည်ဟု သိရ သည်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed