BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, July 4, 2013

ရွန်နီ ကို ချယ်ဆီး အသင်းထံ ပြောင်းရွှေ့လာရန် အလိုရှိနေသည့် ပီတာဆက်ခ်ျ

ချယ်ဆီး အသင်း၏ ချက် လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ က ယူနိုက်တက် အသင်းမှ ထွက်ခွာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့် အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှုး ဝိန်းရွန်နီ အား လန်ဒန် ကလပ်သို့ ပြောင်းရွှေ့လာရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ရွန်နီ အား ခေါ်ယူရန် ချယ်ဆီး အသင်း အပြင် ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိသည့် ကလပ်များမှ စိတ်ဝင်စားနေပြီး ပီတာဆက်ခ်ျ က ရွန်နီ ကဲ့သို့ အံ့ဖွယ် ကစားသမား ကို ချယ်ဆီး နည်းပြသစ် မော်ရင်ဟို အနေဖြင့် အသင်းသို့ ခေါ်ယူရန် အလိုရှိမည် ဖြစ်ကြောင်း၊ ရွန်နီ သာ ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ခဲ့ပါက အသင်း၏ မျှော်လင့်ချက်များ ပြည့်ဝလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ပီတာဆက်ခ်ျ က Sky Sports News သတင်းစာသို့ “ဝိန်း ကို ချယ်ဆီး အသင်း ဝတ်စုံ နဲ့ မြင်တွေ့ချင်ပါတယ်။ သူ့လို ကစားသမားမျိုးဟာ အသင်း ဝတ်စုံ ပြောင်းလဲခဲ့ပေမယ့် ခြေစွမ်း ပြောင်းလဲသွားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ တခါတလေ ပြောင်းလဲမှု တချို့က ကစားသမား ဘဝကို တိုးတက်လာနိုင်ပါတယ်။ သူသာ အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ဝမ်းပန်းတသာ ကြိုဆိုနေမှာပါ။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရွန်နီ ဟာ ရော်နယ်ဒို လို ဖြစ်လာမှာမဟုတ်ပါဘူး -မစ် ကလပ်ခ်

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကြံခိုင်ရေး နည်းပြဟောင်း မစ် ကလပ်ခ် က ယူနိုက်တက် အသင်း၏ တိုက်စစ်မှုး ဝိန်းရွန်နီ သည် အသင်းသားဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကဲ့သို့ ကစားသမားမျိုး ဖြစ်လာမည့်သူ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။ မစ် ကလပ်ခ် က ရွန်နီ သည် ကိုယ်ခန္ဓာ ကြံခိုင်မှု ရှိသူ ဖြစ်သော်လည်း ရော်နယ်ဒို ကဲ့သို့ သွက်လက် ပေါ့ပါးသည့် ကစားသမားမျိုး မဟုတ်ကြောင်း ကိုယ်ခန္ဓာ ဖွံ့ဖြိုး လှပမှု အတွက် ဂရုစိုက်တတ်သူ မဟုတ်ကြောင်း၊ အားကစား ခန်မးသို့ လာရောက် လေ့ကျင့်ရန် စိတ်ဝင်စားမှု မရှိကြောင်းကို ကစားသမား ၂ ဦးအကြား နှိုင်းယှဉ် ပြောကြားသွားခဲ့သည်။ ဝိန်းရွန်နီ သည် သူ၏ ခန္ဓာကိုယ် အလေးချိန် ထိန်းညှိမှု မရှိခြင်းကြောင့် ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန် ၏ သတိပေးမှုကို ပြီးခဲ့သည့် ရာသီက ခံခဲ့ရဖူးသူ ဖြစ်သည်
မစ် ကလပ်ခ် က The Sun သတင်းစာသို့ “ရော်နယ်ဒို ဟာ အသင်းကို ရောက်စက ခန္ဓာကိုယ် သေးငယ် သွယ်လျတဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ကြံခိုင်မှု ရရှိဖို့ အတွက် အားကစားခန်းမမှာ အမြဲတမ်း လေ့ကျင့်လေ့ရှိပါတယ်။ ကစားသမား တစ်ယောက် ခြေစွမ်း တိုးတက် အောင်မြင်ဖို့ အတွက် ခန္ဓာကိုယ် အလေးချိန်ကလည်း တစ်စိတ်တပိုင်း ပါဝင် ပတ်သတ်ပါတယ်။ ဝိန်း ကတော့ ဒီလို မဟုတ်ပါဘူး။ သူဟာ ခြေစွမ်းပိုင်းမှာ ရော်နယ်ဒို လို ကစားသမားမျိုး ဖြစ်ပေမယ့် နောက်ပိုင်း သူ့ ကစားပုံဟာ လေးလံနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ သူဟာ အသင်းရဲ့ အားကစား ခန်းမ ကို လာရောက် လေ့ကျင့်ဖို့ စိတ်မဝင်စားပါဘူး။ သူ့ရဲ့ ခြေစွမ်းကို သူ့စိတ်ဓါတ် နဲ့ ထိန်းသိမ်းထားသူပါ။ သူသာ အားကစား ခန်းမမှာ ခန္ဓာကိုယ် အလေးချိန်ကို သေချာ လေ့ကျင့်ခဲ့မယ်ဆိုရင် ရော်နယ်ဒို လို အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မှာပါ” ဟု ကစားသမား ၂ ဦး အကြား ခြားနားချက်ကို သူ၏ အမြင်ဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။
 152 2
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 25, 2013

မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ

MIAMI ဆေးရုံးက အရေးပေါ် အလွန် ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲတမ်း ဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်း တစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ် အားသွင်းနေတဲ့ အချိန်မှာပဲ.... အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ... ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ် မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့  အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ် အကြာလေးမှာ .....
သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ် မရှိ စီးဝင်ခဲ့ပါတယ်.... ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန် ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ် ပေါက်ကွဲခဲ့ ပါတယ်..... ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်... သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......အားသွင်းနေတုန်း ဖုန်းဝင်လာရင်လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
Credit To : Soe Pay
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာမှာ ဈေးအကြီးဆုံးက ဘယ်သူ့အခန်းလဲ

အခန်းဟာ မန်ချက်စတာမြို့၊ ဘီသမ်တာဝါရဲ့ ၄၅လွှာမြောက်ဖြစ်ပြီး အခန်းပိုင်ရှင်ကတော့ ဘောလုံးကစားခြင်းက
အနားယူသွားတဲ့ ဖီးနဗီးလ်ဖြစ်ပါတယ်။ သူဟာ တစ်လပေါင် ၁၅၀၀၀နဲ့ ဒီအခန်းကို ငှားမယ်လို့ကြေညာထားပြီး မန်ချက်စတာမြို့ရဲ့ဈေးအကြီးဆုံး အခန်းတစ်ခန်းဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးကို စီးမိုးမြင်နိုင်သလို အခန်းတွင်းပြင်ဆင်မှုတွေကလည်း ဆန်းကြယ်လွန်းပြီး ၂၀၁၀ခုနှစ်က ပေါင် ၄သန်းထိ တန်ကြေးရှိခဲ့ပါတယ်။
အိပ်ခန်းလေးခန်းပါသလို လသာဆောင် မျက်နှာကြတ် မီးဆိုင်းတွေကလည်း ၄၅လွှာ အခန်းနဲ့ လိုက်ဖက်ညီထွေဖြစ်နေပါတယ်။ စတုရန်းပေ ၅၀၀၀ကျယ်ဝန်းတဲ့ ဒီအခန်းဟာ ထုံးကျောက်အခင်း၊ စိတ်ကြည်နူးစရာ အလင်းရောင်တို့ကြောင့်အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် သင့်တော်သလို ကျန်းမာရေးလေ့ကျင့်ခန်း၊ ရေနွေးငွေ့ခန်းတွေ ပါဝင်ပြီး လောလောဆယ်တန်ကြေး ပေါင် ၃.၇၅သန်း ရှိနေပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာတွင် အရပ် အရှည်ဆုံးသူ ဖြစ်နိုင်သော အရပ် ၈ ပေ ၄ လက်မ အမြင့်ရှိ အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦးကို များမကြာမီက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည်တွေ့ရှိခဲ့သူမှာ အသက် ၃၆ နှစ်အရွယ် ကိုဝင်းဇော်ဦး ဖြစ်ကြောင်း Myanmar News Now က ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။

ကိုဝင်းဇော်ဦး၏ ဇာတိမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာဖြစ်ပြီး မိဘများမှာ ဦးအောင်လှနှင့် ဒေါ်မောက်တင်တို့ ဖြစ်ကြသည်။ ထုံးပေါက်ချိုင်ကျေးရွာသည် နတ်မောက်မြို့မှ ၁၅ မိုင်ခန့် ဝေးကြောင်း ဆိုသည်။
ကိုဝင်းဇော်ဦးသည် ၁၉၈၈ ခုနှစ်က လေးတန်းမှ ကျောင်းထွက်ပြီး မိဘများ စီးပွားရေး အဆင်မပြေသဖြင့် အသက် ၁၅ နှစ် အရွယ်တွင် ရန်ကုန်သို့ အလုပ်လုပ်ရန် သွားခဲ့ကြောင်း၊ ရန်ကုန် လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ကြောင်း၊ ထိုအချိန်က သူ့အရပ်မှာ ပုံမှန် အတိုင်း ရှိခဲ့ကြောင်း၊ သူ၏ ထူးခြားမူမှာ ဒိန်ချဉ်ကြိုက်ပြီး နွားနို့ အလွန်အကျွံသောက်ကြောင်း၊ အသက်(၁၈)နှစ် အရွယ်တွင် ရန်ကုန်မှ မိမိကျေးရွာ ထုံးပေါက်ချိုင်သို့ ပြန်ခဲ့ကြောင်း၊ ထိုအချိန်ကစပြီး နောက်ပိုင်းတွင် တစတစဖြင့် တနှစ်ထက် တနှစ် ခန္ဓာကိုယ်ကြီးလာကာ အရပ်မှာ မြင့်တက်လာခဲ့ကြောင်း၊ ယခု အသက်ု(၃၆) နှစ်အထိ ဆက်လက် မြင့်တက်နေကြောင်း ကိုဝင်းဇော်ဦးကို ကိုးကားပြီး သတင်းတွင် ဖေါ်ပြသည်။
ယခင်နှစ်က ရှစ်ပေတစ်လက်မရှိခဲ့သော ကိုဝင်းဇော်ဦးမှာ ယခုအခါ ရှစ်ပေလေး လက်မ ရှိကြောင်း သိရသည်။
သူကရှက်တတ်သူ ဖြစ်ကြောင်း၊ အစားအသောက်မှာ ပုံမှန်ဖြစ်ကြောင်း၊ ကွမ်းယာကိုကြိုက်ကြောင်း၊ အဝတ်အစားတွင် ပုဆိုးက ကွင်းကျဉ်းနေပြီး တိုနေသော်လည်း ဖြစ်သလိုဝတ်ကြာင်း၊ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးကြောင်း၊ အမေအို အဖေအိုများနှင့် အတူ နေထိုင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။
ကျန်းမာရေးနှင့် ပါတ်သက်၍ ရောဂါလက္ခဏာမတွေ့ ရကြောင်း၊ အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရသည့်အတွက် ခြေထောက်က ကြာရှည် မထောက်နိုင်တော့သည့် အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်ရသည့် ဒုက္ခဖြစ်နေကြောင်း၊ သို့အတွက် မည်သည့်နေရာကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက ပြောသည်ဟု ဆိုသည်။
ယခု လက်ရှိ ကမ္ဘာတွင် ဂရင်းနစ် စာရင်းဝင် အရပ် အရှည်ဆုံးသူမှာ တူရကီနိုင်ငံမှ Sultan Kösen ဖြစ်ပြီး အရပ် ၈ ပေ ၂ လက်မသာရှိသဖြင့် ကိုဝင်းဇော်ဦးမှာ ကမ္ဘာတွင် အရပ်ရှည်ဆုံးသူ အဖြစ် ဂရင်းနစ် မှတ်တမ်းဝင်နိုင်သူ ဖြစ်နိုင်ကြောင်း သတင်းများ ရရှိသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 23, 2013

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဆု သုံးဆုရ

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သော လူ့အခွင့် အရေး လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင် ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်တွင် ဇွန်လ ၁၉ ရက်နေ့ ညနေ၅နာရီ အချိန်တွင် ပြုလုပ် ခဲ့ရာ ပေးအပ်သော ဆုလေးဆု အနက် 'မတ် ၁၃ ဆု' ၊ 'မင်းကိုနိုင်ဆု'နှင့် 'ဒေါ်အောင်ဆန်းစုကြည်ဆု' တို့ကို မြန်မာနိုင်ငံမှ လူငယ်များ ရရှိ ခဲ့ကြသည်။
လူ့အခွင့်ရေး လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင်၏ အဓိကဆု သုံးဆု ဖြစ်သော မတ် ၁၃ ဆုကို စစ်တုရင် ကာတွန်း ဇာတ်လမ်း တိုဖြင့် Animation ရုပ်ရှင် တစ်ခု ဖန်တီးသူ မောင်စွမ်း သူရထွန်းက ရရှိပြီး မင်းကိုနိုင် ဆုကို White and Green ဇာတ်လမ်း တိုဖြင့် လူငယ်ငါးဦး ဖွဲ့စည်း ထားသော Myanmar Treasure Media ကရရှိ၍ မြန်မာနိုင်ငံမှ ချီးမြှင့်သော ဒေါ်အောင်ဆန်းစုကြည် ဆုကို ၈၈ လှုပ်ရှား မှုဖြင့် ထောင် ၃၆နှစ် ကျခဲ့သော ကျောင်းသားဟောင်း ဆန်းဇော်ထွေး အကြောင်း ဖော်ပြ ထားသော Survival in Prison ဇာတ်လမ်းဖြင့် ဒါရိုက်တာ ရီနန်းထိုက်က ရရှိခဲ့သည်။
ထို့နောက် NBC(Norwegian Burma Committee)က ပေး အပ်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို အင်ဒိုနီးရှားနိုင်ငံမှ The art of killing ဇာတ်ကားဖြင့် Joshua Oppenheimer တို့က ရရှိခဲ့သည်။ "ဆုရတဲ့ သူတွေ အကုန်လုံးက လူငယ်တွေဖြစ်နေတာ သတိထားမိတယ်။ အဲဒီအတွက် ပိုပြီးကျေနပ်တယ်။ ဒီမှာပြသွားတဲ့ Animation တစ်ခုဆိုရင် ကလေးကအစ သိနိုင်အောင်လို့ ပြသွားတဲ့ လူငယ်လေးတွေကို ချီးကျူး ချင်ပါတယ်။
အဲလိုမျိုး တက်သစ်စ လူငယ်တွေက နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ရုပ်ရှင်ပညာဆိုတဲ့ ပညာရပ်တစ်ခုနဲ့ လေ့လာနိုင်တာတွေ့ရ လို့ လေးစားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းရုပ်ရှင် ပွဲတော်တွင် ပြည်တွင်းမှ ဇာတ်ကားပေါင်း ၂၁ ကားနှင့် ပြည်ပမှ ဇာတ်ကားပေါင်း၂၂ကား ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြည်တွင်းမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဇာတ်ကားများကို ဒိုင်များအဖြစ် ဦးမင်းကိုနိုင်၊ ဦးမင်းထင် ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က တာဝန်ယူပြီး ပြည်ပမှ ပေးပို့သော ဇာတ်ကားများကို Ally Derks၊ Igor Blazevic နှင့် ဒေါ်ဆွေဇင်ထိုက်တို့က ဒိုင်များအဖြစ် တာဝန်ယူခဲ့ကြောင်း လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံ တကာ ရုပ်ရှင် ဖြစ်မြောက်ရေးမှ လက်ထောက် မန်နေဂျာ ဒေါ်မွန်မွန်မြတ် က ပြောကြားသည်။
"အခုလို ဆုရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ဒီဆုရရမယ် လို့လည်း မမျှော်လင့်ပါဘူး။ ဒီထဲမှာ ကျွန်တော် အမေရိကန်သမ္မတ အိုဘားမား ပြောထားတဲ့ စကားလေး တစ်ခွန်း ထည့်ထားပါတယ်။ အခုလိုဒေါ်အောင်ဆန်းစုကြည် ဆုရတဲ့အတွက် ဝမ်းသာပါတယ်" ဟု ဒါရိုက်တာ ရီနန်းထိုက်က ဆိုသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ်...

Epiphany onEPuck လို့ နာမည်ပြည့်ပြည့်စုံစုံ ခေါ်ပါတယ်။ အပူဓာတ်၊ အအေးဓာတ် နှစ်မျိုးလုံးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို့ မိုဘိုင်းဖုန်း များ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုသွင်းလို့ရအောင် အတွင်းမှာပါဝင်တဲ့ ပစ္စည်းက အခြားမဟုတ်ပါဘူး။ အင်ဂျင်သေးသေး တစ်လုံးဖြစ်ပါတယ်။ နည်းပညာကလည်း အခုမှ ပေါ်တာ မဟုတ်ပါဘူး။ ၁၈၁၆ ကျော်တွေကတည်းက ရှိနေတဲ့ ရေနွေးငွေ့  အင်ဂျင် Concept ကိုပဲ အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီတော့ အပူလွန်၊ အအေးလွန် စွမ်းကို အသုံးချလို့ အင်ဂျင်ငယ်လေးက လည်ပတ်မယ်။ တစ်ဖက်က မော်တ တပ်ထားမယ်ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေ တစ်ခု ဖြစ်သွားပါတယ်။ တကူးတကတောင် လုပ်နေစရာ မလိုပါဘူး။ မနက်စာစားချိန် ကော်ဖီသောက်၊ ရေနွေးသောက်ရင်းနဲ့တောင် အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ ခွက်ရဲ့ အောက်ခြေကနေ ဖြစ်ပါတယ်။
USB ပေါက်ပါဝင်ပြိး ဘယ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ရမယ့် ခွက်နဲ့ Charger ဖြစ်ပါတယ်။ စမ်းသပ်တီထွင်မှုမှာ အောင်မြင်ပြီး မကြာမီ ထုတ်လုပ် ဖြန့်ချိတော့မယ့် ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။ 
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed