အိပ်ရေးပျက် ခဲ့သောသူများ အနေဖြင့် အိပ်ချိန် ပြည့်မီအောင် ရုံးပိတ် ရက် ၃ ညတွင် အစားထိုး အိပ်စက်ခြင်း ဖြင့် ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေ အခွင့်အလမ်းလျော့ နည်းစေမှာ ဖြစ်ကြောင်း လေ့လာချက် အရ သိရပါတယ်။ အိပ်ရေးဝအောင် အိပ်ခြင်းအား ဖြင့် သွေးတွင်း သကြားဓာတ် များကို သုံးစွဲနိုင်အောင် ကူညီပေးသော အင်ဆူ လင်ဟော်မုန်း Sensitivity ကို ပိုမို ကောင်းမွန်စေမှာ ဖြစ်ကြောင်း တွေ့ရှိ ထားခြင်းကြောင့် ဖြစ်ပါတယ်။ လူ အများစုဟာ ရုံးဖွင့်ရက်တွေမှာ အလုပ် များခြင်းကြောင့် လည်းကောင်း၊ လူနေ မှု အကျင့်စရိုက်ကြောင့် လည်းကောင်း အိပ်ရေးမဝဘဲ ရှိတတ်ကြ ပါတယ်။ သူတို့ဟာ တာရှည်အိပ်ရေးပျက်လာ လျှင် ဆီးချိုသွေးချိုဖြစ်နိုင်ခြေများလာ တတ်ပါတယ်။ ဒါကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေည များတွင် လျော့ နည်းသွားသော အိပ်ချိန်များကို ရအောင် အစားထိုးပြီး အိပ်ခြင်း အားဖြင့် အိပ်ချိန် ပြန်လည် လုံလောက်စေပြီး အမျိုး အစား(၂)ဆီးချို သွေးချိုရောဂါ ဖြစ်နိုင် ခြေ အခွင့်အလမ်း နည်းပါးသွားစေ ခြင်းဖြစ်ကြောင်း သိရပါတယ်။
Tuesday, July 9, 2013
မိခင်မေတ္တာကြောင့် အသက်ပြန်ရှင်လာတဲ့ ကလေးငယ်

ကုသမှုတွေကို မတုံ့ပြန်တော့ တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာ သတင်းကိုပြောဖို့ အခြေအနေ ဖြစ်လာပါပြီ။ မိခင် Kate Ogg ဟာ သူ့ကလေးငယ် တစ်ယောက် ဆုံးတယ်ဆိုတဲ့ သတင်းကို လက်မခံ နိုင်ပါဘူး။ သူက မိခင်တစ်ယောက် အနေနဲ့ ခေါင်းကို အတွင်တွင်ခါတယ်။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ်။ သားငယ်လေးကို အနှီးနဲ့ လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်ပါတယ်။ ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေး ထားပါတယ်။ ရှိုက်ကြီးတငင် ငိုပါတယ်။ မိခင်ရော ဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကို ဘယ်လိုခေါ်ကြောင်းနဲ့ သူ့မှာ ညီမတစ်ဦး ရှိကြောင်းကို တတွတ်တွတ် ပြောဆိုနေတယ်။
“သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန် နေထိုင်မလဲ။ သားမရှိပဲ အဖေနဲ့အမေရော ဘယ်လိုဆက်လက် ရှင်သန်နေထိုင်မလဲ မိသားစု ဆိုတာဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီး ငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီ ထားခဲ့တာ ၂ နာရီတိုင် ကြာမြင့်ခဲ့ပါတယ် ။ ကလေးငယ် အသက်ပြန်မရူလာခင် အထိပေါ့ ။ ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက် လုံးဝမရှိခဲ့ဘူး။
၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက် ကလေးငယ်ဟာ စတင်ပြီး အသက်ရှုလာပါပြီ တဖြည်းဖြည်း ပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီး မိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ ဖြစ်ပျက်လာ ခဲ့ရပါပြီ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှုနေပါပြီ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံး ပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ်။ ဆရာဝန်တွေအားလုံး တုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင် ခဲ့ရပါတယ်။ မိခင်မေတ္တာဟာ ဆရာဝန်တွေ သေဆုံးပြီလို့ အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင် စေနိုင်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောက တစ်ခုလုံး အံ့သြတုန်လှုပ် သွားအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ထို့ကြောင့် မိဘမေတ္တာဟာ အလွန်ပင် တန်ဖိုးရှိသော အရာပင် ဖြစ်ပါတယ်။
Thursday, July 4, 2013
နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။
အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။
ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။
Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--
--
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1
✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf
✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4
✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa
✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ
✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP
✤ Link : http://is.gd/qpJwVP
➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz
✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM
✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace
✤ Link: http://is.gd/84CXnA
✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj
✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me
✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb
✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth
✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh
✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t
✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5
✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory
✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk
✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg
✤ Link: http://is.gd/JoOFQg
➤ LearningScience.org
✤ Link: http://is.gd/te9NqS
✤ Link: http://is.gd/te9NqS
➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B
✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5
✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55
✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
✤ Link: http://is.gd/QbtScO
For more - http://is.gd/y7Fukg
အာဖရိက ဆယ်ကျော်သက်တို့က ကျင်ငယ်ရည်(သေး)သုံး မီးစက်တီထွင်ခဲ့
ကျင်ငယ်ရေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ စဉ်းစားမိသူ များ ရှိပါတယ်။ သို့ပေမယ့် ယင်း စိတ်ကူးကို အာဖရိက မှ ဆယ်ကျော်သက် ကျောင်းသူ များက ယခုလို ဖန်တီးခဲ့ပါတယ်။
သူတို့ထဲမှာ အသက်အကြီးဆုံးက ၁၅ နှစ်သာ ရှိပါသေးတယ်။ Urine ( ကျင်ငယ်ရည်) ၁ လီတာကို ၆ နာရီကြာ လျှပ်စစ်မီး ထွန်းလင်းစေတယ်ဆိုတာ့ သူတို့ဖန်တီးလိုက်တဲ့ မီးစက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
Urine မှာ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် နဲ့ ရေတို့ ပါရှိပါတယ်။ အကြမ်းအားဖြင့် ကတော့ ဟိုက်ဒရိုဂျင်ကို မရရအောင် စစ်ထုတ် သုံးစွဲခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် Filter ခံပြီး နောက်ဆုံးမှာ ရေလုံးဝ မပါတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို ထုတ်လုပ်ပါတယ်။ ပြီးတော့ ယင်း ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လောင်စာ အဖြစ် အသုံးပြုပြီး မီးစက်ကို အလုပ်လုပ်စေ ပါတယ်။
Maker Faire Africa မှာ ၀င်ရောက်ပြသသွားတဲ့ ယင်းကျောင်းသူလေးများ ရဲ့  rine-powered generator ကတော့ လူသိများခဲ့ရပါတယ်။
ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။
ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ရွန်နီ ကို ချယ်ဆီး အသင်းထံ ပြောင်းရွှေ့လာရန် အလိုရှိနေသည့် ပီတာဆက်ခ်ျ

ပီတာဆက်ခ်ျ က Sky Sports News သတင်းစာသို့ “ဝိန်း ကို ချယ်ဆီး အသင်း ဝတ်စုံ နဲ့ မြင်တွေ့ချင်ပါတယ်။ သူ့လို ကစားသမားမျိုးဟာ အသင်း ဝတ်စုံ ပြောင်းလဲခဲ့ပေမယ့် ခြေစွမ်း ပြောင်းလဲသွားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ တခါတလေ ပြောင်းလဲမှု တချို့က ကစားသမား ဘဝကို တိုးတက်လာနိုင်ပါတယ်။ သူသာ အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ဝမ်းပန်းတသာ ကြိုဆိုနေမှာပါ။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ဝိန်းရွန်နီ ဟာ ရော်နယ်ဒို လို ဖြစ်လာမှာမဟုတ်ပါဘူး -မစ် ကလပ်ခ်

မစ် ကလပ်ခ် က The Sun သတင်းစာသို့ “ရော်နယ်ဒို ဟာ အသင်းကို ရောက်စက ခန္ဓာကိုယ် သေးငယ် သွယ်လျတဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ကြံခိုင်မှု ရရှိဖို့ အတွက် အားကစားခန်းမမှာ အမြဲတမ်း လေ့ကျင့်လေ့ရှိပါတယ်။ ကစားသမား တစ်ယောက် ခြေစွမ်း တိုးတက် အောင်မြင်ဖို့ အတွက် ခန္ဓာကိုယ် အလေးချိန်ကလည်း တစ်စိတ်တပိုင်း ပါဝင် ပတ်သတ်ပါတယ်။ ဝိန်း ကတော့ ဒီလို မဟုတ်ပါဘူး။ သူဟာ ခြေစွမ်းပိုင်းမှာ ရော်နယ်ဒို လို ကစားသမားမျိုး ဖြစ်ပေမယ့် နောက်ပိုင်း သူ့ ကစားပုံဟာ လေးလံနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ သူဟာ အသင်းရဲ့ အားကစား ခန်းမ ကို လာရောက် လေ့ကျင့်ဖို့ စိတ်မဝင်စားပါဘူး။ သူ့ရဲ့ ခြေစွမ်းကို သူ့စိတ်ဓါတ် နဲ့ ထိန်းသိမ်းထားသူပါ။ သူသာ အားကစား ခန်းမမှာ ခန္ဓာကိုယ် အလေးချိန်ကို သေချာ လေ့ကျင့်ခဲ့မယ်ဆိုရင် ရော်နယ်ဒို လို အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မှာပါ။” ဟု ကစားသမား ၂ ဦး အကြား ခြားနားချက်ကို သူ၏ အမြင်ဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။
152 2
Subscribe to:
Posts (Atom)