BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, June 4, 2011

Fwd: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား



---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
To: z-i-eu@yahoogroups.com


 

ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား

2011-06-04
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ (Photo: RFA)
မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

"အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က"

တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။

ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။

အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အာရပ်လို တော်လှန်ရေးမျိုး မြန်မာပြည် ကြုံနိုင်ဟု ဂျွန်မက်ကိန်း သတိပေး

Show/Hide
ကိုပေါက်  |    သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာအစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မရှိလျှင် အာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းက
 မြန်မာအစိုးရကို သောကြာနေ့တွင် သတိပေး လိုက်သည်။

ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဗီယက်နမ်စစ်ပြန်က ထိုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တစစ ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့တဲ့ နိုင်ငံတွေဟာ နောင်မှာ
အာရပ်ကမ္ဘာ တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်  ပြောကြားသွားသည့် ဂျွန်မက်ကိန်း (ဓါတ်ပုံ မဇ္ဈိမ)
မရှောင်မလွှဲသာဘဲ တော်လှန်ရေးနဲ့ ကြုံတွေ့ကြရမှာ ဖြစ်တယ်” ဟု သူက ပြောသည်။
မြန်မာအစိုးရသစ် အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန် အမှန်တကယ် သန္နိဋ္ဌာန်ရှိကြောင်း ပြသနိုင်မည်ဆိုလျှင် အမေရိကန်သည် ရိုင်းပင်းသော လက်တွဲဖော် ဖြစ်လာမည်ဟု  သူ၏ ကြေညာချက်တွင် ဆိုထားသည်။
ထို့အပြင် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးသည် နွေးထွေးသော စကားလုံးများ အပေါ် မတည်ဆောက်ဘဲ ခိုင်မာသည့် လုပ်ဆောင်ချက်များဖြင့်သာ တည်ဆောက်ရန်နှင့် အရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရန် ဖြစ်သည်ဟု
 ဖော်ပြပါရှိသည်။

မကြာခင် စတင်ရန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးများတွင် လုံခြုံရေးနှင့် လူ့အခွင့်အရေး အတွက် စိတ်ချ သေချာစေရန်လည်း တောင်းဆိုထားသည်။
ယခင် ခရီးစဉ်ကဲ့သို့ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်စေရန် အစိုးရသစ်၏ ကာကွယ်ပေးနိုင်စွမ်းသည် ပြောင်းလဲမှု လိုလားကြောင်း ပြသရာရောက်သည့် အရေးကြီးသော စမ်းသပ်မှုတခုဟု ဂျွန်မက်ကိန်းက ပြောဆိုခဲ့သည်။
အမေရိကန် ဆီးနိတ်အမတ်သည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇွန် ၁ ရက်နေ့တွင် ရောက်ရှိလာပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ် ခေါင်းဆောင်အချို့၊ NLD ပါတီ၊ တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲရန်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, June 3, 2011

မြန်မာ့ပထမဆုံး Credit Card ခေါ် အကြွေးဝယ်ကတ်များ ထုတ်ဝေလုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အားလုံးသို့ ခွင့်ပြု

မြန်မာ့ပထမဆုံး Credit Card ခေါ် အကြွေးဝမြန်မာ့ပထမဆုံး Credit Card ခေါ် အကြွေးဝယ်ကတ်များ ထုတ်ဝေလုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အားလုံးသို့ ခွင့်ပြု

ရန်ကုန် ၊ မေ ၃၁
ငွေပေးချေမှုများနှင့်  ငွေကြေးလည်ပတ် စီးဆင်းမှုအတွက် အထူးအဆင်ပြေ ချောမွေ့စေရန် နိုင်ငံတကာနှင့် တန်းတူ  အကြွေးဝယ်ကတ် (Credit Card) များကို ပြည်တွင်း ဘဏ်များ အားလုံး၌ လုပ်ခွင့်  ပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ခု  ရှိပြီး အဆိုပါ ဘဏ်များအားလုံး အကြွေးဝယ်ကတ် ထုတ်ဝေသုံးစွဲခွင့်ကို ဘဏ္ဍာရေးနှင့်  အခွန်ဝန်ကြီးဌာနမှ ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ မကြာခင် စတင်  အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ ကတ်များကို နိုင်ငံတကာ အဆင့်မီ လုပ်မည်ဟု  ကြားသိရကြောင်း၊ အကြွေးဝယ်ကတ်စနစ် လည်ပတ်ရေးနှင့် စပ်လျဉ်း၍ ကျွမ်းကျင်ဝန်ထမ်းများ  ထပ်ခေါ်ရန်၊ တာဝန်လွှဲမည့် ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် စတင်စီစဉ်နေပြီ  ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပုဂ္ဂလိက ဘဏ်ခွဲတစ်ခု၌ တာဝန်ထမ်းဆောင်နေသူ  ကမာရွတ်မြို့နယ်နေ ၀န်ထမ်းတစ်ဦးက mmDailyNews ကို ပြောပြခဲ့သည်။
ထိုသို့ Credit  Card များ တွင်ကျယ်လာပါက ငွေလည်ပတ် သုံးစွဲမှုကို များစွာ အထောက်အကူ ပြုမည်  ဖြစ်သလို လတ်တလော ကြုံတွေ့နေရသည့် ငွေအကြွေ ရှားပါးမှု ပြဿနာများကို  ဖြေရှင်းပြီးသား ဖြစ်သွားမည်ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။ ထို့အတူ  အွန်လိုင်းပေါ်မှ ငွေပေးချေခြင်း ပြုလုပ်နိုင်မည် ဖြစ်၍ စီးပွားရေး လုပ်ငန်းများ၊  ပစ္စည်းရောင်း/၀ယ်လိုသူ များအတွက်လည်း အထူးအဆင်ပြေမည်ဟု အွန်လိုင်းဝန်ဆောင်မှု  စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်  ပုဂ္ဂလိကဘဏ်များ တည်ထောင်ခွင့်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး  အဖွဲ့လက်ထက် ၁၉၉၀ ခုနှစ်က စတင် ချပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၏  ဘဏ်ခွဲပေါင်း ၂၄၀ ခန့် ရှိကြောင်း သိရသည်။ယ်ကတ်များ ထုတ်ဝေလုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အားလုံးသို့ ခွင့်ပြု

ရန်ကုန် ၊ မေ ၃၁
ငွေပေးချေမှုများနှင့်  ငွေကြေးလည်ပတ် စီးဆင်းမှုအတွက် အထူးအဆင်ပြေ ချောမွေ့စေရန် နိုင်ငံတကာနှင့် တန်းတူ  အကြွေးဝယ်ကတ် (Credit Card) များကို ပြည်တွင်း ဘဏ်များ အားလုံး၌ လုပ်ခွင့်  ပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ခု  ရှိပြီး အဆိုပါ ဘဏ်များအားလုံး အကြွေးဝယ်ကတ် ထုတ်ဝေသုံးစွဲခွင့်ကို ဘဏ္ဍာရေးနှင့်  အခွန်ဝန်ကြီးဌာနမှ ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ မကြာခင် စတင်  အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ ကတ်များကို နိုင်ငံတကာ အဆင့်မီ လုပ်မည်ဟု  ကြားသိရကြောင်း၊ အကြွေးဝယ်ကတ်စနစ် လည်ပတ်ရေးနှင့် စပ်လျဉ်း၍ ကျွမ်းကျင်ဝန်ထမ်းများ  ထပ်ခေါ်ရန်၊ တာဝန်လွှဲမည့် ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် စတင်စီစဉ်နေပြီ  ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပုဂ္ဂလိက ဘဏ်ခွဲတစ်ခု၌ တာဝန်ထမ်းဆောင်နေသူ  ကမာရွတ်မြို့နယ်နေ ၀န်ထမ်းတစ်ဦးက mmDailyNews ကို ပြောပြခဲ့သည်။
ထိုသို့ Credit  Card များ တွင်ကျယ်လာပါက ငွေလည်ပတ် သုံးစွဲမှုကို များစွာ အထောက်အကူ ပြုမည်  ဖြစ်သလို လတ်တလော ကြုံတွေ့နေရသည့် ငွေအကြွေ ရှားပါးမှု ပြဿနာများကို  ဖြေရှင်းပြီးသား ဖြစ်သွားမည်ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။ ထို့အတူ  အွန်လိုင်းပေါ်မှ ငွေပေးချေခြင်း ပြုလုပ်နိုင်မည် ဖြစ်၍ စီးပွားရေး လုပ်ငန်းများ၊  ပစ္စည်းရောင်း/၀ယ်လိုသူ များအတွက်လည်း အထူးအဆင်ပြေမည်ဟု အွန်လိုင်းဝန်ဆောင်မှု  စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်  ပုဂ္ဂလိကဘဏ်များ တည်ထောင်ခွင့်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး  အဖွဲ့လက်ထက် ၁၉၉၀ ခုနှစ်က စတင် ချပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၏  ဘဏ်ခွဲပေါင်း ၂၄၀ ခန့် ရှိကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: မြန်မာအမျိုးသမီးအား လူသတ်မှုကျူးလွန်သူ နိုက်ဂျီးရီးယားသားကို ဖမ်းမိ



---------- Forwarded message ----------
From: sian lun <sianlun2010@gmail.com>
Date: 2011/6/3
Subject: မြန်မာအမျိုးသမီးအား လူသတ်မှုကျူးလွန်သူ နိုက်ဂျီးရီးယားသားကို ဖမ်းမိ
To: pkphoekhaing@gmail.com




ယခုလ အစောပိုင်းက မြန်မာအမျိုးသမီးတဦးအား သတ်ဖြတ်ကာ ခရီးသွားအိတ်ထဲ ထိုးသွားထည့်ထားသော နိုက်ဂျီးရီးယား အမျိုးသားကို ဒေလီတောင်ပိုင်းမှ ဖမ်းဆီးခဲ့ကြောင်း တနင်္လာနေ့တွင် ရဲက ပြောသည်။ Read more>>>




--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ ၊ အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာ


Date: 2011/6/3
Subject: Fwd: လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ ၊ အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာ
To: pkphoekhaing@gmail.com


Subject: လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ ၊ အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူစာချုပ်
Date: 2011/6/1
Subject: {tongsan} လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ ၊ အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်
To: tongsan@googlegroups.com






  1. လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ ၊
  2. အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည် ၊
  3.  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်ကိုးခု လက်မှတ်ရေးထိုး  ၊
  4. တစ်ဆင့်တက်သွားတဲ့ တရုတ်- မြန်မာဆက်ဆံရေး ၊
  5. တရုတ်အခြေစိုက် Chery Auto မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် စီစဉ် ၊
  6. တစ်နှစ်လျှင် ကား ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်လုပ်နိုင်သည့် စက်ရုံ မြန်မာနိုင်ငံတွင် တည်ထောင်ရန် တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီ စီစဉ်နေ
  7.  မြန်မာ့ပထမဆုံး Credit Card ခေါ် အကြွေးဝယ်ကတ်များ ထုတ်ဝေလုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အားလုံးသို့ ခွင့်ပြု ၊
  8. တောင်အာဖရိက ခြင်္သေ့ဖြူနှင့်ကျားဖြူ ရန်ကုန်ရောက်မည်
  9.  ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကင်မရာအခွန်နှင့် သန့်စင်ခန်းခ ကောက်ခံခြင်း မပြုတော့  ၊
  10. ရန်ကုန်-မန္တလေး အမြန်ရထား ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန် ဘူတာကြီးတွင် စစ်ဆေးရှာဖွေရေးနှင့် လုံခြုံရေး ပိုမိုဂရုပြု ဆောင်ရွက်သွားမည် ၊

လွှတ်တော်လုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပနေ

6352
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံကို မေလဆန်းပိုင်းက တွေ့ရစဉ်
ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်ရှိ လွှတ်တော်ရုံးခန်းမ၌ ကျင်းပ နေပါသည်။
အဆိုပါ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ ၂၃ ရက်နေ့က စတင်ကာ နေ့စဉ်ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲမှာ အနည်းဆုံး ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင် မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့၏ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ပြီး လွှတ်တော်လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

တောင်သူလယ်သမား၊ အလုပ်သမားအခွင့်အရေးဆိုင်ရာကာကွယ် စောင့်ရှောက်ရေး၊ ခေတ်နှင့် မလျော်ညီသည့် လုပ်ထုံး၊ လုပ်နည်းများကို ပြင်ဆင်ရေး၊ စားသုံးသူ အခွင့်အရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု၊ ပညာရေးစနစ် မြှင့်တင်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းချုပ်ရေး စသည့် အကြောင်းအရာများ . .

ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းရာတွင် လူမှုစီးပွားရေး၊ အလုပ်သမား အခွင့်အရေးများကို ကာကွယ်ရန်နှင့်  ခေတ်နှင့် မလျော်ညီသည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း သိရသည်။
လွှတ်တော်လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲ စတုတ္ထနေ့၌ ပြည်သူ့ လွှတ်တော်/အမျိုးသားလွှတ်တော် ကော်မတီဝင်များနှင့်တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ တင်ပြသည့် စာတမ်းခေါင်းစဉ်များကို ဖတ်ကြားခဲ့ကာ တက်ရောက်လာကြသူများက စာတမ်းခေါင်းစဉ်များနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ပြခဲ့သည့် စာတမ်းခေါင်းစဉ်များမှာ ၂၈ ခုရှိပြီး ယင်းစာတမ်း ခေါင်းစဉ်များထဲတွင် တောင်သူလယ်သမား၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး၊ ခေတ်နှင့် မလျော်ညီသည့် လုပ်ထုံး၊ လုပ်နည်းများကို ပြင်ဆင်ရေး၊ စားသုံးသူအခွင့်အရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပုဂ္ဂလိကကျန်းမာရေး ၀န်ဆောင်မှု၊ ပညာရေးစနစ် မြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းချုပ်ရေး စသည့် အကြောင်းအရာများကို ဖော်ပြထားသည့်စာ တမ်းခေါင်းစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့၌ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီများကို ဖွဲ့စည်းထားရာ ယင်းကော်မတီများမှာ အမြဲတမ်း ကော်မတီများ ဖြစ်ကြသည်။
ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များ ပေးနိုင်ခွင့်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကြံပြုချက်များသည် ဥပဒေကြမ်းတွင် ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြုချက်များလည်း ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော် တွင် ပြည်ထောင်စုအစိုးရက အခါ အားလျော်စွာပေးခဲ့သည့် အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး (က) ပြည်ထောင်စုအစိုးရ က ၎င်း၏အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များကို မည်သည့် အခြေအနေအထိ ဆောင်ရွက်ပြီးကြောင်း၊ (ခ) အဆိုပါအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း ဆောင်ရွက်ပြီးခြင်း ရှိ၊ မရှိ နှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိ စသည့်အချက်များ နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၃၀ ရက်နေ့၌ ကတိသစ္စာပြုခဲ့ကြသည့် ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေး၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၀န်ကြီး ဦးမြင့်လှိုင်၊ သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ၀န်ကြီး ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးဝင်းမြင့်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊ သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီး ဦးသိန်းထိုက်၊ သမ ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်၊ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး  ဦးဥာဏ်ထွန်းအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ၀န်ကြီး ဦးတင့်ဆန်း၊ အမှတ်(၁)စက်မှုဝန်ကြီး ဌာန၀န်ကြီး ဦးကျော်စွာခိုင်၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးအောင်မင်း၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းဌေး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၀န်ကြီး ဦးခင်မောင်စိုး၊ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြအေး၊ ကျန်းမာရေးဝန်ကြီး ဌာန ၀န်ကြီးဒေါက်တာဖေသက်ခင်၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး ဦးစိုးမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ဖြင့် ဖွဲ့စည်း ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် သည် ရာထူးအလျောက် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။


အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက်မည်

b4901
အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်း လာရောက်မည် ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရှိရပါသည်။
၎င်းသည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အတွင်း နေပြည်တော်ရှိ အဆင့်မြင့် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။
အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကန် ပါတီ၏ အထက်လွှတ်တော် အမတ် တစ်ဦးလည်း ဖြစ်သည်။
မြန်မာဒီမိုကရေစီရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံသူ တစ်ဦး ဖြစ်သည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၏ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ မေလ ၁၈ ရက်မှ မေလ ၂၀ ရက်နေ့ အထိ လာရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ် ကတည်းက စတင်ခဲ့သည်။
b4902
ဂျွန်မက်ကိန်း၏ ကိုယ်ရေးအကျဉ်း
  • ဂျွန်မက်ကိန်းကို ၁၉၃၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့။
  • အရီဇိုးနား ပြည်နယ်မှ ရီပတ်ဘလီကန် ပါတီ၏ အထက်လွှတ်တော် အမတ်ဖြစ်။
  • ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့။
  • ကြယ်လေးပွင့် ရေတပ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် အဖေနှင့် အဘိုးတို့၏ ခြေရာနင်းပြီး အမေရိကန်ရေတပ် အကယ်ဒမီသို့ တက်ရောက်ကာ ၁၉၅၈ ခုနှစ်တွင် ကျောင်းဆင်းခဲ့။
  • ဗီယက်နမ် စစ်ပြန်တစ်ဦး ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲ အတွင်း ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ စစ်ဆင်ရေးတစ်ခု၌ မြောက်ဗီယက်နမ် တပ်များ၏ ပစ်ခတ်မှုကြောင့် မောင်းနှင်လာသည့် လေယာဉ် ပျက်ကျခဲ့ကာ မြောက်ဗီယက်နမ် တပ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ။ ၁၉၇၃ ခုနှစ်အထိ စစ်အကျဉ်းသား ဖြစ်ခဲ့။
  • ၁၉၈၁ ခုနှစ်တွင် ရေတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ဆုတံဆိပ်များစွာ ရရှိခဲ့။ အရီဇိုးနားပြည်နယ်သို့ ရွှေ့ပြောင်းနေထိုင်ပြီး နိုင်ငံရေး လောကသို့ ၀င်ရောက်ခဲ့။
  • ၁၉၈၂ ခုနှစ်တွင် အောက်လွှတ်တော်အမတ် အဖြစ် ရွေးချယ်ခံခဲ့ရ။ အောက်လွှတ်တော် အမတ် အဖြစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့။ အထက်လွှတ်တော် အမတ် အဖြစ် ၁၉၈၆ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရ။ အထက်လွှတ်တော် အမတ် အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်ဖြစ်။
  • 'Faith of My Fathers', 'Worth the Fighting For', 'Why Courage Matters: The Way to a Braver Life', 'Character Is Destiny: Inspiring Stories Every Young Person Should Know and Every Adult Should Remember',  'Hard Call: Great Decisions and the Extraordinary People Who Made Them'  စသည့် စာအုပ်များကို Mark Salter နှင့် တွဲဖက်ရေးသားခဲ့။
  • ဂျွန်မက်ကိန်းတွင် သားသမီး ခုနစ်ဦးနှင့် မြေးလေးဦး ရှိ။ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ဇနီးဖြစ်သူ စင်ဒီနှင့် လက်ရှိ နေထိုင်လျက်ရှိ။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်ကိုးခု လက်မှတ်ရေးထိုး
6351
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ဟူကျင်တောင်တို့ကို တရုတ်နိုင်ငံ ပေကျင်းရှိ
The Great Hall of the People ခန်းမဆောင်၌ မေလ ၂၇ ရက်နေ့က တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘောတူ စာချုပ်ကိုးခု လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ဟူကျင်တောင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ရန် မေလ ၂၆ ရက်နေ့ နံနက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းအထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာခဲ့သည်။
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့လည်း လိုက်ပါသွားကြောင်း သိရသည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံ အတွက် အရေးပါသော ခရီးစဉ်တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သို့ စီးပွားရေး၊ နည်းပညာနှင့် အခြား အကူအညီများကို ပေးအပ်နေသလို  မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ် တည်ပေးနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် တရုတ် ကွန်မြူနစ်ပါတီ အာဏာရရှိပြီးနောက် ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ သုံးရက်တာ ခရီးစဉ်အတွင်း တရုတ် သမ္မတ ဟူကျင်တောင်၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁)ကြိမ်မြောက် အမျိုးသား ကော်မတီဥက္ကဋ္ဌ ကျာချင့်လင် တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ သည်။
ထို့ပြင် သဘောတူစာချုပ် ကိုးခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် တရုတ်ဖွံ့ဖြိုး တိုးတက်ရေးဘဏ် မှ ချေးငွေ အမေရိကန်ဒေါ်လာ ၇၆၃ သန်းအတွက် သဘောတူစာချုပ်လည်း ပါဝင်သည်။ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှု အခန်းကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။ ထို့အတူ တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံ၌ လာရောက် အခြေချနေထိုင်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရသည်။
ယခုသွားရောက်သည့် ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အတွက် နိုင်ငံတော်သမ္မတ အဖြစ် မတ်လ ၃၀ ရက်နေ့က ကတိသစ္စာ ပြုပြီးနောက်ပိုင်း ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပထမဆုံးပြည်ပ ခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး မေလ ၅ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန် နိုင်ငံတော် သမ္မတ အဖြစ် ကတိသစ္စာ ပြုပြီးနောက် ရက်ပိုင်းအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ ၀င်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Xu Caihou  တို့  မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်များအတွင်း မြန်မာနိုင်ငံ နှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့် ချေးငွေဆိုင်ရာ သဘောတူ စာချုပ်များနှင့် တရုတ်-မြန်မာတပ်မတော် နှစ်ရပ်အကြား သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ် ထိစပ်နေရုံသာမက နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၄ ဘီလျံ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ထက် ၅၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။



တစ်ဆင့်တက်သွားတဲ့ တရုတ်- မြန်မာဆက်ဆံရေး

သမ္မတ ဦးသိန်းစိန်ဟာ ရာထူး လက်ခံပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးခြားတာ ကတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို အရင်က ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ သတ်မှတ် ပြောဆိုရာကနေ အခု အကြိမ်မှာတော့ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး ( Strategic Patership) အဖြစ် သတ်မှတ် ပြောဆိုလာခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ပူးတွဲ ကြေညာချက်ကို အပြည့်အစုံ ကူးယူ ဖော်ပြလိုက်ပါတယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့ အကြား ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ထူထောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မနိုင်ငံ သမ္မတ မစ္စတာ ဟူကျင်ထောင်း၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ၂၀၁၁ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပါသည်။
ခရီးစဉ် အတွင်း သမ္မတ ဟူကျင်ထောင်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာချင့်လင်တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် နှစ်ဖက်မှ နှစ်နိုင်ငံ ဆက်ဆံရေး အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များ စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာဖြင့် အသေးစိတ် ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြ ပါသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု စတင် တည်ထောင်ခဲ့သည့် ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ တရုတ် - မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာသည် ကို နှစ်ဖက်စလုံးမှ သဘောတူသည်။ အထူးသဖြင့် ရာစုနှစ်သစ် အစပိုင်းမှ စတင်ကာ နှစ်နိုင်ငံ အကြီးအကဲတို့မှ နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်လာပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ အစရှိသည့် နယ်ပယ်များ၌ ရင်းရင်းနှီးနှီး ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကျယ်ပြန့်စွာ တိုးတက်လျက် ရှိသည့်အပြင် နှစ်နိုင်ငံ ပြည်သူများ အကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှာလည်း အင်တိုက်အားတိုက် တိုးပွားလျက် ရှိပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ဖြစ်ထွန်းမှုနှင့် ပတ်သက်၍လည်း နှစ်ဖက်စလုံးမှ အားရကျေနပ်ကြပါသည်။

နှစ်ဖက်မှ စတင်ပူးတွဲ အကောင်အထည် ဖော်ခဲ့ကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ချက်အပေါ် အခြေခံသည့် တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြည်ပြည်ဆိုင်ရာ အခြေအနေ ပြောင်းလဲမှုများနှင့် သက်ဆိုင်ရာ ပြည်တွင်း အခြေအနေများ အပေါ် ကြံ့ကြံ့ခံ ရပ်တည် ပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလားအလာ ကောင်းများ ရရှိစေရေး အတွက် ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်ကို နှစ်ဖက်မှ အလေးပေး ပြောဆိုခဲ့ပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် ကြီးမားသော ဖြစ်ပေါ် တိုးတက်မှုများ၊ ကြီးမားသော အပြောင်းအလဲ များနှင့် ထိန်းညှိမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ အင်အား အပြိုင်အဆိုင် ပေါ်ထွန်းလာမှုနှင့် စီးပွားရေးတွင် ကမ္ဘာအဝှမ်း ဆက်နွှယ်ဖြစ်ပေါ်မှု ဖြစ်စဉ်တို့ အရှိန်အဟုန် ရရှိနေပြီ ဖြစ်ကြောင်းကို နှစ်ဖက်စလုံးက သဘော တူညီကြသည်။ နိုင်ငံများမှာ ပို၍ အပြန်အလှန် အမှီသဟဲ ပြုလာကြပါသည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့သည် ယနေ့ ခေတ်ကာလ၏ ဖြစ်စဉ်ကို ကိုယ်စားပြုသည် သာမက ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများ၏ ဘုံအကျိုး စီးပွားကိုလည်း ဖော်ဆောင်ပေးလျက် ရှိနေပါသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင် အသစ်တွင် မြန်မာ-တရုတ် ဆက်ဆံရေးအား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်မှု အပေါ် အခြေခံ၍ ပိုမို မြှင့်တင် ဆောင်ရွက် ကြခြင်းဖြင့် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည့်အပြင် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အခြေခံ အကျိုး စီးပွားကို ဖော်ဆောင် ပေးနိုင်မည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ တူညီသော နိုင်ငံရေး ဆန္ဒ သဘောထားများ အပေါ် အခြေခံ၍ တရုတ်-မြန်မာ ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများ အဖြစ် ထူထောင် သွားကြရန် နှစ်ဦးနှစ်ဖက် သဘော တူညီကြလျက် အောက်ပါအတိုင်း သဘောတူညီမှု ရရှိခဲ့ကြပါသည်-

(က)
နှစ်ဖက်စလုံးက နှစ်နိုင်ငံ လွှတ်တော်များ၊ အစိုးရများ၊ တရားရေး ဌာနများနှင့် နိုင်ငံရေး ပါတီများ အကြား အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ မဟာ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ဆက်လက် မြှင့်တင်ရန်နှင့် ခင်မင် ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်သွားရန်၊

(ခ)
နှစ်ဖက် နိုင်ငံခြားရေး ဝန်ကြီးဌာန အချင်းချင်း အချိန်အခါ မရွေး ဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက် သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ အမြင်ချင်း ဖလှယ်သွားကြရန် အလို့ငှာ နှစ်နိုင်ငံချင်း ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ကဏ္ဍဖြင့် ဖြစ်စေ ပုံမှန် အစည်းအဝေးများ ကျင်းပသွားရန်၊

(ဂ)
နှစ်ဖက်စလုံးက တန်းတူညီမျှရေး၊ နှစ်ဖက်အကျိုး ဖြစ်ထွန်းရေး အခြေခံ မူများကို လိုက်နာ ကျင့်သုံးရန်၊ တစ်ဦး၏ အားသာချက်ကို တစ်ဦးက အသုံးချ၍ လက်တွေ့ ရလဒ် ဖြစ်ထွန်းရေးကို ဦးစားပေးရန်၊ နှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်သွယ်မှု ပမာဏနှင့် အဆင့်ကို ပိုမိုမြှင့်တင် ဆောင်ရွက် သွားရန်၊ ခိုင်မာ တည်ငြိမ်ပြီး ရေရှည် တည်တံ့သော စီးပွား ဆက်ဆံရေးကို တည်ဆောက်သွားရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်သွားရေး အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်ရေး လက်တွဲကြိုးပမ်း ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး မူဝါဒများ နှင့်အညီ နှစ်နိုင်ငံ အကြား ပိုမိုနီးစပ်သော စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများ ပိုမိုတိုးမြှင့် ဖြစ်ထွန်းရေး အတွက် ဆောင်ရွက်သွားရန်၊

(ဃ)
နှစ်ဖက်အကျိုး ဖြစ်ထွန်းရေးကို အခြေခံ၍ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်း နယ်ပယ်များတွင် ခင်မင်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရန်၊ ပြည်သူ အချင်းချင်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အပြန်အလှန် လည်ပတ်ရေးကို တိုးမြှင့် သွားရန်နှင့် နှစ်ဖက်ပြည်သူများ အကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေးကို မြှင့်တင် သွားရန်၊

(င)
နယ်စပ် စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ရန်၊ နယ်စပ် စီမံခန့်ခွဲရေး ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် အကြောင်းကြားရန်နှင့် နယ်စပ် ဒေသများတွင် အေးချမ်း တည်ငြိမ်မှု ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်၊

(စ)
တရုတ်ဘက်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာနှင့် နယ်မြေ တည်တံ့ ခိုင်မာရေးကို လေးစား ကြောင်းနှင့် မြန်မာနိုင်ငံက ၄င်း၏ အမျိုးသားရေး လိုအပ်ချက်များနှင့် လိုက်လျော ညီထွေမှု ရှိသည့် ဖွံ့ဖြိုးမှု လမ်းကြောင်း ရွေးချယ်မှုအား ထောက်ခံကြောင်းကို ထပ်လောင်း အတည်ပြုပါသည်။ မြန်မာဘက်က တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် တရုတ် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နယ်မြေ၏ ခွဲခြား၍ မရသော အစိတ်အပိုင်း ဖြစ်ကြောင်းနှင့် ရေလက်ကြား နှစ်ဖက် ဆက်ဆံရေး ငြိမ်းချမ်းစွာ တိုးတက်ရေးနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ပါသည်။

(ဆ)
ကုလသမဂ္ဂနှင့် အခြား အပြည်ပြည် ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်း ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးကို လက်တွဲ၍ ကာကွယ် စောင့်ရှောက်သွားရန်၊ အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အာဆီယံ+ တရုတ်နှင့် မဟာမဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး စသည့် ယန္တရားများကို ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာအောင် ဆောင်ရွက် သွားရန်နှင့် ဒေသတွင်း အတူတကွ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေး အတွက် နှစ်ဖက်စလုံးက ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။
ပေကျင်းမြို့၊ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်


တရုတ်အခြေစိုက် Chery Auto မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် စီစဉ်

  • တရုတ်အခြေစိုက် Chery Auto မြန်မာနိုင်ငံတွင် ကားစက်ရုံ တည်ဆောက်ရန် စီစဉ်


    တရုတ်နိုင်ငံအခြေစိုက် ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Chery Automobile Co., Ltd သည် ကားတပ်ဆင်ရေး စက်ရုံတစ်ခု မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီက မေလ ၂၇ ရက် သောကြာနေ့က ပြောကြားလိုက်ကြောင်း သိရသည်။
    ထိုစက်ရုံမှာ Chery's QQ3 လေးယောက်စီး အသေးစား ကားများအား နှစ်စဉ် စီးရေ ၃၀၀၀ မှ ၅၀၀၀ အတွင်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း Chery Auto ၏ ပြောရေးဆိုခွင့်ရှိသူ Jin Yibo က ဆိုပါသည်။ ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံများထံမှ QQ3 ကားစီးရေ ၁၀၀၀၀ နီးပါး အမှာစာ လက်ခံရရှိထားကြောင်း ၎င်းက ပြောကြားပါသည်။
    http://patheincity.com/news//HLIC/a6f3cc9d9755843e905564c86f725f37.jpg
    တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ဒေသအခြေစိုက် ကားထုတ်လုပ်ရေးလုပ်ငန်း Chery Auto သည် လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စတင်၍ ပြည်ပသို့ ကားများ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်ပြီး များမကြာမီ နှစ်များက စတင်ကာ ပြည်ပနိုင်ငံများတွင် ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ခြင်းနှုင့် အရောင်းလုပ်ငန်းများ မြှင့်တင်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    ကုမ္ပဏီ အနေဖြင့် ၂၀၁၀ နှစ်ကုန်ပိုင်းတွင် တည်ဆောက်ဆဲ စက်ရုံ ၄ ရုံ အပါအဝင် နိုင်ငံ ၁၅ နိုင်ငံတွင် ကားထုတ်လုပ်ရေး စက်ရုံပေါင်း ၁၆ ခု ထည်ထောင်ခဲ့ပြီး ယခုနှစ် အတွင်း ဧပြီလလယ်အထိ ကားစီးရေ ၅၀၀,၀၀၀ တင်ပို့ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

တစ်နှစ်လျှင် ကား ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်လုပ်နိုင်သည့် စက်ရုံ မြန်မာနိုင်ငံတွင် တည်ထောင်ရန် တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီ စီစဉ်နေ

b4907
တရုတ် ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ တည်ထောင်ရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
တည်ထောင်ရန် စီစဉ်နေသည့် ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံသည် ချယ်ရီ QQ3 အမျိုးအစားကားများကို တစ်နှစ်လျှင် ၃၀၀၀ မှ ၅၀၀၀ ကြား တပ်ဆင် ထုတ်လုပ်နိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့ပြင် ချယ်ရီ QQ3 အမျိုးအစားကား ၁၀၀၀၀ နီးပါး အမှာစာကိုလည်း မြန်မာနိုင်ငံမှ ယခုနှစ်တွင် လက်ခံ ရရှိထားကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တရုတ်ချယ်ရီကား ထုတ်လုပ်ရေး ကုမ္ပဏီသည် တရုတ်နိုင်ငံ အရှေ့ဘက်ခြမ်းရှိ Anhui ပြည်နယ်မှ ဖြစ်ပြီး ပြည်ပသို့ ကားတင်ပို့လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံ ၁၆ ရုံ တည်ထောင်ထားကြောင်း သိရသည်။
ချယ်ရီ  QQ3 ကားဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်၍ တရုတ်ယွမ် ၃၀၈၀၀ မှ ၄၃၈၀၀ အထိ ဈေးနှုန်း အမျိုးမျိုး ရှိကြောင်း သိရသည်။


မြန်မာ့ပထမဆုံး Credit Card ခေါ် အကြွေးဝယ်ကတ်များ ထုတ်ဝေလုပ်ကိုင်ခွင့် ပုဂ္ဂလိကဘဏ်အားလုံးသို့ ခွင့်ပြု

ရန်ကုန် ၊ မေ ၃၁

ငွေပေးချေမှုများနှင့် ငွေကြေးလည်ပတ် စီးဆင်းမှုအတွက် အထူးအဆင်ပြေ ချောမွေ့စေရန် နိုင်ငံတကာနှင့် တန်းတူ အကြွေးဝယ်ကတ် (Credit Card) များကို ပြည်တွင်း ဘဏ်များ အားလုံး၌ လုပ်ခွင့် ပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ခု ရှိပြီး အဆိုပါ ဘဏ်များအားလုံး အကြွေးဝယ်ကတ် ထုတ်ဝေသုံးစွဲခွင့်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ မကြာခင် စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း၊ ကတ်များကို နိုင်ငံတကာ အဆင့်မီ လုပ်မည်ဟု ကြားသိရကြောင်း၊ အကြွေးဝယ်ကတ်စနစ် လည်ပတ်ရေးနှင့် စပ်လျဉ်း၍ ကျွမ်းကျင်ဝန်ထမ်းများ ထပ်ခေါ်ရန်၊ တာဝန်လွှဲမည့် ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပုဂ္ဂလိက ဘဏ်ခွဲတစ်ခု၌ တာဝန်ထမ်းဆောင်နေသူ ကမာရွတ်မြို့နယ်နေ ၀န်ထမ်းတစ်ဦးက mmDailyNews ကို ပြောပြခဲ့သည်။

ထိုသို့ Credit Card များ တွင်ကျယ်လာပါက ငွေလည်ပတ် သုံးစွဲမှုကို များစွာ အထောက်အကူ ပြုမည် ဖြစ်သလို လတ်တလော ကြုံတွေ့နေရသည့် ငွေအကြွေ ရှားပါးမှု ပြဿနာများကို ဖြေရှင်းပြီးသား ဖြစ်သွားမည်ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။ ထို့အတူ အွန်လိုင်းပေါ်မှ ငွေပေးချေခြင်း ပြုလုပ်နိုင်မည် ဖြစ်၍ စီးပွားရေး လုပ်ငန်းများ၊ ပစ္စည်းရောင်း/၀ယ်လိုသူ များအတွက်လည်း အထူးအဆင်ပြေမည်ဟု အွန်လိုင်းဝန်ဆောင်မှု စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ တည်ထောင်ခွင့်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက် ၁၉၉၀ ခုနှစ်က စတင် ချပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်၏ ဘဏ်ခွဲပေါင်း ၂၄၀ ခန့် ရှိကြောင်း သိရသည်။

တောင်အာဖရိက ခြင်္သေ့ဖြူနှင့်ကျားဖြူ ရန်ကုန်ရောက်မည်
နွေဦးလင်း
ရန်ကုန်၊ မေ ၆- မြန်မာနိုင်ငံသို့ တောင်အာဖရိကမှ ခြင်္သေ့အဖြူအထီးအမတစ်စုံ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
    ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ မေလကုန်တွင် တောင်အာဖရိကမှ ခြသေ့င်္ဖြူ အထီးအမတစ်စုံ၊ ရိုးရိုး ခြင်္သေ့အထီးအမတစ်စုံ၊ ကျားဖြူ အထီးအမတစ်စုံ၊ ကျားဝါ အထီးအမတစ်စုံရောက်ရှိမည်ဟု သိရသည်။
    ''ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လက်ရှိခြင်္သေ့ အမတစ်ကောင်သာ ရှိပါတယ်။ လူတွေက ရန်ကုန် တိရစ္ဆာန်ရုံမှာ ခြင်္သေ့မရှိတော့ဘူးလို့အပြောများနေတယ်။ ဇွန်လဆိုရင် အများပြည်သူကို တောင်အာဖရိကက ရောက်လာတဲ့ ကျားတွေ၊ ခြင်္သေ့တွေကို ပြသပါမယ်။ မြန်မာနိုင်ငံကို ခြင်္သေ့အဖြူ ပထမဆုံးရောက်ရှိတာဖြစ် ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ကျားအဖြူ ပထမဆုံး ရောက်ရှိတာဖြစ်ပါတယ်''ဟု ထူးဖောင်ဒေးရှင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းဦးကဆိုသည်။
    ထို့ပြင် အဆိုပါတောင်အာဖရိကမှ ခြင်္သေ့ နှင့် ကျားများအား သစ်တောဦးစီးဌာနမှ ထူးဖောင်ဒေး ရှင်းသို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို မလွှဲပြောင်းမီကပင် မှာယူတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
    ''ကျွန်မသမီးလေးတွေကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ပို့ရဦးမယ်။ သမီးအကြီးကတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကိုရောက်ဖူးပေမယ့် သမီးအငယ်လေးကတော့ မရောက်ဖူးသေးဘူး။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုမရောက် တာကြာပြီ။ သမီးအငယ်လေး မွေးကတည်းက ဆိုပါ တော့။ ကျားတွေ၊ ခြင်္သေ့တွေကိုမြင်ရရင် ကလေးတွေ တော်တော်လေးသဘောကျမယ်ထင်တယ်''ဟု တောင် ဥက္ကလာပမြို့နယ်မှ ဒေါ်ဣနြေ္ဒနေနွယ်ကဆိုသည်။
    ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ခုနှစ် ဇန်န၀ါရီ ၂၅ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကင်မရာအခွန်နှင့် သန့်စင်ခန်းခ ကောက်ခံခြင်း မပြုတော့

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အတွင်း ယခင်က ကောက်ခံမှု ရှိခဲ့သော ကင်မရာအခွန်နှင့် သန့်စင်ခန်းခကို ကောက်ခံခြင်း မပြုတော့ကြောင်း သတင်းရရှိသည်။
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်၍ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ယခင်က ကောက်ခံမှု ပြုခဲ့သော ကင်မရာခွန်ကို ကောက်ခံမှု မပြုတော့ဘဲ စီးပွားဖြစ် ရိုက်ကူးထုတ်လုပ်မှု များမှလွဲ၍ မိသားစု အပန်းဖြေ လာရောက်မှုများ အတွက် အခမဲ့ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့သည်ဟု သိရသည်။ အလားတူ သန့်စင်ခန်းခ ကောက်ခံမှုကိုလည်း မေလကုန်ပိုင်းမှ စတင်၍ ကောက်ခံမှု မပြုတော့ဘဲ ဥယျာဉ်သို့ လာရောက် အပန်းဖြေသူတိုင်း အခမဲ့ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဟု အဆိုပါ ကုမ္ပဏီမှ သိရသည်။ နိုင်ငံတကာ အပန်းဖြေစခန်းများ၊ ဥယျာဉ်များကဲ့သို့ပင် ကင်မရာခွန် ပေးဆောင်ရန် မလိုဘဲ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခြင်းအပြင် သန့်စင်ခန်းခကိုလည်း အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းဦးက ရှင်းပြခဲ့သည်။
''တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ နေတာ၊ ထိုင်တာ၊ စားတာ သောက်တာတွေကို အဆင့်မီအောင် ဆောင်ရွက်သွားမယ်။ နိုင်ငံခြားသား ဧည့်သည်တွေ လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ရမယ်။ သူတို့နဲ့ ကိုက်ညီတဲ့ သန့်စင်ခန်း၊ စားသောက်ဆိုင်တွေ ရှိရမယ်။ အမှိုက်ပစ်တာတွေကို အမှိုက် အမျိုးအစား ခွဲပစ်နိုင်အောင် တဖြည်းဖြည်းချင်း စည်းရုံးပြီး လုပ်သွားတာလေးတွေကို လုပ်သွားမယ်။ ကင်မရာခွန်၊ သန့်စင်ခန်းခ မကောက်တော့ဘူး။ မျှတမှု မရှိဘူးလို့ ထင်ရတဲ့ အဓိပ္ပာယ် မရှိတဲ့ အခကြေးငွေတွေကို မကောက်တော့ပါဘူး။ ဒီအတွက် ၀င်ကြေးကိုလည်း တိုးဖို့ မရှိပါဘူး။ တိရစ္ဆာန်ဥယျာဉ်ကို ထပ်မံ ပြင်ဆင်ပြီးတဲ့ အနေအထားမှာ စိတ်ဝင်တစား လာကြည့်တဲ့သူ များလာမယ့် အပေါ်မှာ ၀င်ကြေး တိုးကောက်ဖို့ အစီအစဉ် မရှိပါဘူး''ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်ရထား ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန် ဘူတာကြီးတွင် စစ်ဆေးရှာဖွေရေးနှင့် လုံခြုံရေး ပိုမိုဂရုပြု ဆောင်ရွက်သွားမည်

ရန်ကုန်-မန္တလေး အမြန်လူစီးရထား ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရန်ကုန်ဘူကြီးတွင် စစ်ဆေးရှာဖွေရေးနှင့် လုံခြုံရေးများ ပိုမိုသတိထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးတိုင်းတာဝန်ခံ ဦးလဘန်ရှိန်ရက်က ပြောသည်။
ရန်ကုန်မှ မန္တလေးသို့ မေ ၁၈ရက် ညနေ ၃နာရီ မိနစ် ၂၀က ထွက်ခွာခဲ့သည့် အမှတ် (၃) အဆန်ရထားတွဲ နံပါတ်(၃)တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးကာ (၉) ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယင်းသို့ လုံခြုံရေးများကို ပိုမိုတင်းကြပ်သတိထား ဆောင်ရွက် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားပေါ်တွင် ဗုံးပေါက်ကွဲခြင်းမှာ ၁၀နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းသို့ မဖြစ်ပွားမီကပင် ရထားမထွက်မီ နေ့စဉ် ရထားအစင်းတိုင်းကို တရားမဝင်ပစ္စည်းများနှင့် မိုင်း ရှာဖွေရေးများ ပြုလုပ်လျက်ရှိကာ ယင်းသို့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့် အမှတ် (၃) အဆန် ရထားကိုလဲ ရထားမထွက်ခွာမီကပင် စစ်ဆေးရှာ ဖွေမှုများပြုလုပ်ပြီးမှသာ ဘူတာ ထွက်ခွာခွင့်ပေးခဲ့ကြောင်း ယင်းက ဆိုသည်။
"ဗုံးပေါက်မှုဖြစ်တာက နေပြည်တော်တိုင်းဒေသကြီးအလွန် တပ်ကုန်းနားမှာဖြစ်တာ ဆိုတော့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းအတိအကျကိုတော့ မသိသေးဘူး။ အခင်းဖြစ်တဲ့ ရထားမထွက်ခင်မှာ စစ်ဆေးတာတို့ မသင်္ကာစရာပစ္စည်းပါ မပါ ရှာဖွေတာတို့လုပ်သလို အရင်ကတည်းကလဲ လုပ်ပါတယ်။ အခုတော့ အရင်ကထက်လုံခြုံရေးကို ပိုပြီးလုပ်သွား မှာပါ။ ပိုပြီးတော့ သတိထားဖို့တော့ လိုလာတာပေါ့" ဟု ပြောသည်။
သို့သော် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်ဘူတာကြီးတွင် ရထားမထွက်ခွာမီ တရား မဝင်ပစ္စည်းရှာဖွေခြင်းနှင့် ဖောက်ခွဲပစ္စည်းရှာဖွေရေးများကို ယခင်ထက် ကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများအား နေပြည်တော် တိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းက ဖြည့်စွက် ပြောသည်။
လက်ရှိတွင် ရန်က်ုဘူတာကြီး၌ မန္တလေး၊ နေပြည်တော်အပါအဝင် နယ်မြို့များသို့ ပြေးဆွဲ နေသည့် နယ်ရထား ၁၃စင်းနှင့် ကြည့်မြင်တိုင်ဘူတာမှ ထွက်ခွာသည့် ရထားနှစ်စင်း စုစုပေါင်း နယ်ရထား နေ့စဉ် ၁၅စင်း အဝင်အထွက် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Ref : The Yangon Times








--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ

ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ
2011-06-01
ချင်းပြည်နယ် အစိုးရမှာ ၀န်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ၀န်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့  သိရပါတယ်။

(RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)

ချင်းအမျိုးသားပါတီ CNP က ရွေးချယ်ခံရတဲ့ ပူးရာမာန် ကို စီးပွားရေး ၀န်ကြီးအဖြစ် တာဝန်ပေးထားပေမဲ့ သူရဲ့ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစားဌာန ကို ထားရှိထားတယ်လို့  RFA ကိုပြောပါတယ်။
" အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမ၀ါယမရယ်၊ အားကာရယ်၊ အားကစားတွေပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ်မှာတော့ မရှိပါဘူး။ ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေးလုပ်ငန်းပိုင်းဆိုရင် နဲနဲ အားနဲတယ်လေ။"
ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့  ဌာနလေးခု တာဝန်ယူရတဲ့ ၀န်ကြီး ဖြစ်ပေမဲ့ အဲဒီ ၀န်ကြီးဌာနတွေကို အခုအထိ ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်လို့  RFA ကိုပြောပါတယ်။
"စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။ အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။
ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန်ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ်အစိုးရကို အပြီးအပိုင်ပေးမယ်လို့ ပြောထားတာ။
အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထားသေးတယ်။
အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။"
ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေးပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့  ပေါင်းပြီး အစိုးရဖွဲ့ ခဲ့တာ ဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: [z-i-eu] ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ



---------- Forwarded message ----------
From: ~ Peter ~ <zangsivon@yahoo.com>
Date: 2011/6/3
Subject: [z-i-eu] ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ
To: z-i-eu@yahoogroups.com


 
ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ
နရီလင်းလက် Thursday, 02 June 2011 18:49
E-mailPrint
မြန်မာပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်း များကြောင့် ပြည်ပတွင် အလုပ် လုပ်ကိုင်သူများ မိသားစုထံ ငွေလွှဲရာတွင် နစ်နာ ဆုံးရှုံးလျက်ရှိသည်။

Dollar_and_kyats400
ကျပ်ငွေ ရှားပါးနေပြီး နိုင်ငံခြားငွေဈေးများ ထိုးကျနေသောကြောင့် နိုင်ငံရပ်ခြားမှ ငွေလွှဲမည့်သူများ အခက်ကြုံနေရသည် (ဓာတ်ပုံ - http://www.gilesorr.com)
အမေရိကန် ဒေါ်လာသည် မြန်မာငွေ ကျပ် ၈၀၀ အောက်သို့ စံချိန်တင် ကျဆင်းနေပြီး ယနေ့ နံနက်ပိုင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၇၈၅ ကျပ် ဖြစ်နေသည်။ ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းသည် လတ်တလော အခြေအနေတွင် ပြည်သူလူထု လက်အတွင်း မြန်မာငွေ ကုန်သွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာ ခင်မောင်ညိုက ဧရာဝတီကို ပြောပြသည်။

"ပိုက်ဆံရှိတဲ့ လူတွေက ကိုယ့်မှာရှိတဲ့ ဒေါ်လာတွေ ရောင်းထုတ်ပြီး ကျပ်ငွေတွေနဲ့ အိမ်ခြံမြေ လေလံဆွဲတာတွေ တော်တော် လုပ်လိုက်တော့ ဒီအချက်ကြောင့်လည်း ပါတယ်။ သာမန် ပြည်သူလူထုကတော့ လက်ထဲမှာ ဒေါ်လာ မရှိဘူးလေ" ဟု သူက ပြောသည်။

လက်ရှိ မြန်မာငွေတန်ဖိုး မာနေသောကြောင့် မိသားစုထံ လစဉ် ငွေလွှဲနေခြင်းကို ခေတ္တ ရပ်နားထားသည်ဟု စင်္ကာပူရှိ ကုမ္ပဏီတခုတွင် စာရင်းကိုင် လုပ်ကိုင်နေသူ မသူဇာထွန်းက ဧရာဝတီကို ပြောသည်။

"မြန်မာပြည်က ကိုယ့်မိသားစု အိမ်လခ ၊ ကျောင်းလခ ပေးရမယ့် အနေအထားမျိုး ဆိုရင်တော့ အရှုံးခံ ပြီး လွှဲရမှာပဲ " ဟု သူက ပြောသည်။

စင်္ကာပူနိုင်ငံ IT ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် ကိုအောင်နိုင်ကလည်း " စင်္ကာပူ ၁ ဒေါ်လာကို မနေ့က မြန်မာကျပ်ငွေ ၆၄၀ လောက်အထိ ကျသွားတယ်။ စင်္ကာပူငွေ ၁၀၀၀ လွှဲတာ မြန်မာငွေ ၁ သိန်းကျော် လောက် နာတယ်" ဟု ပြောသည်။

ငွေကြေး ဖလှယ်ရာတွင် အရှုံးပေါ်ခြင်းအပြင်၊ ကျဆင်းမှု မရှိသည့် ကုန်ဈေးနှုန်းကြောင့် ပိုမို ကျပ်တည်းနေကြသည်။

"အမ အမျိုးသားက ပြည်ပ သင်္ဘောလိုင်းမှာ အလုပ်လုပ်တာဆိုတော့ ငွေလွှဲရင် ကုမ္ပဏီက ဒေါ်လာ ယူမလား ၊ မြန်မာငွေနဲ့ လဲမလားဆိုပြီး ရွေးချယ်လို့ရတယ်။ များသောအားဖြင့် ဒေါ်လာ ယူတာများတယ်။ လက်ရှိ ဒေါ်လာဈေးကျနေတော့ တခါလဲရင် ပမာဏများရင် များသလို သိန်းချီ နစ်နာတယ်" ဟု ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မ တဦးက ပြောပြသည်။

ငွေလဲနှုန်း အပြောင်းအလဲ များသော်လည်း ငွေလွှဲသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း မရှိပေ။

"သူ့ ဟာနဲ့ သူ လွှဲနေတဲ့ သူတွေကတော့ ရှိတာပဲ။ မလေးမှာဆို မြန်မာ အလုပ်သမားတွေက အများကြီးပဲ။ နယ်ကရော ရန်ကုန်က လူတွေပါ ပါတော့ တလ တခါ မိသားစုက ဒီကနေ လွှဲမှ လည်ပတ်နိုင်မှာမျိုးတွေ ရှိတယ်လေ။ ဈေးကျလည်း လွှဲရတာပဲ။ လောလောဆယ် မလေးငွေ ၁ ကျပ်ကို မြန်မာကျပ်ငွေ ၂၆၄ ရှိတယ်" ဟု မလေးရှားနိုင်ငံတွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မသင်းသင်းက ပြောသည်။

ငွေလဲနှုန်း တည်ငြိမ်မှု မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာကဲ့သို့ ငွေလဲဈေးနှုန်းထားများ တရားဝင် သတ်မှတ်သင့်သည်ဟု ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပြသည်။

"အစိုးရကနေ ၆ ကျပ်နဲ့ ကိုင်ထားတာမျိုးတွေ လုပ်လို့မရဘူး။ ဥပမာ ဓာတ်ဆီ တဂါလံကို သူရောင်းနေတဲ့ ဈေး ၂၅၀၀ ကျပ်ဆို ဒေါ်လာနဲ့ဆို ၄၀ လောက် ဖြစ်သွားပြီ။ ကမ္ဘာမှာ ဈေးအကြီးဆုံးနိုင်ငံ ဖြစ်သွားပြီ။ ဒီတော့ ၁ ဂါလံ ၂ ဒေါ်လာခွဲ ၊ ၃ ဒေါ်လာ လောက်နဲ့ ရောင်း ဒီဈေးတွေနဲ့ ယှဉ်ပြီး ၆ ကျပ်ကနေ သင့်လျော်တဲ့ ဈေးသတ်မှတ်ပေးသင့်တယ်"ဟု သူက ပြောသည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေးလုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု ၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်မည့် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံငွေများ ၀င်ရောက်လာမှု တို့နှင့် ဆက်နွယ်နေသည်ဟု လုပ်ငန်းရှင်များက ယူဆနေကြသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၂၅ ကျပ်၊ ကျပ် တသိန်းလျှင် ထိုင်းဘတ် ၃၇၀၀ ကျပ်ဈေး ပေါက်နေသောကြောင့် မြန်မာငွေ ၀ယ်ယူ စုဆောင်း နေသည်ဟု တာချီလိတ်-မယ်ဆိုင် ဒေသခံ တဦးက ဧရာဝတီကို ပြောပြသည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာလည်း လက်ရှိ အခြေအနေတွင် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

"နယ်စပ်ကုန်သည်တွေကတော့ မြန်မာငွေ တန်ဖိုး မာနေတော့ ဈေးအရောင်းအ၀ယ် မကိုက်ဘူး ဖြစ်နေတာပေါ့။ တရုတ်ဘက်က သွင်းတဲ့ ပစ္စည်းတွေက တရုတ်ငွေနဲ့ ၀ယ်ရတာ ဆိုတော့ အခု မနက်တင် ၈-၁ ဖြစ်သွားပြီ။ ၈ ယွမ်ဆို မြန်မာ ငွေ ၁၀၀၀ ကျပ် ရှိတယ်" ဟု မူဆယ် ကုန်သည်ကြီးများ အသင်းမှ အဖွဲ့ဝင် တဦးက ဆိုသည်။

သူက ဆက်၍ "လောလောဆယ် သွင်းမယ့် ကုန်တွေ ခဏ ရပ်ထားတယ်။ မြန်မာငွေကလည်း ထပ် တက်ဦးမယ့် သဘော ရှိနေတယ်။ တရုတ်ငွေနဲ့ ရောင်းပြီး မြန်မာငွေနဲ့ ပြန်ဝယ်တော့ ရှုံးတယ်၊ မကိုက်ဘူးပေါ့" ဟု ပြောသည်။

ဖြစ်ပေါ်နေသော ငွေလဲနှုန်း၏ ဒဏ်ကို ခံနေရသူများထဲတွင် ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် ဒေါ်လာဖြင့် လစာ ရရှိနေသည့် ၀န်ထမ်းများလည်း ပါဝင်သည်။

တချို့သော အလုပ်ရှင်တို့က အခမဲ့ ဈေးဝယ်ကတ်ပြား ထုတ်ပေးခြင်း၊ ရှားပါးစရိတ် ထုတ်ပေးခြင်းဖြင့် ၀န်ထမ်းတို့၏ အကျပ်အတည်း ပြေလည်စေရန် ဆောင်ရွက်နေကြသည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed