BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 8, 2011

ထူးထူးခြားခြား မိခင်များ နှင့် ဖခင်များ

Show/Hide
အသက် အငယ်ဆုံးမိခင်း (၅)နှစ်၁၉၃၉ခုနှစ် မေလတွင် Peruနိုင်ငံ Andes တောင်တန်းအောက်ခြေရှိ ရွာတစ်ရွာတွင် အသက်(၅)နှစ်သာ ရှိသည့် Lena Medina ဟုခေါ်သော မိခင်တစ်ဦး ၆ပေါင်ခန့်ရှိသော ယောက်ျားလေးတစ်ဦးကို ဖွားမြင်ခဲ့သည်။ သုံးနှစ် အရွယ်တွင် ဓမ္မတာလာသော သူမသည် ဆေးပညာသမိုင်းတွင် ပထမဦးဆုံး ဖြစ်ခဲ့သည်။ သူမ၏ ၀မ်းဗိုက်တွင် ကြီးမားသော အလုံးရှိနေသည့်အတွက် ဖခင်မှာ စိုးရိမ်မကင်းဖြစ်ပြီး ဆေးရုံသို့ သွားရောက်ပြသခဲ့ရမှ ကိုယ်ဝန်ဖြစ်ကြောင်း သိခဲ့ရသည်။ယခုခေတ် ဆေးပညာအရ လီနာ၏ရောဂါမှာ ဟိုမုန်းဓာတ် မညီမျှသောကြောင်း အရွယ်စော၍ သန္ဓေမျိုးစေ့နှင့် သားအိမ်မှာ ကြီးရင့်ခဲ့ရသည်။ ဆေးပညာ သမိုင်းတွင် တွေ့ရခဲသည်။

အသက် အငယ်ဆုံးဖခင်း (၁၂)နှစ်England Shane Bluck ကျေးရွာတွင် နေထိုင်သော Sean Stewart ဟုခေါ်သော အသက်(၁၂)အရွယ် ကလေးတစ်ဦးသည် ၁၉၉၈ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ၆ပေါင်ခန့်ရှိသော သားတစ်ဦး၏ ဖခင်ဖြစ်ခဲ့ သည်။ သူ့ချစ်သူ Emma Webster သူ၏ အိမ်နီးချင်းဖြစ်သည်။

အသက် အငယ်ဆုံး အဘွားး (၁၇)နှစ်အာဖရိတိုက် အနောက်အလယ်ပိုင်းရှိ နိုင်ဂျီးရီးယားနိုင်ငံတွင် Mamuci အမည်ရှိ အမျိုးသမီးသည် အသက် (၈)နှစ် (၄)လသား အရွယ်တွင် မိခင်ဖြစ်ခဲ့သည်။ သူမ၏ သမီးသည်လည်း အသက်(၈)နှစ် အရွယ်တွင် မိခင်ဖြစ်ခဲ့သည်။ ထို့ကြောင့်Mamuci (၁၇)နှစ် အရွယ်တွင် ကမ္ဘာ့အသက် အငယ်ဆုံး အဘွားဖြစ်ခဲ့သည်။

အသက် အကြီးဆုံးမိခင်း (၆၃)နှစ်၁၉၉၆ခုနှစ် နိုဝင်ဘာလ ၇ ရက် အမေရိကန် ကယ်ရီဖိုးနီးယားပြည်နယ်ရှိ Luomalinda ဆေးရုံတွင် ၆၃နှစ်၉လ အရွယ်ရှိ Aerkechi Kay မည်သော အမျိုးသမီးတစ်ဦး သမီးငယ်တစ်ဦးကို အောင်မြင်စွာ ဖွားမြင် နိုင်ခဲ့သည်။

အသက် အကြီးဆုံးဖခင်း (၉၃)နှစ်၁၉၉၂ခုနှစ် ဂျုလိုင်လတွင် ပေါ်တူဂီအရှေ့ပိုင်း Agri Hill အရပ်တွင် နေထိုင်သော အသက်(၉၃)နှစ် (၁၀)လ အရွယ်ရှိ အငြိမ်းစား သတ္တုတွင်း လုပ်သားတစ်ဦးသည် သားယောက်ျားတစ်ဦး၏ ဖခင်ဖြစ်ခဲ့သည်။

သားသမီး အများဆုံးဖခင်း ၈၆၇ ဦးမိုလိုဂို Sharif မင်းဆက်၏ နောက်ဆုံးမျိုးဆက်ဖြစ်သော Mule Aldois Simmel (၁၆၄၆-၁၇၂၇)သည် ၁၇၀၃ခုနှစ် ကတည်းက သားတော်(၅၂၅)ဦး သမီးတော်(၃၄၂) ပိုင်ဆိုင်ထားပြီဖြစ်သည်။ ၁၇၂၁ခုနှစ်တွင် မြေးမြစ်ပေါင်း (၇၀၀) ကျော် ရှိခဲ့သည်။

အမွေးနိုင်ဆုံး မိခင်း ၆၉ ကြိမ်၂၀၀၁ခုနှစ် Guinness Book (Guinness World Records) ၏ မှတ်တမ်းအရ ကမ္ဘာ့အမွေးနိုင်ဆုံး မိခင်မှာ ၁၈ရာစုက ရုရှားနိုင်ငံ လယ်သမားမိသားစုမှ Vasile Xiefuna အမည်ရှိ အမျိုးသမီးဖြစ်သည်။ ၁၇၂၅မှ ၁၇၆၅ ထိ သူသည် ၂၇ကြိမ်တွင် ကလေး ၆၉ဦး၊ ၁၆ကြိမ် အမွှာ၊ ၇ကြိမ် သုံးမွှာပြူးနှင့် ၄ကြိမ် ၄ မွှာပြူး မွေးဖွားခဲ့သည်။ သားသမီးပေါင်း ၇၆ဦး အသက်ရှင်ခဲ့သည်။

တရုတ်လို ဖတ်ရှုလိုပါက ဤနေရာတွင် (http://www.cctv.com/life/jiankang/090201_1040.html) ဖတ်နိုင်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, June 6, 2011

Gmail မှာ အော်တိုဆို​င်း ရေးထားလို့​ရတဲ့ Function ပါပါတယ်။

ကိုယ်က သူများဆီ အီးမေးလ် ပို့တဲ့အခါ ဆိုင်းထိုးပြီး ပို့ကြရတယ် မဟုတ်လား။ Gmail မှာ အော်တိုဆိုင်း ရေးထားလို့ရတဲ့ Function ပါပါတယ်။ ဥပမာ- သူငယ်ချင်း နေကောင်းလား။ သတိရတယ်နော်။ ငါ့ဆီလဲ စာရေးအုံး။ မျှော်နေမယ်။ မောင်ဖြူ စသဖြင့်ပေါ့။ အဲဒီလို မောင်ဖြူဆိုတဲ့ ဆိုင်းကို Gmail မှာ ပုံသေ ရေးထားလို့ ရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က အတိုင်းလေး လုပ်လိုက်ပါ။ ၁) Gmail အကောင့်ထဲ ၀င်ပါ။ ၂) Setting ကို နှိပ်ပါ။ General ကို ရွေးပါ။ ၃) Signature မှာ On ရမယ်။ ပြီးရင် မိမိ ထိုးချင်တဲ့ ဆိုင်းနာမည်ကို ရေး။ ၄) ပြီးရင် Save Changes ။ ပြီးရင် Compose Mail ကို နှိပ်လိုက်ပါ။ ၅) ဒါဆို မိမိက တစ်ပါးသူကို အီးမေးလ်ပို့တိုင်း ပေါ်နေမှာပေါ့။ အဆင်ပြေပါစေ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုအခြေအနေ

မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုအခြေအနေ ILO မှာ ဆွေးနွေး
2011-06-05
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကြိမ် (၁ဝဝ) မြောက် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေ ရာမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။

AFP
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ (အိုင်အယ်လ်အို) ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ဌာနချုပ်တွင် ညီလာခံ ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ILO ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ကိစ္စ အပါအဝင်၊ ကလေးစစ်သား အဓမ္မ စုဆောင်းမှုနဲ့ မြေယာ သိမ်းဆည်းခံရတဲ့ ကိစ္စတွေကို ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး  မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတော့ အခြေအနေတွေ တိုးတက်အောင် ILO နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
ဂျီနီဗာက ILO ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကတော့ ညီလာခံအတွင်း မြန်မာ့အရေး ဆွေးနွေးမှု အခြေအနေကို အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကတော့ အဓမ္မ လုပ်အားပေးမှုတွေ လုံးဝ မပျောက်သေးတာ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုတွေ မရသေးတာကို အားမရသေးဘူး။ ဒါပေမယ့် ILO နဲ့ ပတ်သက်ပြီး ဗမာပြည်မှာ အဓမ္မ လုပ်အားပေးမှု ပပျောက်ဖို့၊ ကလေးစစ်သား လုပ်ဆောင်တဲ့ကိစ္စ ပပျောက်ဖို့၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု ဆိုတဲ့ကိစ္စတွေ ရရှိဖို့အတွက် ကျနော်တို့လုပ်နေတဲ့ ယန္တယားကြီးကတော့ လည်ပတ်နေတဲ့အတွက် အားရတယ်။ ဆက်လက်ပြီးတော့ ပိုပြီး မြန်မြန် လည်ပတ်ဖို့အတွက် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစားသွားမှာပါ”
ပုံမှန်အားဖြင့် ILO ညီလာခံမှာ အစိုးရကိုယ်စားလှယ်၊ လုပ်ငန်းရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ် ဆိုပြီး အစု (၃) စု တက်ရောက်ကာ နိုင်ငံ တခုချင်းစီရဲ့ အလုပ်သမားရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီညီလာခံကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပေမယ့် အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်လာတာ မရှိသေးသလို၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်အဖွဲ့လည်း မတက်ရောက်ဘူးလို့ သိရပါတယ်။ လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒေါ်ခိုင်ခိုင်နွယ်က ဦးဆောင် တက်ရောက်တယ်လို့
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: [z-i-eu] အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ



---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/6
Subject: [z-i-eu] အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ
To: z-i-eu@yahoogroups.com


 

အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ

2011-06-06
မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် စွန့် လွှတ် အနစ်နာခံ လှုပ်ရှားဆောင်ရွက်နေကြရင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ပေး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ အညတြ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ မနေ့ က ကျင်းပခဲ့ပါတယ်။

demowaiyan
နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်သူ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင် တို့ကို အညတြ သူရဲကောင်းတွေ အဖြစ် ရွေးချယ်ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ပွဲစီစဉ် ကျင်းပသူတွေနဲ့ တကွ တက်ရောက်လာသူတွေ အားလုံးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို သတင်း စကားပေးပို့ ပြီး နှုတ်ခွန်းဆက်တဲ့ အပြင် ယုံကြည်ချက်ကြောင့် အနစ် နာခံ လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ကူညီ ထောက်ပံ့ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။
"အခုလို အညတရ သူရဲကောင်းများဆိုပြီးတော့ ဂုဏ်ပြုဆုကို ချီးမြင့်တဲ့ အခမ်းအနားမျိုး၊ ဂုဏ်ပြုတဲ့ စိတ်ဓါတ်မျိုးကို ကျမ အများကြီးဘဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်လဲ ယူပါတယ်။ လေးလည်းလေးစားပါတယ်။ ဒီလိုဘဲ သတ္တရှိရှိနဲ့ ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘူး၊ ကိုယ့်ရဲ့ စိတ်ချမ်းသာဖို့အတွက် မဟုတ်ဘူး၊ ဘယ်လို အကျိုးခံစာမှုမျိုးအတွက်မှ မဟုတ်ဘဲနဲ့ ယုံကြည်ချက်အရ လုပ်ကိုင်ပြီးတော့ ယုံကြည်ချက်အရ လုပ်ကိုင်ခဲ့လို့ အနစ်နာခံခဲ့ရတဲ့ အနစ်နာ ခံနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး အမြန်ဆုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ၀ိုင်းပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။"
ပထမအကြိမ် အညတြ သူရဲကောင်းဆုကို ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးမှာ ကျင်းပတဲ့ သက်ကြီး ပူဇော်ပွဲမှာ ကြေညာပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီဆုအတွက် နိုင်ငံရေး အကျဉ်းကျတွေ ဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်တဲ့ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီ ပေးခဲ့သူ ဦးသန်းနိုင် တို့ကို NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းတင် ဦးဆောင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့ က ရွေးချယ်ခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက် ဆုချီးမြှင့်ပွဲကို မကြာမီ အချိန်မှာ ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ၅ ဦးအထိ တိုးမြင့်ပေးအပ်နိုင်ဖို့  စီစဉ်နေကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက အသေးစိတ် တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 5, 2011

ဆရာစံတိုးတရားဟော်ချက်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မေတ္တာတော်ရှင်ယေရှု ကားလေးပါ [1/2နဲ့3]


မေတ္တာတော်ရှင်ယေရှု ကားလေးပါ ၁။၂။၃။ခုစလုံyoutubeကြည့်နိုင်ပါတယ်

---------- Forwarded message ----------
From: YouTube Service <service@youtube.com>
Date: Sun, Jun 5, 2011 at 2:11 PM
Subject: pkphoekhaing sent you a video: "The Life of Jesus, Part 2"
To: pkphoekhaing@gmail.com


YouTube help center | e-mail options | report spam
pkphoekhaing has shared a video with you on YouTube:
ဒီမှာနိပ်ပါThe Life of Jesus, Part 2
An award winning story about Jesus' life and teachings. Part 2 includes four episodes covering Jesus's disciples and his return to Nazareth.
By the way, did you know you can rent movies from YouTube? Check it out now: youtube.com/movies.
© 2011 YouTube, LLC
901 Cherry Ave, San Bruno, CA 94066



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မေတ္တာတော်ရှင်ယေရှု ကားလေးပါ [1]


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed