BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, June 17, 2011

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

By မနန္ဒာချမ်း

 

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် အနေနဲ့ EU ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံခရီး စတင်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ ကိုယ်စားလှယ်တွေအပြင် နိုင်ငံရေးပါတီ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ EU ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါ့အပြင် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး ဆောင်ရွက်သူ တချို့ကလည်း နှစ်ဘက် အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဒီခရီးစဉ်ကို EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် ပီယာရို ဖာစီနို (Piero Fassino) လည်း လိုက်ပါသွားခဲ့တာပါ။
မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေအပြင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ အရပ်သား လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန်ရဲ့ လက်ထောက်ပြောခွင့်ရသူ မာယာ ကော်ကျီယန်ချိ (Maja Kocijancic) က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ မစ်စ် မာယာက အခုလို ပြောပါတယ်။
"EU ဥရောပသမဂ္ဂက ရှင်းလင်းပြတ်သားတဲ့ ပေါ်လစီတရပ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီပေါ်လစီကိုလည်း ပုံမှန် ပြန်လည်သုံးသပ်ပြီး နှစ်စဉ် ချမှတ်တာ ဖြစ်ပါတယ်။ EU အနေနဲ့ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သုံးသပ်ခဲ့ပါတယ်။ EU နိုင်ငံခြားရေးဌာနက ကိုယ်စားလှယ် ဧပြီလတုန်းက မြန်မာနိုင်ငံကို သွားရောက်စဉ် ဒါကို ထပ်လောင်း တင်ပြခဲ့ပါတယ်။
"EU နဲ့ မြန်မာအစိုးရကြား အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ အဖွဲ့အစည်းသစ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံပါတီနဲ့ တခြားအုပ်စုတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း အခု ကိုယ်စားလှယ်အဖွဲ့ သွားရောက်နေတာ ဖြစ်ပါတယ်။"
EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန်ရဲ့ လက်ထောက် ပြောခွင့်ရသူ မာယာ ကော်ကျီယန်ချိ ပြောခဲ့တာ ဖြစ်ပါတယ်။
အခုလို EU အဆင့်မြင့် ကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ၊ မြန်မာရုံး တာဝန်ခံ ဦးဟန်ယောင်ရွှေက ကြိုဆိုခဲ့ပြီး အခုလို EU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးခြင်းဟာ နှစ်ဘက်စလုံးအတွက် အကျိုးရှိစေနိုင်မယ်လို့ ဆိုပါတယ်။
"ကျနော့်အနေနဲ့ မြင်တာကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကလည်း မြန်မာပြည် အခြေအနေကို ပိုသိလာမယ်။ အဲဒါတင်မက အခုတက်လာတဲ့ အစိုးရက တောင်းဆိုထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ဆိုတဲ့ နေရာမှာ ဥရောပသမဂ္ဂ အနေနဲ့ ချက်ချင်း မရုပ်သိမ်းနိုင်ဘူး။ သူတို့ကလည်း အခြေအနေ ကောင်းလာမှ ရုပ်သိမ်းနိုင်မယ်။ ဆိုတော့ သူတို့ကလည်း သွားရှင်းပြမှာ ဖြစ်ပါတယ်။
"နှစ်ဘက်စလုံးအတွက် နားလည်မှု ပိုကောင်းလာမယ်။ မဖြစ်နိုင်တဲ့ ကိစ္စကို မတောင်းဆိုဘဲ ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကို ပူးပေါင်း လုပ်နိုင်တဲ့ အခြေအနေ တွေ့ချင်တွေ့မယ်။ ဘာကြောင့်လဲဆိုရင် အခုလက်ရှိ တက်လာတဲ့ အစိုးရကလည်း ပြောတာက ဖွံ့ဖြိုးရေး လုပ်ချင်တယ်၊ လူထုအကျိုး လုပ်ချင်တယ်ဆိုတဲ့ နေရာမှာ ဥရောပသမဂ္ဂ အနေနဲ့ကလည်း တကယ်သိချင်တယ်။ အခုလိုမျိုး ပြောသွားတဲ့ဟာက တကယ်လုပ်မလား၊ မဟုတ်ခဲ့ရင် ဟန်ဆောင်လုပ်ပြမလား ဆိုတာတွေ ပါပါတယ်။ ဒီနေရာမှာ သွားတွေ့ပြီးတော့မှ တကယ် သွားဆွေးနွေးရင်တော့ အကျိုးရှိနိုင်တယ်လို့ မြင်ပါတယ်။"
ဥရောပ၊ မြန်မာရုံး တာဝန်ခံ ဦးဟန်ယောင်ရွှေ ပြောပြသွားတာ ဖြစ်ပါတယ်။
EU ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြီးခဲ့တဲ့ ဧပြီလက ပြန်လည် သုံးသပ်ခဲ့ပြီးနောက် ပိတ်ဆို့မှု သက်တမ်းကို နောက် ၁ နှစ် တိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တကယ်ပဲ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် မက်လုံးပေးတဲ့ အနေနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကိုလည်း ဥရောပကို လာရောက်ခွင့် ပြုခဲ့ပါတယ်။
အရင် မြန်မာစစ်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ချမှတ်ခဲ့တာပါ။ ဒီဒဏ်ခတ်မှုတွေထဲမှာ ဥရောပနိုင်ငံတွေအတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေ ခရီးသွားလာခွင့် ပိတ်ပင်တာ၊ အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာ၊ မြန်မာစစ်အစိုးရကို လက်နက်ရောင်းချခွင့် ပိတ်ပင်တာ၊ သစ်တင်သွင်းမှု အပါအ၀င် ကျောက်မျက်ရတနာနဲ့ ဓာတ်သတ္တု တင်သွင်းခွင့် စတာတွေ ပါဝင်ပါတယ်။

Recent Activity:
.

__,_._,___



--
 
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တောင်အာဖရိက သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

တောင်အာဖရိက သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2011-06-17

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထိုင်း နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Douglas Gibson က ဒီနေ့ မနက်ပိုင်းမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

South Africa Embassy Website

တောင်အာဖရိက သံအမတ်ကြီး Mr. Douglas Gibson နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရ ရက်နေ့က တွေ့ဆုံကြပုံ။ ဓါတ်ပုံ - တောင်အာဖရိကသံရုံး အင်တာနက်စာမျက်နှာ

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

တောင်အာဖရိက သံအမတ်ကြီး ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီလို တွေ့ဆုံခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ ဗဟန်း ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို သွားရောက်ပြီး၊ NLD ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

ဦးတင်ဦးက NLD ပါတီ ဆက်လက် ရပ်တည်နေပုံနဲ့ ရှေ့ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်၊

သံအမတ်ကြီး Mr. Gibson နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

__._,_.___
Recent Activity:
.

__,_._,___



--
 
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 16, 2011

တြိဂံတိုင်းမှူး ရှောင်တခင် စစ်ဆေးခံရ


တြိဂံတိုင်းမှူး ရှောင်တခင် စစ်ဆေးခံရ
ရန်ပိုင် Thursday, 16 June 2011 18:12
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးအား လိုင်စင်မဲ့ကားများနှင့် ပတ်သက်၍ ပြီး ခဲ့သည့် တနင်္လာနေ့က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကကကြည်း) အထူးစစ်ဆေးရေး အဖွဲ့က ရှောင်တခင်ဝင် ရောက် စစ်ဆေးသည်ဟု သတင်းရသည်။

dkba-cars
ယမန်နှစ်အတွင်းက တွေ့ရသည့် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်မည့် ကားများ (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံဘက်မှ လိုင်စင်မဲ့ကားများ တရားမ၀င် ၀င်ရောက်မှု များပြားနေခြင်းတွင် ဗိုလ်မှူးချုပ်သန်းထွန်းဦး ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ၀င်ရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း စစ်ဘက် အသိုင်းအ၀ိုင်းမှ သိရသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ယခင်က တြိဂံတိုင်း တိုင်းမှူး တာဝန်ယူခဲ့ဖူးသည်။

တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် ကျိုင်းတုံမြို့ခံတဦးက "လုပ်စားနေတယ်လို့ သံသယရှိလို့ စစ်ဌာနချုပ် ဖုန်းလိုင်းတွေအားလုံး ချက်ချင်းဖြတ်ပြီး ချက်ချင်း ၀င်စစ်တာ"ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ၂ရက်နေ့က တာချီလိတ်မြို့ ရက်ဂျီးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်စပ် အစည်းအဝေးတွင်လည်း လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်ဟု တာချီလိတ်မြို့ခံ တဦးကလည်း ပြောသည်။

တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြ၀တီ၊ တာချီလိတ် စသည့် မြို့များမှ တင်သွင်းပြီး အများဆုံး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ ဖြတ်၍ ခိုးသွင်းခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်း နေပြည်တော်တွင် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးရန် အာဏာပိုင်တို့က စီစဉ်နေ သည်ဟူသော သတင်းများကြောင့် စီးပွားရေးသမားတချို့က လိုင်စင်မဲ့ယာဉ်များကို ဒေသအသီးသီးမှ ၀ယ်ယူပြီး စုဆောင်းလျက်ရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက မန္တလေးမြို့၌ တရားမ၀င်မော်တော်ယာဉ်များကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် ရှောင်တခင် ဖမ်းဆီးခဲ့ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်း ရှင် များ၏ ကားများလည်း ပါဝင်နေသည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ်ခဲ့သေးသည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Fwd: လေယာဉ်ပျံတောင်စားတဲ့ သူ...




သူ့ နားများယောင်လို့ ကားတို့ စက်ဘီးတို့ ရပ်မထားမိစေနဲ့ ...
ကြွပ်ကြွပ်ဝါးလိုက်လိမ့် မယ်...

၁၉၃၃ ခုနှစ်တွင်သေဆုံးခဲ့ သည့် ဗြိတိသျှလူမျိုး ဖရက်ဒရစ်အက်ဒ၀ါ့ ဒ် ၏ခန္ဓာကိုယ်ကို ခွဲစိတ်စစ်
ဆေးခဲ့ ရာ ၎င်းဝမ်းဗိုက်ထဲတွင် သံချောင်း ၂၀၀ ၊ စက္ကူချူပ်ပင် ၃၆ ခု၊ အိတ်ဆောင်ဓါးငယ် ( ခဲတံ
ချွန်သည့် နေရာမျိုးတွင်အသုံးပြုသည့် ဓါးငယ်မျိုး ) ၃ချောင်း တို့ ကိုတွေ့ ရှိခဲ့ ရလေသည်...
သို့ သော်ဗြိတိသျှလူမျိုးအမျိုးသားကား " တွေ့ မရှောင်အကုန်စားသည့် သူ " ဟု အမည်ကျော်ကြား
သည့် ပြင်သစ်လူမျိုး မီချဲလ်လိုလီတို ရဲ့ ခံတွင်းတွေ့ မှုရဲ တစ်ဝက်မျှပင်မမှီခဲ့ ပါချေ...
အလယ်ကြောင့် ဆိုသော် အဆိုပါပြင်သစ်အမျိုးသားကား စက်ဘီး ၁၈ စီး၊ ဈေးဆိုင်ကုန်တိုက်ကြီးများ
တွင် ၀ယ်ယူသူများအသုံးပြုသည့် သံလက်တွန်းလှည်း ၁၅စီး၊ တီဗီ ၇ လုံး၊ ကွန်ပြူတာစက် ၁ လုံး၊ ဘ
ရိတ်ဓါးအမြောက်အများနှင့် နောက်ဆုံး ယုံချင်ယုံ၊ မယုံချင်နေ Cessna 150 အမျိုးအစား အပေါ့ စား
လေယာဉ်ပျံကလေးတစ်စင်း တို့ ကိုပါ ကုန်အောင်စားပစ်နိုင်ခဲ့ လေသည်...
လေယာဉ်ပျံကိုကား ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ၂ နှစ်ကြာအောင် အေးအေးဆေးဆေးမြိန်ရည်
ရှက်ရည် စားခဲ့ ပေသည်....၎င်းအနေဖြင့် ကုန်တိုက်သုံး သံတွန်းလှည်းကလေး တစ်စီးကို ၄ ရက်ခွဲမျှ
စားခဲ့ ရလေသည်...
ပျမ်းမျှအားဖြင့် မစ္စတာ လိုလီတို ဟာတစ်နေ့ လျှင် သံနှင့် ဖန်ဖြင့် ပြုလုပ်သောပစ္စည်းများ ၇ ပေါင်
( ၁ ကီလိုခန့် ) စားသုံးခဲ့ တာဖြစ်ပါတယ်...
၎င်းရဲ့ ထူးဆန်းအံ့ သြဖွယ် အစာအဟာရကြောင့် လည်း အများနှင့် မတူ တစ်မူထူးခြားသည့်စွမ်းရည်
ရှိသည့် သူအဖြစ် ကမ္ဘာ့ ထူးဆန်းအံ့ ဖွယ်မှတ်တမ်းဝင်ဖြစ်ခဲ့ ၇ပါတယ်...
၎င်းအနေနှင့် ငှက်ပျောသီးနှင့် ကြက်ဥပြုတ်တို့ ကိုစားသုံးမိပါက နေမကောင်းပင်ဖြစ်ရတယ်လို့ လည်း
ဆိုပါတယ်...
မစ္စတာ မီချယ်လ် ဟာ အသက် ၅၇ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ သဘာဝအလျှောက်ပဲ သေးဆုံးသွား
ခဲ့ ရပါတယ်...




--
 
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, June 15, 2011

Fwd: ကွန်ပျူတာ ဖွင့်တာကြာ၊




ကွန်ပျူတာ ဖွင့်တာကြာ၊ ပိတ်တာကြာသည်ကို ကွန်ပျူတာ သုံးစွဲသူတိုင်း လက်ခံနိုင်မည် မဟုတ်ပါ။ အခု ဖော်ပြပေးမှာကတော့ ပိတ်တာ မြန်အောင် လုပ်တဲ့နည်းပါ။
၁) Run ထဲမှ regedit ကို ရိုက်ဖွင့်ပါ။
၂) ဘောက် ပေါ်လာလျှင် HEKY_LOCAL_MACHINE ကို ရွေးပါ။
၃) ပြီးလျှင် System မှ Current ControlSet ကို ရွေးပါ။
၎) ထိုမှတဆင့် Control ကို Select မှတ်လိုက်ပါ။ ညာဘက်တွင် WaitToKillServiceTimeout ဆိုတာ ရှိပါတယ်။ Double Click နှိပ်ပြီး ပေါ်လာပါက 2000 ကို 200 ပြင်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ စက်ပိတ်ရာတွင် မြန်ပါလိမ့်မည်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Apple ၏ X Lion တွင် မြန်မာစာစနစ်ပါဝင်လာ





Apple မှ မကြာမီထွက်ရှိလာမည့် OS X Lion
တွင် မြန်မာစာစနစ် ပါဝင်လာတော့မည်ဖြစ်ကြောင်း ပြည်တွင်းရှိ
နည်းပညာရှင်အချို့ထံမှ သိရသည်။ "OS X Lion က ဒီလကုန်မှ ထွက်လာမှာပါ။
ကျွန်တော်က ဒီ OS ရဲ့ Beta Version ကိုရလို့ စမ်းကြည့်ထားတာပါ။
တရားဝင်ထွက်လာမယ့် OS X Lion မှာ မြန်မာစာစနစ်ကို သိသွားပါပြီ။ ဒါဟာ
ကျွန်တော်တို့အတွက် ကောင်းတဲ့အချက်ပါပဲ။ နောက်ပိုင်းမှာ iPhone မှာသုံးတဲ့
iOS တွေမှာလည်း မြန်မာစာစနစ် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်" ဟု
Technomation Studio အမှုဆောင်အရာရှိချုပ် ဦးထူးမြင့်နောင်ကပြောသည်။




အဆိုပါ OS X Lion သည် Apple မှမကြာမီထုတ်လုပ်မည့် ပထမဆုံး
မြန်မာစာစနစ်ပါဝင်သော Operating System ဖြစ်ပြီး မြန်မာစာအပါအ၀င်
အခြားဘာသာစကား ၂၀ ကျော်ကိုပါ ထည့်သွင်းပေးထားကြောင်း သိရသည်။ OS X Lion
တွင် မြန်မာစာပါဝင်လာမှုနှင့်ပတ်သက်ပြီး http://www.apple.com/macosx/whats-new/features.html#text နှင့် www.saturngod.net ၀က်ဘ်ဆိုက်တို့တွင်လည်း ဖော်ပြပေးထားသည်။




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 14, 2011

အိန္ဒိယမှ လွတ်မြောက်ကရင်များ တတိယနိုင်ငံထွက်ရေး KNU တာဝန်ယူမည်




 
 

အိန္ဒိယမှ လွတ်မြောက်ကရင်များ တတိယနိုင်ငံထွက်ရေး KNU တာဝန်ယူမည်

ဧရာဝတီ Monday, 13 June 2011 17:17
အိန္ဒိယနိုင်ငံတွင် ၁၂ နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည့် KNU အဖွဲ့ဝင် ၁၀ ဦး တတိယနိုင်ငံသို့ အမြန်ဆုံး ထွက်ခွာနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

KNU-News-11-6-11
လွတ်မြောက်လာသည့် KNU အဖွဲ့ဝင်များနှင့် ပဒိုအားတိုး (ယာမှ တတိယမြောက်) ကို နယူးဒေလီတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

KNU အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုအားတိုးက"အိန္ဒိယထောင်ကနေပြန်လွတ်လာတဲ့ ကရင်နဲ့ရခိုင် တော်လှန်ရေး သမားတွေကို ကျနော်တို့သွားရောက်တွေ့ဆုံခဲ့တယ်၊ သူတို့အားလုံး အိန္ဒိယမှာ တနှစ်ပဲ နေထိုင်ခွင့်ရမှာဖြစ်တယ်၊ အဲဒါ ကြောင့် သူတို့အားလုံး တတိယနိုင်ငံ တခုခုကိုအမြန်ဆုံးထွက်ခွာနိုင်ဖို့အတွက် စီစဉ်နေပါတယ်"ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာရှိ ကရင်အဖွဲ့အစည်းများကလည်း ယခုလွတ်မြောက်လာသူများကို ခေါ်ယူနိုင်ရေးအတွက် KNU နှင့် ဆက်သွယ် စီစဉ်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ပဒိုအားတိုးက ဆက်ပြောသည်။

အိန္ဒိယအစိုးရက ၎င်းတို့အား ၁ နှစ်နေထိုင်ခွင့်ပေးထားပြီး သတ်မှတ်ရက်ပြည့်ပါက တိုင်းပြည်မှ ထွက်ခွာရမည်ဟု လွတ်မြောက်လာသူများကလည်း ပြောသည်။

လွတ်မြောက်လာသူတဦးက အိန္ဒိယတွင် နေထိုင်ရသည့်အခြေအနေမှာ လုံခြုံစိတ်ချရမှုမရှိသကဲ့သို့ ခံစားနေရသည့်အတွက် ၎င်းတို့ကို အမြန်ဆုံး အကူအညီများပေးရန် အိန္ဒိယသို့ ရောက်ရှိခဲ့သည့် KNU ခေါင်းဆောင်မှတဆင့် ပြောကြား လိုက်သည် ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများထဲမှ KNU တပ်ဖွဲ့ဝင် စောယွာဟေသား က"အခြေအနေအရ တတိယနိုင်ငံ တခုခုကို ထွက် ရတော့မယ့် အနေအထားဖြစ်နေပြီ၊ ယူအန်(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR)ကလည်း အားလုံး ကို အသိအမှတ်ပြုပြီးဖြစ်တယ်၊ ကျနော်တို့ ၁၀ ယောက်ရဲ့သဘောထားကတော့ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ဒေသမှာပဲ ပြန်နေချင် တယ်"ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးထားသော်လည်း တတိယနိုင်ငံထွက် ခွာရေးနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တိကျသေချာသည့် အစီအစဉ်မရှိသေးကြောင်း သိရသည်။

၁၂ နှစ်ကျော်ကြာဖမ်းဆီးခံထားရသည့် ယင်းတော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ကာလကတ္တား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် နယူးဒေလီမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် အကျဉ်းထောင်အတွင်းကျန်ရှိနေပြီး အမှုပြီးပြတ်မှ ပြန်လည် လွတ်မြောက်မည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် KNU အဖွဲ့တို့မှ တော်လှန်ရေးသမားများ ဖြစ်ပြီး ၎င်းတို့ကို အိန္ဒိယရေတပ်က ၁၉၉၈ ခုနှစ်အတွင်း၌ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးသမားများသည် အိန္ဒိယရေပိုင်နက် လန်းဖောကျွန်းတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန်အတွက် အိန္ဒိယ စစ်ထောက်လှန်းရေးမှ ဒု ဗိုလ်မှူးကြီး ဂရေးဝေါ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြပြီးနောက် ၁၂ နှစ်ကျော် ဖမ်းဆီးချုပ်နှောင် ခံခဲ့ကြရသည်။

အိန္ဒိယအစိုးရက ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ၎င်းတို့ကို နိုင်ငံအတွင်း တရားမ၀င်ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုခဲ့သည့်အပြင် အဆိုပါ လက်နက်ခဲယမ်းများကို အိန္ဒိယ အရှေ့မြောက်ဒေသရှိ သူပုန်များကိုပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့ကြောင်း သိရသည်။
__._,_.___
Recent Activity:
    .

    __,_._,___



    --
    ဖိုးခိုင်
    Czech Republic

    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed