BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, June 21, 2011

မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်





 
မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်
နရီလင်းလက် Tuesday, 21 June 2011 17:52
E-mailPrint
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ့ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီရန်ရှိသည်ဟု သိရသည်။

naypyitaw_studium
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၁၃ ဆီးဂိမ်းအတွက် နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်း တည်ဆောက်နေသည် ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - popularmyanmar.com)
"နဂိုကတည်းက တရုတ်ကနေ ဆီးဂိမ်းအတွက် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူနဲ့ အသေးစိတ်ဆွေးနွေးပြီးတဲ့ နောက်မှာ မြန်မာဘက်ကနေ လက်ခံ လိုက်တာပါ"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။

လက်ခံသဘောတူလိုက်သည့် အခြေအနေသာ ရှိသေးသောကြောင့် တရုတ်နိုင်ငံမှ မည်သည့်အဖွဲ့လာရောက် လုပ်ဆောင် ပေး မည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာတို့ တွေ့ဆုံခဲ့ပြီး မြန် မာ နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်း အောင်မြင်စွာ ကျင်းပရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၌ ကျင်းပမည့် ဆီးဂိမ်းအတွက် နည်းပညာဆိုင်ရာ အကူအညီ နှင့် လေ့ကျင့်ရေး အားကစား သမားများ ၊ နည်းပြများကို ပံ့ပိုးကူညီပေးမည်ဟု ကမ်းလှမ်းလာမှုအား မြန်မာဘက်မှ လက်ခံသဘော တူညီလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"နည်းပြတွေ လာသင်ကြားပေးမယ်ဆိုတဲ့ နေရာမှာ တခုရှိတာက ဆီးဂိမ်း ပြိုင်ပွဲဆိုတော့ အားကစားမျိုးစုံ ဆိုပါဝင်တာလေ ။ ဥပမာ- ဘောလုံး အားကစားမှာဆိုရင် ကျနော်တို့ဆီမှာ နဂိုကတည်းက အတန်းအလိုက်မှာ ဂျာမနီ၊ ဘရာဇီး စသဖြင့် နိုင်ငံခြား နည်းပြတွေ ရှိတယ်"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။

ထို့ကြောင့် နိုင်ငံခြား နည်းပြမရှိသည့် အားကစားအမျိုးအစားကို အဓိကထား၍ နည်းပြများ ဖြည့်တင်းသွားဖွယ်ရှိကြောင်း ၊ ယင်းအတွက် အသေးစိတ်ဆွေးနွေးကာ လိုအပ်သည်များကို ပြန်လည်စီစဉ်ရဦးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော ဘေဂျင်း အိုလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီပေးမည်ဟု သိရ သည်။

ယင်းကဲ့သို့ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ဟိုတယ် တည်ဆောက်မှုများကို အရှိန် အဟုန် မြှင့်သည့်အနေဖြင့် တခြားသော တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်နားထားသည်ဟု နေပြည်တော် ဆောက် လုပ်ရေး ကုမ္ပဏီများက ပြောဆိုသည်။

တည်းခိုမည့် ဧည့်သည်များ လုံလောက်မှုရှိစေရန် အတွက် ဟိုတယ်များကို တိုးချဲ့တည်ဆောက်နေသည့်အပြင် ယခင်က နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု ခွင့်မပြုခဲ့သော နေပြည်တော် ဟိုတယ်ဇုန်များတွင် တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုလိုက်သည်ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

"နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်ဇုန်တွေမှာ အကုန်လုံးတိုင်းရင်းသား လုပ်ငန်းရှင်တွေ ချည်းပဲ။ တာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက်မှ ဟိုတယ်ခရီး ၀န်ကြီးက ရင်းနှီးမြှပ်နှံခွင့်ပြုဖို့ လက်ခံလိုက်တယ်"ဟု သူက ဆိုသည်။

နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အင်ဂျင်နီယာ တဦးက"ဟိုတယ်ဇုန် ၄ ဇုန် မှာ မဆောက်ဘဲ ကျန်တဲ့ မြေနေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ ရင်းနှီးမြှပ်နှံပြီး ဆောက်မယ်ဆိုရင်ဆောက်လို့ရတယ်။ တရုတ်ကလည်း ဆီးဂိမ်းအတွက် စီးပွားရေးလုပ်လို့ရမယ်။ ကျောက်မျက်ပွဲကလည်း နေပြည်တော်မှာ လုပ်နေတော့ ဒီအတွက်လည်း ဈေးကွက်ရှိတယ်ဆိုတာ သိတယ် လေ"ဟု ပြောပြသည်။

ယခု လဆန်းက အာဏာပိုင်များနှင့် နီးစပ်သည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် မြန်မာ့အားကစား အောင်နိုင်ငံရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပပြီး ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ ကျပ် သိန်း ၉၆၃၀ ရရှိခဲ့သည်ဟု ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများတွင် ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ၊ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ နှင့် Asia World ကုမ္ပဏီ ၊ အော်ရယ် ဂျင်နယ် ဂရု ၊ အေ၀မ်းဆောက်လုပ်ရေး ကုမ္ပဏီ ၊ ယုဇန ဦးဌေးမြင့် ၊ ACE ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက် ၊ မက်စ် မြန်မာ ကုမ္ပဏီ ၊ ရွှေသံလွင် ကုမ္ပဏီ ၊ ဂရိတ် ဝေါလ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ စသည့် တို့ပါဝင်သည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး




 

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

By ဒေါ်ခင်မျိုးသက်
 
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။
"မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။" လို့ ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
"ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ၀င်မ၀င် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။" လို့ ပြောသွားပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။
"ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။
"အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။"
အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။
"ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ၀နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။" လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။
__._,_.___
Recent Activity:
.


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, June 20, 2011

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ဆဲ

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ဆဲ
ရန်ပိုင် Monday, 20 June 2011 17:44
E-mailPrint
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိတွေ့ရင်ဆိုင်ထားသည့် နယ်မြေများတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း KIA က ပြောသည်။

kachin_yan_pai
လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တွင် ၂၀၀၉ ခုနှစ် စစ်ရေးပြအခမ်းအနား၌ တွေ့ရသော KIA စစ်သမီးများ (ဓာတ်ပုံ - Kachin News Group)
KIA တပ်များက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို ယမန်နေ့နံနက်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း အသေအပျောက်မရှိကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

"ဗုံးခွဲတယ်ဆိုတာ လူထုကို ထိခိုက်ဖို့ လုပ်တာမဟုတ်ပါဘူး။ အစိုးရ စစ်ရေးမဟာဗျူဟာကို ကြိုပြီး ဟန့်တားတာပါ" ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်ဘိုစခန်းတွင် တပ်စွဲထားသည့် ခလရ ၁၄၁ နှင့် ခလရ ၁၄၂ တို့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း၊ အစိုးရတပ်ဘက်မှ တပ်သား ၅ ဦးကျဆုံးကြောင်း ဦးလနန်က ဆက်လက် ပြောသည်။

ထိုအစိုးရတပ် အကျအဆုံး သတင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

KIA အနေဖြင့် ဘွမ်ဆွမ်တောင်ကုန်းအနီးရှိ စခန်းတချို့မှ ရုပ်သိမ်းပေးခဲ့ရသော်လည်း စစ်ရေးအရ အရေးပါသည့် ဘွမ်ဆွမ်တောင်ကုန်းကို သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ အစိုးရနှင့် ရင်ဆိုင်ထိတွေ့ထားသည့် နေရာများတွင် နှစ်ဖက်စလုံး တင်းမာမှုများ၊ စစ်အင်အား ဖြည့်တင်းမှုများရှိကြောင်း ဦးလနန်က ဆက်လက်ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့်ပတ်သက်၍ KIA က တရုတ်နိုင်ငံကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အစိုးရကလည်း အပစ်အခတ်ရပ်စဲရန် ကချင်အတိုင်ပင်ခံကောင်စီကို စေလွှတ်ခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တားနှောက်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်လိုဖိနှိပ် တိုက်ခိုက်လိုခြင်းမရှိဟု ရေးသားထားသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရက တရုတ်ကုမ္ပဏီများနှင့် ပူးတွဲ၍ မြစ်ကြီးနားမြို့အနီးတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရွှေလီရေအားလျှပ်စစ်စီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းများကို ၂၀၀၆ ခုနှစ်ခန့်က စတင် အကောင်အထည်ဖော်နေသည်။
__._,_.___
Recent Activity:
.

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာခွင့်တင်းကျပ်မည်

မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာခွင့်တင်းကျပ်မည်

June 16th, 2011 | Add a Comment | 686 views
အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ၀င်ထွက်သွားလာနေကြ သည့်မြန်မာနိုင်ငံသားများအား နယ် စပ် မှ ၁၆ ကီလိုမီတာအတွင်းထိသာ သွားလာ ခွင့်ပြုရန် ဒေသတွင်းအစိုးရကို အိန္ဒိယဗဟိုအစိုးရက ထပ်မံ သတိ ပေးလိုက်သည်။
ယင်းကိစ္စကို အိန္ဒိယဗဟိုအစိုးရမှဒုတိယအကြိမ်မြောက်သတိပေးပြောဆို လိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇန်န ၀ါရီလကလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌါန က မြန်မာနိုင်ငံသားများ အဓိက ချင်းလူမျိုးများနှင့် မြန်မာနိုင်ငံ သား မီဇိုးလူမျိုးများအား စနစ်တကျ စစ်ဆေးခြင်းမရှိဘဲမီဇိုရမ်ပြည်နယ်သို့ ၀င်ရောက်လာသည့်အပေါ် စိုးရိမ် ကြောင်းသတိပေးပြောကြားခဲ့ပြီးဖြစ်သည်ဟုအိန္ဒိယသတင်းစာ The Telegraph တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ နှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်မှ ၁၆ကီလိုမီတာအတွင်းသာ ၀င်ထွက်သွား လာခွင့် ရှိကြောင်း
သတ်မှတ်ထားသောနယ်မြေဧရိယာအတွင်းမှာသာ နှစ်နိုင်ငံထွက်ကုန်များအပြန်အလှန်တင်သွင်း ဖ လှယ် ခွင့်ရှိကြောင်း သတင်းစာ တွင်ရေးသားထားသည်။
အကယ်၍ မြန်မာနိုင်ငံသားများအနေဖြင့် သတ်မှတ်ထားသော ၁၆ကီလိုမီတာထက်ကျော်ပြီး သွားရောက်လိုပါက အိန္ဒိယ အစိုးရ ၏ခွင့်ပြုချက်ရရှိမှသာ သွားလာခွင့်ပြုရမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌါနကသတိပေးပြော ကြား ထားသည်ဟု လည်း ဆက်လက်ဖော်ပြထားသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် မီဇိုရမ် Superintendent of Police နှင့် CID ကို ဗဟိုအစိုး ရက တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးထားကြောင်း၊ ထို့အပြင် အရှေ့ဖက်မှ ၀င်ရောက်လာသူများ၏မှတ်ပုံတင် (သို့မ ဟုတ်) တရားဝင်ခရီးသွားလာခွင့်လက်မှတ်ရှိမရှိကိုသေချာစစ်ဆေးရန် မီဇိုရမ်ပြည်နယ် နိုင်ငံခြားသားများ မှတ်ပုံ တင်ဌါနမှ
တာဝန် ရှိသူများ အားသတိပေးလိုက်သည်ဟုသတင်းစာတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများသည် ပြည်တွင်းစားဝတ်နေရေးအခက်အခဲကြောင့် မီဇိုရမ်ပြည် နယ်တွင် ရရာ အလုပ်ကိုလုပ်ကိုင်ပြီး မိသားစု ၀မ်းစာအတွက် လုံးပမ်းနေကြသည်။
အကယ်၍ နယ်စပ်မှ ၁၆ ကီလိုမီတာအတွင်းထိသာ မြန်မာနိုင်ငံသားများအားဝင်ခွင့်ပေးတော့မည်ဖြစ်ပါက ဆင်းရဲသော မြန်မာနိုင်ငံသားအတွက် ပိုမိုအခက်တွေ့ကြုံလာနိုင်ကြောင်းအိုင်ဇောလ်မြို့မှ မြန်မာအမျိုးသားတဦကပြောသည်။
''မြန်မာနိုင်ငံမှာက အလုပ်လက်မဲ့တွေပေါ်လာတယ်..ရှိတဲ့အလုပ်ကလည်း မဖူလုံတော့ ဒီဘက်(မီဇိုရမ်)ကိုထွက်လာကြတဲ့ သူတွေက ပိုပိုများလာတယ်၊ ဆိုတော့ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်းထိဘဲ သွားလာခွင့် ပေးတော့မယ်ဆိုတဲ့ဟာကို အမှန်တကယ် အကောင်အထည်ဖော်လိုက်မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံသားတွေကတော့ ဒုက္ခပိုကြုံရဦးမှာဘဲ''ဟု သူကပြောသည်။
__._,_.___
Recent Activity:
.


ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 19, 2011

ဘော်လုံးအပြောင်းအရွှေ့သတင်းများထွက်ပေါ်



ဒီမီတာဘာဘာတော့ဗ်၏ အပြောင်းအရွှေ့သတင်းများထွက်ပေါ် 

စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေ 




မန်ချက်စတာယူနိုက်တက် ရှေ့တန်းသမား ဒီမီတာ ဘာဘာတော့ဗ်သည် အသင်းဟောင်း တော့တင်ဟမ် ဟော့စပါးသို့ ပြန်ရန်ပြင်နေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ ဘာဘာတော့ဗ်သည် ယခုဘောလုံးရာသီတွင် အသင်းအတွက် ဂိုးများစွာ သွင်းခဲ့သော်လည်း ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ၀ိန်းရွန်နီတို့နောက် အရန်အဖြစ်သာ ပါဝင်ခဲ့ရသည်။ ၎င်းသည် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း (၁)နှစ်မျှသာ ကျန်တော့ရာ စပါးက တကျော့ပြန် စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဘာဘာတော့ဗ်သည် ဘာစီလိုနာအား ရှုံးနိမ့်ခဲ့သည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အရန်အဖြစ်ပင် ပါဝင်ခွင့် မရခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုထားသော်လည်း ယူနိုက်တက်တွင် ဆက်ရှိနေမည်ဟု ဖွင့်ဟထားသည်။ အသက်(၃၀)အရွယ် အတွေ့အကြုံရင့် ကစားသမားသည် စပါးတွင် (၂)ရာသီအတွင်း (၄၆)ဂိုး သွင်းပေးခဲ့သည့် မှတ်တမ်းကောင်း ရှိနေခဲ့ရာ တိုက်စစ်မှူးကောင်းတစ်ဦး ရှာဖွေနေသည့် စပါးမန်နေဂျာ ဟယ်ရီရက်နပ်က မျက်စိကျနေခြင်းဖြစ်သည်။ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် စပါးကွင်းလယ်လူ လူကာမိုဒရစ်ကို စိတ်ဝင်စားလျက်ရှိရာ ဘာဘာတော့ဗ်ကို အလိုက်ပေး ကမ်းလှမ်းမှုမျိုးလည်း ဖြစ်လာဖွယ် ရှိနေသည်။ ယူနိုက်တက်တွင် ပေါလ်စခိုးလ် အနားယူသွားခြင်း၊ အိုဝင်ဟားဂရေ့ဗ်အား အလွတ်ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ခြင်းတို့အပြင် လက်ရှိအလယ်တန်း ကစားသမားများ ဖန်တီးမှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် အဆင့်မီ ကွင်းလယ်ကစားသမားများ ရှာဖွေလျက်ရှိရာ အသက်(၂၅)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင် မိုဒရစ်သည်လည်း အဓိကပစ်မှတ်တစ်ခု ဖြစ်နေသည်။ ဘာဘာတော့ဗ်အား ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်၊ အီတလီနာမည်ကြီး ဂျူဗင်းတပ်စ်နှင့် အင်္ဂလန်ကလပ် နယူးကာဆယ်လ် ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေသည်။ ဘာဘာတော့ဗ်ကို နယူးကာဆယ်လ်က ပေါင်စတာလင် (၇.၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ ၎င်း၏ငယ်ဘ၀ အားပေးခဲ့သော အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒမရှိတော့ဟု သိရှိရသည်။
Source: Goal


လူငယ်ကစာသမားနှစ်ဦးကို ခေါ်ယူရန် လီဗာပူးလ်စီစဉ် 

မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရ 




လီဗာပူးလ် အသင်းသည် အင်္ဂလန်၏ အလားအလာအရှိဆုံး သွေးသစ်လူငယ် နှစ်ဦးကို ပေါင်စတာလင် သန်း(၃၀)၀န်းကျင် အသုံးပြုပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရသည်။ အသက်(၂၀)အရွယ် ဟန်ဒါဆန်အတွက် ပေါင်စတာလင် (၁၃)သန်းဖြင့် ကနဦး ကမ်းလှမ်းထားသည်။ ဆန်းဒါးလန်းသည် ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၈)သန်း သတ်မှတ်ထားရာ လီဗာပူးလ်အနေနှင့် (၁၅)သန်းမျှထိ တိုးမြှင့်ပေးလိုက်ပါက အရောင်းအ၀ယ် ဖြစ်လာနိုင်သည်။ ဘလက်ဘန်းကလည်း (၁၉)နှစ်အရွယ် ဂျုံးစ်အတွက် ပေါင်(၁၅)သန်း ၀န်းကျင်ခန့် တောင်းဆိုမည်ဖြစ်သည်။ ဂျုံးစ်ကို လီဗာပူးလ်အပြင် တော့တင်ဟမ် ဟော့စပါးနှင့် အာစင်နယ်တို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ မန်နေဂျာ ဒဲလ်ဂလစ်ရှ်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလက အင်္ဂလန် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင်စတာလင် (၃၅)သန်းဖြင့် ၀ယ်ယူခဲ့သလို ယခုအခါတွင်လည်း အလားအလာကောင်းသော အင်္ဂလိပ် လူငယ်များကို အသင်းအတွက် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ ဒဲလ်ဂလစ်ရှ်အနေနှင့် အသင်းကို အင်္ဂလိပ် ကစားသမား အများစုဖြင့် တည်ဆောက်သွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ လီဗာပူးလ်က ချဉ်းကပ်နေသည့် ဟန်ဒါဆန်ရော၊ ဂျုံးစ်ရောသည် အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်များ ဖြစ်ကြပြီး ဥရောပ လူငယ်ချန်ပီယံရှစ်အတွက် ယခုလအတွင်း ဒိန်းမတ်သို့ သွားရောက်မည်ဖြစ်သည်။ လီဗာပူးလ်သည် ဆန်းဒါးလန်းမှ အသက်(၂၃)နှစ်အရွယ် ကွင်းလယ်အဖျက် ကစားသမား လီးကက်တာမိုးလ်၏ ဈေးနှုန်းကိုလည်း စုံမ်းမှုများ ပြုလုပ်ခဲ့သေးသည်။ ဒဲလ်ဂလစ်ရှ်သည် အသင်းကို အင်္ဂလိပ် လူငယ်များဖြင့် မွမ်းမံတည်ဆောက်ရန် စိတ်အားထက်သန်နေပြီး အသက်(၁၇)နှစ်ရှိ ဂျက်ရော်ဘင်ဆန်၊ အသက်(၁၈)နှစ်အရွယ် ဂျွန်ဖလာနာဂန်၊ (၂၁)နှစ်ရှိ မာတင်ကယ်လီနှင့် (၂၂)နှစ်အရွယ် ဂျေးပစီယာရင်းတို့ကို ပထမအသင်းတွင် အခွင့်အရေးပေး ပွဲထွက်စေခဲ့ပြီးဖြစ်သည်။
Source: DailyMail


ဘလက်ဘန်းခံစစ်မှူး ဖီးလ်ဂျုံးစ် အသင်းမှထွက်ခွာဖွယ်ရှိ 

ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆို 




ဘလက်ဘန်းရိုဗာစ် အသင်းမှ ထွက်ခွာရန် ဖီးလ်ဂျုံးစ်က အတည်ပြု ဆွေးနွေးနေမှုသည် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ အာစင်နယ်နှင့် လီဗာပူးလ်တို့အတွက် တပ်လှန့်မှု ဖြစ်လာခဲ့သည်။ လျင်မြန်စွာ တိုးတက်လာနေသော အင်္ဂလန် လူငယ်ခံစစ်မှူးသည် အီးဝုဒ်ပါ့ခ် ကွင်းကြီးမှ ယခုနွေရာသီတွင် ထွက်ခွာဖွယ် ရှိနေကြောင်း  သတင်းများကဆိုသည်။ အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်သည် ဘလက်ဘန်း မန်နေဂျာ စတိဗ်ကိန်းနှင့် မူအားဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆိုသည်။ အသက် (၁၉)နှစ်ရှိ ဗဟိုနောက်ခံလူကို မန်ချက်စတာမြို့ခံ ကလပ်များက စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နှင့် အာစင်နယ်တို့က ပိုမိုနီးကပ်စွာ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိသည်။ ဇန်န၀ါရီလအတွင်းက ဘလက်ဘန်းသည် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဂျုံးစ်အတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ပေါင်(၁၅)သန်းမျှ ပေါက်ဈေးရှိသော ဂျုံးစ်အား အသင်းများစွာက စိတ်ဝင်စားနေခြင်းကြောင့် ဘလက်ဘန်းက ပေါင်(၁၈)သန်းအောက်ဖြင့် ရောင်းမည်မဟုတ်ဟု ကြေညာထားသည်။ ခရိုအေးရှား တိုက်စစ်မှူး နီကိုလာ ကာလီနစ်သည်လည်း (၂)ရာသီ ကစားပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ဘလက်ဘန်းက စိတ်ပျက်နေပြီး ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Source: DailyMail



အက်ရှ်လေယန်းကို မန်ယူ စာချုပ်ခေါ်ယူတော့မည် 




မန်ချက်စတာ ယူနိုက်တက် အသင်းသည် အက်ရှ်လေယန်းအား အပြီးသတ် ခေါ်ယူစာချုပ်နိုင်တော့မည်ဟု သိရသည်။ လီဗာပူးလ်အသင်းနှင့်အပြိုင် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် စိတ်ဝင်စားခဲ့သည့် ယန်းသည် ယခုအခါ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင်စတာလင် သန်း(၂၀)၀န်းကျင်ဖြင့် ပြောင်းရွှေ့တော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ယန်းသည် ယူနိုက်တက်နှင့် လာမည့် (၄၈)နာရီအတွင်း အပြီးသတ် စာချုပ်မည်ဖြစ်သည်။ အက်စ်တန်ဗီလာ အသင်းသည် ယန်းအား စာချုပ်သက်တမ်းတိုးရန် ကြိုးစားခဲ့သော်လည်း ကစားသမားက ပယ်ချခဲ့သည်။ ထို့ကြောင့်လည်း စာချုပ်သက်တမ်း (၁၂)လသာ ကျန်တော့သည့် ယန်းကို ရောင်းချခဲ့ခြင်းဖြစ်သည်။

(ယူရို၂၀၁၂ ခြေစစ်ပွဲအဖြစ် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့်
အင်္ဂလန် ၂ - ၂ ဆွစ်ဇာလန် ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူအပြီး ကစားဖော်များနှင့် အောင်ပွဲခံနေသည့်
အက်ရှ်လေယန်း။ အက်ရှ်လေယန်း၏ ချေပဂိုးကြောင့် အင်္ဂလန်အသင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်)
ယန်းသည် (၂၀၀၇)ခုနှစ်၊ ဇန်န၀ါရီလက ၀တ်ဖို့ဒ်မှ ဗီလာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုအခါ ယူနိုက်တက်နှင့် (၄)နှစ် စာချုပ်မည်ဖြစ်သည်။ ဗီလာတွင် (၁၉၃)ပွဲ ကစားပြီး (၃၉)ဂိုး သွင်းထားသော ယန်းသည် အင်္ဂလန် လက်ရွေးစင်အတွက် (၁၅)ပွဲကစားကာ (၂)ဂိုးသွင်းပေးထားသည်။ တောင်ပံတိုက်စစ်နှင့် နောက်ချန်တိုက်စစ်များတွင် အကောင်းဆုံး ကစားနိုင်သည့် ယန်းအား အသင်းမှ အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီဖြစ်သော ရိုင်ယန်ဂစ်နေရာ အစားထိုးရန် ဆာဖာဂူဆန်က ရည်ရွယ်ထားသည်။ ယန်းကို ယူနိုက်တက်အပြင် လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့ကလည်း ကြိုးပမ်းခဲ့သေးသည့်တိုင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် ချန်ပီယံ ကလပ်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယန်းရောက်ရှိလာခြင်းကြောင့် ယူနိုက်တက်မှ လူးဝစ်နာနီ ထွက်ခွာဖွယ်ရှိကြောင်း သတင်းအချို့လည်း ထွက်ပေါ်လာသည်။ ပေါ်တူဂီ လက်ရွေးစင် နာနီကို အီတလီကလပ် ဂျူဗင်းတပ်စ်နှင့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်တို့က အလိုရှိနေကြသည်။ ဆာဖာဂူဆန်သည် ယန်း၏ မြန်နှုန်းမြင့်ပြီး ဘက်စုံရသော အရည်အသွေးကို နှစ်သက်လျက်ရှိပြီး ၎င်းအား နောက်ချန်တိုက်စစ်မှူးအဖြစ် အဓိက အသုံးပြုသွားဖွယ် ရှိနေကြောင်း သိရသည်။
Source: ESPN, Wikipedia
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဥရောပ ချန်ပီယံဆုကို

စပိန်ကလပ်နှစ်သင်းက ဥရောပ ချန်ပီယံဆုကို ၁၃ကြိမ်ရရှိ  
 အောင်ဝင်း
      အတွဲ ၂၆ ၊  အမှတ် ၅၂၀   ( ၃-၉ ၊ ၆ ၊  ၂၀၁၁)
မန်ချက်စတာယူနိုက်တက်ကို မေ ၂၈ရက်က ၀င်ဘလေကွင်းတွင် ၃-၁ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော ဘာစီလိုနာ၏ ချန်ပီယံလိဂ် အောင် မြင်မှုက ဘောလုံးသမိုင်းတွင် သူတို့ကိုအကြီးကျယ်ဆုံးစာရင်းဝင်ဖြစ်စေခဲ့သည်။
ဇာဗီ၊ အင်နီယေစတာနှင့် ကမ္ဘာ့ အကောင်း ဆုံးဆုရ မက်ဆီတို့၏ အပေး              အယူ၊ အလိမ်အလှည့်၊ လွန်းထိုး              ယှက်သွယ်ကစားပုံများက တစ်ကမ္ဘာလုံး              မှ ပရိသတ်များကို ပျော်ရွှင်အားရ ကြည့်မ၀ဖြစ်စေခဲ့သည်။ နည်းပြဂွာဒီယို              လာမှာလည်း ၂၀၀၈ ခုနှစ်တွင် သူစတင်              တာဝန်ယူချိန်မှစ၍ အထင်ကရချန်ပီယံ              ဖလား ၁၀ ဆုကို ယခုအခါရရှိပြီးပေပြီ။              ယခုအချိန်အထိ ဥရောပချန်ပီယံဆု ရရှိပြီးသော စပိန်ကလပ်နှစ်သင်းသာ ရှိရာတွင် ရီးယဲလ်မက်ဒရစ်က ကိုးကြိမ်              ဖြင့် အအောင်မြင်ဆုံးစံချိန်တင်ထား သည်။
ဘာစီလိုနာက ယခုနှစ်တွင် လေးကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် စပိန်ကလပ်တစ်ခုက              ဥရောပချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။             
ဥရောပချန်ပီယံကလပ်များ              ၉ ကြိမ် - ရီးယဲလ်မက်ဒရစ်(၁၉၅၆၊    ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊  ၁၉၆၀၊  ၁၉၆၆၊ ၁၉၉၈၊၂၀၀၀၊ ၂၀၀၂)             
၇ ကြိမ် - အေစီမီလန် (၁၉၆၃၊              ၁၉၆၉၊ ၁၉၈၉၊ ၁၉၉၀၊     ၁၉၉၄၊ ၂၀၀၃၊ ၂၀၀၇)             
၅ ကြိမ် - လီဗာပူး (၁၉၇၆၊ ၁၉၇၈၊              ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅၊)             
၎ ကြိမ် - ဘာစီလိုနာ (၁၉၉၂၊              ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁)             
၎ ကြိမ် - ဘိုင်ယန်မြူးနစ်              (၁၉၇၄၊ ၁၉၇၅၊၁၉၇၆၊               ၂၀၀၁)             
၎ ကြိမ် - အေဂျက် (၁၉၇၁၊     ၁၉၇၂၊ ၁၉၇၃၊ ၁၉၉၅)             
၃ ကြိမ် - အင်တာမီလန် (၁၉၆၄၊              ၁၉၆၅၊ ၂၀၁၀)             
၃ ကြိမ် - မန်ယူ (၁၉၆၈၊ ၁၉၉၉၊     ၂၀၀၈)             
၂ ကြိမ် - ဘင်ဖီကာ (၁၉၆၁၊ ၁၉၆၂)             
၂ ကြိမ် - ဂျူဗင်တပ်(၁၉၈၅၊ ၁၉၉၆)             
၂ ကြိမ် - နော့တင်ဟမ်ဖောရက်(၁၉၇၉၊ ၁၉၈၀)             
၂ ကြိမ် - ပေါ်တို (၁၉၈၇၊ ၂၀၀၄)

 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, June 18, 2011

သတင်းလေးတွေ

ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်

PDF

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။

The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။

 

အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။

 

ဥပမာ၊ ဆိုက်ဘာ အမှောင်လောကမှာ Cumbajohnny ဆိုပြီး လူသိများတဲ့ အဲလ်ဘတ် ဂွန်ဇာလဇ် ဆိုရင် နယူးယော့ခ် ဘဏ်စက်တစ်ခုမှ ငွေများစွာ ခိုးယူမှုနဲ့ ထောင်ကျခဲ့ပြီး၊ ယခု FBI အတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ လူငယ် ဖြစ်သည်။ ဂွန်ဇာလဇ် ကို လစာအဖြစ်  တစ်နှစ် ဒေါ်လာ ၇၅,၀၀၀ လျှို့ဝှက်ပေးသည်။

 

တရားဝင်အားဖြင့် FBI အေးဂျင့်များက The Guardian မှ ဖော်ပြတဲ့ ဟတ်ကာများ အသုံးပြုမှု သတင်းကို ဝေဖန်ချက်မပေးပါ။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက FBI အေးဂျင့်တွေဟာ အမေရိကန် ရှေ့နေချုပ်ရဲ့ လမ်းညွှန်မှုအောက်တွင်သာ ဥပဒေကို လိုက်နာ ဆောင်ရွက်ကြကြောင်း ပြောသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် The Guardian ဗြိတိသျှ သတင်းစာကတော့ ဟတ်ကာ ဝိဇ္ဇာများအနေဖြင့် အမေရိကန် FBI နှင့်ဆက်သွယ်ရင် အလုပ်ကိုင်ကောင်း ရရှိနိုင်ကြောင်း သတင်းပါးခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်း

Source: The Guardian

ကမ္ဘာ့ စစ်ရေး အသုံးစရိတ် အမြင့်ဆုံး နိုင်ငံများ


မကြာခင် ရက်ပိုင်းက 'ပထမဆုံး တရုတ်လေယာဉ်တင် သင်္ဘောကြီး' အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ် ထိပ်ပိုင်းမှ ကြေငြာခဲ့သည်။ (ရုရှားလုပ် အဟောင်းကို ပြန်မွမ်းမံထားခြင်း ဖြစ်သည်)။

 

၂၀၁၀ ခုနှစ် တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၁၉ ဘီလီယံ အထိ ရှိသည်။ တရုတ်က စစ်ရေးအတွက် အဆ ၂၀၀ ရာခိုင်နှုန်း မြှင့်တင်သုံးစွဲနေပြီး၊ ၂၀၀၁ ခုနှစ်ကတည်းက ဂျီဒီပီ ၂.၁ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ပုံမှန် အသုံးပြုခဲ့သည်။

 

တရုတ် လိုပဲ အခြား ကမ္ဘာ့ နိုင်ငံ အနည်းစုကလည်း လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းအတွက် ဒေါ်လာ ဘီလီယံများစွာ အကုန်ကျခံပြီး အပြိုင်ဆောင်ရွက်နေကြသည်။

ဗြိတိန်နိုင်ငံတွင်တော့ မကြာခင်က ဘတ်ဂျက် ဗိုက်နာမှုကြောင့် ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုတွေ လုပ်ခဲ့ရသည်။ အလားတူ အမေရိကမှာလည်း စစ်ရေး အသုံးစရိတ် လျှော့ချဖို့ အချေအတင် ဆွေးနွေးနေကြသည်။

 

သို့သော် ဘယ်လောက်ပဲ ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး အသုံးစရိတ်က ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ နီးပါး ရှိခဲ့သည်။

တရုတ် အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် သာလွန်နေမြဲပင် ဖြစ်သည်။ အမေရိကန်တို့က 'မိုက်မှ ရိုက်တယ်' (Might is Right.) ဆိုတဲ့ စကားပုံကို သတိမြဲမြဲ လက်ကိုင်ထားတုန်း ဖြစ်သည်။

 

ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့် အခြားနိုင်ငံများရဲ့ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားသည်။ ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု ရာခိုင်နှုန်းကိုလည်း ဖော်ပြထားပါသည်။




မကြာခင် ရက်ပိုင်းက 'ပထမဆုံး တရုတ်လေယာဉ်တင် သင်္ဘောကြီး' အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ် ထိပ်ပိုင်းမှ ကြေငြာခဲ့သည်။ (ရုရှားလုပ် အဟောင်းကို ပြန်မွမ်းမံထားခြင်း ဖြစ်သည်)။

 

၂၀၁၀ ခုနှစ် တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၁၉ ဘီလီယံ အထိ ရှိသည်။ တရုတ်က စစ်ရေးအတွက် အဆ ၂၀၀ ရာခိုင်နှုန်း မြှင့်တင်သုံးစွဲနေပြီး၊ ၂၀၀၁ ခုနှစ်ကတည်းက ဂျီဒီပီ ၂.၁ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ပုံမှန် အသုံးပြုခဲ့သည်။

 

တရုတ် လိုပဲ အခြား ကမ္ဘာ့ နိုင်ငံ အနည်းစုကလည်း လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းအတွက် ဒေါ်လာ ဘီလီယံများစွာ အကုန်ကျခံပြီး အပြိုင်ဆောင်ရွက်နေကြသည်။

ဗြိတိန်နိုင်ငံတွင်တော့ မကြာခင်က ဘတ်ဂျက် ဗိုက်နာမှုကြောင့် ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုတွေ လုပ်ခဲ့ရသည်။ အလားတူ အမေရိကမှာလည်း စစ်ရေး အသုံးစရိတ် လျှော့ချဖို့ အချေအတင် ဆွေးနွေးနေကြသည်။

 

သို့သော် ဘယ်လောက်ပဲ ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး အသုံးစရိတ်က ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ နီးပါး ရှိခဲ့သည်။

တရုတ် အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် သာလွန်နေမြဲပင် ဖြစ်သည်။ အမေရိကန်တို့က 'မိုက်မှ ရိုက်တယ်' (Might is Right.) ဆိုတဲ့ စကားပုံကို သတိမြဲမြဲ လက်ကိုင်ထားတုန်း ဖြစ်သည်။

 

ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့် အခြားနိုင်ငံများရဲ့ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားသည်။ ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု ရာခိုင်နှုန်းကိုလည်း ဖော်ပြထားပါသည်။


အဆင်းရဲဆုံးနိုင်ငံမှ ကျော်ကြားတဲ့ သန်းကြွယ်သူဋ္ဌေးကြီးများ အကြောင်း


အဆင်းရဲဆုံးနိုင်ငံမှ ကျော်ကြားတဲ့ သန်းကြွယ်သူဋ္ဌေးကြီးများ အကြောင်း
Here is a Audio file about Myanmar Millionaires (U Tayza, U Zaw Zaw and U Nay Aung) which is broadcasted by BBC Burmese Service's Mobi-Geno Special Program. Let's listen how they become a Millionaire of Myanmar which is one of the poorest countries in the world.

This posting includes an audio/video/photo media file:( Download Now)


ယောင်္ကျားလေးများရှောင်သင့်သော မိန်းမ အမျိုးအစားများးး


၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ

၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
...
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ

၎. အသားအရည် ကြမ်းတမ်းသော မိန်းမ

၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ

၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ

၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ

၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ

၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ

၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ

၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ

၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ

၁၃. အသုံးအဖြုန်းကြီးသော မိန်းမ

၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ

၁၅. သဘောထား သေးသိမ်သော မိန်းမ

၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ

၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ

၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ

၁၉. ဟာသဥာဏ် မရှိသော မိန်းမ

၂၀. မြူဆွယ်တတ်သော မိန်းမ

၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသောမိန်းမ

၂၂. အပြောအဆို မတတ်သော မိန်းမ

၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ

၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ

၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ

၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ

၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

 

John

မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလမ်းချက် ထုတ်ပြန်


ဗုဒ္ဓဟူးနေ့၊ ဇွန်လ 15 ရက် 2011 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒရှိသူ အား ကြိုဆိုလျက်ရှိကြောင်းကြေငြာချက် အား ယနေ့ ထုတ်ပြန်လိုက်သည်။


"ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက် လာသော မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။

kio-statement
ယင်းကြေငြာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေးပြော ရေးဆိုခွင့်ရှိသူ ဒူကဘာလနန်မှ "ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။" ဟု ဆိုသည်။

ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ "မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲ့လူတွေကိုကောင်း ကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့" ဟု ပြောသည်။

ကြေငြာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရတော်လှန် နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့လျင်မြန်စွာ ရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။

 

 

 


Don't miss tonight's total lunar eclipse

Yahoo! NewsBy Gaby Leslie | Yahoo! News – 13 hours ago
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed