BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 2, 2011

ပြည်နယ် ၀န်ကြီးချုပ်က မရာ ဒေသခံများအတွက် Health and Hope ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ်ခွင့်ပြု


ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက အိန္ဒိယ – မြန်မာနယ်စပ် မရာနယ်တွင် Health and Hope ကိုယ်ထူကိုယ် ထ ဆေး ခန်းဖွင့်လှစ်ခွင့် ပြုထားကြောင်း ၄င်းအပေါ် ဒေသခံများ အထူး ၀မ်မြောက်ကြကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို အာမေးနီးယားနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ချင်းလူငယ် ဒေါက်တာ ဆာဆာက ဦးဆောင်သွားမှာဖြစ် ကြောင်း ဒေါက်တာဆာဆာသည် ယခုလက်ရှိ အိန္ဒိယ- မြန်မာ နယ်စပ်တနေရာတွင် ချင်းလူငယ် ၃၀၀ နီးပါး အား အခြေခံ ကျန်းမာရေးသင်တန်း၊ ကွန်ပြူတာ အခြေခံပညာများကို ပို့ချနေကြောင်းသိရသည်။
" ၀န်ကြီးချုပ်နှင့် ၀န်ကြီးတွေက ဒေသခံ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမေတ္တာပါ၊ ဘုရားသခင်က လူထု ဆု တောင်းသံကို နားညောင်းတယ်လို့လည်း ပြောချင်တယ်" ဟု ဒေါက်တာဆာဆာက ပြောသည်။
မရာ ဒေသခံလူကြီးတချို့ နှင့် ဒေါက်တာ ဆာဆာ ရဲ့ အဖေ ဦး အေဘီ (တရားဟောဆရာ) တို့က ဇွန်လ နောက်ဆုံး ပတ်အတွင်း ချင်း ပြည်နယ် ဟားခါးမြို့သို့သွားရောက်ကာ ပြည်နယ် ၀န်ကြီးချုပ် နှင့် သက်ဆိုင်ရာ ၀န်ကြီးများ ထံ တောင်း ဆိုခဲ့ရာမှ ယခုကဲ့ သို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" မတူပီမြို့နယ် မရာဒေသ လိုင်လင်းပီရွာမှာ Health and Hope ကိုယ်ထူကိုယ်ထ ဆေးခန်းကို ဖွင့်ဖို့  ၀န်ကြီး တွေက ခွင့်ပြုလိုက် တယ်၊ဒေါကတာဆာဆာကိုလည်း အမြန်ဆုံးခေါ်ယူကြဖို့လည်း ၀န်ကြီးချုပ်က ပြောတယ်၊ အင်မတန်ဝမ်း သာစရာပဲ" ဟု မရာ ဒေသခံ လူကြီးတဦးက ပြောသည်။
Health and Hope ဆေးခန်းကို ယခု ဖွင့်လှစ်မည့် လိုင်းလင်းပီရွာ နှင့် ယခုလက်ရှိနယ်စပ်တွင်ဖွင့်လှစ်နေသည့် ဆေးခန်း ဆိုပြီး ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်သည်ဟု ပြောကြသည်။

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပြည်ပသတင်းဌာန နှင့် ဆက်သွယ်သည့် လွတ်တော်ကိုယ်စား လှယ် တွေကို ဖြုတ်ချမယ်

ပြည်ပ သတင်းဌာန နှင့် ဖုန်း၊ အင်တာနက်အားဖြင့် သတင်းပေးဆက်သွယ်သည့် ချင်းပြည်နယ် ပြည်နယ် ကိုယ်စားလှယ်တွေကို တရားစွဲပြီး ငွေဒါဏ် ကျပ်ငွေ တသိန်း နှင့် အတူ ထောင်ဒါဏ် တနှစ် သို့မဟုတ် ကိုယ် စားလှယ် အဖြစ်မှ ဖြုတ်ချမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က  ပြောသည်ဟု သတင်းရရှိသည်။
" လူထုက ရွေးချယ်တဲ့ကိုယ်စားလှယ်တွေကို ၀န်ကြီးချုပ်က ဖြုတ်ချတယ်ဆိုတာက ဒါ အာဏာရှင်လုပ်ရပ်ပဲ" ဟု ချင်းပြည်နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးက ပြောသည်။
နှစ်ရက်တာ ဇွန်လ ၂၉ – ၃၀ အကြား နှစ်ရက်တာ ကျင်းပသည် ပြည်နယ်အထူး လွတ်တော် အစည်းအဝေးတွင် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက ပြည်နယ်ကိုယ်စားလှယ်များအား ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
" ဒီကိစ္စက အစည်းအဝေးအဆိုလည်းမဟုတ်ဘူး၊ တခြားပြည်နယ်မှာလည်း မကျင့်သုံးဘူး၊ ချင်းပြည်နယ် အ တွက်သာ အကျုံးဝင်တယ်လို့ ၀န်ကြီးချုပ်က ပြောတယ်လို့ သိရတယ် " ဟု ၀န်ကြီးရုံး ၀န်ထမ်း တဦးက ပြော သည်။
ထို့အပြင် အစည်းအဝေးတွင် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်တွေက ၀န်ကြီး ၈ နေရာမှ ၉ နေရာ ထားရှိပေးရန်တောင်းဆိုသော်လည်း နိုင်ငံတော်သမ္မတက ၀န်ကြီး ၈ ဦးသာခန့်ထားခွင့် ပေး ထားတဲ့အတွက် မဖြစ်နိုင်ကြောင်း သို့သော်  မှတ်တမ်း တင်ပေးမည်ဟု သာ လက်ရှိအာဏာရပါတီဖက်မှ တုံ့ ပြန်ကြောင်း သိရသည်။
" ကိုယ်စားလှယ် ခရီးစရိတ်၊ နေ့တွက်စရိတ်တွေတောင် သူတို့တင်သလောက်ထုတ်မပေးဘူးလို့ကြားရတာပဲ"  ဟု ဟားခါးမြို့နယ် ယူအက်စ်ဒီပီ ပါတီခေါင်း ဆောင် တဦးက ပြောသည်။
ခရီးစရိတ်အပါအ၀င် တခြားကိစ္စတွေအတွက် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီ ကိုယ်စားလှယ် တွေ က ဗဟိုအစိုးရ ထံ သို့ တင်ပြရန် စီစဉ်နေကြောင်းလည်း ပြောကြသည်။
နှစ်ရက်တာ ပြည်နယ်လွတ်တော်အထူး အစည်းအဝေးရလဒ်နှင့် ပါတ်သက်ပြီး လက်ရှိအာဏာရယူအက်စ်ဒီပီ ပါတီနှင့် ချင်း ပါတီများအကြား ဆက်ဆံရေး ပိုမိုဆိုးဝါးလာဘွယ်ရှိကြောင်းလည်းပြောဆိုနေကြသည်။
ဗိုလ်မှူးချူပ် ဟုန်းငိုင်သည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မဲဆန္ဒနယ် အမှတ် (၂) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ အရွေးခံခြင်းဖြစ်ပြီး ချင်းပြည်နယ် ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှ ပြည်နယ်ဝန်ကြီးအဖြစ် အရွေးခံသူဖြစ်သည်။


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 30, 2011

ပို့ပြီးသား အီးမေးလ်ကို ပြန်ပြင်မယ်။

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပျော်ကြရအောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 28, 2011

အဖေများနေ့ အမှတ်တရ မိဘဂုဏ်ဟူသည်..





kyawzinhein

အဖေများနေ့ အမှတ်တရ မိဘဂုဏ်ဟူသည်..






အမိ၊ အဖ မရှိဘဲ လူသားဟူ၍ ဖြစ်ပေါ်မလာနိုင်ပါ။ အမိ၊ အဖတို့၏ သွေးသားဖြင့် တည်ဆောက်မှသာ သားဟူ၍လည်းကောင်း၊ သမီးဟူ၍လည်းကောင်း ပညတ်အပ်သော လူသားကို မွေးဖွားလာရ ပါသည်။ အမိ၊ အဖတို့၏ မေတ္တာရင်ခွင်ဝယ် ``ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်´´ လူဖြစ်ရသော ကျွန်တော်တို့အဖို့ မိဘတို့၏ ကျေးဇူးတရားကား ပေးဆပ်၍ မကုန်နိုင်အောင် ကြီးမားလှ ပါပေ၏။ ငယ်စဉ်တောင်ကျေးမှ လူလားမြောက်သည်အထိ ကျွန်တော်တို့အပေါ် ကျွေးမွေးသုတ်သင် ပြုစု စောင့်ရှောက်ခဲ့ကြသော မိဘတို့၏ ဂုဏ်ကျေးဇူးကား အနန္တအဆုံးအစမရှိချေတော့ပြီတကား။

ကျေးဇူးဆိုသည်မှာ ``မိမိအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် အကျိုးရှိစေအောင် ဖေးမကူညီဆောင်ရွက်ပေးခြင်းဖြင့် ရရှိအပ်သော ကောင်းကျိုးခံစားရခြင်းပင် ဖြစ်ပါသည်။´´ မိဘတို့ သည်ကား ကျွန်တော်တို့ သားသမီးအပေါ် ကောင်းကျိုးလိုလားသူများသာ ဖြစ်ပါပေသည်။ ဘယ်မိဘ ကမျှ သားသမီးတို့အပေါ် ၀န်တိုသောစိတ်ဖြင့်မွေးမြူခြင်းမပြုခဲ့သည်မှာ ထင်ရှားလှပါသည်။ မိမိ ရင်ဝယ် စွဲလာကပ်ညိ ပဋိသန္ဓေတည်နေသည်မှစ၍ ပူ၊ ငန်၊ စပ်၊ ခါး ရှောင်ရှားကာ ဒုက္ခမျိုးစုံခံစားပြီး မွေးမြူစောင့်ရှောက်ခဲ့ရပါသည်။

အဖမှာလည်း မိမိသွေးစစ်သားသမီးရင်နှစ်ကို အောင်မြင်ကြီးထွား မွေးဖွားနိုင်ရေးအတွက် ကြောင့်ကြလုံ့လ စိုက်ထုတ်ခဲ့ရပါသည်။ မွေးလာမည့် သားလေလား၊ သမီး လေလား မသိရသေးသည့် ရင်သွေးအတွက် မကြောင့်ကြရအောင် ဥစ္စာစီးပွား ကြိုးစားရှာဖွေခဲ့ ရပါသည်။ မွေးဖို့စရိတ်၊ ကျွေးဖို့စရိတ်၊ စောင့်ရှောက်ဖို့စရိတ် စသည်ဖြင့် ထွေပြားလှပါသည်။ ဖ၀ါးလက်နှစ်လုံးမှသည် လူလားမြောက်သည်အထိဆိုလျှင် မည်မျှတာဝန်ယူ ပြုစုလုပ်ကျွေးခဲ့ ရသည်ကို စာဖြင့် ဖော်ပြနိုင်စွမ်းပင် မရှိတော့ပါ။

ထို့ကြောင့်ပင် နှစ်ဦးသော ပုဂ္ဂိုလ်ဖြစ်သည့် အမိ၊ အဖတို့၏ ကျေးဇူးကို အလွယ်တကူဆပ်၍ မကုန်နိုင်´´ဟူ၍ ဟောညွှန်ပြသဆုံးမခဲ့သည်ကို သိမှတ်ခဲ့ရပါသည်။ ``လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင်ဖ´´ဆိုသည့်အတိုင်း သား၊ သမီးတို့အား
ွ ကလေးဘ၀ကပင် ဆုံးမသွန်သင် လူကောင်းလူမွန်ဖြစ်အောင် ပြုစုခဲ့ကြရပါသည်။ ကျောင်းထားရမည့် အရွယ်ရောက် လျှင်ပင် မူကြိုမှသည် တက္ကသိုလ် ပညာတတ်ကြီးဖြစ်သည်အထိ ရည်မှန်းချက်ကြီးစွာဖြင့် ပညာသင် စေခဲ့ရသည်။

ပညာသင်စရိတ်၊ အိမ်ထောင်မှု။ စားဝတ်နေမှုစရိတ် အထွေထွေကို ဖခင်ရော မိခင်ပါ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ပင်ပန်းကြီးစွာ ရှာဖွေခဲ့ကြရသည်။ သား၊ သမီးတို့ ``ဆင်စီးပြီး မြင်းရံ´´တင့်တယ်စွာ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရသည်မှာ တမောပါတည်း။ မိဘတို့မှာ သားသမီးတို့အပေါ် မခန်းနိုင်သော မေတ္တာရေအလျဉ်ဖြင့် ထာဝစဉ်စီးဆင်းလျက် အေးမြသောမေတ္တာကို ပေးစွမ်းနိုင်သူများပင် ဖြစ်ပါသည်။

မိဘတို့၏ ဂုဏ်ကျေးဇူးများကို သိမှတ်ရသမျှ ဖော်ထုတ်တင်ပြရပါက မိဘတို့၏ ကျေးဇူးဂုဏ် ၁၂ပါးရှိကြောင်း

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတတော်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

အထက်ပါစာသားများ၏အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍

သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း
ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင်

စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင်
ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်
၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ
ဟုခေါ်သည်။



မိဘမရှိမှ ပြုစုလုပ်ကျွေးချင်၍ မရနိုင်ပါ။ ခွင့်သာခိုက်တွင် အမိုက်တင်မကျန်စေရအောင် စွမ်းနိုင်ရာက ပြုစုလုပ်ကျွေးကြရမည်မှာ သားသမီး များ၏ တာဝန်ပင် ဖြစ်ပါသည်။သား၊ သမီးတို့က မိဘတို့ကို ပြုစုလုပ်ကျွေးရုံသာမက ``သဒ္ဓါတရားချို့တဲ့သော အမိတို့အား သဒ္ဓါတရားရှိအောင် တိုက်တွန်းခြင်း၊ သီလ တရားအားနည်းသော အမိအဖတို့အား သီလတရား စောင့်ထိန်းနိုင်အောင် ဘုရားကျောင်းကန်သို့ လိုက်ပို့၍ တရားဘာဝနာပွားများစေခြင်း၊ နှမြောတွန့်တို တတ်သော မိဘတို့အား လှူဒါန်း၊ ပေးကမ်းစွန့်ကြဲလိုစိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းခြင်း၊ လောကုတ္တရာပညာအားနည်းသော မိဘများအာ ၀ိပဿနာပညာအထိ ဖြစ်ထွန်းစေရန် တရား အားထုတ်စေခြင်းဖြင့် မိဘတို့အား လောကုတ္တရာခရီးလမ်းဖြောင့်တန်းစေရေးအတွက် ဆောင်ရွက် ပေးကြရပါမည်။ ဤသည်မှာ ``ကျေးဇူးကြီးလှ မိနှင့်ဖတို့၏ ကျေးဇူးကိုဆပ်ရာ ရောက်ပါသည်။ အမွန်မြတ်ဆုံးသော ကျေးဇူးဆပ်ခြင်းသည်လည်း ဖြစ်ပါပေသည်။
            ကျွန်တော်တို့သည် ငယ်စဉ်မှသည် အရွယ်ရောက်သည်အထိ မိဘတို့အပေါ် နွဲ့ခဲ့၊ ဆိုးခဲ့၊ မိုက်ခဲ့ သည်များ ရှိခဲ့ကြပါသည်။ သား၊ သမီးတို့အပေါ် မေတ္တာစိတ်ဖြင့် အမြဲ ခွင့်လွှတ် ပေးလျက်ရှိသော မိဘ ကျေးဇူးကား ကြီးမားလှပါသည်။ အေးမြသန့်စင်လှသော မိဘရိပ်ကို ခိုလှုံခွင့်ရခိုက် ``ကျေးဇူးကြီးလှ မိနှင့်ဖ´´တို့၏ အနှိုင်းမဲ့ဂုဏ် ကျေးဇူးကို
ပေးဆပ်ကြပါကုန်စို့ဟု နှိုးဆောက်တိုက်တွန်းလိုပါတယ် ။

်  kyawzinhein အဖေနေ့ အမှတ်တရရေးသားခြင်းကိုပြန်လည်ဝေမျှလိုက်တာပါ


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မစ်ရှဲလ်ယိုး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ


 

 

By ဗွီအိုအေ (မြန်မာဌာန)
 
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာပြည်ကိုအလာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ၀င်ရောက်ခွင့် မပြုဘဲ ပြန်ခိုင်းလိုက်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် မလေးရှားနိုင်ငံသူ နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးဟာ The Lady လို့ နာမည်ပေးထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် ရိုက်ကူးနေတာပါ။
သူ့ကို မြန်မာအစိုးရက မြန်မာပြည်ဝင်ခွင့် မပေးရမယ့် သူများစာရင်း Black List မှာ ထည့်သွင်းထားတာကြောင့် ၀င်ခွင့်မပြုတာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
မစ်ရှဲလ်ယိုးဟာ ဇွန်လ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က မြန်မာပြည်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှဲလ်ယိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
မစ်ရှဲလ်ယိုးဟာ မလေးရှားနိုင်ငံရဲ့ စံပြ အလှမယ်တဦးဖြစ်ပြီး Crouching Tiger, Hidden Dragon၊ Memoirs of Geisha နဲ့ ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်လမ်း Tomorrow Never Dies ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
__._,_.___
Recent Activity:
.

__,_._

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed