BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, July 10, 2011

Recovery အကောင်းဆုံးလေး

 


တကယ်ကိုကောင်းမွန်လှတဲ့ Software လေးပါ..ဒီ software လေးက ကျွန်တော်ရဲ့ 2နှစ်လောက်ရှိပြီး.ဘယ်လိုမှ recovery လုပ်လို့မရတဲ့ file တွေကို recovery လိုက်ပေးပါတယ်.
၁) Format လုပ်ပြီးသား file တွေကိုလုပ်ပေးတယ်.
၂) Raw ဖြစ်သွားတဲ့ file တွေကိုလဲလုပ်ပေးတယ်..ဒီဟာက ဘယ်မှာသုံးလဲဆိုတော့.. format လုပ်ပြီးသား ကို recovery လုပ်တဲ့အခါမှာ.သူကမေးပါတယ်.နောက်ဆုံးသုံးခဲ့တဲ့ file system ကဘာလဲဆိုပြီးမေးတဲ့အခု..ကိုယ်က NTFS ကိုပေးရင်လဲမဟုတ်ဘူး၊FAT လဲ.မဟုတ်ဘူး၊FAT32 မဟုတ်ဘူး.ဆိုပြီး...ဖြစ်တက်ပါတယ်.ဒါက Raw file system ဆိုပြီး..ဘာမှကိုလုပ်လို့မရတော့တဲ့ usb,hardisk တွေကိုလဲ recovery လုပ်ပေးတဲ့အပြင်
၃) Delete လုပ်လိုက်မိတဲ့ file တွေကိုလဲ recovery လုပ်ပေးပါတယ်.
၎) Advanced Recovery ဆိုပြီးတော့လဲပါသေးတယ်.
၅) Recovery သက်သက်မဟုတ်ဘဲ.. File Repair ဆိုပြီး
Excel,Access,Zip,Powerpoint,Word စတဲ့ File format တွေအတွက်လဲပါဝင်တယ်.
၆) Disk Diagnostics  စတဲ့ Drive Tests,Size Manage,Data Advisor,Partition စတဲ့များပြားအသုံးဝင်လှတဲ့ Software တွေကိုစုစည်းထားတဲ့ Easy Recovery Professional ဖြစ်ပါတယ်..ဒီအပြင် Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေဟေမယ်.လို့မျှော်လင့်ပါတယ်..

DOWNLOAD FROM MEDIAFIRE (15.97MB)
DOWNLOAD FROM ifile.it 


ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို Internet မှ တိုက်ရိုက်ရယူနိုင်ပါပြီ။



Kaspersky Antivirus နဲ့ရင်းနှီးသူတိုင်း Kaspersky Antivirus 2007 အထိသာ အင်တာနက်မှတစ်ဆင့်
Download ချယူနိုင်တယ်ဆိုတာသိပါတယ်။ Kaspersky Antivirus 2010,2011နှင့်2012 Update များကိုတော့
အင်တာနက်မှတစ်ဆင့် ဒါရိုက်ရယူလို့မရနိုင်ပါဘူး။အဲဒီအတွက် Kaspersky Software မှတစ်ဆင့်ဖြစ်စေ၊
အင်တာနက်ရှိသော ဆိုင်များမှဖြစ်စေ ၀ယ်ယူသုံးစွဲနေကြရပါတယ်။အဲဒီနှစ်ခုလုံးက အချိန်နှင့်ငွေးကြေးပါ
နှစ်ခုလုံးကုန်ကျနိုင်ပါတယ်။ဒါပေမယ့် နည်းပညာရဲ့တီထွင်မှုက အဲဒီအခက်အခဲတွေကိုဖြေရှင်းပေးလိုက်ပါ
ပြီ..အဲဒါကတော့ Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို တိုက်ရိုက်ရယူနိုင်မယ့် Websiteတစ်ခုပေါ်ထွက်လာလို့ပါ။ Website ပေါ်ထွက်လာတာလဲ နည်းနည်းကြာပြီဖြစ်သလို.ကျွန်တော် ဒီပိုစ့်လေးကိုရေးသားထားတဲ့အချိန်ကလည်းကြာနေပါပြီ..အဲဒီအတွက်…မသိသောသူများရှိသလို..သိသောသ
ူများကလည်း နားလည်ခွင့်လွှတ်ပေးကြပါ။ဘာလို့လဲဆိုတော့ အခုလိုပိုစ့်တွေကို တစ်လောကမှ မျှဝေခွင့်ရခဲ့လို့ပါ။ကဲ…. Update ဖိုင်အရွယ်အစားကတော့ 200MB လောက်တော့ရှိတယ်.ပုံမှန်ပါဘဲ.ဒေါင်းရင်.နာရီဝက်ကျော်
လောက်တော့ကြာပါမယ်.။ ကဲ့..အောက်ကပေးထားတဲ့ Website မှာ သက်ဆိုင်ရာ Updateများကို ဒေါင်းယူ
နိုင်ပါပြီခင်ဗျာ။

To Download Click Here!



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 8, 2011

SlideShow များ ပြုလုပ်ခြင်း


slideshow ပြုလုပ်ပုံလေးများ မသိသေးသူများ အတွက် တင်ပြပေးလိုက်ပါတယ်...
slideshow ပြုလုပ်ပုံတွေဟာ တစ်ဦး နှင့် တစ်ဦး တူချင်မှ တူမည်၊ ပြုလုပ်သော ဆိုဒ်များ နှင့် DVD ဆော့ဝဲလ် များလည်း တူချင်မှ တူမည်။ သို့သော ထိုထို ထဲမှ မျိုးက
လက်ရှိ အသုံးပြု အများဆုံးဖြစ်တဲ့ slideshow ပြုလုပ်ပုံ တင်ပြပေးပါ့မယ်...

(၁)။ http://www.slide.com/
ကို ကလစ် ပြီး အကောင့်ဖောက်ပါ..
အကောင့်ဖောက်ပြီးလျှင် ဒီလိုပုံလေးတွေ့ ရပါလိမ့်မယ်...



Click to make your first slideshow! ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်ပါ...
အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ်....




Preset Designs: နေရာမှ ဒီဇိုင်းလေးများကို မိမိစိတ်ကြိုက် ရွေးချယ်ပေးလိုက်ပါ...ပြီးလျှင် အောက်သို့ ဆက်သွားပါ...
Browse ကိုကလစ်ပေးပြီး မိမိ ကွန်ပျုတာထဲမှ စိတ်ကြိုက်ပုံများကို ရွေးချယ်ပေးလိုက်ပါ။ရွေးချယ်ပြီးလျင် ဘောက်စ်လေး ကျလာပါလိမ့်မယ်...
 မိမိကြိုက်နှစ်သက်သော နာမည်လေးပေးပြီး Done ကို ကလစ်ပေးလိုက်ပါ...
ထိုနည်းတူစွာပင် facebook,photobucket နှင့်အခြားနေရာမှလည်း ပုံများကို
ယူနိုင်ပါသည်။



Customize your Design: နေရာလေးမှ မိမိလိုချင်သော Slideshow ဒီဇိုင်းလေးများကိုေ၇ွးချယ်ပေးပြီး စိတ်ကြိုက်ဖြစ်လျှင် Save(get code) ကို ကလစ်ပေးလိုက်ပါ...

မိမိကြိုက်နှစ်သက်သော စလိုက်ရှိုး လိပ်စာလေးတွေ ရေးပေးလိုက်ပါ...


ပြီးလျှင် သိမ်းလိုက်သော အခါ လှပတဲ့ စလိုက်ရှိုးလေးတွေ ရရှိပြီပေါ့နော်....
Bebo ကိုကလစ်ခြင်းပဲဖြစ်ဖြစ် အခြား တစ်ခုခုကိုကလစ်ကာ HTML ကုတ်ကို ရယူလိုက်ပါ...

Share ချင်သူတွေအတွက်ကတော့ My Slide ကလစ်ကာ Share လင့်ကို ရယူလိုက်ပါ...


          ***နောက်ထပ် ၂ မျိုး လုပ်နည်းကိုလည်း ဆက်လက်တင်ပြပေးသွားပါအုံးမည်...***
 






--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 7, 2011

ဝင်းဒိုး (၇) မှာ လှလှလေး လုပ်မလား..





အခုလည်းပဲ.. မြန်မာအိုင်တီတိုးတက်ဖွံ့ဖြိုးရေးကနေ ပဲ ဖော်ပြပေးတာပါ။
http://forum.mmitd.com/ အဲဒါက အဲဒိဆိုက်ရဲ့ လိပ်စာပါ။
သည့်ထက် ပိုမိုစုံလင်စွာ သိလိုလျှင် အဲဒိဆိုက်သို့ တိုက်ရိုက် သွားရောက်လေ့လာနိုင်ပါသည်။

 ဒါက Themes လေးတွေပါ..။ Window 7 ရဲ့ Theme ပုံစံသုံးနေရတာရိုးသွားတဲ့လူတွေအတွက် Theme အသစ်အဆန်းလေးတွေ ပါ..။ အောက်မှာ ပုံနဲ့ Download လုပ်ဖို့ link နဲ့ ပေးထားပါတယ်..။

Dark Windows 7 Desktop Theme

1. Dark Windows 7 Desktop Theme Download >>

Dark Agility Windows 7 Theme
2. "Dark Agility"Theme Download >>

Extraordinary Windows 7 Design
3. Extraordinary Theme Download >>

Blue Windows 7 Desktop Theme
ဒါလေးကတော့ကျနော်လက်ရှိသုံးနေတဲ့ Theme လေးပေါ့ဟဲဟဲ..။
4. Blue Theme "Midnight"Download >>

Desaturated grey desktop Windows 7 desktop theme
5. Desaturated Grey "Dark Pearl"Download >>

Pastel Colours Desktop Theme
ဒါကတော့မိန်းကလေးတွေအကြိုက်ဖြစ်မယ်ထင်တယ်...။
6. Pastel Colors Desktop Theme "Pastelia" Download >>

Awesome Desktop Theme Iohanna
7. Amazing "Iohanna" Elegance Download >>

Red Windows 7 Theme
8. Beautiful Red Windows 7 Theme Download >>

Green Spirit Visual Style for Windows 7
9. Amazing "Green Spirit"Download >>

Purple Visual Windows 7 Style
10. "Purple Dream" Visual Style Download >>
အားလုံးပဲကျေနပ်ကြမယ်လို့ ထင်ပါတယ်..။ Theme ပုံစံပြောင်းနည်းကတော့ C:\Windows\Resources\Themes ဆိုတဲ့ထဲကို ကိုယ်ပြောင်းချင်တဲ့ Theme (Folder & .theme file) ကို Copy ကူးထည့်ပါပြီးရင် .theme file ကို double click နှိပ်လိုက်ပါ ပြီးရင်ခနစောင့်ပေးလိုက်ပါ..။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့ Theme ပုံစံရသွားပါပြီ..။ အဆင်ပြေကြပါစေ..။

Download Universal Theme Patcher>>
First Download Universal Theme Patcher and Run (.exe) file . Read instruction and continue to make Patch...! Window 7 (x86) will patch 3 files. If u Patched all u must restart your pc and then change theme which u wanna to change...!
Windows 7 Universal Theme Patcher 1.5 full



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကွန်ပျူတာထဲမှာ ရောင်စုံငါးလေးတွေမြင်ရအောင်လုပ်ပေးမယ် Screen Saver Software လေးပါ။





--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 6, 2011

သတင်းတိုလေးများ







နွမ်းပါးသူ ကျောက်ကပ်ဝေဒနာရှင်များ အတွက် ကျောက်ကပ်ဆေးခြင်း အခမဲ့ ပြုလုပ်နိုင်သော စင်တာကို အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်

ရန်ကုန် ၊ ဇွန် ၂၅

ဆင်းရဲနွမ်းပါးသော ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်ဆေးခြင်း ကုသမှု အခမဲ့ ခံယူနိုင်သည့် စင်တာတစ်ခုကို အင်းစိန်မြို့နယ် မင်းကြီးလမ်းနှင့် ဗဟိုလမ်း ဆုံရာ အနီးရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၏ အထွေထွေ ရောဂါကု ဆေးရုံဝင်း အတွင်း၌ ဇွန်လ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ အခြေခံ လူတန်းစား ငွေကြေးမတတ်နိုင်သူများ အတွက် အခမဲ့ ကုသပေးရန် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။

ကျောက်ကပ် မကောင်းတော့သော လူများသည် ဆေးပညာ ဝေါဟာရ အားဖြင့် Hemodialysis ခေါ် အရပ်အခေါ် ကျောက်ကပ်ဆေးခြင်းသည် ကုန်ကျစားရိတ် ကြီးမားသလို ရက်သတ္တပတ် တစ်ခုလျှင် နှစ်ကြိမ်ခန့် ပြုလုပ်ရတတ်သဖြင့် မိသားစု စီးပွားရေး၌ အထူးဝန်ပိစေသော ကုသမှု တစ်ရပ်ဖြစ်ပြီး ဆေးရုံတိုင်းတွင်လည်း ပြုလုပ်၍ မရနိုင်ကြောင်း၊ တရုတ်တိုင်ပေမှ ဗုဒ္ဓသာသနာပြု Tzu Chi အဖွဲ့မှ လှူဒါန်းသော တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ တန် ကျောက်ကပ်ဆေးစက် ဆယ်လုံးကို အသုံးပြုကာ USDP ပါတီမှခန့်အပ်ထားသော ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ၏ အကူအညီဖြင့် ထိုပြဿနာကို ဖြေရှင်းရန် အတွက် အခမဲ့ စင်တာတစ်ခု ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ငွေကြေးတတ်နိုင်သူများ ကိုပါ သင့်တင့်ချိုသာသော နှုန်းထားဖြင့် ၀န်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောပြခဲ့သည်။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ လက်ထက်မှ တပ်မတော်အစိုးရ၏ အရာရှိဟောင်းများ အဓိက ပါဝင်ပြီး ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲခဲ့သော USDP ပါတီသည် လက်ရှိအာဏာရပါတီ ဖြစ်ပြီး ဖြိုးစေတနာ ဆေးခန်း၊ ဆေးရုံ စသော အခမဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံပိုင် ပုံနှိပ်မီဒီယာများ အရ သိရသည်။

ဆီးချိုရောဂါဖြစ်သူ နှစ်ဆတိုးလာခြင်း

အဝလွန်ခြင်းသည် ဆီးချိုအမျိုးအစား (၂) ဖြစ်စေသော အချက်တစ်ချက် ဖြစ်သည်။
၁၉၈၀ ခုနှစ်မှစ၍ ယခုအထိ နှစ်ပေါင်း ၃၀ ကျော်အတွင်း အရွယ်ရောက်ပြီးသူ ဆီးချိုဝေဒနာရှင် နှစ်ဆတိုးလာသည်ဟု လဲ့န်စ္စက် (Lancet) စာစောင်ကဖော်ပြသည်။
ဗြိတိန်နိုင်ငံ လန်ဒန် (London) မြို့တော်ရှိ "အင်ပီရီယယ် ကောလိပ်" (Imperial College) နှင့် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ် တက္ကသိုလ် (Harvard University) တို့မှ သုတေသီများသည် လူပေါင်း ၂.၇ သန်း၏ အချက်အလက်များအား လေ့လာပြီး တစ်ကမ္ဘာလုံး အခြေအနေအား ကိန်းဂဏန်းဆိုင်ရာ နည်းစနစ် (statistical techniques) ဖြင့် ပုံဖော်ယူခဲ့သည်။
ဆီးချိုရောဂါမျိုးစုံဖြစ်နေသူပေါင်း ၁၅၃ သန်းမှ ၃၄၇ သန်းသို့တိုးခဲ့သည်။ ဆီးချိုရောဂါ ဖြစ်မှုများလာရခြင်း အကြောင်းရင်း ၇၀% မှာ လူများအသက်ရှည်လာသောကြောင့် ဖြစ်သည်ဟု သုတေသီများက ပြောသည်။
မာရှယ်ကျွန်းစုတွင် အမျိုးသမီး လူဦးရေ၏ သုံးပုံတစ်ပုံတွင် ဆီးချိုရောဂါရှိသည်။
ဆီးချိုဝေဒနာရှင်အရေအတွက် တိုးတက်နှုန်းမှာ ပစိဖိတ်ကျွန်းများတွင် သိသာပြီး မာရှယ်ကျွန်းစု (Marshall Islands) တွင် အမျိုးသမီးအားလုံး၏ သုံးပုံတစ်ပုံတွင် ဆီးချိုရောဂါရှိသည်။
ဆီးချိုရောဂါသည် သွေးထဲတွင် သကြား ပါဝင်သည့်နှုန်းအား ထိန်းမထားနိုင်ခြင်း ဖြစ်ပြီး ကျောက်ကပ်အား ပျက်စီးစေနိုင် သကဲ့သို့ မျက်စိကွယ်ခြင်းလည်း ဖြစ်စေနိုင်သည်။ ၎င်းပြင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့လည်း ဖြစ်စေနိုင်သည်။
ယခုသုတေသနမှာ ဆီးချိုအမျိုးအစား (၁) နှင့် ဆီးချိုအမျိုးအစား (၂) (Type 1 and Type 2 diabetes) တို့အား လေ့လာရာ အမျိုးအစား (၂) အဖြစ်များသည်အား တွေ့ရသည်။
ဆီးချိုအမျိုးအစား (၂) (Type two diabetes) မှာ နေထိုင်ပုံစရိုက် (Life Style) နှင့် အဝလွန်ခြင်း (Obesity) တို့နှင့် ဆက်စပ်မှုရှိသည်။
ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင်သော အချက်များမှာ ကိုယ်အလေးချိန် ရှိသင့်သည် ထက်များခြင်း၊ အရှေ့တောင်အာရှ သို့မဟုတ် လူမဲမျိုးနွယ်မှ ဖြစ်ခြင်း၊ အသက် ၄၀ ကျော်ခြင်းနှင့် မိသားစုများထဲတွင် ဆီးချိုရောဂါ ဖြစ်သောလူများရှိခြင်းဖြစ်သည်။ ယခုဖော်ပြခဲ့သော အချက် ၂ ချက်နှင့် ကိုက်ညီပါက ဆရာဝန်နှင့် တိုင်ပင်၍ သွေးစစ်ခြင်း ပြုလုပ်သင့်သည်။
Ref: Internet
Diabetes rate 'doubles' - Imperial College and Harvard research suggests (BBC News)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)

မျက်ကွင်းညိုသူများအတွက်


မျက်ကွင်းညိုခြင်းအတွက်လွယ်ကူစွာ
ဖြေရှင်းနိုင်ပါတယ်......
အာလူးတစ်လုံးကိုအခွံခွာလိုက်ပါ..
အာလူးကိုအလုံးလိုက် ပါးပါးလှီးပေးပါ..
အားလူးအဖတ်များကို အိပ်ရာဝင်ခါနီး
နာရီဝက်အလိုမှာ မျက်လုံးကိုမှတ်လိုက်ပြီး
မျက်ခွံပေါ်မှာ 15 မိနစ်ခန့် ကပ်ပေးပါ..
အချိန်စေ့ တဲ့ အခါမှာ ခွာလိုက်ပြီး ရေစိုဝတ်..
ဒါမှမဟုတ် တစ်ရှုးစိုစိုဖြင့်သုတ်ပေးရုံပါပဲ...
နေ့ စဉ်ပြုလုပ်သွားမယ်ဆိုရင်တစ်ပတ်လောက်မှာ သိသိသာသာ သက်သာသွားနိုင်ပါတယ်...
ဒါ့ အပြင် မျက်ရိုးများကိုက်ခြင်းအတွက်လည်းအထက်ပါနည်းအတိုင်းသုံးနိုင်ပါတယ်...
ခေါင်းကိုက်လျှင်လည်း နားထင်ကို ကပ်ထားပေးပါကလည်း သက်သာနိုင်စေပါတယ်...
                                                                  ပျော်ရွှင်နိုင်ပါစေ....


သင့်မျက်စီ ကို ဘယ်လို ဂရုစိုက်မလဲ

နည်းလမ်းကတော့ ကွန်ပျုတာကြည့်သည်ဖြစ်စေ စာဖတ်သည်ဖြစ်စေ တစ်နာရီတစ်ခါ မျက်စီကို အနားယူရ

ပါမယ်..မျက်စီကိုအနားပေးနေတဲ့ အချိန်မှ မြတ်ခင်စိမ်းစိမ်း ပန်းပင်များကို ခက်လှမ်းလှမ်း အဝေးကနေ
ကြည့်ရှူပေးရပါမယ် နောက်တစ်နည်းက မျက်စီကို တစ်မိန်နစ်ခန့်  မှိတ်ကာအနားယူပါ။

သင့်ရဲ့ မျက်လုံးကို ဘယ် ညာ အပေါ် အောက်သို့ ရွေ့လျားလှုပ်ရှားပေးသည့် မျက်လုံးလေ့ကျင့်ခန်း
လုပ်ပေးပါ ။

မျက်နာသုတ်ပ၀ါကို ရေဆွတ်ပြီးမျက်စီကို ၅မိန်နစ် ၁၀ မိန်နစ်လောက် အုပ်ထားပေးနိုင်ပါတယ်...

ကွန်ပျုတာကိုအားရုံစိုက်နေချိန်
တွင် သတိရရင် ရသလို မျက်တောင်ခက်ပေးပါ....

အမြင်အားရုံအားကောင်းစေသော အစားအစာများအနေဖြင့် လက်ဘက်ခြောက်စိမ်း အခါးရည်သော်လည်းကောင်း ကော်ဖီခါးခါသော်လည်းကောင်း မြေပဲ သစ်ကြားသီး အစရှိသောအခွံမာသီး
များ အရွတ် စိမ်းစိမ်းများ ကိုနေ့စဉ်မှီဝဲစားသုံးပေးသင့်ပါတယ်......
လမင်းလည်းကွန်ပျုတာသုံးတာများတယ်  ဒါကြောင့်သူငယ်ချင်းတို့ကို  စေတနာနဲ့မျှဝေးလိုက်ပါတယ်.......
သူငယ်ချင်းများ             အားလုံးကျန်းမာပျော်ရွင်နိုင်ကြပါစေ....            


အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး


အဝတ်လျှော်ခြင်းဟာ ကျန်းမာရေးနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား။
တကယ်တော့ အများကြီးဆက်စပ်မှု ရှိပါတယ်။ အဝတ်လျှော်တဲ့ အခါ စနစ် မကျမှုတွေနဲ့
မှားယွင်းတဲ့ နည်းလမ်းတွေကြောင့် ရောဂါပိုးတွေနဲ့ ထိတွေနေရခြင်း၊ ဓာတ်မတည့်
ဖြစ်ခြင်း၊ အရေပြား ယားယံခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို
ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နဲ့ သင့်မိသားစု အပေါ်မှာ
အဝတ်လျှော်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေ မကျရောက်အောင်
ကာကွယ်နိုင်မယ့် အကြံပြုချက် တွေကို ဖော်ပြလိုက်ပါတယ်။

*အနံ့ မပါတဲ့ ဆပ်ပြာကို ရွေးချယ်ပါ*

ဘာကြောင့်လဲ- အရေပြားယားယံမှုကို ကာကွယ်နိုင်ပါတယ်။

သင်ဟာ သင့်အဝတ်တွေမှာ ပန်းရနံ့ ဒါမှမဟုတ် တခြားမွှေးရနံ့တွေ သင်းပျံ့ မွှေးကြိုင်
နေတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင် သင်သိသင့်တာကတော့ ဒီလို မွှေးရနံ့ တွေကို
ဖြစ်စေတဲ့အရာတွေက ဓာတုပစ္စည်းတွေ သောင်းပြောင်းရောထားတယ် ဆိုတာကိုပါ။
ဒီဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ယားယံစေ နိုင်ပါတယ်။ University of
Washiongoton မှ သုတေသီတွေက လူကြိုက်များတဲ့ ဆပ်ပြာမှုန့်တစ်မျိုးမှ
အငွေ့ပြန်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်း ၁၃မျိုးထုတ်လွှတ်တာကို တွေ့ရပါတယ်။ ဒီထဲက
ငါးမျိုးဟာ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ (EPA) က အဆိပ်အတောက် ဖြစ်တယ်
ဒါမှမဟုတ် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေပါ။ "အဝတ်လျှော်ရာမှာ
သုံးတဲ့ ဆပ်ပြာမှုန့်နဲ့ အနံ့မွေးအောင်ထည့်တဲ့ အရည်တွေမှာ အာရုံကြော အဆိပ်အတောက်
ဖြစ်စေတဲ့ အရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့
ဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်" လို့ လေ့လာသူခေါင်းဆောင် Professor Anne
Steinemann ကဆိုပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုဟာ ခေါင်းတစ်ခြမ်းကိုက်
ရောဂါထခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အများအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေ အများစုက ဆပ်ပြာမှုန့်မှာပါတဲ့
သန့်ရှင်းစေတဲ့ အရာ (cleansing agent)တွေနဲ့ မဆက်စပ်ပါဘူး။
အနံ့ မွှေးအောင်ထည့်တဲ့ မွှေးရနံ့တွေနဲ့သာ ဆက်စပ်တာပါ။ ဒါကြောင့် မွှေးရနံ့နဲ့
အရောင်ဆိုးဆေးတွေ မပါတာကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲ။

*အိပ်ရာခင်းတွေကို ရေပူနဲ့ ပြုတ်လျှော်ပါ*
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို နည်းစေပါတယ်။

သင်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်ပိုးတွေ အများအပြား ရှိနေပါတယ်။
ဒီပိုးတွေက ညမှာ သင့်အရေပြားက ကြွေကျတဲ့ ဆဲလ်သေတွေကို စားသုံးပြီး
ရှင်သန်နေကြတာပါ။ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှု လက္ခဏာတွေကို ဖြစ်စေတဲ့ အဓိက
အကြောင်းရင်းပါ။ "ဖုန်ပိုးတွေဟာ အဝတ်အစားတွေနဲ့ ကော်ဇောတွေပေါ်မှာလည်း ရှိပါတယ်။
ဒါပေမဲ့ အိမ်ရာပေါ်မှာတော့ အများဆုံး ရှိပါတယ်။ ဒါကြောင့် သင်ရဲ့ အိပ်ရာခင်းကို
အပတ်စဉ် ရေပူနဲ့ ပြုတ်ပြီး လျှော်ဖို့ အရေးကြီးပါတယ်။ လျှော်မယ့်ရေ
အပူချိန်က အနည်းဆုံး အပူချိန်က အနည်းဆုံး ၁၃၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်တယ်။
ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ပဲ လျှော်ရင်တော့ သူတို့ရေကူးလို့ ကောင်းရုံပါပဲ။
အဝတ်လျှော်စက်က အဝတ်ခြောက်ခန်းက အပူချိန်နဲ့လည်း ဒီပိုးတွေ
မသေနိုင်ပါဘူး"လို့ Standford မှ အဏုဇီဝပညာရှင် Robert Weitz က ဆိုပါတယ်။

*အဝတ်လျှော်စက်ထဲမှ အဝတ်တွေကို အမြန်ဆုံးထုတ်ပါ*
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။

ဘက်တီးရီးယားတွေက စိုစွတ်နေတဲ့ နေရာမှာ ပေါက်ပွားနိုင်ကြပါတယ်။ ဒါကြောင့်
အဝတ်လျှော်စက်ကို သုံးပြီး လျှော်ပြီးသွားတဲ့အခါ မိနစ် ၃၀ အတွင်း
အဝတ်အစားတွေကို ထုတ်ယူပါ။ တစ်နာရီကြာအောင် မထုတ်ဖြစ်လိုက်ဘူးဆိုရင်
ဒီအဝတ်တွေကို ပြန်လျှော်ပါ။ University of Arizona မှ သုတေသန တစ်ခုက
အိမ်သုံးအဝတ်လျှော် စက်တွေမှာ မစင်ထဲက ဘက်တီးရီးယားမျိုးတွေ ရှိနေတာကို
တွေ့ရှိကြရပါတယ်။ ဒီပိုးတွေသေအောင် ရေပူနဲ့ လျှော်နိုင်ရင်တော့
အကောင်းဆုံးပါပဲ။ ဒါ့အပြင် အဝတ်လျှော်စက်ထဲမှာ အဝတ်တွေကို ထည့်သင့်တာထက်
ပိုပြီး အလွန်အကျွံ ပြည့်အောင်မထည့်ပါနဲ့။ ဒါမှသာ ဆပ်ပြာမှုန့်တွေဟာ
အဝတ်အထည်အားလုံးထဲကို ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရေစိုအဝတ်တွေကို
ဖယ်ပြီး
နောက်မှာလည်း သင့်လက်တွေကို ဆေးကြောပါ။ အဝတ်ခြောက်ခန်းက အပူချိန်က
ကျန်တဲ့ပိုးတွေကို သတ်ပါလိမ့်မယ်။

*အောက်ခံဘောင်းဘီတွေကို သီးသန့်လျှော်ပါ*
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

မစင်ထဲက ဘက်တီးရီးယားပိုးတွေ အဝတ်လျှော်စက်ထဲမှာ ရှိနေတာက အောက်ခံ
ဘောင်းဘီတွေကြောင့်ပါ။ ဒါကြောင့် အောက်ခံဘောင်းဘီတွေကို အဝတ်လျှော်စက်ထဲမှာ
သီးသန့်ထည့်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။ ရေပူကို သုံးရင်
ပိုကောင်းပါတယ်။ တစ်ပတ်တစ်ခါ အဝတ်လျှော်စက်ထဲကို ချွတ်ဆေးတစ်ခွက်ထည့်ပြီး
အဝတ်တွေ မပါဘဲ သီးသန့်လည်ကာ ဆေးကြောပေးပါ။

*အဝတ်လျှော်စက်ကို လေနဲ့ ခြောက်သွေ့အောင် လုပ်ပါ*
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို လျော့စေပါတယ်

မှိုပိုးတွေဟာ လေထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဝတ်လျှော်စက်အတွင်းက
နေရာလိုမျိုး စိုစွတ်နေတဲ့ နေရာကို ရှာတွေ့သွားရင် အဲဒီမှာ အခြေချပြီး
ပွားများပါတော့တယ်။ မှိုတွေနဲ့ ထိတွေ့ခြင်းဟာ ရင်ကျပ်ခြင်း၊ မျက်စိယားခြင်း၊
ချွဲသလိပ်ထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်မှာ ပန်းနာရောဂါ ဒါမှမဟုတ်
ဓာတ်မတည့် ဖြစ်တတ်တဲ့ ပြဿနာရှိရင် ရောဂါ ထစေနိုင်ပါတယ်။ မှိုပိုးတွေ
အဝတ်လျှော်စက်ထဲမှာ ပေါက်ပွားမှုနဲ့ သင့်အဝတ်တွေဆီကို ရောက်လာခြင်းမှ ကာကွယ်ဖို့
အတွက် အဝတ်လျှော်ပြီးတဲ့ အခါ အဝတ်လျှော်စက် အဖုံးကို ဖွင့်ပေးထားပြီး
အတွင်းထဲကို ခြောက်သွေ့ပါစေ။

*အဝတ်လျှော်စက်ထားတဲ့ အခန်းကို လေဝင်လေထွက် ကောင်းနေပါစေ*
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာကို လျော့စေပါတယ်

အဝတ်ခြောက်ခန်းမှ စိုထိုင်းတဲ့ အပူဟာ လေထုစိုထိုင်းဆ အဆင့်ကို မြင့်စေတဲ့အတွက်
မှိုတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့ အနေအထား တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့်
အဝတ်ခြောက်ခန်းကို စက်ဖွင့်ထားတဲ့ အခါ ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပန်ကာ
ဖွင့်ထားပါ။ အဝတ်ခြောက်ခန်းမှ ပိုက်တွေကို စစ်ဆေးပါ။ လေဝင်လေထွက်ပေါက်က
ချောင်လာရင် ရေငွေ့တွေဟာ နံရံမှာ
ကပ်ပြီးစုနေကာ မှိုတွေ ပေါက်ဖွားလာ နိုင်ပါတယ်။





ဖားနှင့် ဖားပြုပ် အရေပြားမှ ကင်ဆာ ရောဂါ ကုသနိုင်မည်
jeffyfrog.jpg

အင်္ဂလန်နိုင်ငံ မြောက်ပိုင်း အိုင် ယာလန်၏ဘဲဖတ်စ် 'ဘုရင်မကြီး တက္ကသိုလ်' (Queen's University Belfast) ရှိ ဆေးသိပ္ပံ သုတေသီ များအား 'Medical Futures Innovation Awards' ဆုပေးအပ်ပွဲ ကို ၂ဝ၁၁ ဇွန်လ ၇ ရက်နေ့တွင် လန်ဒန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆုချီးမြှင့်ခံရသည့် သုတေသနအဖွဲ့ကို ဦးဆောင်နေသူ မှာ ပါမောက္ခ ခရစ်ရှော (Professor Chris Shaw) ဆိုသူဖြစ်သည်။ သုတေသနပြုမှုမှာ ဖားနှင့် ဖား ပြုပ်တစ်မျိုးတို့မှ ထုတ်ယူ ရရှိသော ပရိုတင်း တစ်မျိုးသည် အဓိကရောဂါကြီး အမျိုး ၇ဝ ကျော်ကို ကုသမှုပေး နိုင်မည်ဖြစ်သည်။

မြန်မာ့အခေါ် ဖားပျံ (waxy monkey frog) မှ ထုတ် ယူရရှိသောပရိုတင်းသည် လူ့ကိုယ်ခန္ခာအတွင်းရှိ ဆံချည်မျှင် သွေး ကြောများ၏ ကြီးထွားမှုကို အခြေချ နေသားကျအောင် ပြုပြင် ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိရသည်။ ထို့ ပြင် ကင်ဆာအကျိတ်ဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိရသည်။

ပါမောက္ခရှော ပြောပြချက်အရ ကင်ဆာအကျိတ် များသည် သတ် မှတ်ထားသောအရွယ်အထိသာ ကြီးထွားနိုင်ပြီး ထိုကဲ့သို့ မစတင်မီကပင် အကျိတ် အတွင်းရှိဆဲလ်များ အတွင်းရှိ သွေးကြောမျှင် များ ထဲသို့ လုံလောက်သော အောက်ဆီဂျင်နှင့် အာဟာရများ ထောက်ပံ့ပေးရန် လိုအပ်နေပေသည်။ သွေး ကြောမျှင် များကြီးထွားလာမှုကို ရပ်တန့်စေခြင်း ဖြင့် ၄င်း အဖုအကျိတ်၏ ကြီးထွားပျံ့ နှံ့မှုကို ရပ်တန့် စေနိုင်ပြီး ကင်ဆာဆဲလ်များကို သေစေလိမ့်မည် ဖြစ်သည်။ ဝမ်းဗိုက်တွင် မီးရောင်ကဲ့သို့ အကွက်များ ပါရှိသော ဖားပြုပ်ကြီးမျိုး(The gaint firebellied Toad)မှ ထုတ်လုပ်ပေးသော ပရိုတင်း တစ်မျိုးသည် ဆံချည်မျှင် သွေးကြောများ၏ ကြီးထွားမှုကို နှိုးဆွပေးနိုင်ပြီး ၄င်းသည် ဒဏ်ရာ ရသူများနှင့် ခွဲစိတ်ကုသခံရသော လူနာများအတွက် ပို၍ လျင်မြန်စွာ နာလန်ထ နိုင်စေရန် ကုသ ပေးနိုင်မည်ဖြစ်သည်။

သွေးကြောမျှင်များကို မြန်ဆန် စွာပြုပြင်ပေးနိုင်ခြင်း၊ ကိုယ်အင်္ဂါအ စိတ်အပိုင်းများ အစားထိုးကုသခြင်း၊ ဆီးချို ရောဂါကြောင့် ဖြစ်ပွားသော ပြည်တည်နာ (ဖက်ခွက်ရောဂါ) များကို ကုသပေးနိုင်ခြင်း၊ လေဖြတ် ခြင်းကြောင့် ကိုယ်လက်အင်္ဂါများ ပျက်စီးခြင်း၊ နှလုံးဆဲလ်များပျက်စီး ခြင်းကိုပါ ပြုပြင် ကုသ နိုင်မည်ဖြစ် သည်။ ထိုသုတေသနမှ ထုတ်လုပ် လာမည့် ဆေးဝါးသည် ဆံချည်မျှင် သွေးကြောများကို ပြုပြင်ထိန်းသိမ်း ပေးခြင်းနှင့် ပုံမှန် အလုပ်လုပ်နိုင်စေ ခြင်းကို စွမ်းဆောင်နိုင်မည်ဟု သိရှိ ရသည်။ Queen's University


Health_news_061711_1.gif
ငါးအရှင်ကို မျိုချပြီး ပန်းနာ ရောဂါ ကုသ ခံလိုသူများ

jeffyfishface.jpg
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် နှစ်စဉ် ဇွန်လတိုင်း Goud ဆိုသည့် မိသားစုတစ်စုမှ ပန်းနာရင်ကျပ် ရောဂါ ကို ငါးအရှင်များ ကျွေးပြီး ကုသ ပေးလျက် ရှိရာ နိုင်ငံ တစ်ဝန်းမှ အိန္ဒိယလူမျိုး   ထောင်ပေါင်း များစွာသည် ယင်း ကုထုံး ဖြင့် ကုသခံရန် တန်းစီ နေကြကြောင်း သိရသည်။

နှစ်စဉ်ဇွန်လတိုင်း၌ နိုင်ငံ တစ်လွှားမှ ရောက်လာသော လူအ များအား Goud မိသားစုမှ ဗေဒင် ဆရာ များ   ရွေးချယ် ပေးသည့်နေ့ တွင် ငါးသေတ္တာ ငါးအရှင်ကို ဆေးဖက်ဝင် ပရဆေးများ လိမ်းကျံပြီး မျိုချ စေသော နည်းလမ်းဖြင့် အခမဲ့ ကုသပေးသည်။

ယင်းမိသားစုက ထိုနည်းလမ်းကို   ဟိန္ဒူသူတော်စင် တစ်ပါးထံမှ  လွန်ခဲ့သော နှစ်ပေါင်း ၁၇ဝ က ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းတို့က အသပြာယူပြီး ထိုနည်းလမ်းဖြင့်ကုသပါက ဆေး အာနိသင် မရှိ ကြောင်းလည်း   ပြောကြား သည်။ ငါးအရှင်ကိုကိုမျိုချပြီးနောက် လူနာတဦးသည် ၄၅ ရက်အတွင်း  ကန့်သတ်ထားသည့် အစားအစာ ကိုသာစားသုံးရမည်ဖြစ်သည်။ ထို့ နောက် ၂ နှစ်အတွင်း အလွန်   အမင်းကြော်ချက်ထားသော အစား အသောက်များကို စားခြင်း သို့မဟုတ် ကုသမှုထပ်မံခံယူခြင်း မပြုကြရဟုသိရသည်။



သင့်ခန္ဓာကိုယ်အကြောင်း သင်မသိနိုင်သေးသည့် အချက် ၁၀ ချက်


သင့်ခန္ဓာကိုယ်အကြောင်း သင်မသိနိုင်သေးသည့် အချက် ၁၀ ချက် ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ သတိမထား မိတဲ့အချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ် အကြောင်း ပိုသိစေဖို့ တချို့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) သင်က ဦးနှောက်ရဲ့ ဆယ်ရာခိုင် နှုန်းကျော်ကို အသုံးပြုပါတယ်
ကြားဖူးနေကျကတော့ ကျွန်မတို့ဟာ ဦးနှောက်ရဲ့ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုတယ် ဆိုတာပါပဲ။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုများများ အသုံးပြုကြောင်း ရှာဖွေတွေ့ရှိထား ကြပါတယ်။ ဦးနှောက်တည်ဆောက် ပုံနဲ့အလုပ်လုပ်ပုံကို သုတေသန ပညာရှင်တွေ လေ့လာကြည့်တဲ့အခါ ဦးနှောက်ထဲ ဘာအလုပ်မှမလုပ်ဘဲ ငြိမ်နေတဲ့အပိုင်းတွေ မရှိကြောင်း တွေ့ရှိရပါတယ်။
(၂) မျက်ရည်က အဆိပ်တွေကို ဖယ်ရှား ပေးတယ်
ဝမ်းနည်းလို့ကျလာတဲ့ မျက်ရည်နဲ့ ကြက်သွန် လှီးလို့ကျလာတဲ့မျက်ရည် မတူညီပါဘူး။ မျက်ရည်ထဲပါဝင်တဲ့ ဓာတုပစ္စည်းတွေ မတူညီဘဲ ကွဲပြားခြားနားနေတတ်ပါတယ်။ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်ထဲမှာ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဓာတုပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။ ဝမ်းနည်းတဲ့အခါ စိတ်ဖိစီးလာမယ်။ အဲဒီအခါ ငိုကြွေးလိုက်ပါက အဆိပ်တွေဖယ်ရှားလိုက်သလို ဖြစ်ပြီး စိတ်သက်သာရာရသွားခြင်း ဖြစ်ပါတယ်။
(၃) နှာခေါင်းနဲ့ အရသာခံတယ်
လေ့လာချက်အရ အစားအသောက်စားတဲ့အခါ ရရှိတဲ့အရသာရဲ့ ၈၀ ရာခိုင်နှုန်းဟာ အနံ့ပေါ် မူတည်နေပါတယ်။ တကယ့်အရသာအစစ်ဟာ အနံ့၊ အရသာနဲ့ အမြင်အာရုံ သုံးခုပေါင်းမှ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ မမြင်ရအောင် မျက်စိကိုအဝတ်နဲ့ စည်းထား ပြီး အနံ့မရအောင် နှာခေါင်းပိတ်ထားကာ တစ်ယောက်ယောက်က သင့်ကိုသစ်တော်သီးနဲ့ ပန်းသီးလာကျွေးပါက ဘယ်အသီးက ဘာဆိုတာကို ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အရသာခံစားဖို့အတွက် အနံ့၊ အရသာနဲ့ အမြင်သုံးမျိုးစလုံး ပြည့်စုံမှ ဖြစ်မှာပါ။
(၄) နှာချေခြင်းက လိင်စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်
နှာချေခြင်းက အအေးမိခြင်း လက္ခဏာတင် မဟုတ်ပါဘူး။ တချို့လူတွေမှာ လိင်စိတ် နိုးကြွလာခြင်းရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာ ချက်အရ ဒါဟာ အာရုံကြောစနစ်ချို့ယွင်းမှုကြော
င့် ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ နှာချေခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ လိင်စိတ်ကိုထိန်းချုပ်တဲ့ အစိတ်အပိုင်း အလွန်နီးကပ်စွာ တည်ရှိနေတာကြောင့် တစ်ခါတစ်ရံမှာ အာရုံကြောတွေ မှားယွင်းစွာ သတင်းပို့မိတဲ့အခါ ဖြစ်တတ်ပါတယ်။
(၅) ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ်က လက်ချောင်းအရှည်နဲ့ဆိုင်တယ်
သုတေသနပြုချက်တွေအရ လက်ချောင်းအရှည်နဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။ လက်ဆံခြေဆံရှည်သွယ်သူတွေဟာ တိုသူတွေ ထက်စာရင် ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ်များပြီး လေ့ကျင့်ခန်းလုပ်ရာမှာ မပျင်းကြောင်း တွေ့ရှိထားကြပါတယ်။
(၆) အမျိုးသမီးလက်တွေမှာ ရောဂါပိုး ပိုများတယ်
အမျိုးသမီးဟာ အမျိုးသားတွေထက်စာရင် အရေပြားမှာ အက်စစ်ဓာတ် လျော့နည်း တာကြောင့် ဘက်တီးရီးယား ရောဂါပိုးတွေ ပိုများလေ့ရှိပါတယ်။ ဒါပေမယ့် အရေပြားပေါ်ရှိ ဘက်တီးရီးယားအများစုက ရောဂါမဖြစ်စေတဲ့အပြင် တချို့ ဘက်တီးရီးယားဆိုရင် အကျိုး တောင်ပြုတာ တွေ့ရပါတယ်။
(၇) အရေပြားအပူချိန်က အိပ်ခြင်းကို အကျိုးသက်ရောက်မှု ရှိစေတယ်
အရေပြားအပူချိန် ၀ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်လောက် ပြောင်းလဲရုံနဲ့အိပ်ခြင်းကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အေးတဲ့ နိုင်ငံမှာ အရေပြားအပူချိန်တက်ခြင်းက ပိုအိပ်ပျော်စေနိုင်ပေမယ့် ပူတဲ့နိုင်ငံမှာတော့ အရေပြားအပူချိန် အနည်းငယ် လျော့နည်း ခြင်းက အိပ်ခြင်းကို အထောက်အကူ ပြုပါတယ်။
(၈) ကြွက်သားသန်မာပါက ကင်ဆာကို ကာကွယ်ပေးပါတယ်
အလေးနဲ့ကစားလေ့ရှိတဲ့ သန်မာတဲ့ ကြွက်သားပိုင်ရှင်တွေဟာ ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေ ၃၀ မှ ၄၀ ရာခိုင်နှုန်းထိ လျော့နည်းတာတွေ့ရပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် သေချာကစားရုံနဲ့ ဒီအကျိုးကျေးဇူးတွေ ခံစားရနိုင်တယ်လို့ ကျွမ်းကျင် သူတွေက ပြောကြပါတယ်။
(၉) ကြင်ရာဖက်ရွေးရာမှာ ခန္ဓာကိုယ် အဆီနဲ့လည်း ဆိုင်တယ်
သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိချက်အရ ကျွန်မတို့ဟာ ကြင်ရာဖက်ရွေးရာမှာ ကိုယ့်ခန္ဓာ ကိုယ်အဆီပမာဏနဲ့ နီးစပ်တဲ့ ခန္ဓာကိုယ်အဆီပိုင်ရှင်တွေကို မသိစိတ်က ရွေးချယ် တတ်ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ စုံတွဲ ၄၂ တွဲရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုကို လေ့လာတိုင်းတာကြည့်တဲ့အခါ အတူနေထိုင်တဲ့အချိန် ဘယ်လောက်ပဲ ကြာနေပါစေ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်အဆီပမာဏ နီးစပ်တာကို တွေ့ရပါတယ်။
(၁၀) မိခင်နို့တိုက်ကျွေးခြင်းက မီးယပ်သွေးဆုံးမှုဝေဒနာ လျော့နည်းစေနိုင်တယ်
ရင်သွေးကို မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေဟာ အသက်ကြီးလို့ မီးယပ်သွေးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းပါတယ်။


မျက်နှာလှလှ ပိုင်ဆိုင်နိုင်စေရန် လိုက်နာသင့်သော အချက် ခြောက်ချက်


မျက်နှာလှလှ ပိုင်ဆိုင်နိုင်စေရန် လိုက်နာသင့်သော အချက် ခြောက်ချက် လူတိုင်း ကိုယ်မျက်နှာကို လှပတဲ့ မျက်နှာလေးသာ ပိုင်ဆိုင်လိုကြပါတယ်။ အလုပ်တွေ များလာတဲ့ ခေတ်ကြီးမှာ ကိုယ့်မျက်နှာနဲ့ အသားအရေကို ထိန်းသိမ်းဖို့ အချိန်ပေးနိုင်မှု လျော့နည်းလာပါတယ်။  အိပ်ရေးပျက်တာ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ညစ်ညမ်းမှုတွေနဲ့ တခြားသော သင့်မျက်နှာနဲ့ အသားအရေကို ထိခိုက်စေတာတွေကြောင့် သင်ရဲ့ လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ခွင့် ဆုံးရှုံးနိုင်ပါတယ်။ ဘယ်လို အကြောင်းအချက်တွေ များပြားစွာ ရှိနေပါစေ လှပပြီး ချစ်စဖွယ် မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါ အချက်အလက်တွေကို လိုက်နာပေးပါ။
၁) အိမ်သုံးနည်းတွေကို အသုံးပြုပါ
ရေခဲသေတ္တာထဲ ထည့်ထားပြီး အေးနေတဲ့ နွားနို့ကို နူးညံ့တဲ့ အဝတ်စလေးနဲ့ တို့ပြီး သင့်မျက်နှာပေါ် သုတ်လိမ်းပေးပါ။ သင့်မျက်နှာကို ဝင်းပ စိုပြည်စေပြီး အလှပိုစေပါတယ်။
၂) အစိုဓာတ်ကို ထိန်းသိမ်းပါ
အိပ်ပျော်နေစဉ်မှာ သင့်အရေပြားက ရေဓာတ် ခန်းခြောက်စေနိုင်ပါတယ်။ မျက်နှာ အစိုဓာတ်ကို ထိန်းသိမ်းပေးတာက အသားအရေကို နူးညံ့စေပြီး သင့်ကို လှပစေပါတယ်။
၃) ရေအေး အသုံးပြုပါ
ရေအေး အသုံးပြုပြီး မျက်နှာသစ်ပေးပါ။ သင့်ကို လန်းဆန်းစေပြီး လှပစေပါတယ်။ ရေအေးက သွေးကြောတွေကို ကျုံ့စေပြီး မျက်နှာ အသားအရေကို နူးညံ့ လှပစေပါတယ်။
၎) မိတ်ကပ်ထူထူ လိမ်းခြယ်တာကို ရှောင်ပါ
မိတ်ကပ်ထူထူ လိမ်းခြယ်တာ၊ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မိတ်ကပ် အသုံးပြုတာတွေက သင့်မျက်နှာကို ထိခိုက်စေပါတယ်။ အောက်ခံမိတ်ကပ် ထူထူ လိမ်းခြယ်တာကို ရှောင်ကြဉ်ပြီး SPF ပါဝင်တဲ့ နေရောင်ကာ ခရင်မ်ကို အသုံးပြုပါ။
၅) ညီညွတ်မျှတအောင် စားပါ
အာဟာရဓာတ်တွေ ညီညွတ် မျှတအောင် စားသောက်တာကလည်း သင့်ကို လှပတဲ့ မျက်နှာကို ပိုင်ဆိုင်စေပါတယ်။ ဆားများတဲ့ အစားအစာနဲ့ အရက် ထည့်ချက်ထားတဲ့ အစားအသောက်တွေကို ရှောင်ပြီး တစ်နေ့ကို ရေ ၈-၁၀ ခွက် သောက်ပေးပါ။ အသားအရေကို စိုပြည်နေစေပါတယ်။
၆) အရောင်တင်ပေးပါ
သင့်မျက်နှာကို လိမ်းခြယ်တဲ့အခါ ဖြူဖြူဖွေးဖွေး ဖြစ်အောင် လိမ်းခြယ်တာမျိုးထက် ခရင်မ်အရောင် ဖြစ်နေအောင် အရေအသွေး ကောင်းမွန်တဲ့ အမျိုးအစား ပေါင်ဒါကို ဘရပ်ရှ် အသုံးပြုပြီး လိမ်းခြယ်ပေးပါ။


"နေ့စဉ်အမျိုးသမီးများ၏ရင်သားကိုဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင်


ဂျာမန်သုတေသီများ၏ New England Journal of Medicine တွင်တင်ပြချက်အရ
အမျိုးသမီးများ၏ ရင်သားများကိုအမျိုးသားများနေ့ စဉ်စိုက်ကြည့်ပေးပါက
အသက်ရှည်စေကြောင်းသိရသည်။ ၁၀ မိနစ်စိုက်ကြည့်ပါက အားကစားရုံတွင် မိနစ်၃၀
ခန့်အားကစားလုပ်ခြင်းနှင့်ညီကြောင်း ဒေါက်တာ Karen Weatherby
ကပြောကြားခဲ့သည်။ဤသို့ပေါက်ပေါက်ရှာရှာ စူးစမ်းမှုကို အသင်းဖွဲ့၍
ဒေါက်တာKaren
Weatherby ကဦးဆောင်ခဲ့ခြင်းဖြစ်သည်။သူတို့ အဖွဲ့သည် ဂျာမနီနိုင်ငံ
ဖရန့်ဖတ်မြို့ ရှိ အမျိုးသား၂၀၀ နှင့်သုတေသနပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့အထဲမှ
တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး
တစ်ဝက်ကိုသေချာရှောင်ကြဉ်ခိုင်းထားပြီးလေ့လာခဲ့ကြသည်။ငါးနှစ်ကြာသောအခါ
နေ့စဉ်သေချာစိုက်ကြည့်ခဲ့သော အမျိုးသားများသည် မကြည့်သူများထက်
သိသာခြားနားစွာ
သွေးဖိအားအတက်အကျရောဂါကင်းဝေးခြင်း၊သွေးခုန်နှုန်းမှန်ကန်ခြင်းနှင့်
လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်များ
နည်းပါးသွားကြောင်းအတည်ပြုနိုင်ခဲ့သည်။
"ဒီလိုလိင်နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှုဟာ နှလုံးကို
သွေးညှစ်ပေးမှုတိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကိုပါကောင်းစေတာ
သံသယရှိစရာမရှိပါဘူး၊သေချာပါတယ် နောက်ရယ်စရာတစ်ချက်က
ကြည့်တာချင်းတူတာတောင်
ပိုကြီးတဲ့ရင်သားကို
ကြည့်သူတွေကပိုအကျိုးထူးတာတွေ့ရပါတယ်။
အသက်၄၀ကျော်တဲ့အမျိုးသားတွေဆိုရင်တော့
D-cup size နဲ့ သူ့အထက်တွေကိုကြည့်သင့်ပါတယ်
"လို့ဒေါက်တာကပြောသွားပါတယ်။(သူပြောတဲ့ D-cup ဆိုက်က မြန်မာလို ၃၆
ခန့်ရှီတယ်လို့အတွေ့ကြုံမသေးသူ အယ်ဒီတာကိုကိုတစ်ယောက်က
ပြောသွားကြောင်းပါ)

မိန်း​က​လေး​တို့​၏ လိင်အမူအကျင့်​မှာ ဖခင်၏လွှမ်း​မိုး​မှုနှင့်​ ဆက်စပ်​နေ

alt
ဖခင် နှင့် သမီး သရုပ်ပြပုံ © dailymail
မိန်း​က​လေး​များ​၏ လိင်နှင့်​ပတ်သက်​သော အမူအကျင့်​များ​သည် ဖခင်ဖြစ်သူ၏ လွှမ်း​မိုး​မှုများ​နှင့်​ ဆက်စပ်​နေ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။
လေ့​လာမှု အသစ်တစ်ခုက မိန်း​က​လေး​များ​ အရွယ်​ရောက်လာချိန် လိင်နှင့်​ပတ်သက်​သော အ​တွေး​အ​ခေါ်၊​ အပြုအမူများ​သည် ဖခင်၏ အုပ်ထိန်း​မှု စွမ်း​ရည်​ပေါ်တွင် များ​စွာ သက်​ရောက်​နေ​ကြောင်း​ အ​မေရိကန်နိုင်ငံ အရီဇိုး​နာ ​နော်တန် မိသား​စု​ရေး​ရာ သင်တန်း​ကျောင်း​မှ ဘရု​ဂျေ အဲလစ်က ​ပြောကြား​ခဲ့​သည်။ ဖခင်ဖြစ်သူ၏ အုပ်ထိန်း​မှု ပုံမကျခြင်း​ကြောင့်​ ကွန်ဒုံး​မပါဘဲ လိင်ဆက်ဆံခြင်း​၊​ အရက်​သောက်၍ လိင်ဆက်ဆံခြင်း​၊​ လိင်ဆက်ဆံဖက် အများ​အပြား​ ထား​ရှိခြင်း​၊​ အသက် ၁၉ နှစ် မပြည့်​မီ ကိုယ်ဝန်ရှိလာခြင်း​တို့​ကြား​ သိသာ​သော ဆက်စပ်မှုများ​ ရှိ​နေ​ကြောင်း​ အဲလစ်ကဆိုသည်။
ဖခင်ဖြစ်သူ၏ ​ကောင်း​မွန် စနစ်ကျ​သော အုပ်ထိန်း​မှုနှင့်​ ကင်း​ဝေး​နေ​သော မိန်း​က​လေး​ တစ်ဦး​၏ လိင်မှုဆိုင်ရာ ဓ​လေ့​စရိုက်များ​သည် အန္တရာယ် ကြီး​မား​နေ​ကြောင်း​လည်း​ ယင်း​က ​ပြောဆိုသွား​သည်။
အဲလစ်က ဖခင်များ​သည် မိန်း​က​လေး​များ​ အရွယ်​ရောက်လာချိန် လိင်မှုဆိုင်ရာ အတတ်ဆန်း​မှုများ​အတွက် ​သေသပ်ကျနစွာ ကိုင်တွယ်အကြံပြု​ပေး​နိုင်ရန် အဓိက လိုအပ်​သော မိသား​စု ရင်း​မြစ်များ​ဟုလည်း​ ​ဆွေး​နွေး​ပြောဆိုသွား​ခဲ့​သည်။.

သင် ဘာသွေးလဲ


အိုသွေးပိုင်ရှင်များ
လွန်စွာပြင်းထန်သော တိကျသော ပြတ်သားသောသူများ ဖြစ်ကြပြီး
ရည်မှန်းချက်ကြီးကာ မဖြစ်မနေလုပ်ဆောင်တတ်ကြသလို အားသွန်ခွန်စိုက်လည်း
လုပ်ဆောင်တတ်ကြသည်။
အချစ်ရေးနှင့်ပတ်သက်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲအလန်းကြီးသည်ဟု
ထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်မဟုတ်ဘဲ
ချစ်သူနှင့်ခွဲခွာရလျှင် မကြာခင်ပြေပျောက်သွားသူများဖြစ်သည်။

အေသွေး ပိုင်ရှင်များ
စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများဖြစ်ပြီး
ဝေဖန်ခံနိုင်ရည်အားနည်းကြသည်။
အချစ်ရေးနှင့် ပတ်သက်လျှင် အချစ်ကြီးတတ်ကြသူများဖြစ်သည်။ တစ်ဦးကို
တစ်ဦးစွဲစွဲလန်းလန်းချစ်ဖြစ်တတ်ကြပြီး ချစ်သူနှင့်ခွဲခွာရလျှင်

အခြားသူများထက် ပိုမိုခံစားရတတ်သည်။
ဘီသွေးပိုင်ရှင်များ
မိမိတို့နေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်ကြသည်။
အချုပ်အချယ်မခံလိုဘဲ လွတ်လပ်စွာနေလိုစိတ်ပြင်းပြသူများ ဖြစ်သလို
ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်းရှိကြသည်။
အချစ်ရေးနှင့် ပတ်သက်၍ ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့ဆဆသဘောထားတတ်ကြသလို
မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့၏ ညဉ်းငွေ့ခြင်းကို
ခံရတတ်သည်။
အေဘီသွေးပိုင်ရှင်များ
အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်ကို
မကြည့်ဘဲ အများ၏ ဆန္ဒကို ဆောင်ရွက်တတ်သည်။
အချစ်ရေးနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်အိပ်မက် မက်လွန်းသူများဖြစ်ကြသည်။
အခြေအနေ အမှန်နဲ့ ကင်းကွာတတ်ကြပါသည်။


ပီကေကြိုက်သူများအတွက် သတင်းကောင်း

ပီကေဝါးရတာ သဘောကျတတ်တဲ့ ကလေး၊ လူကြီးမရွေးအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။ သင်ဝါးတဲ့ပီကေဟာ သကြားမပါတဲ့ ပီကေ အမျိုးအစား ဖြစ်ဖို့တော့ လိုအပ်ပါတယ်။
၁။ ရင်ပူသက်သာစေတယ်
လန်ဒန် ကင်းကောလိပ်ရဲ့ လေ့လာမှုအရ အစာစားပြီးတဲ့အခါ သကြားမပါတဲ့ ပီကေ ဝါးပေးတာဟာ အက်စစ်ဆန်တက်မှု မဖြစ်အောင် တားဆီးနိုင်ကြောင်း သိရပါတယ်။ အက်စစ်ဆန်တက်ပါက ရင်ပူစေပါတယ်။
၂။ သွားပိုးမစားပါ
သကြားမပါတဲ့ ပီကေဝါးတာဟာ ခံတွင်းထဲမှာ အက်စစ်ပမာဏ လျော့ကျစေပြီး သွားပိုးပေါက် ဖြစ်စေခြင်းကို ကာကွယ်ပေးပါတယ်။
၃။ လန်းဆန်းစေတယ်
ညဘက်အလုပ်လုပ်ရင်း ပီကေဝါးပေးသူတွေဟာ ပီကေမဝါး သူတွေထက် ပင်ပန်း နွမ်းနယ်မှု လျော့နည်းပါတယ်။ ညဘက်မှာ ကားမောင်းရင်လည်း ပီကေဝါးနေပါက အိပ်ချင်စိတ်ပြေကာ လန်းဆန်းနေတတ်ပါတယ်။
Ref : Good Health

အချစ်နှင့် ခန္ဓာကိုယ်ဘာသာဗေဒ Body Language Dealing with LOVE

(၁)
အချစ်ရေး အပါအ၀င် ကိစ္စအတော်များများ၌ စကားလုံးများထက် ခန္ဓာကိုယ် ဘာသာစကားသည် တစ်ဖက်သားကို ၇၀% ပိုမိုထိရောက် သဘောပေါက် လွယ်စေသည်ဟု ဆိုလျှင် သင်သဘောတူပါသလား။ ထိုအချက်သည် သိပ္ပံနည်းကျ စမ်းသပ်လေ့လာ တွေ့ရှိထားသော ကိန်းဂဏန်းရလဒ်တစ်ခု ဖြစ်သောကြောင့် မယုံမရှိရန် ပြောလိုပါသည်။

ခန္ဓာကိုယ် ဘာသာစကားသည် စကားလုံးဘာသာစကားများ မပေါ်ခင် နှစ်ပေါင်းများစွာ စော၍ လူသားများ စတင် ရှိချိန်ကတည်းက ပေါ်ပေါက်ဖွံ့ဖြိုးလာခြင်း ဖြစ်၍ ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားဟုပင် ဆိုနိုင်ပါသည်။

(၂)
ခန္ဓာကိုယ် ဘာသာစကား (Body Language) ဆိုသည်မှာ ကိုယ်ဟန် အနေအထား၊ လက်ဟန်ခြေဟန်၊ မျက်နှာအမူအရာနှင့် မျက်လုံးအကြည့် စသည်တို့ ပါဝင်ပြီး စကားလုံးများ လုံးဝ မပါဝင်သော ဘာသာဗေဒတစ်ခု ဖြစ်ပါသည်။ လူသားများသည် ထိုသင်္ကေတ ဆက်သွယ်ချက်များ၏ အများစုကို ဖော်ပြခြင်း၊ ဘာသာပြန်ခြင်းတို့၌ မသိစိတ်ဖြင့် အဆင်ပြေပြေ ဆောင်ရွက်နိုင်စွမ်း ရှိကြလေသည်။
ခန္ဓာကိုယ် ဘာသာစကားဆို၍ သိပ်ကြီးကြီးကျယ်ကျယ် ထူးထူးဆန်းဆန်းတွေတော့ မဟုတ်ပါ။



သင့်ကောင်မလေးက အလိုမကျလျှင် နှုတ်ခမ်းစူမည်။ သင့်မိဘက ကြည့်မရတော့လျှင် ကြပ်ကြပ်သတိထားဟု လက်ညှိုးထောင်ကာ ရှေ့နောက် ယမ်းပြမည်။ အောင်မြင်အဆင်ပြေလျှင် လက်မထောင်ပြမည်။ ခွဲခွာနှုတ်ဆက်လျှင် လက်ဖ၀ါး ဝှေ့ယမ်းကာ တာ့တာပြမည်။ ဟုတ်မှန်သည်/ သဘောတူသည်ဆိုလျှင် ခေါင်းညိတ်မည်။ ထိုသို့ မဟုတ်လျှင် ခေါင်းခါမည်။ အလိုကျလျှင် ပြုံးမည်။ အလိုမကျလျှင် နှုတ်ခမ်းမဲ့ နှာခေါင်းရှုံ့မည်။ တိတ်တိတ်နေဟု ပြောလိုလျှင် မျက်လုံးပြူး၍ စိုက်ကြည့်မည်။ စသဖြင့် မြောက်မြားစွာသော ကျွန်တော်တို့ နေ့စဉ် ပုံမှန်သုံးစွဲသည့် အမူအရာများသည် ခန္ဓာကိုယ် ဘာသာစကားများပင် ဖြစ်ကြသည်။

ထိုလှုပ်ရှားမှုများကို ကြည့်၍ ထိုသူ ပျော်ရွှင်နေလား၊ ဒေါသထွက်နေလား၊ စိတ်ပါရဲ့လား၊ ပျင်းနေလား၊ အရက်မူးနေသလား စသဖြင့် တစ်ဖက်သားက သိနိုင်သလို ခန္ဓာကိုယ် ဘာသာစကားကြောင့် ပြောနေသော စကားများကိုလည်း ပိုမို ထူးခြားလေးနက်စေသည်။ အထူးခြားဆုံး ကတော့ နေရာဒေသနှင့် လူမျိုးကိုလိုက်သော သီးသန့် ခန္ဓာကိုယ် ဘာသာစကားများမှ လွဲ၍ ကျန်သော ခန္ဓာကိုယ် ဘာသာစကားများကို ကမ္ဘာ့လူသားတိုင်း နားလည်နိုင်ခြင်း ဖြစ်သည်။

ထိုထူးခြားချက်များကြောင့် အချစ်ကို ဖော်ပြရန် Body Language ကို အထိရောက်ဆုံး ဘာသာစကားအဖြစ် နှလုံးသားက အလိုလို ရွေးချယ်လိုက်ခြင်း ဖြစ်ပေမည်။



(၃)
အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက ပတ်ဝန်းကျင်နှင့် ချစ်မိသူ လုံးဝ မရိပ်မိအောင် ထိန်းသိမ်းထားနိုင်စွမ်း လူအများစု၌ မရှိသလို ထိန်းသိမ်းထားလိုစိတ်လည်း မရှိပါပေ။ ကိုယ်ချစ်မိနေလို့ အမြဲ မြင်နေချင်တာ၊ ဂရုစိုက်အလိုက်သိချင်တာ၊ တန်ပြန်လည်း ဂရုအစိုက် ခံချင်တာ စတာတွေကို သူသိအောင် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်၍ ဖော်ပြမိတတ်၏။ ရည်ရွယ်ချက်ရှိရှိ သိစေချင်၍ လုပ်ခြင်း ဖြစ်နိုင်သလို ရင်ထဲသိုဝှက်ထားသော်လည်း မသိစိတ်၏ ဦးဆောင်မှုကြောင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၌ ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုပင် သတိမထားမိတတ်ကြသော အမူအကျင့်အချို့ကို စိတ်ပညာရှင်များက အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ကြသည်။

နူးညံ့အိစက်သော အကြည့်တစ်ချက်ကို ကြာကြာ ကြည့်နေမိတတ်ခြင်းသည် ကိုယ်မင်းကို စိတ်ဝင်စားနေပါပြီဟု လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။ ဖျတ်ကနဲ ခိုးကြည့်ပြီး အဝေးကို ငေးနေမိခြင်းသည် သူ၏ တန်ပြန်စိတ်ဝင်စားမှုကို လိုချင်၍ ဖြစ်၏။ သူနဲ့ ရင်ဆိုင်တွေ့ပြီ ဆိုတာနဲ့ ဆံပင်တွေ သပ်မိ၊ အကျီင်္အ၀တ်အစားတွေ ဆွဲဖြန့် လုပ်မိသည်။ သူ့ရှေ့မှာ ကြည့်မိကောင်းမှာ စိုးရိမ်သော မသိစိတ်ကြောင့် ဖြစ်သည်။ အသက်အရွယ် အနေအထားကြောင့် ဆယ်ကျော်သက်လေး တစ်ယောက်လို ကလက်တက်တက်နှင့် အမူအရာမပျက်သော်လည်း သူနဲ့တွေ့တိုင်း အဲလို ဖြစ်နေကျ ဖြစ်သည်။

တစ်ကိုယ်လုံးက ကြွက်သားတွေ တောင့်တင်းသွားရ လောက်အောင် မဆိုးလျှင်တောင် ထိုင်နေရင်းနဲ့ဆိုရင် ခါးကို မသိမသာ ပြန်မတ်မိသွားသည်။ ပုံမှန် အနေအထား စကားပြောဖြစ်ရင် (သို့) အနီးကပ်ရှိနေရင်တောင် ကိုယ့်မျက်နှာက ယောင်ယောင်လေး ပြုံးမိနေတတ်သည်။ သူရှိနေချိန် ဘေးလူတစ်ယောက်နှင့် စကားပြောနေလျှင်တောင်မှ ခေါင်းညိတ်ခြင်း၊ ဖြည်းဖြည်းနှင့် ဟန်ပါပါ ခေါင်းခါခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ ရယ်မောခြင်းတို့ကို ပုံမှန်ထက်ပို၍ လုပ်မိနေတတ်သည်။ တစ်ခါတစ်လေ သူနဲ့ နီးလာတာနဲ့ သီချင်းလေး ညည်းမိသည်အထိ အသက်အရွယ် အတွေ့အကြုံအရ စိတ်ကစားမှု (Emotion) ကို ထိန်းနိုင်အားနည်းလေလေ၊ သူ့ရှေ့မှာ အိုဗာတင်းတွေ ဖြစ်လေလေ ဖြစ်ကြောင်း တွေ့ရမည်။

ချစ်မိသူကို ဂရုစိုက်တဲ့ဖက် အများစုက ရောက်သော်လည်း အချို့ကျတော့ ဘာပြောပြော ကန့်လန့်လိုက်တိုက်နေတတ်သည်။ ထိုသို့ မဖြစ်ချင်သော်လည်း မသိစိတ်ထဲက အရွဲ့တိုက်လိုစိတ်ကို ထိန်းမရပေ။

ထိုအချက်တွေကို လူကဲခတ် အရည်အချင်းကို လိုက်၍ သော်လည်းကောင်း၊ သင်တို့နှစ်ဦး၏ တွေ့ဆုံမှု အစိတ်အကျဲကို လိုက်၍ သော်လည်းကောင်း သူသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း သိရှိသွားမည် ဖြစ်သလို သင်ကလည်း ထိုနည်းလမ်းများကို သွယ်ဝိုက်သော ချစ်ခွင့်ပန်ခြင်းများ အဖြစ် အသုံးချနိုင်ပါသည်။

(၄)


အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက သူ့သဘောထားကိုလည်း ပြန်သိချင်လာသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ သို့သော် အောက်တွင် ဖော်ပြထားသော Body Language များသည် မိန်းမတစ်ယောက်၏ ရင်ထဲက အဖြေကို Yes လား No လား အကြမ်းဖျင်း ခန့်မှန်းခြင်းကိုသာ ပေးနိုင်မည်ဖြစ်သည်။

လူတစ်ယောက် (အထူးသဖြင့် အမျိုးသမီးတစ်ယောက်) ၏ ပတ်ပတ်လည်ရှိ လက်တစ်ဆန့် အကွာအဝေးအတွင်းကို နီးစပ်ရင်းနှီးမှု နေရာလွတ် (Intimate Space) ဟုခေါ်သည်။ ထိုနေရာလေးသည် မှော်ဆန်သလို သူမ မလိုလားသူ (သို့) မရင်းနှီးသူများ ၀င်လာပါက ကိုယ်ကို ယို့၍ တိမ်းလိုက်ခြင်း၊ လက်ပိုက်လိုက်ခြင်းဖြင့် အကာအကွယ် ယူတတ်သလို လိုလားသူဝင်လာပါက ထိုသို့ မလုပ်တတ်သည်ကို တွေ့ရသည်။ (ချမ်းသောကြောင့် လက်ပိုက်ခြင်း မပါဝင်ပါ)

သင်ပြောသော စကားများကို လက်ပိုက်၍ နားထောင်ခြင်း၊ ခြေထောက် မရွှေ့သော်လည်း ဝေးရာဖက်သို့ ကိုယ်ကို ကိုင်းထားခြင်း၊ မျက်နှာ၌ မည်သည့် ခံစားချက်မျှ ပေါ်ပုံ မရခြင်း စသည်တို့သည် သင့်အပေါ် လိုလားမှု သိပ်မရှိသော အမူအရာများ ဖြစ်နိုင်ပေသည်။ ပြောနေစဉ် ခဏခဏ အကြည့် ဆုံခြင်းသည် သင်ပြောသော စကားအပေါ် ယုံကြည်မှု ရှိခြင်း၏ သင်္ကေတ ဖြစ်သလို လုံးဝ မဆုံခြင်းသည် အခြေအနေ မကောင်းပါ။

အသင့်တော်ဆုံး နည်းလမ်းမှာ ထိုနေရာလွတ်ထဲ တန်းမ၀င်ဘဲ သူမဆီ၌ ၀င်စေချင်သော၊ ဖိတ်ခေါ်လိုလားသော အကြည့်မျိုး ရှိရဲ့လား ကြည့်ပြီးမှ ၀င်ရန် ဖြစ်ပါသည်။ တစ်ချိန်လုံး ၀င်နေရင်တော့ လိုက်ကပ်သူဟု ပတ်ဝန်းကျင်က ကဲ့ရဲ့အတင်းတုတ်မည် ဖြစ်သလို ထိုအချက်ကို သင်ဂရုမစိုက်သော်လည်း မိန်းကလေး အများစုက ဂရုစိုက် ဆင်ခြင်တတ်ကြကြောင်းလည်း သတိပြုပါ။

အောက်ပါ ခန္ဓာကိုယ်ဘာသာစကားများသည် (အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ) သူ့ရင်ထဲက သင့်အတွက် အဖြေသည် No ဖြစ်ရန် ခဲယဉ်းကြောင်း ပြဆိုပါသည်။ အကုန်လုံး ရှိနေစရာ မလိုပါ။ အချို့ရှိလျှင် အတိုင်းအတာ တစ်ခုအထိ လုံလောက်ပါသည်။ မည်မျှ ဖုံးကွယ် သိုဝှက် ဟန်ဆောင်ကောင်းသူ ဖြစ်ပါစေ၊ အောက်ပါ အမူအရာများကိုတော့ လူသားသဘာဝအရ အချိန်ပြည့် ထိန်းမထားနိုင်ဟု စိတ်ပညာရှင်များက အတိအကျ ဆိုကြသည်။



ကိုယ့်ကို တစ်ချက်ကြည့်ပြီး ကိုယ့်ဘေးနားကိုပဲ ငေးနေခြင်း
ပုံမှန်ထက် အကြိမ်အရေအတွက် များများ ပိုကြည့်မိလာတတ်ခြင်း
သူ့ရဲ့ အပြုအမူ တစ်ခုခုအပေါ် အံ့သြ၀မ်းသာစွာ စိုက်ငေးကြည့်ခြင်းကို ဖျတ်ကနဲ အကြည့်တစ်ချက်နဲ့ လက်ခံ အသိအမှတ်ပြုခြင်း
သင်နှင့်တွေ့လျှင် မျက်လွှာချထားပြီး အဝေးကို ငေးတတ်ခြင်း
သင်နှင့်ဆုံတိုင်း မတ်ကနဲ မသိမသာ ဖြစ်သွားခြင်း
ဆံပင်နှင့် အ၀တ်အစားများကို အနည်းငယ်တော့ သပ်ခြင်း
ခန္ဓာကိုယ်ကို သင့်ဖက် လှည့်လာခြင်း
မျက်လုံးများ အတန်ငယ်စင်းသလို ဖြစ်သွားခြင်း (သို့) အရောင် လက်လာတတ်ခြင်း
သင့်ခန္ဓာကိုယ်အနေအထားနှင့် ဆင်တူအောင် လိုက်နေမိခြင်း
နှုတ်ခမ်းကို လျှာဖြင့် သပ်ခြင်း
သင်နှင့်စကားပြောလျှင် အသုံအတိုးအကျယ်၊ လေသံအနိမ့်အမြင့် ပုံမှန်ဖြစ်အောင် သတိထား၍ ပြောခြင်း


စသည်တို့ ဖြစ်ကြသည်။



Yes ဖြစ်လာရန် ခဲယဉ်းသေးသော ခန္ဓာကိုယ် ဘာသာစကားများမှာ သင်နဲ့တွေ့တိုင်း…………..

မည်သည့်အခါမျှ ခိုးမကြည့်ခြင်း
အကြည့်ဆုံလျှင် အမြန်ရှောင်ဖယ်သွားခြင်း (ရှက်ကိုးရှက်ကန်းနှင့် မတူပါ)
အဝေးကိုပဲ ကြည့်တတ်ခြင်း
ခန္ဓာကိုယ် အနေအထား ပြောင်းလဲသွားမှု မရှိခြင်း (သေချာအောင်တော့ ကြည့်ရပါမည်)
ကိုယ်ကို လှည့်၍ လွှဲဖယ်သွားခြင်း
ဆံပင်သပ်ခြင်း၊ အင်္ကျီဖြန့်ခြင်း လုံးဝမလုပ်ခြင်း (သို့) လက်ပိုက် / ခြေထောက်ချိတ်၍ နေပြီးမှ အကျီင်္ဆွဲချဖြန့်ခြင်း
ယဉ်ကျေးပျူငှာသော်လည်း သာမန်မျက်နှာ အနေအထားနှင့် မျက်လုံးအကြည့်သာ ရှိခြင်း
အသံအားပျော့ခြင်း (နူးညံ့ခြင်းကို မဆိုလိုပါ။ စိတ်ပါလက်ပါ အရမ်းမရှိခြင်းကို ဆိုလိုသည်)
စကားပြောနေစဉ် ငေးကြောင် ကြည့်တတ်ခြင်း၊ တမင်စိုက်ကြည့်တတ်ခြင်း (၇ စက္ကန့်ထက် ပိုတတ်သည်ဟု တွေ့ရှိရသည်)
ကိုင်ထားသော တစ်စုံတစ်ခုကို လိမ်ကျစ်နေခြင်း (သို့) ညှစ်နေခြင်း
လက်ဝတ်ရတနာ တစ်ခုခုကို ထိကိုင်ခြင်း၊ ဆော့ကစားခြင်း
လက်ချောင်းများကို ဆော့ကစားခြင်း၊ ခုံခေါက်ခြင်း

စသည်တို့ ဖြစ်ကြသည်။

(၅)
အချစ်တစ်ခု ရင်ထဲ၌ ဖြစ်တည်လာပါက ဖော်ပြရန် အခွင့်အရေး လူသားတိုင်း၌ ရှိသော်လည်း ထိုအလုပ်ကို အမျိုးသားများက စတင်မှသာ ပိုလုပ်ပြမှသာ သင့်တော်ပေမည်။ ထို့ကြောင့် အမျိုးသားများ အတွက် မြတ်နိုးချစ်ခင်ခြင်း၊ ဆွဲဆောင်လိုခြင်း ဆန္ဒသဘောကို မိမိချစ်သော အမျိုးသမီးကို ဖော်ပြနိုင်ရန် ပေါ်လွင်၍ နှစ်လိုဖွယ်ကောင်းသော အမူအရာများကို ဖော်ပြပေးလိုက်ပါသည်။ အမျိုးသမီးများသည် Body Language ကို အမျိုးသားများထက် မွေးရာပါ ပိုတတ်ပြီးသား ဖြစ်သဖြင့် သူမ မသိမှာ စိုးရိမ်ရန် မလိုပါ။

(၆)
အပြုံး
သင်ဟာ ခင်မင်နှစ်လိုဖွယ် လူတစ်ယောက်ဆိုတာ သိရှိပြီး သူမ သက်တောင့်သက်သာ ရှိစေဖို့ ဖော်ရွေစွာ ပြုံးပြီး စကားပြောပါ။ မိန်းမတွေနဲ့ တွေ့ရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ယောက်ျားမျိုးထက် မိန်းမတွေကို တည်ငြိမ်ဖော်ရွေစွာ ဆက်ဆံနိုင်တဲ့ ယောက်ျားမျိုးကိုပဲ မိန်းမအများစုက သဘောကျတတ်တဲ့ သဘာဝ ရှိကြတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ခပ်တည်တည် နေတတ်သူတစ်ယောက်ကို သူမတစ်ခါ ပျော့ပျောင်းလာတိုင်း ဂရုတစိုက် ပြုံးပြပေးခြင်းဖြင့် သူမရဲ့ တိုးလာတဲ့ ပျော့ပျောင်းမှုကို ရယူတတ်ပါစေ။

အကြည့်
မိန်းမတစ်ယောက်ရဲ့ ခန္ဓကိုယ် ကောက်ကြောင်းကို ငေးစိုက်ကြည့်နေတတ်တဲ့ အကြည့်ထက် ဆိုးတဲ့ အကြည့် မရှိပါဘူး။ သင်ဟာ သူလိုငါလို ယောက်ျားတစ်ယောက်လို့ ထင်သွားစေပါတယ်။ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို ထူးပြီး ဂရုမစိုက်ပြဘူး ဆိုရင်တော့ မိန်းမတစ်ယောက်ရဲ့ မာနအရ (သင့်ကို မချစ်သေးရင်တောင်) သူမလှတယ်ဆိုတာ သင့်ရင်ထဲရောက်သွားအောင် လုပ်ပါလိမ့်မယ်။ တကယ်တမ်းတော့ ဒါဟာ သူမရင်ထဲ သင်ရောက်သွားတာ ပါပဲ။ ဒါပေမဲ့ လုံးဝ လျစ်လျူရှုထားလို့ ဆိုလိုတာ မဟုတ်ပါ။






--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်ချင်သူများ



ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်ချင်သူများ ဆက်ချင်သူများ ညှပ်ချင်သူများအတွက် ဆော့ဝဲလေးပါ။
portable လေးပါ။
ဒေါင်းရန်

http://www.mediafire.com/?nyfrewqfyxqq29h

http://ifile.it/jq0lc61/Xilisoft_Video_Editor_2.0.1.0111_Portable.rar

http://www.ziddu.com/download/13618608/Xilisoft_Video_Editor_2.0.1....

http://www.zshare.net/download/85948771e5a6152b/

http://www.mirrorcreator.com/files/OX0WNT8R/

ဒေါင်းရန်
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed