BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, July 15, 2011

အထွေ၂သတင်း





ပြုံးတိုင်းလှတဲ့သူ..

ပုံမမြင်ရရင် အကွက်ထဲနိပ်ပါကြည့်ပါ


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..


လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

Image Hosted by PicturePush - Photo Sharing
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :)  )

အဆင့်(၂)
Posted by ချော(အစိမ်းရောင်လွင်ပြင်) at Wednesday, March 09, 2011 30 comments

Monday, January 31, 2011


ဆေးဝါးဖြစ်စေသော အသီးများ



အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. ၄င်းအသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး ဖတ်မှတ်ထားမိတာတွေထဲကမှ အသီးတစ်ချို့အကြောင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


ကီဝီသီး (Kiwi Fruit)

kiwi fruit
အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးများတဲ့ အသီးဖြစ်တယ်လို့ဆိုပါတယ်. ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင် စီ မှာ လိမ္မော်သီးထပ်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်.. ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကို ထိန်းညှိပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။


ကီဝီသီး စိုက်ခင်း

နွယ်ပင်မျိုးဖြစ်တဲ့ ကီဝီသီးရဲ့ မူလပေါက်ဖွားရာဒေသဟာ တရုတ်ပြည်လို့ သိရပြီး တရုတ်မူရင်း မျိုးနွယ်ဖြစ်တာကြောင့် အမျိုးသား အသီးအနှံအဖြစ် ကြော်ငြာခြင်းခံရပါတယ်... ယခင်က တရုတ်အမည် Chinese gooseberry လို့ အမည်တွင်ရာမှ ၁၉၀၀ ခုနှစ်နောက်ပိုင်း နယူးဇီလန်နိုင်ငံကို ရောက်ရှိသွားပြီး  ၄င်းမှတစ်ဆင့် အခြားနိုင်ငံအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားပါတယ်. အဲဒီတော့မှ ကီဝီသီးလို့ အမည်တွင်လာကာ လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်.. ငှက်ပျောသီး၊ နာနတ်သီးနဲ့ စတော်ဘယ်ရီတို့ရဲ့ အရသာမျိုး ပေါင်းစပ်ပါဝင်ပြီး အချဉ်ဓာတ်ကဲတဲ့ အရသာကြောင့် အဖျော်ယမကာအဖြစ် ထုတ်လုပ်လာကြပါတယ်. တရုတ်ပြည်မှာတော့ ဟန်မင်းဆက် လက်ထက်ကတည်းက ကီဝီသီးကနေ ၀ိုင် အရက် ချက်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..

ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော  ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။။

ချစ်စရာပန်းသီးပင်

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ အလွန် ကောင်းမွန် မြင့်မားတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် စားသုံးသူတွေအတွက် အလွန်အကျိုးများစေတဲ့အသီး ဖြစ်ပါတယ် ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊ သွေးဖိအားမြှင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို အားကောင်းစေတယ်လို့ သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်တယ် လို့ ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအ၀င် ဘယ်ရီသီးကို များများ စားသင့်ပါတယ်နော်။


လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်..  ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။


ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး  ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။


သေဘာၤသီး


ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်..  သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်..


နဂါးမောက်သီး ( Dragon fruit)



လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင် အမေရိကတိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလိပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်..


အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီး အမှည့်အခွံဟာ အများ အားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။


နဂါးမောက်သီးပင်




























နဂါးမောက်သီး ( Dragon fruit) စိုက်ခင်း

dragon fruit plant

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်..  နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။





--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 13, 2011

Install လုပ်နည်း


ဝက်ဆိုက်လင့်လေး ကို အောက်မှာ ဖော်ပြထားပါတယ်….ပုံလေးပါဖော်ပြထားပါတယ်…
အင်တာနက်ချိတ်ပြီးတာ နဲ့ အဲဒီဆိုဒ်လေးကို ၀င်လိုက်ပါ…ပြီးရင် မိမိစက်ထဲ ထည့်ချင်တဲ့ ဆော့်ဝဲအမျိုးအစားတွေ ကိုလိုက်ပြီး ကလစ်ပေးလိုက်ပါ…ပြီးရင် အောက်က get installer ဆိုတာကို နှိပ်လိုက်ပါ….EXE ဖိုင်ကို သူကပေးပါလိမ့်မယ်…ပြီးရင် အဲဒီဖိုင်ကို ဒေါင်းလုပ်ချပြီး အင်စတောလုပ်လိုက်ပါ…ခုနက မိမိ ကလစ်ပေးလိုက်တဲ့ဆော့လ်ဝဲတွေအားလုံးကိုအင်စတော လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်…ဘယ်လောက်မိုက်လဲ ဒီခေတ်ကြီးက နောက်ဆို ကွန်ပျူတာကို ဘယ်လိုများ ခိုင်းစားကြအုန်းမလဲမသိဘူးနော်….အင်တာနက် သုံးရတဲ့ ဘ၀က ဘာမှ ကိုမလိုတော့ဘူးနော်…

ပြည့်စုံလိုက်တာဗျာ..အဲဒီ ၀က်ဆိုက် လုပ်ပေးတဲ့လူကို လည်း တကယ်ကို ကျေးဇူးတင် တယ်ဗျာ… လေးစားဖို့လည်းကောင်းတယ်…တခါမှ အဲလို မတွေးမိဘူး….၀က်ဆိုက် ကတော့ ဒီဝက်ဆိုက် လေးပါ…>>> http://ninite.com/
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရေမချိုးကြသူများ




ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။ သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများ မဟုတ်ကြပါဘူး။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
     ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင် မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။


The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ

သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။



The Ovahimba People Of Namibia

ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်း)


Image Hosted by PicturePush - Photo Sharing


ဒီပုံကတော့ အိမ်ထောင်သည်အမျိုးသမီးရဲ့ မခို့တရို့အလှပါ။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Ovahimba woman Namibia stock photo


Image of pc010370.jpg

Image Hosted by PicturePush - Photo Sharing



အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့  အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။


( ရေချိုးပျင်းသူများ၊ အဝတ်လျှော်ရမှာ ပျင်းသူများအတွက်တော့ Ovahimba လူမျိုးနွယ်စုတွေ နေထိုင်တဲ့ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ သွားနေကြည့်ဖို့ အကြံပေးချင်ပါတယ်



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သတိထားသင့်တဲ့ ဟန်းဖုန်းသေနတ်



ဒီပိုစ့်လေးမှာ ဖော်ပြမဲ့အကြောင်းအရာက ဟန်းဖုန်းနဲ့တစ်ထပ်တည်း တူအောင်ပြုလုပ်ထားတဲ့ သေနတ်အကြောင်း ပြောပြချင်တာပါ။ သိပြီးသူများလည်း ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ မသိသေးသူများအတွက် ရည်ရွယ်ပြီး ဗဟုသုတအနေနဲ့ရော၊ သတိထားနိုင်ဖို့ပါ တင်ပေးချင်တာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းကားတွေမှာတော့ နည်းပညာ အသစ်အဆန်းတွေနဲ့ တီထွင်ပြုလုပ်ထားတဲ့ ခေတ်မီ လူသတ် လက်နက်မျိုးစုံကို ကိုင်ဆောင်တာ မြင်ဖူးကြပေမဲ့ အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ ဟန်းဖုန်းနဲ့ တစ်ထပ်တည်းတူအောင် ပြုလုပ်ထားတဲ့ သေနတ်တွေ ရှိနေပြီ ဆိုတဲ့အကြောင်းလေး သတိပြုမိစေချင်ပါတယ်။  ဘယ်အရာမဆို သတိဆိုတာ ပိုတယ်မရှိလို့ ဆိုထားတယ် မဟုတ်လားရှင်။ ဟန်းဖုန်းသေနတ်အကြောင်းကို  အောက်က ပုံတွေမှာ ဖော်ပြထားပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဟန်းဖုန်းတစ်လုံးနဲ့ ဘာမှ မခြားပါဘူး။ အရွယ်တူ၊ ပုံစံတူ၊ အပြင်ဘန်းသဏ္ဍာန်အားလုံး တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်ထားတဲ့ ပစ္စတိုလ်သေနတ် ဖြစ်ပါတယ်။ အထဲမှာ ပွိုင့်တူးတူး( .22)  ကျည်ဆန် လေးတောင့်ပါဝင်ပြီး ဟန်းဖုန်းတစ်လုံးမှာ မပါမဖြစ် ပါဝင်တဲ့ ( Key Pad) ကီးပက်ပေါ်က ဂဏန်းတွေထဲကမှ နံပါတ် ၅, ၆, ၇, ၈ တို့ကို နှိပ်လိုက်မယ်ဆိုရင် ကျည်ဆန်တွေ အမြန်နှုန်းထားနဲ့ ပြေးထွက်လာမှာ ဖြစ်ပါတယ်။ ကျည်တစ်တောင့်ချင်းစီကို ၄င်းခလုပ်တစ်ခုစီနဲ့ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ( Antenna) အဲန်တင်နာလို တိုင်ကလေးဟာ ပြောင်းဝအဖြစ် ပြုလုပ်ထားပြီး ကီးပက်က ခလုပ်တစ်ခုကို နှိပ်လိုက်တာနဲ့ ကျည်ဆန်ဟာ အဲဒီ ပြောင်းဝကနေ ထွက်လာမှာပါ။ ထွက်လာတဲ့ ကျည်ဆန်ဟာ ၁၀မီတာကနေ ၁၂မီတာ(  ၃၉ပေ) အထိ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ကျည်ဆန်များကို ထုတ်ပြစဉ်


Image Hosted by PicturePush - Photo Sharing

ဖုန်းအတွင်းမှ ကျည်ဆန်များ

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဒါကတော့ ဟန်းဖုန်းသေနတ်ရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ရှင်းပြထားတဲ့ သရုပ်ပြပုံ ဖြစ်ပါတယ်။

ဖုန်းတွေမှာပါဝင်တဲ့ ဒီဂျစ်တယ် စခရင်လည်း ပါဝင်ပါတယ်။ ရုတ်တရက်ကြည့်ရင် ဖုန်းတစ်လုံးလို့သာ သိနိုင်မှာဖြစ်ပြီး သေနတ်မှန်း ဘယ်လိုမှ လွယ်ကူစွာခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ဟန်းဖုန်းတွေနဲ့ တစ်ထေရာတည်း တူညီတဲ့ သေနတ်တွေ ပေါ်လာတာကြောင့် ဥရောပနိုင်ငံများမှာတော့ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ဟန်းဖုန်းတွေအားလုံး X- ray ရောင်ခြည်အောက်မှာ ဖြတ်သန်းစစ်ဆေးနိုင်ဖို့ ကိရိယာများကို တတ်ဆင်ထားကြပါပြီ။ ဟန်းဖုန်းသေနတ်ကို လောလောဆယ် ကိုင်ဆောင်နေကြသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ မာဖီးယားဂိုဏ်ဟာ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် အတောအတွင်းကမှ အီတလီရဲတွေဟာ မာဖီးယားတွေဆီက ၄င်းသေနတ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အခြားသော ဥရောပနိုင်ငံ အချို့တွေမှာ ၄င်းဟန်းဖုန်းသေနတ်များကို မကြာခဏ ဖမ်းဆီးရမိနေတာကြောင့် ဒီလို သေနတ်မျိုးတွေဟာ လူတွေလက်ထဲမှာ ဘယ်လောက်များများ ရှိနေပြီလဲဆိုတာ စိုးရိမ်စရာဖြစ်နေပါပြီ။

 

ဟန်းဖုန်းသေနတ်ဟာ ပုံမှန်ဟန်းဖုန်းအစစ်ထက်တော့ အလေးချိန် ပိုများတယ်ဆိုတာတော့ ကိုင်ကြည့်ရင် ကွဲပြားသိသာစေတဲ့အချက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တကယ်လို့များ သင့်လက်ထဲမှာ ဟန်းဖုန်းတစ်လုံး မတော်တဆများ ရောက်လာခဲ့ရင် ပုံမှန်ဟန်းဖုန်းတစ်လုံးထက် လေးနေခဲ့ပြီဆိုရင် သက်ဆိုင်ရာဌာန တစ်ခုခုကို သွားရောက် အကြောင်းကြားပြီး သေနတ်လား၊ ဟန်းဖုန်းလားဆိုတာ စစ်ဆေးခိုင်းသင့်ပါပြီ။


အင်တာနက်က ဖတ်မိတာလေးကို ဗဟုသုတအဖြစ်ရယ်၊ သတိထားနိင်စေဖို့ရယ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 10, 2011

Recovery အကောင်းဆုံးလေး

 


တကယ်ကိုကောင်းမွန်လှတဲ့ Software လေးပါ..ဒီ software လေးက ကျွန်တော်ရဲ့ 2နှစ်လောက်ရှိပြီး.ဘယ်လိုမှ recovery လုပ်လို့မရတဲ့ file တွေကို recovery လိုက်ပေးပါတယ်.
၁) Format လုပ်ပြီးသား file တွေကိုလုပ်ပေးတယ်.
၂) Raw ဖြစ်သွားတဲ့ file တွေကိုလဲလုပ်ပေးတယ်..ဒီဟာက ဘယ်မှာသုံးလဲဆိုတော့.. format လုပ်ပြီးသား ကို recovery လုပ်တဲ့အခါမှာ.သူကမေးပါတယ်.နောက်ဆုံးသုံးခဲ့တဲ့ file system ကဘာလဲဆိုပြီးမေးတဲ့အခု..ကိုယ်က NTFS ကိုပေးရင်လဲမဟုတ်ဘူး၊FAT လဲ.မဟုတ်ဘူး၊FAT32 မဟုတ်ဘူး.ဆိုပြီး...ဖြစ်တက်ပါတယ်.ဒါက Raw file system ဆိုပြီး..ဘာမှကိုလုပ်လို့မရတော့တဲ့ usb,hardisk တွေကိုလဲ recovery လုပ်ပေးတဲ့အပြင်
၃) Delete လုပ်လိုက်မိတဲ့ file တွေကိုလဲ recovery လုပ်ပေးပါတယ်.
၎) Advanced Recovery ဆိုပြီးတော့လဲပါသေးတယ်.
၅) Recovery သက်သက်မဟုတ်ဘဲ.. File Repair ဆိုပြီး
Excel,Access,Zip,Powerpoint,Word စတဲ့ File format တွေအတွက်လဲပါဝင်တယ်.
၆) Disk Diagnostics  စတဲ့ Drive Tests,Size Manage,Data Advisor,Partition စတဲ့များပြားအသုံးဝင်လှတဲ့ Software တွေကိုစုစည်းထားတဲ့ Easy Recovery Professional ဖြစ်ပါတယ်..ဒီအပြင် Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေဟေမယ်.လို့မျှော်လင့်ပါတယ်..

DOWNLOAD FROM MEDIAFIRE (15.97MB)
DOWNLOAD FROM ifile.it 


ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို Internet မှ တိုက်ရိုက်ရယူနိုင်ပါပြီ။



Kaspersky Antivirus နဲ့ရင်းနှီးသူတိုင်း Kaspersky Antivirus 2007 အထိသာ အင်တာနက်မှတစ်ဆင့်
Download ချယူနိုင်တယ်ဆိုတာသိပါတယ်။ Kaspersky Antivirus 2010,2011နှင့်2012 Update များကိုတော့
အင်တာနက်မှတစ်ဆင့် ဒါရိုက်ရယူလို့မရနိုင်ပါဘူး။အဲဒီအတွက် Kaspersky Software မှတစ်ဆင့်ဖြစ်စေ၊
အင်တာနက်ရှိသော ဆိုင်များမှဖြစ်စေ ၀ယ်ယူသုံးစွဲနေကြရပါတယ်။အဲဒီနှစ်ခုလုံးက အချိန်နှင့်ငွေးကြေးပါ
နှစ်ခုလုံးကုန်ကျနိုင်ပါတယ်။ဒါပေမယ့် နည်းပညာရဲ့တီထွင်မှုက အဲဒီအခက်အခဲတွေကိုဖြေရှင်းပေးလိုက်ပါ
ပြီ..အဲဒါကတော့ Kaspersky Antivirus 2010, 2011 နှင့် 2012 Update များကို တိုက်ရိုက်ရယူနိုင်မယ့် Websiteတစ်ခုပေါ်ထွက်လာလို့ပါ။ Website ပေါ်ထွက်လာတာလဲ နည်းနည်းကြာပြီဖြစ်သလို.ကျွန်တော် ဒီပိုစ့်လေးကိုရေးသားထားတဲ့အချိန်ကလည်းကြာနေပါပြီ..အဲဒီအတွက်…မသိသောသူများရှိသလို..သိသောသ
ူများကလည်း နားလည်ခွင့်လွှတ်ပေးကြပါ။ဘာလို့လဲဆိုတော့ အခုလိုပိုစ့်တွေကို တစ်လောကမှ မျှဝေခွင့်ရခဲ့လို့ပါ။ကဲ…. Update ဖိုင်အရွယ်အစားကတော့ 200MB လောက်တော့ရှိတယ်.ပုံမှန်ပါဘဲ.ဒေါင်းရင်.နာရီဝက်ကျော်
လောက်တော့ကြာပါမယ်.။ ကဲ့..အောက်ကပေးထားတဲ့ Website မှာ သက်ဆိုင်ရာ Updateများကို ဒေါင်းယူ
နိုင်ပါပြီခင်ဗျာ။

To Download Click Here!



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 8, 2011

SlideShow များ ပြုလုပ်ခြင်း


slideshow ပြုလုပ်ပုံလေးများ မသိသေးသူများ အတွက် တင်ပြပေးလိုက်ပါတယ်...
slideshow ပြုလုပ်ပုံတွေဟာ တစ်ဦး နှင့် တစ်ဦး တူချင်မှ တူမည်၊ ပြုလုပ်သော ဆိုဒ်များ နှင့် DVD ဆော့ဝဲလ် များလည်း တူချင်မှ တူမည်။ သို့သော ထိုထို ထဲမှ မျိုးက
လက်ရှိ အသုံးပြု အများဆုံးဖြစ်တဲ့ slideshow ပြုလုပ်ပုံ တင်ပြပေးပါ့မယ်...

(၁)။ http://www.slide.com/
ကို ကလစ် ပြီး အကောင့်ဖောက်ပါ..
အကောင့်ဖောက်ပြီးလျှင် ဒီလိုပုံလေးတွေ့ ရပါလိမ့်မယ်...



Click to make your first slideshow! ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်ပါ...
အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ်....




Preset Designs: နေရာမှ ဒီဇိုင်းလေးများကို မိမိစိတ်ကြိုက် ရွေးချယ်ပေးလိုက်ပါ...ပြီးလျှင် အောက်သို့ ဆက်သွားပါ...
Browse ကိုကလစ်ပေးပြီး မိမိ ကွန်ပျုတာထဲမှ စိတ်ကြိုက်ပုံများကို ရွေးချယ်ပေးလိုက်ပါ။ရွေးချယ်ပြီးလျင် ဘောက်စ်လေး ကျလာပါလိမ့်မယ်...
 မိမိကြိုက်နှစ်သက်သော နာမည်လေးပေးပြီး Done ကို ကလစ်ပေးလိုက်ပါ...
ထိုနည်းတူစွာပင် facebook,photobucket နှင့်အခြားနေရာမှလည်း ပုံများကို
ယူနိုင်ပါသည်။



Customize your Design: နေရာလေးမှ မိမိလိုချင်သော Slideshow ဒီဇိုင်းလေးများကိုေ၇ွးချယ်ပေးပြီး စိတ်ကြိုက်ဖြစ်လျှင် Save(get code) ကို ကလစ်ပေးလိုက်ပါ...

မိမိကြိုက်နှစ်သက်သော စလိုက်ရှိုး လိပ်စာလေးတွေ ရေးပေးလိုက်ပါ...


ပြီးလျှင် သိမ်းလိုက်သော အခါ လှပတဲ့ စလိုက်ရှိုးလေးတွေ ရရှိပြီပေါ့နော်....
Bebo ကိုကလစ်ခြင်းပဲဖြစ်ဖြစ် အခြား တစ်ခုခုကိုကလစ်ကာ HTML ကုတ်ကို ရယူလိုက်ပါ...

Share ချင်သူတွေအတွက်ကတော့ My Slide ကလစ်ကာ Share လင့်ကို ရယူလိုက်ပါ...


          ***နောက်ထပ် ၂ မျိုး လုပ်နည်းကိုလည်း ဆက်လက်တင်ပြပေးသွားပါအုံးမည်...***
 






--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed