BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, July 18, 2011

အစိုးရတပ် ကချင်ဒေသတွင် အကျများ

E-mail Print
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။

မကြာသေးမီက KIA နောက်တန်း တနေရာတွင် တွေ့ရသော KIA အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ - ဧရာဝတီ)

KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။

KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို  လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။

အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နိုင်ငံသား စိစစ်ရေး ကတ်ပြား

နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားမှု ခြောက်ကျပ်သာ ကုန်ကျမည် ဟု ဆို
အသက် ၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသား များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက် ထားရာတွင် ခြောက်ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။
နိုင်ငံသား စိစစ်ရေး ကတ်လျှောက်ထားရာတွင် အသက် ၁၈ နှစ်ပြည့်မီကြောင်း၊ ကျောင်းထောက် ခံချက် သို့မဟုတ် မွေးစာရင်းမူရင်းနှင့်မိတ္တူ၊ ရပ် ကွက်/ ကျေးရွာအတွင်းနေထိုင်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူး၏ ထောက်ခံချက်၊ မိဘနှစ်ပါး၏ နိုင်ငံ သားစိစစ်ရေးကတ်အထောက်အထားလက်မှတ်မူရင်း သို့မဟုတ် မိတ္တူ၊ လျှောက်ထားသူ၏ သွေးစစ်လက် မှတ်မူရင်း စသည်တို့ပါရှိရမည်ဖြစ်ပြီး စတင်လျှောက် ထားသည့် အချိန်မှစ၍ ၂၈ ရက်အတွင်းထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“အချက်အလက် အထောက်အထားတွေပြည့်စုံ ရင် နေ့ချင်းပြီးကနေ အကြာဆုံး ၂၈ ရက်ထက်ပို မကြာပါဘူး။ အခကြေးငွေကိုလည်း သတ်မှတ်ငွေ ထက်ပိုမပေးရပါဘူး။ နောက်ပြီး တချို့က ပွဲစားတွေနဲ့ ဆောင်ရွက်နေတာရှိတယ်။ ၀န်ထမ်းတွေနဲ့ထိတွေ့ရ မှာ မကြောက်ဖို့နဲ့ ပွဲစားတွေနဲ့မဆောင်ရွက်ကြဖို့ ပြောချင်တယ်”ဟု အဆိုပါဌာနမှတာဝန်ရှိသူတစ်ဦး က ပြောပါသည်။
နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသည့် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာသူများအနေ ဖြင့် ယခင်က ခရိုင်မှူးများမှ လက်မှတ်ရေးထိုးရသော် လည်း ယခုအချိန်တွင် မြို့နယ်မှူးများမှ လက်မှတ် ရေးထိုးရခြင်းကြောင့် ကတ်ပြားထုတ်ပေးရာတွင် ပိုမို မြန်ဆန်လာမည်ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသား စစ်စစ်မဟုတ်သူများအနေဖြင့် ယခင်ပုံစံအတိုင်း ပြည် နယ်/တိုင်းဒေသကြီးဦးစီးမှူးများအထိ တင်ပြရခြင်း ကြောင့် အထောက်အထားပြည့်စုံသော်လည်း ခရီး အကွာအဝေးကြန့်ကြာမှုများရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ကုန် ကျငွေများမှာ စတင်လျှောက်ထားရာ၌ ခြောက်ကျပ်၊ လဲလှယ်ပါက သုံးကျပ်၊ မိတ္တူလျှောက်ထားပါက ကျပ် ၁၀ သာပေးသွင်းရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်း များပြုလုပ်ရာတွင် မည်သည့်ကိစ္စရပ်မဆို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ချက်များအရ သိရသည်။
 


ကျောက်မျက် အရောင်းပွဲ ပြည်တွင်း ဝယ်လက် ပိုများ

E-mail Print
နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ၄၉ ကြိမ်မြောက် ကျောက်စိမ်း၊ ကျောက်မျက် ပုလဲ အထူးရောင်းချပွဲ၌ နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် ကျောက်ကုန်သည်များထက် ပြည်တွင်းကျောက်ကုန်သည်များ၏ ၀ယ်ယူမှုက ယခုအကြိမ်တွင် ပိုမိုများပြားကြောင်း သိရသည်။


ယမန်နှစ်က ပြုလုပ်သည့် ကျောက်မျက် အရောင်းပြပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ပြပွဲသို့ သွားရောက်သည့်  ပြည်တွင်းကျောက်ကုန်သည် ဦးညီညီနိုင်က “ဒီတခါ တရုတ်တွေ ပြပွဲလာကြပေမယ့် အခါတိုင်းလောက် ဈေးမပေးတော့ဘူး၊ ပြည်တွင်းကုန်သည်တွေကပဲ ဈေးအောင်ကြတယ်” ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကျောက်ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏တန်ဘိုး အပေါ်၌ ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်ကုန်သည်များမှာ ၎င်းတို့အစိုးရသို့ ပေးဆောင်ရမည့် အခွန်ငွေကိုပါ တွက်ချက်၍ လေလံဈေးကို ပေးရသည့်အတွက် လေလံပွဲတွင် ပြည်တွင်းကုန်သည်များကို မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အရောင်းပြပွဲများ၌ ကျောက်စိမ်းအတွဲများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်ကုန်သည်များက ဈေးအမြင့်ဆုံးပေးကာ ၀ယ်ယူသည်ကို တွေ့ရသည်ဟု ဦးညီညီနိုင်က ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာတွင် တရုတ်လူမျိုး ကျောက်စိမ်းကုန်သည် Mr. Cai Xiaowu က ကျောက်စိမ်းအတွဲများကို ဈေးအများဆုံးပေးကာ ၀ယ်ယူသည်ဟု ဖော်ပြထားပြီး ပတ္တမြား၊ နီလာ စသည့်  ကျောက်မျက်ရတနာများ ၀ယ်ယူမှုတွင် Ruby Dragon ကုမ္ပဏီမှ ပြည်တွင်းရတနာကုန်သည် ဦးမောင်မောင်နိုင်က အများဆုံး ၀ယ်ယူသူဆုကို ရရှိခဲ့ကြောင်းသိရသည်။

ကျောက်မျက်ရတနာ အရောင်းပြပွဲများကို  မြန်မာဆိုရှယ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ကာ တနှစ်တကြိမ်ပြပွဲများ ကျင်းပပြီး နိုင်ငံခြားသားများကိုသာ ရောင်းချခဲ့ရာ ၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်ရောက်မှ နိုင်ငံသားများကို ၀ယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၀၄ ခုနှစ်တွင် တနှစ်လျှင် သုံးကြိမ်အထိ အရောင်းပြပွဲများ ပြုလုပ်ခဲ့ရာ ယခု ၄၉ ကြိမ်မြောက် အထူးရောင်းချပွဲတွင် ကျောက်စိမ်းအတွဲ ၂၂၃၁၇ တွဲ၊ ကျောက်မျက် အတွဲ ၂၄၈ တွဲ၊ ပုလဲအတွဲ ၃၅၅ တွဲကို တင်ပြရောင်းချခဲ့သည်။

ယခုတကြိမ် ပြုလုပ်သည့် ရောင်းချပွဲသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကျောက်မျက်ပွဲများသည် အစိုးရ၏ ဘဏ္ဍာကို အဓိက ဖြည့်တင်းပေးနေသည့် ရောင်းချပွဲများဖြစ်ပြီး  ၄၇ ကြိမ်မြောက်ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ (ကျပ်သန်း ၁၄၀၀ ၀၀၀ ) ရောင်းချခဲ့ရကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြပွဲ၌ ကျောက်စိမ်းများ ရောင်းဝယ်ရာတွင် အိတ်ပိတ် တင်ဒါစနစ်၊ ဈေးပြိုင်လေလံစနစ်ဟု စနစ်နှစ်မျိုးကျင့်သုံး၍ ရောင်းဝယ်သည်။

ပြည်တွင်း ကျောက်စိမ်းကုန်သည်များ အနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ထက် ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းဝယ်မှုကို ပိုမို ကြိုက်နှစ်သက်ကြောင်း ယခုပြပွဲတွင် ကျောက်စိမ်းအတွဲများကို ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကျောက်စိမ်းကုန်သည် ဦးမောင်မောင်ခင်ကလည်း ဆိုသည်။

“တင်ဒါစနစ်ကတော့ ပစ္စည်းကြည့်၊ ပေးမယ့်ဈေးနှုန်းရေး၊ ပုံးထဲထည့်။ လေလံကျတော့ အပြိုင်အော်ဟစ် ဈေးပေးတော့ ပိုပြီး စိတ်လှုပ်ရှား ရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

သို့သော် ရောင်းဝယ်ရာတွင် အစိုးရက ပြဋ္ဌာန်းထားသည့် ရောင်းဝယ်မှု ဆိုင်ရာ ဥပဒေများ၌ ပျော့ကွက်ဟာကွက်များ ရှိနေသည့် အတွက် ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကုန်သည်များတွင် နစ်နာမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အစိုးရက ကျောက်စိမ်းနှင့် ကျောက်မျက် ၀ယ်ယူသည့် နိုင်ငံခြားသား ကုန်သည်များကို ၀ယ်ယူလိုသည့် ကျောက်အား လက်ငင်းငွေချေရန် မလိုဘဲ ၂ လအကြာမှသာ လာရောက် စရံငွေ ပေးနိုင်ကြောင်း၊ ၃ လအကြာမှသာ အပြီးသတ် ငွေချေပြီး ကျောက်ကို ယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထိုအချက်ကို အခွင့်ကောင်းယူကာ နိုင်ငံခြားသားကုန်သည်များသည် လာရောက်ယူငင်ခြင်း မပြုတော့ဘဲ ရောင်းဝယ်မှု စည်းကမ်းကို ဖောက်ဖျက်မှုများ မကြာခဏ ကြုံနေရသည့်အတွက် ပြည်တွင်းကုန်သည်များသည် အချိန်၊ ငွေ စသည့် ရင်းနှီးမြုပ်နှံမှု အပိုင်းတွင် နစ်နာမှုများ ရှိနေသည်ဟု ဦးမောင်မောင်ခင်က ဆိုသည်။

ထိုသို့ ရောင်းဝယ်မှု စည်းကမ်းဖောက်ဖျက်သည့် ပြည်ပကုန်သည်များကို နာမည်ပျက်စာရင်းသွင်းကာ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မည်ဟု အစိုးရက ပြဋ္ဌာန်းထားသော်လည်း အထူးသဖြင့် စည်းကမ်းချိုးဖောက်သည့် တရုတ်ကုန်သည်များသည် နာမည်အမျိုးမျိုး၊ မှတ်ပုံတင်အမျိုးမျိုး၊ နိုင်ငံကူးလက်မှတ် အမျိုးမျိုးဖြင့် ပြပွဲသို့ လာရောက်နေသည်ကိုလည်း မြင်တွေ့နေရကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံ ကွမ်ကျိုး (ကန်တုံ) ကျောက်မျက်ပြပွဲတွင်မူ လေလံ ၀င်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် လေလံအောင်လျှင် စရံငွေအဖြစ် ကျောက်မျက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပေးရသည်။

ပြည်တွင်းကျောက်မျက်ကုန်သည် တဦးဖြစ်သည် ဦးညီညီနိုင်ကလည်း ပြည်ပကုန်သည်များ၏ ရောင်းဝယ်မှုစည်းကမ်း ဖောက်ဖျက်မှုမှာ မှန်ကန်ကြောင်း၊ ပြီးခဲ့သည် ၄၈ ကြိမ်မြောက်ပြပွဲတွင် ၎င်းပြသခဲ့သည့် ကျောက်စိမ်းအား တရုတ်ကုန်သည်တဦးက ယူရို ၁၀ သန်းဖြင့် ၀ယ်ယူမည်ဆိုခဲ့သော်လည်း ယခုအထိ လာရောက်ယူဆောင်ခြင်း မရှိသေးကြောင်း ပြောသည်။

“အရောင်းအ၀ယ်မှာ ပါးစပ်နဲ့ ၀ယ်ပြီး ၃ လလောက်ကြာတဲ့အထိ လာပြီးမယူဘူးဆိုတော့ ရင်းနှီးထားတဲ့ငွေတွေ၊ အချိန်တွေ နစ်နာတာပေါ့” ဟု ဦးညီညီနိုင်က ဆိုသည်။

အစိုးရအနေဖြင့် ကျောက်မျက်ပြပွဲများကို ပြုလုပ်နေသော်လည်း ပြည်တွင်းကုန်သည်များ၏ နစ်နာနေမှုများကိုလည်း လျစ်လျူရှု မထားသင့်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်စိမ်းတွင် ဂျေဒိုက် (Jadeide – Jade) နှင့် နက်ဖရိုက် (Nephrite- Jade) ဟု နှစ်မျိုးရှိရာ ဂျေဒိုက်ကိုသာ ကျောက်စိမ်းအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်သည့် ဂျေဒိုက်ကျောက်စိမ်းသည် အရည်အသွေးကောင်းမွန်ပြီး အဖိုးအတန်ဆုံး ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများက အလွန်ကြိုက်နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည့်အတွက် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို ၀ယ်ယူပြီး ကွမ်ကျိုးမြို့၌ လက်ကောက်၊ လည်ဆွဲစသည့် အချောထည် ပုံအမျိုးမျိုး ထုဆစ်ကာ ရောင်းဝယ်ကြ သည်။

မြန်မာ့ကျောက်မျက်ရောင်းချပွဲများသို့ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများမှ အများဆုံးလာရောက်ကြပြီး၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ရုရှား စသည့်နိုင်ငံများမှလည်း လာရောက်ကြသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပညာရေး တက္ကသိုလ်ဝင်တန်း

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ထုတ်ပေးနေ
၂၀၁၀-၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအား အမှတ် စာရင်းများကို ဇွန် ၂၇ ရက်မှ စ၍ မြန်မာ အင်ဖိုတက်ခ် Myanmar Info Tech အတွင်း ဇွဲ ကပင်ဆောင်တွင် ထုတ်ယူ ရရှိနိုင်ကြောင်းသိရသည်။
အဆိုပါ အမှတ်စာရင်း ထုတ်ယူရာတွင် ဖြေဆိုသူ၏ ခုံအမှတ်၊ စာ စစ်ဌာနအမည်၊ ဖြေဆိုသူ၏ အဘအမည်၊ နေရပ်လိပ်စာတို့ကို လျှောက်လွှာ (ဖောင်)တွင် ဖြည့်သွင်း ရေးသားရမည်ဖြစ်ပြီး လျှောက်လွှာတစ်စောင် ကျပ် ၂၅၀ နှင့် တံဆိပ် ခေါင်းဖိုး ကျပ် ၂၀၀ သာ ကုန်ကျမည်ဖြစ်သည်။ လျှောက်လွှာတင်သည့် ရက်မှ ၁၀ ရက်ကြာ စောင့်ဆိုင်းရမည်ဖြစ်ပြီး ၁၀ ရက်ပြည့်မှသာလျှင် အမှတ်စာရင်းရရှိမည်ဖြစ်သည်။ အမှတ် စာရင်း ထုတ်ယူရာတွင် နယ်မှ ကျောင်းသားကျောင်းသူများမှာ ငွေကုန်ကြေးကျပိုများကြောင်း၊ “အခု ဦးက ညောင်တုန်းမြို့နယ် တက္ကသိုလ်ဝင်တန်းအောင် ကလေး ၁၀ ယောက်အတွက် ကိုယ်စား လာထုတ်ပေးတာ၊ ဖောင်တင်ပြီး ၁၀ ရက်မှ အမှတ်စာရင်းရမယ်လည်းဆိုရော တော်တော်ငိုချင်သွားတာ။ ဘာလို့လဲ ဆိုတော့ အဲဒီကလေးတွေရဲ့ အမှတ်စာရင်း အပြီးအစီးထုတ်ခကို ကျပ် ၃,၀၀၀ နှုန်းနှင့် ပေးလိုက်တာ၊ ဒီနေ့ဖောင်တင်မနက်ဖြန်ဆိုအမှတ်စာရင်း ရပြီထင်လို့ပါ။ အခုတော့ နောက် ၁၀ ရက်မှ တစ်ခေါက် လာထုတ်ရမှာ ဆိုတော့ ကိုယ့်စရိတ်ကိုယ်လုပ်သလိုဖြစ်သွားပြီ။ အဲဒီအချိန်ဆို ရွာမှာ လည်း ကျောင်းကထုတ်ပေးပြီပေါ့။ ရန်ကုန်က ကလေးတွေအတွက်က တော့ အဆင်ပြေပါတယ်”ဟု နယ်မှ ကိုယ်စားလှယ် အမှတ်စာရင်းထုတ် ပေးသည့် ဦးသန်းအောင်က ပြောကြားခဲ့သည်။
အဆိုပါ အမှတ်စာရင်း ထုတ်ပေးသော ဇွဲကပင်ဆောင်မှာ မြန်မာ့ အင်ဖိုတက်အတွင်း မြန်မာအင်ဂျင်နီယာ များအသင်း တွင်တည်ရှိပြီး အမှတ်စာရင်း လာရောက်ထုတ်ယူသူများမှ ဆိုက်ကားဖြင့်လာရောက် သည့် ကျောင်းသားကျောင်းသူများသဖြင့် အနှေးယာဉ်လုပ်သားများမှာ ယခု လအတွင်း ၀င်ငွေအကောင်းဆုံးလ ဖြစ်ကြောင်းသိရသည်။ ဇွဲကပင် ဆောင်မှာ ၂၀၁၁ ခုနှစ်မှစ၍ အမှတ်စာရင်းထုတ်ပေးသည့်နေရာဖြစ်ပြီး ယခင်နှစ်များ အတွက် အမှတ်စာရင်းထုတ်မည့်သူများမှာလည်း အဆိုပါ ဇွဲကပင်ဆောင်၌ပင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဟင်သစ်

နည်းပညာတက္ကသိုလ်များတွင် လက်တွေ့သင်ကြားမှု ပိုမိုအားကောင်းလာပြီ
Posted by Popular News
ယခု ပညာသင်နှစ်မှစ၍ နည်းပညာတက္ကသိုလ်များတွင် လက်တွေ့ပိုင်းဆိုင်ရာကို ပိုမိုသင်ကြားနေပြီဟု သိရသည်။နည်းပညာတက္ကသိုလ်များမှ ကျောင်းသားများအား လက်တွေ့ သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သော လက်တွေ့ပိုင်းဆိုင်ရာ ပစ္စည်းများကို တတ်နိုင်သလောက် ပေးအပ်ခဲ့ကြောင်း နည်းပညာတက္ကသိုလ် တစ်ခုမှ ဝါရင့်ဆရာတစ်ဦးကပြောသည်။”ပြီးတော့ ကျွန်တော်တို့ ဟိုးအရင်တုန်းကတက်ခဲ့တဲ့  GTIက ၂ဝဝ၂ ခုနှစ်ဝန်းကျင်အထိ ကျင့်သုံးခဲ့တဲ့ လက်တွေ့လုပ်ရာကနေ စာမေး ပွဲအတွက် အမှတ်ပေးတဲ့ပုံစံကို ဒီပညာသင်နှစ်မှာ ပြန်ကျင့်သုံးပြီး လက်တွေ့ကနေ ၁၅ မှတ်၊ နှုတ်ဖြေ ၅ မှတ်ပေါ့။ ဒါက လက်တွေ့ ရှိတဲ့ဘာသာရပ်မှာပေါ့” ဟု ၄င်းကပြောသည်။ထို့ပြင် ၂ဝဝ၆ ခုနှစ်မှစတင်၍ ကျင့်သုံးခဲ့သော ပြဋ္ဌာန်းစာအုပ်ထဲ မှ မေးခွန်းအပုဒ် ၃ဝ ကို နမူနာ မေးခွန်း (Sample Question) အ ဖြစ်ပေးထားကာ စာမေးပွဲတကယ် စစ်သည့်အချိန်တွင်လည်း အပုဒ် ၃ဝ ထဲမှသာ မေးသည့်စနစ်ကို ယခုပညာသင်နှစ်မှစ၍ ပယ်ဖျက်ကာ ပြဋ္ဌာန်းစာအုပ်ထဲမှ မေးချင်ရာမေး မည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဟု သိရသည်။”အခုလို ပြောင်းလိုက်တာ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျောင်းသားဘဝကတည်းက လက်တွေ့ပိုင်းဆိုင်ရာ အတန်အသင့် နားလည်ထားရင် လုပ်ငန်းခွင်ထဲမှာ ကျောင်းဆင်းတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်။ ပြီးတော့ အရင်ကဆို ကျောင်းသားတွေက နမူနာမေးခွန်းကိုပဲ ပိုင်အောင် လုပ်တော့ တခြားအပိုင်းတွေကို နားလည် တတ်မြောက်မှုအားနည်းသွားရော” ဟု ၄င်းကထပ်လောင်းပြောသည်။ဗိသုကာအင်ဂျင်နီယာကြီး တစ်ဦးက နည်းပညာ ကျောင်းသားများအား လက်တွေ့ပိုင်းပိုမိုအား ထည့်သင်ပေးမည်ဟု သိရ၍ ဝမ်းမြောက်ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းများကိုပါ စနစ်တကျ ပြုလုပ်ပေးမည် ဆိုပါက အင်ဂျင်နီယာကျောင်းဆင်းတို့၏ အရည်အသွေးမှာ ပိုတောက်ပြောင်လာမည်ဖြစ်ကြောင်း ပြောသည်။”ကျွန်တော်တို့ စက်မှုတက္ကသိုလ်တက်တုန်းက တတိယ နှစ်ကစပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းကချပေးထားတဲ့ စက်ရုံတွေဆီသွားပြီး လက်တွေ့လုပ်ငန်းခွင်ထဲ ဝင်ခိုင်းတယ်။ အဲဒီစက်ရုံက အရာရှိတွေကလည်း ကိုယ်တွေရဲ့ စီနီယာပဲဆိုတော့ သေချာလုပ်ခိုင်းတယ်။ ကျောင်းမှာလည်း လက်တွေ့လုပ်ရတယ်ဆိုတော့ ကျွန်တော်တို့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ တော်တော်အိုကေနေပြီ”ဟု ၄င်းကဆိုသည်။”ဒီနေ့ခေတ် ကျောင်းဆင်းအင်ဂျင်နီယာတွေဟာ လက်တွေ့အရမ်းအားနည်းတာတော့ အမှန်ပဲ။ ကျောင်းဆင်းတစ် ယောက်အနေနဲ့ အလွယ်တကူသိသင့်တဲ့ဟာတွေကို တောင် မသိကြဘူး” ဟု ၄င်းကထပ်လောင်းပြောသည်။
မောင်မျိုး

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်မည်
ရန်ကုန်၊ ဇူလိုင် ၈ - မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာ သင်တန်းများကို ယခင်နှစ်များအတိုင်း ကျောင်းသား ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ကြောင်း အဆိုပါကောလိပ်မှ သိရသည်။
“အရင် ပညာသင်နှစ်တွေတုန်းကတော့ ၃၀၀ လောက် ခေါ်ခဲ့တယ်။ ဒီနှစ်လဲ အဲဒီလောက်ပဲ ခေါ်မှာပါ။ အင်ဂျင်ပိုင်းအတွက် ၁၅၀ နဲ့ ကုန်းပတ်အတွက် ၁၅၀ ပဲ။ အမှတ်ကတော့ ၄၂၀ အနည်းဆုံး ဆိုပေမယ့် ကုန်းပတ် အရာရှိလောင်းအတွက် အမှတ်ပိုများမှာပါ” ဟု မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ တက္ကသိုလ်ဝင်တန်းအမှတ် အနည်းဆုံး ၄၂၀ ဖြင့် လူဦးရေ ၃၀၀ ဝန်းကျင် ခေါ်ယူသွားမည် ဖြစ်ပြီး ယင်းကုန်သွယ်ရေကြောင်း အရာရှိလောင်း ၁၅၀ခန့်နှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း ၁၅၀ ခန့် တို့ဖြစ်သည်။
“ကျွန်တော်တို့နှစ်တုန်းက Nautical ကုန်းပတ်အတွက် အမှတ် ၃၈၀ နဲ့ ခေါ်ခဲ့တယ်။ အင်ဂျင်ကို ၃၆၀ နဲ့ ခေါ်တယ်။ တစ်နှစ်သင်တန်းတက်ခဲ့ရတယ်။ အဲဒီတုန်းက ကျောင်းက ကောလိပ် မဟုတ်သေးဘူး။ ရိုးရိုးသင်တန်းပါပဲ။ ကျောင်းပြီးလို့ အရာရှိလောင်းတွေ အနေနဲ့တော့ မတက်ရဘူး။ Cadet အဆင့်နဲ့ပဲ တက်ရပါတယ်။ ကျွန်တော်တို့တုန်းကလဲ အင်ဂျင်ရော၊ ကုန်းပတ်ရော ကျောင်းသားဦးရေ ၃၀၀လောက် ခေါ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ရေကြောင်းကောလိပ်မှ ကျောင်းသားဟောင်း တစ်ဦးကပြောသည်။
၂၀၁၀ - ၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် ပါဝင်သည့် အောင်မြင်ပြီး စုစုပေါင်း အမှတ်အနည်းဆုံး ၄၂၀ ရရှိမှသာ လျှောက်ထား နိုင်ကြောင်း၊ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်တွင် အသက် (၁၉)နှစ်ထက် မကျော်လွန်သူများ အရပ် ၅ ပေ ၄ လက်မ အနည်းဆုံး ရှိရမည်။ ကိုယ်အလေးချိန်ပေါင် ၁၀၀ အနည်းဆုံး ရှိရမည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ထားသူ မဖြစ်စေရစသည့် ကန့်သတ်ချက်များ ပါဝင်ကြောင်း သိရသည်။
ပဏာမရွေးချယ်ခံရသူများသည် နားစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်များတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း Nautical Cadet Diploma in Nautical Studies/ Dip N.S အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်နှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း Marine Engineering Cadet Diploma in Maritime Technology/ Dip.Mar.Tech အတွက် ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်ဖြင့် စုစုပေါင်း မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အတွက် ၃၀၀ ဝန်းကျင်ကို နှစ်စဉ်ခေါ်ယူခဲ့ကြောင်း သိရသည်။
Ref : The Flower News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဟောင်းနွမ်းငွေစက္ကူများ အကန့်အသတ်မရှိလဲနိုင်ပြီ


ရန်ကုန်၊ ဇူလိုင် ၆ - ဟောင်းနွမ်းငွေစက္ကူများကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တွင် အကန့်အသတ်မရှိ လဲလှယ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ငွေစက္ကူဟောင်းများကို လဲလှယ်ပေးရာတွင် ဇူလိုင် ၄ ရက်မှစတင်ကာ မည်သူမဆို ၅၀ ကျပ်တန်မှ ၅၀၀ ကျပ်တန်အထိ လဲလှယ်ပေးနေကြောင်း၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်များတွင် လဲလှယ်ပေးသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ရှိ ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဧရိယာရှိ ဘဏ်ခွဲ ၁၁ ဘဏ် စုစုပေါင်း ၁၂ ဘဏ်တွင် လဲလှယ် ပေးလျက်ရှိကြောင်း သိရသည်။
“ဇူလိုင် ၄ ရက်ကစပြီး ငွေစက္ကူအဟောင်းတွေကို ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ရုံးချုပ် အပါအဝင် ဘဏ်ခွဲပေါင်း ၁၁ ဘဏ်မှာ လဲလှယ်ပေးနေပါတယ်။ အဟောင်းလဲပေးရာမှာ ဗဟိုဘဏ်က လက်ခံလောက်တဲ့ငွေစက္ကူတွေကိုသာ ကျွန်တော်တို့က လဲပေးသွားမှာပါ။ မည်သူမဆို ဘဏ်ဖွင့်ချိန်အတိုင်း အကန့်အသတ်မရှိ လဲလှယ်ပေးသွားမှာပါ” ဟု မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ရှိ ရန်ကုန်ဧရိယာအတွင်းရှိ ဘဏ်တစ်ဘဏ်တွင် ကျပ်သိန်း ၂၀၀ အထိ ငွေစက္ကူအသစ်များ အစားထိုးလဲလှယ် ပေးနေကြောင်း၊ ရန်ကုန်မြို့ရှိ ဘဏ်ခွဲများနှင့် ရုံးချုပ်အပါအဝင် သိန်းပေါင်း ၂၄၀၀ အထိ လဲလှယ်ပေးနေကြောင်း သိရသည်။
“နယ်က ဘဏ်ခွဲတွေတော့ မပါဘူး။ ရန်ကုန်က ရုံးချုပ်ရောဘဏ်ခွဲရော ၁၂ ဘဏ်က သိန်းပေါင်း ၂၄၀၀ လဲလှယ်ပေးပါတယ်။ တစ်ဘဏ်ကို သိန်း ၂၀၀နှုန်းနဲ့ လဲလှယ်ပေး နေပါတယ်။ တစ်ဘဏ်မှာ ကျပ် ၅၀၀တန်က သိန်း ၆၀ဖိုး၊ ကျပ် ၂၀၀တန်က သိန်း ၈၀ဖိုး၊ ကျပ် ၁၀၀တန်က သိန်း ၄၀ဖိုး၊ ကျပ် ၅၀တန်က သိန်း၂၀ဖိုး စုစုပေါင်း သိန်း ၂၀၀ဖိုး လဲလှယ်ပေးပါတယ်။ ဗဟိုဘဏ်ကလဲ ကန့်သတ်မထားဘူး။ ဒါကုန်ရင် ဆက်ပြီး ထပ်လဲလို့ ရပါသေးတယ်” ဟု ယင်းက ထပ်မံရှင်းပြသည်။
“ဒီလိုငွေစက္ကူဟောင်းတွေကို လဲလှယ်ပေးတယ်ဆိုတော့ ကောင်းပါတယ်။ တချို့ပိုက်ဆံ တွေဆို တိပ်အထပ်ထပ်နဲ့ တော်တော်ကို ရုပ်ဆိုးပါတယ်။ တချို့ ပိုက်ဆံဆို ရွံဖို့ ကောင်းတယ်။ ဒီလိုငွေစက္ကူ အသစ်လဲလှယ်ပေးတော့ သုံးရတဲ့သူတွေအတွက်လဲ ကောင်းပါတယ်။ ကျပ် ၂၀၀ တန် တော်တော်များများ ဆိုရင် ဟောင်းတဲ့ပိုက်ဆံက များပါတယ်” ဟု ငွေလာရောက် လဲလှယ်သူ တစ်ဦးကပြောသည်။
Ref : The Flower News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Auto Clear ဖြစ်သွားအောင်

မိမိကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ Recent Document ဆိုတာ
ဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျူတာကို ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ Folder တွေ၊ ဖိုင်တွေ။ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံ
လို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမယ်ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမယ့် အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents
တွေကို မဖျက်ဘဲ ထားတာကြာလာရင် စက် handing သွားနိုင်သလို Virusတွေခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ရှင်းလင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်းရှင်းရသက်သာအောင် မိမိမေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

၁။ Start>>Run မှာ Regedit လို့ရိုက်ထည့်ပါ။ပြီးရင် အိုကေပေးလိုက်ပါ။
၂။ HKEY_Current_User>>SOFTWARE>>Microsoft>>Windows>>CurrentVersion>>Policies>>
Explorer နေရာထိရောက်အောင်အဆင့်ဆင့်သွားပါ။ ရောက်တာနဲ့ညာဘက်က နေရာလွတ်မှာ New>>
DWORD Value ကိုကလစ် နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsOnExit လို့ရိုက်ပြီး Name ပေး
လိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်။ Right Click ထောက်ပြီး
Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ပြီးတာနဲ့ Value Data မှာ 1 လို့ရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး စက်
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာတာနဲ့ Auto Clear ဖြစ်မှာဖြစ်ပြီး..မည်သူမျှ ကိုယ်ကြည့်ခဲတဲ့ဖိုင်တွေ
ကိုခြေရာခံနိုင်တော့မည်မဟုတ်ပါ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

SAKURA DENTAL CLINIC တွင် ကုသသောရောဂါများနဲ့

SAKURA DENTAL IMPLANT CENTER (YANGON) မှာ ပိုးမွှာသန့်စင်မှုအတွက်စိတ်အချရဆုံးဖြစ်အောင် Dental Instruments များကို Autoclave ဖြင့်ပိုးသတ်ခြင်း ၊ ခရမ်းလွန်ရောင်ခြည် UV Light ဖြင့်ပိုးသတ်ခြင်း၊တစ်ခါသုံးပစ္စည်းများကိုသာအသုံးပြုခြင်းကြောင့်
နိုင်ငံခြားပြန်ကြီးများအနေနဲ့ ကြိုတင်ရက်ချိန်းယူကာစိတ်အေးချမ်းသာစွာနဲ့ ကုသမှုများကို ဆောင်ရွက်နိုင်ကြပါကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်ရှင်။


SAKURA DENTAL CLINIC တွင် ကုသသောရောဂါများနဲ့ ခန့်မှန်းကုန်ကျမှုစရိတ်


ရိုးရိုးသွားစိုက်ခြင်း (ကြွေသွား ၊ရွှေရောင် NPG ၊ ငွေရောင် Nical Crome)
Porcelain(ကြွေသွား) 1 unit ( ၁၀၀၀၀၀ ကျပ်)
NPG (ရွှေရောင်သတ္တုသွား) 1 unit ( ၇၀၀၀၀ ကျပ်)
Nical Crome (ငွေရောင်သွား) 1 unit (၇၀၀၀၀ ကျပ်)
ELA (သွားနုတ်ခြင်း)ကလေး ( ၅၀၀၀ ကျပ်)
လူကြီး ( ၁၀၀၀၀ ကျပ်)
အံဆုံး ( ၅၀၀၀၀ ကျပ်)

Denture (အံကပ်စိုက်ခြင်း)
Plastic partial denture (ပလက်စတစ် အံကပ်) 1unit (၂၀၀၀၀ ကျပ်)
Plastic denture between 3units and 7units ( ၁၀၀၀၀၀ ကျပ်)
Plastic denture Full /Full (အပေါ်အောက်တစ်စုံ) ( ၄၀၀၀၀၀ ကျပ်)
Flexible denture (အံကပ်အပျော့)1unit ( ၁၀၀၀၀၀ ကျပ်)
Flexible denture between 2units and 7units ( ၄၀၀၀၀၀ ကျပ်)
Skeletal Denture (စတီးအံကပ်)1 unit to 7 units ( ၃၀၀၀၀၀ ကျပ်)

Implant (သွားတုအစားထိုးကုသခြင်း) Japan 1unit ( ၁၈၀၀၀၀၀ ကျပ်)
Implant ( သွားအစားထိုးကုသခြင်း) Korea 1 unit ( ၁၅၀၀၀၀၀ ကျပ်)

Complete Root canal treatmentRCT(သွားအကြောသတ်ကုသခြင်း) 1unit ( ၄၀၀၀၀ ကျပ်)

Filling (သွားဖာခြင်း)
GI filling (သွားအရောင်နှင့်ဖာခြင်း) 1 unit (၂၀၀၀၀ ကျပ်)
Light cure filling (အလင်းနှင့်ဖာခြင်း) 1 unit ( ၂၀၀၀၀ ကျပ်)
Amalgam filling (ငွေနှင့်ဖာခြင်း) ( ၂၀၀၀၀ ကျပ်)

Dressing (ဆေးထည့်ခြင်း) ( ၅၀၀၀ ကျပ်)
Scaling (သွားကျောက်ခြစ်ခြင်း၊သွားသန့် ရှင်းရေးလုပ်ခြင်း နှင့်သွားအရောင်တင်ခြင်း) ( ၃၀၀၀၀ ကျပ်-၅၀၀၀၀ ကျပ်)

Whitening (သွားဖြူအောင်ပြုလုပ်ခြင်း)
Laser whitening (အလင်းရောင်နှင့်သွားဖြူအောင်ပြုလုပ်ခြင်း) (၁၀၀၀၀၀ ကျပ်)


SAKURA DENTAL IMPLANT CENTER (YANGON)
တိုက် ( ၃၅ ) ၊အခန်း ( ၀၁)
ရွှေအုန်းပင်အိမ်ယာဝင်း
ရန်ရှင်းလမ်း
ရန်ကင်း
စီဒိုးနားဟိုတယ် အနောက်ဖက်
ရန်ကုန်မြို့။

ဖုန်း- ၀၉ ၇၃၀၉၅၈၅၁ ၊ ၀၉ ၅၁၇၂၁၅၄
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကုလားအုတ်နို့


အာဟာရဓာတ်ကြွယ်ဝတဲ့ ကုလားအုတ်နို့ဒိန်ချဉ်၊ ရေခဲမုန့်နှင့် အခြားစားဖွယ်များ စားဖို့ပြင်
(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
ဘောရစ်ဘာချော့ဇ် စုတ်ပြတ်စွာ ၀တ်ဆင်လျက် ယခုလို ဝေးသီခေါင်ဖျား ဒေသတွင် နံနက် နေထွက်ချိန်၊ ကုလားအုတ် နို့ညှစ်ရသော လူငယ်တစ်ယောက်အဖို့ သူ့ အလုပ်မှာ အသစ်အဆန်းမဟုတ် တော့။ သူတို့လူမျိုးစု မျိုးဆက်ပေါင်း များစွာတို့ ကုလားအုတ်နို့ကိုပင် တန်ဖိုး ထားကာ နေ့စဉ် မပျက်မကွက် ညှစ်ယူ သောက်သုံးလာခဲ့ကြသည်။
ကင်ညာနိုင်ငံအလယ်ပိုင်းမှကူရှိုက်တိုင်းရင်းသားလူမျိုးများ ကာလကြာမြင့်စွာနှစ်ခြိုက်လာခဲ့ကြသော ကုလားအုတ်နို့ကိုယနေ့ ကင်ညာ မြို့တော် နိုင်ရိုဘီမြို့ နေ လူထုအတွင်း၌ သောက်သုံးလာကြ ပြီဖြစ်ရာ မကြာမီမှာပင် ကုလားအုတ်နို့ သည် နိုင်ငံတကာ ကျန်းမာရေး အတွက် တမက်တမော သောက်သုံးလာကြဖွယ် ရှိနေသည်။
နွားသည် မိုးခေါင်ရေရှားမှု ဒဏ်ကို မခံနိုင်ကြ၍ ရေရှားပါးမှုကို ကြံ့ကြံ့ခံနိုင်သော ကုလားအုတ်ကို မွေးမြူ ရသည်က ပို၍တွက်ခြေ ကိုက်သော ကြောင့် "ခြောက်သွေ့တဲ့ရာသီတွေမှာ တောင် ကျွန်မက အကျိုးအမြတ်တွေရ နိုင်တာရှင့်"ဟု ကိုယ်ပိုင်ကုလားအုတ် ၈၄ ကောင်ဖြင့် သူဌေးကလေးဖြစ်နေသော အသက် ၄၅ နှစ်အရွယ် ဟာလီမာဟူစိန်က ဆိုသည်။ နိုင်ရိုဘီမြို့မြောက်ဘက် ၁၇၅ မိုင်ခန့်ရှိ အိုင်စီယိုလိုမြို့မှဟာလီမာဟူစိန်နှင့် အမျိုးသမီး ၆၃ ဦးတို့ကသူတို့ဒေသရှိ သမ၀ါယမအသင်းမှတစ်ဆင့် နေ့စဉ်ကုလားအုတ်နို့လီတာ ၃,၀၀၀ မှ ၅,၀၀၀ အထိ နိုင်ရိုဘီမြို့ဝန်းကျင် ဈေးကွက်များ သို့ တင်ပို့ရောင်းချလာကြရသည်။
တစ်ချိန်က သောက်သုံးလေ့မရှိ၊ လျစ်လျူရှုခဲ့ကြသော ကုလားအုတ်နို့မှာ ယခုအခါ နိုင်ငံတကာက အကြိုက်ကြီး ကြိုက်လာကြတော့ မည့် ကျန်းမာရေး အတွက် အလွန်တန်ဖိုးကြီးပြီး အရည် အသွေးမြင့်သည့် ရိက္ခာတစ်ခုအဖြစ်သို့ မကြာမီရောက်လာတော့မည်ဟု လည်း ဟောကိန်းထုတ်ကြသည်။ "အခုတောင်မှ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ တွေမှာ ကုလားအုတ်နို့ကို အသုံးများနေ ကြပါပြီ"ဟု Vital Camel Milk ဟူသော အမည်ဖြင့် ကုလားအုတ်နို့ဖြင့် ဒိန်ချဉ်၊ ရေခဲမုန့်နှင့် အခြား ကုလားအုတ်နို့ထွက် ပစ္စည်းများကို စတင်ထုတ်လုပ် ရောင်းချ နေသော ဂျာမန်နိုင်ငံသား ဟိုလ်ဂျာမာ ဘတ်က ပြောသည်။
Vital Camel Milk မှ ထုတ်လုပ်သော နို့ထွက်ပစ္စည်းများကို ကင်ညာ၊ လက်တင်အမေရိက၊တောင်အာဖရိကနှင့် အာရပ်စော်ဘွားနိုင်ငံ များရှိကုန်ပဒေသာတိုက်ကြီးများသို့ တင်ပို့ရောင်း ချလျက်ရှိရာ အခြေအနေပေးပါက ဈေးကွက်များ ဆက်လက်တိုးချဲ့သွားဦး မည်ဟု မာဘတ်ကဆိုသည်။
ကုလားအုတ်နို့ရည်တွင် ကျန်းမာရေး အတွက် အရေးပါသော အာဟာရဓာတ် များပါဝင်သည်ဟုလည်း ကျွမ်းကျင်သူများကထောက်ခံ ချက် ပေးထားသည်။ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ပြီး ယခုထက်ပို ကောင်းအောင် ထုပ်ပိုးတင်ပို့ပါက ကုလားအုတ်နို့လုပ်ငန်းတစ်ခုတည်းဖြင့် ကမ္ဘာ့ဈေးကွက်မှ နှစ်စဉ် ၀င်ငွေဒေါ်လာ ၁၀ ဘီလျံအထိ ရရှိလာနိုင်သည်ဟုလည်း FAO က ခန့်မှန်းသည်။
 

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed