BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊
စာမျက်နာ
Sunday, July 24, 2011
နော်ဝေးနိုင်ငံ အော်စလိုမြို့တော် ၀န်ကြီးချူပ်ရုံးရှေ့ ဗုံးခွဲခံရမှု
ဝန်ကြီးချူပ်ရုံးရှေ့ ဗုံးခွဲခံရမှုပုံ
{ အထူးသတိပြုရန် - အမြင်မတင့်တယ်သည့် ရုန့်ရင်းကြမ်းတမ်းပြီး သွေးထွက်သံယို ဓါတ်ပုံများ ပါဝင်နေပါသည်။}ယခုအချိန်အထိ လူပေါင်း ၉၀ အထိ သေဆုံးခဲ့ပြီး များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် နော်ဝေးနိုင်ငံ အော်စလိုမြို့တော် ၀န်ကြီးချူပ်ရုံးရှေ့ ဗုံးခွဲခံရမှု နှင့် လူငယ်လေ့ကျင့်ရေးစခန်းကို သေနတ်သမားများ၏ ပစ်ခတ်ခံရမှုတို့ကြောင့် ဘောလုံးပွဲစဉ်များ အားလုံးကို ဆိုင်းငံ့
{ အထူးသတိပြုရန် - အမြင်မတင့်တယ်သည့် ရုန့်ရင်းကြမ်းတမ်းပြီး သွေးထွက်သံယို ဓါတ်ပုံများ ပါဝင်နေပါသည်။}ယခုအချိန်အထိ လူပေါင်း ၉၀ အထိ သေဆုံးခဲ့ပြီး များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် နော်ဝေးနိုင်ငံ အော်စလိုမြို့တော် ၀န်ကြီးချူပ်ရုံးရှေ့ ဗုံးခွဲခံရမှု နှင့် လူငယ်လေ့ကျင့်ရေးစခန်းကို သေနတ်သမားများ၏ ပစ်ခတ်ခံရမှုတို့ကြောင့် ဘောလုံးပွဲစဉ်များ အားလုံးကို ဆိုင်းငံ့
မနေ့က နော်ဝေးနိုင်ငံ အော်စလို မြို့တော် တွင် အစွန်းရောက် အကြမ်းဖက် သမားများက
လူပေါင်း ၉၀ အထိသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့အောင် ဗုံးဖေါက်ခွဲမှု နှင့် မြို့တော်အပြင်ဖက်ရှိ
လူငယ် လေ့ကျင့်ရေး စခန်းတစ်ခုကို သေနတ်များဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့မှုတို့ကြောင့် အားလုံးကို လေးစားဝမ်းနည်းသည့် အနေဖြင့် လည်းကောင်း လုံခြုံရေးအရ လည်းကောင်း
ဘောလုံးပွဲစဉ်များ အားလုံးကိုလည်း ဆိုင်းငံ့ လိုက်ကြောင်း နော်ဝေး ဘောလုံးအဖွဲ့ချူပ်
NFF က ကြေငြာခဲ့သည်။
ရွှေ့ဆိုင်းလိုက်သော ပွဲစဉ်များမှာ နော်ဝေး ပရော်ဖက်ရှင်နယ်လ်လိဂ် Norwegian Tippeligaen ပွဲစဉ်များ အားလုံးအပြင် ပထမတန်း ၊ ဒုတိယတန်း ပွဲစဉ်များ အားလုံး ပါဝင်သည်။
"အကြမ်းဖက် သမားတွေကြောင့် သေဆုံး ဒဏ်ရာရသူတွေကို ၀မ်းနည်းနေတဲ့ ကာလဖြစ်တာနဲ့အညီ
အားလုံးကို လေးစားသော အားဖြင့် NFF က ကျင်းပဖို့ ရှိတဲ့ ဘောလုံး ပွဲစဉ်အားလုံးကို
ဆိုင်းငံ့လိုက်ပါတယ်။" ဟု နော်ဝေးလ် ဘောလုံးအဖွဲ့ချူပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသော လူငယ်လေ့ကျင့်ရေး စခန်းတစ်ခု
အောက်ကပုံများ
--
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်ဇယား
မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ... ဒါက တော်တော်လေးလည်း ရှားပါးပါတယ်... အားလုံးကိုသိစေချင်သောဆန္ဒနဲ့ ပို့လိုက်ပါတယ်..
--
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် အခြေအနေ
ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
နိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။
အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။
ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။
ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။
ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။
ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။
နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
DVD Driver ပျောက်နေသလား
start menu bar ထဲက run ကိုခေါ်လိုက်ပါ။ or (window+R) ပြီးရင် regedit ကိုရိုက်ထဲ့ပြီး enter ခေါက်လိုက်ပါ။ ပြီးရင် HKEY_LOCAL_MACHINE --->SYSTEM--->CurrentControlSet--->Control --->Class ထိရောက်အောင်သွားပါ။ {4D36E965-E325-11CE-BFC1-08002BE10318} ကိုတွေ့အောင်ရှာပါ။ click လုပ်လိုက်ပါ။ ပြီးရင်ညာဘက်ကအကွက်ထဲမှာ DVD/CD-Rom drive ကိုတွေ့ရင် သေချာပြီ ဒင်းပဲ။ အဲဒီအောက်မှာ upper filter ကိုရှာ သူ့အပေါ်မှာ right click ထောက်ပြီး delete လုပ်ပါ။ delete လုပ်မှာသေချာလားမေးရင် YES လို့ပေးလိုက်။ registry editor ကို exit လုပ်ပြီးပြန်ထွက်လိုက်။ window ကို restart ပြန်လုပ်လိုက်ရင် အားလုံး ok ပါပြီး။ အဲ ဒါပေမဲ့ upper filter မရှိရင် lower filter ကို delete လုပ်ရပါမယ်။ ဒီနည်းကို window vista မှာလည်းသုံးလို့ရပါတယ်။
Copy From http://grou.ps/yesagyogate/blogs/item/dvd-driver-%E1%80%B1%E1%80%95%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%9C%E1%80%AC%E1%80%B8
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
SATA ဆိုတာဘာလဲ
What's "SATA"?
      အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D 
SATA ဆိုတာဘာလဲ
Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ
SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..
PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..
--
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
Saturday, July 23, 2011
၂၀၃၀ ခုနှစ် ပင်လယ် ရေအောက် ရောက်တော့မည့် ဘန်ကောက်မြို့
တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။ အဆိုးမြင်ပညာရှင် အများစုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော် အစိတ်အပိုင်းအချို့
ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။ ကျွမ်းကျင်သူများက ဖြစ်လာမယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့ မည်သည့်ပေါ်လစီမှ ပြင်ဆင်မှုမရှိသေးသည့်အတွက် အစိုးရကို အပြစ်တင်နေကြသည်။
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ပြည်ပြေး သက်ဆင်ရဲ့ နှမလေး၊  ဇူလိုင် ၃ ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေးတစ်ယောက် လက်ပ်တော့ ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက်မရောက်အောင်  ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။
ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီးမှုများကြောင့် ကျောက်ဖရား မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။
အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ချာကရီမင်းဆက်က ဘန်ကောက်မြို့တော်ကို စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့် ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းကျော် နေထိုင်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါးကျဆင်းလျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့ ရှိနေသည်။
တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန် အန္တရာယ်ပေးမည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့် ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီးရှိ လူနေအိမ်များမှာ နှစ်စဉ် မြစ်ရေလွှမ်းမှုခံနေရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ ရီပို့များတွင် ရာသီဥတု အပြောင်းအလဲကြောင့် ဘေးအန္တရာယ်ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ကောက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က 'ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး စုတ်ထုတ်ခြင်းကြောင့် ဖြစ်သည်' ဟု ဆိုသည်။
လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို ပညာရှင်များကြား အငြင်းအခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက '၂၁၀၀ ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အသစ် ဖြစ်သွားတော့မည်' ဟု ပညာရှင်အားလုံးက သဘောတူသလောက် ရှိသည်။
အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀ ခုနှစ်မှာတင် ဘန်ကောက် ကိစ္စတုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja ခန့်မှန်းထားသည်။
တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ ကမ်းခြေတလျှောက် တည်ဆောက်ဖို့ ဖြစ်သည်။ ၄င်း ပရော့ဂျက်အတွက် ယူရို ၂ ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က 'ပင်လယ်ရေကာ တံတိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက်စားခံရမှု များလာတာကြောင့် ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ကောက်ကို ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာ အမြင့်သာရှိကြောင်း' မျှော်လင့်ချက်မဲ့ စကားကို ပြောဆိုသည်။
ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင်များ ရင်ထိတ်နေကြသည်။
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
အဲယားကွန်း အင်္ကျီများ ဂျပန်တွင် အရောင်းသွက်နေ
ဂျပန်ကတော့လုပ်ချလိုက်ပြန်ပြီ.....
ဂျပန်နိုင်ငံတွင် အပူဒဏ် ကာကွယ်နိုင်သည့် အဲကွန်းအင်္ကျီများ ရေပန်းစားနေသောကြောင့် ထုတ်လုပ်သူများသည် ၀ယ်လိုအား မြင့်တက်လာမှုကို အလျင်မီအောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဂျပန်တွင် ငလျင်နှင့် ဆူနာမီ ဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပြီးနောက် လျှပ်စစ်ဓာတ် ပြတ်လပ်မှုများ ဖြစ်နေချိန် Kuchofuku ကုမ္ပဏီမှ အဲကွန်းအင်္ကျီဟု အမည်ပေးထားသော အင်္ကျီများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
သက်သောင့်သက်သာ မရှိလှသည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုများကို ကန့်သတ်မှုများကြောင့် မရပ်မနား ပူပြင်းသည့် နွေရာသီ အပူဒဏ်မှ ကာကွယ်ပေးနိုင်သည့် ယင်းအင်္ကျီများကို ၀ယ်ယူမှု မြင့်မားလာခြင်း ဖြစ်သည်။
မတူညီသည့် အရှိန်နှုန်းတွင် လေကိုဆွဲရန် ဂျာကင် အင်္ကျီထဲရှိ လျှပ်စစ်ပန်ကာ နှစ်ခုက ထိန်းချုပ်ပေးနိုင်မည် ဖြစ်သည်။
အင်္ကျီထဲရှိ ပန်ကာများကို lithiumion ဘက်ထရီနှင့် ဆက်သွယ်ထားခြင်း ဖြစ်ပြီး တစ်ခါအားသွင်းလျှင် ၁၁ နာရီကြာ သုံးစွဲနိုင်မည် ဖြစ်သည်။
''ကျွန်တော် အလုပ်လုပ်တဲ့ နေရာက အရမ်းပူတယ်။ ဒါကြောင့် လက်ပါတဲ့ ၀တ်စုံတွေကို ၀တ်သင့်တယ်။ လေသင်တုန်း ဖြတ်တာကို ကာကွယ်ဖို့ အတွက် အဲကွန်းအင်္ကျီ ၀ယ်ခဲ့တာပါ'' ဟု Kuchofuku ရုံးမှ အဲကွန်းအင်္ကျီ ၀ယ်ပြီး ပြန်လာသည့် အသက် ၃၃ နှစ်အရွယ်ရှိ Ryo Igarashi က ပြောကြားခဲ့သည်။
မော်တော်ကားကုမ္ပဏီ၊ သံမဏိ ထုတ်လုပ်သည့် ကုမ္ပဏီ၊ စားသောက်ကုန် ကုမ္ပဏီနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၁၀၀၀ ကျော်ခန့်က Kuchofuku မှ ထုတ်လုပ်သည့် အင်္ကျီများကို မှာယူခဲ့ကြသည်။
Kuchofuku ကုမ္ပဏီသည် အဆိုပါ အင်္ကျီ ထုတ်လုပ်ခြင်းကို ၂၀၀၄ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်္ကျီများကို စက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အိမ်ထောင်ရှင်မများနှင့် အခြား ရုံးဝန်ထမ်းများပါ ၀ယ်ယူလာကြသည်။ စံချိန်စံညွှန်းမီသည့် အဆိုပါ အင်္ကျီကို ဒေါ်လာ ၁၄၀ ၀န်းကျင်ဖြင့် ရောင်းချခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
--
ဖိုးခိုင်
Czech Republic
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed