BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, September 4, 2011

အလွယ်ကူဆုံးနည်းနဲ့ ပုံလေးတွေအပေါ်စာရေးမယ်


ပထမဆုံးမိမိရေးချင်တဲ့ပုံကိုအရင်ဖွင့်ပါ
ပြီးရင်ပုံကိုကြည့်ပါဗျာ
မျှားပြထားတဲ့နေရာလေးကို ကလစ်ပေးပါ..
နောက်စာမျက်နှာတခုကျလာလိမ့်မယ်
မျှားပြထားတဲ့နေရာက်ုဆက်နှိပ်ပြီးကိုစာရေးချင်တဲ့နေရာမှာနဲနဲဆွဲပြီး....
အောက်မှာဆက်ကြည့်ပါ
ဖောင်အလှတွေနဲ့လည်းရေးလို့ရပါတယ်
ဖောင့်အလှမရှိသူတွေကတော့ Zawgyi One နဲ့ရေးကြပေါ့ဗျ
အရောင်ကိုတော့အောက်ခြေမှာ မိမိစိတ်ကြိုက်ပြောင်းနိုင်ပါတယ်ဗျာ:)
မိမိရေးချင်တာရေးပြီးရင် သိမ်းရတော့မယ်လေ
File ဆိုတဲ့နေရာလေးကိုကလစ်ပြီး Save ချင်တဲ့နေရာသာ Save လိုက်ပါ :P
ကဲဒီလောက်ဆိုရင်ရပြီထင်ပါရဲ့ ကလိကြည့်ကြပေါ့ဗျာလွယ်လွယ်လေးပါငှဲငှဲ..
ကျွန်တော်ကလိထားတာကို ကြည့်ပါအုံးးးးး:P



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, September 1, 2011

ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ ခဲ့သော မာတာအား ငွေမက်သူ တစ်ဦးဟု စွပ်စွဲ


ဗလင်စီယာ အသင်းမှ ပေါင် ၂၉ သန်းဖြင့် ချယ်လ်ဆီး အသင်းသို့ ပြောင်း ရွှေ့ရောက်ရှိ သွားခဲ့သော တောင်ပံ ကစားသမား ဂျူအန်မာတာအား စပါး နည်းပြ ဟယ်ရီရက်နက်ပ်က ငွေမက်သူ တစ်ဦးဟု စွပ်စွဲပြောဆိုလိုက်သည်။ မာတာအားခေါ်ယူရန် အလွန် နီးစပ်သည့် အခြေအနေ ရောက်ရှိခဲ့သော စပါး အသင်းမှာ ချယ်လ်ဆီး အသင်း၏ ကြား ဖြတ်ခေါ်ယူမှုကြောင့် မခံမရပ်နိုင် ဖြစ်နေ ကြောင်းလည်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။ မာတာနှင့် ပတ်သက်၍ စပါးနည်းပြ ဟယ်ရီရက်နက်ပ်က "မာတာ ကိုခေါ်ယူဖို့ အတွက် ကျွန်တော်တို့ အသင်း က အလွန်ကို နီးစပ်တဲ့ အနေအထားကို ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် ငွေကြေး တစ်ခုတည်း အတွက်နဲ့ မာတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့ပြီး ချယ်လ်ဆီး အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်" ဟု စပါးအသင်းပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်စီးတီး အသင်းသို့ ၄ နှစ်စာချုပ်ဖြင့် နာဆရီပြောင်းရွှေ့

အာဆင်နယ် အသင်းကို စွန့် ခွာပြီး မန်စီးတီး အသင်းကို ပြောင်းရွှေ့ လာတဲ့ ပြင်သစ် လက်ရွေးစင် ကွင်း လယ်လူ နာဆရီက မန်စီးတီးနဲ့ အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် ကြိုး စားသွားမှာဖြစ်ကြောင်း၊ မန်စီးတီးကို ပြောင်းရွှေ့ခွင့်ရတဲ့ အတွက် အလွန် ဝမ်းသာမိကြောင်း၊ မန်စီးတီးဘောလုံး ဖွံ့ဖြိုးရေး အမှုဆောင်ချုပ် အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်း ဗီ အဲရာနှင့် အကြိမ်ကြိမ်ပြောဆိုဆွေးနွေး ခဲ့ပြီးမှ အခုလို အသင်းပြောင်းရွှေ့လာ ခြင်းဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ နာဆရီဟာ မန်စီးတီး အသင်းကို ပြီးခဲ့ တဲ့ ဗုဒ္ဓဟူးနေမှာ အပြီးသတ်ပြောင်းရွှေ့ လာခြင်းဖြစ်ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ ပါတယ်။စာချုပ်ပါ သဘောတူညီမှု အရ နာဆရီဟာ တစ်ပတ်လုပ်ခ လစာပေါင် ၁၈၅၀ဝ၀ ရရှိမှာဖြစ်တယ်လို့ သိရပါ တယ်။ နာဆရီက "မန်စီးတီးလို ရည်မှန်ချက် ကြီးမားတဲ့ အသင်းကို ပြောင်း ရွှေ့ခွင့်ရလို့ ကျွန်တော် အရမ်း ဝမ်းသာမိ ပါတယ်။ ဒီကိုပြောင်းမလာခင် ဗီအဲရာ နမဲ့ ကြာခဏတွေ့ဆုံဖြစ်ြပီး အသင်း ရဲ့ အနေ အထားကို သိရှိခွင့် ရခဲ့ပါတယ်။ မန်စီးတီးဟာ အနာဂတ်ရှိတဲ့ အသင်း တစ်သင်းပါ။ဆုဖလားတိုင်း ရယူဆွတ် ခူးလိုနေပြီး ကြီးကျယ် စီမံကိန်းတွေ လည်း ချမှတ်ထားပါတယ်။ဒါပေမယ့် ဝင်းဂါးကို အသင်းပြောင်းချင်တယ်လို့ ပြောတဲ့ အချိန်မှာ စိတ်ထဲ တစ်မျိုးကြီး ခံစား ခဲ့ရပါတယ်။ ကျွန်တော်ဝမ်းနည်း မိခဲ့တာ အမှန်ပါပဲ။ ဘာပဲပြောပြော အခုဆိုရင် မန်စီးတီးနဲ့ အတူ ဆုဖလား တွေ ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ ပြောကြား သွားခဲ့ပါတယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အချစ်မှာ မျက်စိရှိကြောင်း သက်သေပြလိုက်တဲ့ ဖာဘရီဂက်စ်

အချစ်မှာ မျက်စိ မရှိဘူး ဆိုတဲ့ စကားဟာ အခုခေတ် လူငယ်တွေ အတွက် မမှန်တော့ဘူးလို့ ထင်ပါ တယ်။ ဘာလို့လဲဆိုတော့ အချစ်ကို စတင် နားလည်တွေ့လိုက်ရတဲ့ အချိန် မှာ ဒီတစ်ယောက်တည်းကိုပဲ ချစ်လို့ ရတယ်။ နောက်တစ်ယောက်ဆိုတာ မရှိနိုင်တော့ဘူးလို့ ထင်ခဲ့ကြပြီး ချစ် သူသက်တမ်း ကြာလာတာနဲ့ အမျှ အချစ် မျက်စိကလည်း အခြား တစ်ဖက် ကို ကြည့်ချင်လာတယ်။ စိတ်ဝင်စာ ချင်လာကြပါတယ်။ အဲဒါကြောင့် နောက် အသစ်တစ်ယောက်နဲ့ အဆင်ပြေ လာရင် အဟောင်းကို ပစ်သွားတတ် ကြတဲ့ သာဓကတွေ ရှိလာလို့ပါပဲ။ ဒီလို ဖြစ်စဉ်တွေကို သုံးသပ်ကြည့်မယ် ဆိုရင် အချစ်မှာ မျက်စိမရှိဘူး ဆိုတာ လုံးဝ မဖြစ်နိုင်ဘဲ မျက်စိ တစ်လုံးထက်မက ပိုတောင် ရှိသေးတယ်လို့ကောက်ချက် ဆွဲနိုင်ပါတယ်။ အခုလည်း ဘာစီလိုနာ ကိုပြောင်းရွှေ့လာတာ သိပ်မကြာသေး တဲ့ ဖာဘရီဂက်စ်ရဲ့ အချစ် ဇာတ်လမ်း ကို အားလုံး သိပြီးဖြစ်မှာပါ။ ဖာဘရီ ဂက်စ်က ငယ်ချစ်ဦး ကာလာကို ရက် ရက်စက်စက် အသည်းကွဲခဲ့တယ် ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူးလို့ ပြောနေကြ ပါပြီ။ဖာဘရီဂက်စ်ဟာ အသက် (၃၆) နှစ်အရွယ် ဒန်နီလာဆပ်မန် ဆိုတဲ့ အမျိုး သမီး တစ်ဦးနဲ့ ငြိစွန်းနေပြီး အဲဒီအမျိုး သမီးကြောင့်ပဲ ချစ်သူဟောင်းကို စွန့်ပစ် ခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ မစ္စဆန်မန်က အရင်အိမ်ထောင်နဲ့အတူ သားသမီး (၂) ဦးထွန်းကားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ (၁) နှစ်ကျော်ကလန်ဒန်မြို့ဂျပန်စားသောက် ဆိုင်တစ်ခုမှာဖာဘရီဂက်စ်နဲ့စတင်တွေ့ ဆုံခဲ့ကြတယ်လို့ အမည် မဖော်လိုတဲ့ သတင်း ရပ်ကွက်တွေက ဆိုပါတယ်။ အဲဒီ အချိန်တုန်းက ဖာဘရီဂက်စ်နဲ့ ကာ လာတို့ဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေ ပေါ့။ ဒါပေမဲ့ ဆမ်မန်ရဲ့ မြူဆွယ်ဖြား ယောင်းမှုအောက်မှာ ဖာဘရီဂက်စ် တစ်ယောက် တင်းမခံနိုင်တော့ဘဲ ဖယောင်းလို အရည်ပျော်သွားရတဲ့ အဆုံး ကာလာလေးကို စွန့်ပစ်လိုက်တဲ့ အထိပါ ပဲ။ အဲဒါကြောင့် အချစ်မှာ မျက်စိမရှိ ဘူး ဆိုရင် ဖာဘရီဂက်စ်ရဲ့နှလုံးသား က ကာလာက လွဲပြီး ဘယ်သူ့ကိုမှမြင် မှာ မဟုတ်ပါဘူး။ အခုတော့ အချစ်မှာ မျက်စိရှိလို့သာ....။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တိုက်စစ်မှူး အီတူးဟာ ကအားလုံးကို ကျေးဇူးပါ



အင်တာ မီလန်မှနေ ရုရှားကလပ်အန်ဇီကို ကမ္ဘာ့ လစာကြေး အများဆုံး ကစားသမား တစ်ဦးအဖြစ် ပြောင်း သွားခဲ့ ပြီဖြစ်တဲ့ တိုက်စစ်မှူး အီတူးဟာ အင်တာ ပရိသတ် တွေကို ကျေးဇူးတင် စကား အခုလို ပြောသွား ခဲ့ပါတယ်။
"မီလန်မှာရှိတဲ့ အင်တာရဲ့ပရိသတ်တွေကို ကျေးဇူးတင် ပါတယ်လို့ ပြောမှ မျှတမှန်ကန်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူတို့ အားလုံးဟာ ကျွန်တော် အင်တာမှာ နှစ်နှစ်ကြာ ကစားခဲ့တဲ့အတွင်း ကျွန်တော့်ကို အများကြီး ထောက်ပံ့မှု ပေးခဲ့ကြတာပါ၊ ပထမအနေနဲ့ ကျွန်တော့် နှလုံးသားထဲက လှိုက်လှိုက် လှဲလှဲနဲ့ ကျေးဇူးတင် စကား ပြောချင်တဲ့ သူတွေကတော့ အသင်းဥက္ကဋ္ဌ မစ္စတာ မက်ဆီ မို မိုရက်တီနဲ့ သူ့မိသားစုပါပဲ၊ သူတို့ဟာ ကျွန်တော် လိုအပ်သမျှ အကူအညီ တွေအားလုံးကို ဖြစ်နိုင်အောင် ဝိုင်းဝန်း လုပ်ပေးခဲ့ကြတဲ့ ကျွန်တော်နဲ့ အရင်းနှီးဆုံးလူတွေ ပါ၊ မစ္စတာမိုရက်တီရဲ့ ကျွန်တော့် အပေါ်ထားတဲ့ လေးစား မှုမျိုးကိုလည်း ကျွန်တော် ကောင်းကောင်း ခံစားခဲ့ရပါ တယ်၊ ပြီးတော့ နောက်ထပ် ကျေးဇူးတင် ရမယ့်လူတွေက ကျွန်တော့်ရဲ့ ကစားဖော်တွေ အားလုံးပါ၊ ကျွန်တော်ဟာ သူတို့ရဲ့ အကူအညီ တွေကို အပြည့်အဝ မရခဲ့ဖူးဆိုရင် အခု လိုဖြစ်လာမှာ မဟုတ်ပါဘူး၊ အင်တာ အသင်း ဟာလည်း ကျွန်တော်ရှိနေတဲ့ အတော်အတွင်း အရေးကြီးတဲ့ အောင်မြင်မှု တွေကို ရယူနိုင်ခဲ့လို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ နည်းပြတွေ ထဲမှာလည်း အထူး ကျေးဇူး တင်ချင် တဲ့သူကတော့ မစ္စတာ ဟိုဆေး မော်ရင်ညိုပါပဲ၊ သူဟာ ကျွန်တော့်ကို ဒီအသင်းမှာ အခွင့်အရေး တွေအများကြီး ပေးသလို ဆုံးဖြတ်ချက်တွေလည်း အများကြီး လုပ်ပေးခဲ့တာပါ၊ မီလန်ကို လာဖို့လည်း သူကပဲ ကျွန်တော့်ကိုခေါ်ခဲ့တာ ပါ၊ အင်တာမီလန် ပရိသတ်တွေရဲ့ အားပေး ထောက်ပံ့မှု တွေကိုလည်း ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ် ပါဘူး၊ ကျွန်တော်နဲ့ ပတ်သက်လို့ ချီးကျူး ဝေဖန်ပြောဆို ရေးသားခဲ့ကြတဲ့ ဂျာနယ်လစ် တွေကိုလည်း ကျွန်တော် ကျေးဇူးတင်ဖို့ မေ့မသွားပါဘူး၊ အထူးသဖြင့် ကျေးဇူး တင် မိတာက ကျွန်တော့်ရဲ့ အီတာလီယန် "မာမာ" ဆီယာဆီယာ ဂက်ဇက်တီပါပဲ၊ သူမဆီကနေ ကျွန်တော် အကူအညီတွေ အများကြီးရပါ တယ်၊ နောက်ဆုံးကျေးဇူးတင်ချင်တာ ကတော့ ကျွန်တော့်ရဲ့ သိပ်ကို တော်တဲ့ မန်နေဂျာ ကလော်ဒီယိုဗီဂိုရယ် လီကိုပါ၊ အင်တာမီလန်နဲ့ ပတ်သက်တဲ့ သူတွေအား လုံးတစ်ယောက်မကျန်ကို ကျေးဇူးတင်ပါတယ်၊ မာ တာရာဇီကိုလည်း ကျေးဇူး တင်ပါ တယ်လို့ ထပ်ပြောချင် ပါတယ်၊ သူဟာ ကျွန်တော့် ကို အီတာလီယံ တစ်ယောက်လိုဖြစ်အောင် သင်ပေးခဲ့ တာပါ၊ ကျေးဇူးပါ ဘရာသာ}လို့ ပြောခဲ့ပါတယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဇော်မင်းထွန်း အတွက် ပြောင်းရွှေ့ ကြေး သိန်း ၁၅၀ဝ သတ်မှတ်

ရန်ကုန် ယူနိုက်တက် အသင်းက လာ မည့်ရာသီတွင် မကွေး နောက်ခံ လူဇော် မင်းထွန်းကို အရခေါ် ယူသွားမည်ဟု အတည်ပြု ပြောသွားခဲ့ပြီး နောက်ကစား သမား ကိုယ်တိုင် ကလည်း ရန်ကုန်ယူ နိုက်တက် သို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေ ရာ မကွေးအသင်း စီအီးအို ဦးခင်မောင် လတ်က ကစားသမား၏ ပြောင်းရွှေ့ကြေး အား သိန်း ၁၅၀ဝ သတ်မှတ် ကြောင်း ပြောသွား ခဲ့သည်။ ရန်ကုန် ယူနိုက်တက်သည် ယခင်က မကွေးကွင်း လယ်လူ ဇော်ထက်အောင် ကို သိန်း ၂၀ဝ ဖြင့် ခေါ်ယူခဲ့ရာ နေ ရှင်နယ်လိဂ် သမိုင်းတွင် စံချိန်တင်ပြောင်း ရွှေ့ကြေးဖြစ်ခဲ့ပြီး အခုအခါ အဆိုပါ စံချိန်ကို ထပ်ချိုး၍ ဇော်မင်းထွန်းကို ခေါ်နိုင်ဖွယ် ရှိနေသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသား အရောင်ခွဲခြား ဆက်ဆံခဲ့၍ စိတ်ပျက် ဝမ်းနည်း ကြောင်း ဂျူဗီနယ်ဖွင့်ဟ


ပြီးခဲ့သည့် အပတ်က မုံရွာတွင် ဇေယျာရွှေမြေနှင့် ရန်ကုန်ယူနိုက် တက်တို့ ယှဉ်ပြိုင် ကစားသော မြန်မာ နေရှင် နယ်လိဂ်ပွဲစဉ်၌ ဇေယျာရွှေမြေ အသင်း ပရိသတ် များသည် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဂျူဗီနယ်အား အသား အရောင်ခွဲခြား ဆက်ဆံ ခဲ့ပြီး ထိုဖြစ်ရပ်အတွက် စိတ်ပျက်ဝမ်းနည်း မိကြောင်း ဂျူဗီနယ်က ဖွင့်ဟ သွားခဲ့သည်။ ထိုပွဲစဉ်တွင် အိမ်ရှင် အသင်းပရိသတ် များသည် ရန်ကုန် ယူနိုက်တက်အသင်းမှ တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ချားစ်အိုဘီနှင့် ဂျူ ဗီနယ်တို့ကို Monkey...Monkey ဟု အော်ဟစ် လှောင်ပြောင် ခဲ့ကြပြီး ကွင်း အတွင်း သို့လည်း ငှက်ပျောသီးများဖြင့်ပစ်ပေါက်မှုများရှိခဲ့သည်။ အဆို ပါဖြစ်ရပ်နှင့် ပတ်သက်၍ ဂျူဗီနယ်က "အသားအရောင် ခွဲခြား ဆက်ဆံတယ်ဆိုတာ အလွန်ရှက်စရာ ကောင်းတဲ့၊ မယဉ်ကျေးတဲ့ အပြုအမူတစ်ခုပါ၊ ဒီလိုနိုင်ငံမှာ ဒီလိုအဖြစ် အပျက်မျိုးကြုံ ရမယ်လို့ ထင်မထားပါဘူး၊ စိတ်လည်းပျက်မိသလို၊ ဝမ်းလည်းနည်းမိပါ တယ်၊ ခင်ဗျားကို လူတွေဝိုင်း ကြည့်ပြီး မျောက်လို့ လက်ညှိုး ထိုးအော်ဟစ် နေမယ်ဆိုရင် ဘယ်လို ခံစားရမလဲဆိုတာ ကိုယ်ချင်းစာကြည့် လိုက်ပါ" ဟု ပြောသွား ခဲ့သည်။ ထိုနေ့က ပွဲစဉ်တွင် ဇေယျာရွှေ မြေသည် ရန်ကုန် ယူနိုက်တက်ကို ၃-၁ ဖြင့် အနိုင်ရခဲ့ ရာ၌ အိမ်ရှင် ပရိသတ်များ၏ အားပေးမှုက အဓိက ဖြစ် စေခဲ့သော်လည်း ပြိုင်ဘက်ကစား သမားကို အသား အရောင် ခွဲခြား ဆက်ဆံခြင်း မှာ အံ့ဩစရာဖြစ်ရပ်ဟု ဆိုနိုင်၍ မြန်မာ ဘောလုံး လောကတွင် ထပ်မံမဖြစ်ပွားရန် အထူးကြပ်မတ်သင့်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကမူ ထိုဖြစ်ရပ်အား အချက် အလက် ခိုင်လုံစွာဖြင့် တိုင်ကြား လာမည်ဆိုပါက စုံစမ်းအရေးယူမှု ပြုလုပ်မည်ဟု ပြောခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် အသင်းဘက်မှ တိုင်ကြား ရန် အစီအစဉ် မရှိကြောင်း သိရှိရသည်။ သို့သော် ထိုဖြစ်ရပ်အား လျစ်လျူရှုထား မည်ဆိုပါက မြန်မာဘောလုံးလောကတွင် အသားအရောင် ခွဲခြား ဆက်ဆံသည့် ပြဿနာ တစ်ရပ် ထပ်မံတိုး လာမည် ကိုစိုးရိမ်မိ ကြောင်း ပရိသတ် အချို့မှာ သုံးသပ် နေကြသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed