--
Thursday, September 15, 2011
ဘက်ခမ်း ရောက်မ လာဘူးလို့ မပြောနိုင် ပါဘူး
ပရီးမီးယားလိဂ်ကို တန်းတက် လာတဲ့ ကျူပီအာ နည်းပြ ဝါးနော့ခ်ဟာ အယ်လ်လေ ဂလက်ဆီမှ ဘက်ခမ်း ကို အသင်းကို ခေါ်ဖို့ ပိုင်ရှင် သစ်ဖာနန်ဒက်စ်ကို တိုက် တွန်းခဲ့ရမှာ ဖာနန်ဒက်စ် ကိုယ်တိုင် ကလည်း စိတ်ဝင်စား ခဲ့ပြီး အခုဆိုရင် ဘက်ခမ်းကို ခေါ်ယူနိုင်မယ့် နည်းလမ်း တွေတောင် စဉ်းစား စီစဉ်နေပြီလို့ ဆိုပါတယ်။ မန်ယူ လိုအသင်းကြီး တစ်သင်းမှာ ကစားလာတဲ့ ဘက်ခမ်းလို ကစားသမား မျိုးဟာ သူတို့လို အသင်း မျိုးမှာ လာကစား ဖို့ခက်ကောင်း ခက်နိုင်ပေမယ့် ဖြစ်နိုင်သမျှ ရအောင် ခေါ် သွားမယ်လို့ ဖာနန်ဒက်စ်က ကတိပေး ထားခဲ့ပါ တယ်။
ဒီနေရာမှာ သူနဲ့ကျွန်တော် အတွေးချင်းလည်း တူခဲ့ပါတယ်၊ ဘာတန်ကိုခေါ်ဖို့ ကိစ္စကိုလည်း ကျွန်တော် မဖြစ်နိုင်ဘူး ထင်လို့ စိတ် ကူးထဲမှာ တောင်မရှိခဲ့ ပေမယ့် ဥက္ကဋ္ဌက ရအောင် ခေါ်ပြခဲ့လို့ အခု ဘက်ခမ်းလည်း ကျွန်တော်တို့ အသင်းကို ရောက် မလာ ဘူးလို့ ပြောလို့မရပါ ဘူး၊ ကျွန်တော်တို့ အသင်း ဥက္ကဋ္ဌဟာ အသင်း အောင်မြင်မှုရ ရေး အတွက် စိတ်အား ထက်သန် နေတာကို တွေ့လိုက်ရလို့ ကျွန်တော်လည်း ကျေနပ်မိပါတယ်၊ အခု ဘက်ခမ်းကိစ္စဆိုရင် သူကိုယ်တိုင် က တက်တက် ကြွကြွ လုပ်ဆောင် နေလို့ အားရစရာ ကောင်းပါတယ်" လို့ ဆိုလိုက် ပါတယ်။
--
Gtalk ကိုဒီအတိုင်း သုံးနေမဲ့အစား ဒီလိုမြန်မြန်ဆန်ဆန်ဖြစ်အောင် သုံးမယ်ဆိုရင်ကော
၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
blog ကကူးပြီး forward ပို့လိုက်တဲ့မေးလ်ထဲကနေ ထပ်ဆင့်မျှဝေလိုက်ပါတယ်။
--
Tuesday, September 13, 2011
ဆွာရက်ဇ်သည် လီဗာပူးလ်၏ ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာမည်ဟု ဂျရတ် ဟောကိန်းထုတ်
ဒဏ်ရာကြောင့် အနား ယူနေရပြီးမှ ယခုအခါ အသင်းနှင့်အတူ အင်ပြည့်အားပြည့် လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေသည့် အသင်း ခေါင်းဆောင်က လီဗာပူးလ် တိုက်စစ်တွင် အထူး ခြေစွမ်း ပြနေသည့် ဆွာရက်ဇ်၏ အနေ အထားကို အားရ ကျေနပ်လျက် ရှိသည်။ လီဗာပူးလ်သည် စနေနေ့က စတုတ်ခ် စီးတီးကို (၁-၀)ဖြင့် အရေး နိမ့်ခဲ့ သော်လည်း ဆွာရက်ဇ်သည် တစ်ဖက်အသင်း ခံစစ်ကြောင်းကို တောက်လျှောက် ဖိအားပေး ခြိမ်းခြောက် သွားနိုင်ခဲ့သည်။ ဂျရတ်က အသက် (၂၄)နှစ်ရှိ တိုက်စစ်မှူး အနေနှင့် အဆိုပါ ခြေစွမ်းကို ထိန်းထား နိုင်ပါက မာဆေး ဆိုက်ဒ်တွင် ၎င်း၏ အမည်ကို ဂန္တ၀င် တွင်အောင် ရေးထိုး နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။
"ဆွာရက်ဇ်ဟာ လီဗာပူးလ် ဂန္တ၀င် တစ်ယောက် ဖြစ်မလာဘူး ဆိုတဲ့ အကြောင်းရင်းမျိုး ကျွန်တော် ရှာမတွေ့ဘူး။ သူဟာ ငယ်ရွယ် သေးတာကြောင့် ခုထက်ကို ခြေစွမ်း တက်လာဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေ အတွက် တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ဖြစ်နေမှာပါ။ သူဟာ ပွဲစဉ်တွေ ကစားနေရင်း ပိုပြီး သင်ယူ ရင့်ကျက် လာသလို ခြေစွမ်းလည်း ကောင်းမွန် လာပါလိမ့်မယ်။ သူ့အနေနဲ့ အသင်းမှာ အချိန် အကြာကြီး ဆက်ကစား နေမယ်ဆို လီဗာပူးလ်ရဲ့ အနာဂတ်မှာ ကြီးကျယ် ခမ်းနားတဲ့ နေရာ တစ်ခုက ပါဝင်ခွင့် ရပြီး သမိုင်းတစ်ခု ရေးထိုး နိုင်မှာပါ" ဟု ဂျရတ်က အသင်းဖော် အပေါ် သုံးသပ် ချီးကျူးခဲ့သည်။
ဂျရတ်က "ဆွာရက်ဇ်ဟာ သိပ်ကို ထက်သန် တက်ကြွပြီး ဘောလုံးဦးနှောက် ကောင်းမွန်တဲ့ ကစားသမားမျိုးပါ။ သူဟာ ပွဲတွေ ကစားဖို့နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ အတွက် ဘယ်တုန်းကမှ နှောင့်နှေး နေတာမျိုး မဟုတ်ပါဘူး" ဟုလည်း ဆွာရက်ဇ်နှင့် ပတ်သက်ပြီး လီဗာပူးလ် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ မှတ်ချက်ပြု ပြောဆိုသွားသည်။
--
ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် ဆွာရက်ဇ်

ခြေစွမ်း ပြန်ကောင်း လာခြင်းမှာ ရော်နယ်လ်ဒိုနှင့် အိုဇေးလ်တို့၏ ထောက်ပံမှုကြောင့်ဟု ဘန်ဇီးမားဆို
Share |
မိမိ၏ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိ လာမှုတွင် သူငယ်ချင်းများ ဖြစ်သော ခရစ္စ တီယာနို ရော်နယ်လ်ဒိုနှင့် မီဆွတ် အိုဇေးလ် တို့ထံမှ အထောက်အပံ့ ကောင်းများ ရရှိခဲ့ကြောင်း ကီရင်မ်ဘန် ဇီးမားက ပြောကြားလိုက်သည်။
ရီးယဲလ် မက်ဒရစ် အသင်း၏ ပြင်သစ် တိုက်စစ်မှူးသည် ဘာနေဗျူး ကွင်းကြီးတွင် နှစ်ရာသီကြာ ရုန်းကန်ရသော ကာလများကို ဖြတ်သန်းပြီးနောက် ယခုအခါ နည်းပြ ဟိုဆေး မော်ရင်ဟို၏ ယုံကြည်မှုကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ ရီးယဲလ် အသင်းသည် ပြီးခဲ့သည့် သီတင်းပတ် ကုန်က စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲတွင် ဂီတာဖေးကို (၄-၂)ဖြင့် အနိုင် ယူခဲ့ရာ ဘန်ဇီးမားသည် ဂွန်ဇာလို ဟီဂူ အင်းအစား ပွဲထွက် တိုက်စစ်မှူး နေရာကို ရယူ နိုင်ခဲ့သလို (၂)ဂိုး သွင်းပေးခဲ့သည်။
ဘန်ဇီးမားသည် နွေရာသီ လေ့ကျင့်မှု အစီအစဉ် များအတွင်း ကိုယ် အလေးချိန်ကို လျှော့ချ လိုက်နိုင်သလို ပိုမို ကျစ်လစ်ပြီး မြန်နှုန်း မြင့်မားသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ အိုလံပစ် လိုင်ယွန်မှ ရီးယဲလ်သို့ ယူရိုသန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘန်ဇီးမားက အသင်းဖော် တိုက်စစ်သမား နှစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် မိမိ၏ တစ်ကျော့ပြန် ခြေစွမ်းကို ထွန်းတောက် လာစေကြောင်း AS သို့ ပြောဆိုသွားသည်။ "ကျွန်တော်တို့ သုံးယောက်က ကွင်းပြင်မှာလည်း သူငယ်ချင်း တွေပါ။ ကွင်းထဲမှာလည်း အပြန်အလှန် ကူညီကြ ပါတယ်။ ခရစ္စ တီယာနိုရော၊ မီဆွတ်ပါ ကစားသမား ကောင်းတွေ ဖြစ်ကြပြီး ကျွန်တော့်အတွက် ဖန်တီးမှု ကောင်းတွေ လုပ်ဆောင် ပေးပါတယ်။ သူတို့နဲ့ တွဲကစားရင်း လျင်လျင်မြန်မြန် တိုက်စစ် ဆင်နိုင်တာကို ကျွန်တော် သဘောကျ ပါတယ်" ဟု ဘန်ဇီးမားက ပြောကြားခဲ့သည်။
ရီးယဲလ်တွင် အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်းနှင့် ယှဉ်ပြိုင်ရမည် ကိုလည်း မစိုးရိမ်ဟု ဘန်ဇီးမားက ဆိုသည်။ ဟီဂူအင်းသည် လူစားဝင်ပြီး မိနစ်ပိုင်းတွင် (၁)ဂိုးသွင်းခဲ့ သော်လည်း ဘန်ဇီးမားက နေရာတစ်ခု အတွက် ယှဉ်ပြိုင် နေရခြင်းကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ "ဒီအတွက် ဘာမှ စိုးရိမ် နေစရာ မလိုပါဘူး။ ရီးယဲလ်လို အသင်းမျိုးမှာ နေရာအတွက် ယှဉ်ပြိုင် နေရတာ သမားရိုးကျ အခြေအနေ တစ်ခုပါ။ ဟီဂူအင်း ဂိုးသွင်းတာကို တွေ့ရတော့ ကျွန်တော် ပျော်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ ရီးယဲလ်ကို ကူညီပေးဖို့ အသင်းမှာ ရှိနေတာပါ" ဟု ဘန်ဇီးမားက ပြောဆိုသွားသည်။

ပုံမှန် ခြေစွမ်း ပြန်လည် ရလာသည့် ဘန်ဇီးမား

Monday, September 12, 2011
ဟားဂရေ့ဗ် ကြံ့ခိုင်မှု အဆင် မပြေပါကာ ဘက်စ်ကွက်စ်အား မန်ချက်စတာ စီးတီး ကမ်းလှမ်းဖွယ်ရှိ
Share |
မန်ချက်စတာ စီးတီး အသင်းသည် အိုဝင် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အခြေအနေ မျှော်လင့်သလို မကောင်း မွန်ခဲ့ပါက ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်စ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဟားဂရေ့ဗ်သည် ဇန်န၀ါရီလ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ကာနီး အချိန်တွင် မန်ချက်စတာ စီးတီးနှင့် စာချုပ်ဖြစ်ခဲ့သည်။ ယခုအခါ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် အင်္ဂလန် ကွင်းလယ်လူကို ကြံ့ခိုင်မှု အသားပေး လေ့ကျင့်မှုများ လုပ်ကိုင် နေစေပြီး ယခင် ကတည်းက မှတ်တမ်းဟောင်း ရှိခဲ့သော ကြံ့ခိုင်မှု ပြဿနာများ ပြန်ပေါ်လာပါက ၎င်းနေရာ အစားထိုးရန် ဘက်စ်ကွက်စ်ကို စောင့်ကြည့် နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အီတလီသား မန်စီနီသည် နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ကမ္ဘာ့အဆင့် ကွင်းလယ် ခံစစ်သမား တစ်ဦးကို ခေါ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
Caughtoffside.com က မန်စီနီသည် စပိန်နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ ကွင်းလယ်တွင် အကောင်းဆုံး ပဲ့ကိုင် ထိန်းကျောင်းနေသည့် ဘက်ကွက်စ် အတွက် ပေါင်စတာလင် (၃၅)သန်းဖြင့် ဇန်န၀ါရီ လတွင် ကမ်းလှမ်းသွားရန် စဉ်းစား ထားကြောင်းလည်း ဖော်ပြသွားသည်။ ဘက်စ်ကွက်စ်သည် (၃)နှစ်အတွင်း ဘာစီလိုနာ အသင်း လာလီဂါ ချန်ပီယံ (၃)ကြိမ်နှင့် ဥရောပ ချန်ပီယံ (၂)ကြိမ်ဖြစ်ရာတွင် ပါဝင် ကူညီခဲ့သလို စပိန် လက်ရွေးစင် အသင်းနှင့် အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဘွဲ့ကိုလည်း ဆွတ်ခူး နိုင်ခဲ့သည်။ မန်စီနီသည် ဒန်နီရယ်လ် ဒီရော့ဆီနှင့် မာ့ခ် ဗန်ဘောမဲလ်တို့အား ချိတ်ဆက်ခဲ့ပြီး မအောင်မြင်ခဲ့သည့် ကွင်းလယ်ခံစစ် နေရာအတွက် ဘက်စ်ကွက်စ်ကို အလေးထား ပစ်မှတ်အဖြစ် လျာထားကြောင်း သိရသည်။
လက်ရှိတွင်မူ မန်ချက်စတာ စီးတီးအနေနှင့် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှုကို အလေးထား လေ့လာနေဆဲ ဖြစ်သည်။ အကယ်၍ ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အနေအထား ပြန်လည် ပြည့်ဝလာပါက ဘက်စ်ကွက်စ် အတွက် ကမ်းလှမ်းမှုကို ရာသီကုန်ထိ မန်စီနီက ရွှေ့ဆိုင်းထားဖွယ် ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

မန်စီနီ စိတ်ဝင်စားနေပြန်သည့် ဘက်စ်ကွက်စ်

ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရခဲ့သည့် မြန်မာ ယူ-၁၉
Share |
စက်တင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပွဲစဉ်တွင် အိမ်ရှင် မြန်မာ အသင်းသည် ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။
အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းနှင့် သရေရလဒ်သာ ကစားနိုင်ခဲ့သည့် မြန်မာ အသင်းသည် ဗီယက်နမ်နှင့် လာအိုတို့က ၇ဂိုးပြတ်စီ သွင်းခဲ့သည့် ဘရူနိုင်း အသင်းအား ပရိသတ်များ မျှော်လင့် သကဲ့သို့ ဂိုးများစွာ သွင်းယူ နိုင်ခြင်းမရှိခဲ့ဘဲ ၆ဂိုးသာ သွင်းယူ နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဘရူနိုင်း အသင်းအား ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ သည့်တိုင် ကွင်းလယ် ကစားပုံ ကောင်းမွန်ခြင်း မရှိခဲ့ဘဲ တိုက်စစ်မှူး များကလည်း အခွင့်အရေး များစွာအား ဖြုန်းတီးပစ်ခဲ့ ကြ၍ ပရိသတ်များ မချိတင်ကဲ ဖြစ်ခဲ့ရသည်။ မြန်မာ အသင်းအတွက် အဖွင့်ဂိုးအား ပွဲချိန် ၉မိနစ်တွင် ရန်နိုင်ထွေးက စတင် သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် မြန်မာတို့ ကစားပုံ အားရစရာ မရှိခဲ့ဘဲ ၃၅မိနစ်တွင် ရန်နိုင်ထွေးက နောက်ခံလူနှင့် ဂိုးသမား တို့အား လိမ်ခေါက် ကန်သွင်းကာ ဒုတိယဂိုးအား သွင်းယူ ပေးခဲ့သည်။ မိနစ် ၄၀တွင် ဧရိယာ အတွင်းမှ ရဲကိုဦး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ ၄၂မိနစ်တွင် ရဲကိုဦး ညာခြမ်းမှ ဂိုးဧရိယာ အတွင်း ဆွဲဝင် ထိုးပေးရာမှ စိုးပိုင်သွေးက အပြင်း ကန်သွင်းကာ နောက်တစ်ဂိုး ထပ်မံ ရရှိခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပို အရောက်တွင် ကျော်ဇေယျ ဧရိယာ အတွင်း ဆွဲဝင် ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ တားဆီးခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့နောက်တွင် စိုးပိုင်သွေး အပိုင် ခေါင်းတိုက်ချက် ဂိုးသမား ကာကွယ်ခဲ့၍ ပထမပိုင်း အပြီး ၃-၀ဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် ပရိသတ်များ ထံမှ အားမလို အားမရသံများ ပိုမို ထွက်ပေါ် လာခဲ့ပြီး မြန်မာ အသင်းမှာလည်း နောက်ထပ် ဂိုးရရှိရေး ခက်ခက်ခဲခဲ ကြိုးပမ်း နေခဲ့ရသည်။ ၄၈မိနစ်တွင် ညာခြမ်းမှ ဖြတ်တင်ဘောမှ ဂိုးပေါက်ရှေ့ရှိ ကောင်းဆက်နိုင် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အခွင့်အရေး ဖြုန်းတီး ပစ်ခဲ့သည်။ ၅၁မိနစ်တွင် ညာခြမ်းတိုက်စစ်မှ တဆင့် စိုးပိုင်သွေး အပိုင် ပိတ်သွင်းခွင့် ကောင်းမွန်သော်လည်း တိုင်ထိ ထွက်ခဲ့သည်။ ၅၆မိနစ်တွင် စိုးပိုင်သွေး နေရာ ၀င်ရောက် ကစားခဲ့သည့် သီဟဇော် တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ကောင်းဆက်နိုင် ဘယ်ခြမ်းမှ ဖြတ်တင် ပေးရာမှ ရန်နိုင်ထွေး အပိုင် အခွင့်အရေး ရခဲ့သော်လည်း ဖြုန်းတီး ခဲ့ပြန်သည်။
၆၆မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင် ကစားရာမှ ဧရိယာအတွင်း အပိုင် ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အခွင့်အရေးအား မြန်မြန်ဆန်ဆန် အသုံးချ နိုင်ခြင်း မရှိခဲ့ပေ။ ၆၉မိနစ်တွင် ရန်နိုင်ထွေး ကွင်းလယ်မှ ဆွဲပြေး ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့ပြန်သည်။ ထို့နောက်တွင် မြန်မာ အသင်း ဂိုးရရှိရေး ကြိုးပမ်းမှုများ ဆက်တိုက် အရာမထင် ဖြစ်နေခဲ့ပြန်သည်။ ၈၄မိနစ် အရောက်တွင် လူစားဝင် ကစားသမား သီဟဇော်က ဧရိယာ အတွင်း တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းရာမှ မြန်မာတို့ စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ကစားပုံ ပြန်လည် ကောင်းမွန် လာခဲ့ပြီး ဂိုးများ ထပ်မံ ရရှိခဲ့သည်။ ၈၈မိနစ်တွင် လူစားဝင် ကစားသမား သီဟဇော် ကပင် နောက်တစ်ဂိုး သွင်းယူ ပေးခဲ့ပြီး နောက်တစ်ဂိုး ထပ်ရခဲ့ပြန်သည်။ နာကျင် အချိန်ပို တစ်မိနစ်တွင် ရဲကိုဦးက နောက်ထပ် တစ်ဂိုးအား လှလှပပ သွင်းယူ ပေးခဲ့ပြီး မြန်မာအသင်း အတွက် ၆ဂိုးမြောက်အား သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် ဂိုးရရှိရေး အခွင့်အရေးများ ထပ်မံ ရရှိခဲ့ သော်လည်း ဂိုးရရှိခြင်း မရှိတော့ဘဲ ၆ဂိုးဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
-- ဓါတ်ပုံမမြင်ရရင် ဘလော့မှာကြည့်http://www.bsphoekhaing.blogspot.com/

မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း

အနယ်လ်ကာအား ကာတာ ကလပ် အသင်းက လုပ်ခ နှစ်ဆပေး ခေါ်ယူရန် ဆန္ဒရှိနေ
Share |
ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ် အနေနှင့် အနယ်လ်ကာကို ရောင်းထုတ် ဖြစ်လျင်လည်း ဒီဒီရာ ဒရော့ဂ်ဘာ၊ ဖာနန်ဒိုတောရက်စ်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဆော်လမွန်ကာလူးနှင့် ရိုမီလူ လူကာကူတို့ ကဲ့သို့ ထိပ်တန်းအဆင့် တိုက်စစ် သမားများကို ပိုင်ဆိုင် ထားသဖြင့် ရွေးချယ်စရာ လျော့နည်းသွားဖွယ် မရှိချေ။ ထို့အပြင် ဂျူအန်မာတာ၊ ဖလောရင့် မာလူဒါတို့သည်လည်း ချယ်လ်ဆီး၏ (၃)ယောက်တန်း တိုက်စစ်တွင် ဂျူအန်မာတာနှင့် ဖလောရင့် မာလူဒါတို့လည်း ၀င်ကစား နိုင်ခြင်းကြောင့် အနယ်လ်ကာအား ရောင်းချရန် စဉ်းစား လာနိုင်ကြောင်း သိရသည်။
နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အနယ်လ်ကာကို ပြင်သစ်ကလပ် ပဲရစ်စိန့် ဂျာမိန်းကလည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခုအခါ အနယ်လ်ကာ အနေနှင့် အယ်လ်အာရဘီ၏ ချိတ်ဆက်မှုကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးထံမှ ထွက်ခွာခွင့် တောင်းဆိုရန် စဉ်းစားလာဖွယ် ရှိနေကြောင်း သိရှိရသည်။
--
ချယ်လ်ဆီး တိုက်စစ်မှူး နီကိုလက်စ် အနယ်လ်ကာအား အရှေ့ အလယ်ပိုင်း ဒေသရှိ ကလပ်အသင်း တစ်ခုက လက်ရှိ လုပ်ခထက် (၂)ဆပေးကာ ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရသည်။
ဒိုဟာ မြို့တော်တွင် အခြေစိုက်သည့် ကာတာကလပ် အယ်လ်အာရဘီက အသက်(၃၂)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကစားသမား အပေါ် အထူး စိတ်ဝင်စား နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အနယ်လ်ကာသည် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ယခု ဘောလုံးရာသီ အကုန်ထိသာ စာချုပ်သက်တမ်း ရှိတော့ပြီး အကယ်၍ ကာတာကလပ် ထံမှ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက တစ်နှစ်လုပ်ခ ပေါင်စတာလင် (၈.၄)သန်းမျှထိ ရရှိနိုင်ကြောင်း Peopleက ဖော်ပြခဲ့သည်။ ချယ်လ်ဆီး အနေနှင့်လည်း ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းကြောင့် အနယ်လ်ကာ အတွက် အမှန်တကယ် ကမ်းလှမ်းမှုမျိုး ရရှိလာပါက လက်ခံ စဉ်းစားနိုင်ကြောင်း သိရသည်။
ကာတာကလပ်မှ စိတ်ဝင်စားနေသည့် အနယ်လ်ကာ
ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ် အနေနှင့် အနယ်လ်ကာကို ရောင်းထုတ် ဖြစ်လျင်လည်း ဒီဒီရာ ဒရော့ဂ်ဘာ၊ ဖာနန်ဒိုတောရက်စ်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဆော်လမွန်ကာလူးနှင့် ရိုမီလူ လူကာကူတို့ ကဲ့သို့ ထိပ်တန်းအဆင့် တိုက်စစ် သမားများကို ပိုင်ဆိုင် ထားသဖြင့် ရွေးချယ်စရာ လျော့နည်းသွားဖွယ် မရှိချေ။ ထို့အပြင် ဂျူအန်မာတာ၊ ဖလောရင့် မာလူဒါတို့သည်လည်း ချယ်လ်ဆီး၏ (၃)ယောက်တန်း တိုက်စစ်တွင် ဂျူအန်မာတာနှင့် ဖလောရင့် မာလူဒါတို့လည်း ၀င်ကစား နိုင်ခြင်းကြောင့် အနယ်လ်ကာအား ရောင်းချရန် စဉ်းစား လာနိုင်ကြောင်း သိရသည်။
နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အနယ်လ်ကာကို ပြင်သစ်ကလပ် ပဲရစ်စိန့် ဂျာမိန်းကလည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခုအခါ အနယ်လ်ကာ အနေနှင့် အယ်လ်အာရဘီ၏ ချိတ်ဆက်မှုကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးထံမှ ထွက်ခွာခွင့် တောင်းဆိုရန် စဉ်းစားလာဖွယ် ရှိနေကြောင်း သိရှိရသည်။
Tags:
--
ဖိုးခိုင်www.bsphoekhaing.blogspot.com
Subscribe to:
Posts (Atom)