--
Wednesday, October 19, 2011
ယူရို တစ်သန်း ကျော်တန် ရေလုပ်ငန်း စီမံကိန်း အီးယူ ကမ်းလှမ်း
--
အီရန် လေကြောင်းလိုင်းကို အမေရိကန် စီးပွားရေး ပိတ်ဆို့
အမေရိကန် ပြည်ထောင်စုက အီရန် လေကြောင်းလိုင်း Mahan ကို အမေရိက အတွင်း ရောက်ရှိလျက် ရှိသော ဆော်ဒီ ကိုယ်စားလှယ် အဖွဲ့ ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရာတွင် ပါဝင်သူများနှင့် ဆက်သွယ် ပတ်သက်မှုဖြင့် ပိတ်ဆို့ အရေးယူလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
အီရန် လေကြောင်းလိုင်း Mahan သည် အမေရိကသို့ ရောက်ရှိလျက် ရှိသော ဆော်ဒီ သံအမတ် Ade Al-Jubeir အား လုပ်ကြံသတ်ဖြတ်မည့်သူများကို သယ်ဆောင်မှုနှင့် အရှေ့အလယ်ပိုင်း ဒေသအတွင်း ဟစ်ဇ်ဘိုလာ စစ်သွေးကြွ များကို သယ်ယူ ပို့ဆောင်ပေးမှုများ ပြုလုပ်လျက် ရှိခြင်းကြောင့် အမေရိက အတွင်းရှိ အဆိုပါ လေကြောင်းလိုင်း ပိုင်ဆိုင်မှုများကို ထိန်းသိမ်းရန်နှင့် အမေရိကန် ကုမ္ပဏီများကို Mahan လေကြောင်းလိုင်းနှင့် စီးပွားရေး ပြုလုပ်မှု မရှိစေရန် ပိတ်ဆို့ အရေးယူ လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသွားသည်။
အဆိုပါ စီးပွားရေး ပိတ်ဆို့မှုကို အမေရိကသို့ ရောက်ရှိလျက် ရှိသော ဆော်ဒီသံအမတ်အား လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုကို ဖော်ထုတ် အရေးယူနိုင်ပြီး နောက်တစ်ရက်တွင် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ယင်းလုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုကို အီရန် နိုင်ငံ၏ အန္တရာယ်ကြီးမားသော လုပ်ရပ်အဖြစ် ပြစ်တင် ပြောကြားသွားသည်။
ဆော်ဒီ သံအမတ် Ade Al-Jubeir ကို လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုတွင် အီရန်အစိုးရ အဖွဲ့ဝင်များနှင့် အီရန် တော်လှန်ရေး တပ်ဖွဲ့၏ အထူးတပ်ဖွဲ့ ဖြစ်သော Ouds တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်လျက် ရှိသည်ဟု အမေရိကန်က စွပ်စွဲပြောကြား သွားသည်။
အီရန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပါကိစ္စနှင့် ပတ်သက်၍ အီရန် နိုင်ငံတွင်းရှိ အမေရိကန် အကျိုးစီးပွားများကို ကိုယ်စားပြုလျက် ရှိသော ဆွစ်ဇာလန် သံအမတ်ကို ခေါ်ယူ၍ အမေရိကန်နိုင်ငံ၏ အပြုအမူနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက် ပြောကြားခဲ့ကြောင်း အီရန်အစိုးရ သတင်းဌာနက ထုတ်ပြန် ကြေညာသွားသည်။
--
နိုင်ငံခြားသား တစ်သောင်းကို ဂျပန်သို့ အခမဲ့ လည်ပတ်ခွင့်ပြုရန် စီစဉ်
--
အကြမ်းအရမ်းကားတွေ ရိုက်ချင်တဲ့ နိုဘယ်လ်ကျော်ကျော်
အနုပညာလောကမှာ နေရာတစ်ခုပိုင်ဆိုင်လာတဲ့ အနုပညာရှင်မင်းသမီးလေး နိုဘယ်လ်ကျော်ကျော်နဲ့ တွေ့ဆုံခိုက် Venus ပရိသတ်ကြီးအတွက် အကြောင်းအရာတချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
"နိုဘယ်လ် လတ်တလောမှာ မဂ္ဂဇင်းတွေ ရိုက်ဖြစ်တယ်။ ပြီးတော့ အတွဲခွေအတွက် သီချင်းစီစဉ်နေတယ်။ ဇာတ်ကားတွေ ရိုက် ဖို့ ရက်ညှိနေပါတယ်။ Second Year စာမေးပွဲအတွက်လည်း စာကျက်နေရ တယ်။ ကားကြီးတွေကတော့ ဇာတ် လမ်း ပြောထားတာတွေ ရှိပေမယ့် မရိုက်ဖြစ်သေးဘူး။ နယ်ခရီးအနေနဲ့ လည်း မန္တလေးကို ဖျော်ဖြေရေး သွားဖို့ ရှိတယ်။ ပြင်ဦးလွင်၊ တောင်ကြီးနဲ့ အင်းလေး ဘက်မှာ VCDသွားရိုက် ဖို့ရှိပါတယ်" အခုတလော အနုပညာဘက်မှာ ခြေ လှမ်းတွေကျဲသွားရတဲ့အကြောင်း သူမကို မေးမိတော့ "ဒီလောကထဲမှာ နိုဘယ်လ် က ရိုးသားစွာနဲ့ ကြိုးစားပြီး ရပ်တည်နေ တာပါ။ ဒါကို တချို့လူတွေ မဟုတ်မမှန် ပြောဆိုတာတွေက လုပ်ငန်းတွေမှာ အ နှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် နိုဘယ်လ်က ခံယူချက်မပြောင်းလဲပါဘူး။ အနုပညာအလုပ်ဆိုတာနိုဘယ်လ်အတွက် ဘုရားပေးတဲ့ အလုပ်ပါ။ အဲ့ဒီအတွက် နိုဘယ်လ် အောင်မြင်မှုကို ဝယ်လည်းမယူဘူး။ လုပ်လည်း မယူဘူး။ ယှဉ်ပြိုင်ပြီး လည်းမယူဘူး။ ရိုးသားစွာနဲ့ ကြိုးစားပြီး ရလာတဲ့ အောင်မြင်မှုကိုပဲ ယူမယ်။ အဲ့ဒီ အတွက်လည်း နိုဘယ်လ် အမြဲတမ်း ကြိုး စားနေပါတယ်"လို့ပြောပြခဲ့ပါတယ်။ သူမ သရုပ်ဆောင်ကြည့်ချင်တဲ့ဇာတ် လမ်းတွေကတော့Charles and Angels ဇာတ်ကားထဲက မင်းသမီးတွေလို ခုန်ပျံ ကျော်လွှားပြီး ပစ်ခတ်နေတဲ့အကြမ်းအရမ်း ကားတွေ ရိုက်ကြည့်ချင်ပါတယ်တဲ့။
အချစ်ရေးနဲ့ပတ်သက်လို့"လုံးဝလုံးဝ မစဉ်းစားသေးတဲ့အရာပါ"လို့ ပြောပြခဲ့ပြီး လတ်တလော သူမသဘောကျနေတဲ့ ဖက် ရှင်က "အခုတော့ ရင်ဖုံးနဲ့ ထဘီဝတ်ရတာ ကို သဘောကျနေတယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လို့ ခံစားရတယ်။ သူ့နေရာနဲ့သူပေါ့နော်"။ ပရိသတ်ကြီးအတွက် အမှတ်တရ စကားကတော့ "ပရိသတ်ကြီးကို ကျေးဇူး အရမ်းတင်ပါတယ်။ နိုဘယ် လုပ်လာ သမျှ အနုပညာမှန်သမျှကို အားပေးနေ ကြတဲ့ ပရိသတ်များရဲ့ ချစ်မေတ္တာတွေ ကြောင့် ဒီနေ့ ဒီအချိန်မှာ နိုဘယ်လ် ကျော်ကျော် နေရာ ရလာတာပါ။ နိုဘယ်လ်ကိုချစ်တဲ့ ပရိသတ်ကြီးတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်း မာခြင်းတွေနဲ့ ပြည့်စုံကြပါ စေလို့ Venus စာမျက်နှာက တစ်ဆင့် ဆုမွန်ကောင်း တောင်း ပေးလိုက်ရပါတယ်"တဲ့။
--
သရုပ်ဆောင် ထက်ထက်မိုးဦး အမှု ပုံမှန်ရုံးဖွင့်ချိန် ထက်စော၍ ကြားနာ
မြန်မာနိုင်ငံတွင် စောင်ရေ အများဆုံး ထုတ်ဝေ ဖြန့်ချိနေသည့် 7 Day သတင်း ဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ့ ဆုံမေးမြန်းမှုကိုပြောကြား နေစဉ် ကိုယ်ထိ လက်ရောက် တုံ့ပြန်ခဲ့ သောကြောင့် တရားစွဲဆိုခြင်း ခံထား ရသော ထက်ထက်မိုးဦး၏ အမှုအား အောက်တိုဘာ ၁၈ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးက ပုံမှန် ရုံးချိန်ထက် စောပြီး နံနက် ၉နာရီခန့် တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။
--
ဦးနှောက်နှင့် အပြန်အလှန် ဆက်သွယ် နိုင်သည့် ကွန်ပျူတာ ချစ်ပ် အစ္စရေး တီထွင်
အစ္စရေးနိုင်ငံ တဲလ်အဗစ် တက္ကသိုလ်မှ ဇီဝကမ္မဗေဒ ပါမောက္ခ မက်တီမင့်ဇ် ဦးဆောင်သော သုတေသီ အဖွဲ့သည် ကြွက်၏ ဦးနှောက် တစ်စိတ် တစ်ပိုင်းနှင့် တူသော ကွန်ပျူတာချစ်ပ် ပြားကို စက်တင်ဘာလ ကုန်ပိုင်းက တီထွင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိ ကန်ရူပဗေဒ အသင်း ၏ Website တွင် ရေးသား ဖော်ပြထားသည်။ ယခုအောင်မြင်မှုသည် ကျန်းမာ ရေးချို့ယွင်း မှုကြောင့် သို့မဟုတ်ဒဏ်ရာ ရရှိမှုကြောင့် ဦးနှောက် အစိတ်အပိုင်း တစ်ခုခု ပျက်စီးသွား သူများအတွက် ဦးနှောက်၏ လုပ်ငန်း ဆောင်တာများ ပုံမှန်ပြန်လုပ် နိုင်စေရန် ပူးပေါင်း ကူညီပေးမည့် စက် ကိရိယာများ တီထွင်နိုင်ရေး အတွက် လှေကားထစ် အသစ် တစ်ခု တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း ၌ ဖော်ပြထားသည်။ အဆိုပါ ချစ်ပ်ပြားသည် ကြွက်၏ ဦးနှောက်ငယ် (Cerebellum) ၏ လုပ်ငန်း ဆောင်တာ များထဲမှ တစ်ခုကို ထပ်တူ တုပ စွမ်းဆောင် နိုင်ကြောင်း သိရသည်။
--
Monday, October 17, 2011
ဗန်ပါစီရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါ့မယ် - အာဆင်ဝင်းဂါး
ဗန်ပါစီရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါ့မယ် - အာဆင်ဝင်းဂါးအာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးက လက်ရှိအသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းမတိုးခဲ့လျှင်ပင် ဗန်ပါစီ၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်ဝင်းဂါးအနေဖြင့် ဗန်ပါစီ၏ ပရော်ဖက်ရှင်နယ်ပီသမှုကို အလေးထားချီးကျူးမှု ပြုလုပ်ခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရန်လည်း မျှော်လင့်နေသည်။ သို့သော် ဘောလုံးလောကတွင် မထင်မှတ်ထားသည့် အခြေအနေမျိုး မကြာခဏ ဖြတ်ပေါ်လာတတ်ကြောင်းလည်း ဖြည့်စွက်သွားခဲ့သည်။ အာဆင်ဝင်းဂါးမှာ အသင်းခေါင်းဆောင် ဗန်ပါစီအား အသင်းတွင် ဆက်ရှိနေစေချင်သည့် ၄င်း၏ဆန္ဒကို ထုတ်ဖော်ထားသော်လည်း ကစားသမား၏ ဆုံးဖြတ်ချက်ကို လေးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အာဆင်ဝင်းဂါးက "စံအခြေအနေမျိုးက ဘောလုံးလောကမှာ မကြာခဏ မတည်ရှိနိုင်ပါဘူး။ စံအခြေအနေဆိုတာက သူ(ဗန်ပါစီ) စာချုပ်သက်တမ်းတိုးမှာကို ဆိုလိုတာပါ။ သူသာ အဲလိုမလုပ်ခဲ့ရင် အဲဒါကိုလည်း လေးစားပေးရပါ့မယ်။ ဘာကအရေးကြီးတာလဲဆိုတော့ သူကစားတတ်သလိုမျိုး ကစားနေဖို့ပါပဲ။ ကျွန်တော်တို့အားလုံး ဒီမှာ ရှိနေတာက ထူးရှယ်ကစားသမားတွေကို ကြည့်ဖို့ပါ။ သူဟာ အဲလိုကစားသမားမျိုးပါ။" ဟု ပြောကြားသွားခဲ့သည်။
ထို့ပြင် အာဆင်ဝင်းဂါးမှာ ဗန်ပါစီ၏ ကြောင်နက်များအပေါ် အောင်ပွဲခံသွင်းဂိုးများကိုလည်း ကျေနပ်လျှက်ရှိပြီး "အရေးကြီးဆုံးက ဒီနေ့နဲ့ နက်ဖန် ဘာလုပ်တယ်ဆိုတာနဲ့ အသင်းအတွက် ဘယ်လိုလုပ်နေတယ် ဆိုတာပါ။ လူအများစုက သူ့ရဲ့ခေါင်းဆောင်နိုင်စွမ်းရည်ကို မေးခွန်းထုတ်နေကြပါတယ်။ ဒါပေမယ့် နေ့စဉ်တိုင်း သူဟာ သူပြောထားသလို ပြည့်ပြည့်၀၀လုပ်ပြနေပါတယ်။ ကွင်းထဲမှာ သူ့အလုပ်ကို သူလုပ်ပြနေပါတယ်။ ဒီနေ့ပွဲမှာဆို သူရလိုက်တဲ့ ပထမဆုံးအခွင့်အရေးကို အသင်းအတွက် ဖန်တီးပြနိုင်ခဲ့ပါတယ်။ ဒုတိယအခွင့်အရေးကတော့ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ ခြားနားချက်တွေဖြစ်အောင် လုပ်ပြသွားတာပါ။ အဲဒါကိုက ထူးခြားမှုပါပဲ။" ဟု ဖြည့်စွက်ပြောကြားသွားခဲ့သည်။