BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, October 25, 2011

UFC လက်ဝှေ့ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ ပြည်ပရောက် ရွှေမြန်မာ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျနော်တို့ သရေရလာဒ်လောက်တော့ ထိုက်တန်ခဲ့ပါတယ်။ (ပီတာဆက်ခ်ျ)

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

Written by : အောင်ဇော်လတ်(မိုးနဲ)    2011-10-25 09:30:31  

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ

၂၀၁၁ ခုနှစ် Ballon d'Or ဆုအတွက် အကောင်းဆုံး ကစားသမား အယောက်(၅၀)အား ဇယာတင် ရွေးချယ်ရာတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးအထိ ပါဝင်နေကြောင်း သိရသည်။

အယောက်(၅၀)စာရင်း အတိအကျ မသိရသေးသော်လည်း ဘာစီလိုနာမှ (၉)ဦးနှင့် ရီးရဲလ်မက်ဒရစ် (၅)ဦး ပါဝင်နေကြောင်းသိရသည်။ El Mundo Deportivo ၏ဖော်ပြချက်အရ ဘာစီလိုနာမှ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပီကေး၊ ဖာဘရီဂတ်စ်၊ ပူလ်ယိုး၊ အဲလ်ဗက်၊ အဘီတယ်နှင့် ဒေးဗစ်ဗီလာတို့ ပါဝင်နေကြောင်း သိရသည်။ ဘာစီလိုနာ ကစားသမားများသည် ချန်ပီယံလိဂ် ဆုဖလားအား ဆွတ်ခူးထားနိုင်သလို၊ လာလီဂါနှင့် စပိန်စူပါဖလားကိုလည်း ဆွတ်ခူးထားကြသည်။

AS ၏ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းမှ အလွန်ဆို၊ ကားဆီးလက်စ်၊ ခီဒီရာ၊ အိုဇေးနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ပါဝင်နေကြောင်း သိရသည်။



--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်



Written by : အောင်ဇော်လတ်(မိုးနဲ)    2011-10-25 09:57:44  

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်

ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်

FIFA နှင့် France Football တို့ပူးပေါင်းပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇယာတင် (၁၀)ဦး စာရင်းနှင့် အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုကို တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့သည်။

အဆိုပါ ဇယာတင် (၁၀)ဦးမှ နောက်ဆုံးဇယာတင် ရွေးချယ်သွားရန်အတွက် အမျိုးသမီးအသင်း လက်ရွေးစင်နည်းပြများနှင့် အသင်းခေါင်းဆောင်များကို ရွေးချယ်မဲပေးသွားစေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသား အကောင်းဆုံး ဘောလုံးသမားဆု ဇကာတင်စာရင်းကိုမူ နိုဝင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ဆုများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီ(၉)ရက်နေ့၌ ဇူးရစ်မြို့တွင် ချီးမြှင့်သွားမည်ဖြစ်သလို၊ ဇကာတင် (၃)ဦး စာရင်းများအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၊ ပဲရစ်မြို့တွင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်သည်။ အမျိုးသမီးအသင်း နည်းပြ ဇယာကာတင် (၁၀)ဦး စာရင်းကိုမူ ကမ္ဘာ့အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ်ဆိုင်ရာ တိုးတက်ပြောင်းလဲရေး ကော်မတီနှင့် ကမ္ဘာ့အမျိုးသမီးဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲများက ကြီးမှူးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇကာတင် (၁၀)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။   ဆိုနီရာ ဘွမ်ပတ်စ်တာ (ပြင်သစ်)
၂။   ဂရီဖရီကတ်စ် (ဂျာမနီ)
၃။   မာတာ (ဘရာဇီး)
၎။   အယာမီယာမာ (ဂျပန်)
၅။   အက်လက်စ်မော်ဂန် (ယူအက်စ်)
၆။   နီစစ်ဘ် (ပြင်သစ်)
၇။   ဟိုမာရီဆာဝါ (ဂျပန်)
၈။   စချီလင်း (ဆွီဒင်)
၉။   ဟုပ်ဆိုလို (ယူအက်စ်)
၁၀။  ၀မ်ဘတ်ခ်ျ (ယူအက်စ်)
တို့အသီးအသီးဖြစ်ကြသည်။

အမျိုးသမီးအသင်း အကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။   ဘရူနိုဘီနီ (ပြင်သစ်/ ပြင်သစ်လက်ရွေးစင်)
၂။   လီယိုနာဒို ဆဲလ်လာ (မက္ကဆီကို/မက္ကဆီကိုလက်ရွေးစင်)
၃။   သောမတ်ဒန်နာဘီ (ဆွီဒင်/ဆွီဒင်လက်ရွေးစင်)
၎။   ပတ်ထရစ်လိုင်ရာ (ပြင်သစ်/လိုင်ယွန်)
၅။   မာရင်မိုင်းနက်ဒ် (ဂျာမနီ/ဂျာမနီ ယူ ၂၀)
၆။  ဟုပ်ပေါ်ဝဲလ် (အင်္ဂလန်/ အင်္ဂလန် လက်ရွေးစင်)
၇။  နိုရီယို ဆာဆာကီ (ဂျပန်/ ဂျပန်လက်ရွေးစင်)
၈။   တွမ်ဆာမန်နီ (သြစတေးလျ/ သြစတေးလျလက်ရွေးစင်)
၉။   ပိုင်ယာဆန်းဟိတ် (ဆွီဒင်/ယူအက်စ် လက်ရွေးစင်)
၁၀။  ဂျော်ဂျီဗီလ်ဒါ (စပိန်/ စပိန်ယူ ၁၇) 
တို့အသီးသီးဖြစ်ကြသည်။



--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, October 23, 2011

ညအမှောင်မှာ ကြည့်ချင်တာ ကြည့်ရအောင်

newsလူတစ်ယောက်ရဲ့ မျက်စိနှစ်လုံးက မြင်နိုင်တဲ့ အကွာအဝေး ထက် ပိုပြီး ဝေးကွာလွန်းတဲ့ နေရာက ပစ္စည်းတစ်ခု၊ ကြည့်လို စူးစမ်းလိုတဲ့ အရာတစ်ခုကို အနီးကလေးမှာ ရှိနေသလို မြင်တွေ့နိုင်အောင် မှန်ဘီးလူးဆိုတာ ပေါ်လာ တယ်။ စစ်မြေပြင်မှာ အရေးပါ အရာရောက် ခဲ့ရုံ သာမက ခရီးဝေးသွားသူ၊ သုတေသနပြု လုပ်သူတွေ စတဲ့ လူတန်းစား အားလုံး အသုံးပြု လာကြ တာကြောင့် ဈေးကွက်ဝင် ပစ္စည်းသစ် ပါ။ နေ့အခါမှာ အလင်းရောင်ကြောင့် မြင်တွေ့ နိုင်ပေမယ့် ညအမှောင်မှာတော့ မှန်ဘီလူး တွေ မစွမ်းခဲ့ပါဘူး။
ဒါပေမယ့် မန္တလေး အလင်း ပရိသတ်ကြီး အတွက် မိတ်ဆက်ပေးလိုတဲ့ မှန်ဘီလူးက ညအမှောင်မှာ ကြည့်လိုရာ ကြည့်နိုင်တဲ့ ညကြည့် မှန်ဘီလူး ဖြစ်ပါတယ်။ Bushnell (Monocullar အမျိုးအစား) ဖြစ်ပါတယ်။ Night Vision တွေ အတွက် အဆင်ပြေမှာ ဖြစ်ပြီး၊ ၂.၄ထ ၄၂ ချဲ့အားရရှိနိုင်တယ်။ ညဘက်အမှောင်ထဲမှာ သဲသဲကွဲကွဲမြင်နိုင်အောင် Infrared Illuminator ကိုDual သုံးထားပါသတဲ့။ ခရီးသွားတဲ့အခါ၊ လုံခြုံရေးအရ စောင့်ကြည့် အခြေအနေ သုံးတဲ့အခါနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြင် ကဏ္ဍများစွာ အသုံးတည့်မှာ ဖြစ်တယ်။ ပေ ၆၀ဝ လောက်ထိ ကြည့်ရှုနိုင်သလို ၁၇ အောင်စပဲ အလေးချိန်ရှိပါတယ်။ မိုးထဲလေထဲ အတွက် ရေစိုခံတာကြောင့် လိုအပ်တယ်ဆိုရင်ဖြင့် ဝ၉- ၇၃၀ဝ၂၂၁၅ ကို ဖုန်းဆက်လိုက်ပါ။



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို



Probe by : ကွန်ဟိန်း    2011-10-23 11:34:31  

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို

မာတာသည် မန်စီးတီး၏ ကီးပလေယာ ဒေးဗစ်ဆေးဗာလ်း ကဲ့သို့ ထူးချွန်သည့် ကစားသမားဖြစ်ကြောင်း ချဲဆီးနည်းပြ ဘိုအာစ့် ပြောဆို


ချဲလ်ဆီးနည်းပြဘိုအာ့စ်ကသူ၏ကွင်းလယ်ကစားသမားမာတာအား၊မန်စီးတီး၏ကီးပလေယာ ဒေးဗစ်ဆေးဗား ကဲ့သို့ ထူးချွန်သည့် ကစားသမား တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုသည် ။ ဗလင်စီယာအသင်း မှ ပေါင် ၂၃.၅ သန်းဖြင့် ပြောင်းရွေ့လာခဲ့သူ မာတာသည် စတန်းဖိုဒ့်ဘရစ်ခ်ျ တွင်ပျော်ရွှင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် တပတ်က ပြောဆိုခဲ့သေးသည် ။ အသင်းအတွက် (၂) ဂိုးသွင်းယူပေးထားနိုင်ကာ အသင်းဖေါ် ဂိုးသွင်းခွင့် ရရန်အတွက် (၃)ကြိမ် တိတိ ဖန်တီးပေးထား နိုင်ခဲ့ပြီလည်း ဖြစ်သည် ။ မာတာနှင့် တနိုင်ငံတည်းသား ဒေးဗစ်ဆေးဗာလ်း မှာလည်း မန်စီးတီးတွင် မရှိမဖြစ်ကစားသမား ဖြစ်နေပြီး မန်စီးတီးအသင်းအား ဇယားထိပ်ပိုင်းတွင် ရပ်တည်နိုင်ရာတွင် သူ၏ မောင်းနှင်အားများမှာ အက္ခရာ ကျခဲ့သည် ။


မာတာဟာ ဆေးဗားလ်းထက် သာလား ? ဟု အဓိပယ်ရသည့် မေးခွန်းတစ်ခုကို ဘိုအာစ့် က သူ၏ကစားသမားသည် ဆေးဗားကဲ့သို့ ထူးချွန်သည့် ကစားသမား ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး "ကျွန်တော့်အထင်တော့ သူတို့မှာ အဆင့်တစ်ခု ၊ စွမ်းရည်တစ်ခု ကိုယ်စီရှိနေကြပါတယ် ၊ ကျွန်တော့ ကစားသမား ဟာ ပုံစံကွဲ တစ်ခုကနေ ဘောလုံးကို ရယူ ရတာမျိုးကို ပိုပြီးနှစ်သက် ပါတယ် ၊ ပြီးရင် ဘောလုံးဖြန့်တဲ့နေရာမှာ တိကျသေခြာတဲ့ နေရာမျိုးတွေကိုရှာတတ်ပါတယ် ၊ သူဘောလုံးကို ရသွားတဲ့ အချိန်တွေမှာ ကစားဖော်တွေလိုချင်တဲ့ အနေအထားကို ထင်မှတ်မထား တဲ့ ပုံစံမျိုးကနေ ဖန်တီးပေးနိုင်စွမ်းရှိပါတယ် ၊ ကျွန်တော် သူနဲ့ ပတ်သတ်ပြီး ပြောချင်တာက ပြိုင်ပွဲတစ်ခုမှာ သူ့ကစားဟန်ဟာ အသင်းကို မောင်းနှင်ပေး နိုင်စွမ်းရှိပါတယ်" ဟုပြောကြားခဲ့သည် ။




--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျွန်တော် ဂိုးသွင်းနိုင်ဖို့ထက် အသင်းအနိုင်ရဖို့က ပိုပြီး အရေးကြီးပါတယ်။ ရော်နယ်ဒို (ရီးရဲတိုက်စစ်မှူး

<><>

ကျွန်တော် ဂိုးသွင်းနိုင်ဖို့ထက် အသင်းအနိုင်ရဖို့က ပိုပြီး အရေးကြီးပါတယ်။ ရော်နယ်ဒို (ရီးရဲတိုက်စစ်မှူး)
ကျွန်တော် ဂိုးသွင်းနိုင်ဖို့ထက် အသင်းအနိုင်ရဖို့က ပိုပြီး အရေးကြီးပါတယ်။ ရော်နယ်ဒို (ရီးရဲတိုက်စစ်မှူး)
ရီးရဲမက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုက မာလာဂါအသင်း၏ အိမ်ကွင်းလာ ရိုဆာလီဒါကွင်း၌ (၄-၀)ဂိုးဖြင့် ရီးရဲအသင်း အနိုင်ရသည့်ပွဲတွင် ဟတ်ထရစ် ဂိုးသွင်းနိုင်ခဲ့သော်လည်း ၎င်းဂိုးသွင်းနိုင်ရေးထက် အသင်းအနိုင်ရရှိမှုက ပိုမိုအရေးပါကြောင်း နှိမ့်ချပြောကြားလိုက်သည်။
အဆိုပါ ပေါ်တူဂီ တိုက်စစ်မှူးသည် မကြာသေးမီအချိန်က တစ်ကိုယ်ကောင်းဆန်စွာ ကစားနေခြင်းအတွက် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရသော်လည်း မာလာဂါအသင်းနှင့် ရင်ဆိုင်ကစားခဲ့ပွဲ ပထမပိုင်းအချိန်တွင် အသင်းဖော်များနှင့် လက်တွဲညီညီ ကစားရင်း ခြေစွမ်းပြ ဟတ်ထရစ်ဂိုး သွင်းနိုင်ခဲ့သည်။ ထို့သို့ဟတ်ထရစ် ဂိုးသွင်းနိုင်ပြီးနောက် ရော်နယ်ဒိုသည် ဂိုးသွင်းအများဆုံး ဇယားတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် တန်းတူ (၁၀)ဂိုးစီဖြင့် ရပ်တည်လာနိုင်ခဲ့သည်။
ကျွန်တော် ဂိုးသွင်းနိုင်တဲ့အတွက် ၀မ်းသာပျော်ရွှင် ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးသွင်းသွင်း၊ ဂိုးမသွင်းသွင်း အသင်းအနိုင်ရရှိဖို့က အမှန်တကယ် အရေးပါပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်မှာကို စိုးရိမ်းကြောင့်ကြ ဖြစ်မနေပါဘူး။ ဒါပေမယ့် အသင်းအနိုင် မရမှာကိုတော့ ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ တကယ်ကို စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံအတိုင်း ကစားနိုင်ခဲ့တာပါ။ ပထမပိုင်းအချိန်ကတော့ ဒီရာသီအချိန်မှာ ကျွန်တော် ကစားခဲ့တဲ့ အကောင်းဆုံးမိနစ်တွေ ဖြစ်ပါလိမ့်မယ်။ကျွန်တော် မာဆယ်လိုနဲ့အတူ အောင်ပွဲခံခဲ့ ပုံကတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ဘရာဇီးဂီတကို နှစ်သက်ကြလို့ပါပဲဟု ရော်နယ်ဒိုက ပွဲပြီးနောက် ပြောဆိုသွားခဲ့သည်။
လက်ရှိအချိန်တွင် ဂျို့စ်မော်ရင်ဟို ကိုင်တွယ်နည်းပြနေသည့် မက်ဒရစ်အသင်းသည် (၈)ပွဲကစား (၁၉)မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှ ဘာစီလိုနာအသင်းထက် တစ်မှတ်အသာဖြင့် ရပ်တည်နေသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed