BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, November 20, 2011

ချင်းခရစ်ယန်အသင်းက ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း ၅၀၀ ခန့်  လှူဖွယ်ရှိ


နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

ထို့ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းခရစ်ယာန်အသင်းများက ကောက်ခံ သော အလှုငွေ ကျပ်ငွေ ၅၂၂၀၀၀၊ ဒိန်းမတ်နိုင်ငံရှိ ချင်းများက ၅၅ သိန်းခန့် ၊ ချင်းပြည်နယ်မှ အကြီး ဆုံး ခရစ်ယာန်အသင်းဖြစ်သည့် Zomi Baptist Convention, Chin Association for Christian Communication, Hakha မြို့ ဟောင်း ခရစ်ယာန်အသင်းနှင့် သြစတေးလျားရောက် ချင်းများက ကျပ်ငွေ ၇၄၁၄၀၀၀ တို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံမှ တဆင့် ပေးလှုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ပြီး မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ် ရှိ Lairam Immanuel Local Church (LIKBK) သင်းထောက်တဦးက " ကျတော်တို့က နိုင်ငံရေးတို့ဘာတို့ မဆိုလိုဘူး၊ လူမှုဒုက္ခရောက်နေသူတွေ အခက်အခဲကို ထောက်ထားပြီး ကူညီတာပါ˝ ဟု ပြောသည်။

သြစတေးလျားနိုင်ငံရောက် ချင်းခရစ်ယာန်အသင်း ၁၂ ခုမှမှ သြစတေးလျား ဒေါ်လာ ၁၆၅၀၇ (ကျပ်ငွေ ၁၂၅၄၅၃၂၀) ကို သြစတေးလျားရှိ Kachin Assocaition of Australia (KAA) ထံသို့  ပေးလှုကြပြီး KAA မှကချင်ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများသို့  လွှဲပေးဖွယ်ရှိကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အထက်တွင်ဖေါ်ပြထားသည့် ငွေပမာဏသည် ကျပ်ငွေ ၃၇၀ သိန်းခန့် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ Czech Republic, New Zealand, Malaysia နိုင်ငံရှိ ချင်းများ၏ အလှုငွေကို အသိအကျ မသိ ရသေးသော်လည်း စုစုပေါင်း ကျပ်ငွေ- ၅၀၀ သိန်းခန့်  ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ ရှိချင်းလူမျိုးများသည် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့  တိုက်ပွဲ ကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသော ကချင်လူမျိုးများအတွက် အလှုငွေကို လွန်ခဲ့သည့် ၂ လ ခန့် က စတင်ကောက်ခံခြင်းဖြစ်သည်။

__._,_.___
--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Windows 8 ကို Install လုပ်ပုံ




ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview  ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့  တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8  ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview  ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview  ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ်  Windows Developer Preview  ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..


Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit) x86-64 (64-bit)
Processor1 GHz x86 processor 1 GHz x86-64 processor
Memory (RAM)1 GB 2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space 20 GB of free disk space

အပေါ်ကတော့  Windows Developer Preview  ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး..  ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 
နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..


ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက်  Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..
ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက  Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ  Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..


အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..


အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..


ပြီးရင်ဒီကောင်လေးကို  Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..


အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့  Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ်  ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..


ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..


အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို  တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..


ကျွန်တော်တို့ Folder Option  ထဲက View  ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..


ပြီးရင် ကျွန်တော်တို့ Drive  ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..


ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..
အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ.. 
အောက်ကပုံကတော့ ကျွန်တ်ာတို့  Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..
အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..
ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, November 19, 2011

.မြန်မာစာစနစ်နှင့် OpenOffice 3.0 ကိုအသုံးပြုချင် သူများအတွက်




ကျွန်တော်တို့ မြန်မာ ပညာရှင်တွေ ရဲ့ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project
တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့
ပြီးတော့ ဂုဏ်ယူစရာပါပဲ .. အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့   
OpenOffice.org  ရဲ့  Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့  
OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော်
အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ
အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် .. 


Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာ
စနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စား လိမ့် မယ်လို့ ထင်ပါတယ် . ဒါပေမယ့် Unicode 5.1 နှင့်
လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့
ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ် .. Unicode Font ကိုမိမိတို့ ကွန်ပျူတာမှာ
ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့်
 Unicode နှစ်မျိုးလုံးသုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ် .. ကျွန်တော် OpenOffice 3.0 ကို
အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..


အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..



ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့  OOo_3.0.0_081115_Win32Intel_install_my.exe
(md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက် ယုံပါပဲ ..



ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ
ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ ..
ပြီးရင် Auto Run သွား ပါလိမ့်မယ် ..









အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint
တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word  အစား မှတ်တမ်းမှတ်ရာ စာသားExcel အစား ဖြန့်သော
အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..



အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..


ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..


ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..



ဒါကတော့ ကျွန်တော့် အနေနဲ့  OpenOffice 3.0  ကိုအသုံး ပြုချင်သူတွေ အတွက်
ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် .. 


Posted by nayminmaung ဆီကပါ...

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

.Gmail ကနေ SMS ပို့လို့ ရပီတဲ့ ဗျို့.....!!!



ကျွှန်တော်ဒီဆိုဒ်လေးထဲ မ၀င်ဖြစ်တာကြာပါပီ..

ဒီနေ့ တော့ အလုပ်ကလဲ အားနေတာနဲ့ မျှဝေချင်တဲ့ စိတ်ကလေး ကပါ ရောပီးတင်လိုက်တဲ့

ဒီပို့(စ်)လေးက တင်ပီးသားများဖြစ်နေခဲ့ရင်  Admin က အချိန်မရွေးဖျက်နိုင်ပါတယ်.....

 

Gmail ကနေခုလောမှ အသစ်ပေးထားတဲ့ ဖုန်းတွေဆီကို တိုက်ရိုက် SMS ပို့လို့ ရတဲ့ နည်းလေးပါ.. 

ကျွှန်တော်လဲ စမ်းပို့ကြည့်ထားပီးသားပါ ရပါတယ်…ပထမဆုံး ကိုယ့်သူငယ်ချင်းက

အောက်လိုက်ဖြစ်နေရင် ချက်ကိုနှိပ်ပီး စာပို့သလိုပဲ chat ကို နှိပ်လိုက်ပါ။

ပီးရင် တော့ အောက်က အတိုင်းပေါ်နေပါလိမ့်မယ်.. 

 

 

အောက်ပါအတိုင်း ထပ်ပေါ်လာရင်  ဖုန်းနံပါတ်ဖြည့်ပါ။

 

ပီးရင်တော့ save ပေါ့..

အဲဒါဆို စာပို့လို့ရပါပီ..သူပေးထားတဲ့ SMS credit: က တရက် ကို စာလုံး 50 ပဲ ပို့လို့ ရပါတယ်..

ကုန်သွားပီဆိုရင်တော့ နောက် 24 နာရီစောင့်ရမှာပါ။ အော်ပြောဖို့ ကျန်နေသေးတယ်..ကိုယ့်သူငယ်ချင်းရဲ့နာမည်တွေ မှာ

ဖုန်းနံပါတ်တွေနဲ့  တခါတည်းမှတ်ပီးသွားရင်  chat box ရဲ့ ညာဘက် အပေါ်နားက Actions နားက တြိဂံလေးကိုနှိပ်ပီး

switch to chat နဲ့ send text SMS နှစ်ခု ချိန်းလို့ ရတယ်နော်..

 

ပို့လို့ရတဲ့နိုင်ငံတွေ ကတော့ 

Supported mobile operators

Below is a list of supported mobile operators for SMS Chat in Gmail

  • Afghanistan
    Afghan Wireless Communication Company
  • Algeria
    Nedjma
  • Angola
    Unitel
  • Bahrain
    Viva
    Zain
  • Cameroon
    MTN
    Orange
  • Congo, Democratic Republic
    Vodacom
  • Côte d'Ivoire
    Orange
  • Ghana
    Airtel
    Tigo
  • Guinea
    Orange
  • Indonesia
    Indosat
    Telkomsel
    Tri
  • Iraq
    Zain
  • Israel
    orange
    Pelephone
  • Jordan
    Zain
  • Kazakhstan
    Kcell
  • Kenya
    Airtel
    orange
    Safaricom
    Yu
  • Kuwait
    Wataniya
    Zain
  • Liberia
    Cellcom
  • Malawi
    Airtel
    TNM
  • Malaysia
    DiGi
  • Maldives
    Dhiraagu
    Wataniya
  • Mozambique
    Vodacom
  • Nigeria
    Glo
    Starcomms
  • Palestinian Territories
    Jawwal
    Wataniya Mobile
  • Philippines
    Globe
    SMART
    Sun Cellular
  • Saudi Arabia
    Mobily
    STC
    Zain
  • Senegal
    orange
    Tigo
  • Sierra Leone
    Comium
  • Sri Lanka
    Dialog
    Etisalat
    Mobitel
  • Tanzania
    Vodacom
    Tigo
  • Thailand
    dtac
    True Move
  • Tunisia
    Tunisiana
  • Uganda
    Orange
    MTN
    Uganda Telecom
  • United States
    All operators
  • Uzbekistan
    Ucell
  • Zambia
    Airtel
    MTN
    Zamtel

If you are a mobile operator, and wish to integrate with the SMS feature of Gmail,

please drop us a note to: mobile-operators-gmail-sms-integration@google.com

 

ကျွှန်တော်ရေးထားတဲ့ အထဲမှာ လိုအပ်တာတွေ ရှိချင်ရှိနေမှာပါ.

ဒီလင့်မှာသွားလေးလာပါဦးဗျာ...http://www.google.com/support/chat//bin/answer.py?hl=en&answer=...

 

သိစေချင်တဲ့ ဆန္ဒလေးတခုထဲ နဲ့ပါ...

ကြယ်စင်အောင်.....

မှတ်ချက်။ လေ့လာဖွင့်ကြည့်လို့ ရတာလေးတွေကို comment လေးတွေ ရေးပီးဆွေးနွေးကြရအောင်နော်..

 fw mail လေးပါ....




--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, November 16, 2011

အီရန်ကိုအရေးယူမည်ဟု အင်အားကြီး သုံးနိုင်ငံသတိပေး

အီရန်ကိုအရေးယူမည်ဟု အင်အားကြီး သုံးနိုင်ငံသတိပေးနျူကလီးယားပိုင်ဆိုင်ထား သည်ဆိုသော စွပ်စွဲချက်နှင့်ရင်ဆိုင် နေရသည့် အီရန်နိုင်ငံအပေါ်နျူက လီးယားကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုနေ မည်ဆိုပါက အရေးယူသွား မည်ဟု  ဂျာမဏီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံ များက ပြောကြားလိုက်သည်။ အီရန်နိုင်ငံသည် နျူကလီး ယားလက်နက်ထုတ်လုပ်ရန် ကြိုး ပမ်းနေသည့် အထောက်အထားကို ခိုင်လုံစွာတွေ့ရှိထားကြောင်း၊ ယင်း နှင့်ပတ်သက်၍အီရန်၏ငြင်းဆိုနေမ ကို လက်မခံနိုင်ကြောင်းအရေးယူမှု မှတစ်ပါးအခြားလုပ်ရန်မရှိကြောင်း အထက်ပါနိုင်ငံများ၏ ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုသည်။ အီရန် သမ္မတဒီနီဂျက်က အီရန်၏နျူက လီးယားစီမံကိန်းသည် စစ်ရေးအ တွက်မဟုတ်ကြောင်း၊ အိုင်အေအီးအေ ၏အစီရင်ခံစာမှာ မှားယွင်းနေ ကြောင်းပြောကြားလိုက်ပြီး၊ မိမိတို့ စီမံကိန်းကိုရပ်ပစ်မည် မဟုတ်ဟု တုံ့ပြန်ပြောကြားလိုက်သည်။ အစ္စရေးဝန်ကြီးချုပ်က အီရန် ၏ နျူကလီးယားစီမံကိန်းသည် အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခု လုံးကို ခြိမ်းခြောက်သည့် သဘော ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအ ဝန်းကရပ်တန့်သွားရန်ပြုလုပ်ဖို့လို ကြောင်း တိုက်တွန်းပြောကြားသည်။ အီရန်ကို အရေးယူပိတ်ဆို့ရေး နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအမြဲ တမ်း အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ရုရှားတို့တစ်စွန်းတစ်စ ပြောဆိုခြင်းမရှိခြင်းကြောင့် ယင်း မှာ အရေးယူပိတ်ဆို့ရေးကို မလို လားသည့် လက္ခဏာဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက သုံး သပ်ပြောကြားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရူနီနဲ့ ကော့လင်းတို့ရဲ့ ဒုတိယမြောက် ကိုယ်ဝန်ဆောင်ထား

SECOND CHILD၀ိန်းရူနီနဲ့ ကော့လင်းတို့ ဇနီးမောင်နှံအတွက် သားဦးလေး ဖြစ်တဲ့ ကိုင်ရူနီ ၂ နှစ်ပြည့် မွေးနေ့ပွဲ အပြီးမှာပဲ ကောလင်းက သူမမှာ ဒုတိယမြောက် ကိုယ်ဝန်ဆောင် ထားရပြီ ဖြစ်တယ်လို့ ထုတ်ဖော် ဝန်ခံသွားပါတယ်။ ရူနီကလည်း ဒီသတင်း ကောင်းအတွက် ပျော်ရွှင်ကျေနပ်နေပြီး သူတို့မိသားစုဟာ တစ်နိုင်ငံတည်းသမား ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ မိသား စုလို မိသားစုဝင်များပြားတဲ့ မိသားစုဘဝမျိုး ဖန်တီးရယူလိုတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရူနီဟာ ဒုတိယ မြောက် ကိုယ်ဝန်ဆောင်ထား ရပြီဖြစ်တဲ့အတွက် ပိုမိုအချိန်ပေးနိုင်ဖို့အတွက် အရင်လို အပြင်ထွက် အပျော်အပါး တောင် မလုပ် တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကောလင်းရဲ့ ကိုယ်ဝန်ဆောင်ရင့်မာလာခဲ့ရင်တော့ အရင် ကလို
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သူမဘဝ ရုပ်ရှင်ကားကို ကြည့်ရှုရန် သတ္တိ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ

vn_3_18_2ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ အတ္ထုပ္ပတ္တိ အခြေခံ ရုပ်ရှင်ကား The Lady နိုဝင်ဘာ လကုန်တွင် ရုံမတင်မီ ဇာတ်ကားမိတ္တူ တစ်ခုပေးရန် ဒါရိုက်တာ လပ်ဘက်ဆန် အား ပြောကြားခဲ့ရာ ဒါရိုက်တာက ပေးပို့ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကား မိတ္တူပေးပို့မှုအတွက် ကျေးဇူး တင်ကြောင်း၊ သို့သော် မိမိ သည် ဇာတ်ကားကို မကြည့်ရ သေးကြောင်း လပ်ဘက်ဆန်အား ပြောကြားခဲ့ သည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သူမ နေအိမ် အကျယ်ချုပ်ဖြင့် နေရစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ခင်ပွန်း ဗြိသိသျှ အကယ်ဒမစ် ပညာရှင် မိုက်ကယ်အဲရစ် ၏ အကြောင်းကိုပါ ဖော်ပြထားသည်။The Lady ဇာတ်ကားကို ကြည့်ရှုခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ သားများအနက် တစ်ဦးက ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မီရှဲယို ပါဝင် သရုပ်ဆောင်ထားသည့်ဇာတ်ကားအား ကြည့်ရှုပြီး အလွန်တရာ စိတ်လှုပ်ရှားမိ ကြောင်း ပြောပြသည်။
မစ္စတာဘက်ဆန်နှင့် အသက် ၄၈ နှစ်ရှိ ဟောလီးဝုဒ်ရုပ်ရှင် မင်းသမီးတို့ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင်တွေဆုံခဲ့ကြသည်။ ဒါရိုက် တာက ၄င်းသည်The Lady ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့ကြောင်း၊ အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်နှင့်တူစေရန် အသေးစိတ် ဖန်တီးရိုက်ကူးခဲ့ကြောင်း ပြောပြသည်။
Tomorrow Never Dies ဇာတ်ကားတွင် တရုတ်သူလျှိုတစ်ဦးအဖြစ် သရုပ် ဆောင်ခဲ့သော မီရှဲယိုသည် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံဖို့ မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မစ္စတာ ဘက်ဆန်သည် ၄င်း၏ဇာတ်ကား တိုးတက်မှုနှင့်ပတ်သက်ပြီး မက်ဆေ့ခ်ျပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဘက်ဆန်က သူမက ကျွန်တော့်ကို ပြောပါတယ်။ ကျွန်မ သတ္တိရှိလာတဲ့အခါ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed