BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, November 23, 2011

ပန်ဒါဝက်ဝံ၏ ကျင်ကြီးနှင့် လက်ဖက်ရည် ထုတ်လုပ်တော့မည့် တရုတ်အမျိုးသား

f_258_3ကမ္ဘာပေါ်မှာ ကောင်းလှပါတယ်၊ အရသာရှိပါတယ်၊ ဈေးကြီးပါတယ် ဆိုတဲ့ အကောင်းစား လက်ဖက်ရည် တွေကို နို့ထွက် ပစ္စည်းတွေ၊ လက်ဖက်မှုန့်တွေ၊ အမွှေးကြိုင် ပစ္စည်းတွေနဲ့ ရောစပ်ပြီး ထုတ်လုပ် နေကြတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသားတစ် ဦးကတော့ သူထုတ်လုပ်မယ့် လက်ဖက်ရည်ကို ပုံမှန် နည်းစနစ်တွေနဲ့ ထုတ်လုပ်မှာ မဟုတ်ပါ ဘူးတဲ့။
သူထုတ်လုပ်မယ့် လက်ဖက်ရည်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်အဖြစ် ဂင်းနစ်စံချိန်တင်စေရမယ်လို့ ကြုံးဝါးထားပြီး အဲဒီလက်ဖက်ရည် ကိုလည်း ပန်ဒါဝက်ဝံတွေရဲ့ စွန့်ပစ်ပစ္စည်းကျင်ကြီးကနေ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် တက္ကသိုလ်ကထိက တစ်ဦးဖြစ်တဲ့အန်ယမ်ချီဟာ အလွန်ထူးခြားတဲ့ လက်ဖက်ရည်တစ်မျိုး တီထွင်ထုတ်လုပ်နိုင်ဖို့ ပန်ဒါဝက်ဝံတွေရဲ့ ကျင်ကြီးတန်ချိန် (၅)တန် တောင် စုဆောင်းထားပါပြီ။
အဆိုပါ ကျင်ကြီး ဟာမြေဩဇာပြည့်ဝပြီးအလွန်သင်းပျံ့တဲ့ရနံ့တွေ ပေးစွမ်းနိုင်တာကြောင့် လက် ဖက်ရည်ကြိုက် သူတွေအတွက် အရသာထူးကဲတဲ့လက်ဖက် ရည်တစ်မျိုး ဖြစ်လာလိမ့်မယ်လို့ အန်ယမ်ချီက ယုံကြည်နေပါတယ်။ ဈေးနှုန်းအရလည်း တစ် ကီလိုကိုပေါင်(၅၀ဝ၀ဝ)နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေပါပြီ။
ပန်ဒါဝက်ဝံတွေဟာ အစာချေ စနစ် လုံးဝမကောင်းပါဘူး။ သူတို့စားသမျှ ထဲက(၃၀)ရာခိုင်နှုန်းလောက်ကိုပဲ စုပ်ယူနိုင်ပါ တယ်။ အဲဒါကြောင့် သူတို့ရဲ့ကျင်ကြီး အမျှင် ဓာတ်တွေနဲ့ အာဟာရတွေအပိုအလျှံပါရှိနေ တာပဲဖြစ်ပါတယ်။နောက်ပြီးအနံ့အရသာလည်း ကြွယ်ဝလို့ လက်ဖက်ရည် နှပ်နေ ချိန်မှာတောင် အလွန်ထူးခြားတဲ့ ရနံ့တွေတထောင်းထောင်း ထလာမှာပါလို့အန်ယမ်ချီကသူမထုတ်လုပ်ရ သေးတဲ့လက်ဖက်ရည်ကို အမွှမ်းတင် ပြောကြား ခဲ့တာပါ။
လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်ကို အင်ဒိုနီးရှားကြောင်တစ်မျိုး စား သောက်ပြီး တစ်ဝက်တစ်ပျက် အစာချေထား ပြီးဖြစ်တဲ့ ပဲတောင့်တွေ ကနေ ထုတ်လုပ်ပြီး ဈေးနှုန်းအားဖြင့် အလေးချိန်တစ်ပေါင်ကို စတာလင်ပေါင်(၁၀ဝ)ပေးရတယ်လို့သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ထိုင်းရေဘေးစီမံခန့်ခွဲမှု ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲမည်

ထိုင်းရေဘေးစီမံခန့်ခွဲမှု ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲမည်ထိုင်းနိုင်ငံတစ်ဝန်းရေကြီးရေလျှံ မှုများအပေါ် စီမံခန့်ခွဲမှုများနှင့်ပတ်သက် သော ထိုင်းနိုင်ငံရှိ အဖွဲ့နှစ်ဖွဲ့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် ထိုင်းအစိုးရ အဖွဲ့ကို တရားစွဲဆိုမည်ဖြစ်ကြောင်း The Nation သတင်းတွင်ဖော်ပြ ထား သည်။ ရေကြီးရေလျှံမှုများနှင့် ပတ်သက် သော ထိုင်းအစိုးရ၏ စီမံခန့်ခွဲမှုများ အပေါ်ကမ္ဘာကြီးပူနွေးမှုကို တားဆီးရေး ထိုင်းအဖွဲ့အစည်းက နောက်လတွင် တရားစွဲဆိုမည်ဟု ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ယင်းအဖွဲ့အပြင် ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ် ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ရေကြီး ရေလျှံမှုနှင့် ပတ်သက်၍ ထိုင်း အစိုးရကို တရားစွဲဆိုမည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကိုတားဆီးရေး ထိုင်းအဖွဲ့အစည်းသည် လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ထိုင်းနိုင်ငံရှိ Map Ta Phut စက်မှုလုပ်ငန်းကို သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ တိုက် ခိုက်ခဲ့သောကြောင့် ယင်းစက်မှုလုပ်ငန်း မှာ ရပ်ဆိုင်းလုနီးပါးအခြေအနေနှင့် ရင် ဆိုင်ခဲ့ရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရေကြီးမှုအပေါ် ထိုင်းအစိုးရ၏တုံ့ပြန် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင် ထိုင်းအစိုးရအဖွဲ့ ၁၀ ခုကို တရား စွဲဆိုမှုများပြုလုပ်သွားမည်ဟု ကမ္ဘာကြီး ပူနွေးမှုတားဆီးရေး ထိုင်းအဖွဲ့အစည်းဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ပြောကြားသည်။ အဆိုပါအဖွဲ့က တရားစွဲရန် ကြိုး ပမ်းလျက်ရှိသော ထိုင်းအစိုးရအဖွဲ့များ မှာ ထိုင်းအစိုးရအဖွဲ့၊ ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုစင်တာ၊ ထိုင်းမိုးလေဝသ ဌာန စသည်တို့ပါဝင်သည်။ ရေကြီးရေလျှံမှုခံနေရသော ထိုင်း နိုင်ငံရှိ ၂၆ ပြည်နယ်မှ လူများအနေဖြင့် ၄င်းတို့အဖွဲ့နှင့် ဆက်သွယ်ကြရန် ဖိတ် ခေါ်ထားကြောင်း ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ၄င်းတို့အဖွဲ့အနေဖြင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင်ထိုင်းအစိုးရအဖွဲ့အပေါ် ရေဘေး ဒုက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းပျက် ကွက်ခဲ့မှု၊ ရေဘေးသင့်ပြည်သူများကို လျော်ကြေးပေးရန်နှင့် နောင်တွင် ယခု ကဲ့သို့သော ဘေးဒုက္ခများမှ ကြိုတင် ကာကွယ်ခြင်းများနှင့် ပတ်သက်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားသွား မည်ဟု တူဆရီဆူဝမ်က ပြောကြားသည်။ အဆိုပါအဖွဲ့နှင့် အလားတူ ထိုင်းနိုင်ငံရှိ နာမည်ကျော်တက္ကသိုလ် တစ်ခုဖြစ်သော ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ထိုင်း အစိုးရအဖွဲ့ကို တရားစွဲဆိုရန် အထောက် အထားများစုဆောင်းလျက်ရှိကြောင်း ချူလာလောင်ကွန်တက္ကသိုလ်မှစီးပွားရေး ဘာသာ၏ ကထိကဖြစ်သူ နာရောင်ဖက် ဖရာဆတ်က ပြောကြားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ်

ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ် အာဆင်နယ် အသင်းသည် ဂျာမနီ လူငယ် ကြယ်ပွင့် ကစားသမား ဂေါ့ဇီ အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သော ပေါင်သန်း (၃၀) ခန့် သုံးစွဲရန် ရှိနေသည်။ dailymail မှ ဖော်ပြချက် အရ အာဆင်နယ် အသင်းသည် အင်္ဂါနေ့ညတွင် ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် ဂေါ့ဇီအား ကမ်းလှမ်းရန် ရှိနေကြောင်း သိရသည်။
အာဆင်နယ် အသင်းသည် ပြီးခဲ့သော ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ခု ဖြစ်သည့် ဘိုင်ယန်နှင့် ဒေါ့မွန်တို့ ကစားခဲ့သည့် ပွဲစဉ်မှ ဂေါ့ဇီ၏ ခြေစွမ်းကို စောင့်ကြည့်ရန် အတွက် ကင်းထောက် နှစ်ဦးကို စေလွှတ်ခဲ့ပြီး အဆိုပါ ပွဲစဉ်တွင် ဂေါ့ဇီမှာ အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးအား သွင်းယူပေးခဲ့သည်။ အသင်း၏ အမှုဆောင်ချုပ် ဂါဇီဒစ်သည် ယခုအပတ် အတွင်း ဂေါ့ဇီအတွက် ဒေါ့မွန် အသင်းနှင့် တရားဝင် ဆွေးနွေးရန် ရှိနေသည်။
သို့သော်လည်း အာဆင်နယ်မှာ ဂေါ့ဇီအတွက် အနည်းဆုံး ပေါင်သန်း (၃၀) ခန့်သုံးစွဲရရန် ရှိနေပြီး အဆိုပါ ပမာဏမှာ အသင်း၏ လက်ရှိ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သည့် အာရှာဗင်၏ ပြောင်းရွှေ့ကြေး၏ နှစ်ဆဖြစ်နေသည်။ ဂေါ့ဇီမှာ ၀င်းဂါး၏ အလိုချင်ဆုံး ကစားသမား ဖြစ်နေပြီး ဖာဘရီဂတ်စ်၊နာဆရီတို့ ထွက်ခွာသွားသောကြောင့် အားနည်း နေသည့် ကွင်းလယ် နေရာတွင် အစားထိုးရန် အတွက် ခေါ်ယူလိုနေခြင်းဖြစ်ကာ သူ၏ လက်ထဲတွင်လည်း ပြောင်းရွှေ့ ကြေး အသုံးစရိတ် ပေါင်သန်း (၅၀) ရှိနေသောကြောင့် ခေါ်ယူမည် ဆိုပါက ဖြစ်နိုင်ချေရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဟု ဗြိတိန်ဝန်ကြီး ပြော

ဒေါ်အောင်ဆန်းစုကြည်၏လုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဟုဗြိတိန်ဝန်ကြီးပြောအစိုးရအဖွဲ့ဝင်အဆင့် ဥရောပ သမဂ္ဂဝန်ကြီး တစ်ဦးအနေဖြင့် ဗြိတိန်ဝန်ကြီး လွှတ်တော်ကိုယ်စား လှယ် အန်(န်)ဒြူးမစ်ချယ်(လ်) သည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီး စဉ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား များအတွက် ဗြိတိန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုအစီအစဉ်ကို ပြန်လည် သုံးသပ်ရန်ရည်ရွယ်ပြီး လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း အန်(န်)ဒြူး မစ်ချယ်(လ်)က ပြောကြားသည်။ "ဒီကိုလာခဲ့တဲ့ အကြောင်းက တော့ ဒေါ်အောင်ဆန်းစုကြည် လုပ် နေတဲ့အလုပ်တွေကို ပံ့ပိုးဖို့အတွက် ဖြစ်ပါတယ်" ဟု အန်(န်)ဒြူးမစ် ချယ်(လ်)က ပြောဆိုခဲ့သည်။ မစ်ချယ်(လ်)သည် မြန်မာ ပြည်ခရီးစဉ်အတွင်း နေပြည်တော် ၌ ဒုတိယသမ္မတသီဟသူရဦးတင် အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ တိုင်းရင်းသားလူမျိုးစုများ၊ စီးပွား ရေးလုပ်ငန်းရှင်များအပြင် လူမှုရေး အသင်းအဖွဲ့များသို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်တာကာလအတွင်း ပေါင်စတာလင် ၁၈၅ သန်း (အမေ ရိကန် ဒေါ်လာ သန်း ၃၀ဝ) ကူညီ ပေးသွားမည်ဖြစ်ကြောင်း UK aid ၏သတင်းထုတ်ပြန်ချက်အရ သိရ သည်။ အဆိုပါ ကူညီထောက်ပံ့မှု ကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ရပ်ရွာအုပ်စုများမှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ် ကြောင်း ယင်းထုတ်ပြန်စာ၌ ဖော်ပြ ထားသည်။ မိခင်ပေါင်း ၁၂၇çဝ၀ဝ အား အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန်၊ ငှက်ဖျားရောဂါလျှော့ချနိုင်ရန်၊ လူ ပေါင်း ၁ ဒသမ ၈ သန်းအတွက် အထောက်ပံ့များ ပေးရန်၊ ကလေး ၂၇၇çဝ၀ဝ အား မူလတန်းကျောင်း နေစဉ် ထောက်ပံ့သွားရန် စသည့် နေရာများတွင် ကူညီသွားမည်ဖြစ် သည်။ ခရီးစဉ်အတွင်း တာဝန်ရှိသူ များနှင့်တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးခြင်း၊ အဆင့် ဆင့်ပြောင်းလဲလျက်ရှိသော ဥပဒေ များအတည်ပြုပြဌာန်းခြင်း၊ မီဒီယာ လွတ်လပ်ခွင့် တိုးတက်လာခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲများ၊ တိုင်း ရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများမှ လက်နက်ကိုင်ပဋိပက္ခ များနှင့် လူ့အခွင့်အရေး အပါအဝင် မြန်မာ အစိုးရ၏ပြုပြင်ရေး အစီ အစဉ်ကို ဆွေးနွေးခဲ့ကြောင်း UK aid ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, November 20, 2011

ချင်းခရစ်ယန်အသင်းက ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း ၅၀၀ ခန့်  လှူဖွယ်ရှိ


နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကြောင့် လက်ရှိမြန်မာအစိုးရသစ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် ကချင် စစ်ပြေးဒုက္ခသည် (၃) သောင်းခန့်အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများက ကောက်ခံသော အလှုငွေ ကျပ်သိန်း ၅၀၀ ခန့် ရှိဖွယ်ရှိသည်ဟု ခန့် မှန်းကြသည်။

နော်ဝေနိုင်ငံရောက် ချင်းများက ကောက်ခံသည့် ငွေများကို ရန်ကုန်တွင်နေထိုင်ကြသော ချင်းခရစ်ယာန်လူ ကြီးများဖြစ်ကြသည့် Rev. Thawng Kam နှင့် Mrs. Dar Nawn Tial က Kachin Baptist Convention (KBC) ထံ ကျပ်ငွေ ၁၁၉၅၆၅၀၀ ကိုလွှဲအပ်ခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့ တွင် Laiforum မှတဆင့် Mr. Van Lian Thang ရေးသားသည့် စာတွင်ဖေါ်ပြထားသည်။

ထို့ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းခရစ်ယာန်အသင်းများက ကောက်ခံ သော အလှုငွေ ကျပ်ငွေ ၅၂၂၀၀၀၊ ဒိန်းမတ်နိုင်ငံရှိ ချင်းများက ၅၅ သိန်းခန့် ၊ ချင်းပြည်နယ်မှ အကြီး ဆုံး ခရစ်ယာန်အသင်းဖြစ်သည့် Zomi Baptist Convention, Chin Association for Christian Communication, Hakha မြို့ ဟောင်း ခရစ်ယာန်အသင်းနှင့် သြစတေးလျားရောက် ချင်းများက ကျပ်ငွေ ၇၄၁၄၀၀၀ တို့ ကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံမှ တဆင့် ပေးလှုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက် ပြီး မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ် ရှိ Lairam Immanuel Local Church (LIKBK) သင်းထောက်တဦးက " ကျတော်တို့က နိုင်ငံရေးတို့ဘာတို့ မဆိုလိုဘူး၊ လူမှုဒုက္ခရောက်နေသူတွေ အခက်အခဲကို ထောက်ထားပြီး ကူညီတာပါ˝ ဟု ပြောသည်။

သြစတေးလျားနိုင်ငံရောက် ချင်းခရစ်ယာန်အသင်း ၁၂ ခုမှမှ သြစတေးလျား ဒေါ်လာ ၁၆၅၀၇ (ကျပ်ငွေ ၁၂၅၄၅၃၂၀) ကို သြစတေးလျားရှိ Kachin Assocaition of Australia (KAA) ထံသို့  ပေးလှုကြပြီး KAA မှကချင်ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများသို့  လွှဲပေးဖွယ်ရှိကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အထက်တွင်ဖေါ်ပြထားသည့် ငွေပမာဏသည် ကျပ်ငွေ ၃၇၀ သိန်းခန့် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဆွီဒင်၊ Czech Republic, New Zealand, Malaysia နိုင်ငံရှိ ချင်းများ၏ အလှုငွေကို အသိအကျ မသိ ရသေးသော်လည်း စုစုပေါင်း ကျပ်ငွေ- ၅၀၀ သိန်းခန့်  ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ ရှိချင်းလူမျိုးများသည် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့  တိုက်ပွဲ ကြောင့် ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသော ကချင်လူမျိုးများအတွက် အလှုငွေကို လွန်ခဲ့သည့် ၂ လ ခန့် က စတင်ကောက်ခံခြင်းဖြစ်သည်။

__._,_.___
--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Windows 8 ကို Install လုပ်ပုံ




ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview  ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့  တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8  ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview  ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview  ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ်  Windows Developer Preview  ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..


Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit) x86-64 (64-bit)
Processor1 GHz x86 processor 1 GHz x86-64 processor
Memory (RAM)1 GB 2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space 20 GB of free disk space

အပေါ်ကတော့  Windows Developer Preview  ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး..  ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 
နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..


ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက်  Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..
ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက  Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ  Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..


အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..


အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..


ပြီးရင်ဒီကောင်လေးကို  Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..


အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့  Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ်  ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..


ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..


အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို  တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..


ကျွန်တော်တို့ Folder Option  ထဲက View  ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..


ပြီးရင် ကျွန်တော်တို့ Drive  ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..


ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..
အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ.. 
အောက်ကပုံကတော့ ကျွန်တ်ာတို့  Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..
အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..
ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, November 19, 2011

.မြန်မာစာစနစ်နှင့် OpenOffice 3.0 ကိုအသုံးပြုချင် သူများအတွက်




ကျွန်တော်တို့ မြန်မာ ပညာရှင်တွေ ရဲ့ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project
တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့
ပြီးတော့ ဂုဏ်ယူစရာပါပဲ .. အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့   
OpenOffice.org  ရဲ့  Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့  
OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော်
အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ
အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် .. 


Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာ
စနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စား လိမ့် မယ်လို့ ထင်ပါတယ် . ဒါပေမယ့် Unicode 5.1 နှင့်
လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့
ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ် .. Unicode Font ကိုမိမိတို့ ကွန်ပျူတာမှာ
ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့်
 Unicode နှစ်မျိုးလုံးသုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ် .. ကျွန်တော် OpenOffice 3.0 ကို
အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..


အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..



ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့  OOo_3.0.0_081115_Win32Intel_install_my.exe
(md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက် ယုံပါပဲ ..



ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ
ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ ..
ပြီးရင် Auto Run သွား ပါလိမ့်မယ် ..









အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint
တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word  အစား မှတ်တမ်းမှတ်ရာ စာသားExcel အစား ဖြန့်သော
အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..



အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..


ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..


ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို
ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..



ဒါကတော့ ကျွန်တော့် အနေနဲ့  OpenOffice 3.0  ကိုအသုံး ပြုချင်သူတွေ အတွက်
ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် .. 


Posted by nayminmaung ဆီကပါ...

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed