BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊
စာမျက်နာ
Friday, November 25, 2011
ထူးဆန်းအံ့သြဖွယ် ခွေးမှ လူပုံစံမွေးခြင်း
ဘရာဇီးနိုင်ငံ Umbauba, Sergipe မှာ လူသားပုံစံနဲ့တူတဲ့ ခွေးပေါက်လေးတစ်ကောင် မွေးဖွားခဲ့ပါတယ် ။ ဒီခွေးပေါက်လေးဟာ လူပုံစံနဲ့ အတော့ကိုတူပါတယ် ။ ခြေ၂ ချောင်း လက် ၂ချောင်းနဲ့ လူနဲ့ခွဲမရအောင်တူလှပြီး ကွဲပြားချက်မှာအမြီးပါရှိခြင်းပင် ဖြစ်၏ ။ ဒီလိုဖြစ်ရခြင်းမှာ gene များပြောင်းလဲမှုကြောင့် လူပုံစံပြောင်းလဲခြင်း -mutant ဖြစ်တယ်လို့ ပညာရှင်များက ခန့်မှန်းပါတယ် ။ gene များပြောင်းလဲ ရခြင်းမှာ တစ်စုံတစ်ခုသော အကြောင်းကြောင့် (ဥပမာ ဓါတ်ရောင် ခြည်သင့်ခြင်း chemical များထိခြင်း) ကြောင့်ဖြစ်တယ်လို့ခန့်မှန်းရပါတယ် ။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
3D စာလုံးဒီဇိုင်းဆောဝဲ
                                    .Aurora  3D animation Maker...
3D  စာလုံးဒီဇိုင်းလုပ်ချင်သူငယ်ချင်းတွေအတွက်ပါ.သူ၇ဲ့  HOME ဆိုက်ကို
စိတ်ဝင်စားရင်တော့  အောက်မှာဒေါင်းလိုက်ပါနော်.
အဆင်ပြေကြပါစေ..
Aurora 3D Animation Maker download linkးး
ziddu | megaupload. | zshare | mediafire | ifile.it
ဒီဆောဝဲ အသုံးပြုဖို့ အတွက် မြန်မာဖောင့် ဒီဇိုင်းလှလှလိုချင်ရင်လည်း
အောက်မှာ ဒေါင်းလိုက်ပါနော်..
အဆင်ပြေမယ်လို့  ထင်ပါတယ်..
ဒီနေ၇ာကို click လိုက်ပါ
                                 Xara 3D maker with Serial +Keygen
 ဒါလေးက Serial ရောပါပါတယ်..
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
မြန်မာဘာသာကို အသုံးပြုထားသော ဝင်းဒိုး os ထွက်လာပါပြီ
ကျွန်တော်တို.အသုံးပြုနေသော အင်္ဂလိပ်ဝင်းဒိုးများအစား.......မြန်မာဘာသာသုံးဝင်းဒိုးထွက်လာတော.....အရမ်းပျော်မိပါတယ်.....ဘာဖြစ်လို.လည်းဆိုတော. ကိုယ်က အင်္ဂလိပ်စာကို ခပ်ကျွမ်းကျွမ်းဆိုတော.လေ.....ဟား...ဟား...ဟား.........ထားလိုက်ပါတော......ကိုယ်မကောင်းကြောင်းတွေကို မပြောတောဘူး.......မသိသေးသော သူငယ်ချင်းမျာအတွက်....လိုချင်တယ်ဆိုရင်.....www.Tharlon.org....ဆိုသောဆိုဒ်တွင်ဝင်ေ၇ာက် ဒေါင်းနိုင်ပါတယ်....အခြား cd တိုက်ရိုက်ရယူနိုင်သော နေရာများပါ
ရန်ကုန်
Prime Art (BAK shopping Center), Fairway Web (Phone: 09 731 659 62, 731 000 85), MCF office(Myanmar Info-Tech), Itizen Journal Office .
မန္တလေး
nalazyboy@gmail.com
ACG Computing Group
သမန်းကုန်း
Planet Internet Access @ 64 street
Phone 02-80914
မုံရွာ
i-Campus Computer Center
Corner of Bogyoke Road & Computer University Stree, Myothit Quarter, Monywa
071-30432, 09-47061099 by Zaw Thurein Tun
တောင်ကြီး
ကိုရဲမွန်ကျော် 0973189308 ကိုဆက်သွယ်တောင်းယူပါ၊
အခြားမြို့များ မှ Tharlon OS beta ကို ရယူလိုလျှင် Myanmar L10n Teamနှင့် Prime Art (BAK shopping Center), Fairway Web (Phone: 09 731 659 62, 731 000 85), MCF office(Myanmar Info-Tech), Itizen Journal Office တို့ထံ၌ ဆက်သွယ်တောင်းယူပါ
ဘုရားသုံးဆူ
ယူနစ်ကွန်ပျူတာ (+66) 0852644373 တွင်လည်း တောင်းယူနိုင်ပါတယ်.....linux အခြေပြု မြန်မာ ဘာသာသုံး Tharlon OS အသစ် (သာလွန် OS) ယခုလောလောဆယ်တော့ beta version စတင် စမ်းသပ် သုံးစွဲနိုင်ပါပြီ၊ .iso ဖိုင်ဖြစ်ပြီး nero နဲ့ burn ပြီးရင် boot လုပ်ပြီး အင်စတော လုပ်နိုင်ပါပြီ၊ အင်စတော လုပ်ပြီး မသုံးချင်သေးရင်လည်း၊ Live Version အနေနဲ့လည်း သုံးပြီး အစမ်းသုံးနိုင်ပါသေးတယ်...အဲ.ဒီမှာ...ကျွန်တော်နားမလည်တာက...live version...နဲ.သုံးနည်းပါ....live version..အသုံပြု.နည်းကို....နားလည်သော သူငယ်ချင်းများကလည်း.....နည်းပညာများကို ပြန်လည်မျှဝေပေးပါလို. အားလုံးရဲ. ကိုယ်စားတောင်ဆိုပါတယ်.......
fw mailလေးကိုပြန်တင်လိုက်တာပါ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
Wednesday, November 23, 2011
ပန်ဒါဝက်ဝံ၏ ကျင်ကြီးနှင့် လက်ဖက်ရည် ထုတ်လုပ်တော့မည့် တရုတ်အမျိုးသား
f_258_3ကမ္ဘာပေါ်မှာ ကောင်းလှပါတယ်၊ အရသာရှိပါတယ်၊ ဈေးကြီးပါတယ် ဆိုတဲ့ အကောင်းစား လက်ဖက်ရည် တွေကို နို့ထွက် ပစ္စည်းတွေ၊ လက်ဖက်မှုန့်တွေ၊ အမွှေးကြိုင် ပစ္စည်းတွေနဲ့ ရောစပ်ပြီး ထုတ်လုပ် နေကြတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသားတစ် ဦးကတော့ သူထုတ်လုပ်မယ့် လက်ဖက်ရည်ကို ပုံမှန် နည်းစနစ်တွေနဲ့ ထုတ်လုပ်မှာ မဟုတ်ပါ ဘူးတဲ့။
သူထုတ်လုပ်မယ့် လက်ဖက်ရည်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်အဖြစ် ဂင်းနစ်စံချိန်တင်စေရမယ်လို့ ကြုံးဝါးထားပြီး အဲဒီလက်ဖက်ရည် ကိုလည်း ပန်ဒါဝက်ဝံတွေရဲ့ စွန့်ပစ်ပစ္စည်းကျင်ကြီးကနေ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် တက္ကသိုလ်ကထိက တစ်ဦးဖြစ်တဲ့အန်ယမ်ချီဟာ အလွန်ထူးခြားတဲ့ လက်ဖက်ရည်တစ်မျိုး တီထွင်ထုတ်လုပ်နိုင်ဖို့ ပန်ဒါဝက်ဝံတွေရဲ့ ကျင်ကြီးတန်ချိန် (၅)တန် တောင် စုဆောင်းထားပါပြီ။
အဆိုပါ ကျင်ကြီး ဟာမြေဩဇာပြည့်ဝပြီးအလွန်သင်းပျံ့တဲ့ရနံ့တွေ ပေးစွမ်းနိုင်တာကြောင့် လက် ဖက်ရည်ကြိုက် သူတွေအတွက် အရသာထူးကဲတဲ့လက်ဖက် ရည်တစ်မျိုး ဖြစ်လာလိမ့်မယ်လို့ အန်ယမ်ချီက ယုံကြည်နေပါတယ်။ ဈေးနှုန်းအရလည်း တစ် ကီလိုကိုပေါင်(၅၀ဝ၀ဝ)နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေပါပြီ။
ပန်ဒါဝက်ဝံတွေဟာ အစာချေ စနစ် လုံးဝမကောင်းပါဘူး။ သူတို့စားသမျှ ထဲက(၃၀)ရာခိုင်နှုန်းလောက်ကိုပဲ စုပ်ယူနိုင်ပါ တယ်။ အဲဒါကြောင့် သူတို့ရဲ့ကျင်ကြီး အမျှင် ဓာတ်တွေနဲ့ အာဟာရတွေအပိုအလျှံပါရှိနေ တာပဲဖြစ်ပါတယ်။နောက်ပြီးအနံ့အရသာလည်း ကြွယ်ဝလို့ လက်ဖက်ရည် နှပ်နေ ချိန်မှာတောင် အလွန်ထူးခြားတဲ့ ရနံ့တွေတထောင်းထောင်း ထလာမှာပါလို့အန်ယမ်ချီကသူမထုတ်လုပ်ရ သေးတဲ့လက်ဖက်ရည်ကို အမွှမ်းတင် ပြောကြား ခဲ့တာပါ။
လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်ကို အင်ဒိုနီးရှားကြောင်တစ်မျိုး စား သောက်ပြီး တစ်ဝက်တစ်ပျက် အစာချေထား ပြီးဖြစ်တဲ့ ပဲတောင့်တွေ ကနေ ထုတ်လုပ်ပြီး ဈေးနှုန်းအားဖြင့် အလေးချိန်တစ်ပေါင်ကို စတာလင်ပေါင်(၁၀ဝ)ပေးရတယ်လို့သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ထိုင်းရေဘေးစီမံခန့်ခွဲမှု ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲမည်
ထိုင်းရေဘေးစီမံခန့်ခွဲမှု ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲမည်ထိုင်းနိုင်ငံတစ်ဝန်းရေကြီးရေလျှံ မှုများအပေါ် စီမံခန့်ခွဲမှုများနှင့်ပတ်သက် သော ထိုင်းနိုင်ငံရှိ အဖွဲ့နှစ်ဖွဲ့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် ထိုင်းအစိုးရ အဖွဲ့ကို တရားစွဲဆိုမည်ဖြစ်ကြောင်း The Nation သတင်းတွင်ဖော်ပြ ထား သည်။ ရေကြီးရေလျှံမှုများနှင့် ပတ်သက် သော ထိုင်းအစိုးရ၏ စီမံခန့်ခွဲမှုများ အပေါ်ကမ္ဘာကြီးပူနွေးမှုကို တားဆီးရေး ထိုင်းအဖွဲ့အစည်းက နောက်လတွင် တရားစွဲဆိုမည်ဟု ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ယင်းအဖွဲ့အပြင် ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ် ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ရေကြီး ရေလျှံမှုနှင့် ပတ်သက်၍ ထိုင်း အစိုးရကို တရားစွဲဆိုမည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကိုတားဆီးရေး ထိုင်းအဖွဲ့အစည်းသည် လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ထိုင်းနိုင်ငံရှိ Map Ta Phut စက်မှုလုပ်ငန်းကို သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ တိုက် ခိုက်ခဲ့သောကြောင့် ယင်းစက်မှုလုပ်ငန်း မှာ ရပ်ဆိုင်းလုနီးပါးအခြေအနေနှင့် ရင် ဆိုင်ခဲ့ရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရေကြီးမှုအပေါ် ထိုင်းအစိုးရ၏တုံ့ပြန် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင် ထိုင်းအစိုးရအဖွဲ့ ၁၀ ခုကို တရား စွဲဆိုမှုများပြုလုပ်သွားမည်ဟု ကမ္ဘာကြီး ပူနွေးမှုတားဆီးရေး ထိုင်းအဖွဲ့အစည်းဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ပြောကြားသည်။ အဆိုပါအဖွဲ့က တရားစွဲရန် ကြိုး ပမ်းလျက်ရှိသော ထိုင်းအစိုးရအဖွဲ့များ မှာ ထိုင်းအစိုးရအဖွဲ့၊ ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုစင်တာ၊ ထိုင်းမိုးလေဝသ ဌာန စသည်တို့ပါဝင်သည်။ ရေကြီးရေလျှံမှုခံနေရသော ထိုင်း နိုင်ငံရှိ ၂၆ ပြည်နယ်မှ လူများအနေဖြင့် ၄င်းတို့အဖွဲ့နှင့် ဆက်သွယ်ကြရန် ဖိတ် ခေါ်ထားကြောင်း ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ၄င်းတို့အဖွဲ့အနေဖြင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင်ထိုင်းအစိုးရအဖွဲ့အပေါ် ရေဘေး ဒုက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းပျက် ကွက်ခဲ့မှု၊ ရေဘေးသင့်ပြည်သူများကို လျော်ကြေးပေးရန်နှင့် နောင်တွင် ယခု ကဲ့သို့သော ဘေးဒုက္ခများမှ ကြိုတင် ကာကွယ်ခြင်းများနှင့် ပတ်သက်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားသွား မည်ဟု တူဆရီဆူဝမ်က ပြောကြားသည်။ အဆိုပါအဖွဲ့နှင့် အလားတူ ထိုင်းနိုင်ငံရှိ နာမည်ကျော်တက္ကသိုလ် တစ်ခုဖြစ်သော ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ထိုင်း အစိုးရအဖွဲ့ကို တရားစွဲဆိုရန် အထောက် အထားများစုဆောင်းလျက်ရှိကြောင်း ချူလာလောင်ကွန်တက္ကသိုလ်မှစီးပွားရေး ဘာသာ၏ ကထိကဖြစ်သူ နာရောင်ဖက် ဖရာဆတ်က ပြောကြားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ်
ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ် အာဆင်နယ် အသင်းသည် ဂျာမနီ လူငယ် ကြယ်ပွင့် ကစားသမား ဂေါ့ဇီ အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သော ပေါင်သန်း (၃၀) ခန့် သုံးစွဲရန် ရှိနေသည်။ dailymail မှ ဖော်ပြချက် အရ အာဆင်နယ် အသင်းသည် အင်္ဂါနေ့ညတွင် ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် ဂေါ့ဇီအား ကမ်းလှမ်းရန် ရှိနေကြောင်း သိရသည်။
အာဆင်နယ် အသင်းသည် ပြီးခဲ့သော ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ခု ဖြစ်သည့် ဘိုင်ယန်နှင့် ဒေါ့မွန်တို့ ကစားခဲ့သည့် ပွဲစဉ်မှ ဂေါ့ဇီ၏ ခြေစွမ်းကို စောင့်ကြည့်ရန် အတွက် ကင်းထောက် နှစ်ဦးကို စေလွှတ်ခဲ့ပြီး အဆိုပါ ပွဲစဉ်တွင် ဂေါ့ဇီမှာ အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးအား သွင်းယူပေးခဲ့သည်။ အသင်း၏ အမှုဆောင်ချုပ် ဂါဇီဒစ်သည် ယခုအပတ် အတွင်း ဂေါ့ဇီအတွက် ဒေါ့မွန် အသင်းနှင့် တရားဝင် ဆွေးနွေးရန် ရှိနေသည်။
သို့သော်လည်း အာဆင်နယ်မှာ ဂေါ့ဇီအတွက် အနည်းဆုံး ပေါင်သန်း (၃၀) ခန့်သုံးစွဲရရန် ရှိနေပြီး အဆိုပါ ပမာဏမှာ အသင်း၏ လက်ရှိ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သည့် အာရှာဗင်၏ ပြောင်းရွှေ့ကြေး၏ နှစ်ဆဖြစ်နေသည်။ ဂေါ့ဇီမှာ ၀င်းဂါး၏ အလိုချင်ဆုံး ကစားသမား ဖြစ်နေပြီး ဖာဘရီဂတ်စ်၊နာဆရီတို့ ထွက်ခွာသွားသောကြောင့် အားနည်း နေသည့် ကွင်းလယ် နေရာတွင် အစားထိုးရန် အတွက် ခေါ်ယူလိုနေခြင်းဖြစ်ကာ သူ၏ လက်ထဲတွင်လည်း ပြောင်းရွှေ့ ကြေး အသုံးစရိတ် ပေါင်သန်း (၅၀) ရှိနေသောကြောင့် ခေါ်ယူမည် ဆိုပါက ဖြစ်နိုင်ချေရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဟု ဗြိတိန်ဝန်ကြီး ပြော
ဒေါ်အောင်ဆန်းစုကြည်၏လုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဟုဗြိတိန်ဝန်ကြီးပြောအစိုးရအဖွဲ့ဝင်အဆင့် ဥရောပ သမဂ္ဂဝန်ကြီး တစ်ဦးအနေဖြင့် ဗြိတိန်ဝန်ကြီး လွှတ်တော်ကိုယ်စား လှယ် အန်(န်)ဒြူးမစ်ချယ်(လ်) သည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီး စဉ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား များအတွက် ဗြိတိန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုအစီအစဉ်ကို ပြန်လည် သုံးသပ်ရန်ရည်ရွယ်ပြီး လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း အန်(န်)ဒြူး မစ်ချယ်(လ်)က ပြောကြားသည်။ "ဒီကိုလာခဲ့တဲ့ အကြောင်းက တော့ ဒေါ်အောင်ဆန်းစုကြည် လုပ် နေတဲ့အလုပ်တွေကို ပံ့ပိုးဖို့အတွက် ဖြစ်ပါတယ်" ဟု အန်(န်)ဒြူးမစ် ချယ်(လ်)က ပြောဆိုခဲ့သည်။ မစ်ချယ်(လ်)သည် မြန်မာ ပြည်ခရီးစဉ်အတွင်း နေပြည်တော် ၌ ဒုတိယသမ္မတသီဟသူရဦးတင် အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများ တိုင်းရင်းသားလူမျိုးစုများ၊ စီးပွား ရေးလုပ်ငန်းရှင်များအပြင် လူမှုရေး အသင်းအဖွဲ့များသို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်တာကာလအတွင်း ပေါင်စတာလင် ၁၈၅ သန်း (အမေ ရိကန် ဒေါ်လာ သန်း ၃၀ဝ) ကူညီ ပေးသွားမည်ဖြစ်ကြောင်း UK aid ၏သတင်းထုတ်ပြန်ချက်အရ သိရ သည်။ အဆိုပါ ကူညီထောက်ပံ့မှု ကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ရပ်ရွာအုပ်စုများမှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ် ကြောင်း ယင်းထုတ်ပြန်စာ၌ ဖော်ပြ ထားသည်။ မိခင်ပေါင်း ၁၂၇çဝ၀ဝ အား အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန်၊ ငှက်ဖျားရောဂါလျှော့ချနိုင်ရန်၊ လူ ပေါင်း ၁ ဒသမ ၈ သန်းအတွက် အထောက်ပံ့များ ပေးရန်၊ ကလေး ၂၇၇çဝ၀ဝ အား မူလတန်းကျောင်း နေစဉ် ထောက်ပံ့သွားရန် စသည့် နေရာများတွင် ကူညီသွားမည်ဖြစ် သည်။ ခရီးစဉ်အတွင်း တာဝန်ရှိသူ များနှင့်တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးခြင်း၊ အဆင့် ဆင့်ပြောင်းလဲလျက်ရှိသော ဥပဒေ များအတည်ပြုပြဌာန်းခြင်း၊ မီဒီယာ လွတ်လပ်ခွင့် တိုးတက်လာခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲများ၊ တိုင်း ရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများမှ လက်နက်ကိုင်ပဋိပက္ခ များနှင့် လူ့အခွင့်အရေး အပါအဝင် မြန်မာ အစိုးရ၏ပြုပြင်ရေး အစီ အစဉ်ကို ဆွေးနွေးခဲ့ကြောင်း UK aid ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed