BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, December 25, 2011

ရန်ကုန် ယူနိုက်တက် အသင်း မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်နေ

Share |
ဘရာဇီး နောက်ခံလူ တစ်ဦးကို ရာသီသစ် အတွက် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ နောက်ခံလူမှာ ဒဏ်ရာရရှိ သွားသောကြောင့် ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်လျှက် ရှိကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက်သည် ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမား သစ်များကို ခေါ်ယူခဲ့ရာ ကွင်းလယ်နှင့် တိုက်စစ်မှူး နေရာများ အတွက် ဆားဘီးယား ကစားသမား နှစ်ဦး ဖြစ်သည့် မလာဒန်နှင့် မီလန်တို့ အပြင် ခံစစ်အတွက် ဘရာဇီး နောက်ခံလူ တစ်ဦးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ဘရာဇီး နောက်ခံလူ ဖာနန်ဒိုမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်း၏ စာချုပ်ကို ပြန်လည် စဉ်းစားလာခြင်း ဖြစ်သည်။

ရန်ကုန်အသင်းမှ ခေါ်ယူစမ်းသပ်နေသည့် မက်ဆီဒိုးနီးယား နောက်ခံလူ

ရန်ကုန် နည်းပြချုပ် အဲရစ်ဝီလျံ ကိုယ်တိုင်မှာလည်း ခြေစွမ်း စမ်းသပ်ခြင်း မရှိဘဲ ခေါ်ယူခဲ့သည့် နောက်ခံလူ ဖာနန်ဒို၏ ခြေစွမ်းအပေါ် အပြည့်အ၀ ကျေနပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူ စမ်းသပ်နေခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်၏ ရာသီသစ် အတွက် ကစားသမား ၀ယ်ယူမှုမှာလည်း အဆိုပါ နောက်ခံလူ ပြဿနာကို ဖြေရှင်းပြီး ပါက အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်သည် လာမည့် ရာသီအတွက် နိုင်ငံခြားသား ကစားသမား (၃)ဦး နှင့် ပြည်တွင်း ကစားသမား ခေါ်ယူမှု အဖြစ် ဧရာဝတီ အသင်းခေါင်းဆောင် နောက်ခံလူ မျိုးဝင်းထွဋ်ကို ခေါ်ယူတားသည်။ ဥဿာ တိုက်စစ်မှူး အောင်မိုးအတွက် ရန်ကုန်၏ ကမ်းလှမ်းမှု မှာမူ ပယ်ချ ခံခဲ့ရကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရက္ခပူရ အသင်း ဘရာဇီး ကစားသမား (၂)ဦး ခေါ်ယူ

Share |

ရာသီအတွက် အစွမ်းကုန် ပြင်ဆင်လျှက် ရှိသည့် ရက္ခပူရ အသင်းသည် နည်းပြ လီယိုနာဒို၏ အဆက် အသွယ်ဖြင့် ဘရာဇီး ကစားသမား (၂)ဦးကို ခေါ်ယူလိုက်ကြောင်း သိရသည်။

အဲလက်စ်နှင့် အန်ဒရေ အမည်ရှိသည့် ဘရာဇီး ကစားသမား နှစ်ဦးကို ခြေစွမ်း စမ်းသပ်မည် မဟုတ်ကြောင်းလည်း သိရသည်။ "အဲလက်စ်နဲ့ အန်ဒရေ တို့ဟာ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင် ပါလိမ့်မယ်။ သူတို့ကြောင့် ကွင်းလယ်ပိုင်း တောင့်တင်း လာမယ်လို့ ယုံကြည်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်မှာကိုလည်း မစိုးရိမ် မိပါဘူး" ဟု ရက္ခပူရ နည်းပြချုပ် လီယိုနာဒိုက ဆိုခဲ့သည်။ ခေါ်ယူ လိုက်သည့် ဘရာဇီး နှစ်ဦး စလုံးမှာ ကွင်းလယ် ကစားသမား များဖြစ်သည်။ အဲလက်စ်မှာ ကွင်းလယ်အဖျက် ကစားသမား ဖြစ်ပြီး အန်ဒရေမှာ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံ နှစ်ဘက် စလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်ကြောင်း သိရသည်။

အသစ်ခေါ်ယူလိုက်သည့် အဲလက်စ်နှင့် အန်ဒရေ

ဘရာဇီး ကစားသမား (၂)ဦးကြောင့် ရက္ခပူရ၏ နိုင်ငံခြား ကစားသမား ဦးရေမှာ (၃)ဦး ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကစားသမား (၃)ဦးထဲတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ အသင်း၏ တိုက်စစ်ပိုင်းတွင် ကျော်ကျော်ချစ်၊ နေသူလှိုင်၊ မင်းသူနှင့် ဖြိုးမင်းသူတို့ ရှိနေသောကြောင့် လုံလောက်မှု ရှိကြောင်း လီယိုနာဒိုက ဆိုခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, December 24, 2011

ဆီးချိုဆေးများက ကင်ဆာရော၈ါ ဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိ

Share

အမျိုးအစား ၂ ဆီးချိုရောဂါကို ကုသရာတွင် အသုံးပြုသော ဈေးမကြီးသည့် ဆေးတစ်မျိုးသည် သဘာဝ အတိုင်း ဖြစ်ပေါ်သော/လူတို့ကြောင့်ဖြစ်ပေါ် သော ဓာတုပစ္စည်းပေါင်း များစွာ တို့အား ရင်သားကင်ဆာ ဆဲလ်များ ကြီးထွားအောင် လှုံ့ဆော် ပေးနိုင်မှု မရှိအောင် ကာကွယ် တားဆီး ပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ ဂျိန်း ထရော်စကိုနှင့် အဖွဲ့သည် ဆီးချိုကုသရာတွင် သုံးသည့် Metformin ဆေးကို ကာလကြာရှည်စွာ လေ့လာခဲ့ရာ၌ ဆီးချိုကြောင့် ဖြစ်ပေါ်သော ကင်ဆာများ (အထူးသဖြင့် ရင်သားကင်ဆာ) ကို အဆိုပါ ဆေးက ကာကွယ် ပေးနိုင်ကြောင်း တွေ့ရှိရသည် ဟု ဆိုသည်။ အီစထရိုဂျင် ဟော်မုန်းနှင့် အခြား ဓာတုဓာတ်များ ပေါင်းစပ်ကာ ရင်သားကင်ဆာ ဖြစ်ပေါ်ရန် လှုံ့ဆော်ပေးခြင်း ဖြစ်ပြီး Metformin ဆေးက ယင်းကဲ့သို့ ဖြစ်ပေါ်မှုကို  သိသိသာသာ လျှော့ချ ပေးနိုင်သည် ဟု ဆိုသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်[wifi]က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ

လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့်  မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခြေလက်များ လုံးဝပါလာခြင်းမရှိသည့် ရှားရှားပါးပါးရောဂါရှင် ရှစ်နှစ်သမီးလေး ပုံဆွဲနိုင်ရန် ကြိုးပမ်

ပီရူးနိုင်ငံ၊ လီမာမြို့ရှိ ဆေးရုံတစ်ရုံတွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ပြန်လည် နာလန်ထရေးအခန်းတစ်ခုအတွင်း ရှစ်နှစ် သမီးလေး ယိုဗာနာရွမ်ဘိုရစ်ဇ်ကိုတွေ့မြင်ရပုံဖြစ်သည်။ အဆိုပါ ရှစ်နှစ်သမီးလေးသည် Tetra-amelia syndrome ဟုခေါ် သော ရှားရှားပါးပါး ရောဂါရှင်ဖြစ်သည်။ အဆိုပါရောဂါမှာ မွေး ကတည်းက ခြေလက်များ လုံးဝပါလာမှုမရှိခြင်းဖြစ်သည်။ ရှစ်နှစ်သမီးလေးသည် စာရွက်ပေါ်၌ ပုံတစ်ပုံရေးဆွဲရန် ကြိုးပမ်း နေသည်ကို ယခုကဲ့သို့ တွေ့မြင်ရပုံဖြစ်သည်။ ပီရူးဆေးရုံက ကလေးငယ်အား ဘိုင်အိုးနစ်လက်တု တပ်ဆင်ပေးရန် ကြိုးပမ်း မည်ဟု ဆိုသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကိုရီးယားက ၉/၁၁ တိုက်ခိုက်မှုခံခဲ့ရသော ကုန်သွယ်ရေးအဆောက်အအုံပုံစံ တည်ဆောက်ရန် စီစဉ်

တောင်ကိုရီးယားနိုင်ငံတွင် လူနေမိုးမြင့် အဆောက်အအုံအမြွှာကို တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲ စီစဉ်ခဲ့ရာ ယင်းပုံစံသည် ၉/၁၁ တိုက်ခိုက်မှုခံခဲ့ရသော နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံမျှော်စင်ညီနောင်နှင့် ဆင်တူနေသောကြောင့် ပြင်းထန်စွာ ဝေဖန်မှုခံနေရကြောင်း သိရသည်။ ဒပ်ခ်ျ ဗိသုကာ ကုမ္ပဏီဖြစ်သော MVRDV သည် ၂၆ဝ မီတာနှင့် ၃ဝဝ မီတာအမြင့် အသီးသီးရှိကြသော အဆောက်အအုံနှစ်ခုကို ယှဉ်လျက်သား တည်ဆောက်ကာ ယင်းနှစ်ခုကို ကုဗတုံးသဏ္ဌာန်ဖွဲ့စည်းပုံများဖြင့် ဆက်သွယ်ရန် ဒီဇိုင်းရေးဆွဲခဲ့သည်။ အဆိုပါ အဆောက်အအုံကို ဆိုးလ်မြို့၌ ၂ဝ၁၅ခုနှစ်၌ အပြီးတည်ဆောက်ရန် ရည်ရွယ်ထားရာ ဒီဇိုင်းရေးဆွဲသူများက ဒီဇိုင်းရေးဆွဲစဉ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံနှင့် ဆင်တူနေကြောင်း သတိမပြုမိခဲ့ဟု ဆိုသည်။ အဆိုပါ အဆောက်အအုံ ကို The Cloud ဟု အမည်ပေးထားပြီး ၅၄ထပ်နှင့် အထပ်၆ဝ အသီးသီးရှိကြကာ စုစုပေါင်း မျက်နှာပြင်ဧရိယာမှာ ၁၂၈,ဝဝဝ စတုရန်းမီတာရှိကြောင်း သိရသည်။ ဒီဇိုင်းရေးဆွဲသော MVRDV ကုမ္ပဏီက ၎င်းတို့၏ဒီဇိုင်းသည် ၉/၁၁တိုက်ခိုက်မှုကို နှိုးဆော်သလို ဖြစ်ခဲ့ပါက လွန်စွာဝမ်းနည်း မိပါကြောင်း၊ သူတို့သည် ဒီဇိုင်းရေးဆွဲစဉ်က ယင်းကိုသတိမူမိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ခံစားရသည့် မည်သူ့ကိုမဆို အနူးအညွတ်တောင်းပန်ပါကြောင်း သူတို့၏ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံဒီဇိုင်းကြောင့် ဒေါသထွက်နေသောလူများက ကုမ္ပဏီသို့ အီးမေးလ်များပေးပို့ကာ အယ်လ်ကေးဒါးချစ်သူများဟုသမုတ်ခဲ့ကြသည်ဟုဆိုသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရွန်းနေ က ဇနီးသည် ကောလင်းအတွက် ခရစ်စမတ်လက်ဆောင်အဖြစ်