Tuesday, December 27, 2011
Sunday, December 25, 2011
ရန်ကုန် ယူနိုက်တက် အသင်း မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်နေ
ရန်ကုန် ယူနိုက်တက်သည် ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမား သစ်များကို ခေါ်ယူခဲ့ရာ ကွင်းလယ်နှင့် တိုက်စစ်မှူး နေရာများ အတွက် ဆားဘီးယား ကစားသမား နှစ်ဦး ဖြစ်သည့် မလာဒန်နှင့် မီလန်တို့ အပြင် ခံစစ်အတွက် ဘရာဇီး နောက်ခံလူ တစ်ဦးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ဘရာဇီး နောက်ခံလူ ဖာနန်ဒိုမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်း၏ စာချုပ်ကို ပြန်လည် စဉ်းစားလာခြင်း ဖြစ်သည်။
ရန်ကုန်အသင်းမှ ခေါ်ယူစမ်းသပ်နေသည့် မက်ဆီဒိုးနီးယား နောက်ခံလူ
ရန်ကုန် နည်းပြချုပ် အဲရစ်ဝီလျံ ကိုယ်တိုင်မှာလည်း ခြေစွမ်း စမ်းသပ်ခြင်း မရှိဘဲ ခေါ်ယူခဲ့သည့် နောက်ခံလူ ဖာနန်ဒို၏ ခြေစွမ်းအပေါ် အပြည့်အ၀ ကျေနပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူ စမ်းသပ်နေခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်၏ ရာသီသစ် အတွက် ကစားသမား ၀ယ်ယူမှုမှာလည်း အဆိုပါ နောက်ခံလူ ပြဿနာကို ဖြေရှင်းပြီး ပါက အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်သည် လာမည့် ရာသီအတွက် နိုင်ငံခြားသား ကစားသမား (၃)ဦး နှင့် ပြည်တွင်း ကစားသမား ခေါ်ယူမှု အဖြစ် ဧရာဝတီ အသင်းခေါင်းဆောင် နောက်ခံလူ မျိုးဝင်းထွဋ်ကို ခေါ်ယူတားသည်။ ဥဿာ တိုက်စစ်မှူး အောင်မိုးအတွက် ရန်ကုန်၏ ကမ်းလှမ်းမှု မှာမူ ပယ်ချ ခံခဲ့ရကြောင်း သိရသည်။ |
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
Labels:
ဘောလုံးသတင်း
ရက္ခပူရ အသင်း ဘရာဇီး ကစားသမား (၂)ဦး ခေါ်ယူ
Share |
အဲလက်စ်နှင့် အန်ဒရေ အမည်ရှိသည့် ဘရာဇီး ကစားသမား နှစ်ဦးကို ခြေစွမ်း စမ်းသပ်မည် မဟုတ်ကြောင်းလည်း သိရသည်။ "အဲလက်စ်နဲ့ အန်ဒရေ တို့ဟာ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင် ပါလိမ့်မယ်။ သူတို့ကြောင့် ကွင်းလယ်ပိုင်း တောင့်တင်း လာမယ်လို့ ယုံကြည်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်မှာကိုလည်း မစိုးရိမ် မိပါဘူး" ဟု ရက္ခပူရ နည်းပြချုပ် လီယိုနာဒိုက ဆိုခဲ့သည်။ ခေါ်ယူ လိုက်သည့် ဘရာဇီး နှစ်ဦး စလုံးမှာ ကွင်းလယ် ကစားသမား များဖြစ်သည်။ အဲလက်စ်မှာ ကွင်းလယ်အဖျက် ကစားသမား ဖြစ်ပြီး အန်ဒရေမှာ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံ နှစ်ဘက် စလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်ကြောင်း သိရသည်။
အသစ်ခေါ်ယူလိုက်သည့် အဲလက်စ်နှင့် အန်ဒရေ
ဘရာဇီး ကစားသမား (၂)ဦးကြောင့် ရက္ခပူရ၏ နိုင်ငံခြား ကစားသမား ဦးရေမှာ (၃)ဦး ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကစားသမား (၃)ဦးထဲတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ အသင်း၏ တိုက်စစ်ပိုင်းတွင် ကျော်ကျော်ချစ်၊ နေသူလှိုင်၊ မင်းသူနှင့် ဖြိုးမင်းသူတို့ ရှိနေသောကြောင့် လုံလောက်မှု ရှိကြောင်း လီယိုနာဒိုက ဆိုခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
Labels:
ဘောလုံးသတင်း
Saturday, December 24, 2011
ဆီးချိုဆေးများက ကင်ဆာရော၈ါ ဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ ဂျိန်း ထရော်စကိုနှင့် အဖွဲ့သည် ဆီးချိုကုသရာတွင် သုံးသည့် Metformin ဆေးကို ကာလကြာရှည်စွာ လေ့လာခဲ့ရာ၌ ဆီးချိုကြောင့် ဖြစ်ပေါ်သော ကင်ဆာများ (အထူးသဖြင့် ရင်သားကင်ဆာ) ကို အဆိုပါ ဆေးက ကာကွယ် ပေးနိုင်ကြောင်း တွေ့ရှိရသည် ဟု ဆိုသည်။ အီစထရိုဂျင် ဟော်မုန်းနှင့် အခြား ဓာတုဓာတ်များ ပေါင်းစပ်ကာ ရင်သားကင်ဆာ ဖြစ်ပေါ်ရန် လှုံ့ဆော်ပေးခြင်း ဖြစ်ပြီး Metformin ဆေးက ယင်းကဲ့သို့ ဖြစ်ပေါ်မှုကို သိသိသာသာ လျှော့ချ ပေးနိုင်သည် ဟု ဆိုသည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
Labels:
ကျမ်းမာရေး
Subscribe to:
Posts (Atom)