BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, January 12, 2012

ရော်နယ်ဒို၊ ဇီဒန်းတို့ ဦးဆောင်သည့် ကမ္ဘာကျော်အသင်းနှင့် ဟမ်းဘက်အောစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲ (ဗွီဒီယိုဖိုင်)

ရော်နယ်ဒို၊ ဇီဒန်းတို့ ဦးဆောင်သည့် ကမ္ဘာကျော်အသင်းနှင့် ဟမ်းဘက်အောစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲ (ဗွီဒီယိုဖိုင်)
ရော်နယ်ဒို၊ ဇီဒန်းတို့ ဦးဆောင်သည့် ကမ္ဘာကျော်အသင်းနှင့် ဟမ်းဘက်အောစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲ (ဗွီဒီယိုဖိုင်)
ကုလသမ္မဂ္ဂ ဖွံ့ဖြိုးမှုစီမံကိန်း၏ ချစ်ကြည်ရေး သံတမန် များဖြစ်သော ဘရာဇီး ဂန္တ၀င် ရော်နယ်ဒိုနှင့် ပြင်သစ် ဂန္တ၀င် ဇီဒန်းတို့ ဦးဆောင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေ ဘောလုံးပွဲသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နာမည်ကျော် ကစားသမား ၃၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အား ဟမ်းဘက်အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေကြေးအားလုံး၏ ၃ပုံ ၂ပုံကို အစာရေစာ ရှားပါးမှုပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြောက်ဘက်ဆုံး အာဖရိက နိုင်ငံများသို့ ကုလသမ္မဂ္ဂ၏ အစီအစဉ်ဖြင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဖီဂို၊ ကန်နာဗာရို၊ နက်ဗက်နှင့် ဒရော့ဘာတို့ကဲ့သို့ ကမ္ဘာကျော် ဘေားလုံးသမားများ ပူးပေါင်းပါဝင်ခဲ့သည့် ရော်နယ်ဒိုနှင့် ဇီဒန်းတို့ ဦးဆောင်သည့် အသင်းသည် ဟမ်းဘက်အောစတား အသင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ပြီး အိမ်ရှင် ဟမ်းဘက်အောစတား အသင်းအား ၅-၄ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲသို့ ပရိသတ်ပေါင်း ၂ သောင်း ၄ ထောင်ကျော် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲအား ဦးဆောင်ခဲ့သူ ရော်နယ်ဒိုက "နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ ရည်ရွယ်ချက်တစ်ခုအတွက် တွေ့ဆုံလေ့ ရှိပါတယ်၊ ဒီနှစ်မှာတော့ အာဖရိကအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ တွေ့ဆုံ ကစားခဲ့ကြပါတယ်။"
"ပြီးတော့ ဒီလို အရေးကြီးတဲ့ သတင်းစကားမျိုးကို ကမ္ဘာ့တစ်ဝှမ်းလုံးကို ပေးပို့နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ဒါမှ ကျွန်တော်တို့ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။" 
ဟုပြောကြားခဲ့သည်။ ဆင်းရဲဒုက္ခပြဿနာများဖြင့် ရင်ဆိုင်နေရသည့် အများပြည်သူအတွက် လုပ်ရှားမှုများသည် ပိုမိုအင်အားကောင်းလာခဲ့ခြင်းအပေါ် ရော်နယ်ဒိုနှင့် ဇီဒန်းတို့က ပျော်ရွှင်ကျေနပ်နေကြသည်။

"ဒီသတင်းစကားဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ ပွဲမျိုးကို အများပြည်သူတွေ လာရောက်အားပေးကြတာကို မြင်သိရတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ သူတို့ ဒီကိုလာခဲ့တာ ပွဲကြီးပွဲကောင်း ကြည့်ရှုအားပေးဖို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘာကြောင့် သူတို့ ဒီကို လာရောက် အားပေးကြတယ်ဆိုတာ သူတို့ သိကြပါတယ်။ ဒါဟာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ ဒီနေ့ ထပ်ပြီး သတင်းစကားပေးလိုပါတယ်၊ အဲဒါကတော့ နေရာတိုင်းမှာ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ ဒီနေရာကို ဦးဆောင်ဦးရွက်ပြုပြီး ရောက်ရှိလာတာဖြစ်ပါတယ်၊ နောက်ပြီး လူတွေကို ပိုမိုတက်ကြွ နိုးကြားလာအောင် ဆောင်ရွက်ချင်လို့ ဖြစ်ပါတယ်။" ဟု အဆိုပါ ပွဲစဉ်အား ဦးဆောင်ခဲ့သူ ဇီဒန်းက ပြောကြားသွားခဲ့သည်။


အားကြိုးမန်တက် ကစားနေကြသည့် ဂန္တ၀င်နှစ်ဦး


ဟမ်းဘက် အောစတားအသင်းအား ဂိုးသွင်းယူရန် ကြိုးစားနေသည့် ရော်နယ်ဒို


ဟမ်းဘက်နောက်တန်းက မွှေနှောက်နေသည့် ဇီဒန်း


ဆန်ဂါဒိုလည်း ပါဝင်ဆင်နွဲခဲ့

တစ်ချိန်က လိမ္မော်ရောင်တပ်သားကြီး အဂ္ဂါဒေးဗစ်


ဒရော့ဘာ၏ ဖန်တီးမှုမှ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ရော်နယ်ဒိုနှင့် ဒရော့ဘာ



http://www.youtube.com/watch?v=R2NZfKzOesE&feature=player_embedded#!



--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘာလိုတယ်လီရဲ့ လက်ရှိတန်ဖိုးဟာ ပေါင်သန်း ၆၀ ပါ။


ဘာလိုတယ်လီရဲ့ လက်ရှိတန်ဖိုးဟာ ပေါင်သန်း ၆၀ ပါ။
ဘာလိုတယ်လီရဲ့ လက်ရှိတန်ဖိုးဟာ ပေါင်သန်း ၆၀ ပါ။
ဘာလိုတယ်လီ၏ အေးဂျင့် ဖြစ်သူ ရိုင်အိုလာက သူ့၏ ကစားသမားသည် သန်း၆၀ တန်ကြေး ရှိနေပြီး ယခုအချိန်မှာ အီတလီအသင်းများအတွက် သူ့အားခေါ်ယူရန် ဒီပမာဏဟာ အလွန်လွန့်ကြီးမားနေကြောင်း ပြောဆိုခဲ့သည်။ ထိုပြောဆိုမှု့နောက်တွင် ဘာလိုတယ်လီသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ထပ်မံ တိုးရန် အဆင့်သင့်အနေအထားမျိုး ဖြစ်နေခဲ့သည်။ 

သူ့၏ ကိုယ်စားလှယ် ဖြစ်သူ မီနိုရိုင်အိုလာက စီးရီးအေ အသင်းများအား သူ့ကစားသမား၏ တန်ဖိုးမှာ သန်း၆၀ ရှိနေသည့်အတွက် ဘာလိုတယ်လီအား ခေါ်ယူရန် စိတ်ဝင်စားနေမှု့များအား မေ့ပစ်လိုက်ရန် ပြောကြားခဲ့သည်။ ရိုင်အိုလာက 
'' မာရီယို ( ဘာလိုတယ်လီ)ဟာ မန်စီးတီးမှာ ကောင်းမွန်စွာရှိနေပြီး သူ့ရဲ့ စာချုပ်ကိုထပ်မံ သက်တမ်းတိုးမြှင့်ဖို့ ဖြစ်ပေါ်လာတော့မှာပါ။ ကျွန်တော့ အထင်သူ့အတွက် စီးရီးအေကို ပြန်လည်သွား ကစားဖို့ဆိုတာ လွယ်လွယ်ကူကူ ရှိမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အီတလီအတွက် သူ့ရဲ့ ပမာဏကြေးက အရမ်းများပြားနေတာကြောင့်တာပါ။ '' ဟုပြောဆိုသွားခဲ့သည်။

၂၁နှစ်အရွယ် အီတလီကြယ်ပွင့် ကစားသမားသည် ၂၀၁၀ သြဂုတ်လက အင်တာမီလန် အသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်သော်လည်း  အီတလီကလပ်အသင်းများဖြစ်သော အသင်းဟောင်း အင်တာနှင့် ပြိုင်ဘက်အေစီမီလန်တို့က ပြန်လည်ခေါ်ယူရန် ချိတ်ဆက်ခံနေရသူလည်း ဖြစ်သည်။ အဆိုပါ အခြေအနေနှင့် ပတ်သတ်၍ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဘယ်ကလပ်အသင်းကမှ သူ့အတွက် ဈေးနှုန်းကို ပေးဝယ်ယူနိုင်မယ်လို့ မထင်ကြောင်းလည်း ထပ်မံ ပြောကြားခဲ့သည်။ 

'' အင်တာမီလန်နှင့် အေစီမီလန်အသင်းတွေဟာ တီဗက်စ်အတွက် ရင်းနှီးမြှုပ်နှံငွေ ပေါင် ၂၅သန်း ရှာဖွေဖို့ အတွက်တောင် ခက်ခဲမှု့တွေ ရှိနေရင် ဘာလိုတယ်လီအတွက် ပေါင်သန်း ၅၀ ဒါမှမဟုတ် သန်း၆၀ ဆိုတာကို ဘယ်လိုပေးနိုင်ပါ့မလဲ?  ဒီဈေးနှန်းဟာ ဘာလိုတယ်ရီရဲ့ တန်ဖိုးပါပဲ။ သူဟာ နံပါတ်ဝမ်း တစ်ယောက်ပါ။'' 
ဟု ဘာလိုတယ်လီအား ခေါ်ယူလို့နေသည့် အီတလီ အသင်းများအပေါ် ဝေဖန်ပြောကြားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ


ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ
ပေါစခိုးလ်၊ အွန်နရီတို့ပြီးနောက် ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်လ်ဒိုလည်း ပြန်လာပြီ
ပြီးခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်များတွင် အသင်းဟောင်းများအတွက် ကစားကွင်းအတွင်း တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ကြသည့် မန်ယူကစားသမားဟောင်း ပေါစခိုးလ်နှင့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီတို့ကြောင့် ဘောလုံးလောကအတွင်း ပြောစရာများ များပြားခဲ့ရသည်။ အထူးသဖြင့် အာဆင်နယ်အသင်း၏ ဂန္ထ၀င်တိုက်စစ်မှူး အွန်နရီမှာ အသင်းဟောင်းအာဆင်နယ်အတွက် ပြန်လည်ကစားပေးခဲ့သည့် ပထမဆုံးပွဲတွင်ပင် အသင်းအတွက် အရေးပါသည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် မီဒီယာများထက်တွင်  နေရာယူနိုင်ခဲ့သည်။ ထို့ပြင် ဘောလုံးရာသီမစတင်မီက ဘောလုံးကစားခြင်းမှ အနားယူပြီဟု ကြေညာထားခဲ့သည့် ပေါစခိုးလ်မှာလည်း အသင်းအတွက် လိုအပ်ချက်များဖြစ်ပေါ်နေသည့် ကွင်းလယ်ကို ကူညီဖြည့်တင်းပေးရန် ကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ ၄င်းတို့၏ ပရိသတ်များအတွက် သဘောကျစရာ ဖြစ်ခဲ့ရသည်။

ယခုအခါ ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူးဖြစ်သည့် ရော်နယ်လ်ဒိုမှာလည်း ဘောလုံးလောကထံ ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်။ သို့သော် ရော်နယ်လ်ဒို ၀င်ရောက်လာမှုမှာ ဘောလုံးကစားမည့် ကစားသမားအဖြစ် မဟုတ်ဘဲ PSG အသင်းတွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကစားဖော်ဟောင်း လီယိုနာဒိုကို တွေ့ဆုံရန်သာ ဖြစ်ခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဥရောပ ဖလား ထုတ်လွှင့်ပြသခွင့် အတွက် ရွှေသံလွင် အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများနှင့် UEFA သဘော တူညီမှုရရှိ


ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)က (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ထုတ်လွှင့် ပြသမှုအတွက် အရှေ့တောင် အာရှ နိုင်ငံ အချို့နှင့် မူပိုင်ခွင့် ညှိနှိုင်းမှု အဆင်ပြေခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ရာ မြန်မာနိုင်ငံမှ ရွှေသံလွင် မီဒီယာလည်း ပါဝင်နေကြောင်း သိရသည်။

UEFA က ၎င်းတို့သည် ဟောင်ကောင်၊ စင်္ကာပူနှင့် မြန်မာနိုင်ငံများအတွက် ဥရောပဖလား ပြိုင်ပွဲဆိုင်ရာ မီဒီယာ မူပိုင်ခွင့် သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဟောင်ကောင်သည် (၂၀၀၈)ခုနှစ်၊ ဥရောပ ဖလားပြိုင်ပွဲတွင်လည်း UEFAနှင့် မီဒီယာ မူပိုင်ခွင့်ကိစ္စ အောင်မြင်ပြည့်ဝစွာ ပူးပေါင်း လုပ်ဆောင် နိုင်ခဲ့သည်။ ယခု ဘောလုံး ပြိုင်ပွဲတွင်လည်း ပွဲစဉ် (၃၁)ပွဲလုံးကို High Definition ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲ မတိုင်မီကတည်းက မဂ္ဂဇင်း ပရိုဂရမ်များနှင့် ပွဲအပြီး သီးခြား Highlight ထုတ်လွှင့်မှုများကိုပါ ပြုလုပ်သွားမည် ဖြစ်သည်။ စင်္ကာပူတွင်မူ StarHub က ပွဲစဉ်  အားလုံးနှင့် Highlight Packageများအတွက် သဘောတူညီမှု ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင်မူ ရွှေသံလွင်က UEFA၏ မီဒီယာ မူပိုင်ခွင့် အတွက် အထူးပြု သဘောတူညီချက် ရရှိလာသည်။ ထို့ကြောင့် ရွှေသံလွင်၏ အခပေး ရုပ်သံလိုင်းဖြစ်သော Skynet Sports Channel 1နှင့် 2တို့တွင် အဆိုပါ ပွဲစဉ် (၃၁)ပွဲလုံးကို ပြသမည်ဖြစ်သည်။ ထို့အပြင် Highlight များနှင့် အခြားသော ဆက်စပ် အစီအစဉ်များကိုလည်း ရွှေသံလွင် အနေနှင့် ပြသခွင့် ရရှိမည်ဖြစ်သည်။ ယခု သဘောတူညီချက်တွင် (၂၀၁၃)ခုနှစ် UEFA (၂၁)နှစ်အောက် ချန်ပီယံရှစ်နှင့် (၂၀၁၃)ခုနှစ် UEFA အမျိုးသမီး ဥရောဖလား ပြိုင်ပွဲများ ထုတ်လွှင့်ပြသခွင့်အတွက်ပါ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

UEFAသည် အခြားသော အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ် စသည်တို့နှင့်လည်း သီးခြား မီဒီယာ မူပိုင်ခွင့်များ ရရှိထားကြောင်း သိရှိရသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, January 8, 2012

အဆင့်ရှိသည့် အားပေးမှုမျိုး တွေ့မြင်ရ၍ အသင်း ပရိသတ်များအား ချင်း ယူနိုက်တက် ပိုင်ရှင် ချီးကျူး

Share |
ချင်း ယူနိုက်တက် အသင်း၏ အသင်းပိုင်ရှင် ဖြစ်သူ ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ယနေ့ ညနေပိုင်း ကမ္ဘောဇ အသင်းနှင့် ပွဲစဉ်တွင် တခဲနက် လာရောက် အားပေးခဲ့သည့် အားပေးသူ ပရိသတ်များ၏ အဆင့်အတန်း မြင့်မားသည့် အားပေးပုံမျိုး တွေ့မြင်ခဲ့ရသည် အပေါ် ကျေနပ်နေကြောင်း သိရသည်။

ချင်း ယူနိုက်တက် အသင်းသည် အဖွင့်ပွဲစဉ်တွင် ကမ္ဘောဇအား ၂-၀ဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း ပရိသတ်များမှာ စိတ်ပျက်ခြင်း မရှိဘဲ အသင်းကို တခဲနက် အားပေးခဲ့ကြသည်။ ထို့အပြင် ပွဲချိန် တစ်လျှောက်လုံး ဆဲဆိုခြင်း မရှိဘဲ မိမိတို့ အသင်း အမည်ကိုသာ အော်ဟစ် အားပေးခဲ့သည့် အတွက် အသင်း ပိုင်ရှင် ဒေါက်တာ ဂျိမ်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ဒီနေ့ ကျွန်တော်တို့ အသင်း ပရိသတ် တွေရဲ့ အားပေးပုံကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ အဆင့်အတန်း ကိုလည်း ပြနိုင်ခဲ့တယ်" ဟု ဆိုခဲ့သည်။

ယခုပွဲတွင် ချင်းယူနိုက်တက် ပရိသတ်များသည် ပဒုမ္မာကွင်း၏ အထူးတန်း ပွဲကြည့်စင် တစ်ခြမ်းနှင့် ရိုးရိုးတန်း ပွဲကြည့်စင် တစ်ခု ပြည့်လုနီးပါး အထိ လာရောက် အားပေးခဲ့ကြပြီး ခန့်မှန်း လူဦးရေ (၆၀၀)နှင့် အထက်တွင် ရှိကြောင်း သိရသည်။

ချင်း ယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာ ဂျိမ်းလျန်ဆိုင်း


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများကို မန်ယူငြင်းဆို

 |

ဝိန်းရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်က ငြင်းဆိုလိုက်သည်။

အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ရွန်နီ အသင်းမှ ထွက်တော့မည် ဆိုသော သတင်းများသည် အခြေအမြစ် မရှိသော ကောလာဟလ များသာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ခဲ့သည်။ ထို့အတူ ရွန်နီ၏ အေးဂျင့် ပေါလ်စထရက်ဖို့ဒ် ကလည်း မိမိ၏ ကစားသမားသည် မန်ယူကို ကျောခိုင်းစရာ အကြောင်း မရှိဟု ပြောကြားသွားသည်။ အသက်(၂၆)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် Boxing Day က ညဘက် အပြင် ထွက်လည်မှုကြောင့် မန်ယူ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ဒေါသထွက်မှုကို ခံနေရကြောင်း သတင်းများက ဖော်ပြ ခဲ့ပြီးနောက် ရွန်နီ မန်ယူကို စွန့်ခွာတော့မည် ဟူသော ခန့်မှန်းချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မန်ယူအသင်း တာဝန်ရှိသူ တစ်ဦးက "Boxing Day က ကိစ္စကို ကျွန်တော်တို့ အေးအေးဆေးဆေး ဖြေရှင်း ပြီးပါပြီ။ ဒါနဲ့ ပတ်သက်ပြီး အားလုံး အဆင်ပြေ ပါတယ်။ ရွန်နီဟာ မန်ယူကြား ဘာသဘောထား ကွဲလွဲမှုမှ မရှိပါဘူး။ သူအသင်းက ထွက်တော့မယ် ဆိုတဲ့ သတင်း အားလုံးဟာ အခြေအမြစ် မရှိတဲ့ ကိစ္စတွေပါပဲ" ဟု ပြောကြားသွားသည်။ ရွန်နီသည် နယူးကာဆယ်လ် ယူနိုက်တက်အား အဝေးကွင်းတွင် ရှုံးနိမ့်သော ပွဲစဉ်အတွင်း မန်ယူအတွက် ပါဝင် ကစားပေး ခဲ့သေးသည်။ ၎င်းသည် ယမန်နှစ် ဘောလုံးရာသီ ကလည်း ဖာဂူဆန်နှင့် ပြဿနာ တက်ပြီး မန်ယူကို စွန့်ခွာ တော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။



--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, January 1, 2012

FireFox ကို Hack ခြင်းဖြင့် အင်တာနက် Speed ၁၀ ဆ မြှင့်တင်နိုင်


ခြင်းဖြင် speed10 ဆမြှင်တင်နိုင်

fire fox ကိုဖွင်လိုက်ပါ add ဘားမှာabout:configကိုရိုက်ထည့်ပါပြီရင်scresh ဘားမှာpip လိုရိုက်ထည်ပါ
network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်ပေးပါ
network.http.pipelining.maxrequests မှာ4ကို နှစ်ချက်နှိပ်ပြီ3း0ပြောင်းပေးပါ
network.http.proxy.pipeliningကိုလဲ trueပြောင်းပေးပါ
ဒါတွေကိုပြုလုပ်ခြင်းဖြင့် သူငယ်ချင်းတိုရဲ fire fox ဟာပိုမိုမြန်ဆန်လာစေမှာပါ
WINDOW 7 User-
network IPv6-capable DNS serversတွင် IPv6 address
မှတောင်းဆိုချက်ရ IPv4 address ဆီသို့ပြန်လည်ကူးပြောင်း
သွားပါလိ့မ်မည်။ထိုသို့မှားယွင်းစွာပြုလုပ်ခြင်းအတွက်Filter
Search Box တွင် network.dns.disableIPv6 ရိုက်ထည့်ပြီး
ရှာဖွေပါ။တွေ့ကနှစ်ချက်နှိပ်၍ True ဖြစ်အောင်လုပ်ပါ။
Caution ;Window XP User is Not Need
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.interrupt.parsing
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက True ရွေးပေးပါ။
များစွာသော Access has been Denied အတွက်ပြင်
ဆင်လိုက်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.max.tokenizing.time
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက2250000 ကိုရိုက်ထည့်ပေးပါ။
ထိုသို့အသစ်ပြင်ဆင်ပြောင်းလိုက်ခြင်းဖြင့် Download
တွင်ပိုမိုမြန်ဆန်လာစေသည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.interval
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
content.notify.ontimer
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက Ture ကိုရိုက်ထည့်ပေးပါ။
ထိုသို့ပြုလုပ်ခြင်းဟာ သတင်းအချက်လက်ကိုမြန်ဆန်အောင်
Timer ချခြင်းတစ်မျိုးပါဘဲ..
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.backoffcount
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 5 ကိုရိုက်ထည့်ပေးပါ။
Back နှင့် Forward အတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.switch.threshold
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
web pageမှရှိသော Switch အားလုံးအတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
nglayout.initialpaint.delay
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 0 ကိုရိုက်ထည့်ပေးပါ။
web pagea နှေင်နှေးမှုအတွက်ပြင်ဆင်ခြင်းဖြစ်ပါတယ်



--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed