BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, February 19, 2012

ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်

ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်p
ရုရှားကလပ် ခရိုင်လ်ရာသို့ပြောင်းရွှေ့သွားသည့် လှပ်ဘ်
အာဆင်နယ်ကြယ်ပွင့်ဟောင်း အဲလက်စ် လှပ်ဘ်သည် ယခုနှစ်ဘောလုံးရာသီကုန်အထိ ရုရှားကလပ် ခရိုင်လ်ရာ ဆိုဗီတော့ဗ်တွင် ကစားရန် သဘောတူညီမှုရရှိခဲ့သည်။

လှပ်ဘ်သည် ဘွန်ဒက်လီဂါကလပ် ၀ုဗ်ဘတ်ဂ်အသင်းနှင့် အငှားစာချုပ်အားဖျက်သိမ်းပြီးနောက် ပြီးခဲ့သည့်ဇန်န၀ါရီတွင်
ဘာစီလိုနာအသင်းမှ ထွက်ခွာခွင့်ရခဲ့သည်။

လွန်ခဲ့သည့်လေးနှစ် အာဆင်နယ်အသင်းမှ ပေါင် ၁၅သန်းဖြင့် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့ကတည်းက အဆိုပါ အသက် ၃၀ အရွယ်ရှိ ကွင်းလယ်လူသည် ဒဏ်ရာများနှင့် နပန်းလုံးခဲ့ရသည်။

ဘာစီလိုနာအသင်းတွင်ခြေစွမ်းမပြနိုင်ခဲ့သော လှပ်ဘ်သည် သြဂတ်တွင် ပုဗ်ဘတ်ဂ်အသင်းနှင့် မချိတ်ဆက်ခင်က၊ ဘာမင်ဂမ်၊ စတုဂတ်အသင်းများတွင်လည်း အငှားသွားရောက်ကစားခဲ့ရသည်။

ရုရှားပရီးမီးယားလိဂ်အား မတ်လ ၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး



ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး
ဝါရင့်ကစားသမား ဒရော့ဘာ၊ မာလူဒါနှင့် လမ်းပတ်တို့ကို ရှင်းထုတ်ပြီး သွေးသစ်လောင်းရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို မီးစိမ်းပြလိုက်သည့် ရုရှားသူဋ္ဌေး
ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားသူဋ္ဌေး အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ၀ါရင့် ကစားသမားအချို့ကို ရှင်းထုတ်ရန် ဆန္ဒရှိနေသော ဘိုအာာ့စ်၏ အစီစဉ်ကိုထောက်ခံပြီး၊ မီးစိမ်းပြလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Telegraph ၏အဆိုအရ ရိုမန်သည် ၀ါရင့်ကစားသမားများကို လာမည့်နွေရာသီတွင် ရှင်းထုတ်သွားရန် ဆန္ဒရှိနေသော ဘိုအာ့စ်၏ အစီစဉ်ကို ထောက်ခံ ခွင့်ပြုလိုက်ပြီး၊ သွေးသစ်လောင်းကာ လာမည့်ရာသီတွင် အသွင်သစ်ဖြင့် အသင်းကို ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရုရှားသူဋ္ဌေး၏ အတွင်းလူတစ်ဦးက -
"ရိုမန်ဟာ ရှုံးပွဲများတဲ့ နည်းပြနဲ့အတူ လက်တွဲလုပ်ရ တာမျိုးကို သဘောမကျဘူး၊ ကစားသမား အချို့ကတော့ ဘိုအာ့စ်ကို ထောက်ခံတယ်၊ ဒါပေမဲ့ တစ်ချို့ စီနီယာ ကစားသမားတွေကျတော့ သဘောမကျပဲ ဖြစ်နေတယ်၊ အဲ့ဒီ အခြေအနေကိုလည်း ရိုမန်က သဘောမကျဘူး" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

လက်ရှိအနေအထားတွင် ဘိုအားစ်သည် လမ်းပတ်၊ ဒရော့ဘာနှင့် မာလူဒါတို့ကို ရှင်းထုတ်သွားပြီး၊ သွေးသစ်လောင်းကာ အောင်မြင်မှု ဆာလှောင်သော အသင်းတစ်သင်းကို တည်ဆောက်သွားမည် ဖြစ်ပြီး၊ အသင်း၏ ပျမ်းမျှအသက်ကိုလည်း လျော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ အီဗရာမိုဗစ်ခ်ျသည် အသင်း၏ ရလာဒ်ကို သဘောမတွေ့သော်လည်း၊ ဘိုအာ့စ်ကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, February 14, 2012

အီတိုး၊ မော့တာတို့ပြောင်းရွှေ့သွားခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်လိုက်သည့် မိုရက်တီ [အင်တာအသင်းပိုင်ရှင်]




အီတိုး၊ မော့တာတို့ပြောင်းရွှေ့သွားခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်လိုက်သည့်  မိုရက်တီ (အင်တာအသင်းပိုင်ရှင်)
အီတိုး၊ မော့တာတို့ပြောင်းရွှေ့သွားခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်လိုက်သည့်  မိုရက်တီ (အင်တာအသင်းပိုင်ရှင်)
အင်တာအသင်းပိုင်ရှင် မိုရက်တီသည် သူ့အနေဖြင့် အသင်းမှ နာမည်ကြီးကစားသမားများထွက်ခွာသွားစဉ်က မတားဆီးပဲ၊ လျစ်လျူရှုခဲ့သည်ဟု ဖော်ပြနေသည့်သတင်းများမှာ မှားယွင်းကြောင်း၊ သို့ပေမယ့် မိမိအနေဖြင့် ဆုံးဖြတ်ချက်တချို့ မှားယွင်းဆုံးဖြတ်မိခဲ့သည်ကိုတော့ ၀န်ခံကြောင်း ပြောကြားလိုက်သည်။

လက်ရှိအင်တာအသင်း၏ စီးရီးအေအမှတ်ပေးဇယားတွင် အဆင့် ၅ နေရာတွင် ရပ်တည်နေရမှုကြောင့်၊ အပြောင်းအရွှေ့
ဈေးကွက်ရာသီတုန်းက အင်တာအသင်း၏ လုပ်ဆောင်မှုများမှာ မှားယွင်းခဲ့သည်ဟု ဝေဖန်ခံနေရသည်။

သို့ပါသော်လည်း မိုရက်တီက -

" ကျွန်တော်ဟာ အင်တာအသင်းရဲ့ ပရိသတ်တစ်ဦးပါ၊ အသင်းကနေ ကစားသမားတွေ ထွက်ခွာသွားကြတယ်ဆိုတာ၊
သူတို့ကို အသင်းက ဆက်ပြီး ထိန်းထားနိုင်တဲ့အခြေအနေမှာ မရှိလို့ပါပဲ၊ ကျွန်တော်တို့ဟာဘယ်အရာကိုမှ မတော်တဆ၊ ဖြစ်ကတတ်ဆန်း မလုပ်ခဲ့ပါဘူး။ အမြဲတမ်း သေချာစဉ်းစားပြီး လုပ်ခဲ့တာချည်းပါပဲ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ မှားချင်မှားခဲ့မယ်၊ ဒါပေမယ့် အမှားတွေ အများကြီးလုပ်ခဲ့တယ်လို့တော့ မထင်ပါဘူး" ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ မိုရက်တီက လက်ရှိ အသင်းပရိသတ်များ မပျော်မရွှင်ဖြစ်နေကြခြင်းမှာ၊ ပြီခဲ့သည့်ရာသီ အနည်းငယ်က အင်တာအသင်း၏ အောင်မြင်မှုများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘောလုံးလောကရဲ့ ဗီလိန်စာရင်းမှာ နံပါတ်(၁)ချိတ်သွားတဲ့ ပီပီ



ဘောလုံးလောကရဲ့ ဗီလိန်စာရင်းမှာ နံပါတ်(၁)ချိတ်သွားတဲ့ ပီပီ
ဘောလုံးလောကရဲ့ ဗီလိန်စာရင်းမှာ နံပါတ်(၁)ချိတ်သွားတဲ့ ပီပီ
ဘောလုံးလောကရဲ့ ဗီလိန်အဖြစ် BILD ကမဲပေးပြီး စစ်တမ်းများကောက်ယူခဲ့ရာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ပီပီက ဘောလုံးလောက၏ နံပါတ်(၁)ဗီလိန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထိုစစ်တမ်းများအရ ဗီလိန်ကစားသမား (၁၅)ယောက်စာရင်းကိုလည်း ထုတ်ပြန်ပေးသွားခဲ့သည်။ အဆိုပါ စာရင်းတွင် အေစီမီလန် ကစားသမား (၄)ဦးအထိ ပါဝင်နေခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ်မှ မော်ရင်ဟိုအပါအ၀င် မာဆယ်လိုနှင့် ပီပီတို့ ပါဝင်ခဲ့သည်။ ပရီးမီးယားလိဂ်မှ ကစားသမား (၃)ဦးပါဝင်နေသည်။ မန်စီးတီးမှ ဘာလိုတယ်လီနှင့် ဒီဂျောင်း၊ လီဗာပူးလ်မှ ဆွာရက်ဇ်တို့ ဖြစ်သည်။

အစီစဉ်လိုက် (၁၅)ဦးစာရင်းမှာ

(၁) ပီပီ (ရီးရဲလ်မက်ဒရစ်)
(၂) မာတာရာဇီ (အင်တာမီလန်)
(၃) အီဗရာဟီမိုဗစ်ခ်ျ(အေစီမီလန်)
(၄) ဆွာရက်ဇ် (လီဗာပူးလ်)
(၅) မော်ရင်ဟို (ရီးရဲလ်မက်ဒရစ်)
(၆) ဘာလိုတယ်လီ (မန်စီးတီး)
(၇) ဒီဂျောင်း (မန်စီးတီး)
(၈) ဂျာမိန်းဂျုန်း (ရှော်လ်ကေး)
(၉) ဂတ်တူဆို (အေစီမီလန်)
(၁၀) ဗန်ဘွန်းမဲလ် (အေစီမီလန်)
(၁၁) ပရင့်ဘိုအာတန် (အေစီမီလန်)
(၁၂) ဖရန့်ဇ် (၀ါဒါဘရီမင်)
(၁၃) အာနာတိုဗစ် (၀ါဒါဘရီမင်)
(၁၄) မာဆယ်လို (ရီးရဲလ်မက်ဒရစ်)
(၁၅) ၀ှိုက်စ် (၀ါဒါဘရီမင်)
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျွန်တော်ဟာဒီလိုလူမျိုးရေးခွဲခြားတာမျိုးကို အသက် ၁၇နှစ်သားတုန်းကလည်း ခံခဲ့ရဖူးပါတယ် - အီဗရာ



ကျွန်တော်ဟာဒီလိုလူမျိုးရေးခွဲခြားတာမျိုးကို အသက် ၁၇နှစ်သားတုန်းကလည်း ခံခဲ့ရဖူးပါတယ် - အီဗရာ
ကျွန်တော်ဟာဒီလိုလူမျိုးရေးခွဲခြားတာမျိုးကို အသက် ၁၇နှစ်သားတုန်းကလည်း ခံခဲ့ရဖူးပါတယ် - အီဗရာ
မန်ယူအသင်း၏နောက်ခံလူ အီဗရာသည် သူ၏ ဘောလုံးသမားဘ၀အစ၊ အသက် ၁၇နှစ် သားအရွယ်တွင် အီတလီစီးရီးစီကလပ် မာစာလာအသင်းအတွက် ကစားပေးခဲ့စဉ်ကလည်း အလားတူ လူမျိုးရေးခွဲခြားမှုမျိုးကို ခံခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

အဲဒီကတည်းက သူ့အနေဖြင့် အဆိုပါ လူမျိုးရေးခွဲခြားစော်ကားမှုများအား ဆက်လက်သည်းခံတော့မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ခဲ့ကြောင်း အီဗရာ က ပြောကြားသည်။

ပြီးခဲ့သည့် စနေနေ့ကပွဲစဉ်တွင် အီဗရာအားလက်ဆွဲနှုတ်ဆက်ရန်ငြင်းဆိုခဲ့သည့် ဆွာရက်ဇ်၏အပြုအမှုမှာ ၄င်းတို့နှစ်ဦး အကြားရှိ အမုန်းတရားအားကြီးထွားစေခဲ့ပြီး၊ ပွဲအပြီးတွင် အီဗရာက ဆွာရက်ဇ်၏ရှေ့တွင်အောင်ပွဲခံခဲ့သည်။

အသက် ၃၀ နှစ်ရှိ အီဗရာသည် ပီအက်ဂျီအသင်း၏ ထွန်းတောက်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး၊ မာစာလာအသင်းမှာ အငှားမကစားခင်၊ တိုရီနိုအသင်းမှာ အစမ်းသပ်ခံလာရောက်ကစားစဉ်က လူမျိးရေးခွဲခြားခံခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော်ဟာ အကောင်းဆုံးကစားနိုင်တဲ့သူထက် ပိုကောင်းတယ်လို့ထင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာပြိုင်ပွဲတွေမှာ အမြဲတမ်းအကောင်းဆုံးကစားနိုင်ခဲ့လို့ပါ၊ အီတလီကိုကျွန်တော်စရောက်တုန်းက လေဆိပ်မှာ လူတွေက ကျွန်တော့်ကို ဓါတ်ပုံတွေရိုက်ကြတယ်၊ ကျွန်တော်ဟာ ပက်ထရစ်အီဗရာမို့လို့မဟုတ်ပါဘူး၊ လူမည်းတစ်ဦးဖြစ်နေလို့ပါ " ဟု အီဗရာက သူ့ရဲ့အီတလီက ခါးသီးတဲ့အတွေ့အကြုံတွေကို ပြောသွားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီနဲ့ဗန်ပါဆီကို အမှတ်ဖြတ်လိုက်တဲ့ ရော်နယ်ဒို

ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီနဲ့ဗန်ပါဆီကို အမှတ်ဖြတ်လိုက်တဲ့ ရော်နယ်ဒို
ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီနဲ့ဗန်ပါဆီကို အမှတ်ဖြတ်လိုက်တဲ့ ရော်နယ်ဒို
ပေါ်တူဂီလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ လီဗန်တေးနဲ့ပွဲမှာ (၃)ဂိုးသွင်းယူကာ သူရဲ့ရွှေဖိနပ်ဆုပြိုင်ဘက်တွေကို အမှတ်ပြတ်သား
စွာဖြတ်ထားနိုင်ပါတယ်။ လီဗန်တေးကို ၄ - ၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့တဲ့ ရီးရဲမက်ဒရစ်ကစားမားဟာ သူကိုယ်တိုင်လဲ(၃)
ဂိုးသွင်းယူကာ အနီးဆုံးပြိုင်ဘက် မက်ဆီနဲ့ဗန်ပါဆီတို့ကို အမှတ်ဖြတ်နိုင်ခဲ့သည်။

အနီးဆုံးပြိုင်ဘက် ဒုတိယနေရာက ဆယ်ကူလာဂျက်ဗ်ကတော လိဂ်ပွဲပြီးဆုံးပြီးသားမို့ ရော်နယ်ဒိုကို မခြိမ်းခြောက်နိုင်တော့ပေ။ ထရန်ဇာစပါးကစားသမား ဘူရက်ရီမစ်ကတော့ ဂါဇီရန်တက်စပါးကို ၄ - ၁ ဖြင့်အနိုင်ရရှိသောပွဲတွင် ၂ ဂိုးသွင်းယူကာဗန်ပါဆီနောက် အဆင့် (၅) နေရာကိုရောက်ရှိလာခဲ့သည်။

CSKA ကစားသမား ဒွန်ဘီယာနဲ့ ဘိုင်ယန်ကစားသမား ဂိုးမက်ကတော အဆင့်(၆)မှာ အမှတ်တူဖြင့်ရပ်တည်နေပီး မန်ယူ
တိုက်စစ်မှူးရွန်းနေးက လီဗာပူးနဲ့ပွဲမှာ ၂ ဂိုးသွင်းယူကာ အဆင့်(၈) သို့ရောက်ရှိကာ ယခုအပတ်ရဲ့ ထိပ်တန်းအဆင့်(၁၀)
တွင်းကို ၀င်ရောက်လာခဲ့သည်။

နယူးကာဆယ်တိုင်စစ်မှူး ဒမ်ဘာဘ ၊ မောင်ပယ်လီယာမှ အိုလီဗာဂီရော့ ၊ ရှော်ကေးမှ ဟန်တယ်လာတို့ကတော့ အဆင့်
(၁၀) မှာ (၃၂) မှတ်ဖြင့် ရပ်တည်လျက်ရှိခဲ့သည်

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 12, 2012

ဘက်ခမ်သာ သက်တမ်းထပ်မတိုးခဲ့ရင် ဂလက်ဆီကိုပြောင်းရွှေ့မိမှာပါဆိုတဲ့ ဂူတီ



ဘက်ခမ်သာ သက်တမ်းထပ်မတိုးခဲ့ရင် ဂလက်ဆီကိုပြောင်းရွှေ့မိမှာပါဆိုတဲ့ ဂူတီ
ဘက်ခမ်သာ သက်တမ်းထပ်မတိုးခဲ့ရင် ဂလက်ဆီကိုပြောင်းရွှေ့မိမှာပါဆိုတဲ့ ဂူတီ
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကဘီဆစ်တပ်အသင်းနှင့်လမ်းခွဲခဲ့ပြီးအသင်းလက်မဲ့ဖြစ်နေသည့်စပိန်လက်ရွေးစင်ဟောင်းဂူတီသည် မေဂျာလိဂ်ရဲ့ ကမ်းလှမ်းမှုတွေရရှိထားသော်လည်း တရုတ်သို့ သွားရောက်ကစားဖွယ်ရှိနေသည်။

"ဒေးဗစ်ဘက်ခမ်းဟာသက်တမ်းထပ်မတိုးခဲ့ဘူးဆိုရင်၊ဂူတီအနေနဲ့အယ်လ်အေဂလက်ဆီအသင်းကိုပြောင်းရွှေ့ဖြစ်ခဲ့မှာပါ.၊ လာမယ့်ရက်အနည်းငယ်အတွင်းမှာလည်း၊ မေဂျာလိဂ်ကနေ ကမ်းလှမ်းမှုတစ်ခုလက်ခံရရှိဖို့ရှိပါတယ်၊ ဒါပေမယ့် လက်ရှိ
အခြေအနေအရ၊ အာရှက ပိုကောင်းနေသလိုပါပဲ၊ လာမယ့်ရက်တွေမှာ ကျွန်တော်တရုတ်ကိုသွားပြီး၊ အသင်းအချို့နဲ့ စကားပြောမှာပါ." ဟု ဂူတီရဲ့အေးဂျင့်ဖြစ်သူ ကီရာဒီမီယာက ပြောကြားခဲ့သည်။

ဒီအသက် ၃၅ နှစ်အရွယ်ကစားသမားဟာ တူရကီမှ ကမ်းလှမ်းမှုတွေကိုလည်းရရှိထားပါသေးသည်။

" သူ့ကို ပွဲစဉ် ၈ ပွဲကစားဖို့  တူရကီကလပ်တစ်ခုက ကမ်းလှမ်းထားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ငြင်းလိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားက မတူညီတဲ့နိုင်ငံတစ်နိုင်ငံကနေ အတွေ့အကြုံတွေ ရချင်လို့ပါ၊ ကျွန်တော်တို့ ဒူဘိုင်းကိုလည်း ရောက်ပြီးပါပြီ၊ ဒါပေမယ့် သူတို့ရဲ့ကမ်းလှမ်းမှုကကျွန်တော်တို့ကို နားလည်ရခက်စေပါတယ်" ဟု ဂူတီ၏အေးဂျင့်ကပြောကြားခဲ့သည်။

ဂူတီအား စီးရီးအေ ကလပ် လာဇီယိုအသင်းက ဆက်သွယ်နေသည်ဟု သတင်းများထွက်ပေါ်နေမှုကိုလည်း၊ သူ၏အေးဂျင့်က ငြင်းဆိုသွားခဲ့သည်။

" အခုလက်ရှိတော့ စီးရီးအေက ဘာကမ်းလှမ်းမှုမှ မရှိပါဘူး၊ ကျွန်တော်အနေနဲ့ လာဇီယိုအသင်းက တာဝန်ရှိသူတစ်ဦး နဲ့မှလည်း စကားမပြောရသေးပါဘူး၊ သူတို့အနေနဲ့ တကယ်သာ ကျွန်တော်တို့ကိုကမ်းလှမ်းလာခဲ့ရင် ကျွန်တော်တို့
တန်ဖိုးထားဆုံးဖြတ်သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့.. စီးရီးအေ ဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းကြီးမားတဲ့ပြိုင်ပွဲတစ်ခု
ဖြစ်လို့ပါပဲ" ဟု ဂူတီ၏ အေးဂျင့် ကရှင်းလင်းပြောကြားခဲ့သည်။

စပိန်လက်ရွေးစင်အသင်းအတွက် ၁၄ ကြိမ်ကစားပေးဖူးသော ဂူတီသည် ၂၀၁၀ ခုနှစ်၊ ဘီဆစ်တပ်အသင်းနှင့် မဆက်သွယ်ခင်က၊ ဘာနေဗျူးမှာ ၁၅ နှစ် ကစားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed