BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, March 14, 2012

windows 8 stert menu အလွယ်ဆုံး

windows 8 stert menu အလွယ်ဆုံးနဲဒီမှာhttp://lee-soft.com/news/windows-8-start-menu/သွားပြီးdownload လိုက်ပြီးရင်installလိုက်တာပြီးရော videoနဲ့ဒီမှာhttp://www.youtube.com/watch?v=icpb5cp-Mfw&feature=relatedကြည့်ပါ

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, March 13, 2012

ဒရော့ဘာနှင့် တွဲကစားရန် မျှော်လင့်နေသည့် အနယ်လ်ကာ

By Soccer

ဒရော့ဘာနှင့် တွဲကစားရန် မျှော်လင့်နေသည့်အနယ်လ်ကာမှာ ဒရော့ဘာနှင့် ပြန်လည် တွဲဖက် ကစားရန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ပြီး သူ၏ ချယ်လ်ဆီး အသင်းဖော်ဟောင်းမှာ တရုတ် သို့ ပြောင်းရွှေ့ က စားလိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ အ သက် (၃၂) နှစ် အရွယ်ရှိ အနယ်လ်ကာမှာ ပြီးခဲ့သော ဇန်န၀ါရီ အပြောင်း အရွှေ့ ဈေးကွက်တွင် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာသို့ ပြောင်းရွှေ့သွား ခဲ့သူ ဖြစ်ပြီး သူ၏ အသင်းသစ်မှာ ပရီးမီးယားလိဂ်မှ ကစားသမားများ ကို ခေါ်ယူလိုနေသော အသင်း ဖြစ်သည်။
ရှန်ဟိုင်းရှင်ဟွာ အသင်းမှ အလိုရှိနေသော ကစားသမားများတွင် အနယ်လ် ကာ၏ အသင်းဖော်ဟောင်း ဒရော့ဘာလည်း ပါဝင်နေပြီး လာမည့်နွေရာသီ တွင် ရှန်ဟိုင်းရှင်ဟွာ အသင်းသို့ ဒရော့ဘာ ရောက်ရှိ လာ ရန် အနယ်လ်ကာ မှ မျှော်လင့်နေကြောင်း သိရသည်။ "အကယ်၍ ကျွန်တော့်ရဲ့ အ သင်းဖော်ဟောင်း တစ်ယောက်ယောက်ကို ရှင်ဟွာ အသင်း ကို ခေါ်ဖို့ရွေး ပါ ဆိုရင် ဒရော့ဘာ ကိုပဲ ရွေးမိမှာပါ။ ကျွန်တော် ချယ်လ်ဆီးက ထွက်ခွာတော့ သူကို့ ပြောခဲ့ပါတယ် မကြာခင် တူတူပြန်တွဲ ကစားမယ်လို့"ဟု အနယ်လ်ကာ မှ ပြောဆို ခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ယူတွင် နေရာရရန် ကြိုးစားမည့် မာချီဒါ

By Soccer

မန်ယူတွင် နေရာရရန် ကြိုးစားမည့် မာချီဒါ မန်ယူ တိုက်စစ်မှူး မာချီဒါမှ လာမည့် နွေရာသီတွင် အပြောင်းအရွှေ့တွင် မည်သည့် အသင်းကိုမှ မပြောင်းရွှေ့ပဲ မန်ယူအသင်းတွင်သာ ဆက် လက် နေထိုင်းပြီး ပုံမှန်ပွဲထွက် ကစားနိုင်ကြောင်း သက်သေပြရန် ကြိုးစား မည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ မန်ယူအသင်းတွင် ပုံမှန်ပါဝင် ကစား ခွင့် ပျောက်ဆုံးနေသော မာချီဒါမှာ လက်ရှိအချိန်တွင် ကျူပီအာ အသင်း သို့ အငှားဖြင့် သွားရောက် ကစားနေသူ ဖြစ် သည်။
ပြီးခဲ့သော ရာသီက လည်း ဆမ်ဒီုးရီးယာအသင်းသို့ အငှားဖြင့် သွားရောက် ကစားခဲ့ဖူးသည့် မာချီဒါမှာ ဂိုးပေါက် ပျောက်ဆုံးမှုကြောင့် အပြီး သတ် ပြောင်းရွှေ့ခွင့်ကို လက်လွှတ်ခဲ့ ရသော်လည်း သူ၏ ခြေစွမ်း အပေါ် ယုံကြည်မှု ရှိနေသေးကြောင်း သိရ သည်။ "ကျွန်တော့်ကို မန်ယူက ပိုင်နေ ဆဲ ပါပဲ။ နောက်လာမယ့် အနာဂတ်က ဘယ်လိုရှိ မလဲဆိုတာ မ သိပေမယ့် ဒီရာသီကုန်မှာ မန်ယူကို ပြန်မှာတော့ ကျိန်းသေပါတယ်။ ခက်ခဲ မယ် ဆိုတာကို သိနေပေမယ့် ကျွန်တော့်ရဲ့ အိပ်မက်က မန်ယူအသင်းရဲ့ အကျီင်္ကိုဝတ်ပြီး ကစားသမားကောင်း အဖြစ် တည်ဆောက်ဖို့ပါ။ ဒီလိုဖြစ်လာဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"ဟုမာချီဒါမှ သူ၏ အနာဂတ်နှင့် ပတ်သက်ပြီးဖွင့်ဟ ခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သန္ဓေတားဆေး ထုတ်လုပ်နိုင်တဲ့ အပင်တစ်မျိုး

သန္ဓေတားဆေး ထုတ်လုပ်နိုင်တဲ့ အပင်တစ်မျိုးစတီးရွိုက် ဆေးဝါး တွေကို လူတွေ ပြုလုပ်ထားတဲ့ ဒြပ်ပေါင်း များမှ ထုတ်လုပ် ကြသကဲ့သို့ သဘာဝမှ ရရှိသော အပင်ထဲတွင် ပါဝင်သော စတီးရွိုက် ဒြပ်ပေါင်း အမျိုးအစား များ မှတစ်ဆင့် ထုတ်လုပ် ကြပါတယ်။
အချို့ အပင်တွေထဲမှာ Diosgenin လို့ ခေါ်တဲ့ သန္ဓေတားဆေးနှင့် လိင်ပိုင်း ဆိုင်ရာ စတီးရွိုက်ဆေးဝါးများ ထုတ်လုပ်ရရှိနိုင်တဲ့ စတီးရွိုက်အမျိုး အစားတစ်ခု ပါဝင်လေ့ ရှိပါတယ်။ ထို စတီးရွိုက် ဒြပ်ပေါင်းပါရှိနေတဲ့ အပင် မျိုးအုပ်စုတစ်မျိုးကတော့ Dioseorea Species လို့ခေါ်တဲ့ မျောက်ဥ အုပ်စုဝင်အပင်များပဲဖြစ်ပါတယ်။
မျောက်ဥများမှာ ကစီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အစားအစာ အဖြစ် အသုံးပြုကြပါတယ်။ ဒါ့အပြင် Steroidal Saponin နှင့် အခြားအယ်လ်ကာလွိုက်ဒြပ်ပေါင်းများလည်း ပါဝင်နေပါသေးတယ်။
မျောက်ဥကို အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ကာ ရရှိလာတဲ့ စတီးရွိုက်ကိုတော့ သန္ဓေ တားဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ပါတယ်။ တရုတ်ပြည်မှ ကျယ်ပြန့်စွာ တင်သွင်းဖြန့်ချိနေတဲ့ Diosgenin ဟာ အရည်အသွေး အလွန်ကောင်းတဲ့ အတွက် နာမည်ကျော်ကြားလှပါတယ်။ 


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ငွေစက္ကူအစား ကတ်စနစ် အသုံးပြုမှု ခရီးသည်တင် ယာဉ်လိုင်း အချို့တွင် စတင်မည်

ငွေစက္ကူအစား ကတ်စနစ် အသုံးပြုမှု ခရီးသည်တင် ယာဉ်လိုင်း အချို့တွင် စတင်မည် ရန်ကုန်မြို့တွင် သွားလာလျက်ရှိသော ခရီးသွားပြည်သူများ ပိုမို အဆင်ပြေစေရန် အတွက် ဘတ်စ်ကားခပေးချေ ရာတွင် ငွေစက္ကူအစား ကတ် စနစ်ဖြင့် ပေးချေနိုင်သော အိုင်ပေး(i pay) ကတ်များကို ယခုလထဲတွင် စတင် အသုံးပြုတော့ မည်ဟု ယင်းလုပ်ငန်းကို အကောင်ရန်ကုန် အထည်ဖော်ဆောင် ရွက်နေသော ကစ္ဆပနဒီကုမ္ပဏီနှင့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့ထံမှ စုံစမ်း သိရှိ ရသည်။
"ငွေအကြွေ ပြဿနာရယ်၊ ခရီးသည်နဲ့ ယာဉ်နောက်လိုက်တွေ ကြားက ယုံကြည်မှု ပြဿနာရပ် တွေကို ဖြေရှင်းပြီးသား ဖြစ်သွား လိမ့်မယ်"ဟု ကစ္ဆပနဒီ ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ကိုအောင်ကျော် i pay ကတ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။ i pay ကတ်များကို ကနဦး၌ ဆူးလေမှ အင်းစိန်သို့ ပြေးဆွဲနေ သော ယာဉ်လိုင်းများနှင့် အဓိပတိ (အပြာ)ယာဉ်လိုင်းတို့တွင်တပ်ဆင် အသုံးပြုမည်ဖြစ်ပြီး တဖြည်းဖြည်း ရန်ကုန်တစ်မြို့လုံးမှ ခရီးသည် တင်ယာဉ်လိုင်းအားလုံး တပ်ဆင် ပေးသွားမည်ဟု ၄င်းက ပြောဆို သည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (ပါရမီ)မှ ဌာနမှူးတစ်ဦး ကလည်း i pay ကတ်ကို ၄င်းတို့ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း အောက်ခြေမှ ဖြစ်လာ နိုင်သော အခြေအနေများကို အထက်သို့ တင်ပြပြီးဖြစ်ကြောင်း ပြောကြားသည်။ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ဗဟို) အတွင်းရေးမှူး ဦးတင်မောင်ဇော် က
"လာပြီးညှိနှိုင်းတာတော့ ခုထိ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော် တို့ဌာနက မော်တော်ယာဉ်တွေက တစ်စီးကို ပိုင်ရှင်တစ်ယောက်စီ ဖြစ် နေတာမို့ ဌာနနဲ့ မညှိရင်တောင်မှ ပိုင်ရှင်တွေနဲ့တော့ ညှိနှိုင်းဖို့လိုပါ တယ်"ဟုပြောသည်။ ၄င်းက မြန်မာနိုင်ငံတွင် ဤ ကဲ့သို့ ကတ်စနစ်ဖြင့် ကားခပေးချေ ခြင်းသည် လုပ်ရန် မလွယ်သေး ကြောင်း၊ ခရီးသည်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် အခက်အခဲများစွာ ရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။
i pay ကတ်သည် ဘတ်စ် ကားခကို ယာဉ်နောက်လိုက်သို့ ငွေ စက္ကူပေးချေရမည့်အစား ကတ်ကို ယာဉ်စီးခ ကောက်ခံသည့်စက်ဖြင့် ဖတ်ပြီး ကာခပေးချေရသည့်စနစ် ဖြစ်ပြီး ယာဉ်စီးခ ကောက်ခံသည့် စက်ကိုမှု ယာဉ်နောက်လိုက်ကာ ကွယ်ထားရမည်ဖြစ်သည်ဟု i pay လုပ်ငန်း အကောင်အထည်ဖော် နေသည့် ကစ္ဆပနဒီ အိတ်ပရက်စ် လီမိတက်မှ စီမံကိန်း မန်နေဂျာ ကိုအောင်ကျော် က ပြောသည်။ ကျောက်မြောင်း တွင် နေထိုင် သော နေ့စဉ်ဘတ်စ်ကား စီးနင်း သည့် လူငယ်တစ်ဦးက "ကတ်နဲ့ ငွေချေရတာတော့ကောင်း ပါတယ်။ ဒါပေမယ့် ရုံးတက်ရုံးဆင်းချိန်တွေ မှာ လူတွေ တအားကြပ်တဲ့အခါ ကိုယ့်ကတ်သူ့ကတ် မှားနိုင်တယ်" ဟုပြောသည်။ ၄င်းက မိမိကိုယ်ပိုင် ကတ်ပျောက်ရှခဲ့လျှင်လည်း အခက် အခဲဖြစ်နိုင်သည်ဟု ဆိုသည်။
i pay ကတ်များကို ယခုလက် ရှိ ဖွင့်လှစ်ထားသော င စပေ ကတ် အရောင်းဆိုင် ၁၂ ခုတွင် ဝယ်ယူရ ရှိနိုင်ပြီး အဆိုပါအရောင်းဆိုင်များ တွင်သာမက ယာဉ်နောက်လိုက် များထံတွင်ပါ ဝယ်ယူနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ကိုအောင် ကျော်က ပြောသည်။ i pay ကတ်ကို ဝယ်ယူလျှင် ကျပ် တစ်ထောင်ကျသင့်မည်ဖြစ်ပြီး သုံးရာကျပ်မှာ ကတ်ဖိုးဖြစ်ကာ ခုနစ်ရာ ကျပ်မှာ ယာဉ်စီးခပေးချေ ရန်ဖြစ်ပြီး အနည်းဆုံးကျပ်တစ် ထောင်မှ အများဆုံး ကျပ်တစ်သိန်း အထိ ထည့်သွင်းနိုင်မည်ဖြစ်သည် ဟုလည်း ကိုအောင်ကျော်က ရှင်း ပြသည်။
i payကတ် ပျောက်ဆုံးခဲ့ လျှင် ကုမ္ပဏီမှ ယင်းပျောက်ဆုံး သည့်ကတ်ကို အခြားသူက သုံးစွဲ နေခြင်း ရှိ မရှိ စောင့်ကြည့် ရှာဖွေ ပေးသည့် ဝန်ဆောင်မှု ကိုပါ ဆောင် ရွက်ပေးထားသည်ဟု ကစ္ဆပနဒီ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။ အသုံးပြုမည်ဖြစ်ပြီး တဖြည်းဖြည်း ရန်ကုန်တစ်မြို့လုံးမှ ခရီးသည် တင်ယာဉ်လိုင်းအားလုံး တပ်ဆင် ပေးသွားမည်ဟု ၄င်းက ပြောဆို သည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (ပါရမီ)မှ ဌာနမှူးတစ်ဦး ကလည်း i pay ကတ်ကို ၄င်းတို့ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း ဖြစ်ကြောင်း အောက်ခြေမှ ဖြစ်လာ နိုင်သော အခြေအနေများကို အထက်သို့ တင်ပြပြီးဖြစ်ကြောင်း ပြောကြားသည်။
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ဗဟို) အတွင်းရေးမှူး ဦးတင်မောင်ဇော် က "လာပြီးညှိနှိုင်းတာတော့ ခုထိ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော် တို့ဌာနက မော်တော်ယာဉ်တွေက တစ်စီးကို ပိုင်ရှင်တစ်ယောက်စီ ဖြစ် နေတာမို့ ဌာနနဲ့ မညှိရင်တောင်မှ ပိုင်ရှင်တွေနဲ့တော့ ညှိနှိုင်းဖို့လိုပါ တယ်"ဟုပြောသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, March 6, 2012

ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်

ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက် ဗိုက်ပူ တာ လျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ် ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။
၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ
ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီ ချပေးတာက ထိုင်-ထလေ့ကျင့်ခန်းလုပ် သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အ ဆီကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။
၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ
စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှုရှိတာက ဝမ်းဗိုက်အဆီ တိုးတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ညဘက် မှာ ကော်တီဆောဟော်မုန်းအဆင့် လျော့ ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအ လိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အ နားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင် သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။
၎) စောစော အိပ်ရာဝင်ပါ
တစ်ညမှာ ၅-၆နာရီခန့်ပဲ အိပ်တဲ့ သူတွေက တစ်ညမှာ ၇-၈နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာ တစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာတွေ့ ရှိရပါတယ်။ "အိပ်ရေးပျက်တာက ဆာ လောင်မှုတိုးစေတဲ့ Ghrelina ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့် တားပေးတဲ့Leptina ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ် " လို့ အိပ်စက်မှု ဆိုင်ရာပညာရှင် ဒေါက်တာ စတန်လေ က ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်း နယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက် ဒရိတ်အစာကို များများစားမိတာကြောင့် ဗိုက်ပူလာရတာဖြစ်ပါတယ်။
၅) ရှလကာရည် သောက်ပါ
တစ်နေ့မှာ ရှလကာရည် ထမင်းစား ဗိုက်ပူတာ ငါးရာခိုင်နှုန်းလျော့ကျမှု ရှိစေ တယ်လို့ ဂျပန်သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရ မယ့်နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ သုံးရမှာ ဖြစ်ပါတယ်။
၆) ဒိန်ချဉ်စားပါ
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီ ယမ် ၁၁၀ဝမီလီဂရမ်လောက်ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်းလျော့ကျ မှု ရှိတာကို တင်နက်ဆီးတက္ကသိုလ်မှ လေ့ လာတွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံ စာ (ဥပမာ- ဆန်လုံးညို၊ခေါက်ဆွဲညို)နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး)စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပို တွေ စုနေတာနဲ့ အကြီးအကျယ်ဆက်စပ် မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိ စီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာ လို့ပါ။ ကော်တီဆော အထွက်များတာ က အင်ဆူလင်ထွက်နှုန်းတိုးစေပြီး အဆီ တွေ စုနေစေပါတယ်။
၈) ဗီတာမင်ဒီကို ရယူပါ
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီ တာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဗီတာမင်ဒီမလုံလောက်တာ ကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါ တယ်။
၉) ဆေးလိပ်သောက်တတ်လျှင် ဆေး လိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ ဗိုက်ပူ စေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်း ရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲ မှာ အီစထရိုဂျင်ဟော်မုန်းရဲ့ လုပ်ဆောင် မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူ တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
ကြယ်စင်
Good Health

 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နှာမစေး အောင် ဘယ်လို နေမလဲ

နှာမစေး အောင် ဘယ်လို နေမလဲနှာစေး ခြင်း၊ နှာရည် ယိုခြင်း သည် ယခု ရာသီ တွင် အဖြစ် များ သော ကိစ္စ ရပ် ဖြစ်သည်။ ကျွန်ုပ် တို့အားလုံးတစ်ချိန် မဟုတ်တစ်ချိန် နှာစေး၊ နှာရည်ယိုကြ သည်။ ထိုအခါမျိုးတွင်လေထုထဲ၌ ဗိုင်း ရပ်စ်ပိုးများရှိနေကြောင်သတိပြုပါ။ နှာစေးသည့်အခါတွင် ကျွန်ုပ်တို့ မှားယွင်းစွာပြုလုပ်နေလေ့ရှိသော ဓလေ့ မှာ နှပ်ရှုံခြင်းပင်ဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် အဆုတ်တွင်းသို့ရောဂါပိုး ဝင်အောင် စုပ်သွင်းနေသကဲ့သို့ ရှိတတ် သည်။ ထိုကဲ့သို့ပြုလုပ်မည့်အစား အော်ဖော်ပြပါ နည်းလမ်းများဖြင့် နှာ စေးခြင်းကို ကာကွယ်နိုင်ပါသည်။
၁။ အိပ်ရာဝင်လျှင် ခေါင်းအုံးမြင့် မြင့်ဖြင့် ဦးခေါင်းပိုင်းကိုမြှင့်ထားပါ။ ယင်းသို့အိပ်စက်ခြင်းသည် ချွဲသလိပ်ဖြစ် ပေါ်မှုကိုလျော့ကျစေသည်။ ခေါင်းအုံး မြင့်မြင့် အုံး၍ မျက်နှာကျက်သို့မျက်နှာ မူ၍ အိပ်စက်ပါ။
၂။ ကြက်သွန်နီသည် နှာစေး၍ နှာခေါင်းပိတ်ခြင်းကိုထိရောက်စွာသက် သာစေသည်။ ကြက်သွန်နီတစ်လုံးကို အခွံခွာ၍ ထက်ခြမ်းဝက်ခါ ၂-၅ မိနစ် ခန့်ရှူပေးပါ။ အံ့ဩဖွယ်ကောင်း လောက်အောင် နှာစေး၊ နှာခေါင်းပိတ် သက်သာသည်ကိုတွေ့ရလိမ့်မည်။
၃။ အစပ်စားခြင်းသည် နှာရည်ယို စေသော်လည်း နှာခေါင်းပိတ်စေသော နှာရည်အပျစ်(ချွဲ) ထွက်ခြင်းမဟုတ်ဘဲ အရည်ကြည်သာထွက်သောကြောင့် အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေ သည်။
၎။ ကော်ဖီ၊လက်ဖက်ရည်၊ ရေနွေး ကြမ်းကဲ့သို့သော ဖျော်ရည်အပူတစ်မျိုး မျိုးသောက်သုံးခြင်းသည်လည်း နှာစေး ခြင်းကို သက်သာစေသည်။ အထူးသဖြင့် လက်ဖက်ရည်နှင့် ရေနွေးကြမ်းတို့သည် ချွဲသလိပ်အပြင်ထွက်စေသောကြောင့် နေရထိုင်ရ များစွာသက်သာသွားလိမ့် မည်။
၅။ ရေနွေးငွေ့ရှူခြင်းသည် နှာစေး ခြင်း၊ နှာခေါင်းပိတ်ခြင်းကိုပျောက်ကင်း စေသည်။ ပိုမိုထိရောက်စေရန် ရေနွေး ထဲသို့ Menthol အနည်းငယ်ထည့်၍ ရှူပါ။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed